Chapter 140
ဘေးဒုက္ခနှင့် အလှလေး
ယောင်စစ် အခြေအနေကို မထိန်းလိုက်နိုင်မီ သူမခန္ဓာကိုယ် ပိုမိုလေးလံလာသလို ခံစားလိုက်ရပြီး သူမတစ်ကိုယ်လုံး ရေအောက်ထဲ နစ်မြုပ်သွားတော့သည်။ လေပူဖောင်းကြီးက ရေများကို အပြင်ထုတ်ပေးနေပြီး ရေသူထီးလေး သူမကို ပိုမိုနက်ရှိုင်းသည်ထက် နက်ရှိုင်းသောနေရာသို့ ဆွဲခေါ်နေသည်။
တဖြေးဖြေး သူမ ပတ်ဝန်းကျင်ကို ကြည့်လာနိုင်သည်။ သူမ စိတ်ကူးထားသည်နှင့်မတူဘဲ ရေအောက်ထဲတွင် မြို့ကြီးတစ်ခုရှိနေသည်။ တစ်ချက်ကြည့်ရုံဖြင့် အဆောက်အဦးမျိုးစုံနှင့် အမည်မသိမျိုးစိတ်များစွာဖြင့် ရေသူများက အုပ်စုလိုက်ကြီး လမ်းမကြီးပေါ်တွင် ကူးခတ်နေကြသည်။ အချို့မျိုးစိတ်များက ဝေလငါးလောက်ပင် ကြီးမားပေသည်။
ယောင်စစ် သူမကိုယ်သူမ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတွဲထဲ ရောက်သွားသည်ဟု သံသယဝင်မိသွားသည်။ သူမ အသိပြန်ဝင်လာချိန်တွင် ရေသူထီးလေးက သူမကို ကျောက်သလင်းနန်းတော်နှင့်တူသော "ရေသူမျိုးနွယ် လက်ထပ် မှတ်ပုံတင်ရေး ဌာန"ဟူသော စာလုံးကြီးများဖြင့်ရေးထားသည့် အဆောက်အဦးသို့ ဆွဲခေါ်သည်။
သူ တကယ်ကြီး လက်ထပ်မှတ်ပုံတင်ဖို့ အလေးအနက်ဖြစ်နေတာလား....
"ကောင်လေး...."
ယောင်စစ် ရေသူထီးလေးကို ရပ်ရန်ဆွဲလိုက်တော့မည့်အချိန်တွင် ဝန်ဆောင်မှုအဖွဲ့မှ လူတစ်ဦးဟူထင်ရသည့် ပို၍အရပ်ရှည်သော ရေသူထီးတစ်ယောက်က လမ်းလျှောက်ထွက်လာခဲ့သည်။ သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နေပြီး မေးလာသည်။
"အရှင့်သား.... ဒီမှာ ဘာလုပ်လာတာလဲဟင်..."
ယောင်စစ် တောင့်ခဲသွားသည်။
ရေသူထီးလေးက မင်းသားတစ်ပါးလား...
(⊙ o ⊙)
"စာရင်းသွင်းသူ.. မှတ်ပုံတင်ချင်လို့...."
ရေသူထီးလေးက သူ့လက်ကိုမြှောက်ကာ စိတ်လှုပ်တရှားဖြင့် ပို၍အရပ်ရှည်သော ရေသူထီးကို ပြောလိုက်သည်။
"ကျွန်တော် ပါတနာတွေ့ခဲ့ပြီ... သူမက ကျွန်တော်နဲ့ လက်ထပ်ဖို့ သဘောတူတယ်...."
အရပ်ရှည်ရှည်လူကြီးက တောင့်ခဲသွားကာ ယောင်စစ်ကို တစ်ချက်ကြည့်လာသည်။
"နားလည်မှု လွဲတာပါ....."
သူမက ကလေးသူငယ် လူကုန်ကူးသူ မဟုတ်ရပါဘူး...
