အပိုင်း ၂၄
Viewers 9k

Chapter 24

ငါ့ကိုချော့နေတာများလား....




ထိုအချိန်မှာပင် ၅၁ထပ်မြောက်ရှိ ချူရှောင်းရန်က ပါးစပ်ထဲမှဖျော်ရည်သီးသွားပြီး ချောင်းတဟွတ်ဟွတ်ဆိုးလာတော့သည်။တစ်ခဏမျှ သက်သာသွားအောင်လုပ်ပြီးနောက် ရွှယ်ယုံကို ခေါ်လိုက်သည်။


"ဟယ်လို"[t/n ဘယ်လိုလဲ]


"မင်းမကောင်းတာ....မဟုတ်ဘူး ငါကိုက မကောင်းတာ"


ချူရှောင်းရန်က တစ်ခဏမျှ ချောင်းဆိုးနေ၍ ခပ်အက်အက်အသံနှင့်"ရွယ်ရှောင်ယုံ....ငါ့ကိုပြော....မင်း ဟက်ခံလိုက်ရတာမို့လား"


ရွှယ်ယုံ၏အသံက အေးအေးဆေးဆေးပင်"မဟုတ်ဘူး"


ချူရှောင်းရန်က ရင်ဘတ်ကို တဗုန်းဗုန်းပုတ်လိုက်ရင်း စိတ်လွတ်သွားသလို ခံစားရကာ"ဒါဖြင့် မင်း ဝေ့ပေါ်မှာ တင်လိုက်တဲ့ပိုစ့်ကရော...မင်းရဲ့ နျန်နျန်ကို ဂရုမစိုက်တော့ဘူးလား...ဒီသခင်လေးက အမြင်မှားတာဖြစ်နိုင်ပါ့မလား....မဟုတ်ဘူး....မဟုတ်ဘူး....တင်းကျောက်ရှန်က မင်းကြောင့် ရူးသွားမတတ်ပဲ...တစ်ခုခု လှည့်စားထားတာမျိုးရှိနေတာလား...မဟုတ်ရင် မင်းဘယ်လိုလုပ် ဝေ့ပေါ်သွားပြီး မင်းရဲ့တည်ရှိမှုကို ဖျက်ပစ်နိုင်မှာလဲ....."


သောက်ကျိုးနဲ


ချူရှောင်းရန်က ဥာဏ်ကောင်းသူဖြစ်၍ တစ်စက္ကန့်အတွင်း သူ့ဦးနှောက်က အမြန်လှည်ပတ်လာကာ ခြောက်ကပ်ကပ်မေးလာသည်


"မင်းအရင်တုန်းက ပြောခဲ့ဖူးတဲ့တစ်ယောက်လေ .....သိတာ သုံးနှစ်ရှိပြီဆိုပေမယ့် မရင်းနှီးသေးဘူး... သူ့နားနီးနီးသွားချင်တယ်ဆိုတဲ့သူလေ....အဲ့တာ ယွီနျန်လား .."


ရွှယ်ယုံက တော်တော်ကြာသည်ထိ ပြန်မဖြေလာ။ ခဏကြာမှ "အင်း"ဟု တိုးတိုးဖြေလာသည်။


ချူရှောင်းရန်က သူ့နာဖူးသူ ရိုက်ပစ်လိုက်ပြီး မျက်လုံးအပြူးသားဖြစ်သွားရသည်။ သူက ရွှယ်ယုံ၏ ရှက်ကိုးရှက်ကန်းမျက်နှာကို မြင်ယောင်ရင်း အံ့သြနပန်းကြီးသွားလေသည်။ ခေါင်းတွင်တွင်ခါလိုက်ပြီး ထိုပြိုလဲနေသောပုံရိပ်ကို စိတ်ထဲမှထုတ်ပစ်လိုက်ကာ ကျိုးကြောင်းဆက်စပ်ကြည့်သည်။


"နေအုံး.... မင်း ငါ့ကိုလာတွေ့ရတဲ့အကြောင်းရင်း အဲ့ဒါအရင်ပြောအုံး"


ရွှယ်ယုံ"သူ့ကို တွေ့ဖို့လေ"


ချူရှောင်းရန်"....."


