အပိုင်း ၅၂
Viewers 10k

Chapter 52

 ငါလေ....ကိစ္စရှိလို့လား




ယွီနျန်က အေပရွန်ပြန့်ပြန့်လေးကို ချွတ်လိုက်ရင်း ချိတ်ထားလိုက်သည်။ ထို့နောက် ဘေးတွင်ထိုင်နေသော ရှန်းဝေ့ကို ကြည့်လိုက်ရင်း စကားဆိုသည် " ဦးလေးရှန်း...လာပြီးသုံးဆောင်ပါဦး....ကျွန်တော့် စွပ်ပြုတ်ဘယ်လိုနေလဲဆိုတာ...."


ရှန်းဝေ့က လက်နောက်ပစ်ရင်း လျှောက်လာပြီး ပန်းကန်တစ်ဝက်စာခန့် မြည်းစမ်းကြည့်သည်။ ထို့နောက် တစ်ချက်ပြုံးလိုက်ပြီး ဖြေလာသည် 


" အရသာရှိတယ်" 

သူက စွပ်ပြုတ်ပန်းကန်ကို ချလိုက်ရင်း သက်ပြင်းထပ်ချသည် 


" သခင်လေးကို ခွင့်မပြုလိုက်သင့်...."


ယွီနျန်က သူပြောတော့မည့်စကားကို သိလိုက်၍ အပြုံးလေးနှင့်ပြန်ဖြေလာသည်


 " ကျွန်တော့ကို ချက်ခွင့်မပေးလိုက်သင့်ဘူး မို့လား"


ရှန်းဝေ့က ခေါင်းညိမ့်ပြသည်

 " သခင်ကြီးနဲ့ သခင်မကြီးသာသိရင် ဘယ်လောက်ဝမ်းနည်းသွားလိမ့်မလဲ"


ယွီနျန်က စွပ်ပြုတ်ဟင်းရည်ကို ကြွေပန်းကန်ဖြူဖြူလေးနှစ်ခုထဲ ထည့်လိုက်သည်။ သူက ကြီးသူတို့ပြောစကားကို ငြင်းဆိုလေ့မရှိ၍ မျက်လုံးစောင်းလိုက်ရင်း ဖြေလိုက်သည်


 " ဒါပေမယ့် ဦးလေးရှန်း ...အနာဂတ်မှာလည်း ကျွန်တော်သဘောကျတဲ့သူအတွက် အရသာရှိတဲ့အစားအစာတွေ ချက်ပေးနိုင်မယ်လို့မျှော်လင့်မိတယ်"


 ရှန်းဝေ့က သဘောကျသည့်သူဆိုသည့် စကားကြားလိုက်၍ ချက်ချင်းစကားရပ်လိုက်ပြီး အနားသွားကာ တိုးတိုးကပ်ပြောလိုက်သည်


 " သခင်မလေးယွီချင်းပြောတာ အမှန်ပဲလား...သခင်လေးမှာ တကယ်ပဲ သဘောကျတဲ့သူရှိနေတာလား"


"အာ..." ယွီနျန်လက်ထဲရှိဇွန်းက မြေပေါ်ကျသွားလုနီးနီးဖြစ်သွားပြီး ကူကယ်ရာမဲ့ဟန်ဖြေလာသည် 


" အစ်မက ဘာတွေများပြောလိုက်လို့လဲ"


ရှန်းဝေ့က မျက်နှာအရေးအကြောင်းများ တွန့်သွားသည်ထိ ပြုံးလိုက်ရင်း နူးနူးညံ့ညံ့လေသံနှင့်ဆိုလာသည်


 " သခင်မလေးက အများကြီးမပြောလိုက်ပါဘူး...၁.၈၆မီတာတောင်ရှိတာဆိုတော့ အရပ်တော်တော်ရှည်တာပဲ...ကြည့်ရတာ TVထဲလို ဘတ်စကစ်ဘောတို့ ဘောလီဘောတို့ ကစားတဲ့အမျိုသမီးပဲ ဖြစ်ရမယ်...ခန္ဓာကိုယ်က ကောင်းမွန်ပြီးကျန်းကျန်းမာမာရှိရင် ကလေးမွေးဖို့မခက်ခဲတော့ဘူး...သခင်မလေးထိုက်ယွဲ့က သခင်လေးကိုယ်ဝန်ကို လွယ်ထားတုန်းကဆို ကျန်းမာရေးမကောင်းတော့ မနက်တိုင်းအန်တယ် ဘာမှလည်းသိပ်မစားနိုင်...."


