အပိုင်း ၃၁
Viewers 18k

Chapter 31

ငိုတာလား...ကျွန်တော်လည်း လုပ်နိုင်တယ်လေ...




နောက်ဆုံးတွေ့ခဲ့သည့်အတိုင်း ကဖေးဆိုင်ရှိ ထိုသီးသန့်ခန်းလေးတွင်ပင် ဖြစ်သည်။ 


ထိုအချိန် ယွီနျန်က ဦးစွာရောက်နှင့်နေသည်။ အပြင်ဘက်မှ အခန်းတံခါးဖွင့်လာပြီး အနက်ရောင်စကပ်တိုဝတ်ထားသည့် ရှုရွှမ်းက အထဲဝင်လာပြီး အပြုံးလေးနှင့်ဆိုလာသည်


 "ဆောရီး...အကြာကြီးစောင့်လိုက်ရလား"  


"သိပ်မကြာပါဘူး" ယွီနျန်က တစ်ဖက်လူထိုင်သည်ထိ စောင့်လိုက်ပြီး နူးနူးညံ့ညံ့အသံနှင့် "မင်းညီမလေးက အဆင်ပြေရဲ့လား"


ရှုရွှမ်းက ခေါင်းငုံ့လိုက်ရင်း မျက်နှာညိုသွားကာ အားတင်းပြုံးလိုက်ပြီး "အတူတူပါပဲ...ဆရာဝန်က အာနိသင်ပိုကောင်းတယ်ဆိုတဲ့ အရေးကြီးတဲ့ဆေးတွေ ညွှန်ကြားလိုက်ပေမယ့် စျေးတအားကြီးတယ်လေ ...ရှုဖူက အရမ်းစဥ်းစားတတ်တယ်...သူအဲ့လိုစျေးကြီးတဲ့ဆေးတွေမလိုပါဘူးတဲ့လေ..."


သူမက ခေါင်းခါပြရင်း ဝမ်းနည်းနေသည့်အသံနှင့် "သူမက စဥ်းစားတတ်ပေမယ့် ကျွန်မက ဘယ်လိုများဖြစ်စေချင်ပါ့မလဲ"


"ပိုက်ဆံကော လောက်ရဲ့လား"


“သိပ်တော့မလောက်ဘူး...အေးဂျင့်ဘက်ကို ကြော်ငြာရိုက်စရာများရှိမလားတော့ မေးခိုင်းထားတယ်...မဟုတ်ရင် ဆေးဝယ်ဖို့မပြောနဲ့ ဆေးရုံခတောင်မပေးနိုင်တော့ဘူး"သူမက အမျိုးသမီးသုံးစီးကရက်တစ်လိပ်ထုတ်လာပြီး နှုတ်ခမ်းထက်တေ့လိုက်ကာ စိတ်လှုပ်တရှားဆိုလာသည်


 "ယွီနျန်...ရှင်...ကျွန်မကို အပြစ်မတင်ဘူးမို့လား"


ယွီနျန်က ခွက်ထဲရှိ နွားနို့ပူပူကိုလှုပ်ယမ်းလိုက်ရင်း မေးလိုက်သည် "မင်း စင်ပေါ်မှာရေဖြန်းထားပြီး ငါ့ကိုလဲကျထိခိုက်အောင် လုပ်ခဲ့တာကို ပြောတာလား"


ယွီနျန်ပြောသည်ကိုကြားလိုက်စဥ် ရှုရွှမ်းက အသက်ပြင်းပြင်းရှူလိုက်ရင်း ခါးသက်သက်ပြုံးကာ " အဲ့အချိန်တုန်းက ကျွန်မ စိတ်မမှန်ခဲ့ဘူးနေမှာ..ရှင် ကျွန်မကို စိတ်ဆိုးနိုင်ပါတယ်....ပထမနေရာအတွက် ပိုက်ဆံအရမ်းလိုချင်နေတာက ကျွန်မပဲလေ"