"ဖာ့ခ် ...မင်းငါ့ကို ရုတ်တရက်ဂရုစိုက်နေတယ်လို့တွေးပြီး ဒီသခင်လေးက စိတ်လှုပ်ရှားနေတာကို"


ရွှယ်ယုံ "မဟုတ်ဘူး"


ချူရှောင်းရန်က နှလုံးသားထဲ လေပြင်းတိုက်သွားသလို ခံစားလိုက်ရ၍ ကြိုးစားပြီး စိတ်ကိုအမြန်တည့်မတ်လိုက်ကာ "ဒါဖြင့် ငါ့ကိုပြောစမ်း....မင်း ဝေ့ပေါ်မှာတင်လိုက်တဲ့ပိုစ့်က ဘာရည်ရွယ်ချက်နဲ့လဲ" 


သူ့လေသံက အနည်းငယ်သတိထားပြီး စူးစမ်းချင်သည့်ပုံဖြစ်နေသော်လည်း ထိုလျို့ဝှက်ဇာတ်လမ်းလေးကို ထုတ်ပြောလာ၍ ထိတ်လန့်သွားမည်လည်း စိုးရိမ်မိသည်။


ထို့နောက် ရွှယ်ယုံပြန်ဖြေလာသံကို ကြားလိုက်ရသည်။


"ငါလည်း သူနဲ့အတူ hot searchရောက်နေတာ"


"အာ...ဟုတ်တယ်လေ ငါတွေ့လိုက်တယ်" 


ချီရှောင်းရန်တွေးလိုက်မိသည်။ ငါ ကန်းမနေဘူးလေ ...မင်းတို့နှစ်ယောက်လုံး hot searchရောက်နေတာ သေချာပေါက် တွေ့လိုက်တာပေါ့...။


"ဒါဆို ...နေပါအုံး...."


ချီရှောင်းရန်က ရွှယ်ယုံနှင့်အတူကြီးပြင်းလာသူဖြစ်သည့်အလျောက် ဤသုံးနှစ်တာ ခွေးသွေးဆန်ဆန်ထင်မြင်ချက်များက အချစ်အမုန်းကြောင့်မှန်း အလိုလိုသိသွား၍ မေးလိုက်သည်။


"ဒါဖြင့် ငါ့ကိုမပြောနဲ့နော် ...တင်းကျောက်ရှန်နဲ့ တခြားမြေခွေးအိုကြီးတွေရဲ့ ကိစ္စကိုမဖြေရှင်းခင် ယွီနျန်နားကပ်လို့မရတာကြောင့် သူ့မှာမိတ်ဆွေတွေများလာပြီး မင်းကိုမေ့သွားမှာစိုးလို့ မင်းရဲ့တည်ရှိမှုကိုဖျောက်ဖျက် မရမယ့် ပုံမှန်မဟုတ်တဲ့ တစ်ခုတည်းသောနည်းလမ်းကို ရှာခဲ့တယ်ဆိုတာ....."


