အပိုင်း ၃၅
Viewers 9k

Chapter 35

ကြည့်စရာဘာရှိလဲ



သိပ်မကြာမီ လင်းရှန်းနှင့် နောက်ထပ်အမျိုးသမီးအဆိုတော် ရွှယ်ယားလင်တို့လည်း နားနေခန်းသို့ ရောက်လာကြသည်။ နောက်ဆုံးအလှည့်ပင် ရောက်နေပြီဖြစ်သည်။ ထွက်သွားရမည့်နေရာဟူ၍မရှိပဲ တစ်ယောက်ချင်းစီက ကိုယ်ပိုင်အဆင့်အတိုင်း သတ်မှတ်ပေးမည်ဖြစ်သည်။ လေးယောက်ကြား လေထုက ငြိမ်သက်နေသည်။


ရှားမင်ရှီက အသံတိုးတိုးလေးနှင် ညည်းညူလာသည် 


" ငါ နောက်ဆုံးမဟုတ်ဖို့ မျှော်လင့်ရတာပဲ...ငါသာ နောက်ဆုံးဆို ငါ့မိဘတွေက သူတို့နာမည်အစစ်တွေနဲ့ ဝေ့ပေါ်သွားပြီး ငါ့ကို ရန်လုပ်တော့မှာ...ငါသေချာပေါက် ရှေ့စာမျက်နှာပေါ်တွေရောက် hot search တွေတောင်ရောက်လို့နေမှာ..."


သူ့ဘေးက လင်းရှန်းကလည်း စိုးရိမ်နေသည်


 " ငါလည်း နောက်ဆုံးမရောက်ဖို့ မျှော်လင့်မိတယ်...ငါ့အဖေက ဒီမှာ ရောက်နေတာလေ...ငါသာနောက်ဆုံးရရင် ငါ့အဖေက သူ့သားအရင်းမဟုတ်ဘူး...လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က အောက်ထပ်က ပန်းခင်းထဲကနေ ကောက်ထားတာဆိုပြီး အိမ်နီးနားချင်းတွေကို ပြောတော့မှာ "


ရွှယ်ယားလင်က အေးစက်စက်ပုံစံနှင့် စကားနည်းသူဖြစ်သည်။ ဤတစ်ပိုင်းရိုက်ကူးရေးပြီးသွားလျှင် သူတို့အားလုံးက ကိုယ်အလုပ်နှင့်ကိုယ် မအားလပ်၍ တစ်ယောက်နှင့်တစ်ယောက်တွေ့ကြရန် ခက်ခဲသွားမည်ကြောင့်ထင် သူမက အနားကပ်လာပြီး အကြံပေးသည်


 " အားလုံးပြီးသွားရင် ညလယ် အဆာပြေစာစားကြရင်ရော..."


လင်းရှန်းက သူ့ပေါင်သူရိုက်လိုက်ရင်း "ဟုတ်ပ...ငါ စင်ပေါ်ကပြီးကတည်းက ဗိုက်ဆာနေတာ" 


သူက ယွီနျန်နှင့် ရှားမင်ရှီတို့ကိုလည်း မေးလိုက်သည်

 " မင်းတို့ရော အတူတူစားကြမလား"

 

ယွီနျန်နှင့်ရှားမင်ရှီက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြရင်း အပြုံးလေးနှင့်ပြန်ဖြေလာသည်


 " သေချာပေါက် ငါတို့လည်း လိုက်မှာပေါ့...ဒါမတိုင်ခင်က အများကြီးမစားထားရဲလို့ အခု ဗိုက်တော်တော်ဆာနေပြီ"


မကြာမီ ရှေ့စားပွဲမှ မဲပေးထားသည့် ရလဒ်ထွက်လာပြီဖြစ်သည်။ လင်းရှန်းက မတ်တပ်ရပ်လိုက်ရင်း ယွီနျန်၏ချိုင်းထောက်ကို ကမ်းပေးလာပြီး ညည်းညူလာသည် 


