အပိုင်း ၃၆
Viewers 9k

Chapter 36



ရှိုးပွဲ၏ပထမဆုံးမိနစ်အနည်းငယ်တွင် ပရိသတ်များက အတင်းလေးပြောလိုက် မုန့်လေးစားလိုက်နှင့်ပင်။ ကြည့်ရှုသူနှုန်းက သိပ်အရုပ်မဆိုးလှသော်လည်း အတက်အကျ ငြိမ်နေသည်။


လိုက်ကာဆွဲလိုက်ပြီး အစီအစဥ်တင်ဆက်သူက စင်ပေါ်ရောက်လာချိန် ဟယ်ချိုးပိုင်က တစ်ကျိုက်တည်းနှင့် ဘီယာတစ်ဝက်ခန့်ကုန်သွားပြီဖြစ်သည် " ကြည့်ရှုသူနှုန်းသာ သုံးထက်ကျော်သွားရင် မင်းကို အသားကင်နှစ်တစ်ဝက်စာ ဝယ်ကျွေးမယ်...ကြည့်နေ"


"ဒါရိုက်တာဟယ်...တက်သွားပြီ" 


အချိန်နှင့်တပြေးညီတက်လာသော ကြည့်ရှုသူနှုန်းကို ကြည့်လိုက်ရင်း ဘေးကလက်ထောက်လေးက စားပွဲပုတ်ပြီးပြောလာသည်


 " နံပတ်၁...ကျွန်တော်တို့ အခု နံပတ်၁ရောက်တော့မယ်"


ဟယ်ချိုးပိုင်မျက်နှာက အပျော်လွန်နေသည်။ သူက နောက်ထပ်ဘီယာတစ်ဗူးဖောက်လိုက်ရင်း နှလုံးခုန်သံမငြိမ်တော့ချေ " သုံးကိုကျော်ဖို့ မျှော်လင့်ချက်ရှိပြီ"


မုန့်ယွမ်က နရိုးပိုင်းကို စားပြီးသွား၍ မေးရန်အခွင့်ရေးရသွားသည် " မင်းသာ တကယ်သုံးကို ကျော်နိုင်ရင် ယွီနျန့်ကို စာအိတ်နီပေးရမယ်"


ဟယ်ချိုးပိုင်က လက်ယမ်းပြလိုက်ရင်း " ထူထူကြီးကို ပေးအုံးမှာ"


အခြားကွန်ပျူတာတစ်ခု၏ screenပေါ်တွင် ယွီနျန်က အမြင့်သံအဖွင့်နှင့်စဆိုနေပြီဖြစ်သည်။ ရုပ်ထွက်ကောင်းစေရန် အရှည်အမြင့်ကိုပြင်ထား၍ ကြည့်ရနေရာတကျဖြစ်သည်။ မီးရှူးမီးပန်းများထွက်လာပြီး သီချင်းသံနှင့်လိုက်ဖက်ညီနေသည့် ပရိတ်သတ်ဘက်ကိုပါ ရောက်သွား၍ လူအုပ်ကြီးမှာ တစ်စက္ကန့်တွင်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။


[အား......နျန်နျန်လို့ခေါ်မယ်နော်...ငါ သောက်ရမ်းရူးသွပ်သွားပြီ...သူ့ကို တကယ်ချစ်လိုက်တာ]


[ရှောင်နျန်ကောင်းက သတင်းပို့ပါတယ်...အဖွင့်ကို လွဲသွားတော့မလို့ ...ဒီဥရောပအကြီးအကဲလိုဝတ်စုံက အရမ်းလှတာပဲ...အား ငါအော်ပဲအော်နိုင်တော့တယ်]


[ ငါ ကန်းတော့မှာပဲ နျန်နျန်...မင်း ကြီးလာတာနဲ့ချက်ချင်း ကြယ်သီးဖြုတ်လိုက်လို့ရပါတယ် ...ဒီမေမေက မြန်မြန် ကြယ်သီးတပ်ဖို့ အမိန့်ပေးနေတာပါ]


[ဟားဟားဟား...ဒါ နောက်ဆုံးတစ်ခေါက် အင်္ကျီမချွတ်နိုင်လို့ ရှက်သွားတာကို ဆေးကြောပစ်ချင်တဲ့သဘောလား...Lol]