ရွယ်ယုံက ဘာမှပြောမလာပေ။


သို့သော်လည်း ချူရှောင်းရန်က သူ့ခန့်မှန်းချက်မှန်ကြောင်း သိလိုက်လေသည်။


အသက်ပြင်းပြင်းရှူလိုက်ရင်း သူက ဆက်ပြောလိုက်သည်။


"ဒါဖြင့် မင်းက အရမ်း ဥာဏ်များတာပဲ....တင်းကျောက်ရှန်နဲ့တခြားသူတွေက မင်း ယွီနျန်ကို တကယ်မုန်းနေလားလို့တောင် သေချာသိမှာမဟုတ်ဘူး...သူတို့မှာ ယွီနျန်ဆိုတဲ့သူကို အာရုံစိုက်နေဖို့ အချိန်တောင်မရှိဘူးလေ....သူတို့က စိတ်ချနေကြပေမယ့် တကယ်တမ်း မင်းက အခု အလုပ်ကို ကောင်းကောင်းလုပ်နေတာမဟုတ်တာ...မင်းက အမှောင်စျေးကွက်တိုက်ခိုက်ရေးသမားတွေကို ပျိုးထောင်ပေးနေတာလား ...မြေအောက်လက်ဝှေ့ပွဲတွေကြည့်နေတာလား ....လောင်းကစားလုပ်နေတာလား ဒါမှမဟုတ် starနောက်ကို နောက်ယောင်ခံလိုက်နေတာလား....တစ်ခုခုပဲ ...သတင်းကြားပြီးရင်ရော သူတို့ပျော်ပါ့မလား ... "


"ပျော်မှာ"


သူက တရိပ်ရိပ်တက်လာသော အကြောင်းအရာကို ကြည့်လိုက်ပြီး အထစ်ထစ်အငေါ့ပြောလိုက်သည်။


"မင်းက ကိုယ့်ကိုယ်ကို အနစ်နာခံပြီး ဝီရိယရှိရှိလုပ်နေတာအကုန်လုံးက ယွီနျန်ကို နာမည်ကြီးစေဖို့ပေါ့"


ရွှယ်ယုံက ဆိုလိုက်သည်"အင်း"


ဟမ်...ဟမ်


"သူက အရမ်းကောင်းတယ် ....တစ်ယောက်ယောက်က သူ့ကို သတိထားမိသွားတာနဲ့ သေချာပေါက် သဘောကျသွားကြမှာ..."


ရွှယ်ယုံက လတ်တလောက သိလိုက်ရသည့် ဝေါဟာရတစ်ခုကို သုံးလိုက်သည်။


"ငါက သူ့ ဖန်ဖြစ်လာမှာ"ထို့နောက် ဆက်ကာ

"ငါ သူ့သီချင်းဆိုသံကို ကြိုက်တယ်...သူ့အယ်လ်ဘမ်တွေဝယ်ပြီး concertသွားမှာ"


ချူရှောင်းရန်က မထူးဆန်းသည့်နှယ် ပြန်ဖြေလိုက်သည်။


"အို့ ..."


ချူရှောင်းရန်က မျက်နှာကျက်ကို စိုက်ကြည့်လိုက်ရင်း ဂရုတစိုက်တွေးတောလိုက်သည်။


 "ဒါပေမယ့် ပြဿနာရှိမယ့်ပုံတော့ မပေါ်ဘူး..... ပြိုင်ဘက်ကိုဖိနှိပ်တယ် ယွီနျန်ကိုကာကွယ်ပြီး နာမည်ရအောင်လုပ်ပေးတော့ သူလည်း သတိထားမိသွား

ပြီး မင်းကိုမှတ်မိနေတော့မှာ....ခဲတစ်လုံးတည်းနဲ့ ငှက်လေးကောင်ပစ်လိုက်တာပဲ"


"မှန်တယ်"


"မှန်တယ်ပေါ့"ချူရှောင်းရန်က စိတ်ပန်းလာ၍ နာဖူးကိုအသာထိန်းလိုက်မိသည်။ ရွှယ်ယုံလုပ်တာနဲ့ သူမှန်းတာတောင် မှားနေမလား ထင်မိတော့မလို့။


"ဒါဖြင့် ယွီနျန်က သူ့ကိုအပြစ်တင်တဲ့ မင်းရဲ့နာမည်အစစ်ကိုတွေ့သွားရင် ဝမ်းနည်းသွားလိမ့်မယ်လို့ တွေးဖူးလား"