သူမက လက်နှစ်ဖက်နှင့် လွယ်အိတ်ကြိုးကိုင်ထားရင်း ယခင်ကထက် အသံနူးညံ့သွားကာ " ရှင် တွန်းအားပေးပြီးဒီကိစ္စနောက်လိုက်မနေရင် ကျွန်မကျေးဇူးတင်မိမှာပါ"


ယွီနျန်က နှုတ်ခမ်းတွန့်ကာ ပြုံးသည်။


ရှုရွှမ်းက ယွီနျန်၏မျက်နှာအနေအထားကို အကဲခတ်ရင်း မဝံ့မရဲပြုံးကာ " "သဘာဝရဲ့ သံစဥ်"ရိုက်ကူးရေးလည်း ပြီးတော့မှာပဲ...အနာဂတ်မှာ ရှင်က တစ်ကိုယ်တော်ခွေထွက်တဲ့အချိန် ကျွန်မ လက်မှတ်ပြန်ထိုးခိုင်းလို့ရမလား...ကျွန်မညီမက အဲ့လက်မှတ်ရရင် သေချာပေါက် အရမ်းပျော်နေမှာ"


ယွီနျန်က ဟုတ်သည်မဟုတ်ဘူးမဖြေပဲ အချိန်ကိုကြည့်ကာ ပြောလိုက်သည် 


"ငါ ပြန်ရတော့မယ်"


ရှုရွှမ်းက ထရပ်လိုက်ရင်း စိတ်ပူသည့်ဟန်မေးလာသည် "ကျွန်မလိုက်ပို့ပေးရမလား"


ယွီနျန်က ယဥ်ယဥ်ကျေးကျေးငြင်းလိုက်သည်


 "မလိုပါဘူး...ကျေးဇူးတင်ပါတယ်"


အိမ်ပြန်ရောက်သော် မုန့်ယွမ်နှင့်ရှစ်ရော့တို့ကလည်း ဧည့်ခန်းထဲစောင့်နေကြသည်။


မုန့်ယွမ်က ယွီနျန်ပြန်လာသည်ကို တွေ့သည်နှင့် သူ့မျက်နှာမထူးခြားသည်ကို မြင်ပြီးနောက် စိတ်လှုပ်ရှားစွာ မေးလာသည် "ဘယ်လိုတဲ့လဲ"


ယွီနျန်က ဆိုဖာပေါ်ထိုင်လိုက်ရင်း ဖုန်းထုတ်ကာ အသံသွင်းထားသည့်ဖိုင်ကို နှိပ်ပြလိုက်သည်။ 


အသံသွင်းထားသည်ကို နားထောင်ပြီးနောက် မုန့်ယွမ်က လှောင်ရယ်လိုက်ရင်း " သူမက နေမကောင်းတဲ့ညီမလေးအတွက် ပိုက်ဆံကြိုးစားရှာနေတဲ့ အစ်မကြီးပုံစံကို အတော်စဥ်းစားထားရမှာပဲ....ဟုတ်တယ်မို့လား"


စကားဆုံးသည်နှင့် ယွီနျန်ကို ပြန်ကြည့်လိုက်ကာ အကြံပေးလိုက်သည် "နျန်နျန်...အရမ်းကြီးစိတ်ထဲမထားပါနဲ့ ...ဒီနယ်ပယ် ဒီလောကထဲမှာ သူတော်ကောင်းယောင်ဆောင်ထားတဲ့ မကောင်းတဲ့လူတွေမှအများကြီး...မင်းက နှစ်ဆယ့်တစ်နှစ်ပဲရှိသေးတာ အရမ်းငယ်သေးတယ်...အခုတစ်ခေါက်ကို သင်ခန်းစာရလိုက်တယ်ပဲ ထားလိုက်ပါ"