[သူက တောက်ပနေတာပဲ...ဒီ ခါးလေးတွေ ခြေထောက်လေးတွေ ...ငါss ရိုက်တာ မရပ်နိုင်တော့ဘူး...သူက သောက်ရမ်းကြည့်ကောင်းတာပဲ...ငါ ကန်းတော့မယ်ဟေ့]


သူ့ဘေးက လက်ထောက်လေးကလည်း စိတ်လှုပ်တရှားပြောလာသည်


 " ဒါရိုက်တာဟယ်...၃ရောက်နေပြီ ၃ရောက်နေပြီ"


မုန့်ယွမ်က ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည် " လောင်ဟယ်..နောက်ထပ်နှစ်တစ်ဝက်စာအတွက် အဖေမုန့်ရဲ့ အသားကင်ဖိုးကို မင်းဆီချန်ထားခဲ့မယ်နော်"


တစ်ချိန်တည်းမှာပင် #ယွီနျန်က သူ၏ရှက်သွားမှုကို ဆေးကြောပစ်ခြင်း# ဆိုသည့်ခေါင်းစဥ်ကလည်း hot search ရောက်သွားပြီး ၅နေရာထိအောက်ကhot searchနှစ်နေရာလည်း သူတို့ဝယ်ထားခြင်းဖြစ်၍ လူကြိုက်များမှုမြင့်တက်နေသည်။


မုန့်ယွမ်က အသားကင်ကိုချထားလိုက်ရင်း ဖုန်းကြည့်လိုက်ပြီး နှစ်ကြိမ်နှိပ်လိုက်သည် " သူ့ခြေထောက်က နာနေတုန်းလို့ ငါပြောမယ်ဆို မင်းဘယ်လိုထင်လဲ...တစ်ခါတစ်ခါ ယွီနျန်က သူ့ကိုယ်သူညင်းပန်းနေတယ်လို့ ခံစားရတယ်"


ဟယ်ချိုးပိုင်က ကြက်ခြေထောက်ကို ပျော်ပျော်ရွှင်ရွှင်စားနေရင်း အကင်သီတံနှင့် စားပွဲထိပ်ထိုးပြကာ " အဲ့လိုမျိုးဆို သူသေချာပေါက် အနာဂတ်မှာ နာမည်ကြီးလာမှာတာ...စောင့်ကြည့်နေလိုက် ငါလူတွေကိုမှန်းရင် အရမ်းတိကျတယ်"


ရှိုးပွဲက ပြသဆဲဖြစ်သော်လည်း ယွီနျန် စက်ပေါ်ကဆင်းသွားသည်နှင့် လက်ထောက်လေးက အခြေအနေကို တင်ပြလာသည် 


" ဒါရိုက်တာဟယ်....ကြည့်ရှုနှုန်းက တဖြေးဖြေးကျနေပြီ"


မုန့်ယွမ်က ဂုဏ်ယူနေသည့်အသံနှင့် နှစ်ကြိမ်ခန့် လှောင်ရယ်လိုက်ရင်း " ငါပြောသားပဲ...နျန်နျန်စင်ပေါ်ပြန်တက်တဲ့အချိန် ကြည့်ရှုနှုန်းပြန်တက်လာမှာပဲ....မင်းရဲ့ စာအိတ်နီက မကြီးလို့ကတော့ အဖေမုန့်က ဝေ့ပေါ်ထိကို တက်ပြောမှာနော်"


မုန့်ယွမ်ပြောသလိုပင် နောက်ဆုံးအပိုင်း၏ဒုတိယမြောက်ဖျော်ဖြေခြင်းအတွက် ယွီနျန်တက်လာမှသာ ကျသွားသောကြည့်ရှုသူနှုန်းက ပြန်တက်လာပြီး လူအုပ်ကြီးလည်း တဆူဆူဖြစ်လာသည်။


[အဖြူရောင်ဝတ်စုံက ငါ့ရဲ့နျန်နျန်လေးနဲ့ အရမ်းလိုက်တာပဲ...ဒီပုံက တကယ်အသက်ရှုရပ်မတတ်ကိုဖြစ်စေတာ]