ရွှယ်ယုံက စက္ကန့်အနည်းငယ် တိတ်သွားပြီးနောက် တည်တည်ငြိမ်ငြိမ်ပြောလာသည်။


"ငါ အလုပ်ကြိုးစားမှာပါ"


ချူရှောင်းရန်မှာ ဘာပြောရမလဲပင် မသိတော့ပေ။


သူသာ ယွီနျန်ဆိုပါက ရွယ်ယုံ့ကို စိတ်မမှန်သည့်သူဟု တွေးမိလိမ့်မည်။


ဖုန်းကိုင်ထားရင်း ရွှယ်ယုံ၏မှောင်မိုက်နေမည့်အနာဂတ်အတွက် စိတ်ပူမိ၍ ရွယ်ယုံ၏ဝေ့ပေါ်မှ ကောမန့်များကို လှန်လှောကြည့်မိသည်။ ကြည့်ပြီးနောက် ရွှယ်ယုံက အကောင့်တုt(t/n တခြားအကောင့်)တစ်ခုလုပ်ထားမှန်း သိလိုက်သည်။


သောက်ချီး


[အလဲ့ ....ငါ့ယောကျ်ားက ဝေ့ပေါ်မှာ ပိုစ့်တင်ထားတာပေါ့လေ....မီးပန်းတွေဖောက်ပြီး ကြိုဆိုလိုက်ရအောင်....ဒီတစ်ခါတော့ ဂျာမန်ငွေစက္ကူလည်းမဟုတ်သလို ...တလိမ့်ကောက်ကွေးမျဥ်းတွေနဲ့ ဇယားကွက်လည်း မဟုတ်ပြန်ဘူး....ငါ့ယောကျ်ားရဲ့ ဝေ့ပေါ်ကို ငါနားလည်နိုင်တယ်....ပျော်လွန်းလို့ငိုနေပြီ]


User 7341509[မင်းယောကျ်ားမဟုတ်ဘူး]


[ဘုရားရေ....ငါ ယွီနျန်နောက်လိုက်နေတာ ...သူ့အသံကို အရမ်းကြိုက်တာပဲ...ငါ့ယောကျ်ားနဲ့ငါ့မှာ အသုံးများတဲ့ခေါင်းစဥ်တစ်ခုရှိလိမ့်မယ်..ဒါပေမယ့် ယွီနျန်က အသံညှိထားတာမဟုတ်တာတော့ သေချာတယ်....နင်တို့တွေ သူအရင်က ပို့စ်တင်ခဲ့တဲ့ စန္ဒယားတီးပြီးသီချင်းဆိုထားတဲ့ ဗီဒီယိုတွေတွေ့ဖူးမှာပေါ့...သူ တကယ်ကို ကောင်းကောင်းဆိုနေတာ]


User 7341509[မှန်တယ်]


[ယွီနျန်က ဘယ်သူလဲ...အရင်တုန်းက hot searchပေါ်ရောက်ခဲ့တဲ့ အဆိုတော်လား...ဥက္ကဌရွှယ် ခင်ဗျားဘာလို့ သူ့ကိုမုန်းနေရတာလဲ...နောက်ကွယ်မှာ ဇာတ်လမ်းရှိမယ်ဆိုတာ ဥက္ကဌရွှယ်ဓာတ်ပုံက သက်သေပဲ"


User 7341509[ဟုတ်တယ်]


[ငါ့ရဲ့နောက်ဆုံးဆန္ဒက ဥက္ကဌရွှယ်ကို မဂ္ဂဇင်းမှာ အင်တာဗျူးရဖို့ပဲ ....ဓါတ်ပုံတွေတောင်းမယ်...ကမ္ဘာကြီးရဲ့အလှတရားကို ရှာဖွေမယ်"


User 7341509[အချိန်မရှိဘူး]


