အပိုင်း ၂၇
Viewers 9k

Chapter 27

သူ့အတွက် ပိုက်ဆံသုံးပေးချင်တယ်




ခြေထောက်ဒဏ်ရာကြောင့် ယွီနျန်မှာ မနက်ပိုင်းအကလေ့ကျင့်ရေးသို့ မသွားရပေ။ သို့သော်လည်း သူ၏အဘိုးအဘွားဖြစ်သူတို့၏ တင်းကျပ်သည့်အချိန်ဇယားများနှင့်ကျင့်သားရနေ၍ မနက်ခုနစ်နာရီနိုးလာသည်။


သူကိုယ်တိုင်လုပ်ထားသည့် ရိုးရိုးရှင်းရှင်းမနက်စာကိုစားလိုက်ပြီး ဝရံတာတွင် စိုက်ထားသည့် ပန်းပင်များနှင့်ကြက်သွန်မြိတ်ပင်များကို ရေလောင်းလိုက်သည်။ ထိုအချိန်တွင် အနီးကပ်ရိုက်ကူးရေးလုပ်ရန် ပြန်လာသည့် နောက်ကွယ်တွင် သူ့ကိုရိုက်လိုက်ပုတ်လိုက်လုပ်တတ်သော ယွီချင်းက သူ့ထံဖုန်းခေါ်လာ၍ ဆယ်မိနစ်ခန့် စကားစမြည်ပြောလိုက်ရသည်။


ယွီနျန်က သူမစိတ်ပူနေမှန်းသိ၍ အစမှအဆုံးထိ စိတ်ရှည်ရှည်နားထောင်ပေးနေသည်။သူက ထိုကိစ္စမှာ မတော်တဆဖြစ်သွားခြင်းသာဖြစ်ပြီး အခြားသူလုပ်ခြင်းမဟုတ်ကြောင်း စိတ်ချအောင်ပြောထားရကာ ယွီချင်းက လေယာဥ်လက်မှတ်ဝယ်ပြီး သူ့အတွက်နေရာရှာပေးရန် လာခဲ့မည်ဆိုသည်ကို တားထားရသည်။


"ဒါနဲ့လေ...သဘာဝရဲ့သံစဥ်"ရိုက်ပြီးသွားရင် တခြား တိတိကျကျစီစဥ်ထားတာမျိုးရှိလား"


ယွီနျန်က စဥ်းစားလိုက်ရင်း"အစ်ကိုမုန့်ပြောတာတော့ တစ်ကိုယ်တော်ရိုက်ကူးရေးEp1ကို အရင်ဆုံးလုပ်ပေးဖို့ စီစဥ်ထားတယ်တဲ့...ပြီးတော့ reality showတစ်ခုရော...ကြော်ငြာနဲ့ထောက်ခံချက်တွေအတွက်က ဆွေးနွေးနေကြတုန်းရယ်...အစ်ကိုမုန့်ကတော့ နှစ်ခုလုံးလုပ်လို့ရတယ်လို့ တွေးနေတာ ..."


"အိုကေလေ....မုန့်ယွမ်စီစဥ်ပေးတာက မဆိုးပါဘူး...သူကတော့ မင်းကို အတင်းဂုတ်သွေးစုပ်မှာမှာမဟုတ်ဘူး"


ယွီချင်းက စနောက်လိုက်ရင်း"ဒါဖြင့် မင်းရဲ့သီချင်းကိုရေးပေးဖို့ ဘယ်သူ့ကိုသွားရှာမှာလဲ....စီနျင်းလား...."


