Chapter 141
မင်းလေး အလှဆုံးပဲ
ဘာစကားမှ မပြောတော့သော်လည်း မန်နေဂျာငါးကြင်းက တိုက်ခိုက်နေကြသော ညီအစ်ကိုနှစ်ယောက်အတွက် ပွဲကြည့်ပရိတ်သတ်လုပ်ပေးရန် ပြန်ပြေးလေတော့သည်။ ယောင်စစ် ဧည့်ခန်းထဲကို ဝင်လိုက်သည်နှင့် ရှည်လျား လေးလံလှသော သက်ပြင်းချသံကို ကြားလိုက်ရသည်။ လားရာနေရာကို ရှာလိုက်သောအခါ အခန်းထောင့်တွင် အသက်မဲ့စွာလှဲလျောင်းနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက စိတ်ဓာတ်ကျစွာ ခွေခေါက်နေပြီး စိတ်ဒဏ်ရာအကြီးအကျယ် ကြုံနေရသလို ဖြစ်နေသည်။
သူမကို တွေ့သည်နှင့် လက်ဝေ့ရမ်း၍ နှုတ်ဆက်လိုက်သည်။
"ကောင်းလိုက်တာ... မင်းလည်း လက်ထပ်ဖို့ လှည့်စားခံရတာပဲလား..."
"လှည့်စားခံရတယ်..."
ယောင်စစ် ကြောင်အသွားသည်။ ထိုစကားကို သူမ ကယောင်ချောက်ချားကြားခဲ့ခြင်း မဟုတ်ပေ။
"ကြောက်ဖို့ကောင်းလိုက်တဲ့ အဏ္ဏဝါမျိုးစိတ်တွေကတော့...."
သူ မျက်နှာသုန်သုန်မှုန်မှုန်ဖြင့် သူ့ဘေးရှိ ထိုင်ဖုံပေါ်ကို ပုတ်ပြလိုက်သည်။
"ဘာထိုင်ပါဦး... ငါ့နာမည်က လုချန်လို့ ခေါ်တယ်... ငါတို့နှစ်ယောက်လုံးက လှည့်စားခံရတဲ့ ညီအစ်ကိုတွေဆိုမှတော့ မင်းဒီကို ဘာလို့ရောက်လာလဲဆိုတာ ပြောပြပေါ့...."
သူကလည်း ဖိအားပေးလက်ထပ်ခံရတဲ့ နိုင်ငံခြားသားလား...
ယောင်စစ် သူ့ဘေးနားတွင် သွားထိုင်လိုက်သည်။
"ကျွန်မကို ပစ္စည်းတွေ အများကြီးပေးတဲ့ ရေသူထီးလေးတစ်ယောက်နဲ့ ဆုံခဲ့တယ်... ပစ္စည်းတစ်ခုကို လက်ခံပြီးတော့...."
"မင်းဘာလို့ အဲ့လောက် ပေါ့ဆရတာလဲ... ရေသူထီးလေးဆိုတာကလည်း အဏ္ဏဝါမျိုးစိတ်ပဲကွ... အဏ္ဏမျိုးစိတ်တွေဆီကနေ ဘာမှလက်မခံနဲ့လို့ မင်းမိဘတွေ မသင်ပေးဖူးဘူးလား...."
သူ သူမကို ပြင်းပြင်းထန်ထန် ဝေဖန်လေတော့သည်။
"..."
အာ... သူတကယ် မပြောခဲ့ဘူး...
"အာ... ငါလည်း အဲ့လိုထောင်ချောက်ထဲကျခဲ့ရတော့ မင်းကိုဆူဖို့ အခွင့်အရေးမရှိပါဘူး..."
သူ သက်ပြင်းချလိုက်ပြီး ယခင်ကထက် ပိုမို အသက်မဲ့လာဟန် ပေါ်နေသည်။
"ရှင်ဘာကို ဆိုလိုတာလဲ..."
ယောင်စစ် အခြေအနေကို အခုထိ နားမလည်နိုင်သေးပေ။
အဏ္ဏဝါမျိုးစိတ်တွေရဲ့ ထူးဆန်းတဲ့ ထိမ်းမြားခြင်းဓလေ့ကို လူအတော်များများ သိကြတာလား...
