အပိုင်း ၃၂
Viewers 9k

Chapter 32

လိမ့်မကျဖို့ သေချာသတိထားပါ နျန်နျန်  




ရှုရွှမ်း၏ ယွီနျန်ကို ချော်လဲပြီးဒဏ်ရာရစေသော ဖြစ်ရပ်က hot searchတွင် နံပတ်၂၈နေရာထိ ရှိနေဆဲဖြစ်သည်။ အထပ်ထပ်အလွှာလွှာဖုံးထားသည်များ ကွာကျလာ၍ ဖရဲသီးစားသူများက ဤနှစ်၏ဖရဲသီးကြီးက အလွန်ပျော်စရာကောင်းသည်ဟုပင် ပြောနေကြသည်။


မကြာမီ ရှုရွှမ်း၏ကောလိပ်အတန်းဖော်များနှင့် ကုမ္ပဏီတစ်ခုတည်းမှအနုပညာရှင်များကလည်း ရှုရွှမ်းမှာ ညီမဖြစ်သူနေမကောင်း၍ ပိုက်ဆံလိုအပ်သည်ဆိုသောဆင်ခြေနှင့် အခြားသူများသနားအောင်လုပ်ပြီး သူမ၏ရည်မှန်းချက်အထမြောက်အောင်လုပ်တတ်ကြောင်း ပြောလာကြသည်။


တစ်ခဏအတွင်း သူမ၏နည်းလမ်းက နောက်ထပ်ဆွေးနွေးပွဲကြီးဖြစ်လာသည်။


ယွီနျန်က အိမ်တွင်မနေပဲ ကုမ္ပဏီသို့ မနက်စောစောသွားလိုက်သည်။


ရုံးခန်းထဲတွင် မုန့်ယွမ်က ခြေချိတ်ထိုင်ရင်း ဖြစ်စဥ်က်ု စောင့်ကြည့်နေသည် 


"ဟေ့...ရှုရွှမ်းအကောင့်ကနေ ပို့ထားတဲ့တောင်းပန်စာကို ကြည့်ရတာ ဒီရှုရွှမ်းရဲ့ အေးဂျင့်က တကယ်နှေးတာပဲ...လူထုအတွက်ကြောင့်သာရေးတာနေမှာ...ရှုရွှမ်းသာ ဒီလိုကိုယ့်ကိုယ်ကိုယ်စဥ်းစားဆင်ခြင်နိုင်စွမ်းရှိနေရင် စင်ပေါ်ရေလောင်းတာလိုမျိုး နှလုံးသားမဲ့တဲ့ကိစ္စလုပ်မှာမဟုတ်ဘူး"


ဘေးတွင်ထိုင်နေသည့် ရှစ်ရော့ကလည်း အကောင့်တုသုံးပြီး တိုက်ပွဲဝင်နေသည်။ ထိုစကားကြားသော် သူမက ဆိုလာသည် 


" အဲဒါမှန်တယ်...ပြီးတော့ ယွီနျန်သာ ခြေထောက်နာရုံလေးမဟုတ်ပဲ ဒူးဆစ်တွေကျိုးသွားရင် သူထပ်ကနိုင်တော့မှာမဟုတ်ဘူးလေ....ဘာတောင်းပန်စာလဲ ..."


ယွီနျန်က ဖျော်ရည်ကို နည်းနည်းချင်းသောက်လိုက်ပြီး ပိုက်ကိုက်ထားရင်း ခေါင်းညိမ့်ပြသည်။


 "ဟုတ်တယ်...ဒါကြောင့် ရဲခေါ်ထားတယ်"


ရှစ်ရော့၏စာရိုက်နေသောလက်များက ရပ်တန့်သွားကာ ချက်ချင်းပြောလာသည်။


"ဟုတ်တယ်...အစ်မ အရမ်းတုံးတာပဲ...ရဲကိုခေါ်ဖို့ မစဥ်းစားမိဘူး"


ယွီနျန်က ပြုံးလိုက်ရင်း ဆိုလာသည် "ဟုတ်တယ်....ကျွန်တော် ကျောင်းတုန်းက သင်ခဲ့ရတာလေ...ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဥပဒေလက်နက်ဆောင်ထားရမယ်ဆိုတာ...."