" ငါက အသားကင်စားချင်တာကို မန်နေဂျာက တင်းကျပ်ထားတာ....အသားကင်စားရင် ဝက်ခြံပေါက်လို့ ကင်မရာရှေ့ ကြည့်ကောင်းမှာမဟုတ်ဘူးဆိုပြီးပြောတာလေ"


ရှားမင်ရှီက အသံတိုးတိုးလေး ပြောလာသည်


 "မကြောက်နဲ့ ဒီညတိတ်တိတ်လေးစားကြတာပေါ့...စိတ်မပူပါနဲ့ မင်းရဲ့လျှို့ဝှက်ချက်ကို ငါတို့ဘယ်တော့မှပြောမှာမဟုတ်ဘူး"


ဤသို့ဖြင့် ရှေ့စားပွဲသို့သွားနေသည့်လမ်းတွင် ရှားမင်ရှီနှင့် လင်းရှန်းတို့က စိတ်လှုပ်ရှားနေခြင်းမရှိပဲ မီနူးအကြောင်း ဆွေးနွေးတိုင်ပင်နေကြ၍ ကြားနေရသည့် staffမှာ အလုပ်မလုပ်နိုင်ပဲ တံတွေးမြိုနေရသည်။


*****


စာကြည့်ခန်းထဲတွင် ချူရှောင်းရန်က ဂိမ်းနှစ်မျိုးကစားနေသည်။ ရလဒ်များကြေညာတော့မည်ကို မြင်လိုက်၍ သူအမြန်ပင် ဖုန်းချလိုက်ပြီး အနားကပ်ရင်းပြောလာသည် " ပထမဆုယွမ်ငါးသန်းက မင်းမိသားစုရဲ့နျန်နျန်လေးဖြစ်မှာကို ငါသိပေမယ့် ဘာလို့ စိတ်လှုပ်ရှားပြီး ငါ့လက်တွေချွေးထွက်နေတာလဲမသိ..."


ရွှယ်ယုံက ယွီနျန်ပေါ်လာသည်နှင့် အကြည့်မလွဲလာတော့ချေ။


"သူက နံပတ်တစ်ဖြစ်မှာ"


ဤတစ်ကြိမ်တွင်ဖြင့် တင်ဆက်သူက အချိန်မဆွဲတော့ပဲ စင်ပေါ်ရောက်သည်နှင့် တတိယနေရာကို ပထမဆုံးကြေညာလေသည်။


""သဘာဝရဲ့ သံစဥ်"ရဲ့ ဒုတိယseasonမှာ တတိယနေရာရသွားတဲ့သူတော့ ရှားမင်ရှီပဲ ဖြစ်ပါတယ်"


ချူရှောင်းရန်က လက်ချောင်းများပွတ်သတ်နေရင်း " runner up က နောက်တစ်ယောက်ဖြစ်မယ်...တင်ဆက်သူက မြန်မြန်လေး မပြောနိုင်ဘူးလား"


တင်ဆက်သူက ဖြေးဖြေးချင်း ကြေညာနေသည်။ ပရိတ်သတ်ဘက်မှ လက်ခုပ်သံများ ငြိမ်သွားချိန် runner up ရွှယ်ယားလင်၏နာမည်ကို ဖတ်ပြပေးလေသည်။


ချူရှောင်းရန်က ရေခဲရေတစ်ငုံထပ်သောက်လိုက်ရင်း စိတ်လှုပ်ရှားဟန်နှင့် " ရွှယ်ယားလင်က အရမ်းလုပ်ဆောင်နိုင်စွမ်းရှိတာပဲ....ငါ့အောက်ကလူတွေပြောတာ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က သူမရဲ့ကုမ္ပဏီဟောင်းနဲ့ စာချုပ်ကုန်သွားလို့ အသစ်ထပ်မချုပ်ပဲ ရှင်းယောင်ကိုလာခဲ့တာလေ...နေအုံး ဟေ့ ဒုတိယနဲ့တတိယကြေညာပြီးပြီဆိုတော့ ယွီနျန်က...."


