အပိုင်း ၂၆
Viewers 9k

Chapter 26

-ကျွန်တော်ဘာလုပ်ရမလဲသိတယ်




သို့သော်ငြား ရွှယ်ယုံက progress barကို ကိုးကြိမ်မြောက်ပြန်ရစ်ပြီးနောက် သူ့လက်များ ရပ်တန့်သွားရသည်။သူက မျက်တောင်ဖွဖွကြုပ်ရင်း ထိုထူးကဲလှသည်မဟုတ်သော ဇာတ်ဝင်ခန်းကို အပြန်ပြန်အလှန်လှန်ကြည့်နေသည်။


တစ်ခုခု မူမမှန်ဘူး။


ရွှယ်ယုံ့စိတ်ထဲ မတင်မကျခံစားရသည်။ထို့ကြောင့် ဖုန်းကိုအမြန်ယူပြီး ချူရှောင်းရန်နံပါတ်ကို ဆက်လိုက်သည်။တစ်ဖက်လူက စကားဆိုလာမည်ပင်မစောင့်ပဲ သူက ဦးစွာပြောလိုက်သည်


"ယွီနျန်ဘာဖြစ်ထားတာလဲ ..."


ချူရှောင်းရန်က တစ်ဒင်္ဂမျှ ပြန်ဖြေမလာပဲ နားမလည်သလိုမေးလာသည်။


"ဘာဖြစ်လို့လဲ...ငါ့အစ်ကိုက နိုင်ငံခြားသွားတော့ ကုမ္ပဏီမရောက်ဖြစ်တာ ရက်နည်းနည်းကြာပြီ"ရွှယ်ယုံအသံက မူမမှန်ဖြစ်နေ၍ သူက အလောတကြီးမေးလာသည်


"ရွှယ်ရှောင်ယုံ...စိတ်မပူပါနဲ့ အခုချက်ချင်း တစ်ယောက်ယောက်ကို လှမ်းမေးလိုက်မှာမို့ ခဏနေပြန်ခေါ်လိုက်မယ်"


ရွှယ်ယုံက ဖုန်းကိုင်ထားရင်း လက်ထဲတင်းတင်းဆုပ်ကိုင်ထားသည်။သူ့မျက်လုံးများက screenပေါ်ရှိ ယွီနျန်ထံတွင်သာ အကြည့်မပျက်ပေ။


သူသာ အကြည့်မမှားပါက ယွီနျန်၏မျက်နှာထက် နာကျင်မှုအရိပ်အရောင်ပေါ်လာကာ အလျင်အမြန်ပင် အပြုံးလေးနှင့်ဖုံးကွယ်လိုက်ကြောင်း တွေ့လိုက်ရသည်ပင်။


သိပ်မကြာလိုက် ချူရှောင်းရန် ပြန်ခေါ်လာသည်။


"ဟေး....မင်း ဘယ်လိုသိတာလဲ ယွီနျန်က accidentဖြစ်ခဲ့တာတဲ့ကွ"


ရွှယ်ယုံက အသက်တစ်ချက်ရှူလိုက်ရင်း လေသံနက်နက်နှင့် မေးလာသည်


"ဘာဖြစ်တာတဲ့လဲ"


"မုန့်ယွမ်ကိုပဲ တိုက်ရိုက်မေးလိုက်တာ...သူပြောတာတော့ ရိုက်ကူးရေးလုပ်မယ့်နေ့က rehearsal အချိန်မှာ နှလုံးသားမရှိတဲ့သူတစ်ယောက်က ယွီနျန်ခြေချမယ့်နေရာမှာ ရေဖြန်းခဲ့တယ်တဲ့....ယွီနျန်က ဟန်ချက်ပျက်ပြီးလဲကျသွားတယ်လေ...အစတုန်းက ယွီနျန်က သူ့ဒူးထိသွားတယ်ထင်နေတာ...ဒါပေမယ့် သူ့ဒူးကို ကောင်းကောင်းလေးရှောင်လိုက်နိုင်လို့ ခြေကျင်းဝတ်ပဲလည်သွားတယ်ပြောတယ်"