"ဦးလေးရှန်း...." ယွီနျန်က လွန်ကျွံကုန်သောစကားများ ကြားလိုက်ရ၍ ရှန်းဝေ့ကို အမြန်စကားဖြတ်လိုက်ရပြီး နှာခေါင်းပွတ်ကာ " အဲ့ အဲ့ဒါကလေ....သူ သူတို့က ကလေးမရနိုင်ဘူး"


“ကလေးမရနိုင်ဘူး...." ရှန်းဝေ့က သံယောင်လိုက်ရင်း စက္ကန့်အနည်းငယ်အကြာတွင် စိုးရိမ်တကြီးပြောလာသည်


 " ကျန်းမာရေးမကောင်းလို့လား...သက်သာစေမယ့် ဆေးဖက်ဝင်အစားအစာတွေလုပ်ပြီး ပို့ပေးစေချင်လား"


ယွီနျန်က အလောတကြီး ပြောလိုက်ရသည် " မဟုတ်ပါဘူး....ကျန်းမာရေးမကောင်းတာမဟုတ်ဘူးရယ် ...သဘာဝကြောင့် ကိုယ်ဝန်မရနိုင်တာပါ"


သူသဘောကျနေသည့်သူက အမျိုးသားတစ်ယောက်ဖြစ်ကြောင်း ရှန်းဝေ့ကို ဘယ်လိုပြောလိုက်ရမလဲ။


ရှန်းဝေ့က ခေါင်းညိမ့်ရင်း နားလည်ဟန်ပြသည်


 " ကောင်းပါပြီ...ကလေးမရနိုင်လည်း သခင်လေးသဘောကျနေသရွေ့ ကိစ္စမရှိပါဘူး...သခင်ကြီး အရင်ကပြောဖူးတယ် ဘဝသက်တမ်းက အရှည်ဆုံးဆိုရင်တောင် နှစ်ပေါင်းတစ်ရာတော့ မကျော်ဘူးတဲ့...ဒါကြောင့် သဘောကျတဲ့သူကို တွေ့ဖို့ဆိုတာမလွယ်ကူဘူး...ဒါကြောင့် တခြားအရာတွေကို လောဘမကြီးပါနဲ့တော့"


"ဟုတ်ပါတယ်...ကျွန်တော့အဖိုးသင်ပေးခဲ့သလိုပဲပေါ့"


ယွီနျန်က စွပ်ပြုတ်ပန်းကန်ကို မလိုက်ရင်း တစ်ရှူးရှူးမှုတ်ကာ တစ်ဇွန်းသောက်လိုက်စဥ် စိုးရိမ်တကြီးမေးလာသည့် ရှန်းဝေ့စကားကို ကြားလိုက်ရသည်


 "ဒါပေမယ့် သခင်လေး... အရပ်ကလည်း ၁.၈၆မီတာရှည်တယ် အားကစားသမားလည်းဖြစ်တယ်ဆို သခင်မလေးယွီချင်းထင်တဲ့အတိုင်းသာဆိုရင် အနာဂတ်သခင်မလေးရဲ့ အစားစားနှုန်းကလည်း..." 


သူက အသုံးအနှုန်း ကောင်းကောင်းသုံးရန် တွေးလိုက်ရင်း " အရမ်းကောင်းမှာ...ကျွန်တော် အခုလေးတင် အစားအစာဗူးလေးထဲ ဟင်းပွဲငါးပွဲ၊ စွပ်ပြုတ်တစ်ပန်းကန်နဲ့ သားရေစာမုန့်တစ်ခု သခင်လေးထားလိုက်တာ မြင်လိုက်တယ်....ပမာဏများပေမယ့် စားလို့လောက်ပါ့မလား ဆာနေပါ့မလားတော့ ကျွန်တော် မသိဘူး"


စဥ်းစားရင်းနှင့် ရှန်းဝေ့က အခိုင်အမာပြောလာသည် 


" မဖြစ်သေးပါဘူး...သခင်လေးသာ အနာဂတ်မှာ လက်ထပ်လိုက်ရင်လည်း ကျွန်တော်က ဆက်ပြီးချက်ပြုတ်ပေးချင်မိတယ်...မဟုတ်ရင် သခင်လေး အနပ်တိုင်း ဟင်းချက်နေရလို့ အရမ်းပင်ပန်းနေတော့မှာ"