"" သဘာဝရဲ့ သံစဥ်" ဒုတိယseason မှာ အနိုင်ရသွားတဲ့ ယွီနျန်ကို ဂုဏ်ပြုပါတယ်....သူ့ရဲ့ ထူးခြားပြောင်မြောက်လှတဲ့ အဆိုအကလက်ရာကြောင့် ခြနစ်ပွဲဆက်တိုက် ပထမနေရာရခဲ့သူပဲဖြစ်ပါတယ်...တစ်ချိန်တည်းမှာပဲ ..."


သူက ရလဒ်ကို သိနေသော်ငြား ချူရှောင်းရန်က စားပွဲခုံကို စိတ်လှုပ်တရှားရိုက်ပစ်လိုက်ပြီး ခေါင်းလှည့်လိုက်ချိန် ဖုန်းသာသုံးနေသည့် ရွှယ်ယုံ့ကို တွေ့လိုက်ရသည်


 " မင်း ဘာလုပ်နေတာလဲ"


ရွှယ်ယုံက နှုတ်ခမ်းစွန်းများ ကွေးလိုက်ရင်း " ဝေ့ပေါ်မှာ giveaway ပို့စ်တင်နေတာ"


" ငါအခုချက်ချင်း အရင်ဆုံး forward လုပ်လိုက်မယ်...ငါ နိုင်နိုင်ခြေများအောင်လို့လေ " ဆော့ဖ်ဝဲဖွင့်ပြီး ရွှယ်ယုံ့ဝေ့ပေါ်ကို ဖတ်လိုက်ချိန် ချူရှောင်းရန်က အနည်းငယ် ရက်စက်သလိုခံစားလိုက်ရသည်


 " မင်း....မင်းက ယွီနျန်ပထမနေရာရသွားကို ဂုဏ်ပြုပေးဖို့ ကံကောင်းတဲ့မဲတစ်ခု တင်ပေးခဲ့တာလား...ဒါပေမယ့် တခြားသူတွေ သိမှာမဟုတ်ဘူးလေ"


ရွှယ်ယုံက ပေါ့ပေါ့ပါးပါးပြောလာသည် 

" သူသိနေသရွေ့ ကိစ္စမရှိဘူး..."


*****


ရိုက်ကူးရေးပြီးသွား၍ ဟယ်ချိုးပိုင်က အတူတူစုပြီး ညစာစားပွဲလုပ်ကြရန် ပြောလာသည်။ ယွီနျန်နှင့်အခြားသူများက သူတို့ကိုယ်တိုင်မသွားတော့ပဲ အုပ်စုလိုက် အတူတူသွားလိုက်ကြသည်။


ရှားမင်ရှီက ယွီနျန်၏ကားပေါ်တက်လိုက်ရင်း အနောက်ခုံတွင်ဝင်ထိုင်ပြီး ဖုန်းပြောနေသည်


 " အမေ...ကျွန်တော် သိတယ် သိတယ်လို့...အရက်အများကြီးမသောက်ပါဘူး...ကယ်လိုရီများတဲ့အစာတွေ အဆီများအစာတွေ မစားပါဘူး...ဘေဘီလို့ ဆက်မခေါ်ပါနဲ့တော့...ကျွန်တော် အသက်နှစ်ဆယ်ရှိပြီဗျ..."


ဖုန်းချလိုက်ရင်း ရှားမင်ရှီက သောကများနေသည့်မျက်နှာနှင့် ခေါင်းကုတ်လိုက်ရင်း "အား...ငါ့အဖေက ဒီအပိုင်းကို လွှင့်ရင် ငါဆုရလို့ ဝေ့ပေါ်မှာပို့စ်တင်မှာတဲ့ကွာ...ငါက တတိယနေရာလေးပဲရတာကို ဘာကိုကျင်းပနေအုံးမှာလဲ.....ပြီးတော့ သူက ဝေ့ပေါ်မှာပို့စ်တင်အုံးမယ်...ငါ့အမေကသာ forwardလုပ်လိုက်ရင် ဟိုဦးလေးတွေ အန်တီတွေ သူတို့ဖန်တွေလည်း...."