ယောင်စစ် သူ၏စကားများကို ဘယ်သောအခါမှ လေးလေးနက်နက်မှတ်ယူခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ရှင်းပြရန် လုပ်လိုက်ချိန်တွင် အရပ်ရှည်ရှည်နှင့် ရေသူထီးက ပျော်ရွှင်စွာ အော်ဟစ်လေတော့သည်။
"ကောင်းလိုက်တာ...အရှင့်သားက အရမ်းမိုက်တာပဲ... အသက်မပြည့်ခင်မှာတောင် ဇနီးတစ်ယောက်ရှာနိုင်ခဲ့ပြီ... တကယ့်ကို ကျွန်တော်တို့ရဲ့ မင်းသားလေးဖြစ်ဖို့ ထိုက်တန်ပါတယ်... ကျွန်တော် အခုချက်ချင်းပဲ မှတ်ပုံတင်ပေးပါ့မယ်..."
ဘာကြီး...
"..."
ဟေး ဟေး ဟေး... နင်ဒီလိုနဲ့ပဲ သူ့ကိုယုံလိုက်တယ်လား... သူက ကလေးပဲရှိသေးတာမဟုတ်ဘူးလား.. သူ့မိဘတွေရဲ့ ခွင့်ပြုချက်ကို အရင်တောင်းသင့်တာမဟုတ်ဘူးလားဟ..
"..."
"ခဏနပေါဦး...."
ယောင်စစ် သူဆုပ်ကိုင်ထားသည့် သူမလက်ကို ပြန်ဆွဲထုတ်လိုက်သည်။
"ရှင်အထင်လွဲနေပြီ... ကျွန်မတစ်ခါမှ သူ့ကို လက်ထပ်ဖို့ သဘောမတူဖူးဘူး...."
"ခင်ဗျားပဲ ကျွန်တော့်ရဲ့ မင်္ဂလာလက်ဆောင်ကို လက်ခံလိုက်တာ မဟုတ်ဘူးလား..."
ရေသူထီးလေးက သူမကိုမျက်စောင်းထိုးပြီး မကြည်မသာ အကြည့်ဖြင့် ကြည့်လိုက်သည်။
ယောင်စစ်၏ နှုတ်ခမ်းတို့ တွန့်လိမ်သွားတော့သည်။
နင်ဒီတစ်ချိန်လုံးပြောပြခဲ့လို့လား.. ကြုံရာလက်ဆောင်လေးက မင်္ဂလာလက်ဆောင်လို့ ဘယ်သူကထင်မှာလဲလို့...
"မင်း မင်္ဂလာလက်ဆောင်ကို လက်ခံခဲ့ပြီးပြီ..."
အရပ်ရှည်ရှည်နှင့် ရေသူထီးက သူမကိုလှည့်ကြည့်ပြ ဝမ်းပန်းတနည်းပြောလိုက်သည်။
"အဲ့တာ မင်းရဲ့အမှားပဲလေ မိန်းကလေးရယ်... လက်ထပ်မင်္ဂလာဆိုတာ ကျွန်တော်တို့ ရေသူမျိုးနွယ်ရဲ့ အရေးအကြီးဆုံး အခမ်းအနားပဲ... မင်္ဂလာလက်ဆောင်ကို လက်ခံပြီးမှတော့... ဘာပြဿနာမှာ မရှာပါနဲ့တော့...."
ဘယ်သူက ပြဿနာရှာနေတာလဲ...
"ဒါက ကျွန်မရှင်တို့ ဂြိုလ်ပေါ်ပထမဆုံး ရောက်ဖူးတာပဲ... ပြီးတော့ သူက လက်ထပ်ခွင့်တောင်းတယ်ဆိုတာ ကျွန်မမှမသိတာ..."
ယောင်စစ် သက်ပြင်းချလိုက်သည်။ မူရွှမ်သူမကို ပြင်ပေးခဲ့သော ရေသူမျိုးနွယ်များ၏ အကြောင်းများအားလုံးကို မဖတ်မိလိုက်၍ စတင်နောင်တရနေလေပြီ...
သူ ပုတီးစေ့လေးကို ကောင်လေးကို ပေးလိုက်သည်။
"ကျွန်မ သူ့ကို ပြန်ပေးလိုက်မယ် ဆိုရင်ရော... ပြီးတော့ သူက အခုထိ အရွယ်မရောက်သေးဘူး မဟုတ်ဘူးလား... သူလက်ထပ်လို့ရတယ်လို့ မယုံဘူး..."
