အပိုင်း ၆၃
Viewers 12k

🐍Chapter 63


ကံမကောင်းစွာဖြင့်ပင် အမှန်တရားသည် မေမေမော့နှင့် ဖေဖေမော့တို့၏ ယုံကြည်မှုများအား ရိုက်ချိုးပစ်ခဲ့သည်။ နှစ်အနည်းငယ် ကုန်လွန်ပြီးသည့်နောက်တွင် သူတို့၏ မော့လောင်တအပေါ် ထင်မြင်ချက်များမှာ နှစ်အနည်းငယ်ခန့် နောက်ကျခဲ့ပြီး မော့လောင်တမှာလည်း သူတို့နှင့် မတွေ့ခဲ့ရသည့် အချိန်များတွင် များစွာပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သို့တည်းမဟုတ် ဖေဖေမော့နှင့် မေမေမော့တို့သည် မော့လောင်တအား အမှန်တကယ် နားလည်ခဲ့ခြင်းမရှိဟု ပြောလျှင် ပိုမှန်နိုင်မည်။

ဖေဖေမော့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ့စိတ်ထဲတွင် အလွန်ဒေါသထွက်နေသော်လည်း ယခုမော့လောင်တအား ကြောက်ရွံ့သဖြင့် သည်းခံထားရခြင်း ဖြစ်သည်။ မော့လောင်တ ငယ်စဉ်ကပင် ဖေဖေမော့သည် မော့လောင်တအား အလျင်စလို ဆူပူကြိမ်းမောင်းခြင်း မပြုခဲ့ပေ။ ယခုလက်ရှိ မော့လောင်တမှာ ဖေဖေမော့ထက် ပိုမိုအစွမ်းထက် သန်မာနေပြီး ဤနေရာတွင် ရှိနေသည့် မော့မြွေလေးကောင် ပေါင်းလျှင်ပင် မော့လောင်တ၏ ပြိုင်ဘက်မဟုတ်ချေ။

ဖေဖေမော့ တွေးပြီးနောက် ရုတ်တရက် ပြောလာသည်။

“လောင်တ.. မင်း ဒီယင်မြွေနဲ့ တကယ်ပဲ အတူရှိမယ်ဆိုရင် မဖြစ်နိုင်ဘူး.. ဒါပေမဲ့ အရင်ဆုံး မင်းက မြွေမျိုးနွယ်စု ခေါင်းဆောင်ရာထူးအတွက် ကိုယ်စားလှယ်လောင်းအဖြစ် မင်းဆန္ဒအလျောက် စွန့်လွှတ်ရမယ်.. မော့မြွေတွေက ယင်မြွေတစ်ကောင်ရဲ့ လက်တွဲဖော်ဖြစ်တဲ့ မော့မြွေကို မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာဖို့ ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ မင်းသိထားပြီးသားလေ..”

မော့လောင်တ လှောင်ရယ် ရယ်ပြီးနောက် အလျော့မပေးဘဲ ပြောသည်။

“ကျွန်တော် သန်မာနေသရွေ့ မျိုးနွယ်စုခေါင်းဆောင် မဟုတ်တာက ဘာအရေးလဲ..”

မော့လောင်တ၏ စကားများမှာ အတော်လေး ရဲတင်းလွန်းလှသည်။ မော့မျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်မှာ မြွေပွေးမျိုးနွယ်စုအားလုံး၏ မျိုးနွယ်စုခေါင်းဆောင်လည်းဖြစ်သည်ကြောင့် ခေါင်းဆောင်မှာ အစွမ်းအထက်ဆုံး မြွေပွေးဖြစ်သည်။ မော့လောင်တ ဤသို့အဓိပ္ပါယ်ရှိသည်အား ပြောရသည့်အတွက် မျိုးနွယ်စုခေါင်းဆောင်အား လှောင်ပြောင်နေခြင်းဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်သည် မော့လောင်တအား သတ်ကာ အနိုင်ယူနိုင်စွမ်း ရှိသည်။




မော့လောင်တမှာ ယင်မြွေထက်ပိုပြီး မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာရန် ဆန္ဒမရှိသည်ကို ဖေဖေမော့ မမျှော်လင့်ထားခဲ့ချေ။ နားမလည်နိုင်တော့သည် ဖေဖေမော့မှာ မော့လောင်တနောက်သို့ ကြည့်လိုက်သည်။

ငါ့ရဲ့ ထူးချွန်လှတဲ့ သားက အရမ်းတွေ တန်ဖိုးထားရလောက်အောင် ဒီယင်မြွေက ဘာတွေများ အဲလောက်တောင် ကောင်းနေလို့တုန်း..