ရှစ်ရော့က ယွီနျန်အတွက် ပြောပေးလာသည် "ယွီနျန့်အမှားမဟုတ်ပါဘူး...ဒီရှုရွှမ်းကိုက သရုပ်ဆောင်ကောင်းတာ"


မုန့်ယွမ်က မျက်လုံးပြူးကြည့်လိုက်ပြီး "ဟုတ်ပါပြီ...မင်းတို့နှစ်ယောက်စလုံး လူကောင်းတွေပါ ငါကပဲ ရက်စက်တတ်တာ"


ယွီနျန်က အပြုံးလေးနှင့်ပြန်ဖြေလာသည် "အခုဆို ကျွန်တော်လည်း ရက်စက်တဲ့အဆင့်ထဲ ပါရတော့မလားပဲ"


သူတို့က နောက်တစ်နေ့ထိ ထိုကိစ္စကို မဆွဲခေါ်လိုက်ရချေ။ ထိုနေ့ည ၇နာရီခွဲတွင် နာမည်ကြီး Big Vဆိုသည့် သတင်းထောက်တစ်ယောက်က နာရီဝက်ကြာသည်နှင့် သတင်းကြီးတစ်ခုထွက်လာမည်ဟု သတိပေးလာသည်။


ဝေ့ပေါ်ရှိဖရဲသီးစားသူများက တစ်ယောက်ပြီးတစ်ယောက်စုလာကြကာ ဘာဖြစ်မလဲ ဆွေးနွေးနေကြသည်။


၈နာရီထိုးသည်နှင့် Big V က သူပြောထားသည့်အတိုင်း စကားလုံးခြောက်လုံးနှင့် အသံသွင်းဗီဒီယိုတစ်ခု ချပြလာသည် "လူတိုင်း သေသေချာချာ ခံစားကြည့်ကြပါ "


[ဖာ့ခ်...ဒီအသံဖိုင်က ဘာလို့အရမ်းရှည်နေရတာလဲ...အစကနေနားထောင်ကြည့်တာ အမျိုးသမီးတစ်ယောက်ဖုန်းပြောနေတဲ့အသံပဲ...အကျဥ်းချုပ်ပြောပေးနိုင်မယ့်သူများ ရှိမလား]


[ပထမတစ်ဝက်မှာ ဖုန်းပြောတဲ့တစ်ယောက်နာမည်က "အားရီ"ဆိုလား...အဓိကအချက်ကတော့ အောက်မှာပါတယ် ..."ရှောင်ဖူ"လို့ခေါ်တဲ့ ငါ့ညီမက စိတ်ဆိုးပြီးဆေးသောက်ဖို့ငြင်းနေတယ် ငါခံစားရတယ်...မိဘတွေကလည်း ထွက်သွားကြပြီ ညီမပဲကျန်တော့တာ..ဒါကြောင့် မကျေနပ်လည်းသည်းခံရမှာပဲ..."အားရီ"က ပိုက်ဆံသုံးဖို့ပေးထားလို့ စာရိတ်က နှစ်တစ်ဝက်စာကျော်ကျော်လောက် ကျန်သေးတယ်...ဒါ တစ်ဝက်...

ဇာတ်က နောက်တစ်ဝက်မှာလာတာ.....ဇာတ်ဆောင်ပြောတာတော့ အိပ်ရာထဲလှဲနေတဲ့ညီမလေးရှိတာကြောင့် ယွီနျန်က ကိစ္စနောက်မလိုက်တော့ဘူးတဲ့...အဲ့ဒီလူက ယွီနျန်နဲ့ရင်းနှီးဖို့ အကြောင်းပြချက်ရှာဖူးတဲ့ပုံပဲ...ဒါပေမယ့် ယွီနျန်က ရှားမင်ရှီနဲ့ပဲ တတွဲတွဲနေတာ...အဲ့တာကို ဇာတ်ဆောင်က မကျေနပ်လို့ ဒီအခွင့်အရေးကိုသုံးပြီး ပြန်ကြိုးစားတော့မှာ"


