အပိုင်း ၇၈ ( Little White Face 6 )
Viewers 10k

ယခင်အစောက ယန်ကျင်းဇီ သတိလစ်နေစဉ် ကျိုးဝမ်ရှိူ့သည် သူ၏ ရေစိုရွှဲနေသော အဝတ်အစားများကို ခြောက်သွေ့အောင် ကူညီပေးခဲ့သည်။


ကွက်တိကျသော ဝတ်စုံက စိုရွှဲပြီးနောက် ပြန်ခြောက်သွေ့သွားသဖြင့် အနည်းငယ် တွန့်ကြေသွားသော်လည်း ယင်းက ယန်ကျင်းဇီ၏ ပုံပန်းသွင်ပြင်ကို လုံးဝ မသက်ရောက်နိုင်ချေ။


ဤအခိုက်အတန့်တွင် ချောမောသော လူငယ်က ကျိုးဝမ်ရှိူ့ကို နက်ရှိုင်းသော ချစ်ခင်မြတ်နိုးမှုဖြင့် ‌ကြည့်နေသည် : " ဝမ်ရှိူ့၊ ဒီနေ့တစ်နေ့လုံး အလုပ်ရှုပ်ထားတော့ မင်း ပင်ပန်းနေမှာပဲ။ ကားထဲသွားပြီး အနားယူရအောင်။ " ကျန်တာကို တခြားသူများအား လုပ်ခိုင်းနိုင်သည်။


ကျိုးဝမ်ရှိူ့သည် ခေါင်းညိတ်လိုက်ပြီး ကိစ္စအချို့ကို ရှင်းပြလိုက်ကာ SUV ရပ်ထားသော တည်နေရာအတိုင်း ဦးတည်လျှောက်သွားသည်။


ခြေနှစ်လှမ်းလျှောက်ပြီးနောက် ယန်ကျင်းဇီ လိုက်လာသည်ကို မတွေ့ရသောအခါ ကျိုးဝမ်ရှိူ့သည် ခေါင်းလှည့်ပြီး ကြည့်လိုက်ရာ ယန်ကျင်းဇီက မြေပြင်ပေါ်မှ အညစ်အပတ်များကို ကြည့်၍ ဂရုတစိုက် လျှောက်လှမ်းနေလေသည်... မီးလုံးငယ်အနည်းငယ်ကို ပစ်ထုတ်ခြင်းဖြင့် ကျိုးဝမ်ရှိူ့သည် မြေပြင်ပေါ်မှ အရှုပ်အပွအားလုံးကို မီးလောင်စေ၍ သန့်ရှင်းလိုက်သည်။


လမ်းမျက်နှာပြင်မှာ မီးသင့်သွားသော်ငြား သန့်လည်းသန့်ရှင်းသွားသည်။


" ဝမ်ရှိူ့၊ မင်းက အရမ်းကောင်းတာပဲ! မင်းလို လူကောင်းနဲ့ တွေ့ရတာ ငါ အရမ်းကံကောင်းတယ်။ " ယန်ကျင်းဇီက ကျိုးဝမ်ရှိူ့ကို ကြည့်သည်။


ဤကဲ့သို့လူကောင်းမျိုး ဖြစ်သော်ငြား မူလပိုင်ရှင်က သူ့ကို မကြိုက်ခဲ့ချေ။ ဒါက သေချာပေါက် အလှရသခံစားမှု ပြဿနာပဲ!


အခုတော့ ကောင်းပြီလေ! အခု ဒီလူက သူ့အပိုင်!


" မြန်မြန်လျှောက်။ " ကျိုးဝမ်ရှိူ့သည် သက်တောင့်သက်သာ မဖြစ်စွာ ပြန်ဖြေလျက် ရှေ့သို့လျှောက်သွားသည်။


ယန်ကျင်းဇီသည် ခပ်မြန်မြန် လျှောက်ကာ ကျိုးဝမ်ရှိူ့၏လက်ကို ကိုင်လိုက်သည်။


ယောက်ျားကြီးနှစ်ဦး လမ်းလျှောက်နေစဉ် လက်တွဲထားသည်မှာ အနည်းငယ် ထူးဆန်းပုံပေါ်သည်။ သို့သော် ကျိုးဝမ်ရှိူ့က ယန်ကျင်းဇီ၏လက်ကို မကိုင်လျှင် ယန်ကျင်းဇီ ဝမ်းနည်းသွားလောက်သည်... ထို့ကြောင့် ကျိုးဝမ်ရှိူ့သည် မရုန်းကန်ခဲ့ပေ။


အခြေစိုက်စခန်းမှ ကျိုးဝမ်ရှိူ့၏ နောက်လိုက်ငယ်သားများ : " ... " အဲ့ဒါ သူတို့ရဲ့ ဥက္ကဌလား?