ရွယ်ယုံက တစ်လုံးချင်းပြောလာသည်။


"rehearsal တုန်းကတဲ့လား"


"ဟုတ်တယ်...rehearsal လုပ်နေတဲ့အချိန်တဲ့...နောက်တော့ မုန့်ယွမ်က သူကိုယ်တိုင် ဆေးရုံလိုက်ပို့ပေးခဲ့တယ်...ကိစ္စတော့မကြီးပါဘူး..ဒါပေမယ့် မင်းရဲ့နျန်နျန်က တောင့်ခံခဲ့တာတဲ့ဟေ့ ...ရိုက်ကူးရေး လုပ်နေတဲ့အချိန်တုန်းက ခြေထောက်နာနာနဲ့ကခဲ့တာ"ချူရှောင်းရန်က သက်ပြင်းချရင်း ဆိုလာသည်


"သူက မိနစ်အနည်းငယ်လောက်ထိ ကပြီးသည်းခံခဲ့တာပဲ ...စဥ်းစားကြည့်ရုံနဲ့တင် နာကျင်လာတယ်"


တော်တော်နာနေမှာပဲ...


ရွှယ်ယုံက ထိုsenceကို မျက်တောင်မခပ်ပဲ ပြန်ကြည့်သည်။


သူ့မျက်နှာက ဖျတ်ခနဲ နာသွားတဲ့ပုံလေးပြလာတော့ ထိသွားတာ အတော်လေးနာသွားမှာပဲ...။


"ဟေ့...ရွှယ်ရှောင်ယုံ နားထောင်နေလား"


"အင်း"ရွှယ်ယုံ့အသံက အနည်းငယ်အက်ကွဲနေကာ"သူတို့ လူကိုမိပြီလား"


"မိကာနီးပေါ့...ပရိုဂရမ်အဖွဲ့က ပြောတာတော့ သူတို့ရှင်းပြပေးမယ်တဲ့"


ဖုန်းကိုင်ထားရင်း ရွှယ်ယုံမှာ မလှုပ်မယှက်အတိုင်းနေသည်။ အတန်ကြာ မက်ဆေ့ချ်ပို့သည့်မျက်နှာပြင်ကို ဖွင့်လိုက်ပြီး screenပေါ်က ခလုတ်လေးကို အချိန်အတော်ကြာ ထိနေမိသည်။သို့သော်လည်း သူ မနှိပ်လိုက်ပါချေ။


သူ အခုတော့ လုပ်လို့မဖြစ်သေးဘူး။


သူ့မျက်လုံးထဲ ရယ်မြူးရိပ်များထင်ဟပ်လာကာ အေးစက်စက်အငွေ့အသက်များက လွှမ်းခြုံသွားသည်။ရွှယ်ယုံက ဖုန်းကိုင်ထားရင်း ခလုတ်နှိပ်ကာ ရှိုးပွဲကိုဆက်ကြည့်သည်။


သို့သော်ငြား ယွီနျန်၏မျက်နှာကို မမြင်ရတော့ပေ။သူက နားနေခန်းထဲရှိ ဆိုဖာပေါ်ထိုင်နေရင်း မဲရလဒ်ကို စောင့်နေသည်။ သူက စိတ်အေးလက်အေးပြုံးနေရင်း တစ်ခါတစ်ရံ ဘေးမှ ရှားမင်ရှီနှင့် စကားလက်ဆုံကျနေသေးသည်။


အနည်းငယ် လှမ်းကြည့်လိုက်ပါက ယွီနျန်မှာ အနက်ရောင်သားရေရှူးဖိနပ်ကို ပေါ့ပေါ့ပါးပါးညှပ်ဖိနပ်နှင့်ပြောင်းစီးထားမှန်း တွေ့ရပေမည်။ကြည့်ရှူသူတော်တော်များများကလည်း ယင်းကို သတိထားမိ၍ ထိုလူစု၏အာရုံဝင်စားရာဖြစ်လာသည်။