[ပြောပေးတဲ့သူကို ဒူးထောက်ပြီးကျေးဇူးတင်ပါကြောင်း...အားလား ဒါ ဖရဲသီးကြီးကြီးဖြစ်မယ်လို့ မကောင်းတဲ့ခံစားချက်ရနေတယ်ဟေ့...ယွီနျန်နဲ့ရှားမင်ရှီလား...သူတို့ hot searchပြန်ရောက်တော့မှာပေါ့...လာ လာ...ဆိုဒါဖောက်ပြီး ဖရဲသီးစားဖို့ပြင်ရအောင် ]


[ဒီအမျိုးသမီး ဘယ်သူဆိုတာပဲ ငါသိချင်တာ...ယွီနျန်က ဒီကိစ္စနောက်မလိုက်ဘူးဆို သူမက ဘာလုပ်မှာတဲ့လဲ]


[ငါ့မှာ သိပ်ပြီးအံ့သြစရာမရှိတဲ့ ခန့်မှန်းချက်ရှိတယ်...ယွီနျန်က rehearsalတုန်းက လဲကျသွားလို့ ခြေထောက်နာနာနဲ့ ကခဲ့ရတာ...အဲ့ကိစ္စလည်း top searchရောက်သွားတယ်မို့လား...ဘာကြောင့် လဲကျသွားတာတဲ့လဲ]


အပူချိန်က လျင်မြန်စွာမြင့်တက်လာသည်ကို တွေ့လိုက်၍ Big Vက ဒုတိယမြောက်ဝေ့ပေါ်တစ်ခု တက်လာသည်


 "အခုလေးတင် တင်လိုက်တဲ့ အသံဖိုင်က နာစ့်ညီမလေးဆီက စျေးကြီးကြီးနဲ့ဝယ်ထားတာပါ...ပြီးတော့ ဇာတ်ဆောင်နာမည်က်ု ပြောထားပါတယ်...ရှုရွှမ်းပါ"


ထိုကိစ္စတွင် အလွန်နာမည်ကြီးနေသော ယွီနျန်၊ရှားမင်ရှီနှင့်ရှုရွှမ်းတို့ ပါဝင်နေပြီး ဒုတိယမျိုးဆက်သခင်လေး ကျောက်ရီပါ ပါလာတော့သည်။မကြာမီ ဤကိစ္စက ရုတ်တရက် စိတ်ဝင်စားမှုနှုန်းမြင့်လာသည်။


ကောမန့်တစ်ခွင်မှုလူများကလည်း တစ်ယောက်ပြီးတစ်ယောက် ဦးနှောက်ကိုအလုပ်ပေးကာ ဇာတ်လမ်းပမာများစွာ ပုံဖော်နေကြသည်။


တစ်ဖက်တွင်လည်း Big V က အလျင်မလိုပဲ အရသာခံကြည့်နေသည် ။ နောက်ထပ် နာရီဝက်အကြာတွင် တတိယမြောက်ဝေ့ပေါ် တက်လာသည်


[[ "လူကြီးမင်းတို့ ..ကျေးဇူးပြုပြီး ရှုစားပေးကြပါ [အသံဖိုင်] [အသံဖိုင်]"