[သူက အဲ့ဒီမှာ ငြိမ်ငြိမ်လေးရပ်ပြီးသီချင်းဆိုနေရုံလေးပါ...ငါကတော့ ဓါတ်ပုံရိုက်လို့ မပြီးနိုင်တော့ဘူး...လှပတဲ့သီချင်းလေးရယ်...လှပတဲ့ဒီလူသားလေးရယ်]


[ဒီလိုပုံစံမျိုးက တကယ်သန့်ရှင်းပြီးစိတ်ကြွစေတယ်လို့တွေးနေတာ ငါတစ်ယောက်တည်းလား...နျန်နျန်က ဘယ်လိုမသေမျိုးပါလိမ့်]


[သူသီချင်းဆိုတာနားထောင်ရတာကို ငါကြိုက်တယ်ဟေ့...အသံလေးက အရမ်းကောင်းတာပဲ .ငိုတောင်ငိုချင်လာပြီ ဘယ်လိုလူတစ်ယောက်မှာ ဒီလိုအသံမျိုးရှိနိုင်မှာလဲ...အား...]


ဟယ်ချိုးပိုင်က လူအုပ်ကိုကြည့်လိုက်ရင်း ဖုန်းဘက်လှည့်ပြီး ဝေ့ပေါ်ကိုစစ်ဆေးလိုက်စဥ် သူပျော်သွားသည် 


" ငါ ပြောပါတယ် လောင်မုန့် ...ဥက္ကဌရွှယ်က မင်းတို့ဥက္ကဌချူနဲ့ ညီအစ်ကိုကောင်းတွေကို....ဘာလို့ သူက တဖက်သတ်ကြီး ယွီနျန့်ကို အပုတ်ချနေရတာလဲ...ယွီနျန့်ကို အမုန်းစကားဆိုဖို့သူထွက်လာတာကို စောင့်နေတဲ့ သူ့ဝေ့ပေါ်တကြည့်ကြည့်ဖြစ်နေတဲ့ antifanတစ်စုတော့ရှိမယ့်ပုံပဲ..


မုန့်ယွမ်က မျက်မှောင်ကြုတ်လိုက်ရင်း " သူဘာပြောပြန်တာလဲ...ထားလိုက်တော့ ငါ့ဘာသာကြည့်လိုက်မယ်"


မုန့်ယွမ်က ရွှယ်ယုံ၏homepageကို နှိပ်လိုက်ရာ လွန်ခဲ့သောမိနစ်အနည်းငယ်က "#ယွီနျန်က သူ၏ရှက်သွားမှုကို ဆေးကြောပစ်ခြင်း# ဟမ် ကြည့်စရာဘာရှိလို့လဲ "ဆိုသည့်ခေါင်းစဥ်နှင့် အသစ်တင်ထားသည်ကို တွေ့လိုက်ရသည်။


အောက်တွင်လည်း antifanများနှင့်ဖြတ်သွားဖြတ်လာများက စုလာကြပြီး ထိုနားတစ်ဝိုက် တစ်စုစုဖြစ်နေကြသည်။


[ငါထောက်ခံတယ်...လူတွေအာရုံစိုက်ခံရဖို့ အင်္ကျီကြယ်သီးပဲဖြုတ်နေမယ်ဆိုရင် မဝတ်တာမှပိုကောင်းသေးတယ်...သီချင်းကောင်းကောင်းမဆိုနိုင်လို့လား]


[ကမ္ဘာကြီးကိုမမြင်ဖူးကြတဲ့ ဒီဦးနှောက်သေနေတဲ့ဖန်တွေကလည်းလေ အော်ဖို့ပဲတတ်တယ်...သူက မကနိုင်မဆိုနိုင်လို့ ဒီလိုလှည့်စားပြီးလုပ်ရုံလေးပဲတတ်တာလေဟယ်]


[ဖာ့ခ်...ဥက္ကဌရွှယ် သူ့ကိုမနာလိုနေတာလား....ဟားဟားဟား...ငါတို့ သူ့ကိုမကြည့်ပါဘူး...ရှင့်ကိုပဲကြည့်မှာပါ...ရှင်က ပိုကြည့်ကောင်းတယ်လေ...ဒါပေမယ့် ဥက္ကဌရွှယ် နောက်ထပ်giveawayစပေးဖို့ စဥ်းစားနေတာလား...ဒူးထောက်ပြီးတောင်းနေပါတယ်]