[ဥက္ကဌရွှယ်ဟက်လိုက်တဲ့ အကောင့်ကို သိချင်တာမို့ ခဏခဏဖွင့်ဖွင့်ကြည့်နေမိတာ....သူက ဘယ်လိုနတ်သားလေးပါလိမ့်...ဖန်ဖြစ်လာဖို့ သုံးစက္ကန့်ပဲကြာလိုက်တယ်လား...စိတ်မကောင်းပါဘူး ဥက္ကဌရွှယ်ရေ ....ခင်ဗျားကို နှလုံးသားရဲ့ဘယ်ဘက်ဆီရွှေ့လိုက်ပြီ ညာဘက်မှာ ယွီနျန်ကို ထားမှာမို့လို့]


User 7341509[မင်း သူ့ကို ဘယ်ညာနှစ်ဖက်လုံး ထားလို့ရတယ်]


အထပ်၃၀က လေ့ကျင့်ရေးခန်းတွင်


မုန့်ယွမ်က ဖုန်းကိုင်ထားရင်း နားမလည်နိုင်ဖြစ်နေရသည်။


"မဟုတ်သေးဘူး....မင်းဘာလို့ ချက်ချင်းကြီး ဖန်တွေများလာရတာလဲ"


ယွီနျန်လည်း တစ်ဝက်သောက်ထားသည့် ရေသန့်ဗူးကို ကိုင်ထားရင်း တွေဝေနေသည်"ကျွန်တော်လည်း မသိဘူး"


"မစ္စတာ ရွှယ်"မုန့်ယွမ်က တွေးတွေးဆဆပြောလိုက်ရင်း"မင်း အရင်က သူ့အပေါ် အပြစ်လုပ်ခဲ့မိတာလား"


ယွီနျန်က သေသေချာချာစဥ်းစားလိုက်ပြီး ခေါင်းခါပြကာ"မလုပ်ခဲ့ပါဘူး"


သူတို့က အကြိမ်အနည်းငယ်သာ တွေ့ဖူးလေသည်။စကားများများမပြောဖူးသော်လည်း ရင်းနှီးသဖြင့် အမှားလုပ်မိသည်ကလည်း မဖြစ်နိုင်ပေ။ထို့ပြင် သူတို့နှစ်ဦးမှာ အဆက်အသွယ်များ ဖလှယ်ဖူးပြီး မင်္ဂလာနံနက်ခင်းပါဟုပင် တစ်ယောက်နှင့်တစ်ယောက် စာပို့ဖူးလေသည်။


ထပ်ပြီး ဖန်အတုများ၏အကြံအစည်များကိုလည်း ရွှယ်ယုံက ကူပြီးဖြေရှင်းပေးခဲ့သည်။သို့ဖြစ်ရာ ဘာကြောင့်များ ချူရှောင်းရန်က ရွှယ်ယုံကို ယခု မေးမြန်းနေပါသနည်း။


မုန့်ယွမ်မှာ ဝေခွဲရခက်လာသည်

"ဥက္ကဌရွှယ်နဲ့ ဥက္ကဌချူက ငယ်သေးတယ်...မင်းက ချူဌာနချုပ်က အနုပညာရှင်ဆိုတော့ မင်းကိုတိုက်ခိုက်ဖို့ အကြောင်းရင်းလည်းမရှိဘူးလေ...နောက်ပြီး ဒီတစ်ချက်ကလည်း သိပ်မရေရာဘူးကွာ...မင်းက အသံမညှိရသေးဘူးလေ...သူတို့က မင်းအရင်ကတင်ခဲ့တဲ့ စန္ဒယားနဲ့သီချင်းဆိုနေတဲ့ ဗီဒီယိုပဲကြည့်ဖူးတာမို့လား"


ထိုအချိန် လေ့ကျင့်ခန်းတံခါးကို ခေါက်လာခဲ့သည်။

ရှစ်ရော့က သူမခေါင်းကို အသာပုတ်လိုက်ရင်း"ယွီနျန်...မင်းမှာထားတဲ့ စားစရာတွေရောက်ပြီ"


ယွီနျန်က နားမလည်သည့်ပုံနှင့်"ကျွန်တော် မမှာထားပါဘူး"