သူတို့ရဲ့ ဥက္ကဌ ဝိညာဉ်လဲခံလိုက်ရတာလား?


သူတို့၏ ဥက္ကဌကို သဘောကျသော မိန်းကလေးတစ်ဦး ရှိခဲ့ပြီး ဇွန်ဘီရှင်းလင်းရန် သူ(မ)က သူနှင့် လိုက်လာသောအခါ သူ(မ)က သူ့ကို နှုတ်ခမ်းစူ၍ ဇွန်ဘီအနံ့က ဆိုးရွားကြောင်း ပြောခဲ့ဖူးသည်။ ထို့နောက် သူ(မ)ကို သူတို့၏ ဥက္ကဌက သင်ခန်းစာပေးခဲ့လေသည်။


" ဒီမှာ တကယ် အနံ့ဆိုးတယ်။ " ယန်ကျင်းဇီ မပြောဘဲ မနေနိုင်လိုက်။ လေထဲတွင် ပုပ်သိုးနေသော အနံ့များဖြင့် ပြည့်နှက်နေပြီး ယခု ကျိုးဝမ်ရှိူ့ မီးအသုံးပြုလိုက်သောအခါ အနံ့မှာ ‌ဖော်မပြနိုင်‌လောက်အောင် ဆိုးရွားသွားကာ ယန်ကျင်းဇီ အန်ချင်လာသည်။


ကျိုးဝမ်ရှိူ့က ဆိုသည် : " အပြင်မှာ ဒီလိုပဲ။ စခန်းကို ပြန်ကြတာပေါ့။ "


" ငါ တစ်သက်လုံး စခန်းမှာပဲ နေလို့မရဘူး။ " ယန်ကျင်းဇီက ပြောသည်။


" ဘာလို့ မရတာလဲ? " ကျိုးဝမ်ရှိူ့က ဆက်လက်မေးမြန်းသည်။


" ဘာလို့လဲဆိုတော့ ငါ မင်းနဲ့ တစ်ချိန်လုံး အတူရှိနေချင်ပြီး မင်းက စခန်းကနေ အပြင်ထွက်ရမှာမို့လို့ပဲ။ " ယန်ကျင်းဇီသည် အလေးအနက်ထားပုံပေါ်သည်။ ဤသည်မှာ ကမ္ဘာပျက်ချိန် ဖြစ်ပြီး ဂရုမစိုက်လျှင် သေသွားလိမ့်မည်။ ကျိုးဝမ်ရှိူ့သည် အလွန်အစွမ်းထက်သော်လည်း မရှုံးနိမ့်နိုင်သည့် အစွမ်းထက်ဆုံး မဟုတ်သဖြင့် သူ နောက်မှလိုက်ချင်သည်။


ယန်ကျင်းဇီက အရမ်းပျော့တာကို စခန်းအပြင်ဘက် သူ့နောက်လိုက်ရင် အဲ့ဒါ ပိုပြီး ပရမ်းပတာ ဖြစ်စေမှာ မဟုတ်ဘူးလား? ကျိုးဝမ်ရှိူ့သည် မသိစိတ်မှ ငြင်းဆန်ချင်ခဲ့သည်။


" အရင်ကလည်း မင်းကို မတွေ့ရရင် ငါ အမြဲတမ်း ဝမ်းနည်းနေခဲ့ရတယ်။ " ယန်ကျင်းဇီက ဆိုသည်။


ကျိုးဝမ်ရှိူ့ : " ... ငါတို့ အနီးအနားက ဇွန်ဘီတွေကို မကြာမကြာ ထွက်ရှင်းလေ့ရှိတယ်။ မင်း လိုက်နိုင်တယ်... " သူသည် ယခင်က ယန်ကျင်းဇီကို လျစ်လျူရှုခဲ့သည်။ သူ့တွင် အခွင့်အရေးရှိလျှင် သူသည် လှည့်လည်ကြည့်ရှုရန် ယန်ကျင်းဇီကို ခေါ်သွားနိုင်သည်။


" ဝမ်ရှိူ့၊ မင်းက အရမ်းကောင်းတယ်။ ငါ မင်းကို ချစ်တယ်။ " ယန်ကျင်းဇီက ဆိုသည်။


ကျိုးဝမ်ရှိူ့ : " အဟွတ်! အဟွတ်! "


ကျိုးဝမ်ရှိူ့စီသို့ လျှောက်လာသူများ : " ... " ဒီယန်ကျင်းဇီက လူတွေကို ချော့မြှူတာ တကယ် တော်လွန်းတယ်!


ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့နှင့် စကားပြောနေလျက် SUV ကားထဲသို့ ဝင်ရောက်သွားပြီးပြီဖြစ်သည်။


ယန်ကျင်းဇီက ပြောသည် : " ဝမ်ရှိူ့၊ ငါ မင်းရဲ့ခြေထောက်တွေကို နှိပ်ပေးမယ်။ "


" မလိုပါဘူး။ " ကျိုးဝမ်ရှိူ့သည် သူ့ခြေထောက်များကို နှိပ်နယ်ရန် မလိုအပ်ဟု ခံစားရသည်။


" ဒါပေမယ့် ငါ မင်းအတွက် တစ်ခုခုလုပ်ပေးချင်တယ်။ "


ကျိုးဝမ်ရှိူ့ : " ... အပင်ပန်းမခံနဲ့။ " သူ့ကို နှိပ်ခိုင်းလိုက်တော့!


သဘာဝလွန်စွမ်းရည် နိုးကြားပြီးနောက် စွမ်းအားရှင်၏ ခန္ဓာကိုယ်မှ အလုံးစုံသော ကဏ္ဍတို့မှာ ပိုမိုသန်မာလာမည် ဖြစ်ပြီး အကြားအာရုံနှင့် အမြင်အာရုံတို့လည်း အပါအဝင် ဖြစ်သည်။ ထို့ကြောင့် ကျိုးဝမ်ရှိူ့နှင့် ယန်ကျင်းဇီတို့ ပြောသော စကားများကို ကျိုးဝမ်ရှိူ့အနား ရောက်လာသော လူအားလုံး ကြားလိုက်ရသည်။


သူတို့ ခဏတာ ဆွံ့အသွားကြပြီး အားလုံးက မုန့်ကျားယင်ကို ကြည့်လိုက်ကြသည်။


မုန့်ကျားယင်က ကျိုးဝမ်ရှိူ့ကို စိတ်ဝင်စားနေသည်။ သူတို့ထဲမှ လူအများက ဤသည်ကို သတိပြုမိကြသော်လည်း ကျိုးဝမ်ရှိူ့က ဘာမှမသိပေ။


ယခင်က ကျိုးဝမ်ရှိူ့ကို စိတ်ဝင်စားကြောင်း ပြသသော အမျိုးသမီးများစွာ ရှိခဲ့သော်လည်း အမျိုးသားတစ်ဦး တစ်ခါမှ မရှိခဲ့ဖူးချေ။ ဤသည်မှာ ထို‌ယောက်ျားများကို ဟန့်တားနိုင်သော မုန့်ကျားယင်နှင့်လည်း သက်ဆိုင်သည်။


လူတချို့သည် မုန့်ကျားယင် ကျိုးဝမ်ရှိူ့ကို မရနိုင်ကြောင်း တွေ့သောအခါ သူတို့က သေချာပေါက် လုံလုံလောက်လောက် မကောင်းမွန်ဟု ခံစားရသဖြင့် သူတို့ လက်လျှော့လိုက်ကြသည်။


ထိုအချိန်တွင် ကျိုးဝမ်ရှိူ့သည် အလွန်ဖြောင့်တန်းသကဲ့သို့ အမှန်တကယ် ပြုမူခဲ့သည်။ ယန်ကျင်းဇီ ရုတ်တရက် ထွက်လာပြီး ဝန်ခံသောအခါ သူ တကယ် သဘောတူလိုက်လိမ့်မည်ဟု ဘယ်သူကမှ မထင်ထားခဲ့ကြပေ။


ဆိုတော့ သူတို့ဘော့စ်က ဒီလိုပုံစံကို ကြိုက်တာလား?