ထိုင်ခုံတွင် မှီထားရင်း တတွတ်တွတ်ပြောနေသည် " နျန်နျန်...ပြီးသွားပြီဆိုတော့ ငါhot search ကိုရောက်ဖို့ ဒါကို သုံးလို့ရတာပဲနော့"


ယွီနျန်က ရေခွက်ကိုင်ထားရင်း ပြုံးပြသည် 

" ကောင်းတာပေါ့...သူတို့က မင်းကို အရမ်းချစ်ကြတာလေ"


အဘိုးနှင့်အဘွားသာ ရှိနေသေးလျှင် သူတို့လည်း ရှားမင်ရှီ၏မိဘများကဲ့သို့ ဖြစ်နေမည်မှန်း တွေးမိသည်။ ဘယ်အချိန်ရှိနေရှိနေ သူတို့မိတ်ဆွေဟောင်းတွေကို ကြွားနေတော့မှာပဲလေ...။


ရှားမင်ရှီက သူ့မျက်နှာကို ပုတ်လိုက်ရင်း " မေ့လိုက်တော့...မျက်နှာပန်းရှုံးတာ ရှုံးတာပဲ....ငါကလေးတုန်းက ငါ့ဖင်ပြောင်ပြောင်နဲပုံကို သူတို့က ဝေ့ပေါ်မှာတင်လိုက်ကြတာလေ...ပြီးတော့ ငါ့ရဲ့ဘိုးဘွားဖန်တစ်ယောက်ချင်းစီမှာလည်း အဲ့ဒီပုံရှိတယ်...ဒီတစ်ကြိမ် သူတို့နဲ့ ပွဲလုပ်ရရင်လည်း ဘာဖြစ်လဲ"


သူက ပြောနေရင်း ဖုန်းထုတ်ကာ သူ့မိဘများ၏ဝေ့ပေါ်မှ တစ်ခုခုထူးခြားမှုရှိမရှိ ကြည့်လိုက်သော်လည်း သူပထမဆုံးတွေ့လိုက်သည်က " နျန်နျန်...မင်းကို အမြဲတမ်းအပုပ်ချနေတဲ့ ရွှယ်ယုံက giveaway ပိုစ့်တစ်ခုတင်ထားတယ်ရော"


"ရွှယ်ယုံလား..."


"ဟုတ်တယ် သူ.." ရှားမင်ရှီက သေသေချာချာကြည့်လိုက်ရင်း "ညနေ ဆယ်နာရီနောက်ပိုင်းမှာ တင်ထားတာ...အဲ့ဒီအချိန်တုန်းက ငါတို့ရှိုးက ရိုက်ကူးရေးလုပ်လို့မပြီးသေးဘူးလေ...ငါတို့ ဆုယူနေတဲ့အချိန်ဖြစ်မယ်..ဝိုး...အများကြီးပဲ ပိုက်ဆံပစ်ပေးနေတာမဟုတ်ဘူးလား...ဒါပေမယ့် ပိုစ့်အကြောင်းအရာက အရမ်းတိုလွန်းတယ်...စကားလုံးတစ်လုံးတည်း ...ဂုဏ်ပြုပါတယ်တဲ့...ဘယ်သူ့ကို ဘာအတွက်လို့မပြောထားဘူး...သူ့ဝေ့ပေါ်က လူတိုင်းခန့်မှန်းနေကြတာ..."


ယွီနျန်က အနည်းငယ် အံ့သြသွားသည်။


သူက ထိုစကားလုံးနှင့်ဆက်စပ်နေမည့် မှတ်ဥာဏ်တို့ကို ပြန်လည်စဥ်းစားလိုက်ရသည်။ သူက clubhouse ကော်ရစ်တာတွင် တိုက်တိုက်ဆိုင်ဆိုင်တွေ့စဥ်ကလည်း " ပထမနေရာရလို့ ဂုဏ်ပြုပါတယ်" ဆိုပြီး ရွှယ်ယုံက ပြောခဲ့သည်။ သီးသန့်စားသောက်ဆိုင်တွင် တွေ့စဥ်ကလည်း " ဂုဏ်ပြုပါတယ်" ဆိုပြီး ရွှယ်ယုံက ပြောခဲ့သည်။ ချိုင်းထောက်နှင့် သူလဲကျမလိုဖြစ်စဥ်ကလည်း ရွှယ်ယုံက ကူပြီးထိန်းပေးခဲ့ကာ ပြိုင်ပွဲရလဒ်အကြောင်းပြောချိန် ရွှယ်ယုံက " ဂုဏ်ပြုပါတယ်" ဆိုပြီး ထိုစကားပြောခဲ့သည်။