ရှစ်ရော့က အထဲဝင်လာပြီး တံခါးဆီလက်ညှိုးထိုးပြကာ"ဒါပေမယ့် သူတို့တွေက မင်း အစာသွပ်မုန့်တွေ လက်ခံပြီးကြောင်း လက်မှတ်ထိုးပေးဖို့ပြောနေကြတာ"


"အစာသွပ်မုန့်လား"


ယွီနျန်က အနီးကပ်သွားကြည့်မှ လူငါးယောက်ခန့်ရှိမည်....လက်ထဲတွင် အစာသွပ်မုန့်ဗူးများ ကိုယ်စီကိုင်ထားကြလေသည်။ သူက ကြည့်လိုက်ရုံနှင့် ချင်းဟယ်လမ်း အစာသွပ်မုန့်ဆိုင်မှဖြစ်သည်ကို သဘောပေါက်သွားသည်။


သူ့ရင်ထဲ တင်းကျပ်သွားကာ လှည့်ပြီးပြောလိုက်သည်


"ဟုတ်တယ်...ကျွန်တော့်ဆရာကို ဝယ်ပေးဖို့ ပြောထားတာရယ်...ခုနက မစဥ်းစားမိဘူး...ခင်ဗျားတို့ ဒီခရီးထိရောက်အောင် အလုပ်ကြိုးစားခဲ့တာပဲ"


ထိုလူများပြန်သွားပြီးနောက် ယွီနျန်က အထပ်လိုက်စီထားသော အစာသွပ်မုန့်ဗူးများကို ကြည့်လိုက်ရင်း စဥ်းစားရကျပ်နေသည်။ မုန့်ယွမ်က သဘောပေါက်လိုက်သည်။


"မင်း ဒါတွေ မဝယ်ခဲ့ဘူးမို့လား...ဘယ်သူပေးတာလဲ"


ယွီနျန်ကို ဗူးကိုဖွင့်လိုက်ရင်း အထဲရှိ အစာသွပ်မုန့်ချိုများကိုကြည့်ကာ ပြုံးလိုက်သည်။


"ရွှယ်ယုံ"


သူက ထိုဆိုင်မှ အစာသွပ်မုန့်ကို အလွန်ကြိုက်မှန်းသိနေသဖြင့် ထိုမုန့်များဝယ်လာပေးသည့်သူက ရွယ်ယုံကလွဲပြီး အခြားသူမဖြစ်နိုင်။


"ဥက္ကဌရွှယ်လား"မုန့်ယွမ်က ချက်ချင်းပင် မုန့်ဗူးကို ပြန်ချလိုက်ရင်း"ဒါ....ဒါ...အဆိပ်တော့ မခပ်ထားလောက်ဘူးမို့လား"


ယွီနျန်က ရယ်မောလိုက်ရင်း"မခပ်ထားပါဘူးဗျာ" သူက နူးနူးညံ့ညံ့မုန့်ချိုလေးကို ကောက်ယူလိုက်ရင်း ပါးစပ်ထဲသွပ်လိုက်သည်။ချိုမြမြအရသာက အာခံတွင်း သက်ဆင်းသွားလေသည်။


"ကြည့်လေ...ကျွန်တော်အခု ဘာမှမဖြစ်သွားပဲ"


မုန့်ယွမ်က စိတ်ပူနေဆဲပင်"တာရှည်အဆိပ်မျိုးဖြစ်နိုင်တယ်"


ယွီနျန်က နှုတ်ခမ်းစေ့လိုက်ပြီး ခေါင်းခါပြသည်


 "သူ ဒီလိုလုပ်ရတာရဲ့နောက်ကွယ်မှာ အကြောင်းတစ်ခုခုရှိလိမ့်မယ်"


ရှစ်ရော့က မေးလာသည်"မင်း အဲ့ဒီပိုစ့်ကို တွေ့လိုက်လား"