[အဲဒါဘယ်သူလဲလို့ ဒီဖြတ်သွားဖြတ်လာတစ်ယောက်က မေးအုံးမယ်....သူကတာ အရမ်းလှတာပဲ.....သီချင်းဆိုတာလေးလည်း လှတယ်...သူ ဘယ်သူလဲဆိုတာ တတ်နိုင်သမျှသိဖို့လိုတယ်]


[အပေါ်ထပ်က မိန်းကလေး...သူက ယွီနျန်ပါ...

 ပြီးတော့ ငါတို့ဥက္ကဌရွှယ်နဲ့ အချစ်နဲ့အမုန်းဆက်ဆံရေးရှိတဲ့သူ...searchမှာရှာလိုက်လို့ရတယ်...သူက အချိန်တော်တော်ကြာသည်ထိ hot searchမှာရှိနေတာ]


ရုံးခန်းထဲတွင်


ရွှယ်ယုံက ဝေ့ပေါ်တွင် ပိုစ့်တင်ပြီးသည်နှင့် အစားအစာပေးရန် နောက်ထပ်အကြောင်းပြချက်ရှိသေးလားဟု စဥ်းစားကြည့်သည်။ ဒါဖြင့် သူက ဒီတစ်ကြိမ် ယွီနျန့်ကို ဘာမုန့်ပေးရမှာလဲ။


သူက နာမည်စာရင်းလေးလုပ်ထားသော်လည်း မရွေးနိုင်ဖြစ်နေသည်။ စဥ်းစားကြည့်ပြီးနောက် ရွှယ်ယုံက အကုန်ပို့ပေးရန် ဆုံးဖြတ်လိုက်သည်။


သူက ဝေ့ပေါ်က ကော့မန့်များကို ပြန်ကြည့်လိုက်ရင်း ဆိုးဆိုးဝါးဝါးပြောနေသည့်အကောင့်များကို ဘလော့လိုက်ကာ ကောမန့်တွင် ဆဲနေကြသည့်လူများကိုမြင်သော် reportပင်ထုလိုက်သည်။


ရွှယ်ယုံက ကျွမ်းကျွမ်းကျင်ကျင်လုပ်နေစဥ် မက်ဆေ့ချ်သံနှင့်အတူ ရုတ်တရက် ဖုန်းမြည်လာသည်။ 


ပို့လာသည့်မက်ဆေ့ချ်ကို ဖွင့်ကြည့်လိုက်စဥ် ရွှယ်ယုံ၏မျက်ဆံများ ကျဥ်းမြောင်းသွားပြီး ဖုန်းကိုင်ထားသည့်လက်ပင် တုန်လာသည်။ နာရွက်များနီလာရုံမက အသက်ရှူသံပင်ရပ်သွားမလို ဖြစ်သွားရသည်။


မက်ဆေ့ချ်က ယွီနျန်ရိုက်ထားသော ဓါတ်ပုံတစ်ပုံဖြစ်သည်။ 


ဓါတ်ပုံထဲတွင် ယွီနျန်က မီးထွန်းထားသည့် သူ့အိမ်ထဲတွင် ဖြစ်မည်။ မှန်ရှေ့ရပ်ထားရင်း ခေါင်းငုံ့ကာ မျက်လုံးထောင့်နှင့်နှုတ်ခမ်းစွန်းလေးက ပြုံးယောင်သန်းနေ၏။ သူက ခါးကျဥ်းကျဥ်းလေးတစ်ဝိုက် ခါးပတ်အနက်ပတ်ထားကာ လျှော်ဖွပ်ထားသော ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားရင်း ဘယ်ဘက်လက်လေးနှင့် တီရှပ်အဖြူကို လှန်ပြထားပြီး ကြွက်သားဖွေးဖွေးအမြောင်းလေးများ ပြထားလေသည်။


ပုံအောက်တွင် စာလုံးသုံးလေးရေးထားသည် " အခု absတွေရှိနေပြီ"