[ယွီနျန်က ဘာလို့ ညှပ်ဖိနပ်စီးထားတာလဲ....နားနေခန်းထဲမှာဆိုပေမယ့်လည်း အရမ်းပုံမှန်ဆန်နေလို့မရဘူးလေ]


[သားရေရှူးဖိနပ်က နာလို့နေမှာ...စိတ်ပျက်စရာပဲ]


[ဟားဟားဟား...သူက ပွဲဦးထွက်မှာတင် မြောက်ကြွကြွဖြစ်နေပြီ]


[တစ်ခုခုဖြစ်နေတာမို့လား]


ထိုအချိန် မုန့်ယွမ်မှာ ယွီနျန်နှင့် ဖုန်းပြောနေသည်။


"ငါ့မှာ သတင်းထုတ်ပြန်ရတာနဲ့ ...အခြေအနေငြိမ်သွားအောင် ပိုက်ဆံအများကြီးသုံးလိုက်ရတယ်....သေစမ်း ...မင်းက စိတ်ပျက်စရာကောင်းတယ် မြောက်ကြွကြွနိုင်တယ်ဆိုပြီးပြောတဲ့ အရှုပ်ထုတ်ဖန်တွေတောင်ရှိသေးတယ် ....တကယ်ခေါင်းကိုက်စရာတွေ...သူတို့စုစု စုစုနဲ့ရန်စနေကြတာ ကိစ္စမရှိပေမယ့် မင်းရဲ့ဝေ့ပေါ်ကိုလာပြီး ရေးကြီးခွင်ကျယ်နေကြတာ...အတော်အားယားနေကြလား မသိဘူး"


ယွီနျန်က မုန့်ယွမ်ကို ဖျောင်းဖျလိုက်သည်


"သူတို့အလုပ်နိုင်ဆုံးက အင်တာနက်ပေါ် ငြင်းခုန်ဖို့လောက်ပါပဲ...ကျွန်တော့်ကိုခြောက်ဖို့အတွက် ကျွန်တော့်ရှေ့ထိမလာနိုင်ပါဘူး"


မုန့်ယွမ်က စိတ်ထိန်းလိုက်ရပြီး နှစ်ကြိမ်ခန့်လှောင်ပြုံးပြုံးကာ"အခုလည်းကောင်းပါတယ်...မင်းက စိတ်ပျက်စရာမြောက်ကြွကြွနိုင်တယ်လို့ ပိုပြောလေလေ...သူတို့မျက်နှာတွေ ပိုထိခိုက်လေပဲ"


သူက စိတ်တင်းလိုက်ရင်း"အခုလေးတင် လောင်ဟယ်က ခေါ်လိုက်တာ"


ယွီနျန်က နားလည်လိုက်သည်"ရလဒ်တွေထွက်လို့လား"


"ချီးရလဒ်ပဲရ..."


မုန့်ယွမ်လေသံက နှစ်ဆခန့်ကျယ်သွားပြီး "သူတို့စစ်ဆေးကြည့်လိုက်တော့ ပစ္စည်းပစ္စယတာဝန်ယူရတဲ့staffတစ်ယောက်က အာရုံမထားမိလို့ပါတဲ့....rehearsal နားတုန်းနှစ်မိနစ်လေးမှာ သူက သန့်ရှင်းရေးလုပ်ဖို့ စင်ပေါ်သွားတာ တဘက်ကို ရေမညစ်ခဲ့လို့တဲ့လေ...အဲ့တာ ရေတစ်စက်စက်ကျနေလို့ စင်ပေါ်ရေကျန်ခဲ့ရတာပါတဲ့...ဖာ့ခ်...အဆင်ကိုချောလို့"