မုန့်ကျားယင်သည် သူ၏ မီးလောင်ထားသော မျက်မှန်များကို ဆုပ်ကိုင်ပြီး SUV ကား၏ ဦးတည်ရာကို မထင်မရှား အကြည့်များဖြင့် ကြည့်နေသည်။


သူသည် ကျိုးဝမ်ရှိူ့ကို အမြဲတမ်း သဘောကျခဲ့ပြီး ယန်ကျင်းဇီ ပေါ်လာကတည်းက သူသည် ဤလူကို မုန်းတီးမိသည်။


သို့ရာတွင် မူလက သူ တွေးထင်ခဲ့သည်မှာ ယန်ကျင်းဇီကဲ့သို့သော လူမျိုးကို ကျိုးဝမ်ရှိူ့က မကြာမီ စွန့်ပစ်လိုက်လိမ့်မည်ဟု ဖြစ်သည်။ သို့သော် သူသည် ဆန့်ကျင်ဘက်ဖြစ်သွားလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပါချေ။


ကျိုးဝမ်ရှိူ့က ယန်ကျင်းဇီကို တကယ် ခေါ်ထားတယ်!


ယန်ကျင်းဇီကို သတ်ရန် သူ မစောင့်နိုင်တော့ပေ။


သို့သော် ယန်ကျင်းဇီက အခြေစိုက်စခန်းတွင်သာ နေသည်။ သူတို့၏ အခြေစိုက်စခန်း တည်ငြိမ်ပြီးနောက် သူတို့သည် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ထုတ်စက်များကို ပြုလုပ်ခဲ့ပြီး အခြေစိုက်စခန်း၏ အတွင်းပိုင်းကွန်ရက်ကို တည်ဆောက်ကာ စောင့်ကြည့်ကိရိယာများကို ပြန်လည်စီမံခဲ့သည်... ဤအရာများသည် ကမ္ဘာမပျက်ခင်ကကဲ့သို့ အသုံးပြုရန် မလွယ်ကူသော်လည်း ၎င်းတို့က သူ့ကို စတင်ရန်လည်း ခက်ခဲစေသည်။


ဤအကြိမ်တွင် ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများသည် ယန်ကျင်းဇီကို ပြန်ပေးဆွဲခဲ့သည်။ အစက အခြေစိုက်စခန်းမှ ထွက်ခွာရန် အရမ်းမလွယ်ကူသော်လည်း သူက တိတ်တဆိတ် ကူညီပေးလိုက်သည်။ ကျိုးဝမ်ရှိူ့ သူတို့နောက်လိုက်သွားပြီးနောက် သူသည် အချိန်လည်းဆွဲခဲ့ပြီး လူများကို နောက်မှလိုက်ခွင့် မပြုခဲ့ပေ။


ကျိုးဝမ်ရှိူ့ အဆင်ပြေလိမ့်မည်ဟု သူ ယုံကြည်သည်။


သို့သော် စွမ်းအားရှင်များကြားမှ တိုက်ပွဲသည် အနီးအနားမှ လူများကို အလွယ်တကူ သက်ရောက်နိုင်သည်။ ယန်ကျင်းဇီသည် သာမန်လူ ဖြစ်လေရာ မတော်တဆ သေဆုံးသွားရန်မှာ အလွယ်တကူ ဖြစ်နိုင်သည်။


အပြင်ဘက်တွင် ယန်ကျင်းဇီ သေသွားပါစေဟု သူ မျှော်လင့်သည်။


ရလဒ်မှာတော့ ယန်ကျင်းဇီက အဆင်ပြေပြီး ကျိုးဝမ်ရှိူ့က သူ့ကို မုန်းသွားသည်။


မုန့်ကျားယင်၏ မျက်နှာမှာ ပြာနှမ်းနေသည်။ ( မုန့်ကျားယင် စိတ်မရွှင်ပေ။ )


ယန်ကျင်းဇီက ဘာများ အရမ်းကောင်းမွန်နေတာလဲ? ကျိုးဝမ်ရှိူ့က ဘာလို့ အဲ့လိုလူမျိုးကို ကြိုက်တာလဲ?


မုန့်ကျားယင် မည်သို့ပင်တွေးနေပါစေ သူနှင့်အတူလာသူများမှာ မောင်းနှင်ရန် ထွက်သွားပြီဖြစ်သည်။


ကျိုးဝမ်ရှိူ့ ဤနေရာတွင် စောင့်နေခြင်းမှာ ဤနေရာတွင် ကားများစွာ ရှိနေပြီး ၎င်းတို့ကို သူ တစ်ယောက်တည်း မမမောင်းနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ဤလူများ ရောက်လာပြီဖြစ်သဖြင့် သူတို့ ဤကားများကို မောင်းနှင်နိုင်ပြီ။


" ဥက္ကဌကတော့ တကယ်ပဲ ဥက္ကဌ ဖြစ်ထိုက်ပါတယ်... ကောင်းကင်နဂါး အခြေစိုက်စခန်းရဲ့ ထောက်ပံ့ပစ္စည်းအကုန်လုံးကို သူ တကယ် လုယူခဲ့တယ်။ "