“တာ့ကော.. မင်းက အဖေ.. အမေနဲ့ ငါတို့ကို ဒီနိမ့်ကျ... ယင်မြွေကြောင့် တကယ် စွန့်ပစ်တော့မလို့လား..”

မော့လောင်စန်းက အော်ပြောလိုက်သည်။

"တာ့ကော... မင်း ဒါကို ရွေးဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် မင်းကို ငါ့ရဲ့ တာ့ကော အဖြစ် အသိအမှတ်မပြုနိုင်တော့ဘူး..."

မော့လောင်တသည် မျက်လုံးများ ကျဉ်းမြောင်းကာ အေးစက်သောလေသံဖြင့် မေးလိုက်သည်။

"မော့လောင်စန်း... မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား..."

မော့လောင်စန်း ရုတ်တရက် တွန့်ဆုတ်သွားသော်လည်း ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်ကို မတ်လိုက်သည်။

“ငါ တာ့ကောကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး... တာ့ကောက အကောင်းဆုံး ကို ရွေးချယ်မယ်လို့ ယုံကြည်ပါတယ်...”

သို့သော် မော့လောင်တ၏အခြေအနေကို ကြားလိုက်ရသည်။

“မင်း သဘောတူသည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ယင်ရှောင်ရှောင်း က ငါ့ရဲ့အနာဂတ်လက်တွဲဖော်ဖြစ်လာမှာ သေချာတယ်...”

မော့လောင်တနောက်ကွယ်တွင် ယင်ရှောင်ရှောင်းသည် မော့လောင်တ ထိုကဲ့သို့ ပြောဆိုနေသည်ကို ကြားလိုက်ရသည်။ အစပိုင်းတွင် သူသည် နားမလည်ပုံဖြင့် ငေးကြည့်နေခဲ့သော်လည်း မကြာမီတွင် မော့လောင်တအား သူ၏အမြီးဖြင့် ထိုးလိုက်သည်။ မော့လောင်တသည် ထိုအရာအား လျစ်လျူရှုခဲ့သည်။

မော့လောင်တ က လေးနက်သောလေသံဖြင့် ဆက်ပြီးပြောသည်။

“ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းမှာမဟုတ်ဘူး.. အခုလည်း မပြောင်းဘူး.. အနာဂတ်မှာလည်း ပြောင်းလဲသွားမှာ မဟုတ်ဘူး.. ကျွန်တော့်နောက်ကွယ်မှာ ညစ်ပတ်တဲ့ လှည့်ကွက်တွေ ကြံစည်တာကို သိခဲ့ရင် ကိုယ်တိုင်ကိုယ်ကျ လာပြီး ဖြေရှင်းတဲ့အခါကျရင်တော့ စိတ်မရှိနဲ့ပေါ့..”

မော့လောင်တ ထိုစကားများအား ပြောပြီးနောက်တွင် ယင်ရှောင်ရှောင်းအား အမြီးဖြင့်ဆွဲကာ ခေါ်သွားလေသည်။

‘မေမေမော့.. ဖေဖေမော့.. မော့လောင်အာနဲ့ မော့လောင်စန်းက ငါ့ကိုကြည့်နေကြတယ်.. ငါလည်းမင်းတို့ကို ကြည့်နေတာနော်.. ဘယ်သူမှ စကားမပြောကြဘူး.. ထွက်လာတဲ့ မော့လောင်တနောက်ကို ဘယ်မြွေကမှ လိုက်မလာကြဘူး.. မိသားစုတစ်စုလုံးရဲ့ မျက်လုံးထဲမှာ ပေါ်နေတဲ့ အကြည့်တွေက ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ရမယ်လို့ လုံးဝမျှော်လင့်ထားပုံမရဘူး..’

