အပိုင်း ၅၅
Viewers 10k

Chapter 55

 မင်းကို ကြိုဖို့ရောက်နေတာလေ




နိုဝင်ဘာလကုန်တွင် နျင်းချန်၌ အအေးလှိုင်းဖြတ်လေသည်။ တစ်ရေးအိပ်ပြီးနိုးလာသည့်အချိန် လမ်းသွားလမ်းလာများက မွေးပွအင်္ကျီနှင့်မာဖလာရှည်ကြီးများပတ်ပြီး သွားလာနေကြသည်။ 


ယွီနျန့်ကြော်ငြာသည်လည်း တရားဝင်ဖြန့်ဖြူးနေပြီဖြစ်သည်။ 


တစ်ညတည်းနှင့် ဘတ်စ်ကားမှတ်တိုင်များ၊မြေအောက်ရထားဘူတာများနှင့် စျေးဝယ်စင်တာများတွင် ဖလောရင့်၏ကြော်ငြာပိုစတာများကပ်ထားကြပြီး ညာဘက်ထောင့်နားလေးတွင် -ဖလောရင့်အလှကုန်ပြောရေးဆိုခွင့်ရှိသူ ယွီနျန် ဆိုသည့်စာလုံးထွင်းထားလေသည်။


တစ်ချိန်တည်းမှာပင် ကြော်ငြာများက တီဗွီနှင့်မေဂျာပလက်ဖောင်းများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနေပြီဖြစ်သည်။ ဝေ့ပေါ်ရှိ အဖွင့်ကြော်ငြာပင် ပုံရိပ်ယောင်ပင်လယ်နှုတ်ခမ်းနီကိုင်ထားသော ယွီနျန့်ဓါတ်ပုံများ ဖြစ်လာသည်။


[#ယွီနျန်# အလုပ်အကိုင်ဖန်အနေနဲ့ ယွီနျန်ရဲ့ရွေးတတ်တဲ့အမြင်ကို ပြင်းပြင်းထန်ထန်ချီးကျူးမိတယ်...ဖလောရင့်ဆိုတာ နာမည်ကြီးဘရန်းဖြစ်ပြီးတော့ ဟာဆီရဲ့အခွဲတစ်ခုဆိုတော့ ကြည့်ပါလား...ထုတ်လာတဲ့ကြော်ငြာတွေက တကယ် အသက်ရှူမှားအောင်လှလိုက်တာ...ငါသေပြီ]


[#ယွီနျန်#ဘုရားရေ ပိုစတာထဲက ကြော်ငြာအတွက်ဝတ်စုံက အရမ်းမိုက်တာပဲ...ငါ့မောင်လေးရဲ့မျက်နှာကို အဆတစ်ရာလောက်ခန့်သွားတာ....မြေအောက်ရထားဘူတာမှာတုန်းက ဘေးနားကကောင်မလေးတစ်ယောက် ပိုစတာထဲကလူအကြောင်းပြောတာ ကြားခဲ့တာ...ဘာလို့များ ငါ့မောင်လေးက အရမ်းကြည့်ကောင်းနေရတာလဲ...ငါအရမ်းကို ဂုဏ်ယူမိတယ်..

.ဟားဟား သူ့ရုပ်ရည်ကတော့ လုံးဝအသက်ပဲ]


[#ယွီနျန်# အား...ဘရန်းဒီဇိုင်းက တော်တော်မြင့်တာပဲ...အပေါ်ယံမဟုတ်ပဲ ရိုးတွင်းခြင်ဆီထဲထိအမြစ်တွယ်နေတဲ့ မြင့်မြတ်သောပုံရိပ်ကလေး.....ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ဆံပင်လေးကစ အရည်အသွေးမြင့် စံနှုန်းပဲဟေ့]


[#ယွီနျန်# ကျပန်းလက်ဆောင်ကတ်လေးရဖို့အတွက် နှုတ်ခမ်းနီအချောင်း၂၀ ဝယ်ထားပြီးပြီ...လက်ဆောင်ကတ် ဒါမှမဟုတ်ရင် တစ်ခုခု ကျပန်းပို့ပေးတာက ကုန်သည်တွေလျှို့ဝှက်ကြံစည်ထားတတ်ကြတာမျိုးပဲလေ...ဒါပေမယ့် ဖလောရင့် မင်းကတော့ အောင်မြင်တယ် ငါဝယ်လိုက်မှာ]