သူမတွင် ထိုသို့သော ထူးခြားဆန်းပြားအရသာခံနိုင်စွမ်း မရှိပေ။
"စိတ်မပူပါနဲ့ မိန်းကလေးရယ်... "
အခြေအနေအားလုံးကို နားလည်သွားပုံရသော အရပ်ရှည်ရှည်နဲ့ ရေသူထီးက လေးနက်တည်ကြည်စွာပြောလာသည်။
"ကျွန်တော်တို့ရဲ့ မျိုးနွယ်မှာ ဆယ်နှစ်ဆိုတာ လက်ထပ်ဖို့သင့်လျော်တဲ့ အရွယ်ပါ... အရှင့်သားက ဆယ့်နှစ်နှစ် ပြည့်ပြီးသွားပြီဖြစ်လို့ လက်ထပ်လို့ရနေပါပြီ.... လာပါဗျာ လာပါ ဒီစနစ်အပေါ်ဖိလိုက်ပြီး မင်းရဲ့ DNA ကိုစစ်ဆေးလိုက်ရင် ရပါပြီ... အဲ့တာပြီးရင် မင်းတို့နှစ်ယောက်လုံးက မဟာမိတ်အဖွဲ့ဆီကအသိအမှတ်ပြုခံထားရတဲ့ စုံတွဲဖြစ်သွားတော့မှာပါ... အကုန်လုံးက တရားဝင်ဖြစ်ပြီး သင့်တော်ဆီလျော်ပါတယ်...."
(╯‵□′)╯︵┻━┻
တရားဝင်ဖြစ်ပြီး သင့်တော်ဆီလျှော်တယ်... နင်တို့ရဲ့ လက်ထပ်ရတဲ့အရွယ်က အရမ်းငယ်လွန်းမနေဘူးလား...
"မရဘူး... ကျွန်မဖြင့် သူ့ကို သိတောင်မသိဘူးလေ..."
"ခံစားချက်တွေဆိုတာ ပျိုးထောင်လို့ရပါတယ်..."
အရပ်ရှည်ရှည်နှင့် ရေသူထီးက အလေးအနက်တိုက်တွန်းလာသည်။
"ပြီးတော့ အရှင်မင်းသားက သူ့မျိုးဆက်မှာ ပြီးပြည့်စုံတဲ့ ရေသူထီးတစ်ယောက်ပဲ..."
"သူ့ရဲ့ အရည်အချင်းတွေဘာတွေ မေးနေတာမဟုတ်ဘူးလို့...."
နင်တို့အရမ်းကြီးပွင့်လင်းလွန်းမနေဘူးလား...
"ကျွန်မဖြင့် သူ့နာမည်တောင် မသိဘူးလေ..."
"ကျွန်တော်နာမည်က ရှီရီ..."
ရေသူထီးလေးက ချက်ချင်းပင် စေတနာဝန်ထမ်းလုပ်ပြီး ဖြေပေးလာသည်။ သူ့လည်ပင်းရှိ အကြေးခွံလေးများက ရှက်သွေးဖြန်းလာပြီး ထပ်ပြောလာသည်။
"ကျွန်တော့်ကို ရီလေးလို့ခေါ်လို့ရတယ်... ကျွန်တော်က ခင်ဗျားကို မိန်းမလို့ ခေါ်မယ်..."
"..."
ဒီလောက်ငယ်ရွယ်တဲ့ ကောင်ကလေးက အများကြီးသိနေတာ တကယ်ရောအဆင်ပြေရဲ့လား....
"ကြည့်လိုက်လေ ကျွန်တော်တို့ အခုပဲသိကျွမ်းသွားကြပြီမဟုတ်လား...."