ယွီနျန်က ကူကယ်ရာမဲ့ဟန်ဖြင့်"အစ်မရေ...မစပါနဲ့ဗျာ...အဲ့ဒီအချိန်တုန်းက ငယ်သေးလို့ပါ"


"အိုကေ...အိုကေ...မစတော့ဘူး...အတည်ပြောမယ်"


ယွီချင်းက လိုရင်းကိုပြောလာသည်


"ငါက ရုပ်ရှင်တစ်ခုရိုက်နေတာလေ...ရုပ်ရှင်ကြော်ငြာတဲ့သီချင်းဆိုရတာ စိတ်ဝင်စားလား"


ယွီနျန်က ယွီချင်းရိုက်နေသည့် ရုပ်ရှင်မှာ နိုင်ငံ၏ထိပ်တန်းနာမည်ကြီးဒါရိုက်တာသုံးယောက်နှင့် ရိုက်ကူးနေခြင်းဖြစ်ပြီး ပထမဆုံးအမျိုးသားဇာတ်ဆောင်ကလည်း ငွေသန်းပေါင်းများစွာမြုပ်နှံထားသည့် ရုပ်ရှင်ဧကရာဇ်တစ်ယောက်ဖြစ်လေသည်။ ရိုက်ကူးရေးမပြီးသေးသော်လည်း လူတိုင်းတမျှော်မျှော်စောင့်နေရသည့်ကားဖြစ်သည်။


သူက နှုတ်ခမ်းတင်းတင်းစေ့ကာ ပြုံးလိုက်ပြီး"အစ်မ...ဒါ ထိပ်ပိုင်းကိုရောက်ဖို့ ကိုယ်ရေးကိုယ်တာတော်စပ်မှုအပေါ် မှီခိုလိုက်တာမို့လား"


"အဲ့ဒါ ဘာဖြစ်လဲဟယ်"


ယွီချင်းဘက်က လေတိုးသံများကျယ်နေ၍ အသံကိုမြင့်ပြောနေရကာ"ငါသာ နင့်ကို မကာပေးရင် ဘယ်သူလုပ်ပေးမှာလဲ...အစတုန်းကတော့ ငါနင့်ကို ငါနဲ့အတူ အပိတ်သီချင်းဆိုခိုင်းတော့မလို့ဆိုပေမယ့် နင့်ရဲ့ နာမည်က မလုံလောက်ဘူးဖြစ်နေတာ....ဘာပဲနေနေ နင့်ကိုကြော်ငြာသီချင်းဆိုခိုင်းလည်း ကိစ္စမရှိပါဘူး..."


သူမက ထပ်ပြီးရယ်မောလိုက်ကာ"ငါ နင့်အတွက် အခွင့်အရေးတစ်ခုပေးရုံပဲ...ဆိုတာမဆိုတာ နင့်သဘော...နားလည်လား"


"နားလည်ပါပြီ"


"ရုပ်ရှင်ဘက်က ရက်နဲနဲလောက်နေရင် ဆက်သွယ်လာလိမ့်မယ်...ကောင်းကောင်းလုပ်"


ယွီချင်းက တစ်ခုခုသတိရသွားဟန်နှင့်"ဒါနဲ့ ...အပိတ်သီချင်းတစ်ပုဒ်လည်းရှိတယ်...ပို့လာတဲ့အဆုံးသတ်ပြီးသားထုတ်ကုန်တွေကို ငါတို့သုံးယောက်က ငြင်းလိုက်တာ...ငါရယ် ဒါရိုက်တာရယ် ပရိုဂျူဆာရယ်လေ...

ပရိုဂျူဆာက စီနျင်းကိုသီချင်းရေးပေးနိုင်မလားလို့ ငါ့ကိုပြောခိုင်းနေတာ...ငါတော့အဆင်ပြေပြီထင်တယ်...စျေးကြီးကြီးပေးမှာလေ..."


ယွီနျန်က မေးလိုက်သည်"ဘယ်လောက်တဲ့လဲ"


ယွီချင်းက ဂဏန်းတစ်ခုပြောလာသည်"နင့်ရဲ့"စီနျင်း"ဆိုတဲ့နာမည်က အခု ဒီနယ်ပယ်မှာ တော်တော်နာမည်ကြီးနေတာ...စျေးနိမ့်ပေးမှာတော့မဟုတ်ဘူး...နင်က စီနျင်းနာမည်နဲ့ သီချင်းရေး ငါကဆိုမယ်...ထုတ်တဲ့အခါကျ အခြေအနေအပေါ်မူတည်ပြီး တစ်ကိုယ်တော်ပဲထုတ်လိုက်မယ်...ပြီးရင် နင်နဲ့အတူခွဲယူမယ်ကွာ"