မကြာမီ "ယွီနျန့်billboardဆိုသည်နှင့် ဓါတ်ပုံရိုက်ရန် တန်းစီနေကြသောဖန်များ" ဆိုသောသတင်းက homepageတွင် နည်းလမ်းပေါင်းများစွာနှင့် ပြန်တင်နေကြသည်။ ယွီနျန့်ကြော်ငြာကြည့်ရှုနှုန်းလည်း မြင့်လာသည်။


မုန့်ယွမ်က ရုံးခန်းထဲတွင် ယွီနျန်နှင့် အချိန်ဇယားအကြောင်း ဆွေးနွေးနေရင်း ဖုန်းဖွင့်ပြီး တစ်ချက်ကြည့်လိုက်စဥ် ချက်ချင်း ပြုံးမိသွားသည်


 " နျန်နျန် Big V က မင်းကို ဘယ်နာမည်နဲ့ ထားထားလဲ သိလား"


ယွီနျန်က သိချင်စိတ်နှင့် " ဘယ်နာမည်လဲ"


"Hot searchနေရာသိမ်းတဲ့သူတဲ့" 


မုန့်ယွမ်က စပြီးရယ်မောလိုက်ရင်း " ဒါပေမယ့် ဒီနာမည်ကလည်း ဘာမှမဖြစ်ပါဘူး...အစစ်အမှန်ပဲလေ...ကြော်ငြာထွက်လာတာနဲ့ hot searchကို ဘရန်းဘက်က ဝယ်ထားတာရောဆို တော့ပ်တစ်ဆယ်မှာ မင်းနဲ့ဆက်စပ်တဲ့ပိုစ့်တွေ နှစ်ခုတော့ရှိမှာပဲ"


ယွီနျန်က ရှက်ကိုးရှက်ကန်းပြုံးလိုက်ရင်း မုန့်ယွမ်ကို မေးလိုက်သည် 


" အစ်ကိုမုန့်...အစ်ကိုမုန့် စောစောကပြောဖူးတဲ့ရှိုးလေ....ရှားမင်ရှီရော သွားမှာလား...ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက သူပြောတာ သူက ရိုက်ကူးရေးမပြီးသေးလို့ ရိုက်ကွင်းမှာပဲရှိသေးတယ်တဲ့"


မုန့်ယွမ်က ခေါင်းညိမ့်ပြသည်

 " ဟုတ်တယ်...ပရိုဂရမ်အဖွဲ့က ဆက်သွယ်လာတဲ့သူကတော့ လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ဆုံးဖြတ်ပြီးသားလို့ပြောတယ်...ရှားမင်ရှီက ဒီဘက်ရိုက်ကူးရေးဆီ တိုက်ရိုက် လေယာဥ်စီးလာခဲ့မှာ...အဲ့ဒါကောင်းတယ်...မင်းတို့တွေက ရင်းနှီးပြီးသားဆိုတော့ ရှိုးပွဲရောက်ရင် ပိုပြီးလွယ်ကူသွားတာပေါ့"


"အင်း...ဟုတ်ပါပြီ ကျွန်တော်ပြန်ပြီးတော့ ပြီးခဲ့တဲ့အပိုင်းတွေ ဆက်ကြည့်လိုက်အုံးမယ်"


"အိုကေ"တက်ဘလက်ချလိုက်ရင်း မုန့်ယွမ်က သတိပေးလာသည် 


" အိပ်ရာနောက်ကျသည်ထိ မနေနဲ့နော် ...မနက်ဖြန်မနက်ကိုးနာရီထိုးတာနဲ့ မင်းကိုလေဆိပ်ပို့ဖို့ အောက်ထပ်ကိုလာခဲ့မယ်"


ညနေခင်းတွင် ရွှယ်ယုံက ရေချိုးလိုက်ပြီးနောက် အမည်းရောင်နှင့်ငွေရောင်စင်းများပါသည့် ညဝတ်အင်္ကျီဝတ်လိုက်ရင်း ထွက်လာစဥ် ချူရှောင်းရန်မှ ဗွီဒီယိုကောရောက်လာသည်။ သူက စက်ဖွင့်လိုက်ပြီး ဘာမျှမပြောလိုက်မီ ချူရှောင်းရန်၏ဆဲသံကို ကြားလိုက်ရသည်