" ကောင်းကင်နဂါး အခြေစိုက်စခန်းက လူတွေကို ငါ ကြည့်မရတာ ကြာပြီ။ သူတို့က ငါတို့စီက ပစ္စည်းတွေ ရအောင် ဘယ်လို ဆင်းဆင်းရဲရဲ ငိုပြရမလဲ ဆိုတာပဲ သိတယ်! "


" ဒီတစ်ခါ သူတို့ ဘော့စ်ရဲ့လူကို ပြန်ပေးဆွဲသွားတာ ဘော့စ်စီက အမြတ်ထုတ်ချင်လို့များလား? သူတို့ နောက်ဆုံးမှာ ကြက်ခိုးပြီး ဆန်ပျောက်သွားမယ် လို့ တစ်ခါမှ မတွေးထားကြမှာကို ငါ စိုးရိမ်မိတယ်။ "


" သူတို့က သူတို့အတွက်တောင် မတွေးနိုင်ဘူး။ သူတို့က ဥက္ကဌကို ပစ်မှတ်ထားရဲသေးတယ်... "


.....


လူအုပ်စုက တီးတိုးပြောလျက် ကားမောင်းပြီး အတူတကွ ပြန်သွားကြသည်။


ဤလူများထဲတွင် ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့ ထိုင်နေသော SUV ကို မောင်းနှင်သူများလည်း ရှိသည်။


SUV ၏ ကားနောက်ခုံတွင် ကျိုးဝမ်ရှိူ့သည် ထိုင်နေပြီး ယန်ကျင်းဇီက သူ့ခြေထောက်များကို ကူညီနှိပ်နယ်ပေးနေသည်။


ယန်ကျင်းဇီသည် ခြေထောက်နှိပ်နယ်နည်း မသိသဖြင့် မျက်စိစုံမှိတ်၍သာ နှိပ်နယ်နေသည်။ ကျိုးဝမ်ရှိူ့သည် တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သော်လည်း အဘယ့်ကြောင့်မှန်းမသိ အလွန် သက်တောင့်သက်သာရှိသည်ဟု ခံစားရသည်။


သူ အိမ်ကို ရှာတွေ့သကဲ့သို့ ယန်ကျင်းဇီသည် သူ့ကို ဆက်လက်နှိပ်ပေးပြီး ဘယ်တော့မှ မရပ်တန့်ဟု မျှော်လင့်နေမိသည်။


သူ့တွင် တစ်စုံတစ်ရာက ဝန်းရံထားသကဲ့သို့ နွေးထွေးသော ခံစားချက်ပင် ရှိ‌သေးသည်။


ကျိုးဝမ်ရှိူ့သည် တဖြည်းဖြည်း အံ့အားသင့်စရာကောင်းစွာ ဝေဝါးလျက် အိပ်မောကျသွားသည်။


ယန်ကျင်းဇီသည် ခြေထောက်နှိပ်နည်း လုံးဝ မသိပေ သို့မဟုတ် လူများ သက်တောင့်သက်သာ ရှိ‌စေရန် နှိပ်နယ်နည်းကိုပင် မသိပေ။


ဒါပေမယ့် မျက်နှာဖြူလေး ဆိုမှတော့ သူ့မှာ ဘယ်လိုလုပ် လူတွေကို ပြုစုနိုင်စွမ်း မရှိနိုင်ပါ့မလဲ?


ထို့ကြောင့် ယန်ကျင်းဇီသည် လှည့်စားရန် ရွေးချယ်လိုက်သည်။


သူသည် ကျိုးဝမ်ရှိူ့ကို စိတ်ဝိညာဉ်စွမ်းအားဖြင့် ထွေးပတ်ပြီး သူ့အနားရှိ မီးစွမ်းအင်မျိုးစုံကို ဆွဲယူကာ ကျိုးဝမ်ရှိူ့အနားတွင် ထားလိုက်သဖြင့်... ကျိုးဝမ်ရှိူ့ သက်တောင့်သက်သာ ရှိသည်ဟု ခံစားရမည်မှာ သေချာသည်။


မျှော်လင့်ထားသည့်အတိုင်း ကျိုးဝမ်ရှိူ့ နှစ်သက်ပုံပေါ်သည်။


သူလည်း ကြည်နူးစရာကောင်းမှန်း တကယ် သိလိုက်ရသည်။


ချစ်ရသူကို ကိုယ့်စိတ်ဝိညာဉ်ထဲ ထွေးပွေ့ထားရသည်မှာ ‌ပျော်ရွှင်ကြည်နူးစရာ ဖြစ်သည်။


တစ်ခုပဲ... အပြန်ခရီးရဲ့ အရှိန်နှုန်းက မြန်လွန်းတယ်!


