အပိုင်း ၃၃
Viewers 10k

Chapter 33

ယွီနျန်....မင်း အဝတ်တွေဝတ်လိုက်စမ်း




ထိုအချိန် ရှားမင်ရှီဘက်မှ တံခါးပိတ်သံတိုးတိုးထွက်လာကာ တစ်ယောက်ယောက်က မေးလာသည် "ဘာ ဆာလဖျူရစ်အက်စစ်တွေ ဗုံးတွေလဲ...ဘာတွေပြောနေတာလဲ ဘေဘီ"


"သေစမ်း...."ရှားမင်ရှီက သူ့မျက်နှာသူရိုက်လိုက်ရင်း အသက်ရှူမဝဖြစ်လာသည် "နျန်နျန်....မင်း ဘာမှမကြားလိုက်ဘူးမို့လား"


ယွီနျန်က ကလိမ်ကကျစ်ပြုံးလိုက်ရင်း ခေါင်းညိမ့်ပြကာ ပြောလိုက်သည် 


"ဟုတ်ပါပြီ...ငါ ဘာမှမကြားလိုက်ပါဘူး...ဘေဘီရှား"


"သောက်ချီး.."


ရှားမင်ရှီက ယွီနျန်ကို အကြည့်မလွဲပဲ အမြန်ပြောလာသည် 


"ငါ့မိဘတွေပြန်ရောက်နေကြပြီ....မပြောနဲ့တော့ မပြောနဲ့တော့ ဖုန်းချလိုက်တော့မယ် good night"


ဗီဒီယိုကောက ကျသွားပြီဖြစ်သည်။ ယွီနျန်က ဖုန်းကို ဘေးတွင်ထားလိုက်ရင်း လက်ထဲရှိခဲတံကို လှည့်လိုက်သည်။ ဘယ်ဘက်လက်နှင့် ကွတ်ကီးယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ ရှားမင်ရှီပြောသွားသည့် ဆာလဖျူရစ်အက်စစ်နှင့်ဗုံးအကြောင်း တွေးမိရင်း ပြန်ရယ်ချင်လာသည်။


အနီးကပ်ကြည့်ကြည့်မှ ထိုကွတ်ကီးများက အတော်လေးချစ်စရာကောင်းသည်ပင်။


နောက်တစ်နေ့မနက်တွင် ယွီနျန်က ဗီဒီယိုကောခေါ်ပြီး ယွီချင်းကို သူရေးထားသည့်သီချင်းနားထောင်စေပြီး မေးလိုက်သည် " ဘယ်လိုလဲ"


"နားထောင်လို့ကောင်းတယ်ဟ" ယွီချင်းက ကြည့်ရအဆင်မပြေသည့် မိတ်ကပ်မပါသည့်မျက်နှာနှင့် ဖြေလာသည်။ မျက်လုံးအောက်ရှိ အပြာရောင်အရိပ်များက သိပ်သည်းနေသည်။


ယွီနျန်က သူမကို သေသေချာချာကြည့်လိုက်ရင်း "အစ်မ...လွန်ခဲ့တဲ့နှစ်ရက်အတွင်း ကောင်းကောင်းမအိပ်ခဲ့ရဘူးလား"


"ဟုတ်တယ်...ငါက ညဘက်ရိုက်ကူးရေး ရိုက်နေရပေမယ့် တောင့်ခံနိုင်ပါတယ်" ယွီချင်းက သူမကိုယ်ကို ပွတ်သပ်လိုက်ရင်း မျက်ခုံးပင့်ပြီးပြုံးလိုက်သည် 


"ဒါပေမယ့် နင် ...အရင်က နင့်မှာ စိတ်မပါသေးဘူးလို့ ပြောခဲ့တာမို့လား...ဘယ်လိုလုပ် ရုတ်တရက် သီချင်းထပ်ရေးလိုက်တာလဲ"


ယွီနျန်က အားနေသည့်လက်နှင့် ကီးဘုတ်ရိုက်ရင်း ပြန်ဖြေသည် 


" မနေ့ညက ကွတ်ကီးနှစ်ခုစားခဲ့တယ်...ပြီးတော့ ရုတ်တရက်ကြီး စိတ်ကူးရလာခဲ့တာပဲ ....ကျွန်တော် မြန်မြန်ဆန်ဆန် ရေးလိုက်တာ...သီချင်းပြီးတဲ့အထိစောင့်...ကျွန်တော် ပြန်နားထောင်ခိုင်းမယ်"