******


ယွီနျန်က လက်ဖက်ရည်ဖျော်ရင်း အပြီးသောက်လိုက်စဥ် ရွှယ်ယုံ့ဘက်မှ " ဟုတ်ပြီ" ဆိုသည့် စာလုံးလေးတစ်လုံးပြန်ဖြေလာသည်။


ဆိုဖာပေါ် ပျင်ပျင်းရိရိထိုင်လိုက်ရင်း ယွီနျန်က ခေါင်းအုံးကိုမှီလိုက်ပြီး သူ့နှုတ်ခမ်းစွန်းများပြုံးနေသည်ကို သတိမထားမိချေ။ သူက စာလုံးအနည်းငယ်ရိုက်ပြီး ပို့ဖို့ပြင်လိုက်စဥ် မမျှော်လင့်ထားစွာ နောက်ထပ်မက်ဆေ့ချ်ဝင်လာသည်။


"ကြည့်ကောင်းတယ်"


ထိုအချိန် ယွီနျန်မှာ တင်းမထားနိုင်တော့ပဲ ကျယ်ကျယ်ရယ်မောလိုက်သည်။ သူက ဗိုက်ကိုဖိထားရင်း ဤရက်ပိုင်း ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခဲ့ရသည်က အလကားသက်သက်ဖြစ်သွားကြောင်း သိလိုက်ရသည်။ အနည်းဆုံးတော့ သူ ယုံကြည်ချက်အရမ်းရှိနေတာပဲလေ ...။


သူပို့ဖို့ပြင်ထားသည့်စာကို ဖျက်လိုက်ရင်း ယွီနျန်က မေးလိုက်သည် " ဒီနေ့ရော စားစရာရောက်မှာလား"


ထိုအချိန် ပြန်စာချက်ချင်းရောက်လာသည် " ဟုတ်တယ်...နှစ်ခုရောက်လာမှာ"


ယွီနျန်က ထပ်ပြီးရယ်မောလိုက်သည်။


သူက စောင့်နေခြင်းပင်။


သို့သော်လည်း အထူးစားစရာမုန့် ပို့မလာမီ မုန့်ယွမ်ဖုန်းခေါ်လာသည်။


"နျန်နျန်...ကြည့်ရှုသူနှုန်းက အခုလေးတင် ၃.၉ရှိနေပြီ"မုန့်ယွမ်အသံမဆုံးမီ ဘေးက ဟယ်ချိုးပိုင်က ဝင်ပြောလာသည် " အို...အို...တစ်ချိန်တည်းရိုက်တဲ့ ဒီရှိုးတွေက ဘာလို့များ မကြည့်ပဲ နေနိုင်ရမှာလဲ။


မုန့်ယွမ်က ရယ်မောလိုက်ရင်း " ဒါရိုက်တာဟယ်...တော်တော်လေကျယ်နေတယ်ပေါ့လေ....ကြိုက်သလောက် ကျယ်လို့ရတယ် ဘာပဲဖြစ်ဖြစ် နျန်နျန်ရဲ့ စာအိတ်နီကြီးကိုသာ မမေ့စေနဲ့" သူက ယွီနျန်ဘက် ပြန်လှည့်လာသည်


 " မင်းနာမည်နဲ့ top၂၀ top၁၅ထဲဝင်တဲ့ ခေါင်းစဥ်သုံးခုလည်းရှိသေးတယ်...တစ်ဝက်ကျော်ကျော်လောက်က "သဘာဝရဲ့သံစဥ်" နဲ့ဆိုင်တဲ့ ခေါင်းစဥ်တွေပဲ"


"အဖိုကြီးမုန့်...မင်းက အရမ်းတင်းကျပ်လွန်းတာပဲ...ဒီရလဒ်တွေက ငါ့ကိုမြှောက်ကြွစေတယ်ဟ"


ယွီနျန်က သူတို့ကြားဝင်မပြောချေ။ မုန့်ယွမ်နှင့်ဟယ်ချိုးပိုင်စကားများနေကြသည်ကို ပြုံးပြုံးလေးနားထောငိနေသည်။ နှစ်ဦးသား စကားပြောပြီးသွားမှ သူက ဆိုလိုက်သည်