[ကဲ ပြောပေးမယ့်သူတော့ ရောက်လာပြီနော်...အဓိကအချက်တွေကို ပေါင်းပြောရရင် ရှုရွှမ်းက သူ့ညီမနေမကောင်းလို့ ဆေးရုံစရိတ်ကြီးတယ်ဆိုပြီး သနားစဖွယ်လုပ်ပြတယ်...သူမက အလုပ်ကြိုးစားပြီးပိုက်ဆံရှာတယ်ဆိုပေမယ့် အိတ်ပေါက်နဲ့ဖားကောက်ရသလိုပဲ...ယွီနျန်က စင်ပေါ်လဲကျသွားတုန်းက စင်ပေါ်မှာရေလောင်းဖို့ staffကိုပြောခဲ့တာ ရှုရွှမ်းပဲ...ညီမကိုဆေးကုပေးဖို့ ပထမဆုယွမ်ငါးသိန်းရချင်လို့လေ...ယွီနျန်က အဲ့ကိစ္စကိုသိသွားတော့ ရှုရွှမ်းက ယွီနျန်ခွင့်လွတ်ပေးဖို့ မျှော်လင့်ခဲ့တယ်....ယွီနျန်က သူဒီကိစ္စနောက်မလိုက်ပါဘူးလို့ပြောတော့ ရှုရွှမ်းက သူ့ညီမအတွက် နောက်ထပ်လက်မှတ်ထိုးပေးဖို့ ချိန်းတောင်ချိန်းလိုက်သေးတယ်...ဒါပဲ ]


[ငါဆဲမိတော့မယ်...ရှုရွှမ်းက ပထမနေရာရချင်တာလား...ဒါပေမယ့် ယွီနျန်က သူ့လမ်းကိုပိတ်ထားတယ်လို့တွေးပြီး စင်ပေါ်ရေလောင်းခဲ့တယ်ပေါ့....ပြီးတော့ ညီမရဲ့သနားစရာပုံစံလေးဗန်းပြပြီး ယွီနျန့်ကို ကိစ္စပြတ်အောင်တွန်းအားပေးတယ်...ပြီးတော့ ဒီကိစ္စကိုမှီပြီး ယွီနျန့်နားကပ်ချင်သေးတာလား]


[variety showပြတုန်းက ရှုရွှမ်းက အပြင်းဖျားနေတဲ့ညီမလေးရှိတယ်ဆိုပြီး ဆက်ဆံရေးကောင်းတယ်လို့တောင် ပြောခဲ့သေးတယ်]


[ဒီဖရဲသီးကြီးက အရမ်းအံ့သြစရာကောင်းတာပဲ...ဒါပေမယ့် ဒီအသံဖိုင်သုံးခုလုံးမှာ မစ္စရွှယ်ရဲ့စကားတွေကို မဆက်စပ်နိုင်ဘူးဖြစ်နေတာ...သူက ဆေးရုံကြေးပေးနိုင်တာလား မပေးနိုင်ဘူးလား]


[ယွီနျန်က တကယ် သနားစရာပဲနော်...သူ့ခြေထောက်ထိခိုက်ထားတာတောင် အကြံကြီးတဲ့မိန်းကလေးတစ်ယောက်ကနေ ကိုယ်ကျင့်တရားကို အသုံးချပြီး အတင်းတိုက်တွန်းခံရတယ်...တစ်ဖက်လူကလည်း ဒီတိုင်ကိုတွယ်တက်ပြီး ဆက်ချဥ်းကပ်ချင်နေတုန်းပဲ...အခု ယွီနျန်ရဲ့စိတ်အခြေအနေ ဘယ်လိုနေမလဲ သိချင်မိတယ်]


တစ်ခြားတစ်ဖက်တွင်လည်း ယွီချင်းက ဖုန်းခေါ်လာရင်း ရယ်ရယ်မောမောနှင့် [နျန်နျန်...အဲ့ဒီအမျိုးသမီးနဲ့ ပထမဆုံးတွေ့တုန်းက စကားပြောတာအသံသွင်းထားမှန်း နင်ဘာလို့မပြောခဲ့ရတာလဲ]


ယွီနျန်က အရမ်းရှက်မသွားပဲ "ဟုတ်တယ်...အဲ့ဒီအချိန်တုန်းက ကျွန်တော် လိုလိုမယ်မယ်ဆိုပြီး တွေးလိုက်မိလို့ "