ယွီနျန်က ရယ်မောလိုက်ရင်း"ကျွန်တော် ပိုက်ဆံထပ်ပြတ်နေပြီမှန်း အစ်မဘယ်လိုသိလဲ"


ယွီချင်းမှာ ပြောစရာစကားတို့မဲ့သွားရကာ"နင်က ဒီလောက်နာမည်ကြီးတဲ့ တေးရေးဆရာပဲဟာ...ဘယ်အချိန် ပိုက်ဆံပြတ်သွားရတာလဲ"


ယွီနျန်ကလည်း သူထပ်ပြီးနားပူခံရတော့မည်မှန်း သိလိုက်၍ ပြောလိုက်ရသည်


"ကျွန်တော့်ကိုအရင်ဆုံး ဇာတ်ညွှန်းပို့လိုက်ပါ အစ်မ...ရက်နည်းနည်းကြာရင် အစ်မကိုပြဖို့ မူကြမ်းရေးလိုက်မယ်..."


သူက အမြန်ပင် အခြားအကြောင်းအရာ ပြောင်းပြောလိုက်ကာ"ဒါနဲ့လေ...နောက်ဆုံးတစ်ခေါက် အစ်မရဲ့သီးသန့်အင်တာဗျူးလုပ်ထားတဲ့ မဂ္ဂဇင်းထွက်လာပြီ...ကျွန်တော် ကော်ပီသွားဝယ်ပြီးဖတ်ထားသေးတယ်...ကာဗာက အရမ်းလှပေမယ့်လေ အစ်မနဲ့မတူသလိုပဲရော"


"တိတ်စမ်း....သိမ်သိမ်မွေ့မွေ့အကျင့်ကောင်းတဲ့ပုံစံလေးမို့ ငါနဲ့မတူတာလား"


ယွီချင်းက မရွှင်မပျဖြစ်သွားကာ"ဒါပေမယ့် အဲ့လိုပုံစံဖြစ်ဖို့ ဘယ်လောက်တောင် အချိန်ယူခဲ့ရသလဲ...စင်ပေါ်မှာ ငါတို့အတူတူပူးပေါင်းခဲ့ရတဲ့ စိတ်ခွန်အားတွေတောင် ကုန်တော့မယ်...ဆုံးရှုံးမှုတစ်ခုပဲ"


ယွီနျန်လည်း ပူးပေါင်းပေးလာသည်


"ကျွန်တော့်ဖန်တွေကတော့ ပျော်နေကြတာ...ယွီချင်းက ကျွန်တော့ကို စကားလုံး၁၉၇လုံးလောက် ချီးမွမ်းသွားတယ်လို့ ပြောနေကြတယ်"


"ဟားဟားဟား...နင့်ရဲ့ဖန်တွေအကုန်လုံးက ချစ်ဖို့ကောင်းတာပဲလား"


ယွီချင်းမှာ ကျယ်ကျယ်လောင်လောင်ရယ်မောလိုက်၍ ချောင်းတဟွတ်ဟွတ်ဆိုးလာသည်


"ဒီငရဲလိုနေရာကတော့ ပါးစပ်ဖွင့်မရယ်နိုင်လောက်အောင် သဲထူလိုက်တာပြောမနေနဲ့...စိတ်လျှော့ စိတ်လျှော့...နင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်...နောက်တစ်ခေါက် ငါပြန်လာရင် နင် အသက်ရှင်နေရမယ်...အကန်ခံရမယ်မှတ်"


ဖုန်းပြောပြီးသွားသောအခါ ယွီနျန်မှာ ဖုန်းဖြေနေရင်းပန်းပင်များရေလောင်းပြီးစီးသွားပြီး ပေါင်းသင်အကိုင်းရှင်းပင်လုပ်ပြီးသွားကြောင်း တွေ့လိုက်ရသည်။


တစ်ဖန်ပြန်လည်မည်းမှောင်သွားသော ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်ရင်း သူအနည်းငယ် စိတ်နှင့်ကိုယ်မကပ်ဖြစ်သွားသည်။