မကြာမီ ကားသည် အခြေစိုက်စခန်း၏ ဝင်ပေါက်သို့ ရောက်ရှိသွားပြီး ကားပေါ်မှ ဆင်းရန် အချိန်တန်ပြီဖြစ်သည်။


ကျိုးဝမ်ရှိူ့က အိပ်နေဆဲ။ သူ၏ ကိုယ်ခန္ဓာခွန်အားကသာ ကောင်းမွန်လျှင် သူသည် ကျိုးဝမ်ရှိူ့ကို သယ်သွားနိုင်မည်ပင်။ သို့သော် ယခုမူ...


ယန်ကျင်းဇီ စိတ်ပျက်သွားပြီး ကျိုးဝမ်ရှိူ့ကို အိပ်ရာနှိုးလိုက်သည်။


သူတို့၏ ယာဉ်တန်း အခြေစိုက်စခန်း၏ ဝင်ပေါက်သို့ ရောက်သောအခါ သူတို့သည် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်း၏ ကွင်းဆင်းရုံး ဒါရိုက်တာ ကျားဝမ်ဟန်ကို တွေ့လိုက်ရသည်။


တက္ကသိုလ်မြို့တော် အခြေစိုက်စခန်း၏ စီမံအသင်းကို ကျိုးဝမ်ရှိူ့ ဦးဆောင်သည်။ ၎င်းကို ထောက်ပံ့ပစ္စည်းများ ရှာဖွေရန်နှင့် ဇွန်ဘီများ ရှင်းလင်းရန်အတွက် အမြဲတမ်း အပြင်ထွက်ရသည့် ကွင်းဆင်းဌာန၊ အတွင်းပိုင်း လုံခြုံရေး စီမံမှုအတွက် တာဝန်ရှိသော လုံခြုံရေးဌာနနှင့် အတွင်းပိုင်းရေးရာ ကိစ္စရပ်များ စီမံမှုအတွက် တာဝန်ရှိသော အတွင်းရေးရာဌာန ဟူ၍ ခွဲခြားသတ်မှတ်ထားသည်။


ကွင်းဆင်းဌာန၏ ဒါရိုက်တာ ဖြစ်သော ကျားဝမ်ဟန်သည် ကျိုးဝမ်ရှိူ့ပြီးလျှင် ဒုတိယမြောက် အသန်မာဆုံး ဖြစ်ပြီး အစွမ်းထက်သော လျှပ်စီးစွမ်းအားရှင်လည်း ဖြစ်သည်။


သူသည် ကျိုးဝမ်ရှိူ့ကဲ့သို့ ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး မိတ်ဆွေအများအပြား ရှိသော်လည်း ကျိုးဝမ်ရှိူ့ဖြင့် နှိုင်းယှဉ်ခံရလျှင် သူ့တွင် အပြစ်တချို့ ရှိသည်။


ကျားဝမ်ဟန်သည် သာမန်လူများကို အထင်သေးပြီး... သူ့အနားမှာ မိန်းမတွေကလည်း ခုနစ်ယောက်၊ ရှစ်‌ယောက်လောက် ရှိတယ်!


တက္ကသိုလ်မြို့တော် အခြေစိုက်စခန်း၏ အုပ်ချုပ်သူများသည် ကောလိပ်ကျောင်းသားများသာ ဖြစ်ကြသည်။ သန်မာသူဖြစ်သရွေ့ အလိုရှိရာ အကုန်ရနိုင်သည့် သန်မာသူများ အုပ်စိုးသော ကောင်းကင်နဂါး အခြေစိုက်စခန်းနှင့် မတူညီချေ။ ဤနေရာတွင် အမျိုးသမီးက သဘောမတူလျှင် အမျိုးသားက သူ(မ)ကို ဖိအားမပေးနိုင်ပေ။


သို့သော် ထိုမိန်းကလေးများက လိုလားသဖြင့် အခြားသူများ မထိန်းချုပ်နိုင်ကြတော့။


" ဥက္ကဌ၊ ငါ သတင်းကြားလိုက်တာ မင်း ပျိုးထောင်ထားတဲ့ လူကို ကောင်းကင်နဂါး အခြေစိုက်စခန်းက လူတွေ ပြန်ပေးဆွဲသွားတယ်ဆို? သူ အဆင်ပြေရဲ့လား? " ကျိုးဝမ်ရှိူ့ကို တွေ့သောအခါ ကျားဝမ်ဟန်က လမ်းလျှောက်လာသည်။