"ကောင်းပြီ ....ပြောရမှာ ဘက်လိုက်နေသလိုဆိုပေမယ့် ကျွန်တော့်အပေါ်မှာတော့ မကောင်းတဲ့ရည်ရွယ်ချက်မျိုး ရှိမှာမဟုတ်လောက်ဘူး" ယွီနျန်က သူ့ရှေ့က ကိတ်မုန့်ဗူးငါးခုကို ကြည့်လိုက်ကာ စိတ်ထဲရှိ နောက်ဆုံးတစ်ကြောင်းကိုဖြင့် မပြောလိုက်ပါချေ။


အစတုန်းက ဝေ့ပေါ်မှာ ငါ့ကိုအပြစ်တင်နေပြီးတော့ ချက်ချင်းကြီး အစာသွပ်မုန့်ဗူးတွေ ဝယ်လာပေးနေတာ...ငါ့ကို ချော့နေတာများလား။


ရှစ်ရော့က စိတ်ပူနေဆဲဖြစ်၍ မျက်မှောင်ကြုတ်လျက် မေးလာသည်


"ဒါပေမယ့် ဒီအတိုင်းဆို နျန်နျန်ရဲ့ လမ်းက ဖြောင့်ဖြူးပါ့မလား"


မုန့်ယွမ်က သူမဆိုလိုရင်းကို နားလည်ပေသည်


"ရှင်းယောင်ရဲ့နောက်မှာ ချူမိသားစုရှိတယ်...ဥက္ကဌချူကလည်း ဒီမှာရှိနေတယ်လေ...နောက်ပြီး ဝေ့ပေါ်က စကားလေးနည်းနည်းလေးပဲဟာ သူ့ကိုသိပ်မထိခိုက်ပါဘူး...အများကြီး စိတ်ပူမနေပါနဲ့"ထို့နောက် ယွီနျန်ဘက်လှည့်ပြောလိုက်သည်


"စိတ်မပျော့သွားနဲ့ နျန်နျန်....နောက်တစ်ပိုင်းအတွက် ကောင်းကောင်းပြင်ဆင်ထား...အကလေ့ကျင့်တာရော ဘယ်လိုလဲ"


ယွီနျန်က ခေါင်းညိမ့်ပြကာ"အစ်ကိုမုန့် စိတ်ချပါ...ဆရာအန်းနဲ့ ဆရာဟော်တို့က တစ်ချက်မလွတ်ရအောင် စောင့်ကြည့်ပေးပါတယ်...အကွက်တွေကလည်း အကုန်စီစဥ်ထားပြီးပါပြီ...ထပ်ကာထပ်ကာ လေ့ကျင့်ထားတာမို့ ပြဿနာမရှိနိုင်ပါဘူး"


ယွီနျန်က ရှင်းယောင်မှ အိမ်ပြန်သွားခဲ့သည်။အစာသွပ်မုန့်များကို ထားလိုက်စဥ် ဖုန်းမြည်လာခဲ့သည်။screenပေါ် ပေါ်နေသည့် နာမည်ကိုကြည့်လိုက်ရင်း အသက်ရှူသံမြန်လာသည်


"ဟယ်လို ဦးလေးရုန်"


တစ်ဖက်က ရုန်ယွဲ့မှာ စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်"နျန်နျန်...မင်း ဦးလေးကို ယိုနျောင်းမင်[အေးချမ်းသော ငှက်တေးသီသံ]ကို ရှာပေးဖို့ပြောထားတာမို့လား...ကျောက်စိမ်းအရက်ကရားလေ...ဦးလေး အဲ့တာကို တွေ့ခဲ့တယ်...ပြင်သစ်က စုဆောင်းသူတစ်ယောက်ရဲ့ လက်ထဲရှိနေတာ...သူ့မိသားစုက မကြာသေးခင်က မတော်တဆဖြစ်ခဲ့တာမို့လို့ ငွေကြေးအတွက် သူစုထားတဲ့အရာတွေ ထုတ်ရောင်းရမှာတဲ့ အခုလေးတင် သတင်းထုတ်ပြန်လိုက်တယ် ... "