ယခင်နေ့ညက ရွှယ်ယုံပို့ပေးခဲ့သည်များကို သေသေချာချာဖတ်ပြီးနောက် မည်သည့်ကြောင့် ရွှယ်ယုံက သူ့အားဆုံးဖြတ်ခိုင်းရသလဲ အကြမ်းဖျင်းနားလည်ထားသည်။


ရေဖြန်းပုံးကို ထားလိုက်ရင်း လျှော်လက်စအဝတ်များကို လက်စသတ်လိုက်သည်။ ယွီနျန်က ခပ်သွက်သွက်လုပ်နေ၍ သိပ်မကြာမီ စီနျင်းဆိုသည့်သူ၏အလုပ်mailboxသို့ ဇာတ်ညွှန်းရောက်နေပြီဖြစ်ကာ mailအောက်တွင်လည်း ယွီချင်းက ကမ်းပေ့နျန်နျန်ဟု ရေးထားလေသည်။


ယွီနျန်က ပြုံးလိုက်ပြီး စာပြန်ပို့လိုက်ရင်း အချိန်အတော်ကြာရပ်စဥ်းစားပြီးမှ တခြားစာမျက်နှာသို့သွားပြီး ဝီချတ်မှ မက်ဆေ့ချ်ပို့လိုက်သည်။


"အချိန်ရှိရင်လေ ကျွန်တော်တို့တွေ့ပြီးစကားပြောလို့ရမလား"


ချိန်းလိုက်သည့်နေရာက ရပ်ကွက်အပြင်ဘက်မှ သူသွားလေ့ရှိသော ကဖေးဆိုင်ဖြစ်သည်။ယွီနျန်မှာ ခြေထောက်ထိခိုက်ထား၍ ခြေထောက်ကိုရဲရဲမထောက်နိုင်ပေ။အဖြူရောင်ဦးထုပ်လေးဆောင်းလိုက်ပြီး ချိုင်းထောက်အကူအညီနှင့် နေရောင်ကိုအံတုပြီးဖြေးဖြေးလျှောက်လာသည်။


သူရောက်သွားသောအခါ တစ်ဖက်လူက ရောက်နှင့်နေပြီဖြစ်သည်။

 

ယွီနျန်ကိုတွေ့သွား၍ ရှုရွှမ်းက အလိုလိုထရပ်မိသားဖြစ်သွား၍ သူမအိတ်ကိုကိုင်ထားရင်း ပြန်ထိုင်ချလိုက်သည်။


ယွီနျန်က ရှုရွှမ်း၏မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်


"ရှင်....."ရှုရွှမ်းက ယွီနျန်ကို စိုက်ကြည့်လိုက်ပြီးမှ သူမရှေ့က ကော်ဖီခွက်ထံ အမြန်အကြည့်လွဲသွားသည်"ရှင် သိနေခဲ့တာလား"


သူမနှင့်ယွီနျန်ကြား ဆက်ဆံရေးက ပြိုင်ပွဲတစ်ခုတည်းအတူတူပါဝင်ဖူးရုံမျှသာဖြစ်ကြောင်း ကောင်းကောင်းသိလေသည်။ထို့ပြင် ယွီနျန်က သူမနှင့်ဤနေရာတွင်တွေ့ရန်ဆိုလာ၍ ဒုတိယတစ်ခုဖြင့်မဖြစ်နိုင်ပေ။


ယွီနျန်က ရှုရွှမ်း၏လက်ချောင်းများတင်းတင်းဆုပ်ထားသည်ကို ကြည့်လိုက်ရင်း"ဟုတ်တယ်"


ယွီနျန်၏အဖြေကို ကြားလိုက်စဥ် ရှုရွမ်း၏ကျောရိုးတို့တောင့်တင်းသွားရသည်။ထိုခဏ သူမရင်ထဲ ဓါးထက်ထက်တို့ ထိုးစိုက်လာသည့်နှယ် ခံစားလိုက်ရသော်လည်း တစ်ချိန်တည်းမှာပင် စိတ်သက်သာရာရသွားသည်။