မော့လောင်တ ယင်ရှောင်ရှောင်းအား မလွှတ်ပေးမီ အလွန်ဝေးသည့်နေရာသို့ ဆွဲခေါ်ခဲ့သည်။ မော့လောင်တ၏ ခြိမ်းခြောက်သည့်အကြည့်ကြောင့် ယင်ရှောင်ရှောင်းမှာ မော့လောင်တ၏ နံဘေးတွင် နာခံစွာ လိုက်လာခဲ့သည်။

ယင်ရှောင်ရှောင်း သွားနေရင်းဖြင့် မနေနိုင်တော့ဘဲ နောက်သို့လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။

“တဟေးတန်... ဒီလိုမျိုးဆို မကောင်းဘူးလေ...”

မော့လောင်တ၏ မိသားစုမှာ သူ၏မိသားစုနှင့် အလွန်ကွာခြားကြောင်း ယင်ရှောင်ရှောင်း မြင်သော်လည်း နောက်ဆုံးတွင် ၎င်းတို့သည် သူတို့၏ မိဘများနှင့် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ မော့လောင်တသည် သူ့ကြောင့် မိသားစုမှခွဲထွက်လာပါက ယင်ရှောင်ရှောင်းအနေဖြင့် အမြဲတမ်း အပြစ်ရှိသလို ခံစားရလိမ့်မည်။

မော့လောင်တ အနားသို့ရောက်လာပြီး ယင်ရှောင်ရှောင်း၏ နဖူးလေးအား နမ်းလိုက်သည်။ ပြီးနောက် ကျေနပ်စွာဖြင့် ပြောသည်။“အဲဒါက အဆင်ပြေပါတယ်.. တကယ်လို့ ကိုယ်ကသာ စိတ်အားထက်သန်ပြီး သည်းမခံနိုင်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း မပြထားရင် ကိုယ့်မိဘတွေက မင်းနဲ့ ကိုယ့်အကြောင်းကို လေလေးနက်နက် စဉ်းစားဖို့ဆိုတာ မဖြစ်နိုင်ဘူး.. စိတ်မပူနဲ့နော်.. သူတို့ သေချာပေါက် သဘောတူကြမှာပါ..”

ထိုမှသာလျှင် ယင်ရှောင်ရှောင်းမှာ မော့လောင်တသည် အလွန်ရက်စက်ကြမ်းကြုတ်သည့် ပုံစံကို တကူးတက ခံယူထားကြောင်း သိလိုက်ရသည့်အတွက် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

သို့သော် သူ၏ ဖေဖေ၊ ပါပါးနှင့် ကောကောတို့က ဆန့်ကျင်ကြသည့်တိုင်၊ ဖေဖေမော့၊ မေမေမော့၊ မော့လောင်အာနှင့် မော့လောင်ဆန်းတို့သည်လည်း သဘောမတူကြသည့်တိုင် သူ၏နံဘေးတွင် ရှိနေသည့် ဤမြွေနှင့်သာ အတူတူရှိချင်ပြီး သူ့နောက်ဆို့ လိုက်ချင်မိဆဲဖြစ်ပါသည်။ ယင်ရှောင်ရှောင်းသည် သူ့နံဘေးရှိ မော့လောင်တအား လှည့်ကြည့်လိုက်သည်။

‘တဟေးတန်.. ကျွန်တော် သေချာပေါက်တော့ မပြောနိုင်ပေမဲ့ ခင်ဗျားကို သဘောကျနေပြီလို့ ထင်တယ်..’


Chapter 63

"လောင်တ.. လောင်တ.. ခဏစောင့်ပါဦး..."

ယင်ရှောင်ရှောင်းနှင့် မော့လောင်တအကြားရှိ တိတ်ဆိတ်မှုအား အော်သံတစ်ခုမှ နှောင့်ယှက်ခဲ့သည်။ မြွေနှစ်ကောင်မှာ အော်ဟစ်နေသူကို လှည့်ကြည့်လိုက်ကြသည်။ ထိုသူမှာ မော့တာယိပင်။

“လောင်တ.. မင်းအခုမှ ပြန်လာတာကို ထွက်သွားတော့မလို့လား..”

မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့အား ခက်ခက်ခဲခဲဖြင့် လိုက်မီခဲ့သည့် မော့တာယိမှာ အနည်းငယ် အသက်ရှူမဝဖြစ်နေသည်။

“ဟုတ်တယ်...”