ရှစ်ရော့က ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြရင်း တွန့်ဆုတ်ဆုတ်ဆိုလာသည်


 "ရှုရွှမ်းကို မသနားတာတော့ မဟုတ်ပါဘူး...သူမက ညီမရင်းကိုတောင် အသုံးချတာ အရမ်းဆိုးလွန်းတယ်...လူတိုင်းက ကိုယ်လုပ်တာအတွက် ကိုယ်ပြန်ခံသင့်တယ်လေ...ဒါပေမယ့် သူမညီမက အနာဂတ်မှာ ဘာလုပ်တော့မှာတဲ့လဲ"


ဖန်ခွက်ထဲရှိဖျော်ရည်က ကုန်သွား၍ ပိုက်က "ဇစ်ဇစ်"မြည်နေတော့သည်။ ယွီနျန်က ပိုက်ကိုလွှတ်လိုက်ရင်း မဲ့ပြုံးပြုံးကာဆိုလိုက်သည် "ကျွန်တော် အရင်က အဲ့ဒီသီးသန့်ဆေးရုံကို အကြံဥာဏ်နည်းနည်းပေးခဲ့တယ်"


မုန့်ယွမ်ကလည်း သိချင်လာသည် "ဘာအကြံလဲ "


"ဒီဖြစ်ရပ်က အရမ်းနာမည်ကြီးတယ်....ဆေးရုံဘက်ကသာ ရှုဖူကိုကုဖို့ဆန္ဒရှိမယ်ဆိုရင် သေချာပေါက် ဆေးရုံက နာမည်ကြီးလာမှာပေါ့...ဆေးရုံဘက်က ရှုဖူကို အခမဲ့ခွဲစိတ်ပေးလိုက်ရင်တော့..."


"ဒါဖြင့် ကြော်ငြာပြီးသားဖြစ်သွားမှာပေါ့လေ...."မုန့်ယွမ်က ရယ်မောလိုက်ရင်း "နျန်နျန် မင်းကတော့ တကယ် စံပဲ....လုံးဝ အထင်ကြီးသွားပြီ"


ယွီနျန်က ဘာမှမရှိတော့သော ခွက်ကိုကိုင်ထားရင်း မျက်လုံးမှိတ်ပြသည် "နည်းနည်းလောက် အကြံပေးလိုက်ရုံလေးပါ "


သိပ်မကြာမီ ရှစ်ရော့က ဖုန်းမျက်နာပြင်ကို ဝမ်ပန်းတစ်သာ ညွှန်ပြလာရင်း "ကြည့်အုံး....ကြည့်အုံး...ဒီဆေးရုံက အရမ်းမိုက်တာပဲ...သူတို့က ရှုဖူရဲ့တာဝန်ခံဆရာဝန်ကို ရှုဖူရဲ့အခြေအနေအသေးစိတ်နဲ့ ဆက်လုပ်ရမယ့်ကိစ္စရှင်းပြပေးဖို့အတွက် ဗီဒီယိုရိုက်ထားဖို့ ပြောထားတယ်.....နောက်ပိုင်း....သူပြောထားတာက သူက ရှုဖူသက်သာလာတဲ့အထိ အခမဲ့ကုသပေးပြီး ဆေးရုံဘက်က တာဝန်ယူဆောင်ရွက်ပေးသွားမယ်တဲ့...တာဝန်ခံပြီးနောက်ပိုင်း အခက်အခဲရှိလာရင်လည်း ဆေးရုံဘက်က ဆက်ပြီးကူညီသွားမယ်ဆိုလား...ကောမန့်တွေကလည်း ဆရာဝန်သဘောကောင်းတယ်ပြောထားတာတွေပဲ....သူတို့ ရေတပ်ဝယ်ထားတာဖြစ်နိုင်တယ်"