ထိုအချိန် တံခါးခေါက်သံထွက်လာ၍ ယွီနျန်က ရှုရွှမ်း မတ်စပ်တပ်လိုက်သည်ကို စောင့်ပြီးမှဖြေလိုက်သည်"ဝင်လို့ရပါပြီ"


နွားနို့တစ်ခွက်က ယွီနျန့်ရှေ့သို့ ရောက်လာသည်။


ယွီနျန်က ကျေးဇူးတင်စကားဆိုလိုက်ပြီး ထိုစားပွဲထိုးထွက်သွားပြီး တံခါးပိတ်သွားပြီဆိုမှ ရှုရွှမ်း၏မေးခွန်းကို ပြန်ဖြေလာသည်


"မင်းပြောချင်တာက staffကို တမင်သက်သက် စင်ပေါ်ရေဖိတ်သွားအောင်လုပ်ခိုင်းပြီး ငါ့ကိုချော်လဲထိခိုက်သွားအောင် ပိုက်ဆံပေးခိုင်းထားတာကိုလား...ငါ သိပြီးသွားပြီ"


ရှုရွှမ်းက ပြေလျော့လျော့ဖြစ်နေသော ဆံနွယ်ရှည်များကို နားရွက်နောက်ပို့လိုက်ပြီး ခေါင်းယမ်းကာ ခါးသက်သက်ပြုံးသည်


"ရှင်...ကျွန်မကို မတွေ့သင့်ဘူး...ရှင့်မှာလည်း သက်သေရှိနေမှာပါ...ဆုံးရှုံးထားတာတွေ အဖတ်ဆယ်နိုင်ဖို့ ချက်ချင်းသတင်းထုတ်ပြန်သင့်တယ်"


ယွီနျန်က ရှုရွှမ်း၏လက်ချောင်းလေးများ အတင်းဖျစ်ညစ်ပြီး လက်သီးဆုပ်များဖြစ်နေသည်ကို ကြည့်လိုက်ရင်း တည်တည်ငြိမ်ငြိမ်ဆိုလိုက်သည်


"ငါက အေးဂျင့်ကိုပြောမှာမဟုတ်သလို မီဒီယာဘက်ကိုလည်း ပြောမှာမဟုတ်ဘူး...ငါတို့စကားပြောနေတာကိုလည်း အသံမသွင်းထားဘူး...ဒီမှာတွေ့ဖို့ပြောရတာက အကြောင်းပြချက်ကို သိချင်လို့ပဲ"


ရွှယ်ယုံထံမှ သတင်းအချက်အလက်များ ရရှိခဲ့ပြီးနောက် ရှုရွှမ်းအကြောင်းပြန်လည်စဥ်းစားမိသည်။ သူစဥ်းစားမိသလောက် ရှုရွှမ်းမှာ အလုပ်ကြိုးစားသူဖြစ်သည်။အကလေ့ကျင့်ရင်းရခဲ့သည့် သူမ၏ တံတောင်ဆစ်မှဒဏ်ရာများကိုလည်း သူမြင်ဖူးသည်။


သူ့တွင်လည်း ထိုအမှတ်များရှိလေသည်။


သီးသန့်တွေ့သည့်အချိန် ရှုရွှမ်းက ရိုးရိုးအဝတ်အစားများသာဝတ်ဆင်ပြီး ကင်မရာအောက်ကနှစ်လိုဖွယ်အပြုအမူလည်း ကင်းမဲ့နေသည်။သူမက မိတ်ကပ်လိမ်းခြယ်ခြင်းမရှိကာ အသားအရေလည်း ကောင်းမွန်ခြင်းမရှိပေ။လွယ်အိတ်ထဲမှ အမျိုးသမီးသောက်စီးကရက်တစ်လိပ်ကို ထုတ်လာသော်လည်း မီးညှိခြင်းမရှိ။