" သူ အဆင်ပြေတယ်။ " ကျိုးဝမ်ရှိူ့က ဆိုသည်။


ကျားဝမ်ဟန်က ပြောသည်။ " သူ အဆင်ပြေတာ ကောင်းတယ်... ခဏ၊ ဒါ ကောင်းကင်နဂါး အခြေစိုက်စခန်းရဲ့ ထောက်ပံ့ပစ္စည်းတွေလား? ဥက္ကဌ၊ မင်း ကောင်းကင်နဂါး အခြေစိုက်စခန်းကို သွားလုတာလား? "


ကျိုးဝမ်ရှိူ့ ခေါင်းညိတ်ပြလိုက်သည် : " သူတို့က စာချုပ်ချိုးဖောက်ခဲ့တယ်။ ငါ သူတို့ကို ယဉ်ကျေးစရာ မလိုဘူး။ "


ကျားဝမ်ဟန်က ပြုံးသည်။ " မှန်တယ်... "


သူတို့ စကားပြောနေစဉ် တစ်စုံတစ်ယောက်က ထောက်ပံ့ပစ္စည်းများကို သွားရွှေ့နေပြီဖြစ်သည်။


ကျိုးဝမ်ရှိူ့သည် သူတို့က ထောက်ပံ့ပစ္စည်း လှည်းများစွာကို အခြေစိုက်စခန်း၏ သိုလှောင်ရုံသို့ ရွှေ့ပြောင်းနေသည်ကို တွေ့လိုက်ပြီး ချက်ချင်း ပြောလိုက်သည်။ " နေဦး "


" ဥက္ကဌ? " ထောက်ပံ့ပစ္စည်းများကို သယ်နေသူ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။


ကျိုးဝမ်ရှိူ့ : " ဒီထောက်ပံ့ပစ္စည်းတွေရဲ့ တစ်ဝက်က ငါ့ဟာပဲ... ငါ တခြားတစ်ခုခုနဲ့ ပြန်လဲချင်တယ်။ "


ကျိုးဝမ်ရှိူ့သည် ယခင်က နိုင်ငံခြားကုန်ပစ္စည်းများကို သိပ်ဂရုမစိုက်သောကြောင့် အပြင်ဘက်တွင် ကုန်ပစ္စည်းများကို ရှာတွေ့သောအခါ သူ မလိုအပ်သရွေ့ အခြေစိုက်စခန်းသို့ တိုက်ရိုက်ပေးလိုက်သည်။


နောက်ပိုင်းတွင် သူသည် ယန်ကျင်းဇီကို ပျိုးထောင်ထားသော်လည်း အလုပ်လုပ်ရာမှ သူ ရရှိသော ထောက်ပံ့အမှတ်များကိုသာ ယန်ကျင်းဇီ စိတ်ကြိုက်သုံးစွဲနိုင်ရန် ယန်ကျင်းဇီစီသို့ တရားဝင်လွှဲပြောင်းပေးထားသည်။ ယခင်က သူသည် ထောက်ပံ့အမှတ်များကို သုံးစွဲခဲပြီး နေ့စဉ်နေ့တိုင်း အမှတ်အသစ်များကို ရရှိနေဆဲ ဖြစ်သည်။ အခြေခံအားဖြင့် ယန်ကျင်းဇီလည်း အကုန်လုံးကို မသုံးစွဲနိုင်ပေ။


အတိတ်ကာလ၌မူ သူသည် ဤဖိသိပ်ဘီစကွတ်ခြောက်များကို အခြေစိုက်စခန်း၏ သိုလှောင်ရုံသို့ တိုက်ရိုက်လွှဲပြောင်းပေးလိုက်မည် ဖြစ်သော်ငြား ယခုမူ...