ယွီနျန်က မျက်လွှာချလိုက်ရင်း လေထဲရှိတစ်နေရာထံ စူးစိုက်ကြည့်နေကာ"ဒါပေမယ့်...တွေ့တဲ့လူမရှိဘူးလေ...လူတိုင်းကလည်း အလုပ်ရှုပ်နေကြတာ...စောင့်ကြည့်စစ်ဆေးတာမျိုးလည်းမရှိတော့ တမင်လုပ်တာလား မလုပ်တာလား ဆုံးဖြတ်လို့မရဘူးဖြစ်နေတယ်"


"ဟုတ်တယ်"


မုန့်ယွမ်၏လေသံက တင်းမာနေပြီး"ငါ လောင်ဟယ့်ကို အတင်းတိုက်တွန်းလို့မရသလို သူလည်း ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး"


ယွီနျန်က တိတ်ဆိတ်နေ၍ မုန့်ယွမ်က ဆက်ပြောလာသည်။


"ပရိုဂရမ်အဖွဲ့က အထူးအခြေအနေတစ်ရပ် ထုတ်ပြန်လိမ့်မယ်...နစ်နာကြေးအနေနဲ့ ဆေးကုသစရိတ်ကို နှစ်ဆပေးပြီးတော့ ငါတို့တောင်းဆိုတဲ့အတိုင်း အကောင်းဆုံးလုပ်ပေးလိမ့်မယ်"


ယွီနျန်က ဤသည်က အကောင်းဆုံးရလဒ်ဖြစ်ပြီး မုန့်ယွမ်၏ဂုဏ်သတင်းနှင့်အဆက်အသွယ်များကြောင့်မှန်းလည်း သိသည်။တကယ်တမ်းတွင်လည်း သူက ဤနယ်ပယ်မှ နာမည်နည်းနည်းသာရှိသည့် တက်သစ်စလေးသာဖြစ်သည်။


"အစ်ကိုမုန့်...ဒီလိုရလဒ်မျိုးရလာဖို့က မလွယ်လောက်ဘူး"


ယွီနျန်က လေသံအေးအေးနှင့်ပင်ဆက်ပြောလိုက်သည်။ 


"အနာဂတ်မှာ ကျွန်တော်ပိုပြီး အာရုံစိုက်ပါ့မယ်"


မုန့်ယွမ်က သူ့စကားကြားသည်နှင့် ယွီနျန်သဘောပေါက်သွားပြီမှန်း သိလိုက်သည်။ထိုကောင်လေးက စဥ်းစားတတ်သော်လည်း ထိုစိတ်ကြောင့်ပင် အခြားသူများက သူ့အပေါ်စိတ်ပူစေရသည်။


 မုန့်ယွမ်က သက်ပြင်းချလိုက်ရင်း"ကိစ္စက ဒီလိုထွက်လာတော့ ပရိုဂရမ်အဖွဲ့ကလည်း ထုတ်ပြန်ချက်တစ်ခုထုတ်ပေးလာမယ်....မင်းရဲ့ပုံရိပ်ကလည်း အရမ်းကောင်းလာမယ်...မင်းအခု နားလို့ရပြီ....ဒီပြဿနာတွေ သက်ရောက်လာတော့မှာမဟုတ်ဘူး"


သူက ခါးသက်သက်ပြုံးလိုက်ရင်း"ငါ ခဏခဏပြောခဲ့သလိုပဲ မင်းကိုယ်မင်း ထိခိုက်မခံစေနဲ့"


ယွီနျန်က ပြန်ဖြေလာသည်"ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့ အစ်ကိုမုန့်....တကယ်တမ်း သေနတ်ပြောင်းဝကို ရှောင်ရလွယ်ပေမယ့် ပုန်းကွယ်နေတဲ့မြားတွေကို စောင့်ကြည့်ဖို့က ခက်တယ်"