ယွီနျန်က သောက်နေသည့်စွပ်ပြုတ်ပင် သီးမလိုဖြစ်သွားသည်။


သူ့အစ်မက ဦးလေးရှန်းကို ဘာတွေပြောထားတာလဲ။


ယွီနျန့်မျက်နှာရဲသွားသည်ကို တွေ့လိုက်၍ ရှန်းဝေ့က သူရှက်သွားသည်ဟုပင် ထင်လိုက်ပြီး အပြုံးလေးနှင့်ဆိုလာသည်


 " အားကစားသမားတွေအတွက်က အစားစားနှုန်းမြင့်တာ ပုံမှန်ပါပဲ...စားနိုင်တာကိုက ကံကောင်းနေပြီ...သခင်လေး သခင်လေးက နည်းနည်းပဲစားနိုင်တာမို့ အရမ်းပိန်တယ်...အနာဂတ်မှာ မမလေးက သခင်လေးကို လက်တစ်ဖက်တည်းနဲ့တောင် မနိုင်မလားပဲ"


မ....မ မှာလား...။


အိမ်ပြန်ရောက်ပြီးနောက် ယွီနျန်က အိပ်ပျော်သွားလေသည်။ သို့သော်လည်း သူ၏အိပ်မက်များက ညစဥ်ညတိုင်း နားသည်ဟူ၍မရှိ။ သူက ကြွက်သားအမြောင်းမြောင်းနှင့် ဘတ်စကစ်ဘောဝတ်စုံဝတ်ထားသော ရွှယ်ယုံ့ကို အိပ်မက်မက်နေသည်။ သူ့တစ်ကိုယ်လုံးကလည်း ဘတ်စကစ်ဘောတစ်လုံးနှယ် ယိမ်းထိုးနေပြီး ရွှယ်ယုံက လက်တစ်ဖက်တည်းနှင့် ချီထားခြင်းဖြစ်သည်။ သူ့မှာ လှုပ်ရမည်ပင် ကြောက်နေမိသည်။


နောက်တစ်နေ့မနက် အိပ်ရာမှထထိုင်လိုက်စဥ် ယွီနျန်မှာ နှလုံးခုန်မြန်နေ၍ စိတ်ငြိမ်သွားရန် အချိန်အတော်ယူလိုက်ရသည်။


သူ့မျက်နှာကို ပွတ်သတ်လိုက်သည် ...အိမ်မက်ကြီးက တကယ်ကြောက်စရာကြီး...။


တံခါးခေါက်သံကြားလိုက်ရ၍ ယွီနျန်က နှစ်က္ကန့်မျှ မှိုင်တွေနေရာမှ ဖိနပ်အပါးဆွဲစီးလိုက်ပြီး တံခါးဖွင့်လိုက်သည်။


သူ့ကိုမြင်လိုက်မှ မုန့်ယွမ်မှာ စိတ်အေးသွားဟန်သက်ပြင်းချလာသည်


 " မင်းဖုန်းကို ဖြေမလာလို့လေ တစ်ခုခုဖြစ်ပြီတွေးမိတာ"


ယွီနျန်က နောက်ပြန်ဝင်လာရင်း တောင်းပန်စကားဆိုလာသည် " ဖုန်းသံဖွင့်ဖို့ မေ့သွားတာဖြစ်မယ်...ဒါကြောင့် ကျွန်တော် မကြားလိုက်တာ...အစ်ကိုမုန့်ကို ဒီနေရာထိတက်လာပြီး ဒုက္ခများစေမိပြီ"


"ဘာဒုက္ခဖြစ်မှာလဲ"


မုန့်ယွမ်က အခန်းထဲဝင်လာရင်း ယွီနျန့်မျက်နှာကို သေသေချာချာကြည့်လာသည်


 " မင်း မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရဘူးလား"


ယွီနျန်က အိပ်ရာထကာစဆံပင်များကို ဆွဲသပ်လိုက်ရင်း အကြည့်လွဲလိုက်သည်


 " ဟုတ်တယ်...ကျွန်တော် မနေ့ညက အိပ်မက်မက်လို့"


မုန့်ယွမ်က အချိန်ကို တစ်ချက်ကြည့်လိုက်သည်

 " အိုကေလေ...အမြန်သွားသန့်စင်လိုက်...စောစောသွားမှ အဆင်ပြေမှာ လမ်းတွေရဲ့၈၀ရာခိုင်နှုန်းက ကားကျပ်နေရတာနဲ့ ဒါရိုက်တာကလည်း ဒီနေ့ပိုစတာရိုက်ဖို့ ကန့်သတ်ချိန်ကို တင်းကျပ်ထားတာနဲ့တော့..."