မော့‌လောင်တ ဖြေသည်။

“လောင်တ မင်း ပြန်မလာခဲ့တာ နှစ်အတော်ကြာခဲ့ပြီ... ဒီတစ်ခါ မင်းမထွက်သွားခင် ရက်အနည်းငယ်လောက် မနေချင်ဘူးလား...”

မော့တာယိက ပြုံးပြုံးရွှင်ရွှင်ဖြင့် အဆိုပြုသည်။

မော့‌လောင်တသည် တာယိ၏မျက်နှာကို တစ်မိနစ်ခန့် စိုက်ကြည့်လိုက်သည်။ တာယိ ၏မျက်နှာပေါ်ရှိ အပြုံးတစ်ခုလုံး အေးခဲသွားသည်အထိ ငေးကြည့်နေပြီးနောက် မော့‌လောင်တ က ရုတ်တရက်ပြောလိုက်သည်။

“မင်းညီမကို ငါ့လက်တွဲဖော်အဖြစ် သတ်မှတ်မှာ မဟုတ်ဘူး..”

"ဟင်..."

မော့တာယိ၏ မျက်နှာသည် လန့်ဖျပ်သွားပြီး အံ့သြသွားသည်။

"ငါ့ညီမလား... မော့တာအာလား... ဘာတွေဖြစ်နေတာလဲ..."

မော့‌လောင်တ : “မင်း မသိဘူးလား...”

"ဘာသိရမှာလဲ..." မော့တာယိက နားမလည်ဟန်ဖြင့်ပြောလိုက်သည်။

“မင်းရဲ့လက်တွဲဖော်က မင်းအနားမှာရှိတဲ့ ယင်မြွေမလား... ဒါကိုငါသိတယ်လေ...”

“ငါအရွယ်ရောက်လာရင် ငါ့မိဘတွေက မော့တာအာနဲ့ လက်တွဲစေချင်ကြတယ်..”

မော့‌လောင်တ က ရပ်လိုက်ပြီး ထပ်ပြောသည်။

“မင်း အဖေနဲ့ အမေလည်း ဒါကိုသိရမယ်...”

“ငါ့ အဖေနဲ့အမေက ငါ့ကိုမပြောထားဘူး...”

မော့တာယိက ခေါင်းယမ်းလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။

“မင်းကို ငါ့ညီမအတွက် ရက်ပေါင်းများစွာ နေစေချင်တယ်လို့ မင်းထင်နေတာလား...”

မော့လောင်တ ခေါင်းညိတ်လိုက်သည်။

သူ့အနားတွင်ရှိသော ယင်ရှောင်ရှောင်း လည်း ရိုင်းစိုင်းစွာ ခေါင်းညိတ်ပြသည်။

မော့တာယိ : “... ငါက အဲဒီသဘော မဟုတ်ပါဘူး... လောင်တ ငါတို့အတူတူကစားရင်းကြီးပြင်းလာကြတာလေ... မင်းငါ့ကိုယုံလို့ရပါတယ်...”

ယင်ရှောင်ရှောင်း ရုတ်တရက်ကြားဖြတ်လိုက်သည်။

"အတူတူကစားရင်းကြီးပြင်းလာကြတာလား... ခင်ဗျားတို့က အရမ်းရင်းနှီးကြတာလား...”

မော့တာယိ သည် သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်လိုက်ပြီး အလွန်ဂုဏ်ယူနေဟန်ရှိသည်။

“ဟုတ်တယ်.. ငါနဲ့ လောင်တကြားက ဆက်ဆံရေးက အတော်လေး ရင်းနှီးတယ်.. မော့မျိုးနွယ်ထဲက ဘယ်သူမှ မသိကြဘူး..”

ယင်ရှောင်ရှောင်း တွေးပြီး သူ စိတ်ရှုပ်သွားသည့်အကြောင်းကို မေးဖို့ ဆုံးဖြတ်လိုက်သည်။

“အဲဒါဆို မင်းနဲ့ တဟေးတန်က.. မော့လောင်တက ဘာဖြစ်လို့ လက်တွဲဖော်တွေ ဖြစ်မလာကြတာလဲ..”

မော့တာယိ : “…”

မော့လောင်တသည်ရယ်ရမလား၊ငိုရမလားမသိဖြစ်နေသည်။

"အရူးပေါက်လေး... ဟာသမလုပ်နဲ့..."