 " ဖာ့ခ်...ရွှယ်ရှောင်ယုံ...မင်း ဘာတွေလုပ်နေတာလဲ"


ရွှယ်ယုံက တဘက်ကိုင်ထားရင်း ဆံပင်ခြောက်အောင်သုတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်မေးလာသည် " ဘာလဲ ဘာဖြစ်လို့လဲ"


ချူရှောင်းရန်က စိတ်တိုနေပုံရသည်။ သူက ကင်မရာကို တစ်ဖက်သို့လှည့်ပေးလိုက်ရင်း မြင်ကွင်းတစ်ခုကို ပြလာသည်။ ထို့နောက် ကင်မရာကို သူ့မျက်နှာဆီပြန်လှည့်လိုက်ရင်း " မင်းလုပ်ပုံကိုကြည့်အုံး....ဒီကြမ်းပေါ်က လူတစ်ရပ်မကလောက်ရှိနေတဲ့ ဖလောရင့်အလှကုန်ဗူးတွေနဲ့ ဘာသောက်လုပ်လုပ်ရမှာလဲကွ...အကုန်လုံးက ကန့်သတ်ထုတ်ကုန်တွေ....ငါမှ မိတ်ကပ်မလိမ်းတာ....ဒီမိတ်ကပ်ပစ္စည်းတွေနဲ့ ဘာလုပ်ရမှာလဲ ....ရွှယ်ရှောင်ယုံ...မင်း ငါ့ကို တစ်ခုခုများ နားလည်မှုလွဲနေတာလား"


ရွယ်ယုံက တဘက်ကို ဘေးပို့လိုက်ရင်း ဖုန်းယူကာ ဓါတ်ပုံအယ်လ်ဘမ်ထဲမှ ssတစ်ပုံဖြတ်လိုက်ရင်း အေးအေးဆေးဆေးဖတ်ပြလာသည် 


" အား...ငါ ဝယ်တော့မှာ ငါဝယ်တော့မှာ....နျန်နျန်လေးက ပစ္စည်းပို့ကျွမ်းကြောင်း သက်သေပြမလို့လေ"


တစ်ဖက်မှ ချူရှောင်းရန်က ပါးစပ်အဟောင်းသားဖြစ်စွာ အံ့အားသင့်နေသည် 


" ဒါက ဝေ့ပေါ်က ဖန်တွေရဲ့ကောမန့်မို့လား...ဒါကြောင့် မင်းသွားဝယ်ထားတာလား...."


"ဟုတ်တယ်လေ" ရွှယ်ယုံက ခေါင်းညိမ့်ပြလာသည် " လမ်းမှာ တစ်သုတ်ကျန်သေးတယ်"


စကားပြောနေရင်း ရွှယ်ယုံက အလေးအနက်ပြောလာသည် " ကန့်သတ်ထုတ်ကုန်ဗူးဆိုတော့ တစ်ဗူးစီမှာ လက်ဆောင်ကတ်သုံးခုပါလိမ့်မယ် ....ငါ မနက်ဖြန် လာယူမယ်"


"အို့" ချူရှောင်းရန်က ထုံကျင်လာရသည် " အိုကေလေ....ပျော်သလိုသာလုပ်"


ဗွီဒီယိုကောကျသွားစဥ် ရွှယ်ယုံက ယွီနျန့်ထံ မက်ဆေ့ပို့ရမလား တွန့်ဆုတ်နေသော်လည်း တစ်ခဏအကြာ ယွီနျန့်စကားပြောပုံလေးက ထိပ်သို့တက်လာပြီး မက်ဆေ့ချ်တစ်ခု ဝင်လာသည်။


"ဒီည အိပ်မက်လှလှမက်ပါစေလို့ ဆုတောင်းပေးပါတယ်"


ရွှယ်ယုံ၏မျက်ဝန်းများ နူးညံ့သွားပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည် ။ အိမ်မက်တွေသာ စစ်မှန်ရင် ဒီည မင်းကို သေချာပေါက် အိပ်မက်မက်မှာပါ။


သူက အမြန်စာပြန်ပို့လိုက်သည် " ကောင်းသောညပါ"

 