ယွီနျန်က အမြန်လှုပ်ရှားလိုက်ရင်း အထုပ်အပိုးများနှင့် မိနစ်နှစ်ဆယ်အတွင်း ပြန်ထွက်လာသည်။ ကားထဲတွင် မုန့်ယွမ်က မှတ်စုစာအုပ်ထုတ်လိုက်ရင်း " မင်း ဒီနေ့ ကြောငြာပိုစတာအတွက် ဓါတ်ပုံရိုက်ရမယ် ပြီးတော့ ငါ နည်းနည်းစိတ်ဝင်စားစရာကောင်းအောင် ထုတ်ပေးမှာ...ပြီးတော့မှ ပရိုမိုးရှင်းကို forwardလုပ်ပေးဖို့ မင်းကို သတိပေးရတော့မှာပဲ"


သူက ခေါင်းမော့လာရင်း ပြောလာသည်


 " ဒီတစ်ခေါက် ဓါတ်ပုံဆရာက နှစ်စဥ်နှစ်တိုင်း အကောင်းဆုံးကြော်ငြာရိုက်ကူးရေးဆုဆက်တိုက်ရထားတဲ့ စတီဖင်မက်ဆာဆိုတော့ မင်း ကောင်းကောင်းလုပ်ရမယ်နော်...ဖလောရင့်ရဲ့ မိဘကုမ္ပဏီက ဟာဆီလေ"


မုန့်ယွမ်က စကားပြောရပ်လိုက်ချိန် ယွီနျန်က နားလည်ဟန်ပြသည်


 " အစ်ကိုမုန့် မစိုးရိမ်ပါနဲ့...သေချာပေါက် ကျွန်တော်ကြိုးစားမှာပါ"


ဖလောရင့်ရှုတင်အဖွဲ့က အားလုံးလိုလို နိုင်ငံခြားသားများဖြစ်ကြပြီး ဘရန်းဘက်တွင်ဖြင့် ဘာသာပြန်နှစ်ယောက်ရှိလေသည်။ ရိုက်ကွင်းနေရာရောက်သော် တော်တော်များများတပ်ဆင်ထားပြီးဖြစ်ကာ မျက်လုံးပြာပြာနှင့် ဒါရိုက်တာစတီဖင်မက်ဆာက ခြေလှမ်းကျယ်ကြီးများလှမ်းလာရင်း ယွီနျန်နှင့်မုန့်ယွမ်ကို ယဥ်ယဥ်ကျေးကျေးလက်ဆွဲနှုတ်ဆက်လာသည်။ ထိုသူက အညိုဖျော့ဖျော့ရောင် အပေါ်ကုတ်အရှည်ကို ဝတ်ဆင်ထားပြီး ဆီးနှင်းရောင်အသားအရေက အသက်ငယ်သည့်ပုံမပေါ်ချေ။


မုန့်ယွမ်၏ရိုးရိုးရှင်းရှင်း နေ့စဥ်အသုံးအနှုန်းက ကောင်းမွန်လေသည်။ စစချင်းတွင် သူက ယွီနျန့်ကို စကားပြောဆိုခြင်းအကြောင်းပြောထားရန် မေ့သွားခဲ့၍ စိတ်ပူနေခဲ့သော်လည်း ယွီနျန်က ပါးစပ်ဟလိုက်သည်နှင့် သူ့စကားသံက အထစ်အငေါ့မရှိ ချောချောမွေ့မွေ့ပင်။


သေချာပေါက် သူက အမြဲတမ်း သူအံ့သြရအောင်လုပ်လေသည်။


ယွီနျန့်တွင် သူ့စကားနားလည်ရန်အတွက် အခက်အခဲမရှိကြောင်းတွေ့သွား၍ မက်ဆာ၏မျက်နှာအနေအထားလည်း ပြောင်းလာသည်။ မုန့်ယွမ်က တကယ်တမ်းတွင် ရိုက်ကွင်းလိုအပ်ချက်များနှင့် လုပ်ဆောင်ချက်များက ဘာသာပြန်လျှင်လည်း မတိကျတတ်မှန်း နားလည်သွားသည်။ သူတို့က တိုက်ရိုက်ပြောဆိုနိုင်ပါက ဒုက္ခမများတော့ချေ။