ယွီနျန် ပထမရလို့ ဂုဏ်ပြုပါတယ်။


ရုတ်တရက် ပြတင်းပေါက်ဘက် ခေါင်းလှည့်လိုက်ရင်း ယွီနျန်က မျက်လွှာချပြီးပြုံးလိုက်မိသည်။


နောက်တစ်နေ့ နေ့လည်ပိုင်းတွင် ယွီနျန်က ပြန်လည်စစ်ဆေးရန်အတွက် ဆေးရုံသို့သွားလိုက်သည်။ မုန့်ယွမ်က စိုးရိမ်နေ၍ သူက လမ်းတစ်ဆုံးထိ လိုက်ခဲ့လေသည်။ ဆရာဝန်က ဘာမှမဖြစ်သွားဟု ပြောလာမှသာ စိတ်အေးသွား၏။


ဆေးရုံမှထွက်လာပြီးနောက် မုန့်ယွမ်က ကားမောင်းနေရင်း ယွီနျန့်ဘက် စကားပြောလာသည် 


" မနေ့က လောင်ဟယ်က မူးမူးရူးရူးနဲ့ ငါ့ကိုဘေးဆွဲထားပြီး မင်းကိုချီးကျူးနေတာလေ...မင်းက တိုးတက်မြန်တယ် တစ်ယောက်တည်း ရှင်သန်နိုင်တယ်လို့လည်း ပြောနေတာ မင်းသူ့ကို သတိပေးတဲ့ဟာက hot search ရောက်သွားတာတွေ့ပြီး မင်းမှာ တောက်ပတဲ့အနာဂတ်ရှိတယ်လို့လည်း ပြောနေတာ"


သူ့အသံအနေအထားက ပြောင်းလာရင်း " မင်း ဒီတစ်ကြိမ်လေးပဲ ကရမှာလို့ ပြောလို့သာ ...ကံကောင်းလို့ ဘာမှမဖြစ်သွားတာနော် တစ်ခုခုသာဖြစ်ကြည့် မင်း နောင်တရနေရမယ်မှတ်"


ယွီနျန် သဘောတူလာသည်ကို မြင်၍ မုန့်ယွမ်က အနာဂတ်တွင်လည်း ထိုအခြေအနေမျိုး ကြုံတွေ့ရပါက ထိုအတိုင်းပဲဖြစ်နေမည်ဖြစ်ကာ ပို၍ပင် ခေါင်းမာနေနိုင်ကြောင်း တွေးမိသည်


 " မေ့လိုက်တော့ မေ့လိုက်တော့...ငါ ပါးစပ်ပေါလာတယ်လို့ပဲ ခံစားရတယ်"


ယ်ီနျန်က အပြုံးလေးနှင့်ဖြေလာသည် " သေချာပေါက် မဟုတ်ပါဘူး"


"ငါ မင်းကို ယုံမယ်ထင်လား" 


မုန့်ယွမ်က ဆိုလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတို့ ကော့ညွတ်ပြုံးလိုက်ရင်း " စကားမစပ်...ဒါရိုက်တာရှုက ငါ့ကိုဆက်သွယ်လာတယ်...ကြောငြာသီချင်းအတွက် အစမ်းအဆိုပြိုင်ပွဲက အောက်တိုဘာ ၁၁တဲ့...အဲ့တာမတိုင်ခင် မင်း အိမ်မှာ ကောင်းကောင်းဂရုစိုက်ပြီးနေရမယ်နော်...ခုန်ပေါက်မနေနဲ့...ခြေထောက်က အရေးကြီးဆုံးအရာမို့လို့ သေချာဂရုစိုက်...နားလည်လား"