ဤသည်ကိုကြားပြီး မူလက ယွီနျန်ကိုကောင်းကောင်းဂရုမစိုက်ပေးခဲ့ရဟု ခံစားနေရသည့် မုန့်ယွမ်မှာ ယခုတွင်ဖြင့် ပိုပြီးအပြစ်ရှိသလိုခံစားလိုက်ရသည်။သူလည်း ယွီနျန်အပေါ် သက်ရောက်လာသည့် ဖိအားကို စိတ်ပူမိသည်။

"ဘာပဲနေနေ...ငါတို့က ဆက်တိုက် ပထမနေရာရလာတာဆိုတော့ နောက်တစ်ပွဲမှာ ဒုတိယဖြစ်ဖြစ်တတိယဖြစ်ဖြစ်ရလည်း ကိစ္စမရှိပါဘူးကွာ...အရေးကြီးဆုံးအရာက မင်းခြေထောက်ကို ဂရုစိုက်ဖို့ပဲ...သွားရမယ့်လမ်း အရှည်ကြီးရှိသေးတယ်"


ယွီနျန်က မျက်လွှာချလိုက်ရင်း မျက်နှာထက် စိတ်ပူပန်မှုတို့ပြေလျော့သွားလေသည်။ သူ့နှုတ်ခမ်းထောင့်စွန်းလေးများ ကော့ညွတ်သွားပြီး ပြုံးပြလာသည်


"ကျွန်တော် မကနိုင်ပေမယ့် ကျွန်တော့်မှာ အသံရှိသေးတယ်လေ...သူတို့ ကျွန်တော့်ကို ပထမနေရာမရစေချင်ဘူးဆိုရင် ကျွန်တော်အသံမထွက်အောင် အဆိပ်ခပ်လို့ရမယ့်နည်းလမ်း ရှာရမှာပေါ့"


မုန့်ယွမ်မှာ ထိုခဏ သတိလစ်မတတ်ဖြစ်သွားပြီး ရယ်မောလိုက်ကာ သူ့ရင်ထဲက စိတ်ညစ်မှုအလုံးစုံ ကွယ်ပျောက်သွားလေသည်


"ဟုတ်တယ်...ငါတို့ ပထမနေရာယူကြတာပေါ့...အခြားသူတွေ ငါတို့ဆီက ဓါးပြတိုက်ဖို့ စဥ်းတောင်မစဥ်းစားနိုင်အောင်"


မုန့်ယွမ်နှင့်ဖုန်းပြောပြီးသည်နောက် ယွီနျန်၏ဖုန်းမှာ နောက်တစ်ကြိမ်မြည်လာသည်။screenပေါ်က နာမည်ကိုကြည့်လိုက်ရင်း ထိန်းချုပ်မရစွာ စိတ်လှုပ်ရှားလာပြီး လက်ခံဖြေဆိုလိုက်သည်


"ဦးလေးရုန်လား..."


ရုန်ယွဲ့က ပြုံးလိုက်ပြီး"နောက်ကျနေပြီဆိုတော့...မင်းအိပ်တာကိုများ နောက်ယှက်မိပြီလား"


ယွီနျန်က အမြန်ပင် ပြောလိုက်သည်


"မဟုတ်ပါဘူး...မဟုတ်ပါဘူး...ကျွန်တော် မအိပ်သေးပါဘူး...ဦးလေးဘက်မှာ နေ့လည်ပဲရှိသေးတာမို့လား"သူက စိုးရိမ်တကြီး မေးလာသည်


"အောင်မြင်သွားရဲ့လား"


ရုန်ယွဲ့က သူ့ကို ရက်ပေါင်းများစွာစိုးရိမ်နေစေမိမှန်း သိသော်ငြား သူ့အား မစောင့်စေရပဲ ပြောလာသည်။


"ကောင်းကောင်းပြီးသွားပါတယ်....ဥရောပသားစုဆောင်းသူတစ်ယောက်နဲ့ သုံးကြိမ်လောက် တိုက်ပြီးတော့ သူ တွန့်ဆုတ်ဆုတ်နဲ့ပဲ လက်နက်ချသွားတယ်လေ...အဲဒါနဲ့ ဦးလေးက အမိအရယူလိုက်တာ...လုပ်ရိုးလုပ်စဥ်တွေ ပြီးသွားပြီဆိုတော့ မကြာခင် ယိုနျောင်းမင်ကျောက်စိမ်းအရက်ကရားကို တရုတ်ကို ပြန်ယူလာနိုင်တော့မယ်"


ပြန်ယူလာမယ်...