အရပ်ရှည်ရှည်နှင့် ရေသူထီးက စိတ်အနှောင့်အယှက်ပင်မဖြစ်ဘဲ လက်ထပ်မှတ်ပုံတင် စခရင်ကို သူမရှေ့တိုးပေးလာသည်။
"လာစမ်းပါဗျာ... ဒီနေရာကို ဖိလိုက်ပြီးတာနဲ့ မင်းက ရေသူထီးမျိုးနွယ်ရဲ့ သတို့သမီးလေးဖြစ်သွားမှာ..."
"ကျွန်မ တကယ်မလုပ်နိုင်ဘူး...."
ယောင်စစ် နောက်သို့ ခပ်ဝေးဝေးဆုတ်လိုက်သည်။
"ဘာတွေဆူညံနေကြတာလဲ..."
အရပ်ရှည်ရှည်လူတစ်ယောက် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူ့တွင် ကြယ်သီးမတပ်ထားသော အဖြူရောင်အင်္ကျီရှိပြီး ပရော်ဖက်ရှင်နယ် မော်ဒယ်များနှင့် ယှဉ်ပြိုင်နိုင်သည့် ကြေးနီရောင် ကြွက်သားများရှိနေသည်။ အကယ်၍ သူ့ခေါင်းတွင် ငါးခေါင်းကြီးသာမရှိနေလျှင် အရာတိုင်း ပြီးပြည့်စုံသွားပေလိမ့်မည်။
"အရှင်... ဒီနေရာမှာ ဘာလုပ်နေတာပါလဲ..."
အလုပ်သမားက ချက်ချင်း လှည့်ကြည့်လိုက်သည်။
"မန်နေဂျာငါးကြင်း.. ဘာတွေ..."
ရေသူထီးက ပျင်းတိပျင်းတွဲပြောလိုက်ပြီး သူ၏အကြည့်က ရှင်းရီလေးထံတွင် ရပ်တန့်သွားသည်။
"ဟေး... အဲ့တာ ငါ့ရဲ့ တန်ဖိုးမရှိတဲ့ ညီလေးမဟုတ်လား... ကျောင်းမသွားပဲ ဒီမှာ ဘာလာလုပ်နေတာလဲ.."
"အရှင်...."
မန်နေဂျာငါးကြင်းက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"ကျွန်တော် ရှင်းပြပါရစေ... အရှင့်သားက လှည့်စားဖို့လုပ်နေ... အဟမ်း ပါတနာရှာဖို့ ဆန္ဒရှိပြီး အခုတော့ သူ လက်ထပ်မှတ်ပုံတင်ဖို့ လုပ်နေတာပါ..."
သူမသာ နားကြားမလွဲရင် သူ လှည့်စားတယ်လို့ ပြောလိုက်သလားလို့ပါ..
-_-|||
"ဘာ...."
ခန္ဓာကိုယ်တောင့်တင်းသော မင်းသားက ထိုသတင်းကြောင့် ထိတ်လန့်သွားပုံ ပေါ်လေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... သူက ဆယ့်နှစ်နှစ်ပဲ ရှိသေးတာလေ... သူမက ဘယ်သူလဲ..."
ယောင်စစ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် အသက်အရွယ်ကိစ္စနှင့်ပတ်သတ်၍ သူမနှင့် အတွေးတူသော လူတစ်ယောက်ကို ရှာတွေ့ခဲ့ပြီဖြစ်သည်။ သူမစိတ်မရှည်တော့ဘဲ ဖြတ်ပြောလိုက်သည်။
"အဟမ်း.... အရှင်... ဒါတွေအားလုံး နားလည်မှုလွဲတာပါ... ကျွန်မသူ့ကို ဘယ်တုန်းကမှ လက်မထပ်ချင်ခဲ့ပါဘူး...."
ခန္ဓာကိုယ်တောင့်တင်းသော ရေသူထီး၏ အကြည့်များက သူမအပေါ်ကျရောက်လာသောအခါ တွေဝေမိန်းမောသွားပြီး သူ့တစ်ကိုယ်လုံး တောင့်ခဲသွားကာ မျက်လုံးအိမ်တို့ ပြူးကျယ်သွားတော့သည်။ သူ၏ ကြေးခွံများက အတုန်တုန်အယင်ယင်ဖြစ်လာသည်။ အသက်ပြင်းပြင်းရှူပြီး အထစ်ထစ်အငေါ့ငေါ့ မေးလာသည်။
"မင်း... မင်း... မင်း..."