ယွီချင်းက စိတ်ကောင်းဝင်နေဟန်ရှိသည် "ငါတို့အားလုံး အရွယ်ရောက်လာပြီပဲ နျန်နျန်...ပြီးတော့ သက်သေအတွက် စကားပြောတာကို အသံသွင်းရမယ်မှန်း ငါတို့သိကြပြီ...အခုချိန်က အရမ်းလှပနေတာပဲဟယ်"


ယွီနျန်က ရှင်းပြလာသည် " အဲ့ဒီအချိန်တုန်းက ကျွန်တော် တွန့်ဆုတ်နေသေးတယ်...ဒါပေမယ့် ပြန်လည်ချေပနိုင်ဖို့အတွက် အသံစသွင်းခဲ့ရတာ"


ယွီချင်း "အခု အသံဖိုင်သုံးခုလုံးထွက်လာမှတော့ ဇာတ်လမ်းက ထပ်ပြီးမပြည့်စုံနိုင်တော့ဘူး...ဒါပေမယ့် ငါ အရင်က ရှုရွှမ်းဘက်မှာရှိတဲ့ ကျောက်ရီကိုဆက်သွယ်ပြီး စကားနည်းနည်းပြောချင်ပေမယ့် အဲ့ဒီဘက်က တစ်ယောက်ယောက်က သူ့ကိုခေါ်လာပြီး ဆေးမှတ်တမ်းတွေပို့ပေးရမယ်ပြောလို့ဆိုပြီး ပြန်ဖြေလာတယ် "


ယွီနျန်က အသက်တစ်ချက်ရှူလိုက်သည်။


"ဟုတ်ပြီ...ဟုတ်ပြီ"ယွီချင်းက ဆက်မပြောတော့ပဲ "ငါ အရင်ဆုံးချလိုက်အုံးမယ်...ဖရဲသီးဆက်စားမလို့ ...လွန်ခဲ့တဲ့နှစ်ရက်အတွင်း ငါပျင်းနေလို့ ဒါလေးကြည့်နေရတာ"


ဖုန်းကျသွားသည်နှင့် ရှုရွှမ်းဘက်မှ မက်ဆေ့ချ်သစ်တစ်စောင် ရောက်လာသည်။


[ယွီနျန်...ရှင်က ဒီလိုလူမျိုးလို့ ကျွန်မမထင်ထားခဲ့ဘူး...ရှင့်ကို အထင်မှားခဲ့တာပဲ]


ယွီနျန်က လက်တစ်ဖက်တည်းနှင့် စာရိုက်လိုက်သည် " ငါက အဲ့ဒီလိုလူမျိုးပဲ ...ဆောရီး"


သိပ်မကြာလိုက် ဒုတိယမျိုးဆက်သခင်လေးကျောက်ရီကပါ တိုက်ပွဲဝင်လာပြီး စာပို့လာသည်။


[ဖာ့ခ်...ငါ ကန်းနေခဲ့တာပဲ ပိုက်ဆံတွေကို လှူပစ်လိုက်ရမှာ]ဆိုပြီး ဓါတ်ပုံ၉ပုံ တင်လာသည်။ယင်းတွင် သူက ရှုရွှမ်းထံ ၂မီလီယမ်ကျော်ကျော်ပို့ပေးထားသည့် မှတ်တမ်းများနှင့် ရှုရွှမ်းက သူ့ကိုပို့ပေးထားသည့် ဆေးမှတ်တမ်းများအပြင် အခြားစကားပြောထားသည့်မှတ်တမ်း ssပုံများပါလေသည်။


 ဖရဲသီးစားနေကြသည့်သူများက ယွမ်နှစ်သန်းလှူလိုက်သည်က အလွန်ရက်ရောကြောင်းပြောကာ ရယ်သွမ်းသွေးနေကြသည်။