ယွီချင်းက မျက်မှောင်ကြုတ်လိုက်ရင်း အနည်းငယ်အက်ကွဲနေသည့်အသံနှင့် "အိုကေ....အချိန်ယူလိုက်အုံး...ဒါပေမယ့် နင် ကွက်ကီးစားပြီး စိတ်ကူးပေါ်လာတာပေါ့...ဒါဖြင့် အနာဂတ်မှာ နင်သီချင်းမရေးနိုင်တော့ရင် နင့်အိမ်ကို ကွတ်ကီးဗူးတွေ တစ်ဗူးပြီးတစ်ဗူး ပို့ပေးလိုက်မယ်ဟေ့"


ယွီနျန်က ရယ်၍သာနေပြီး ပြန်ဖြေမလာချေ။


မနက်၁၀နာရီထိုးတွင် မုန့်ယွမ်က သူ့ကိုလာကြိုသည်။ ကားမောင်းနေရင်း သူက ယွီနျန်အား ယနေ့အတွက် အစီအစဥ်များကို ပြောပြနေသည်။


"ဒီနေ့ ရှုတင်ပြီးရင် အင်တာဗျူးတစ်ခုရှိတယ်...အချိန်သိပ်မကြာဘူး တစ်နာရီလောက်ပဲ...သူတို့မေးမယ့် မေးခွန်းတွေကို စာရင်းလုပ်ပေးထားတယ်...ထွေထူးမဟုတ်ရင် နည်းနည်းစဥ်းစားပြီးဖြေရုံပဲ...စာရင်းထဲကမဟုတ်ပဲ မေးလာခဲ့ရင် ဖြေဖို့ခက်ခဲနေရင် မင်းဘေးမှာရပ်နေတဲ့ ငါ့ကို အချက်သာပြလိုက်...."


ခဏအကြာ ယွီနျန်က မနက်ပိုင်းက ယွီချင်းပြောခဲ့သည်များကို အမှတ်ရလိုက်၍ ပြောလာသည် "ဒါနဲ့လေ...အစ်ကိုမုန့် ယွီချင်းရိုက်နေတာ ဒါရိုက်တာရှုရဲ့"ရှေးဟောင်းလမ်းမ"လား"


မုန့်ယွမ်က လမ်းဘက်ကိုကြည့်လိုက်ရင်း "ဟုတ်တယ်လေ...လနည်းနည်းတောင်ရှိတော့မယ် ရိုက်လို့မပြီးသေးဘူး...ဘာဖြစ်လို့လဲ"


"ယွီချင်းက ကျွန်တော့်ကို ရုပ်ရှင်အတွက် ကြော်ငြာသီချင်းဆိုပေးဖို့ ကမ်းလှမ်းထားတာ...သူတို့က ကျွန်တော့်ကို ကြိုးစားကြည့်ခိုင်းတယ်"


မုန့်ယွမ်က စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်အားကောင်းသော်လည်း ထိုစကားကြားသော် အံ့သြသွားရသည်။ သူက အရှိန်မတင်ပဲ ရှေ့တည့်တည့်မောင်းနေရင်း အမြန်ဖြေလာသည်


 "ယွီချင်းက မင်းကို ခေါင်းဆောင်နေရာပေးတယ်"


ယွီနျန်က ခေါင်းညိမ့်လိုက်သည် "ဟုတ်တယ်...ကျွန်တော်ကိုယ်တိုင် ဒီအခွင့်ရေးကို လက်လွတ်မခံဖို့ ပြောခဲ့တာ"


"ဒီအခွင့်အရေးက အရမ်းကောင်းတာပေါ့...ဒါရိုက်တာရှုက သူ့ရုပ်ရှင်အတွက် ကြော်ငြာသီချင်းဆိုမယ့် အဆိုတော်ရှာနေတဲ့အကြောင်း ငါသိတယ်...ဒါပေမယ့် မင်းက "သဘာဝရဲ့ သံစဥ်" မှာပဲ ပါဖူးတာလေ...မင်းက hot search တွေရောက် လုံလုံလောက်လောက် အစွမ်းအစရှိပေမယ့် ဒီတစ်ခေါက် ယှဥ်ရမှာက တော်တော်မြင့်တယ်...ဒါပေမယ့် မင်းက ပြိုင်တိုက်ချင်ရင်..."