စကားပြောဆိုပြီးနောက် ယွီနျန့်ကို အဝတ်လှဲရန်ခေါ်သွားလိုက်ပြီး မိတ်ကပ်လိမ်းပေးလေသည်။ မက်ဆာကိုယ်တိုင်လိုက်လာပြီး သေသေချာချာစစ်ဆေးရင်း ဘေးတွင်လည်း အသေးအဖွဲလေးများ လိုက်လုပ်ပေးသည့် ဓါတ်ပုံဆရာတစ်ယောက်ပါသေးသည်။ ယွီနျန်က ကင်မရာမီးများနှင့် နေသားကျနေပြီဖြစ်၍ သူ့မျက်နှာပုံစံနှင့် လှုပ်ရှားမှုများက ပုံမှန်အတိုင်းသာ။


ဤကြော်ငြာအတွက် ရွေးထားသည့် ဝတ်စုံက ချည်မျှင်များထူထူချုပ်ထားခြင်းဖြစ်သည်။ အထပ်ထပ်နှင့်ရှုပ်ထွေးလှသည့် ဤဝတ်စုံကို ဒီဇိုင်နာက ပိုးထည်ဖြူစွတ်စွတ်ကို ခုနစ်လွှာအထပ်ထပ်ဖြတ်ပြီး ယွီနျန့်ကို ဆင်ပေးထားခြင်းဖြစ်သည်။ ယွီနျန်က ပိန်ပါးကာ အရပ်ရှည်ပြီး ကိုယ်နေဟန်ထားမတ်မတ်နှင့် အချိုးကျသူဖြစ်သည်။ ထို့ကြောင့် ဝတ်စုံဝတ်လိုက်စဥ် ကို့ရို့ကားယားမနိုင်ပဲ ကြော့ရှင်းသည့်ဘက်သွားသည်။


သူ၏အနက်ရောင်ဆံပင်ကိုလည်း မီးခိုးရောင်ဖျော့ဖျော့ဆိုးထား၍ ယွီနျန့်မျက်နှာသွင်ပြင်က ခပ်မိုက်မိုက်ပုံလေးဖြစ်သွားသည်။ မျက်လုံးအောက်နားရှိ မျက်ရည်ခံမှဲ့လေးများပင် ချန်ထား၍မရချေ။


မက်ဆာက ဘေးတွင် လက်ပိုက်လျက် ရပ်နေသည်။ လက်ဖမိုးနှင့်မေးထောက်ထားရင်း ယွီနျန့်ကို သေသေချာချာကြည့်နေသည်။ ရုတ်တရက် အတွေးပေါ်လာ၍ လက်ဖြုတ်လိုက်ပြီး အမိန့်ပေးလိုက်သည်။


မကြာမီ လက်ထောက်လေးက ဟာဆီတံဆိပ်ဟောင်းပုံလေးနှင့် လေးထောင့်ပုံသေတ္တာတစ်ခု ယူလာသည်။


မက်ဆာက သေတ္တာထဲမှ တစ်ခုခုနှိုက်ယူလိုက်ရင်း ယွီနျန့်ခါးတွင် သူကိုယ်တိုင် ချိတ်ပေးလိုက်သည်။


ယွီနျန်ခေါင်းငုံ့လိုက်မှ အမွေးထူမြေခွေးမြီးလေးဖြစ်ပြီး ဒူးထိရှည်ကြောင်း တွေ့လိုက်ရသည်။


မက်ဆာက ရှင်းပြပေးလာသည် " ဒါက ဒီနှစ်အတွက် ဟာဆီရဲ့ကန့်သတ်ထုတ်ကုန်သစ်လေ....ရောင်းတောင်မရောင်းရသေးဘူး...မြေခွေးနီရဲ့အမြီးကို ဖန်တီးလုပ်ထားတာ ...မင်းရဲ့စတိုင်နဲ့အရမ်းလိုက်ဖက်တယ်"