 " ဒီတစ်ကြိမ် ဒီအခွင့်အရေးပေးခဲ့တဲ့အတွက် ဒါရိုက်တာဟယ်ကို အရမ်းကျေးဇူးတင်နေတာပါ"


ဟယ်ချိုးပိုင်က ပြုံးလိုက်ရင်း " နှစ်ဦးနှစ်ဖက်လုံးအတွက်ပါပဲကွ....မင်းကိုလည်း ငါက ကျေးဇူးတင်နေတာ...အစကတည်းက အသစ်လေးတွေသုံးတာ ကောင်းတယ်လေ...ရှိုးလည်း နာမည်ကြီးပြီးပိုက်ဆံအများကြီးရှာနိုင်တယ်...မဟုတ်ရင် အကုန်ရှုံးမှာ...ကံကောင်းလို့ မင်းနဲ့ရှားမင်ရှီက ဒီရှိုးကို တစ်ဝက်လောက်ထောက်ပံ့ပေးလို့...မဟုတ်ရင် ဒီနေရာမှာ အသားကင်စားပြီးဘီယာသောက်ချင်စိတ်ရှိမှာမဟုတ်ဘူး"


မုန့်ယွမ်က သူ့ဘေးကနေ ဟွန်းခနဲမဲ့လိုက်ပြီး "အဖိုးကြီးဟယ်ကတော့....ငါ့ကို ကျေးဇူးတင်ရမှာမဟုတ်ဘူးလား...ငါက သူ့ကို မင်းရှေ့ခေါ်ပေးခဲ့တဲ့သူလေ...."


"ဟုတ်ပါတယ် ဟုတ်ပါတယ်....မင်းကို ကျေးဇူးတင်ပါတယ်" နှစ်ဦးသားဘီယာသောက်ထားပြီး ဟယ်ချိုးပိုင်၏အသံက ပိုပြီးလေးနက်နေသည် " ဒီနယ်ပယ်ထဲမှာ...ကြည့်ကောင်းတယ် သီချင်းဆိုနိုင်တယ် ကနိုင်တယ်ဆိုတဲ့လူတွေ အမြဲတမ်းပေါတယ်...ဒါပေမယ့် မင်းက ပြိုင်စံရှားပဲ....ယွီနျန် ကောင်းကောင်းကြိုးစားပြီး မင်းရဲ့အစ်ကိုမုန့်နဲ့ လက်တွဲလုပ်....မင်း သေချာပေါက် အနာဂတ်မှာ အောင်မြင်လာမှာ"


ယွီနျန်က သူ့ကို ထပ်ပြီးကျေးဇူးတင်စကားဆိုလိုက်သည် " ဒါရိုက်တာဟယ်....ကျေးဇူးတင်ပါတယ်"


ဖုန်းချသွား၍ ယွီနျန်က မှောင်မည်းသွားသော ဖုန်းscreenကို ကြည့်လိုက်သည်။ ရုတ်တရက် မြူခိုးဝေနေသောအနာဂတ်က ပိုမိုရှင်းလင်းလာသလို ခံစားလိုက်ရသည်။ အနည်းဆုံး သူ လမ်းစကိုဖြင့် မသွဲမကွဲမြင်လိုက်ရသည်ပင်။ 


သူ သတိလက်လွတ်ဖြစ်နေစဥ် ဖုန်းအချက်ပေးသံက ထပ်မြည်လာသည်။


ဖုန်းဖွင့်လိုက်ရာ ရွှယ်ယုံ့ထံမှမဟုတ်ပဲ ရုန်ယွဲ့ထံမှ သူ့အတွက်ရထားသည့် လေလံပွဲအတွင်းပိုင်း ဝင်ကြေးထောက်ခံချက်များအကြောင်း ပြောပြထားသည့် မက်ဆေ့ချ်ဖြစ်နေသည်။ 


ယွီနျန်က အချိန်ကို တွက်ကြည့်လိုက်သည်။ ရှုတင်ချိန်က ရုပ်ရှင်ကြော်ငြာသီချင်းအတွက် အစမ်းအဆိုပြိုင်ပွဲပြီး ဒုတိယမြောက်နေ့တွင်ဖြစ်သည်။ သူက ထိုနေ့တွင် အားလပ်နေမည်ဖြစ်၍ ပြန်ဖြေလိုက်သည် 


