Chapter 139
ရေသူထီး၏ ဖျားယောင်းမှု
"သူ့တို့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအချို့က ရှေးဟောင်း အပြာရောင်ဂြိုလ်နဲ့ အတော်လေးဆင်တူတယ်..."
မူရွှမ် ခေါင်းငြိမ့်ပြီး ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အများစုကတော့ လူသားနဲ့တူကြတယ်...."
"သူတို့က တကယ်ရေသူမတွေပေါ့...."
ယောင်စစ် အော်ပြောလိုက်သည်။
ရေသူမပုံစံအမျိုးမျိုး သူမစိတ်ထဲတွင် ထွက်ပေါ်လာသည်။ ထိုကဲ့သို့သော မျိုးနွယ်မျိုး စကြဝဠာထဲတွင် ရှိနေမည်ဟု သူမ မထင်ခဲ့ပေ။
ပုံပြင်တွေထဲကလို သူတို့မှာ အမြှီးလှလှလေးတွေများ ရှိလောက်လား... ကျောက်တုံးပေါ်တက်ပြီး နေ့တိုင်း သီချင်းဆိုကြလောက်လား...
ချက်ချင်းလက်ငင်း သူမ၏ အတွေးထဲရှိပုံများနှင့် တူညီမည်လားဟု အွန်လိုင်းပေါ်တွင် ပုံများရှာ၍ ယှဉ်ကြည့်ချင်စိတ် ပြင်းပြလာသည်။
ရောက်ရှိကြောင်းကြေငြာချက်က ယာဉ်ပျံတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
"ငါတို့ရောက်ပြီ..."
မူရွှမ် သူမခေါင်းလေးကို ငြင်သာစွာ ပွတ်သပ်လိုက်သည်။
"ဆိပ်ကမ်းမှာ အလုပ်လုပ်နေကြတဲ့ ဂြိုလ်ပေါ်သားတွေရှိတယ်... သူတို့ရဲ့ အသွင်အပြင်ကို အတော်လေးသိချင်နေမှတော့ အောက်ဆင်းပြီး သွားကြည့်လိုက်ပေါ့..."
ဟုတ်ပြီကွ... လက်တွေ့ကြုံတဲ့ အတွေ့အကြုံက ကွန်ပျူတာလက်ပတ်ပေါ်က ကြုံရတာထက် အများကြီး ပိုကောင်းမှာပဲ...
ယောင်စစ် ချက်ချင်းဆင်းသက်၍ မူရွှမ်နောက်မှနေပြီး ယာဉ်ပျံပေါ်မှ ဆင်းသက်လိုက်သည်။
သူတို့ ဆင်းသက်လိုက်သည်နှင့် မြင်လိုက်ရသည်မှာ အဇူရာသမုဒ္ဒရာကြီးဖြစ်ပြီး ဆားနံ့သင်းသော လေညှင်းတို့က သူတို့နှာခေါင်းဝကို လာရောက် ကျီစယ်လေသည်။ ထင်ထားသည့်အတိုင်း အဏ္ဏဝါမျိုးနွယ်များဖြစ်၍ နေရာတိုင်းတွင် ရေပြင်များတွေ့ရသည်။
ယောင်စစ် လျှောက်ပတ်ကြည့်ပြီး ဒဏ္ဍာရီလာ ရေသူမလှလှလေးများကို ရှာနေလိုက်သည်။ သို့သော် ဆိပ်ကမ်းတွင် အခြားမျိုးနွယ်စုက လူများသာ ပြုံတိုးနေကြသည်။
ဆိပ်ကမ်းဝင်ပေါက်သို့ ရောက်သည်နှင့် မူရွှမ်က သူမလက်ကို တင်းတင်းဆွဲထားလိုက်သည်။
"အဲ့တာတွေက အဏ္ဏဝါမျိုးစိတ်က ရေသူထီးတွေပဲ..."