ယွီနျန်က မတ်တပ်ရပ်လိုက်ရင်း ခြေနှစ်လှမ်းလှမ်းလိုက်သည်။ ခါးတွင်ချိတ်ထားသည့် မြေခွေးနီအမြီးလေးက လှုပ်လိုက်တိုင်း ယှမ်းခါနေကာ သူ့တစ်ကိုယ်လုံး နွေးထွေးသည့်အရိပ်အရောင်တို့ပေးစွမ်းနေ၍ အကြည့်မလွဲနိုင်ဖြစ်စေသည်။


မက်ဆာက တစ်မူထူးနေ၍ ကျေနပ်သွားပြီး လက်ဟန်ခြေဟန်ပြလာသည်


 " အိုကေ...မင်းအဆင်သင့်ဖြစ်ရင် စကြတာပေါ့" 

ထိုသူက စကားပြောလိုက်ရင်း နှစ်လိုဖွယ်ပြုံးပြပြီး ဆိုသည် 


" ကလေးလေးသာ ကောင်းကောင်းလုပ်ရင် ဒီမြေခွေးမြီးလေးကို လက်ဆောင်ပေးလိုက်မယ်"


ရှုရှန့်လန်အဖွဲ့နှင့် လဝက်မျှလေ့ကျင်ပြီးနောက် ယွီနျန်၏ကင်မရာဒဏ်ခံနိုင်ရည်က ပိုမိုကောင်းမွန်လာ၍ နံရိုးများပင် အနည်းငယ်မျှတုံ့သွားခြင်းမရှိပဲ ရိုက်ကူးရေးက မျှော်လင့်ထားသည်ထက် မြန်မြန်ပြီးလေသည်။


နေ့လည်၅နာရီထိုးသည်နှင့် မက်ဆာက ရိုက်ကူးရေးသိမ်းလိုက်ပြီး staffတွေကို စီစဥ်ရန်ခေါ်လိုက်သည်။ ရိုက်ထားသည့် ဓါတ်ပုံများကြည့်လိုက်ရင်း ကျေနပ်မှုအပြည့်နှင့် ပြောလာသည် 


" မင်းရဲ့ပုံတွေကတော့ တကယ်အံ့မခန်းပဲ....ငါ ထင်ထားတာထက်အများကြီးပိုကောင်းတယ် ...ငါ အရမ်းအံ့သြသွားတာ"


ထို့နောက် လက်ထောက်လေးကို မြေခွေးနီအမြီးလေးယူလာခိုင်းလိုက်ပြီး ယွီနျန့်ကို ကမ်းပေးလိုက်သည်


 " မင်းနဲ့ပူးပေါင်းရတာ ဝမ်းသာမိတယ်"


ယွီနျန်က လက်နှစ်ဖက်နှင့်ယူလိုက်ပြီး အပြုံးလေးနှင့်ဆိုလာသည်

 " ခင်ဗျားနဲ့ပူးပေါင်းရတာလည်း ဂုဏ်ယူစရာပါပဲဗျာ...ကျေးဇူးတင်ပါတယ်"


ဖလောရင့်က အလွန်ကျွမ်းကျင်သူများဖြစ်သည်။ ဆွေးနွေးပြီးသည်နှင့် ပိုစတာကို နိုဝင်ဘာလ၇ရက်နေ့ မနက်ခင်းတွင် စိတ်ဝင်စားဖွယ်လင့်ချပေးပြီး တရားဝင်ထုတ်ပြပေးမည်ဖြစ်သည်။ မိတ်ကပ်ပြောရေးဆိုခွင့်ရှိသူအနေနှင့် ယွီနျန်က လှည့်ပြရမည်ဖြစ်သည်။


တရားဝင်ဘလော့ဂ်မှတင်ပေးထားသည့် ဓါတ်ပုံထဲတွင် ယွီနျန်က ထောင့်မှန်စတုဂံပုံ ပလက်ဖောင်းအနိမ့်လေးပေါ် ကျောမှီပြီးသက်သက်သာသာလှဲနေသည်။ အခန်းထဲတွင်လည်း အလင်းထွက်ကျောက်နံရံများ ကာရံထားပြီး ထောင့်ချိုးများတွင်လည်း အဖြူရောင်ခရစ်စတယ်ကျောက်လေးများ စုထည့်ထားသည်။


ရှည်သွယ်သွယ်ခန္ဓာကိုယ်ပိုင်ရှင်သူက ခြေတံရှည်ကြီးများကို ပလပ်ဖောင်းပေါ်တင်ထားရင်း ဘယ်ခြေထောက်က မြေပေါ်လှမ်းနေဟန်နှင့် အားနည်းနေသည့်ပုံစံလေးပြထားသည်။ အထပ်ထပ်ခြုံလွှာထားသည့် အဖြူရောင်ဝတ်စုံနှင့် မီးခိုးရောင်ဆံပင်တို့က အေးစက်မှုတို့ အကန့်အသတ်မရှိပြထားသည်။