"ရှင်နားထောင်ချင်တာ သေချာလား...ပုံမှန်ဆို အခုလိုအချိန်မျိုးမှာ ခါးသက်သက်ဒရမ်မာတစ်ပုဒ်ဖြစ်ရမှာလေ...ကိုယ်ကျင့်တရားနှင့်သနားတတ်တာက ရှင့်နှလုံးသားပျော့ညံ့အောင်လုပ်နေတာပဲ"


ယွီနျန်က ခေါင်းညိမ့်ပြလိုက်သည်။


ရှုရွှမ်း၏လက်ချောင်းများက စီးကရက်ကို တလှုပ်လှုပ်ကိုင်ထားရင်း အဝေးသို့ငေးကြည့်လိုက်ပြီး လေသံဖွဖွနှင့်"အကြောင်းပြချက်က ရှင်းပါတယ်...ကျွန်မပိုက်ဆံလိုတယ်...ပရိုဂရမ်အဖွဲ့က ဆုကြေးငွေကို ပြင်ထားတာ ...ပထမနေရာရတဲ့သူက ယွမ်ငါးသိန်းရမှာဆိုတော့ ကျွန်မကလည်း အဲ့ဒီငါးသိန်းကိုလိုချင်တယ်"


ယွီနျန်က နွားနို့ခွက်ကိုင်ထားရင်း သူနားလည်ကြောင်းခေါင်းညိမ့်ပြသည်


"ဆိုတော့ ငါက မင်းအတွက် အဟန့်အတားဖြစ်နေတာပေါ့"


"ဟုတ်တယ်...ရှင် အဲ့ဒီနေရာရပ်နေသရွေ့ ကျွန်မ ပထမရမှာမဟုတ်ဘူး"


ရှုရွှမ်းက အသက်ပြင်းပြင်းရှူလိုက်သည်။စိတ်ငြိမ်သွားဟန် သူမအသံက အေးအေးဆေးဆေးဖြစ်သွားကာ"ကျွန်မတို့ထဲမှာဆို ရှားမင်ရှီက ရုပ်ရည်ရှိပြီး နာမည်ကြီးတယ်...ဒါပေမယ့် သူက ကျွန်မလောက်မကနိုင်သလို ဆိုလည်းမဆိုနိုင်ဘူး...ကျန်တဲ့သူတွေကလည်း မျက်နှာပြရုံလောက်ပဲဆိုတော့ ရှင့်ကိုနိုင်ပြီးပထမမရနိုင်ဘူးလေ"


သူမက နှုတ်ခမ်းဖျော့ဖျော့ထောင့်စွန်းများက ကော့တက်သွားကာ တည့်တိုးပင်ပြောလာသည်


"ကျွန်မ အရမ်းပိုက်ဆံပြတ်နေတာ...မိဘတွေဆုံးသွားတာလည်း ကြာပြီ...ညီမလေးက နေမကောင်းဖြစ်ပြီး တစ်ချိန်လုံးကုသမှုခံယူနေရတာ...ညီမလေးက ဆေးဝါးနဲ့ခွဲစိတ်မှုလုပ်ဖို့လိုတယ်...နေတိုင်း အဲ့ဒီအတွက် ပိုက်ဆံအများကြီးကုန်နေရတယ်...ကျွန်မရဲ့ပိုက်ဆံတွေအကုန်လုံးရပေမယ့် လောက်တယ်လို့ကိုမရှိဘူး...ဒါက အဆုံးမဲ့တွင်းလိုမျိုးပဲ....လူကိုရူးသွားစေတယ်"


"ဒါပေမယ့် ကျွန်မကလည်း ညီမလေးကိုမသေစေချင်ဘူးလေ"


ယွီနျန်က ရုတ်တရက် ထပြောလိုက်သည်"မင်းရဲ့ညီမနာမည်က ရှုဖူမို့လား...ရိုက်ကူးရေးလုပ်နေတုန်းကတောင် သူမအတွက် လက်မှတ်ထိုးပေးဖို့ပြောခဲ့သေးတယ်"


ရှုရွှမ်းက အနည်းငယ်ရှက်ရွံ့သွားသလို ခေါင်းညိမ့်ပြလိုက်ရင်း သူမကိုယ်သူမ ရယ်မောလိုက်သည်