******


မနက်၉နာရီတွင် ယွီနျန်က အဝတ်သေတ္တာနှင့် အောက်ထပ်သို့ အချိန်မှီဆင်းခဲ့သည်။


သူက နောက်ခုံတွင် ဝင်ထိုင်လိုက်သည်။ အရှေ့ဘက်တန်းမှရှစ်ရော့က မျက်လုံးစည်းထားသည့်အဝတ်ချွတ်လိုက်ရင်း ယွီနျန့်ကို အနွေးဗူးကမ်းပေးလာပြီး အပြုံးလေးနှင့်ဆိုလာသည်


 " နျန်နျန်...မနေ့ညက နောက်ကျသည်ထိနေခဲ့တုန်းက ဖလောရင့်ကြော်ငြာရိုက်ပေးခဲ့တဲ့ ဒါရိုက်တာမက်ဆာနဲ့ တွေ့ခဲ့တယ်...သူက ပြည်ပဖက်ရှင်မဂ္ဂဇင်းတစ်ခုမှာ အင်တာဗျူးလုပ်ဖို့ မင်းကို ပြောနေတာ"


ယွီနျန်က မနက်ပိုင်းတွင် ပစ္စည်းများထုတ်ပိုးနေရရ၍ ဖုန်းဖွင့်ကြည့်ရန် အချိန်မရှိပေ။ ထို့ကြောင့် သူက ထိုသတင်းကို မသိခြင်းဖြစ်သည်


 " ဒါရိုက်တာမက်ဆာက ကျွန်တော့ကို ချီးကျူးခဲ့တာလား"


"မင်း ဘယ်လိုသိလဲ"


ရှစ်ရော့မျက်လုံးပြူးသွားသည်ကို မြင်လိုက်၍ ယွီနျန်က အပြုံးလေးနှင့် ရှင်းပြလာသည်


 " အစ်မရဲ့မျက်နှာပုံစံက သူသာ ကျွန်တော်မတော်ဘူးလို့ပြောခဲ့ရင် ကျွန်တော်ထက် ပိုစိတ်မကောင်းဖြစ်နေမှာလို့ ပြောနေတာလေ"


ရှစ်ရော့က အချိန်တစ်ခုစာမျှ ရယ်မောလိုက်ရင်း ခေါင်းညိမ့်ပြလာသည်


 " ဟားဟားဟား...ဟုတ်တယ် သူပြောခဲ့တာကို ဘာသာပြန်ပြောရရင် မင်းက လူတိုင်းနဲ့မတူနဲ့ စိတ်ထားရှိတဲ့သူတစ်ယောက်တဲ့....ကင်မရာအောက်ကနေ မတူကွဲပြားတဲ့အရည်အချင်းတွေကို အဆက်မပြတ်ရှာဖွေချင်စိတ်ဖြစ်စေတယ်တဲ့.....ပြီးတော့ ထပ်ပြီးအလုပ်တွဲလုပ်ရဖို့လည်း မျှော်လင့်တယ်ပြောတယ်"


သူမက လက်ချောင်းများကို ရိုက်ချလိုက်ရင်း စိတ်အားထက်သန်စွာ ပြောလာသည် 


" အစ်မ မင်းကိုပြောအုံးမယ်....ဒါရိုက်တာမက်ဆာက မင်းကို အရမ်းကိုအလေးအနက် ချီးကျူးသွားတာ....လွန်ခဲ့တဲ့နှစ်တွေမှာ ရုပ်ရှင်ကြယ်ပွင့်နှစ်ယောက်ရယ် စူပါမော်ဒယ်ငါးယောက်နဲ့ အဆိုတော်တစ်ယောက်ပဲရှိခဲ့တာ အခုတော့ မင်းလည်းပါသွားပြီပေါ့"


မုန့်ယွမ်က ထပ်လောင်းပြောလိုက်သည် 

" သူက ဟာဆီတော်ဝင်ကြော်ငြာလုပ်ငန်းရဲ့ ဒါရိုက်တာပဲလေ"


"ဟုတ်တယ်"

 ရှစ်ရော့က မျက်လုံးစည်းကို လက်ထဲကိုင်ထားလိုက်ရင်း ယွီနျန့်အဝတ်အစားများကို ကြည့်ကာ စိတ်ပူလာပြန်သည်