ယွီနျန်က အရေးကြီးသည့်အရာကို သိ၍ ခေါင်းညိမ့်ပြလာသည်


 " နားလည်ပါပြီ"


"အဲဒါ ကောင်းတယ်..."သဘာဝရဲ့ သံစဥ်"က ပိုက်ဆံယွမ်ငါးသန်းကို မင်းအကောင့်ထဲ ထည့်ပြီးသွား

ပြီ .....ဥက္ကဌချူကိုယ်တိုင်ပြောတာ ကုမ္ပဏီဘက်က ဆုကြေးငွေကို ဖြတ်မစားထားဘူးတဲ့...ရှင်းယောင်liveလွှင့်တဲ့ဆီကနေရတဲ့ ပိုက်ဆံကလည်း နှစ်ရက်အတွင်းရလာမှာ...မင်းရဲ့အကောင့်ကို ကြပ်ကြပ်ကြည့်နေရမှာပဲ"


ယွီနျန်က ပျော်ပျော်ရွှင်ရွှင်ပြုံးနေပြီး ခံစားချက်ကိုဖုံးကွယ်မထားမှန်း တွေ့လိုက်၍ မုန့်ယွမ်က စတီယာရင်ကို ပုတ်လိုက်ရင်း "ပျော်တယ်ပေါ့"


ယွီနျန်က " အင်း "ဟု ပြောလာသည်။ 


" ကျွန်တော် အရမ်းကို စိတ်ပျော်နေတယ်"


မုန့်ယွမ်ကလည်း ရယ်မောလိုက်ရင်း ပြောလာသည်

 " အိုကေ...ဘာပဲဖြစ်ဖြစ်ပါ တစ်ဆင့်ချင်းလှမ်းကြတာပေါ့....ငါးနှစ်အတွင်း ပိုက်ဆံယွမ်သန်း၂၀၀ ဝင်ရမယ်ဆိုတဲ့ မင်းအိပ်မက်လည်း မှန်လာနိုင်တာပဲလေ"


အိမ်ပြန်လာပြီးနောက် ယွီနျန်က စွပ်ပြုတ်တည်ရန် မီးလေးဖိုလိုက်သည်။ ပြီးသွားစဥ် သူက အသက်တစ်ရှိုက်စာအတွင်း ရက်ပေါင်းများစွာ စဥ်းစားထားသည့် သီချင်းစာသားများ ရေးချလိုက်ပြီး ပြန်မစစ်တော့ပဲ ယွီချင်းဆီပို့ပေးလိုက်သည်။


ယွီချင်းက ဖုန်းအမြန်ဖြေလာသည်။ သူမအသံက ငြိမ်မနေသော်လည်း ကျေနပ်နေသည့်အသံနှင့် ဆိုလာသည်


 " နျန်နျန်...ဒီသီချင်းစာသားတွေရေးဖို့ နင် ဘာဆေးများစားလိုက်တာလဲ...ငါ အခုချက်ချင်း အသံသွင်းစတူဒီယိုထဲ ဝင်လိုက်ဖို့ မစောင့်နိုင်တော့ဘူး"


ယွီနျန်က ပျော်ရွှင်စွာနှင့် " မြှောက်နေပါပြီ"


ယွီချင်းက တဟားဟားအော်ရယ်လိုက်ရင်း " အဲဒါတကယ်ကောင်းတာ...နင် အရင်ကရေးခဲ့တဲ့တာထက်စာရင် တကယ်တိုးတက်လာခဲ့တာ...ငါ ရိုက်ရမယ့် ဇာတ်ဝင်ခန်းနှစ်ခုရိုက်ပြီးတာနဲ့ ပရိုဂျူဆာတွေကို ပြလိုက်မယ်...သူတို့ချက်ချင်း လက်ခံလိုက်မယ်ဆိုတာ ငါမှန်းနိုင်တယ်"