"ဟုတ်တယ်...ညီမလေးက ရှင့်ကို အရမ်းသဘောကျတာ...ရှင့်လက်မှတ် သူမကိုပေးတုန်းကဆို ရက်တော်တော်ကြာအောင် ပျော်နေတာလေ...တစ်နေ့မှာ ရှင့်ကိုတမင်သက်သက်ထိခိုက်အောင်လုပ်မယ့်သူက ကျွန်မဆိုတာကိုလည်း မတွေးဖူးတာနေမှာပေါ့"


ရွှယ်ယုံမှာ ထိုstaffသမား၏ရိုက်ကူးရေးမလုပ်ခင်နှင့်လုပ်ပြီးကာလအတွင်း ငွေအဝင်အထွက်ကို စစ်ဆေးကြည့်ရာ "ရှုဖူ"ထံမှငွေလွဲတစ်ခုလက်ခံထားမှန်း တွေ့လိုက်ရကြောင်း ယွီနျန်က ရှင်းရှင်းလင်းလင်းမှတ်မိနေသည်။ သို့ဆိုလျှင် ရှုဖူက ရှုရွှမ်း၏ညီမလေးဖြစ်ရမည်။သူမ၏ပြင်းထန်သောဖျားနာမှုကြောင့် ဆေးရုံတက်နေရသည်မှာ ကြာပြီဖြစ်ဟန်ရှိသည်။


ရှုရွှမ်း မလိမ်ခဲ့ပေ။


"ကျွန်မသိပါတယ်.....လူကို အန္တရာယ်ပေးတာ အန္တရာယ်ပေးတာပဲလေ...အကြောင်းပြချက်ဘယ်လောက်ရှိရှိ တစ်ယောက်ယောက်ကို ထိခိုက်အောင်လုပ်ခဲ့တယ်ဆိုတဲ့အချက်ကို ဖုံးထားလို့မှမရနိုင်တာ...ရှင်rehearsal လုပ်နေတုန်း ကျွန်မဒီအကြံကိုရခဲ့တာ...အဲ့ဒီအချိန်တုန်းက ကိုယ့်ကိုကိုယ်တောင် မသိတော့ဘူး...ကိုယ့်ကိုကိုယ်မုန်းတီးပြီး စိတ်ပျက်နေရင်တောင်မှ ဘာပဲဖြစ်ဖြစ် ဒါကိုလုပ်အုံးမှာပဲ...ဆုငွေယွမ်ငါးသိန်းက ကျွန်မအတွက်တော့ ပိုက်ဆံသက်သက်ပဲ....ပထမနေရာကိုသာရရင် အဆက်အသွယ်တွေပိုရပြီး ပိုက်ဆံတွေရလာမှာပေါ့"


လက်ချောင်းကြားထဲရှိ စီးကရက်ကို အားဖြင့်လှည့်လိုက်ရင်း တိုးတိုးပြောလာသည်


"ကျွန်မလုပ်ခဲ့တဲ့အရာရဲ့ အကျိုးဆက်အတွက်လည်း ကြိုတင်ပြင်ဆင်ထားပြီးပြီ"


အခန်းလေးထဲ တိတ်ဆိတ်သွားလေသည်။


ယွီနျန်က ကိုင်ထားသည့် နွားနို့ကြွေခွက်ကလေးကို ချလိုက်ပြီး ရှုရွှမ်းကိုကြည့်ရင်း ခေါင်းခါပြလာသည်"ကျွန်တော်က ဒီကိစ္စနောက်ကို လိုက်မှာမဟုတ်ပါဘူး"


ရှုရွှမ်းက ချက်ချင်း ခေါင်းမော့လာရင်း အံ့အားသင့်သွားရကာ"ဘာ....ဘာရယ်"လက်ကြားထဲရှိစီးကရက်လေးသည်လည်း စားပွဲပေါ်ကျသွားလေသည်။