 " အို့....ဆောင်းရာသီရောက်တော့မှာလေ....မင်းရဲ့အဝတ်ဗီရိုထဲက စျေးချထားတဲ့တီရှပ်အဖြူတွေ မလွှင့်ပစ်လိုက်ခင်တုန်းက အစ်မမှာ ကျိတ်ပျော်နေရတာ...ဒါပေမယ့် မင်းက စျေးချထားတဲ့ အနွေးထည်ကို တကယ်ကြီးပြန်ဝတ်ထားတာပေါ့"


မုန့်ယွမ်က ဆက်ပြီးဝင်ပြောလာသည် 

" ပုံစံတူတွေလေ...သုံးရောင်ပဲရှိတယ် အမည်း အဖြူ မီးခိုး အလှည့်ကျဝတ်တာ"


"ဟုတ်တယ်.... မင်းကြော်ငြာမရိုက်ခင်တုန်းကလေ တစ်ယောက်ယောက်က မင်းဝတ်ထားတာ ဘယ်ဘရန်းက အနွေးထည်လဲလို့မေးဖူးတယ်...ကြည့်ကောင်းလွန်းလို့တဲ့လေ....အဲ့ဒီအချိန်တုန်းက အစ်မမှာ အမှန်ကို မပြောနိုင်ခဲ့ဘူး"


 ရှစ်ရော့က အကြံပေးလာသည် 

" နျန်နျန် ....အပြင်ဝတ်လေးအတွက် နည်းနည်းစျေးကြီးတဲ့ဝတ်စုံလေး ဝယ်လိုက်ရင်ရော"


မုန့်ယွမ်က ဖုန်းထံမှအကြည့်ခွာလိုက်ရင်း အမှန်တရားကို ပြောလာသည်


 " သူက စားစရာတောင် ထပ်ပြီးမှာမစားနိုင်တော့တာကို အဝတ်အစားအတွက် ခက်ခဲအောင်မလုပ်စမ်းပါနဲ့....ဘာပဲဖြစ်ဖြစ် သူက ၂၁နှစ်ပဲရှိသေးတာ ...သူ့မျက်နှာလေးကိုမှီခိုလိုက်ရုံနဲ့ လျှောက်လှမ်းလို့ရနေပြီ"


မုန့်ယွမ်နှင့်ရှစ်ရော့တို့က တစ်ယောက်တစ်ပေါက်ပြောနေကြရင်း စကားဆုံးသွားသည်နှင့် ယွီနျန်က ပြောလာသည်


 " ဒါဖြင့် ကျွန်တော် သားမွေးအနွေးထည်နဲ့ လှဲလိုက်ရင်ရော အရင်တုန်းက ခုနစ်ထည်ရှစ်ထည်ဝယ်ခဲ့တာ"


"ခုနစ်ထည် ရှစ်ထည်..." မုန့်ယွမ်က နာဖူးရိုက်လိုက်ရင်း " တကယ်ပါ ငါ့ဆုံးဖြတ်ချက်ကိုငါ ပြန်ပြီးမေးခွန်းထုတ်လိုက်ချင်တယ်...မင်းကို ပရိသတ်အမြင်မှာ မြင့်မြတ်တဲ့သားလေးတစ်ယောက်ပုံစံနေခိုင်းတာ မှားတာလား မှန်တာလားဆိုတာ"


ရှစ်ရော့က မုန့်ယွမ်ကို ဖျောင်းဖျလာသည်


 " အဆင်ပြပါတယ် အစ်ကိုမုန့်...အခြေအနေကို လက်ခံလိုက်ရအောင်....တခြားသူတွေက ပိုက်ဆံအပေါ်မှီခိုတယ်...ကျွန်မတို့က မျက်နှာလေးနဲ့.စိတ်ထားလေးအပေါ် အားထား ထားတာပေါ့"

 

လေယာဥ်ပေါ်မှဆင်းလာပြီးနောက် ပရိုဂရမ်အဖွဲ့မှ အကြိုလွှတ်ထားသည့်ကားပေါ် တက်လိုက်ကြသည်။ ရိုက်ကူးရေးနေရာသို့ ရောက်သောအခါ ယွီနျန်က သတိမဝင်ခင် ရှားမင်ရှီ၏ဝက်ဝံဖက်နည်းကြောင့် လူပင်ယိုင်သွားရသည်။


"နျန်နျန်"