ယွီနျန်က ပိုပိုပြီး နာမည်ကြီးလာ၍ ဖန်များနှင့်ဖြတ်သွားဖြတ်လာများပင် ရှုရွှမ်းဝေ့ပေါ်သို့သွားပြီး လှန်လှော်ရှာကြည့်နေကြသည်။ ရှုရွှမ်းက ဝေ့ပေါ်ပိုစ့်တစ်ခုတင်ထားသည်မှာ အချိန်ကြာပြီဖြစ်သည်။ အများကြီးမပြောထားပေ...[သူမက ကျွန်မရဲ့တစ်ဦးတည်းသော ဆွေမျိုးမို့ သူမကို မဆုံးရှုံးချင်မိဘူး...သူမက နေမကောင်းတာမို့ ကျေးဇူးပြုပြီး သူမကိုမနှောင့်ယှက်ပေးကြပါနဲ့]


ထိုဝေ့ပေါ်ပို့စ်တင်ပြီးနောက် လူအချို့က ရှုရွှမ်းမှာ သနားစရာကောင်းအောင်လုပ်နေသည်ပြောကာ အံ့သြမိကြသည်။ သို့သော်လည်း လူများစွာကဖြင့် ရှုရွှမ်းလုပ်ရပ်က မသန့်ရှင်းသော်ငြား ညီမဖြစ်သူကိုကုသရန်အတွက် ရွေးစရာမရှိဖြစ်ခဲ့၍ ခွင့်လွတ်ပေးနိုင်သဖြင့် ဋီကာချဲ့မနေပါနှင့်ဆိုပြီး ပြောနေကြသည်။


ထိုနားဝင်ချိုသည့် စကားလှလှလေးများက အထွတ်အထိပ်ထိရောက်နေစဥ် အာဏာရှိသည့်ဆေးပညာဖိုရမ်မှ Big Vတစ်ယောက်က ရုတ်တရက် ရှင်းချက်ထုတ်လာသည် "ရှုရွှမ်းက ကျောက်ရီဆီပို့ပေးထားတဲ့ ဆေးမှတ်တမ်းတွေအရဆို သူ့ညီမက လေးငါးနှစ်လောက် ကုသမှုခံယူခဲ့တာပဲ...ဒါပေမယ့် ဒီရောဂါအကြောင်းနားလည်တဲ့လူတိုင်းက သိတယ် ရောဂါက မြန်မြန်ကုသရင် ပိုကောင်းလာမယ် ...ကြန့်ကြာနေရင်တော့ အခြေအနေပိုဆိုးလာမယ်ဆိုတာကိုပေါ့...မှတ်တမ်းတွေကို သေချာစစ်ဆေးကြည့်လိုက်တော့ ရောဂါက အခု နည်းနည်းပြင်းထန်နေပေမယ့် ခွဲစိတ်ကိရိယာတွေနဲ့ ထိတွေ့နေတာပဲလေ....ဘာလို့ ခွဲစိတ်ဖို့ နှောင်းနှေးနေရတာလဲ @ရှုရွှမ်း]


ထိုသုံးသပ်ချက်ထွက်လာသည်နှင့် ဖရဲသီးစားနေကြသည့်သူများက အံ့သြတုန်လှုပ်သွားကြသည်။


[မခွဲစိတ် မကုသပဲနေရတဲ့အကြောင်းပြချက်က....ဖြစ်နိုင်တာက ဒါကိုပဲ အကြောင်းပြချက်အနေနဲ့ သုံးနေရလို့များလား]


[ဟားဟား...တကယ်တမ်း သူ့ညီမဖျားနေတာကို ကုသလိုက်ရင် ရှုရွှမ်းက မစဥ်းစားမိပဲအမှားလုပ်မိပါတယ်ဆိုပြီး သနားစရာကောင်းအောင်လုပ်လို့ရမယ့် အကြောင်းပြချက် ဘယ်ရှိတော့မလဲ ....ဒုတိယမျိုးဆက်သခင်လေးဆီကနေလည်း ပိုက်ဆံရဖို့ဘယ်လိုပြောနိုင်တော့မလဲ....လူတွေကို ရန်ရှာဖို့ဆင်ခြေမလုပ်နိုင်တော့ဘူးလေ]