မုန့်ယွမ်က နေရာအမျိုးမျိုးမှကြားထားသည့် သတင်းများကို စဥ်းစားလိုက်ရင်း အခြေအနေကိုပြောပြလိုက်သည် 


" မင်းမှာ အကြီးဆုံးပြိုင်ဘက်နှစ်ယောက်ရှိတယ်...တစ်ယောက်ယောက်က ယိုယို...ကျန်တစ်ယောက်က ဟယ်ကျွင်းယွီ...သူတို့နှစ်ယောက်လည်း ဒီအခွင့်အရေးကို ရချင်နေကြတာ"


ယွီနျန်က အမှတ်ရသွားသည် "ယိုယိုက...အရင်တုန်းက သူ့မွေးနေ့ကြောင့် hot searchရောက်သွားတဲ့ အဆိုတော်မို့လား"


"မှန်တယ်...သူ့မွေးနေ့ကျင်းပနေတုန်း ဖန်တွေက supportပေးဖို့အတွက် ပိုက်ဆံအဆောက်အအုံကြီးငါးခုဖြည့်ပေးလိုက်တာလေ... ....တခြားအများကြီးရှိသေးတယ် အမှတ်ရစရာတွေ...ဘာပဲဖြစ်ဖြစ် သူ့အရှိန်အဟုန်က တော်တော်ကြီးတယ်"မုန့်ယွမ်က အနောက်ကြည့်မှန်ကို ကြည့်လိုက်သည်။ ယွီနျန်ကို ပြန်ကြည့်လိုက်ရင်း ပြုံးပြီးစလိုက်သည် " မင်းရဲ့ "နျန်ကောင်း၁"က အရမ်းကောင်းတာပဲ"


ယွီနျန်နှုတ်ခမ်းစေ့ပြီး ပြုံးလိုက်သည်ကို ကြည့်ရင်း မုန့်ယွမ်လည်း လိုက်ရယ်လာသည် "ကျွန်တော်မြင်ပြီးပါပြီ..."နျန်ကောင်း"ဆိုတဲ့နာမည်က အတော်လေးကောင်းတယ်..."နျန်ကောင်း"ကို "နျန်နျန်ကောင်း"လို့လည်း ခေါ်လို့ရတယ်လေ နျန်နျန်ကောင်း၂နဲ့ အသံဆင်ပြီး အဓိပ္ပါယ်ပိုရှိတယ်"


သူက စကားလုံး ပြောင်းလိုက်သည် "ဒါကြောင့် ငါစိုးရိမ်တာပဲ...မင်းက အခုမှ အစပဲရှိသေးတာဆိုပေမယ့် မင်းရဲ့ဖန်အင်အားက တော်တော်တောင့်နေပြီ...အဲ့ဒီအချိန်ရောက်တဲ့အခါ မင်းသူ့ကို ပထုတ်လိုက်ရင် မင်းလှည့်လိုက်တာနဲ့ သူ့ဖန်တွေ ဝိုင်းတိုက်လာတော့မှာ"


ယွီနျန်က ခေါင်းခါပြသည် "ကျွန်တော် ဒါကို မကြောက်ပါဘူး...လူတိုင်းလိုချင်တဲ့ အခွင့်အရေးဆိုတော့ ကိုယ့်အစွမ်းအစနဲ့ ကိုယ်တိုက်ရတော့မှာပဲလေ...ပိုစွမ်းတဲ့သူ နိုင်မှာပေါ့"


မုန့်ယွမ်က ယွီနျန်၏မကြောက်တတ်သည့်စိတ်ဓါတ်ကို သဘောကျသည် "ဟုတ်တယ်...အခွင့်အရေးလိုချင်ရင် မတိုက်ပဲနဲ့အရှုံးပေးလိုက်စရာအကြောင်း မရှိဘူးလေ"


သူတို့ စင်နောက်ရောက်သွားစဥ် ရှားမင်ရှီက အရင်ဆုံးရောက်နှင့်နေ၍ ယွီနျန်ကိုမြင်လိုက်သည်နှင့် ပြေးထွက်လာသည်။


ယွီနျန်က ချိုင်းထောက်ပေါ်မှီထားရင်း အနားကပ်လာသည့်သူ့ကို တွေ့လိုက်သည် "ဘေဘီရှား...."