ယွီနျန်က အတောမသတ်ရယ်မောလိုက်ရင်း " မင်ရှီ ..မင်း ဝိတ်တက်လာတာလား...အားပြင်းချက်ကတော့"


ရှားမင်ရှီက အမြန်ထရပ်လိုက်ရင်း သူ့လက်များထိလိုက် ခါးကိုင်လိုက်နှင့် စိတ်တုန်လှုပ်လာသည် 


" မဟုတ်ပါဘူး....ငါတကယ်ကြီး ဝလာတာလား...အား...အဲ့တာ ချာတူးလံအဖွဲ့ကြောင့်ပဲ...စာဖိုမှူးက ဟင်းချက်ကောင်းလွန်းလို့ ငါလည်း မထိန်းနိုင်တော့ဘူးလေ"


သူက နောက်ထပ်လီစကစ်မုန့်ကို ထိလိုက်ရင်း အပြုံးတောက်တောက်လေးနှင့် ယွီနျန့်ကို ကမ်းပေးလာပြီး စကားဆိုသည် " ငါတို့ အတူတူရိုက်ကူးရေးလုပ်ရမှာ...မင်းပျော်လား"

 

"သေချာပေါက် ပျော်တာပေါ့" 

ယွီနျန်က ဘီစကစ်ထုတ်ကိုဖောက်လိုက်ရင်း စိတ်ကျေနပ်စွာ တစ်ကိုက်ကိုက်လိုက်သည်


 " အစ်ကိုမုန့်ပြောတာကြားတော့ငါအရမ်းကို အံ့သြသွားတာ...မင်းက ရိုက်ကွင်းမှာပဲရှိသေးတယ်တွေးပြီး မလာဘူးလို့ထင်ထားတာ"


"ငါလည်း အံ့သြသွားတာပဲကွ....ငါ့မန်နေဂျာက ဒါရိုက်တာရဲ့လူသတ်ချင်နေတဲ့အကြည့်ကို သည်းခံပြီး ရိုက်ကွင်းကနေ ငါ့ကို လေယာဥ်ပေါ်ချက်ချင်းတင်ပေးလိုက်တာ.....ဒါပေမယ့် ရိုက်ကူးရေးက နှစ်သုံးရက်လောက်မှ ပြီးမှာလေ...ပြောရရင် ငါ့အတွက် ရိုက်ဖို့က အချိန်သိပ်မကြာဘူး....နောက်ပိုင်းမှာ ဇာတ်ဝင်ခန်းနည်းနည်းထည့်လိုက်တာကြောင့် အချိန်ဆွဲသလိုဖြစ်သွားလို့လေ"


ရှားမင်ရှီက သူ့အသံကို ထပ်နိမ့်လိုက်ရင်း " ဒါရိုက်တာပြောတာ ငါက သရုပ်ဆောင်ပိုင်းမှာ ပါရမီပါတယ်တဲ့...သူ့ရဲ့နောက်ထပ်ရုပ်ရှင်အတွက် ဒုတိယဇာတ်ကောင်နေရာမှာ ငါ့ကို စာရင်းသွင်းထားပြီးပြီတဲ့"


ယွီနျန်ကလည်း တိုးတိုးလေးပြန်ပြောလာသည် 


" ဒါဖြင့် မင်းက အနာဂတ်မှာ ရုပ်ရှင်ပဲဆက်ရိုက်တော့မှာလား"


"ဟုတ်တယ်...သီချင်းဆိုပြီးကတာက အရမ်းခက်ခဲတယ်လေ...ရုပ်ရှင်ရိုက်တာက အရမ်းစိတ်ဝင်စားစရာကောင်းတာ" 


ရှားမင်ရှီက သဘောခွေ့နေဟန် " ငါ့အမေကတောင် ချီးကျူးနေတာကွ...သူမရဲ့အမွေကို ဆက်ခံထားတယ်ဆိုပြီးလေ


"ဒါဖြင့် မင်းရဲ့အဖေတော့ စိတ်ပျက်သွားမှာပဲ"


"ဟားဟားဟား....ဟုတ်တာပေါ့"


နှစ်ဦးသား တစ်ခဏမျှစကားပြောနေကြပြီး ဇာတ်ညွှန်းကို အတူတူလေ့လာကြသည်။ ညကိုးနာရီတွင် တရားဝင်ရိုက်ကူးရေး စသည်ထိပင်။