ယောင်စစ်၏ နှလုံးသားလေး တုန်ယင်သွားကာ စိတ်လှုပ်တရှား လှည့်ကြည့်လိုက်သည်။ သို့သော် ဒဏ္ဍာရီလာရေသူမများကို ကြည့်လိုက်မိချိန်တွင်...
(⊙_⊙)
သောက်ကျိုးနည်း.. ဘာကြီးတွေလဲ...
*ဖန်ကွဲသံများ*
သူမ သန်းပေါင်းများစွာသော နှလုံးသား နုနုငယ်ငယ်လေးများစွာ ကွဲကြေသံကို ကြားလိုက်ရသလိုပင်။
ယီးပဲ... ရေသူမတွေက အပေါ်ပိုင်းမှာ ငါးခေါင်းနဲ့ အောက်ပိုင်းမှာ လူခန္ဓာကိုယ်ရှိလည်း ရှိနိုင်တယ်လို့ ဘယ်သူကမှ သူမကို သတိမပေးခဲ့ကြပါလားဟ...
(╯‵□′)╯︵┻━┻
ရေသူမအစစ်တွေက ဘာလို့ ဒီလိုပုံတွေဖြစ်နေရတာလဲ... နတ်သမီးပုံပြင်လေးတွေထဲက ငါ့ရဲ့ ရေသူမလှလှလေးတွေ ပြန်ပေး...
"ကျေးဇူးပြုပြီး သင့်ရဲ့ ID ကိုပြပေးပါ..."
ရေသူထီးတစ်ယောက်က သူမတို့ကို သူ၏အသက်မဲ့နေသော ငါးမျက်လုံးများဖြင့် ကြည့်၍ အာရုံခံစက်ကို ညွှန်ပြလိုက်သည်။
မူရွှမ် သူ၏ IDကို ကွန်ပျူတာ အာရုံခံစက်ပေါ်တင်လိုက်ပြီး သူတို့၏ IDနှစ်ခုလုံးကို ပြလာသည်။
"အဏ္ဏဝါမျိုးစိတ်တို့ရဲ့ အမိဂြိုလ်မှ ကြိုဆိုပါတယ်...."
ရေသူထီးက ခေါင်းငြိမ့်လိုက်ပြီး သူတို့ကို ဖြတ်သန်းခွင့် ပေးလိုက်သည်။ သူ၏ အမူအရာက လုံးဝ မပြောင်းလဲပေ။
"..." ယောင်စစ်
အစော်ကားခံရတယ်ဆိုတဲ့ ခံစားချက်အစား သူမ ငိုသာငိုချင်မိတော့တယ်...
(╥╯^╰╥)
"ငါ့ကို ဒီမှာစောင့်နေပေး...."
မူရွှမ် ပြောလိုက်သည်။
"အာ..."
ယောင်စစ် ကြောင်အသွားကာ မူလကထိတ်လန့်နေသော ခံစားချက်များ ပျောက်ကွယ်သွားသည်။
"အဏ္ဏဝါလူသားတွေက ရေအောက်မှာ နေကြတာ.. ဒီတော့ အကာအကွယ် ပူဖောင်းတွေမပါပဲ ရေထဲသွားရင် မသက်မသာခံစားရတယ်..."
မူရွှမ် ကျယ်ပြောလှသေူ သမုဒ္ဒရာကြီးကို လက်ညှိုးညွှန်ပြလိုက်သည်။
"ငါ ပူဖောင်းတွေသွားယူတုန်း ဒီမှာခဏလေးစောင့်ပေး...."
"အိုး... ကောင်းပြီလေ..."