ယွီနျန်က မျက်လုံးများပိတ်လိုက်ရင်း အချိန်ခဏကြာမှ စကားပြောလာသည်


"ဦးလေးရုန်....ကျေးဇူးတင်ပါတယ်"


"အိုး....အသံနားထောင်ရတာတော့ ငိုတော့မလားပဲ ရှောင်နျန်နျန် ဟုတ်လား"


ရုန်ယွဲ့က အံ့သြချင်ယောင်ဆောင်လိုက်ပြီး"ကြည့်ရအောင် ...ဦးလေးရုန် မင်းငိုတာကို တွေ့တဲ့အချိန်ကတည်းကဆို ဘယ်လောက်ကြာပြီလဲ"


ယွီနျန်က နှာတစ်ရှုံ့ရှုံ့လုပ်ပြီး အပြုံးလေးနှင့်ပြန်ဖြေလာသည်


"ကျွန်တော် မငိုပါဘူး...တကယ်မငိုတာနော်"


"မင်း တကယ်ငိုချင်လည်း ဦးလေးရုန်က မကြားချင်ယောင်ဆောင်ပေးပါ့မယ်"


ရုန်ယွဲ့က သူ့ခေါင်းထဲရှိ ရောက်တတ်ရာရာတို့အား နူးနူးညံ့ညံ့လေသံနှင့်ပြောလာသည်


" ဆရာနှင့်ရှီးမူ(ဆရာ၏ဇနီးဖြစ်သူအား လေးလေးစားစားခေါ်ဝေါ်သည်)တို့ မထွက်သွားခင်တုန်းက သူတို့အစိုးရိမ်ဆုံးက မင်းပဲ...မင်းက အပေါ်ယံကသာ ဂရုမစိုက်သလိုနေပေမယ့် တကယ်တမ်းကျ ခေါင်းအရမ်းမာတယ်လို့ ပြောတယ်...ပြီးတော့ တစ်ခုခုဆုံးဖြတ်လိုက်ပြီးတာနဲ့ ဘယ်လောက်ခက်ခဲနေပါစေ ရအောင်လုပ်တာမို့ မင်းကိုဂရုစိုက်ပေးဖို့ အထပ်ထပ်မှာသွားကြတာ"


ယွီနျန်က ခေါင်းအုံးပေါ်မှီချလိုက်ရင်း "အင်း"ဟု တိုးတိုးဖွဖွဆိုလိုက်သည်။ 


"အဘွားက အမြဲတမ်း စိတ်ပူနေတတ်တာ"


သူမှတ်မိပါသေးသည်။ သူ၏အဘိုးဖြစ်သူက သူတို့မှာ နှစ်ပေါင်းတစ်ရာတိုင် မခွဲအတူရှိနေမည်ဟု ပြောခဲ့ပြီး အသက်ကိုးဆယ့်ခုနစ်တွင် ဆုံးသွား၍ ကျန်တစ်ယောက်မှာ သုံးနှစ်စောင့်ရမည်ဟု ပြောခဲ့ဖူးသည်။ယခုတွင်ဖြင့် သူတို့အတူတူပေါင်းစည်းနိုင်သွားမည်ပင်။