မုန့်ယွမ်က ခွက်ထဲက ကော်ဖီပူပူကို မှုတ်လိုက်ရင်း ခံစားချက်ကောင်းနေပုံနှင့် "ကျွတ်..ဒါတော်တော် ကျေနပ်ဖို့ကောင်းတယ်"


ယွီနျန်က ကုန်သွားသည့်ခွက်ကို စားပွဲပေါ်တင်လိုက်ရင်း ခေါင်းစဥ်ပြောင်းလိုက်သည် "အစ်ကိုမုန့် ...အပိုင်း၇ က လွှင့်တော့မှာမို့လား...အပိုင်း၈အတွက် ဆိုရမယ့်သီချင်းကို ကျွန်တော်ရွေးထားပြီးပြီ"


မုန့်ယွမ် "ရွေးထားပြီးပြီလား...မင်းရွေးထားတဲ့နှစ်ပုဒ်က ဘယ်သီချင်းလဲ"


" "လေလွင့်ရွက်ဝါ" နဲ့ "ကြွယ်ကြွေည"အဲ့ဒီနှစ်ပုဒ် "


"လေလွင့်ရွက်ဝါ နဲ့ ကြယ်ကြွေည...."မုန့်ယွမ်မှာ ချက်ချင်း မျက်လုံးပြူးလာပြီး ယွီနျန်ကို စိုက်ကြည့်လိုက်သည် "လေလွင့်ရွက်ဝါက ခက်တဲ့သီချင်းဆိုပေမယ့် ကြယ်ကြွေညက ကရတဲ့သီချင်းမဟုတ်ဘူးလား..မင်းခြေထောက်ကို ပြန်မလိုချင်တော့ဘူးလား"


ယွီနျန်က သက်ပြင်းဖွဖွချလိုက်သည်။ မုန့်ယွမ်ထိုသို့ဖြစ်သွားမည်ကို သူသိနေခဲ့သည်။ သူက ပြုံးလိုက်ရင်း ဆိုသည် "အစ်ကိုမုန့်...ကျွန်တော် ဆရာဝန်ကို မေးပြီးပါပြီ...ငါးမိနစ်ခြောက်မိနစ်လောက် ကလို့ရတာမို့ ကျွန်တော် တောင့်ခံနိုင်ပါတယ်....ကပြီးသွားရင် ဆေးရုံကို သွားစစ်ဆေးမှာပါ....အဆင်ပြေမှာပါ"


မုန့်ယွမ်က မျက်မှောင်ကြုပ်လိုက်ပြီး ကော်ဖီသောက်ရပ်လိုက်ကာ " ငါးမိနစ် ခြောက်မိနစ်...မင်းက စင်ပေါ်မှာ ငါးမိနစ်ခြောက်မိနစ်လောက်ပဲ ကရမှာဆိုပေမယ့် စင်ပေါ်မှာမဟုတ်တဲ့အခါဆိုရင်ရော..


.မင်းက အကသမားတွေ ကကွက်တွေနဲ့လည်း ရင်းနှီးအောင်မလုပ်တော့ဘူးလား...မင်း မလေ့ကျင့်ရတော့ဘူးလား"


"ဟုတ်ကဲ့ ...မလေ့ကျင့်တော့ဘူးလားလို့"


"......"မုန့်ယွမ်၏စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် ထစ်နေ၌ တစ်ခဏမျှ အသက်ရှူလိုက်ရသည်


 "မင်း...မင်းက ပထမနေရာ နဲနဲလောက်ရဖူးတာနဲ့ ဘဝင်လေဟပ်နေတော့တာပဲ...ဟမ်...မလေ့ကျင့်ပဲ rehearsalမလုပ်ပဲ တန်းသွားမယ်ပေါ့...မင်း ကောင်းကင်ဘုံထိတောင် သွားလိုက်ပါတော့လား"


ယွီနျန်က မုန့်ယွမ်၏မှတ်ချက်ပေးနေသည်ကို ချေပပြောဆိုခြင်းမရှိပဲ ခုံတွင်ထိုင်နေရင်း ငြိမ်ငြိမ်လေးနားထောင်နေသည်။