ယောင်စစ် ခေါင်းငြိမ့်လိုက်သည်။ သူမလှည့်ပတ်ကြည့်လိုက်သောအခါ 'ဝင်ဆောင်မှုကောင်တာ'ရှေ့တွင် လူတန်းကြီးရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် မျိုးနွယ်စုအားလုံးနီးပါးစီတန်းနေကြပြီး လူတိုင်း အပြာရောင် ပုတီးစေ့များ ကိုင်ထားကြသည်။
ယောင်စစ် အနားယူသည့် ဧရိယာတွင် ထိုင်ပြီး သူမ၏ တစစီကွဲကြေသွားသော နှလုံးသားလေးကို ပြန်လည်ဖာထေးရန် ကြိုးစားနေလိုက်သည်။
နတ်သမီးပုံပြင်တွေက အလိမ်အညာတွေချည်းပဲ..
ဖူး
သူမ၏ နောက်ကျောဘက်မှ ကျောချမ်းဖွယ်ခံစားချက်ကို ရလိုက်၍ ချက်ချင်းလှည့်ကြည့်လိုက်သောအခါ ငါးခေါင်းအသေးလေးတစ်ခုက သူမကို စိုက်ကြည့်နေသည်ကိုမြင်လိုက်ရသည်။
၎င်းက ရေသူထီးလေးတစ်ယောက်ဖြစ်ပြီး ဆိပ်ကမ်းရှိလူများထက် သေးငယ်လှသည်။ သူက ဘာအဝတ်မှ မဝတ်ထားဘဲ ဘောင်းဘီတိုတစ်ထည်သာ ဝတ်ထားသည်။
ဒါက... အဏ္ဏဝါမျိုးစိတ်က ကလေးတစ်ယောက်လား...
ဖူး
ရေသူထီးလေးက သူမကို လေမှုတ်လိုက်သည်။ ပူဖောင်းလေးတစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် တုန်ခါနေကာ သူမ မျက်နှာကို တိတ်တဆိတ် သက်ဆင်းလိုက်သည်။ သူမမျက်နှာပေါ် ခဏမျှကြာပြီးနောက် ပေါက်ကွဲသွားခဲ့သည်။
ထို့နောက် သူမကို ဘာနဲ့ပစ်လိုက်လည်း သိသွားချေပြီ။
သူမ ပြုံးလိုက်သည်။ လူသားတစ်ပိုင်း ငါးတစ်ပိုင်းဖြစ်စေကာမူ ကလေးတိုင်းက သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြရသည်ကို ကြိုက်ကြပေသည်။ ဤကလေးက သူမမြင်ခဲ့သောလူထက် ပိုမိုကြညိ့ကောင်းနေသည်။ သူ့ခေါင်းထက်တွင် ရွှေရောင်ကြေးခွံအလွှာတစ်ခု ရှိနေသည်။
"မင်္ဂလာပါ... ကောင်ကလေးရေ...."
သူမ လက်မြှောက်၍ နှုတ်ဆက်လိုက်သည်။
ရေသူထီးလေးက တောင့်ခဲသွားပြီး သူမဆီမှ တုံ့ပြန်မှုကို မမျှော်လင့်ထားဟန်ဖြစ်နေသည်။ သူ၏မျက်လုံးများက ပြူးကျယ်လာကာ ရေထဲတွင် တုန်ရီနေသည်။ ခဏအကြာတင် ရေအောက်ထဲ ပြန်လည်ငုတ်လျှိုးသွားပြီး သူမ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။
သူ့ကို ခြောက်လှန့်မိသွားတာလား...
သူက အခြားမျိုးနွယ်မှ ကလေးများထက် တက်ကြွပေသည်။ ယောင်စစ် မူရွှမ်ပြန်လာချိန်အထိ စိတ်ရှည်လက်ရှည်စောင့်နေလိုက်သည်။
ဆယ်မိနစ်ကြာသောအခါ အသံတစ်သံကြားလိုက်ရပြီး သူမနောက်ကျောဘက်မှ အသာအယာရွေ့လျားနေသည်။
သူမ ခေါင်းငုံ့ကြည့်လိုက်သည်။ ၎င်းက အရောင်စုံလှသော ကမာခွံဖြစ်ပြီး အတွင်းတွင် ပေါ်လစ်တိုက်ထားသလို တောက်ပြောင်နေသည်။
သူမ ရေထဲကိုကြည့်လိုက်သောအခါ ရေသူထီးလေး ပြန်လာတာဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏မျက်လုံးထဲတွင် မျှော်လင့် စောင့်စားမှူအပြည့်ဖြင့် သူမကို ကမာခွံကမ်းပေးလိုက်သည်။
"ဒါ ငါ့အတွက်လား..."