အာ... သူမက အဲ့လောက်ကြောက်ဖို့ကောင်းလို့လား....
ယောင်စစ် ထပ်ပြောခါနီးတွင် သူမနားပြေးလာပြီး လေပူဖောင်းထဲလက်ထည့်ကာ သူမလက်ကို ဆုပ်ကိုင်လာသည်။
"မိန်းမလှလေးရေ... ကိုယ့်နာမည်က ရှီကျင်းပါ... တွေ့ရတာဝမ်းသာပါတယ်... မင်း ကိုယ့်ရဲ့ညီလေးကို လက်မထပ်ချင်မှတော့... ကိုယ့်ကို လက်ထပ်ပါလားဟင်..."
“…”
(╯‵□′)╯︵┻━┻
သောက်ကျိုးနည်း...
လက်ထပ်မှတ်ပုံတင်တာကို အဲ့လောက် ဟာသကြီးလုပ်နေရလား...
"ကျွန်တော်ကမှ သူမကို ရှာတွေ့ခဲ့တဲ့လူနော်..."
ရေသူထီးလေး ရှီရီက အော်ဟစ်လိုက်သည်။ သူ ရှီကျင်းကို လေပူဖောင်းထဲမှ အပြင်ကို တွန်းထုတ်လိုက်သည်။
"ထွက်သွားစမ်း... ကျွန်တော်ကမှသူမကို ခေါ်လာတဲ့လူ... သူက ကျွန်တော့် ဇနီးပဲ...."
"မင်းရဲ့ ကြေးခွံတွေက လုံးဝပျောက်ကွယ်မသွားသေးဘူး... မင်းဘာသိလို့လဲ..."
ရှီကျင်း သူ့ကို အသာအယာတွန်းလိုက်ပြီး ယောင်စစ်ဘက်ကို တောက်ပစွာ ပြုံးပြလာသည်။
"မိန်းမလှလေး... ကိုယ့်ကို လက်ထပ်ပါ... ကိုယ်က တရားဝင်အသက်ပြည့်ပြီးတော့ ကျန်းမာသန်စွမ်းပါတယ်... ကိုယ်က ဒီကောင်လေးထက်စာရင် ပိုပြီး သင့်တော်တယ်လေ... အဲ့ဒီ့အပြင် ကိုယ်က ပလ္လင်ကိုဆက်ခံရမှာဆိုတော့... မင်းက ကိုယ်တို့ အဏ္ဏဝါမျိုးစိတ်တွေရဲ့ ဘုရင်မဖြစ်လာမှာ..."
"..."
အာ... ငါကတော့ ဘိုးဘေးလုပ်ရတာပဲ ပိုသဘောကျတယ်... ကျေးဇူးအများကြီးတင်ပါတယ်နော်...
"ခင်ဗျား လူဆိုးကောင်ကြီး... သူမက ကျွန်တော့်ရဲ့ မင်္ဂလာလက်ဆောင်ကိုတောင် လက်ခံပြီးသွားပြီ... သူမက ကျွန်တော့်အပိုင်ဗျ ကျွန်တော့်အပိုင်..."
ရေသူထီးလေးက စိတ်ပူပန်လာပြီး စတင်ခုန်ပေါက်လာသည်။
ရှီကျင်းက သူမလက်ထဲရှိ ပုလဲလေးကို ရေသူထီးလေးထံ ပြန်ပေးလိုက်သည်။
"မင်းလက်ဆောင် မင်း ပြန်ယူလို့ရတယ်... အနာဂတ်မှာ သူမက မင်းရဲ့ မရီးဖြစ်လာလိမ့်မယ်...."
"မရဘူး...."
ရေသူထီးလေးလက်ဝှေ့ရမ်းလိုက်ရာ ပုတီးစေ့လေးကို အောက်ပြုတ်ကျသွားစေသည်။
"သူမက ကျွန်တော့် မရီးမဟုတ်ဘူး.. ကျွန်တော့်ဇနီး.. ကျွန်တော့်အပိုင်ဗျ..."