မုန့်ယွမ်က တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက်ထိုင်နေသော သူ့ကိုကြည့်ရင်း ခေါင်းကိုက်လာသည်။ သူ့စိတ်ထဲ ဒါ ငါ့အနုပညာရှင်ပဲ ငါ့အနုပညာရှင်ပဲ ဟုတတွတ်တွတ်ပြောနေပြီး နောက်ဆုံး လေသံကိုထိန်းလိုက်သည် 


"မင်း သေချာလား"


ထိုအခါမှသာ ယွီနျန်က အလေးအနက် စကားပြောလာသည် "သေချာပါတယ်"


"တကယ်လား"


"တကယ်ပါ"ယွီနျန်မျက်လုံးများက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကြောင့် တောက်ပနေသည်


 "အစ်ကိုမုန့်...လွန်ခဲ့တဲ့နှစ်လကတည်းက ကျွန်တော် နေတိုင်း ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တာ...ခြေထောက်နာတာကလွဲရင် ကျွန်တော်အားမထည့်ပဲ မလုပ်ဖူးပါဘူး...ကျွန်တော် တစ်ပုဒ်လုံးပြီးသည်ထိ ကနိုင်မယ်လို့ယုံကြည်တယ်...ပြီးတော့ ဒီတစ်ကြိမ် အကုန်ထုတ်မသုံးလိုက်လို့ ပထမနေရာမရခဲ့ရင် ကျွန်တော် နောင်တရနေတော့မှာ"


အချိန်အတော်ကြာ အလုပ်တွဲလုပ်ပြီးနောက် မုန့်ယွမ်မှာ ယွီနျန်က လူတိုင်းအပေါ် ယဥ်ကျေးသိမ်မွေ့သည့်ပုံစံရှိပုံရသော်လည်း တကယ်တမ်း ခေါင်းအရမ်းမာကြောင်း သိခဲ့ရသည်။


"မင်း သေချာပြီလား"


"သေချာပါပြီ"


"မင်း မတော်တဆလဲသွားရင်ရော...networkတစ်ခုလုံးက မင်းကို လှောင်ကြရင်ရော...နောက်ဆုံးနေရာရသွားရင်ရော...."


"မဖြစ်နိုင်ပါဘူး"


မုန့်ယွမ်က မျက်ခုံးကြောတို့ပြေသွားရကာ အပြုံးလေးနှင့်ဆိုလာသည် 


"အိုကေ..."မဖြစ်နိုင်ဘူး"ဆိုတဲ့ စကားလုံးကို ယုံလိုက်ရုံပေါ့...အစ်ကိုမုန့်က မင်းကို ထောက်ပံ့ပေးမယ်"သူက ထပ်မေးလာသည် "ဘာပဲဖြစ်ဖြစ်...မင်း တကယ်ကြီး နောက်လိုက်အကသမားတွေ မလိုဘူးပေါ့"


ယွီနျန်က ခေါင်းခါပြသည် " မလိုပါဘူး...ကျွန်တော်က ခြေထောက်နာနေတာဆိုတော့ သူတို့နဲ့ မလေ့ကျင့်နိုင်ဘူးလေ...ဒါကြောင့် စင်ပေါ်မှာ ကျွန်တော့်တစ်ယောက်တည်းပဲ ကဖြစ်မယ်"


မုန့်ယွမ်က သူ့မေးစေ့ကို ပွတ်သတ်ထိလာရင်း တန်ဖိုးထားချစ်ခင်သည့် အကြည့်များနှင့် "မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်မှန်းချက်ကြီးတယ်...မင်း ဒီနယ်ပယ်မှာ အတည်တကျဖြစ်သွားမလား အစ်ကိုမုန့်က ကြည့်ရသေးတာပေါ့"


ဝေ့ပေါ်ရောက်နေသည့် ရှစ်ရော့က ကြားဖြတ်ပြောလာသည် "ဟေ့...ဒါကို တစ်ချက်လာကြည့်ကြအုံး...ရှုရွှမ်းအကောင့်နဲ့ ပရိုဂရမ်အဖွဲ့က မက်ဆေ့ချ်ပိုထားတာ ရှုရွှမ်းက ပြိုင်ပွဲကနေ နှုတ်ထွက်သွားပြီတဲ့"