သူမ အံ့ဩသွားသည်။
တခြားမျိုးနွယ်စုက ကလေးတွေအကုန် ဒီလိုဖော်ရွေတယ်တဲ့လား...
ရေသူထီးလေးက သူ၏ခြေထောက်ကို ရေထဲတွင် တဖျပ်ဖျပ်ခတ်လိုက်ပြီး ရေလှိုင်းလေးများဖြစ်ပေါ်လာသည်။ ထို့နောက် ကမာခွံကိုညွှန်ပြပြီး ပြင်းပြင်းထန်ထန်ခေါင်းငြိမ့်လိုက်သည်။
"ရပါတယ်..."
ယောင်စစ် ကမာခွံကို ကောက်ယူလိုက်သည်။ သို့သော် ၎င်းကို သူ့ထံပြန်ပေးလိုက်သည်။ သူမ ကောင်လေး၏ ခေါင်းကို သတ္တိမွေး၍ ပုတ်ပေးလိုက်သည်။
"ကျေးဇူးပါ... ဒါပေမဲ့ ဒီလိုလှတဲ့အရာလေးကို ကိုယ့်ဘာသာသိမ်းရတယ်ကွယ့်... လိမ္မာလိုက်တဲ့ကောင်လေး..."
သူ အံ့ဩသွားပြီး သူမ၏လက်ဖဝါးလေးကိုခံစားမိစေရန် သူ့ခေါင်းကိုလှည့်လိုက်ပြီး သူ့လည်ပင်းရှိ ကြေးခွံများက နီရဲလာသည်။ သူမငြင်းလိုက်သည့် အကြောင်းပြချက်ကိုနားမလည်ဟန်ဖြင့် သူမလက်ထဲကို ကြေးခွံလေး ပြန်ထည့်ပေးလိုက်သည်။
"ငါတကယ်မလိုဘူး..."
တော်လိုက်တဲ့ ကလေးလေး...
သူ ကမာခွံကို ပြန်ယူသွားပြီး မကျေမနပ်ခေါင်းငုံ့ကာ ရေထဲပြန်ဝင်သွားသည်။
“…”
သူ ဒေါသထွက်သွားတာလား...
ကလေးတစ်ယောက်အနေဖြင့် ဤသည်ကို နားလည်ပေး၍ ရပေသည်။ သို့သော် အရွယ်ရောက်ပြီးသူ တစ်ယောက်အနေဖြင့် ကလေးတစ်ယောက်ထံမှ လက်ဆောင်လက်မခံနိုင်ပေ။ သို့မဟုတ်လျှင် အရှက်မရှိရာ ကျပေမည်။
ယောင်စစ် လှည့်ပတ်ကြည့်လိုက်ပြီး မူလက သူမထိုင်နေသောနေရာကို ပြန်သွားလိုက်ပြီး ထိုကလေးပြန်မလာတော့ဟု တွေးမိလိုက်သည်။ သို့သော် ငါးမိနစ်အတွင်း အသံတစ်ခုထွက်လာပြီး အနက်ရောင်ပုတီးစေ့တစ်ခု လှိမ့်လာသည်။
အဲ့တာ.. ပုလဲများလား...
သူမလှည့်ကြည့် လိုက်သောအခါ ကောင်လေးက သူခုနကရှိနေသည့်နေရာတွင်ပင် သူမကို မျှော်လင့်နေသောအကြည့်ဖြင့် ကြည့်နေသည်။
"အာ..."