ရှားမင်ရှီ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ့နှုတ်ခမ်းကို လက်နှင့်လာပိတ်သည် "ချီး..."


ယွီနျန်က သူ့မျက်နှာပုံစံကြောင့် ရယ်ချင်လာသည် 


"ဒီနေ့ စောစောလာခဲ့တာလား"


ယွီနျန်က ထိုရှက်စရာနာမည်ပြောင်မခေါ်တော့မှ ရှားမင်ရှီ စိတ်သက်သာသွားသည်


 " အင်တာဗျူးရှိတယ်လေ...မိုးသောက်ချိန်လောက်တုန်းက ငါ့ရဲ့ဘိုးဘွားအေးဂျင့်က ဖုန်းခေါ်လာလို့ ပြန်အိပ်ချင်တာတောင် မအိပ်ရဲဖြစ်သွားတာ"


ယွီနျန်က ရယ်မောလိုက်သည်

 "မင်း အပြစ်ပေးခံရဖူးလို့လား"


"ဟုတ်တယ်"

ရှားမင်ရှီက ယွီနျန့်ပုခုံးကိုပုတ်လိုက်ရင်း သက်ပြင်းချသည်

 "မင်းကမှ ငါ့ကိုနားလည်တာ"


သူက အသံတိုးလိုက်ရင်း "စကားမစပ်....ရှုရွှမ်းက ပြိုင်ပွဲကနေ နှုတ်ထွက်သွားပြီမို့လား...လင်းရှန်းဆိုတဲ့ နောက်ဆုံးတစ်ခေါက်တုန်းက အစားထိုးဝင်လာတဲ့အဆိုတော်လေ....သူ အစက အထုတ်ခံရပြီးသားဆိုပေမယ့် သူက လာပြန်ထည့်ထားတာရော...သူ့အေးဂျင့်က အပျော်လွန်ပြီး ဝေ့ပေါ် hot search တောင် အမြန်ဝယ်လိုက်သေးတယ်...အင်တာနက်မှာလည်း သူ့အကြောင်း ချဲ့ကားပြောထားလိုက်တာများ koi လို့တောင် တင်စားထားလိုက်သေးတယ်"


ယွီနျန်က လင်းရှန်အပေါ် ထင်မြင်ချက်ပြင်းပြင်း ရှိသည်။ သူက ပျော်ပျော်နေတတ်သည့် ပုံစံမျိုးဖြစ်သည်။ သူ သဘောအကျဆုံးအရာက အေးဂျင့်နှင့်ပြိုင်တိုက်နိုင်ပြီး ကောင်းကောင်းကနိုင်ခြင်းကြောင့်ဖြစ်သည်။


ရှားမင်ရှီက ညည်းညူလာသည် 

" ပြောရမယ်ဆို ငါ့မိဘတွေလည်း ရိုက်ကူးရေးလုပ်နေတုန်း လာကြမှာတဲ့....ငါ့အမေကလည်း အထူးလုပ် စိန်မြုပ်မီးလင်းစာတန်းကို ငါစင်ပေါ်တက်နေတုန်း ကိုင်ထားမယ်လို့ ပြောတယ်...ငါမြင်သွားပြီး လန့်သွားမှာတောင်စိုးတယ်"


ယွီနျန်က မျက်လွှာချရင်း ပြုံးသည်

 "မင်း မိဘတွေ လာမှာဆိုတော့ ကောင်းတာပေါ့...ငါ့အဘွားလည်းရှိနေသေးရင် သေချာပေါက် အဘိုးကိုခေါ်ပြီး လာကြည့်မှာ...မီးလင်းစာတန်းတော့ ယူလာမှာမဟုတ်ပေမယ့် ငါ့အဘိုးက စုတ်တံနဲ့ရေးထားတဲ့ နာဖူးစည်းစာတန်းကြီး ကိုင်လာလိမ့်မယ်"