မုန့်ယွမ်က ထိုစကားကြားသော် မအံ့သြမိ "ဒီကိစ္စဖြစ်သွားမှတော့ ရှုရွှမ်းက "သဘာဝရဲ့ သံစဥ် "မှာ နေနိုင်တော့မှာမဟုတ်ဘူး...သူက ကိုယ်ကျင့်တရားနဲ့ပတ်သတ်ပြီး အစွန်းအထင်းရှိတဲ့ အနုပညာရှင်ဖြစ်သွားပြီးတော့ ဥပဒေအရ အရေးယူခံရအုံးမှာ....လောင်ဟယ်က သူမကို ဆက်ထားရအောင် မတုံးသေးဘူးလေ"


ထိုသတင်းထွက်လာပြီးနောက် ဝေ့ပေါ်က တက်ညီလက်ညီပင်။


[ဒါမထွက်ခင်က ဘိုးဘေးဖန်တစ်ယောက်အနေနဲ့ ဒီအမျိုးသမီး နောက်ဆုံးလက်ကျန်အားကို သုံးပြီး မင်ရှီလဲကျအောင် စင်ပေါ်ရေလောင်းအုံးမှာလား တွေးပူနေသေးတယ်...သူထွက်သွားပြီဆိုတော့ စိတ်သက်သာသွားပါပြီ]


[ဖြောင်းဖြောင်းဖြောင်း....ညီမရင်းကိုတောင် သတ်ဖို့ကြိုးစားသူက စင်ပေါ်တက်ဖို့မတန်ဘူး]


[လူတွေအားလုံး boycottတာခံရတဲ့ ကြယ်ပွင့်မျိုးတွေ့ရဖို့က တော်တော်ရှားတယ်...လူတွေက စောင့်ကြည့်နေကြတာ....ဒါကြောင့် အကျိုးသင့်အကြောင်းသင့် လုပ်ကြပေါ့]


ထိုညက "သဘာဝရဲ့ သံစဥ်"လွှင့်ရာ ပရိုဂရမ်အဖွဲ့က ရှုရွှမ်းအပိုင်းကို အကုန်နီးပါးဖြတ်ထားသော်လည်း ပရိုဂရမ်ပြည့်စုံရန်အတွက် ရှုရွှမ်းသီချင်းဆိုသည့်အပိုင်းကို မဖြတ်လိုက်ချေ။တစ်နှစ်စာဖရဲသီးကြီးကြီးကို စောင့်နေကြသည့် အင်တာနက်သုံးစွဲသူများလည်း အချိန်ကိုက်ရောက်လာသည်။ ဗီဒီယိုဝက်ဆိုက်လူအုပ်က များနေ၍ မျက်နှာကိုမမြင်ရချေ။ ထို့ကြောင့် ratingကလည်း တစ်စတစ်စ တက်လာသည်။


ယွီနျန်က နူးနူးညံ့ညံ့ အဖြူရောင်သားမွေးကော်လံဝတ်စုံဝတ်ပြီး ကြက်သွေးရောင်ခေတ်ဟောင်းကတ္တီပါဆိုဖာပေါ်ထိုင်ရင်း တဖြေးဖြေးမြင့်တက်လာသည့် စင်မြင့်ထက်ပေါ်လာသည့်အချိန် လူအုပ်ကြီးမှာ တစ်ခဏမျှရပ်သွားကြပြီး အော်လာကြသည်။


[အား........ငါ သေပြီ...စက္ကန့်ပိုင်းအတွင်း ငါအသတ်ခံလိုက်ရပြီ]


[ဒီမျက်လုံးလေးတွေ...မျက်တောင်လေးတွေ ...မျက်ရည်ခံမှည့်လေးတွေ...မေးစေ့ နှုတ်ခမ်း...ဘုရားရေ....ငါ အောင်မြင်တဲ့တိုက်စစ်ဆိုတဲ့အရာကို နောက်ဆုံးကြုံဖူးသွားပြီ]