ယွီနျန့်အသံက အေးအေးဆေးဆေးပင် " သူတို့လက်ခံပေးရင် ကောင်းတာပေါ့ဗျာ"


ယွီချင်းက အလိုမကျဟန်နှင့် " နင့်ရဲ့အသံကိုနားထောင်ရတာ....နျန်နျန်...ပိုက်ဆံပြတ်နေပြန်တာလား"


ယွီနျန်က ပွင့်ပွင်လင်းလင်းပြောလာသည် " မပြတ်သေးပါဘူး..."သဘာဝရဲ့ သံစဥ်"က ဆုကြေးငွေနဲ့ လိုက်လွှင့်တဲ့ဆီကနေလို့ရတဲ့ပိုက်ဆံ ဒီနှစ်ရက်အတွင်းရမှာ...ဒါပေမယ့် သုံးရအုံးမှာပါ"


"နင် တစ်ခုခု ထပ်ဝယ်အုံးမလို့လား...ဒါနဲ့နော် နျောင်းဘာကျောက်စိမ်းအရက်ကရားဆိုလား နိုင်ငံခြားမှာ လေလံတင်တဲ့ဟာလေ...ဆန်းကြယ်တဲ့ဝယ်သူတစ်ယောက်က ဝယ်သွားတယ်ဆိုတဲ့သတင်း ကြားလိုက်တာ...နင် မို့လား"


"ယိုနျောင်းမင်ကျောက်စိမ်းအရက်ကရားပါ..." ယွီနျန်က နာမည်ကို သေချာပြောလိုက်ပြီး ပြန်ဖြေလာသည် 


" ကျွန်တော်ပါ...ဦးလေးရုန်သတင်းပေးခဲ့ပြီးတော့ သူပဲ ပြန်ယူလာနိုင်အောင် ကူညီပေးခဲ့တာ"


ယွီချင်းက စက္ကန့်အနည်းငယ်မျှ တိတ်သွားသည် " ရှင်းယောင်နဲ့စာချုပ်ချုပ်ထားတဲ့ ပိုက်ဆံကရော..." သဘာဝရဲ့ သံစဥ်"ရှိုးပွဲက ဆုကြေးကရော...နင်စုထားတဲ့ သီချင်းရေးထားတဲ့ပိုက်ဆံတွေကရော ဟဲ့"


ယွီနျန်က သွက်သွက်လက်လက်ပြန်ဖြေလာသည် " ဟုတ်တယ်...လေလံဆွဲလိုက်ပေမယ့် ကံကောင်းလို့ပိုက်ဆံလောက်တယ်...မဟုတ်ရင် ချောချောမွေ့မွေ့ပြန်ဝယ်နိုင်မှာမဟုတ်ဘူးရယ်"


"ပစ္စည်းကရော"


"မီခံသေတ္တာထဲမှာ"


ယွီချင်းက တစ်ခုခုပြောချင်သေးသော်လည်း တုံ့ဆိုင်းသွားပြီး " ငါ ဒီစကားတွေ အထပ်ထပ်ပြောရတာလည်း ပင်ပန်းနေပြီ...နင့်ကိုယ်နင် သိမှာပေါ့" သူမက တည်တည်ငြိမ်ငြိမ်နှင့် " နောက်ပိုင်း ငါ ပရိုဂျူဆာနဲ့ စကားပြောကြည့်တဲ့အခါ စျေးများများပေးဖို့ ညှိကြည့်မယ်...နင့်ပါးစပ်ဟလာမှာမဟုတ်ဘူးဆိုတာ သိပေမယ့် နင်ပိုက်ဆံပြတ်တဲ့အခါ ငါ့ကိုပြောဖို့သတိရ..."