ယွီနျန်၏နှလုံးခုန်သံက အရှိန်တိုးလာပြီး"လေလံတင်တော့မလို့လား"


"ဟုတ်တယ်....လေလံတင်မယ်လို့ အဆိုပြုပြီးပြီ"


"အဲ့တာကောင်းတယ် လေလံတင်တာလိုက်တာနဲ့ အခွင့်ရေးရှိလာပြီပဲ"ယွီနျန်က သက်ပြင်းချပြီး အားတင်းပြုံးလိုက်ကာ"ဒါဖြင့် ကျွန်တော် ဦးလေးရုန်ကို ထပ်ပြီး ဒုက္ခပေးရအုံးမှာပဲ...ကျွန်တော့်မှာ ပိုက်ဆံလုံလုံလောက်လောက်ရှိနေပြီမို့လို့ နောက်ပိုင်းကျရင် လွှဲပေးပါ့မယ်"


"သူစိမ်းဆန်ဆန်စကားတွေမပြောပါနဲ့ကွာ"ရုန်ယွဲ့က ထပ်ပြီး အကြံပေးလိုက်သည်


"မင်းက ငယ်သေးတယ်...အရမ်းကြီး ကိုယ့်ကိုယ်ကို ပင်ပင်ပန်းပန်းတွန်းအားပေးမနေနဲ့...မင်းရဲ့ အဘိုးဘွားတွေသိရင်လည်း စိတ်သောကရောက်နေကြတော့မှာပဲ"


"ဟုတ်ကဲ့ပါ"


ယွီနျန်က တစ်ဖက်လူ၏သဘောထားကို လက်ခံလိုက်ပြီး နွေးထွေးသည့်အသံနှင့် ဆိုလာသည်


"ကျေးဇူးတင်ပါတယ်...ကျွန်တော့်မှာ ပိုက်ဆံလုံလုံလောက်လောက်ရှိပါတယ်"


စကားအနည်းငယ်ပြောပြီးနောက် ဖုန်းချလိုက်သည်။ ယွီနျန်က သူ၏ခြေတံရှည်များကို ကွေးလိုက်ရင်း ကြမ်းပြင်ပေါ်ထိုင်ချလိုက်ကာ ဆိုဖာပေါ်ခေါင်းမှီထားလိုက်သည်။ ထို့နောက် နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာပြီး အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။


တစ်ခုခုစဥ်းစားနေရင်း ဖုန်းစက်ဖွင့်လိုက်ကာ ဘဏ်အကောင့်ကို စစ်ဆေးလိုက်သည်။ ရှင်းယောင်မှပိုက်ဆံနှင့် "သဘာဝရဲ့သံစဥ်"ရှိုးပွဲမှရှာထားသည့် ပိုက်ဆံများအားလုံး စုထားပြီး သုံးဖြုန်းမထား၍ သုညလုံးရေများက သူ့ကို အလွန်အမင်းပျော်ရွှင်စေသည်။


သို့သော်လည်း ရုန်ယွဲ့ထံ ပိုက်ဆံလွှဲပေးပြီးနောက် ယွီနျန်က လက်ကျန်ငွေကို သုံးကြိမ်တိုင်တိုင်ရေတွက်လိုက်ပြီး သက်ပြင်းချမိသည်။ ယွမ်ငါးရာသာ ကျန်တော့သည်ပင်။


သူ ရွှယ်ယုံထပ်ပို့လာသော အစာသွပ်မုန့်ငါးဗူးကိုကြည့်လိုက်ပြီးနောက် ပြန်ပျော်ရွှင်လာသည်။


လာမည့်ရက်အနည်းငယ်အတွက် မနက်စာကား ပြင်ဆင်ပြီးချေပြီ။