" ကျွန်တော် အချိန်မှန် လာခဲ့ပါ့မယ်...ဦးလေးရုန်ကို ဒုက္ခပေးမိပါပြီ"


မက်ဆေ့ချ်ပို့ပြီးနောက် ယွီနျန်က မုန့်ယွမ်ပြောသည်ကို အမှတ်ရလိုက်၍ ဝေ့ပေါ်ဖွင့်ပြီးတစ်ချက်ဝင်ကြည့်လိုက်သည်။ "သဘာဝရဲ့ သံစဥ်"က အလွန်နာမည်ကြီးနေပြီး hot searchတွင် ရှားမင်ရှီက နံပတ်၆နေရာ ရောက်နေသည်။


ယွီနျန်က နှိပ်ကြည့်လိုက်ရာ လွန်ခဲ့သောမိနစ်နှစ်ဆယ်ခန့်က ရှားမင်ရှီမှာ ဝေ့ပေါ်အသစ်တင်ထားကြောင်း တွေ့လိုက်ရသည်။ [#ရှားမင်ရှီ# လူတိုင်းခင်ဗျ...ကျွန်တော်ကလေးဘဝက ဖင်ပြောင်ပြောင်နဲ့ပုံကို တင်ပေးနေကြတာ ရပ်ပေးလို့ရမလားခင်ဗျ....မျက်နှာသာလေး ပေးကြပါအုံးQAQ]


ကောမန့်များက "မရပ်နိုင်ဘူး"ဆိုသည်နှင့် ပြည့်နေသည်။


ယွီနျန်ကလည်း အကြံဆိုးနှင့် forward လုပ်လိုက်သည် [မရပ်နိုင်ဘူး@ရှားမင်ရှီ # ရှားမင်ရှီ#လူတိုင်းခင်ဗျ...ကျွန်တော်ကလေးဘဝက ဖင်ပြောင်ပြောင်နဲ့ပုံကို တင်ပေးနေကြတာ ရပ်ပေးလို့ရမလားခင်ဗျ....မျက်နှာသာလေး ပေးကြပါအုံးQAQ]


ပို့စ်တင်ပြီးနောက် ရှားမင်ရှီ၏ ဝီချတ်ရောက်လာသည်။ သူက အသည်းကွဲနေသည့်အီမိုဂျီပုံ ကိုးခုဆက်တိုက်ပို့လာပြီး ယွီနျန်က ခါးထောက်နေသည့် အီမိုဂျီပြန်ပို့ပေးလိုက်သည်။


[ရှားမင်ရှီ : ငါတို့ ညီအစ်ကိုတွေ ဖြစ်နေတုန်းမို့လား....စကားမစပ် ငါ သဘက်ခါ ရုပ်ရှင်ရိုက်စရာရှိတယ်ဟ....ငါ့အမေက အထုပ်အပိုးတွေတောင် ပြင်ပေးထားပြီးပြီ]


ယွီနျန်၏ စာရိုက်နေသည့်လက်ရပ်သွားရပြီး အံ့အားသင့်သွားသည် [မြန်လှချည်လား]


[ရှားမင်ရှီ: ဟုတ်တယ်....အဖွဲ့က တော်တော်ကောင်းတယ်....ငါ့အမေက ခက်ခက်ခဲခဲနဲ့ ငါ့အတွက် မိတ်ဆွေတစ်ယောက်ရှာပေးခဲ့တာ...အချိန်ကျလာရင် အဲဒီကို ကြိုပြီးသွားထားရမှာမို့ သဘက်ခါမနက်ပိုင်း ထွက်မှဖြစ်မှာလေ]


ယွီနျန်က နားလည်သွား၍ စာပြန်ရိုက်လိုက်သည် [ ဒါဖြ

င့် မင်းပြန်လာတဲ့အချိန် တွေ့ကြတာပေါ့]


[ရှားမင်ရှီ: အတည်နော်....မင်းငါ့ကို မေ့မသွားရဘူး...နျန်နျန် ငါပြန်လာတာကို လတစ်ဝက်လောက်စောင့်....ပြန်လာမှ အတူတူကစားကြတာပေါ့]