ရှားမင်ရှီက ယွီနျန့်အပေါ် တစ်ရေးမှေးနေရင်း မျက်လုံးပွတ်ပြီး နိုးလာသည် " စတော့မှာလား"


"ဟုတ်တယ်" ယွီနျန်က ခေါင်းညိမ့်ပြလိုက်သည်


" မင်ရှီ...မင်းအိပ်နေတုန်းက စကားပြောနေခဲ့တယ်ဆိုတာ မင်းကို ပြောရအုံးမယ်"


ရှားမင်ရှီက အိပ်ချင်ပြေသွားပြီး တုန်လှုပ်ချောက်ချားသွားသည့်မျက်နှာနှင့် အထိတ်တလန့်ဖြစ်သွားလေသည် " ဘ ဘ ဘာတွေ ပြောခဲ့တာလဲ ငါက"


" မင်းဘာမှမပြောခဲ့ပါဘူး...အိပ်မက်မက်နေတုန်း စာသားတွေပြောနေတာပါ" 


ယွီနျန်က ရယ်မောလိုက်သည်


 " ဝီရိယရှိလိုက်ပုံများ"


"သေချာတာပေါ့...ငါ့အမေကို အရှက်ရစေလို့ မဖြစ်ဘူးလေ" 


ရှားမင်ရှီက မတ်တတ်ပြန်ရပ်လိုက်ရင်း ဂုဏ်ယူဝင့်ကြွားသောမျက်နှာနှင့် အော်ပြောလိုက်သည်


 " မိတ်ကပ်ပြင်ပေးတဲ့အစ်မရေ ကျွန်တော့်မိတ်ကပ်လေး ပြန်လုပ်ပေးပါအုံး...နာဖူးထိပ်ကအမှုန့်တွေက နျန်နျန့်အဝတ်တွေနဲ့ ပွတ်မိထားလို့"


" အမှန်တရားပြောရန်" ဆိုသည်က ပြည်တွင်းအင်တာတိမ်းမန့်တစ်ခုဖြစ်ပြီး အင်တာဗျူးလုပ်သည့် ရှိုးတစ်ခုဖြစ်သည်။ ပုံမှန်စီစဥ်မှုအတိုင်းဆိုပါက တင်ဆက်သူနှင့်ပုံမှန်ဧည်သည်လေးယောက်ရှိရမည်ဖြစ်ပြီး အပိုင်းတစ်ခုစီတွင် အနုပညာရှင်နှစ်ယောက်ဖိတ်ကြားခံရပြီး အတူတူထိုင်ပြီးစကားပြောကာ အလယ်ပိုင်းလောက်တွင် စွမ်းရည်ပြပွဲများနှင့် အပျော်ဂိမ်းကစားနည်းများ ပါဝင်လာမည်ဖြစ်သည်။ အခြေခံကျကျပြောရလျှင် အနုပညာရှင်များနှင့် ပိုပြီးရင်းရင်းနှီးနှီးနွေးနွေးဖြစ်စေ၍ ခက်ခက်ခဲခဲမဟုတ်ပေ။ ပရိုဂရမ်၏လူကြိုက်များနှုန်းကလည်း ထိပ်တန်းကြီးမဟုတ်သော်လည်း ကြည့်ရှုနှုန်းမဆိုးချေ။


ရိုက်ကူးရေးစတင်ပြီးနောက် တင်ဆက်သူက ပုံမှန်ကဲ့သို့ ဇာတ်ဝင်ခန်းကို အသက်ဝင်အောင်လုပ်လိုက်ရင်း ပုံမှန်ဧည့်သည်များနှင့် အပြန်အလှန်ပြောဆိုပြီးသည်နှင့် မိတ်ဆက်ပေးလာသည် 


" ကျေးဇူးပြုပြီး ကင်မရာကိုလှည့်လိုက်ပါ....ဟုတ်ပါတယ် ကျွန်တော်တို့ဘေးက ဒီကြည့်ကောင်းလှတဲ့ လူနှစ်ယောက်ကတော့ ဒီအပိုင်းရဲ့ ဧည်သည်တွေဖြစ်တဲ့ ယွီနျန်နဲ့ ရှားမင်ရှီတို့ပါ"