ဖုန်းတစ်ဖက်တွင်ဖြင့် ရုန်ယွဲ့က အပြုံးလေးနှင့်ဆိုလာသည်


"ငါ ဒီအကြောင်း မပြောတော့ပါဘူး...မဟုတ်ရင် ဖုန်းကိုင်ထားရင်း မင်းက အိပ်ယာထဲမှာ တိတ်တိတ်လေးခိုးငိုနေလိမ့်မယ်...မနက်ဖြန်ကျရင် ငါ ဒီနိုင်ငံက ထွက်လာတော့မှာမို့ အဲ့ဒီအချိန်ကျရင် ကိုယ်တိုင်လာပြီး ယိုနျောင်းမင်ကို အိမ်တော်လာပို့ပေးမယ်"


****


  မုန့်ယွမ်၏လုပ်ဆောင်ချက်များက အလွန်မြန်ဆန်လှ၍ သိပ်မကြာလိုက် ရှိုးပွဲပြီးသွားကာ သူလည်း အပူလှိုင်းတို့ဝင်လာရသည်။ 


"သဘာဝရဲ့သံစဥ်"ပရိုဂရမ်အဖွဲ့ကလည်း ထုတ်ပြန်ချက်တစ်ခု အမြန်ကြေညာလိုက်ကာ ယွီနျန်၏အခြေအနေကို ချက်ကျလက်ကျ ရှင်းပြပေးလာသည်။ဝေ့ပေါ်တွင်လည်း သူ စင်မှဆင်းလာသည်နှင့် ချိုင်းထောက်ကိုင်ထားသောပုံကိုပါ တင်ပေးလိုက်သည်။


ကြေညာချက်ထုတ်ပြန်ပြီး နာရီဝက်ပင်မကြာလိုက် ကောမန့်ထုကြီးတစ်ခုလုံး ပေါက်ကွဲသွားလေသည်။


[နျန်နျန်ရဲ့ပွဲစဥ်တွေအကုန်လုံး ပြန်ပြန်ကြည့်နေတာ...စစချင်းတုန်းက အဝတ်တွေမဖြဲနိုင်ဘူးပြောပြီး ပျော်ပျော်ကြီးရယ်နေသေးတာ...ဒါပေမယ့် အခုတော့ မျက်ရည်မဆည်နိုင်ဖြစ်နေရပြီ...ခြောက်မိနစ်ကျော်လောက်တောင်ရှိတာကြီးကို သူဘယ်လောက်များနာကျင်နေမလဲ တွေးတောင်မတွေးနိုင်ဘူး...သူဘယ်လိုသည်းခံပြီး အဆုံးထိကနိုင်ခဲ့တာလဲ]


[ရင်ထဲဗလောင်ဆူပြီး ပေါက်ကွဲနေပြီ...ငါ့အချစ်ဆုံးသူငယ်ချင်းဆီသွားပြီး ဒီ ကနေ ဆိုနေတဲ့လူက အဆစ်လွဲနေဆဲ့ခြေထောက်နဲ့ ရပ်တောင်မရပ်နိုင်ဘူးလို့ နင်ပြောနိုင်လားလို့မေးလိုက်တယ်...သူက သုံးကြိမ်လောက်ကြည့်ပြီးတာတောင် မတွေ့ဘူးတဲ့လေ...အနာဂတ်မှာ ပရိုဂရမ်အဖွဲ့က သတင်းအချက်အလက်အပေါ် အာရုံစိုက်ဖို့ မျှော်လင့်ပါတယ်...သူက ထိခိုက်ထားတာဆိုတော့ ငါတို့ တကယ်စိတ်မကောင်းဖြစ်ရတယ်]


[သောက်ချီး....ယွီနျန်က စိတ်ပျက်စရာမြောက်ကြွကြွကောင်လို့ ပြောကြတဲ့သူတွေ ဘယ်ရောက်နေလဲမြောက်ကြွကြွနိုင်တဲ့သူက ပွဲစဥ်တစ်ခုလုံး ခြေထောက်မနာပဲနဲ့တောင် ဆိုနိုင်ကနိုင်ပါ့မလားဟဲ့...ပြီးတော့ စိတ်ပျက်စရာကောင်းတဲ့သူက သီချင်းတစ်ပုဒ်လုံးကို တစ်ချက်မယိုင်ပဲ ဆိုနိုင်ပါ့မလား...ကကွက်တစ်ချက်မမှားပဲ ကနိုင်ပါ့မလား...နင်တို့က လက်ညှိုးထိုးဖို့လောက်ပဲ တတ်တယ်....အဲ့မှာငိုလိုက်စမ်း...နျန်နျန်က အရမ်းကို နစ်မြုပ်ထားတာ]