[အားလား...ငါ မအိပ်နိုင်တော့ဘူး...ငါမအိပ်နိုင်တော့ဘူး...ဒီဖရဲသီးကို အစကနေအဆုံးထိ စားအုံးမှာ...ယွီနျန်ရဲ့ခြေထောက် နောက်ဆက်တွဲဘယ်လိုဖြစ်သွားလဲ သိချင်တယ်...ကံမကောင်းတဲ့ညီမလေးရော အခု အဆင်ပြေရဲ့လား]


[ငါတို့နျန်နျန်က ဒီကိစ္စကိုဆက်မလိုက်တာက သူမရဲ့ဘဝကို သနားသွားလို့ပဲ...ဒါပေမယ့် အခုတော့ သူက ဒီလိုဖြစ်လာဖို့ ထင်ထားမှာမဟုတ်ဘူး...ဒေါသထွက်ပြီး စိတ်ပျက်နေတော့မှာ....လူတွေက ဘယ်လောက်တောင်ဆိုးဝါးလိုက်သလဲ...ငါတို့နျန်နျန်လေးအတွက် စိတ်မကောင်းဖြစ်မိတယ်...သူ့ရဲ့ညီမအတွက်ကောပေါ့]


မနက်တစ်နာရီထိတိုင် ဝေ့ပေါ်တွင် နာမည်ကြီးနေသည့်အရာက ကျဆင်းမသွားချေ။ မုန့်ယွမ်နှင့်ရှစ်ရော့တို့လည်း ပြန်သွားကြပြီဖြစ်၍ ယွီနျန်က မှင်တုံးလေးထဲ ရေထည့်ပြီး စာတစ်မျက်နှာရေးလိုက်သည်။


ထိုအချိန် ဖုန်းမြည်လာသည်။ ယွီနျန်က ဖွင့်ကြည့်လိုက်ရာ ရွှယ်ယုံ့ထံမှဖြစ်နေသည် [တံခါးဖွင့်လိုက်]


သိပ်မကြာမီ ဒုတိယမြောက်မက်ဆေ့ချ်ဝင်လာသည် [မစိုးရိမ်နဲ့ ဖြေးဖြေးသွား]


ယွီနျန်မှာ အံ့သြသွားရသည်။ သူက စုတ်တံကိုချလိုက်ရင်း တံခါးထံဖြေးဖြေးလျှောက်သွားလိုက်သည်။


တံခါးပွင့်လာသည်နှင့် အမည်းရောင်အနောက်တိုင်းဝတ်စုံနှင့် လူတစ်ယောက်က တံခါးအပြင်တွင် ရပ်နေသည်။သူက ယွီနျန့်ထံ ဗူးတစ်ဗူးကမ်းပေးလာသည်။ ယွီနျန်က ယူလိုက်စဥ် စကားမဆိုပဲ လှည့်ပြန်သွားသည်။


တံခါးပိတ်လိုက်ရင်း ယွီနျန်က ဗူးကိုဖွင့်လိုက်ရာ ကြွပ်ကြွပ်ရွရွဖုတ်ထားသော ကိတ်မုန့်အသေးလေးတစ်လုံးကို တွေ့လိုက်ရသည်။ ကိတ်ဘေးတွင် လက်ရေးစာလေးတစ်ကတ်ပင် ပါလိုက်သေးသည် "စိတ်မညစ်ပါနဲ့"


ယွီနျန်က နေရာမှာတင် မတ်တပ်ရပ်နေရင်း ခရင်မ်ထဲလက်ချောင်းနှိုက်လိုက်ကာ မြည်းလိုက်သည်။


အရမ်းချိုတယ်....။