နှစ်ဦးသားမိတ်ဆက်ပြီး နှုတ်ဆက်စကားဆိုလိုက်ပြီးနောက် တင်ဆက်သူက မေးလာသည် 


" ဒီလိုရှိုးပွဲမှာ မင်းတို့နှစ်ယောက်လုံးက ပထမဆုံးအကြိမ်ပါဖူးတာမှန်း ကျွန်တော်တို့သိကြပါတယ်"


ဧည်သည်တစ်ယောက်က ဖြေလိုက်သည် "ဘယ်လိုရှိုးမျိုးပါလိမ့်"


တင်ဆက်သူက ရယ်မောလိုက်ရင်း ပြောလာသည် " အင်း...ပျော်စရာကောင်းတဲ့ ရှိုးလိုမျိုးလား...သူ့ဆိုလိုရင်းနဲ့ လိုက်ဖက်နေအောင်လို့ အရင်ဆုံးရယ်စရာပြောလိုက်ကြမလား"


ရှားမင်ရှီက ခေါင်းမော့လာရင်း ပြောလာသည်


 " ကျွန်တော်က အဆင်သင့်ပါပဲဗျာ...ကျွန်တော် အရင်သွားလိုက်မယ်" 


သူက လည်ချောင်းရှင်းလိုက်ရင်း တည်တည်ငြိမ်ငြိမ်ပြောလာသည် 


" ငှက်ပျောသီးနှစ်လုံးက တစ်လုံးနောက်တစ်လုံးလိုက်ရင်း စျေးဝယ်ထွက်ကြတာပေါ့...သူတို့က လမ်းလျှောက်နေကြရင်းနဲ့ ရှေ့ကငှက်ပျောသီးက ပူလာသလိုခံစားရလာလို့တဲ့...ဒါကြောင့် အဝတ်တွေချွတ်ပစ်လိုက်တယ်...ရလဒ်ကတော့ မှန်းကြည့်ကြဗျာ....နောက်ကငှက်ပျောသီးက မေ့လဲသွားတာပေါ့ ဟားဟားဟား"


"ဟားဟားဟား"


ရယ်သံများရပ်သွားမှ ရှားမင်ရှီက မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် သိချင်စိတ်နှင့် " ဘာလို့ ကျွန်တော်နဲ့နျန်နျန်ကို ရယ်နေကြတာလဲ"


တင်ဆက်သူက ဗလာဖြစ်စွာ မေးလာသည် " ရယ်ရလို့လား"


ရှားမင်ရှီက ယွီနျန့်ကို ကြည့်လိုက်ရာ ယွီနျန်က ခေါင်းညိမ့်ပြလာသည် " ရယ်ရတယ်"


ရှားမင်ရှီက "မင်းအလှည့်" ဆိုသည့် မျက်နှာထားနှင့် တင်ဆက်သူဘက်လှည့်လိုက်မှ တင်ဆက်သူက "ဟားဟားဟား"ကို သုံးကြိမ်လုပ်လာသည်။


ယွီနျန်က မတ်မတ်ထိုင်လိုက်ရင်း စင်းကျားဂျက်ကတ်ကို ကြယ်သီးဖြုတ်လိုက်ရင်း ဆိုသည် 


"ကျွန်တော့်အလှည့်"


သူက မိုက်ပါနားကြပ်ကို ချိန်ဆလိုက်ရင်း စပြီးပြောတော့သည်။


" မိန်းမငယ်လေးတစ်ယောက် ရဲစခန်းရောက်လာပြီး ပြောလာတယ်...ရဲဦးလေးကြီးတို့ ကျွန်မ အိတ်ပျောက်သွားလို့ပါဆိုပြီးပြောလာတာလေ...ရဲကြီးကလည်း သူ့ရင်ဘတ်ပုတ်ပြပြီး " မစိုးရိမ်ပါနဲ့

ငါ့ဆီကျန်ထားတာပါ"ပြောတော့ မိန်းကလေးက စဥ်းစားမရဖြစ်သွားတယ်" ဟေ့...ဒါဖြင့် ဘာလို့ပြန်မပေးသေးတာလဲ" ဆိုပြီးပြောလိုက်တာလေ"


ယွီနျန့်စကားဆုံးသည်နှင့် ရှားမင်ရှီက စားပွဲခုံကို "ဘန်း" ခနဲမြည်အောင် ရိုက်လိုက်ပြီး အော်ရယ်တော့သည်။