ခပ်စူစူနှုတ်ခမ်းတစ်စုံ လက်ထဲကိုင်ထားသော ဖန်ဗူးလေးထဲမှ ပုံရိပ်ယောင်ပင်လယ်နှုတ်ခမ်းနီတစ်ချောင်းနှင့် ခါးထက်ရှိ မီးတောက်ပုံစံ မြေခွေးနီအမြီးလေးတစ်လှုပ်လှုပ်က ဓါတ်ပုံတစ်ခုလုံးတွင် မျက်စိဖမ်းစားထားနိုင်ဆုံးသော အရောင်များပင်။


[ဘုရားရေ....အား.....အခုကစပြီး ဖလောရင့်ရဲ့ ပုံရိပ်ယောင်ပင်လယ်နှုတ်ခမ်းနီကို စီးရီးလိုက်ကိုဝယ်တော့မှာ...ရေခဲမြစ်နဲ့နှင်းလွင်ပြင်ပေါ်က တုနှိုင်းမဲ့ မြေးခွေးမိစ္ဆာလေးပါလား...]


[ကာရိုက်တာကတ်လေးတွေ ထုတ်ပေးဖို့ မှာချင်တယ်....အိတ်လိုက်ကို ထုတ်ပေးပါ ...ပိုစတာတွေရော ထုတ်ပေးပါ...ကာရိုက်တာဗူးကြီးထုတ်ပေးပါ...အကုန်ဝယ်လိုက်မယ်...ငါ့ပိုက်ဆံအိတ်က အော်နေပြီ...ဘူးဘူး...မင်း ဘာလို့ မားမားဆီကနေပုန်းနေရတာလဲ နျန်နျန်...အရမ်းကြည့်ကောင်းတာပဲ]


[အား....မြောက်တက်သွားပြီကွာ...နျန်နျန်ရဲ့ အင်္ဂလိပ်အသံထွက်က အရမ်းကောင်းတာပဲ...လှုပ်ဆောင်မှုတိုင်းက ပညာတတ်ဆန်ပြီး ယဥ်ကျေးသိမ်မွေ့တယ်...ပိုစ့်ပုံစံပြောင်းလိုက်တဲ့အခါ ဖြစ်သွားတဲ့ မျက်နှာသေအကြည့်လေးကလည်း အရမ်းလှလွန်းလို့ ပုံတိုင်းက wallpaperထားလောက်စရာပဲ]


[ဒီအလှက မျက်စိကျိန်းစရာကောင်းတယ်...ပိုစတာကလည်း တကယ်ရိုက်ချက်ကောင်းပဲ...ဒါရိုက်တာလည်း အံ့သြစရာကောင်းသလို staffတွေကလည်း အလုပ်ကြိုးစားကြတယ်...လမ်းကြိုလမ်းကြားတစ်လျှောက် billboardထိအောင် စောင့်နေအုံးမှာ...ငါ ဓါတ်ပုံရိုက်လိုက်အုံးမယ်ဟေ့...တရားဝင်ကြော်ငြာက ဘယ်အချိန်ထွက်မှာလဲ....ဒီက စောင့်မျှော်နေပါတယ်လို့]


[ဒီမြေခွေးမြီး...တစ်ကမ္ဘာလုံးမှာ ၂၁ခုပဲထုတ်ပေးတဲ့ ဟာဆီရဲ့ ကန့်သတ်ထုတ်ကုန်လေ....လက်နဲ့လုပ်ထားတာ...စျေးနှုန်းကတော့ သရဲပုံပြင်လိုပဲ USဒေါ်လာ တစ်သောင်းခုနစ်ထောင်]


[အစတုန်းက ဘရန်းဘက်ကနေ #ဖလောရင့်ပြောရေးဆိုခွင့်ရှိသူယွီနျန်# ဆိုပြီး hot search ခြောက်နေရာကို ဝယ်ထားတာလေ...ဒါပေမယ့် ဖန်တွေက သူတို့အချစ်ကို လျှပ်စစ်ဓါတ်အားလှည်ပတ်ဖို့ပဲ အားထားကြတယ်...#မြေခွေးမြီးနဲ့ယွီနျန်#ဆိုတာကို ငါးနေရာထိ တွန်းပို့လိုက်ကြပြီ]