ရှားမင်ရှီက ယွီနျန့်မိဘများမရှိတော့သည်ကို သိထား၍ ပြောလာသည် 


"နျန်နျန်....မင်း သူတို့ကို သတိရလား"


ယွီနျန်က ရှောင်လွဲမနေတော့ "အာ....ငါ သူတို့ကို အရမ်းသတိရတယ်"


သူ့အဘွားဆုံးပြီးနောက်ပိုင်းအချိန်ကို မှတ်မိပါသေးသည် ကမ္ဘာတစ်ခုလုံး အလင်းမဲ့သွားသလိုပင်။ ညလယ်ခေါင်နိုးလာသည့်အချိန်တိုင်း ကမ္ဘာပေါ်တွင် သူတစ်ယောက်တည်းကျန်ခဲ့ပါလားဟု ချက်ချင်းအတွေးဝင်မိသည်။


သို့သော်လည်း သူ့တွင် လုပ်စရာများရှိသည့်အပြင် ပြန်ရှာရမည့် ယဥ်ကျေးမှုအမွေအနှစ်များလည်း ရှိနေသေးသည်။ သူ့ကိုယ်သူ ဝမ်းနည်းမှုနွံထဲ နစ်မြုပ်မနေစေပဲ သတ္တိနည်းသူလည်း အဖြစ်မခံနိုင်ပေ။


အင်တာဗျူးနှင့် rehearsal က ချောချောမွေ့မွေ့ပြီးသွားသော်လည်း မုန့်ယွမ်တွင် စိတ်ပိုင်းဆိုင်ရာအရိပ်ကြီး ကျန်ရှိနေသေးသည်။ ယွီနျန်က စင်ပေါ်ခြေချလိုက်ချိန် ဘေးမှ သူ့ခြေထောက်ကိုသာ တစ်ချိန်လုံးလိုက်ကြည့်နေမိပြီး အလင်းနောက်လိုက်ရင်း ယွီနျန်ပြန်လဲကျမှာစိုးရိမ်နေရသည်။


နောက်ဆုံးပြိုင်ပွဲတွင် ယွီနျန်က မဲနှိုက်ရာ ပထမအလှည့်ကျသည်။ အဝတ်အစားလဲပြီးနောက် စတိုင်လစ်က အိုင်းလိုင်နာပြင်ပေးနေရင်း ဘေးက လက်ထောက်လေးက မေးလာသည် 


"ဒီတစ်ကြိမ်ရော ချန်ပီယံရဖို့ သေချာနေပြီလား"


ယွီနျန်က မျက်လုံးများပိတ်ထားရင်း ပြန်ဖြေလာသည် "ကျွန်တော် အကောင်းဆုံးလုပ်မှာပါ"


"ရှင့်ရဲ့ဖန်တွေအတွက် ဘာများပြောချင်သေးလဲ"


အိုင်းလိုင်နာဆွဲပြီးသည်နှင့် ယွီနျန်က ကင်မရာဘက်လှည့်ပြီး ခေါင်းစောင်းလိုက်ရင်း နှစ်လိုဖွယ်အပြုံးနှင့်ပြန်ဖြေလာသည် 


" မင်းတို့ ဆက်ပြီးသဘောကျသွားစေဖို့ ကြိုးစားပါ့မယ်"


အသက်ပြင်းပြင်းရှူပြီး ရိုက်နေရသည့် ဓါတ်ပုံဆရာက ဤရိုက်ချက်ကိုသာ ထုတ်ပေးလိုက်လျှင် ဖန်များက အကြိမ်တစ်ထောင်မက ရှေ့တိုးလာမည်မှန်း ကြိုမြင်မိသည်။


တစ်ဖက်တွင်လည်း စာကြည့်ခန်းထဲရှိနေသည့် ရွှယ်ယုံက ကွန်ပျူတာဖွင့်လိုက်ချိန် စတူဒီယိုထဲတွင် ကောင်းကောင်းအလှဆင်ထားသောစင်မြင့်တစ်ခု screenပေါ်ပေါ်လာသည်။ အလင်းမီးများအပြည့်မဖွင့်ထားသေး၍ ရှင်းရှင်းလင်းလင်းမမြင်ရချေ။