သူစိမ်းတွေကို လက်ဆောင်ပေးတာ အဏ္ဏဝါမျိုးစိတ်တွေရဲ့ ဓလေ့လား..
"ကောင်လေးရေ... အန်တီဒါတွေတကယ်မလိုပါဘူးကွယ်..."
သူမ သက်ပြင်းချလိုက်သည်။
ဤတစ်ကြိမ် သူမ သူ့ကိုပုလဲပြန်မပေးနိုင်ခင် သူက ရေထဲငုပ်လျှိုးသွားပြန်သည်။
ခဏချင်း ပြန်ပေါ်လာပြီး ရေညှိနှင့်ပြုလုပ်ထားသော အရုပ်များစွာဖြင့် ပြန်ပေါ်လာသည်။ အရုပ်များတွင် ရေသူထီးလေးကဲ့သို့ ငါးခေါင်းနှင့် လူခန္ဓာရှိနေသည်။
ပြီးသွားပါပြီ... ငါပဲ အရှုံးပေးပါတယ်...
○| ̄|_
ကောင်လေးက ထပ်ကာတလဲလဲပေါ်လာခဲ့သည်။ ယောင်စစ် သူ၏လက်ဆောင်ကို လက်မခံမချင်း ရေထဲငုပ်လျှိုးကာ တစ်ခုခုယူလာမည်ဖြစ်သည်။ ခဏလေးအတွင်း သူမပတ်ပတ်လည်တွင် ပုလုံးမျိုးစုံ၊ အရုပ်များနှင့် ကမာခွံများစွာ ရှိနေပြီဖြစ်သည်။
"ကောင်းပါပြီ... ကောင်းပါပြီ...."
ရေသူထီးလေး နောက်တစ်ခါရေထဲသို့ ငုတ်ကာနီးတွင် သူမ ပုလဲတစ်လုံး ကောက်ယူလိုက်သည်။
"ငါယူလိုက်ပြီနော်... ကျေးဇူးတင်ပါတယ်..."
ရေသူထီးလေးက အံ့ဩသွားပြီး ရေပြင်ပေါ် ပျော်ပျော်ကြီးခုန်တက်လိုက်ပြီး ရေများကို လွင့်စင်သွားစေသည်။
"ကောင်းလိုက်တာ... ကောင်းလိုက်တာ..."
နှုတ်ဆိတ်နေသော ရေသူထီးလေးက ကလေးဆန်ဆန်အသံလေးဖြင့် အော်ဟစ်လိုက်သည်။
သူက ဆွံ့အနေတာမဟုတ်ဘူးလား...
ယောင်စစ် အပြုံးလေး ကွဲအက်သွားသည်။
ရေသူထီးလေးက သူမဘက်ကို လှည့်၍ ပူဖောင်းမှုတ်ထုတ်လိုက်သည်။ သို့သော် ယခုတစ်ခေါက်တွင် အရင်က သူမ၏စိတ်ဝင်စားမှုကိုရရန် မှုတ်ထုတ်လိုက်သော ပူဖောင်းလိုမဟုတ်ဘဲ သူမတစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။
"ခင်ဗျား ကတိပြုလိုက်ပြီ...."
သူမဆီကို အကြမ်းပတမ်းပြေးဝင်လာသည်။
"လက်ထပ်မှတ်ပုံတင်ကြရအောင်...."
"ဘာကြီး..."
(⊙ o ⊙)
ယောင်စစ် မတုံ့ပြန်နိုင်မီ ရေသူထီးလေးက သူမကို အတင်းအကြမ်းဆွဲခေါ်သွားပြီး သူမနှင့်အတူ ရေပူဖောင်းကိုပါ ရေထဲဆွဲခေါ်သွားသည်။
ငလူးဟေ့... ဒါတွေက သူမအတွက် စေ့စပ်ကြောင်းလမ်းပစ္စည်းတွေလား...