[ငါတို့လူတွေက ရွှံ့ကနေညစ်ထုတ်ထားတာ...ဒါပေမယ့် ငါ့ရဲ့မောင်လေးကတော့ ကျောက်စိမ်းကနေ ဂရုတစိုက် ဖြတ်ပြီးထုတ်ထားတာလေ....ငါ့ နှလုံးသားလေး]


ယွီနျန်က ဆိုဖာပေါ်ထိုင်နေရင်း မိုက်ကိုင်ပြီး သီချင်းဆိုလိုက်ချိန် လူအုပ်ကြီးက "ငေးမောရင်း ဒူးထောက်မိပါတယ်"ဆိုသည့် ပုံစံဖြစ်သွားကြသည်။


[ငါ ပိုစ့်တင်လိုက်ချင်တယ် သူသီချင်းမဆိုပဲနဲ့တောင် ဒီမျက်နှာလေးရှိသရွေ့ သူ့ဖန်ဖြစ်နေပြီဆိုပြီးလေ...ငါ့မှာ ပျော်လွန်းလို့ မျက်နှာကို တစ်ဖြတ်ဖြတ်ရိုက်နေရတယ်]


[ဒီမျက်နှာနဲ့ ဒီအသံကတော့ ဘုရားသခင် ချီးမြှင့်ပေးထားတာပဲဖြစ်ရမယ်...ငါ တကယ် စူးစူးဝါးဝါးအော်နေပြီ]


[ငါ အိပ်မက်မက်နေတာများလား...သီချင်းက ယွီနျန်ကိုယ်တိုင် ရေးထားတာတဲ့လေ...အရမ်းတော်တာပဲ...အား...]


[ငါ အဲ့လိုဆိုဖာဝယ်ချင်တယ်...အဲ့လို သားမွေးကော်လံလည်း ဝယ်ချင်တယ်...မတားကြနဲ့]


ရှိုးမပြီးခင် #နှလုံးသားဝယ် မိုးစက်ငယ် # ဆိုသည့် ခေါင်းစဉ်က တိုးတိုက်လာပြီး ယွီနျန်သီချင်းဆိုနေသည့် GIFများလည်း homrpageတွင် အမြန်နေရာယူလာကြသည်။ ဖရဲသီးစားနေသည့်ဖန်များကလည်း စိတ်အားထက်သန်စွာ နေရာတိုင်းတွင် ကြိုးကြိုးစားစားကြော်ငြာပေးနေကြသည်။


သိပ်မကြာ ရွှယ်ယုံကလည်း ဝေ့ပေါ်တွင် အသစ်တင်လာသည်။


ရွှယ်ယုံ [#နှလုံးသားဝယ် မိုးစက်ငယ်# ဟက်...သူက မျက်နှာခွဲစိတ်ဖူးတာဖြစ်မယ်...ဘယ်လိုလုပ် အရမ်းကြည့်ကောင်းနိုင်မှာလဲ]


ရှားမင်ရှီက ရှိုးကြည့်နေရင်း ယွီနျန်နှင့် video callပြောနေသည်ဖြစ်သည်။ သူက ဝေဖန်နေပြီး အကောင့်တုသုံးကာ တရားဝင်ဘလော့မှ ကောမန့်များကို မြှောက်ပင့်ပေးနေ၍ မပြီးမပြတ်နိုင်ဖြစ်နေတော့သည်။


ရုတ်တရက် ရွှယ်ယုံ၏ဝေ့ပေါ်ကို လှန်လှောကြည့်နေရင်း ဒေါသတကြီးဆိုလာသည်


 "နျန်နျန်...ဒီဥက္ကဌရွှယ်နဲ့က ဘာရန်ငြိုးများရှိခဲ့လို့လဲဟမ်...သူက မင်းကို နှောင့်ယှက်နေပြန်ပြီ...အသံပြီးတော့ မျက်နှာကို လာဝေဖန်နေပြန်ပြီ...သူက ပြောတာ မင်းက ပလတ်စတစ်ဆာဂျရီမလုပ်ထားပဲ အရမ်းကြည့်ကောင်းမနေနိုင်ပါဘူးတဲ့...မဟုတ်တမ်းတရားတွေ...သူ့စကားလုံးတွေက မဆိုးဝါးပေမယ့် စိတ်အနှောင့်ယှက်ဖြစ်စရာတွေပဲ"