ချူရှောင်းရန်က သူ့ဘေးက ကုလားထိုင်တွင် ထိုင်နေရင်း ရေသန့်ဗူးမှရေကို သောက်နေသည်။ ရွှယ်ယုံက စင်ဘက်သို့ မမှိတ်မသုန်စိုက်ကြည့်နေသည်ကို မြင်လိုက်၍ တံတောင်နှင့်တိုက်လိုက်သည် 


" ငါပြောပါတယ် ရွှယ်ရှောင်ယုံရေ...ပိုက်ဆံဖြုန်းရမယ့်အချိန်ဆို မင်းက ငါ့ထက်တောင် သာနေသေးတယ်...ပိုက်ဆံတွေအများကြီးသုံးပြီးသွားမှ ရှိုးအဖွဲ့က မင်းကို အချိန်နဲ့တစ်ပြေးညီရိုက်ထားတဲ့ ဓါတ်ပုံလေးပဲပို့လာတယ်...မင်း ရှုံးတယ်လို့ မထင်ဘူးလား"


"မရှုံးပါဘူး...သူ ပထမရတာကို မျက်မြင်တွေ့နိုင်တယ်လေ"


"....." ထိုအချိန် ချူရှောင်းရန်က သူသောက်နေသည့် ရေသန့်ပင် ခါးသလိုခံစားရသည်။


သူမေးတာလည်း မဟုတ်ပဲနဲ့။


ထိုအချိန် ပရိတ်သတ်ကြား အသံကြွတ်ကြွတ်ညံသွားပြီး မှောင်မဲနေသည့်စင်ပေါ် အလင်းတန်းတစ်ခု ထွက်လာသည်။ ထိုအလင်းတန်းက စင်အလယ်တည့်တည့် ဇိမ်ခံခုံများတွင်ထိုင်နေသည့် လူတစ်ယောက်အပေါ်ဖြာကျသွားသည်။


ချူရှောင်းရန်က screenပေါ်ပေါ်နေသည့် ပုံကိုကြည့်လိုက်ရင်း နှစ်စက္ကန့်မျှသတိမေ့သွားသည် " သူ...မီးတွေဖွင့်လိုက်တာနဲ့ သူက ချက်ချင်းခေါင်းမော့ပြီးကင်မရာဘက်ကို လူသတ်ချင်နေတဲ့အကြည့်နဲ့ကြည့်လာတာပဲ"


ရွှယ်ယုံ၏မျက်လုံးလေးများက နူးညံ့နေသည် "လှတယ်"


ချူရှောင်းရန်က တိတ်တဆိတ်မျက်လုံးလိမ့်လိုက်ပြီး ရွှယ်ရှောင်ယုံ...မင်းကတော့ ဝေါဟာရမကြွယ်လိုက်တာများ...။


စင်ပေါ်တွင် ယွီနျန်က ရွှေချည်ထိုးပခုံးပန်းဖွားပါ အဖြူရောင်မင်းသားလေးဝတ်စုံကို ဝတ်ထားလေသည်။ ခြေတံလက်တံရှည်ကြီးများနှင့် ထိုင်ခုံတွင်ထိုင်နေရင်း အထင်တသေးအကြည့်တို့ ပြထားလေသည်။


နေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။


ချူရှောင်းရန်က စကားအများကြီးပြောပြီး အံ့အားသင့်နေသည် " နောက်ဆုံးတစ်ခေါက်တုန်းက ငါ သူ့ကို သီးသန့်စားသောက်ဆိုင်မှာ တွေ့ခဲ့တာ သူက နူးနူးညံ့ညံ့ပုံစံလေးလားလို့...စင်ပေါ်မှာကျ တခြားလူပြောင်းသွားသလိုပဲ...ဒါပေမယ့် တကယ်အံ့သြစရာကောင်းတယ်...မျက်နှာအစိတ်အပိုင်းတွေက ဘာမှမထူးခြားသွားသလိုပဲ...comicတွေထဲက ထွက်လာသလားအောက်မေ့ရတယ်"


ရွှယ်ယုံက အကြည့်ပင်မလွဲနိုင်၍ ခေါင်းမလှည့်ပဲပြန်ဖြေလာသည် "အင်း"