[အဲ့ဒီချွေးတွေကို အက,ကနေလို့ပဲလို့ တွေးမိပေမယ့် အခုတော့ သူ နာလွန်းလွန်းလို့ဆိုတာ သိလိုက်ရတယ်QAQ....ငါ သူ့ဖန်လုံးလုံးဖြစ်နေပြီ...သူက အရမ်းတော်တဲ့ အဆိုတော်ပဲ]


ရုံးခန်းထဲတွင် ရွှယ်ယုံက ချူရှောင်းရန်ထံမှဖုန်းကို ဖြေနေရင်း သူ့မျက်နှာက ပျော်သည်လည်းမဟုတ် ဒေါသထွက်နေသည်လည်းမဟုတ်ပေ ။


"သူတို့မရှာနိုင်ရင် ကျွန်တော်ရှာမယ်...အာရုံစိုက်ပြီး အသံတိတ်နေလိုက်ကြပါ"


သူ့ဘေးတွင်စောင့်နေသော အထူးလက်ထောက်ချင်က ခေါင်းညိမ့်ပြလာသည်


"နားလည်ပါပြီ"


အချိန်အတော်ကြာ စကားမဆိုပဲထိုင်နေပြီးနောက် ရွှယ်ယုံက ထရပ်လိုက်ပြီး ကားသော့ယူကာ ထွက်သွားလိုက်သည်။


အထူးလက်ထောက်ချင်က ဆိုလာသည်"ဆရာက...."


"ကျွန်တော် ဘာလုပ်ရမလဲသိတယ်"


ရွှယ်ယုံက စီးနေကျမဟုတ်သောကားကို မောင်းသွားပြီး မြို့တစ်ပတ်ပတ်ကာ နောက်ဆုံး ယွီနျန်နေထိုင်သည့်ရပ်ကွက်လမ်းပေါ် ရပ်လိုက်သည်။


စက်တင်ဘာလကုန်ခါနီးအချိန်ဖြစ်၍ လေတစ်ဖြူးဖြူးတိုက်နေပြီး သစ်ရွက်များက တစ်လှုပ်လှုပ်ဖြစ်နေသည်။ရွှယ်ယုံက စက်သတ်လိုက်ရင်း ဖုန်းကိုင်ထားပြီး ယွီနျန်၏ပြတင်းပေါက်တည်နေရာကို ကားပြတင်းပေါက်မှကျော်ကြည့်လိုက်သည်။


အလင်းရောင်သွဲ့သွဲ့ရှိနေသေး၍ မအိပ်သေးပုံရသည်။


သူ အခုဘာတွေများလုပ်နေတာလဲ...။

အိပ်မပျော်နိုင်လောက်အောင် နာကျင်နေတာလား....။စိတ်ညစ်နေတာများလား....။


ရွှယ်ယုံက ထိုအတိုင်း ညလယ်လောက်ထိထိုင်နေရင်း သတင်းတစ်ခုရလိုက်သည်။


"တွေ့ပြီ"


ရှာတွေ့သည်ဆိုသည်ကို သေသေချာချာဖတ်ပြီးနောက် အချိန်အတန်ကြာစဥ်းစားလိုက်ပြီး ယွီနျန်ထံပို့လိုက်သည်။ 


ထို့နောက် စဥ်းစားမိပြီး ထပ်ရေးပို့လိုက်သည်


"မင်းသဘောအတိုင်းပဲ ဆုံးဖြတ်ပါ"