ယွီနျန်မှာ ဖောင်တိန်ကိုင်ထားရင်း မှတ်စုစာအုပ်ထဲ သီချင်းရေးရသည့် အခြားအလုပ်များလည်း ရှိနေသေးသည်။သူက ရှားမင်ရှီညည်းလာသည်ကို ကြားသော် လက်ချောင်းတစ်ဝိုက် ဖောင်တိန်လှည့်နေရင်း ပြုံးလိုက်သည် "သူက တကယ်ကောင်းပါတယ်"


ရှားမင်ရှီက အံ့သြသွားကာ ကင်မရာနားကပ်လာရင်း စိုးရိမ်တကြီးပြောလာသည် "နျန်နျန်...မင်း ဖိအားတွေများနေတာမို့လား...ဒါကြောင့် စကားတွေရောကုန်တာဖြစ်မယ်..."


ယွီနျန်က ရယ်မောလိုက်သည် ...သူ ဘာပြောနိုင်မည်နည်း။


ထိုအချိန် တံခါးဘဲလ်မြည်လာသည်။ ယွီနျန်က စာအုပ်နှင့်ဖောင်တိန်ကို ချလိုက်ပြီး ထရပ်ကာ တံခါးဖွင့်ရန်သွားလိုက်သည်။ တံခါးတွင်ရပ်နေသည်သူက နောက်ဆုံးတစ်ကြိမ်ကကဲ့သို့ အမည်းရောင်အနောက်တိုင်းဝတ်စုံနှင့်လူဖြစ်နေသည်။ ယခင်ကကဲ့သို့ပင် သူက ဗူးသေးသေးလေးလာပို့သည်ပင်။


သူက ဗူးကိုယူရန် လက်ကမ်းလိုက်ပြီး ဆိုဖာဆီပြန်သွားထိုင်လိုက်သည်။ ဗီဒီယိုထဲတွင်ဖြင့် ရှားမင်ရှီက သိချင်စိတ်နှင့် "စားစရာရောက်လာတာလား"


ယွီနျန်က ဗူးအဖုံးဖွင့်ကြည့်လိုက်ရာ ရှားမင်ရှီက သူ့မျက်နာအမူအရာကို တွေ့လိုက်ရ၍ ပိုပြီးသိချင်လာရသည် "ဝိုး...အထဲမှာဘာလဲ...ဘာလို့ မင်း အရမ်းပျော်နေတာလဲ"


ယွီနျန်က သေသေသပ်သပ်စီထားသော ဗူးထဲက ကွတ်ကီးများကို ငုံ့ကြည့်ရင်း ဂရုတစိုက်စဥ်းစားလိုက်သည်။ သူ၏ အထူးကောင်းမွန်သော ဆက်စပ်တွေးခေါ်နှုန်းကြောင့် ထိုကွက်ကီးလေးများကို အမည်ဖော်နိုင်သွားသည်။ ကွက်ကီးလေးများ၏ ရုပ်ပုံလေးများမှာ ယုန်ရုပ်လေးများ၊သစ်ရွက်၊ပန်းပွင့်၊ငါးသေးသေးလေးများနှင့် ဝက်ဝံလေးများပင်...။


ယွီနျန်က ရှားမင်ရှီ၏အမေးကို ရိုးရိုး

သားသားဖြေလိုက်သည် "ရွှယ်ယုံဆီက အဆာပြေမုန့်"


ရှားမင်ရှီက အလန့်တကြားထရပ်လိုက်ရင်း "သေချာသတိထား...မထိလိုက်နဲ့ နျန်နျန်...ဆာလဖျူရစ်အက်စစ်ဆွေ ဗုံးတွေပါနိုင်တယ်"