ယင်ရှောင်ရှောင်း က သူ့အမြီးကိုသုံးပြီး ခေါင်းကိုကုတ်လိုက်သည်။ သူအလွန်စိတ်ရှုပ်နေတုန်းပင်ဖြစ်သည်။

“အတည်ပြောနေတာပါနော်.. အရင်းရင်းနှီးတဲ့ ဆက်ဆံရေးဆိုတာက ကလေးဘဝမှာ အချိန်တွေအကြာကြီး အတူဆော့ကစားရင်း ဖြတ်သန်းလာတာကနေ ဖြစ်လာတာလေ.. အဲဒါကြောင့် အတူတူရှိဖို့ဆိုတာက ယုတ္တိရှိတယ်..”

ဒါက ငယ်ကျွမ်းဆွေတွေလိုမျိုးလေ..

ဥပမာအနေနဲ့ လန်ယိယိပေါ့။ သူတို့က ငယ်ငယ်ကတည်းက အတူတူကစားပြီး ကြီးလာကြတော့ ငါ့ရဲ့ လက်တွဲဖော် ဖြစ်ချင်နေတာလေ.. မဟုတ်ဘူးလား..

ထိုကြောင့် မော့လောင်တနှင့် မော့တာယိတို့လည်း ဤသို့ပင် ဖြစ်သင့်သည်။

မော့တာယိ၏ အမူအရာမှာ အလွန်ကြီးမားသည့် ပြက်လုံးတစ်ခုအား ကြားလိုက်ရသကဲ့သို့ ဖြစ်နေသည်။ သူ့မျက်နှာထက်တွင် အံ့ဩမှုနှင့် ငြင်းဆိုမှုများ ထင်ဟပ်လို့နေသည်။

“လောင်တက သူငယ်ချင်းပါပဲ.. ဟုတ်ပြီနော်.. ငါတို့သာ လက်တွဲဖော်တွေ ဖြစ်လာကြရင် အဲဒါက ပြဿနာရှာတာနဲ့ အတူတူပဲ ဖြစ်သွားလိမ့်မယ်.. ရူးနေမှသာ သူ့ရဲ့လက်တွဲဖော် ဖြစ်ချင်မှာ.. ပြီးတော့ ငါက ရူးနေတာ မဟုတ်ဘူးလေ.. အဲဒီတော့ ဘာကိစ္စနဲ့ သူ့လက်တွဲဖော် ဖြစ်ချင်ရမှာတုန်းကွ.. အဲဒီအပြင်.....”

မော့တာယိ၏ အသံမှာ တဖြည်းဖြည်းချင်း သေးငယ်လာပြီး မော့လောင်တ၏ အေးစက်စက် အကြည့်များအောက်တွင် မှေးမှိန်ကာ ပျောက်ကွယ်သွားတော့သည်။

ကံမကောင်စွာပင် မော့တာယိ၏ စကားများမှာ မော့လောင်တကိုသာမက နားထောင်နေသည့် ယင်ရှောင်ရှောင်းအားလည်း စော်ကားမိသလိုပင်။ ယင်ရှောင်ရှောင်း၏ အသံမှာ ထိတ်လန့်ချောက်ချားဖွယ် ဖြစ်လာသည်။

“မော့တာယိ.. ခင်ဗျား အခုလေးတင် ပြောသွားတာ အရူးမှပဲ မော့လောင်တရဲ့ လက်တွဲဖော် ဖြစ်လာလိမ့်မယ် ဆိုတော့ ခင်ဗျားရဲ့ အမြင်မှာ ကျွန်တော်က အရူးပေါ့ ဟုတ်လား..”

"ဟင်..."

မော့တာယိ၏ စကားများမှာ မည်မျှမသင့်လျော်ကြောင်း ပြန်တွေးမိလိုက်သော်လည်း ကံမကောင်းစွာဖြင့်ပင် အချိန်နှောင်းသွားခဲ့လေပြီ။

“ဟား.. ဟားဟား.. တကယ်က နည်းနည်းလေး ပိုတက်ကြွလာအောင် ဟာသလုပ်လိုက်တဲ့ သဘောပါ.. အလေးအနက်မထားပါနဲ့နော်.. တကယ် အတည်မယူပါနဲ့..”