သူ နောက်ထပ် လေပူဖောင်းများ ထပ်ထုတ်လိုက်သည်။ ခုဏက ချက်ချင်းပေါက်သွားသော လေပူဖောင်းနှင့်မတူပဲ ယခုအခေါက်တွင် ရေခဲစူးချွန်များထွက်ပေါ်လာပြီး သူ့အစ်ကိုဆီ ပစ်လွှတ်လိုက်သည်။
ရှီကျင်း တည်ငြိမ်စွာ နောက်သို့ တစ်ချက်ဆုတ်လိုက်ပြီး သူ့ပတ်ပတ်လည်ရှိ ရေများက ခပ်သာသာတုန်ခါသွားပြီး ရေခဲစူးချွန်များကို နေရာမှာတင် ရပ်တန့်သွားစေသည်။
"..."
သူတို့ရဲ့ သဘောထားကွဲလွဲမှုကအဲ့လောက် ပြင်းထန်တာလား... ပြီးတော့ သူမက ဘယ်လိုလုပ်ပြီး သဘောထားကွဲလွဲစေတဲ့အရာကြီး ဖြစ်သွားရတာလဲ...
ဤသည်က သူမက အမျိုးသမီးတစ်ယောက်အနေဖြင့် ပြဿနာ ဖြစ်စေမိသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ မယုံနိုင်စရာ ကောင်းလှပေသည်။
╮(╯﹏╰)╭
"မိန်းကလေး... ဒီနေရာက အန္တရာယ်များပါတယ်... ဧည့်ခန်းထဲကို သွားကြရအောင်လားဗျာ..."
မန်နေဂျာ ငါးကြင်းက ထိုနှစ်ယောက်၏ ရန်ပွဲကို ဂရုပင်မစိုက်ပဲ တည်ငြိမ်စွာ အကြံပေးလိုက်သည်။
"သူတို့...."
"မင်းသားနှစ်ပါးလုံးက အစွမ်းတွေနဲ့ ကောင်းချီးပေးခံထားရတာပါ... ဒီတော့ သူတို့ရဲ့တိုက်ခိုက်ပွဲက တစ်နာရီ နှစ်နာရီလောက် ကြာနိုင်ပါတယ်... မစိုးရိမ်ပါနဲ့...."
"အမ်း...."
သူတို့က ဒီတိုင်းထားခဲ့လို့ တကယ်အဆင်ပြေလို့လား... အလုပ်ရောဖြစ်မှာတဲ့လား..
"ဒါက ဧည့်ခန်းပါ...."
မန်နေဂျာငါးကြင်းက အခန်းတစ်ခုရှေ့တွင် ရပ်လိုက်သည်။ တိုက်ခိုက်နေကြသည့် ရေသူထီးနှစ်ကောင်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
"အင်း... မင်းရဲ့အလှတရားကြောင့် သူတို့စွဲလမ်းမိသွားကြတာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ...."
အလှတရား... ငါ့ရဲ့အလှတရား...
ယောင်စစ် ရှက်သွေးဖြာသွားသည်။ မန်နေဂျာငါးကြင်းတွင် လေးနက်တည်ကြည်၍ ရိုးသားသောမျက်နှာထား ရှိနေပြီး သူမကိုညာပြောနေပုံမပေါက်ပေ။ ထို့ကြောင့် သူမက သူ့လက်ကို ဆွဲလိုက်သည်။
"ရှင်တို့တွေရဲ့ အလှအပခံစားနိုင်မှုက ထိပ်တန်းပဲ..."
နံရံကပ်ပန်းလေးအဖြစ် နှစ်ပေါင်းများစွာနေခဲ့ပြီးမှ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သူမ၏ အလှတရားကို တန်ဖိုးထားသည်ကို ကြုံလိုက်ရပြီဖြစ်သည်။
ဟားဟားဟားဟား.... သူမအဲ့လောက်မပျောက်ပါဘူးဆို... ဟားဟားဟား...
သူမ ဒီနေရာကနေ လုံးဝမပြန်ချင်တော့ဘူး....
~(≧▽≦)/~