သိုလှောင်ရုံသို့ ထောက်ပံ့ပစ္စည်းများကို တွန်းယူသွားသူက အနည်းငယ် ရှက်ရွံ့သွားသည် : " တောင်းပန်ပါတယ် ဥက္ကဌ။ ငါ မေ့သွားတယ်... "


" ရတယ်။ " ကျိုးဝမ်ရှိူ့ : " မင်း ငါ့ကို သိုလှောင်ရုံစီ ခေါ်သွားပါ။ ငါ တစ်ခုခုနဲ့ လဲလှယ်ချင်တယ်။ "


ထိုသို့ပြောပြီးနောက် ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီကို ကြည့်လိုက်သည် : " ကျင်းဇီ၊ မင်း သွားပြီး တစ်ချက်ကြည့်ကြည့်ပါ။ မင်း ကြိုက်တာ တွေ့ရင် ယူလိုက်။ "


" ငါ့ကို ရွေးခိုင်းတာလား? " ယန်ကျင်းဇီက မေးသည်။


" အင်း " ကျိုးဝမ်ရှိူ့က ခေါင်းညိတ်သည်။


သူ့ရဲ့ရွှေသခင်က တကယ် အရမ်းရက်ရောလွန်းတယ်! ယန်ကျင်းဇီက ဆိုသည်။ " ဝမ်ရှိူ့၊ မင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးလူပဲ။ "


ကျိုးဝမ်ရှိူ့ ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။ " သွားရအောင်။ "


ယန်ကျင်းဇီ ခပ်သွက်သွက် လိုက်သွားသည်။


သိုလှောင်ရုံတွင် အများအားဖြင့် အစားအစာများနှင့် ပြည့်‌နှက်နေသည်။


ယခုခေတ်ကာလ၌ အဖိုးထိုက်ဆုံးပစ္စည်းများမှာ အစားအစာများ ဖြစ်သည်။ ရွှေငွေကျောက်မျက်ရတနာများဟာ သိုလှောင်ရုံသို့ ဝင်ရောက်ခွင့် မရှိချေ။


ယန်ကျင်းဇီ လိုချင်သည်မှာလည်း အစားအစာပင် ဖြစ်သည်။


အခြေခံကုန်ပစ္စည်းများ ဖြစ်သော ဂျုံဖြူနှင့် ဆန်တို့ကို သေချာပေါက် လိုအပ်သည်။ ထို့အပြင် ယန်ကျင်းဇီသည် ဟင်းခတ်အမွှေးအကြိုင်များစွာ၊ အထူးသဖြင့် ပါဝင်ပစ္စည်းအထုပ်များကိုလည်း လိုအပ်၏။


ပါဝင်ပစ္စည်းအထုပ်များမှာ လှီးဖြတ်ထားသော ဝက်သားပါဝင်ပစ္စည်းထုပ်များ၊ ငါးဂေါ်ဖီချဉ်ထုပ်များ၊ နှမ်းတို့ဖူးထုပ်များနှင့် အစရှိသည်တို့ ဖြစ်သည်။ ဒါတွေက ဟင်းမချက်တတ်တဲ့လူတွေအတွက် ကယ်တင်ရှင်ပဲ!


သေချာတာပေါ့၊ ပဲနှစ်၊ ပင်လယ်စာဆော့စ်၊ ဘာဘီကျူးဆော့စ်နှင့် ဆော့အစပ်မျိုးစုံတွေလည်း မပါမဖြစ်ပဲ!


မျက်နှာဖြူလေး တစ်ယောက်အနေဖြင့် ကြည့်ကောင်းသည့် ရုပ်ရည်အပြင် ကျွမ်းကျွမ်းကျင်ကျင် ဟင်းချက်တတ်လျှင် အကောင်းဆုံးပင်။


မူလပိုင်ရှင်သည် ဟင်းချက်နည်းကို မသိဘဲ စားသောက်ရန် ကန်တင်းသို့ သွားသည်။ ဒါပေမယ့် သူကတော့ ကျိုးဝမ်ရှိူ့အတွက် အရသာရှိတဲ့ တစ်ခုခုကို ချက်နိုင်မယ်လို့ ထင်တယ်!


ဘယ်လိုလုပ်ရမလဲ ဆိုတာ‌ကတော့... ဒါက ဒီဟင်းခတ်အမွှေးအကြိုင်ထုပ်တွေနဲ့ ဆော့စ်မျို

းစုံတွေပေါ်မှာ မူတည်တယ်!


ယန်ကျင်းဇီသည် အသက်တစ်ရှိုက်အတွင်း များစွာယူလိုက်ပြီး နောက်ဆုံးတွင် ဝက်ပေါင်ခြောက်တစ်ထုပ်ကို ယူလိုက်သည်။


သူ အိမ်ပြန်ရောက်ရင် သူရဲ့ ဟင်းချက်စွမ်းရည်ကို ပြသမယ်!


____


Thanks for reading 💙


____