ယွီနျန်က အပြုံးလေးနှင့်ပြောလာသည်

 " အစ်မ...ကျေးဇူးတင်ပါတယ်"


"ကျေးဇူးတင်တယ်....ဘာကို ကျေးဇူးတင်တာလဲ....ကြော်ငြာသီချင်းအတွက် နင်အကောင်းဆုံးအားထုတ်ပြီး ရေးထားတာလေ နင်အရွေးခံရရင် စျေးနှုန်းကို ငါပြောကြည့်ပေးမှာမဟုတ်တော့ဘူး...နင့်ရဲ့အေးဂျင့်နဲ့ ကောင်းကောင်းလုပ်မှပဲရမယ်"


"နားလည်ပါပြီ"


အောက်တိုဘာ၅ရက် ညရှစ်နာရီတွင် "သဘာဝရဲ့ သံစဥ်" ဒုတိယseason၏ နောက်ဆုံးပိုင်းကို လွှင့်ပေးမည်ဖြစ်သည်။ မူလက " သဘာဝရဲ့ သံစဥ်"ဒုတိယseason၏ အစမှအဆုံးထိ ကောင်းသည်ဆိုးသည်မရှိ လူကြိုက်များပြီး အပတ်စဥ်တိုင်းလည်းထုတ်လွှင့်ပေးသဖြင့် top searchဝင်လေ့ရှိသည်။

ပရိုဂရမ်အဖွဲကလည်း trending searchsနှစ်ခုကို ပိုက်ဆံများစွာသုံးဝယ်ထားပြီး တစ်ရက်နှစ်ရက်အတွင်း ထိုစာရင်းတွင်ရှိနေ၍ ဆက်ပြီးထိုအတိုင်းဝင်ထားနိုင်ရန် မျှော်လင့်ရသည်။ တရားဝင်ဘလော့ဂ်ကလည်း ယွီနျန်အပါအဝင် အဖွဲ့ဝင်လေးယောက်လုံး၏ စက္ကန့်၂၀စာ ဗီဒီယိုအတိုလေးထုတ်ပေးထား၍ homepageတခွင် တစ်အုံနွေးနွေးပင်။ 


ဟယ်ချိုးပိုင်က ရုံးခန်းထဲတွင် ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်နှင့် မုန့်ယွမ်ကို မေးလာသည်


 " လောင်မုန့်...မင်း စိတ်မလှုပ်ရှားဘူးလား"


မုန့်ယွမ်က ဘီယာနှင့်အသားကင်စားနေပြီး ထူးထူးဆန်းဆန်းပြောလာသည် 


" ငါ့အနုပညာရှင်က ရှစ်ပွဲလုံးပထမရလာခဲ့တာလေ ...အခုမှ စိတ်လှုပ်ရှားစရာဘာရှိလို့လဲ"


“……”ဟယ်ချိုးပိုင်က ပါးစပ်ပိတ်သွားရသည် ။ကြည့်ရတာတော့ အမှန်တွေပြောနေပုံပဲ...


သူက ဆိုဖာပေါ်ထိုင်လိုက်ရင်း ဘီယာတစ်ဗူးဖောက်လိုက်သည်


 " ဒီအပိုင်းက ကြည့်ရှုသူ သေချာပေါက် တက်လာမှာဆိုပေမယ့် ဘယ်လောက်လောက်တက်သွားမလဲတော့ ငါမသိဘူး"


မုန့်ယွမ်က သူ့ကို အာလူးမီးဖုတ်တုတ်ထိုးနှစ်ချောင်း ကမ်းပေးလိုက်ရင်း မျက်ခုံးပင့်လာသည်


 " သုံးအောက်မရောက်ဘူးဆိုရင် လောင်ဇီက သုံးရက်လုံး မင်းကို အဖေလို့ ခေါ်မယ်"


ဟယ်ချိုးပိုင်က သူ့ပေါင်ကိုပုတ်လိုက်ရင်း ကျယ်ကျယ်လောင်လောင်ရယ်မောလိုက်သည် 


" အိုကေ....မင်းက ဒီလိုပြောမှတော့ သုံးအောက်မကျဘူးဆို ငါလည်း ပျော်ရတာပေါ့...စားပွဲဆယ်လုံးစာ စားသောက်ပွဲကြီးပြင်ပြီး မင်း အဖေလို့ခေါ်တာ ကြားချင်သေးရဲ့"

 

မုန့်ယွမ် :"......"


(ဒါက စကားမှားပြောမိတာထင်တာပဲ )