ယွီနျန်က ပြုံးကာဆိုသည်"ကျွန်တော့်အဖိုးက ပြောဖူးတယ်...ကိုယ်အနိုင်ကျင့်ခံရရင် ဘာမှအထိခိုက်ခံမနေပဲ ပြန်လုပ်တဲ့...ဒါပေမယ့် သူက ရှင်းပြပေးပြီးအခြားသူတွေအပေါ် ငဲ့ညှာဖို့လည်း သင်ပေးလိုက်သေးတယ်"


"ဒီတစ်ကြိမ် မဖော်ထုတ်ဘူးဆိုတာက ငါ မင်းကိုခွင့်လွှတ်ပေးလိုက်တာရော ထောက်ခံပေးလိုက်တာရောမဟုတ်ဘူး....ဒါက မင်းညီမက အခုပိုက်ဆံအရမ်းလိုနေတာကြောင့်ရယ် ငါကလည်း ငဲ့ညှာပေးလိုက်တာကြောင့်ရယ်ပဲ...မဟုတ်ရင်လည်း ငါ့ရဲ့စိတ်ကြောင့်ပဲ"


ရှုရွှမ်းက ပါးစပ်ဟလာသော်လည်း မည်သည့်စကားမှဆိုမလာချေ။သူမ၏မျက်လုံးများမှာ နာကျင်လာသည်။


ယွီနျန်က ဆက်ပြောလာသည်


"ငါလည်း အခုပိုက်ဆံလိုနေတယ်...လိုနေတာမှ အများ အများကြီးပဲ...ပြီးတော့ မင်းကို ပြိုင်ဘက်အနေနဲ့လေးစားလို့...ပထမနေရာဆိုတာ ခွန်အားနဲ့သာဖမ်းဆုပ်နိုင်တာ...ငါမင်းကို တစ်ဝက်လေးတောင် ပေးလိုက်မှာမဟုတ်ဘူး"


"ဒါကတော့...."


သူ၏ထိခိုက်ထားသော ခြေထောက်ကိုညွှန်ပြလိုက်ရင်း"အဲ့ဒီအချိန်တုန်း အမြန်သတိထားမိလိုက်လို့ မြေပြင်ပေါ် ဒူးထောက်မကျသွားတာ...ဒါကြောင့် ဒဏ်ရာက သိပ်မပြင်းဘူး....မင်းငါ့အပေါ်အကြွေးတင်နေရင်လည်း ငါစဥ်းစားမိတဲ့အခါ ပြန်ဆပ်ခိုင်းမယ်"


ရှုရွှမ်းက လက်နှစ်ဖက်နှင့် လွယ်အိတ်ကြိုးကိုတင်းတင်းကိုင်ထားရင်း သဘောတူလိုက်သည်


"ကောင်းပါပြီ...ကျွန်မ သေချာပေါက်ဆပ်ပေးမှာပါ"


သူမက ချီတုံချတုံနှင့် တိုးတိုးပြောလာသည်


"ယွီနျန် ကျေးဇူးတင်ပါတယ်"


ယွီနျန်က အိမ်ပြန်လာခဲ့ပြီး ရွှယ်ယုံ့ထံ စကားဝိုင်းအကြောင်းအကျဥ်းချုပ်နှင့်နောက်ဆုံးရလဒ်တို့ကို မက်ဆေ့ချ်ပို့လိုက်သည်။ ထိုသို့ပြောပြလိုက်ရင်း သူက အနည်းငယ်ဝေခွဲမရဖြစ်စွာ ထပ်ပြီးရေးပို့လိုက်သည်


"ကျွန်တော် ဒီလိုဖြေရှင်းလိုက်တာ မှန်ပါ့မလားမသေချာဘူးဖြစ်နေတယ်"


ရွှယ်ယုံက အမြန်ပင်

ပြန်စာပို့လိုက်သော်ငြား ယခင်အတိုင်း စကားနည်းနည်းသာပြောလာသည်"မင်းလုပ်တာကောင်းပါတယ်"


ယွီနျန်က ထိုစကားလုံးသုံးလုံးကို တွေ့လိုက်ရ၍ နှုတ်ခမ်းထောင့်များကော့ညွတ်ကာ အပြုံးတစ်ခုဖြစ်ထွန်းသွားသည်။