ယွီနျန် ထိုင်ခုံပေါ်မှထရပ်လာသည်ကိုမြင်ပြီးနောက် ချူရှောင်းရန်က သိချင်စိတ်နှင့်အနားတိုးကပ်သွားသည် "ဟေ့ ရွှယ်ရှောင်ယုံ...မင်းရဲ့ယွီနျန်က ခြေထောက်ထိထားတာမဟုတ်ဘူးလား...သူ ဘာလုပ်နေတာလဲ..ဘာကြီး သူ ကတော့မှာလား "


ရွှယ်ယုံက မျက်တောင်ဖွဖွကြုတ်လိုက်ရင်း အနည်းငယ်စိတ်ပူနေသော်လည်း မကြာမီ စိတ်သက်သာသွားသည် "သူလုပ်နေတဲ့အရာကို သူသိပါတယ်"


သီချင်းသံထွက်လာသည်။ ယွီနျန်က စင်ပေါ်ခြေချလိုက်ရာ နောက်ခံမီးအလင်းများတလက်လက်ထွက်လာသည်။ တစ်ဖန် ဒရမ်က စပြီးမြန်မြန်တီးလာ၍ ပရိသတ်က ရင်တမမဖြစ်နေကြသည်။


ခြေထောက်များဖြန့်လျက် ယွီနျန်က မိုက်တိုင်ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။ သူ၏ ရှည်သွယ်သွယ်လက်ဖြူဖြူလေးများက မိုက်ကိုင်လာပြီး နူးနူးညံ့ညံ့မေးရိုးက တဖြေးဖြေးမော့လာကာ စည်းချက်နှင့်အညီ ကြည်လင်သန့်ရှင်းသောအသံနှင့် ပရိတ်သတ်ကို အားပေးလာစေသည်။


အသံအနိမ့်အမြင့် အဖြတ်အတောက်က ကြည်လင်ပြတ်သားစွာ မိုက်ကရိုဖုန်းတိုင်ကိုကျော်ပြီး အနက်ရောင်မိုက်ခွက်ဆီ တည့်တည့်သွားလေသည်။ သီချင်းသံကလည်း မီးတောက်သဖွယ် တဟုန်းဟုန်းတောက်လောင်နေသည်။ လိုက်ဖက်ညီလှစွာ ယွီနျန်၏အကသည်လည်း အားအင်အပြည့်နှင့် ချောမွေ့ညီညာနေသည်။ သူ့ကိုယ်ထဲရှိ ကြွက်သားအဆစ်များမှာ ဂီတသံကြောင့် လှုပ်ရှားလာသည်။ သူက လုံးဝထိန်းချုပ်ခံထားရသလိုပင်။ ရွှေချည်ထိုးပုခုံးပန်းဖွားလေးက တလှုပ်လှုပ်နှင့် မီးအလင်းရောင်အောက် တလက်လက်တောက်ပနေ၍ သူ့နှုတ်ခမ်းစွန်းများကို တွန့်ကွေးလိုက်သည်။


သီချင်းအထွတ်အထိပ်သို့ရောက်သော် ယွီနျန်က ကနေရင်း နာဖူးထက်ရှိချွေးတို့ကို ခါချလိုက်ရင်း အင်္ကျီ၏ရွှေရောင်ကြယ်သီးများကို ဖြုတ်လိုက်သည်။


နောက်တစ်စက္ကန့်တွင် ကကွက်ပြင်းပြင်းကြောင့် ကျဥ်းမြောင်းသောခါး ရင်ဘတ်ဖြူဖြူလေးနှင့်ဝမ်းဗိုက်ချပ်ချပ်လေးတို့မှာ ချွေးတို့သီးနေပြီး ကင်မရာမီးနှင့်ထိတွေ့လာ၍ အနီးကပ်ရိုက်ချက်များနှင့် screenကြီးကြီးပေါ်ပေါ်လာသည်။ ပရိတ်သတ်ဘက်မှ အော်သံစူးစူးများ ထွက်လာလေသည်။


ရွှယ်ယုံ့လက်ထဲမှခွက်ကို ငြိမ်ငြိမ်ကိုင်မထားနိုင်တော့၍ ရေများ ကော်ဇောပေါ်ဖိတ်ကျသွားလေသည်။


ယွီနျန်....မင်း အဝတ်တွေဝတ်လိုက်စမ်း။