တစ်ချိန်တည်းမှာပင် ရွှယ်ယုံ၏ဝေ့ပေါ်က အသစ်တင်လာသည် [#မြေခွေးမြီးနဲ့ယွီနျန်# အဲ့ဒီတွဲလောင်းကျနေတာကြီးကို ကြည့်ရင်း စိတ်ရှုပ်လာပြီ]


မကြာမီ ထိုအကြောင်းက မိုးထိဆက်ပြီးနာမည်ကြီးသွားကာ ပြန်တင်ပေးကြသည့်ပိုစ့်များနှင့် အကြိတ်အနယ်ဆွေးနွေးမှုများလည်း တဖြေးဖြေးမြင့်တက်လာသည်။ သိပ်မကြာမီ ဒုတိယနေရာထိရောက်သွားသည်။


ဖန်အများစုက ယွီနျန်၏ကြည့်ကောင်းသော ရုပ်ရည်သွင်ပြင်ကို ကြွားဝါနေကြပြီး လမ်းတစ်လျှောက် ရွှယ်ယုံ့ဝေ့ပေါ်အောက်တွင် တစ်စုစုဖြစ်နေကြသည့် blackဖန်များနှင့်လည်း တိုက်နေရသည်။ တချို့ဖြတ်သွားဖြတ်လာများပင် အမွေးထူမြေခွေးမြီးတုကို ယွမ်၁သိန်း၂သောင်း ရောင်းနေကြသည်ဟုပင် ဝမ်းပန်း

တနည်းပြောလာကြသည်။ လူချမ်းသာများက သေမျိုးတို့၏လောကအကြောင်း နားလည်လိမ့်မည်မဟုတ်ပေ။

 

ရုံးခန်းထဲတွင် ရွှယ်ယုံက ချင်ကျန်းကို ညွှန်ကြားနေသည်။


"ဒီမြေခွေးမြီးကို ဝယ်လိုက်ပါ ခဏ...." ရွှယ်ယုံက ကွန်ပျူတာscreenမှ ယွီနျန့်ရိုက်ကူးရေး ssများကို ကြည့်လိုက်သညိ။ ခါးသိမ်သိမ်လေးမှ ခြေတံစင်းစင်းလေးများထိ လျောစင်းကြနေသော မြေခွေးနီအမြီးက ကြည့်လိုက်ရုံနှင့် မီးထတောက်နေသည့်နှယ်။


စက္ကန့်အနည်းငယ်ကြာပြီးနောက် ရွှယ်ယုံက ထပ်ပြောလာသည် " ၂၁ခု ကန့်သတ်ချက်ဆိုတော့ ကျန်တဲ့အခု၂၀လုံး ဝယ်လိုက်တော့"


၂နာရီကြာပြီးနောက် #မြေခွေးမြီးနှင့်ယွီနျန်#ဆိုသည့် ခေါင်းစဥ်အောက်တွင် ဖန်တစ်ယောက်က ဟာဆီဘရန်းနှင့် စကားပြောထားသည့် မှတ်တမ်းပြလာသည်။


[အားလား...ကြည့်ကြပါအုံး...ငါအရမ်းကို စိတ်ကုန်သွားတာ...အစတုန်းက ယွီနျန်နဲ့မြေခွေးမြီးအတူတူမှာမလို့ ဟာဆီကို သွားချင်ခဲ့ပေမယ့် စင်ပေါ်မတင်ခင်ကတည်းက ဖယ်ထားပြီးသားလို့ ပြောလာမယ် မထင်ထားခဲ့ဘူး...အကြောင်းပြချက်က "ရောင်းကုန်သွားလို့ပါ" တဲ့ ...တစ်ချိန်တည်းမှာ အကုန်ရောင်းကုန်သွားတာလား...ရက်ရက်စက်စက်နဲ့ တစ်ကြိမ်တည်းအကုန်ဝယ်သွားတဲ့ ဖန်ချမ်းသာကြီးက ဘယ်သူများလဲ...မင်းကို မသတ်ဘူးလို့ ကတိပေးတယ်]


ရွှယ်ယုံက ထိုပိုစ့်ကိုမြင်လိုက်၍ တွေးမိသည်။


ငါလေ...ကိစ္စရှိလို့လား...။