"မင်း မသိဘူးလား..."
လုချန် သူမကို အထိတ်တလန့် ကြည့်လာသည်။
"..."
ငါ ဘာကိုမသိတာလဲ...
"ဘာမှမသိပဲ ဒီကိုလာရဲတဲ့ မင်းရဲ့သတ္တိကိုတော့ တကယ်လေးစားသွားပြီ...."
ထို့နောက် သူမကို အရာရာတိုင်း ရှင်းပြလာသည်။
"အဏ္ဏဝါမျိုးစိတ်တွေမှာ အမဟော်မုန်းမရှိကြဘူး... သူတို့ မျိုးပွားချင်ရင် အခြားမျိုးနွယ်စုက လူတွေကိုရှာရတာပဲ... ဘယ်လိင်အမျိုးအစားမဆို အကုန်ရတယ်..."
"သူတို့မျိုးနွယ် ဆက်လက်တည်တံ့ဖို့အတွက် ဒီကိုလာတဲ့ ဘယ်နိုင်ငံခြားသားကိုမဆို ထောင်ချောက်ဆင်တော့တာပဲ... နာမည်ဆိုးနဲ့ ကျော်ကြားတာကတော့ စေ့စပ်တာပဲ... မင်း အဏ္ဏဝါမျိုးစိတ်တစ်ယောက်ဆီကနေ ဘာကိုပဲလက်ခံလိုက် လက်ခံလိုက် နှစ်ယောက်လုံးကို စေ့စပ်လိုက်ပြီလို့ သတ်မှတ်လို့ရတယ်..."
ဟာ.. ဒါကြီးက ဖိအားပေးပြီး လက်ထပ် ခိုင်းတာကြီးလေ...
-_-|||
လုချန် အံကြိတ်လိုက်သည်။
"မင်းရဲ့ ဇာတ်လမ်းကမှ ငါ့ဟာထက် အဆင်ပြေတယ်လို့ သတ်မှတ်လို့ရပါသေးတယ်...ငါလူး... ငါလုပ်သမျှက ရေလေးတစ်ခွက်သောက်လိုက်တာလေးပဲ... အဲ့တာလေးနဲ့ပဲ လက်ထပ်မှတ်ပုံတင်ဖို့ ဒီမှာ အဆုံးသတ်သွားရတာပဲ... ငါသာကြိုသိခဲ့ရင် ငါ့ယာဉ်ပျံဆီ ဘယ်လောက်နည်းနည်း ဒီဂြိုလ်ကို လုံးဝခြေမချခဲ့ဘူး..."
"..."
ဒါကြီးက လုံးဝကို ဆိုးဝါးတဲ့ အကျပ်အတည်းကြီးပဲ...
သူခေါင်းခါလိုက်ကာ သူ့မျက်နှာပေါ်ရှိ စိတ်ခံစားချက်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။
"ဟင်း... ငါတို့ဒီမှာ ပိတ်မိသွားပြီ... အဏ္ဏဝါမျိုးစိတ်တွေက သွေးစုပ်ဖုတ်ကောင်တွေရဲ့ ကာကွယ်မှုအောက်မှာရှိနေတော့ ဘယ်သူမှ သူတို့ကို မဆန့်ကျင်ရဲကြဘူး..."
"သွေးစုပ်ဖုတ်ကောင်တွေ..."
ယောင်စစ် တောင့်ခဲသွားသည်။
အဲ့တာ သူမနဲ့ ဘာဆိုင်လို့လဲ...
"မင်းမသိဘူးလား... သွေးစုပ်ဖုတ်ကောင်တွေနဲ့ အဏ္ဏဝါမျိုးစိတ်တွေမှာ အတော်လေးခိုင်မာတဲ့ ဆက်ဆံရေးရှိတယ်..."
"တကယ်လား..."
ဒါဆို သူမဘာကိစ္စ ဒီအကြောင်းတွေကို တစ်ခါမှ မကြားဖူးခဲ့ရတာလဲ...
ဤသည်က သူမအတွက် ဤဂြိုလ်ပေါ်တွင် ပထမဆုံးစွန့်စားသွားလာမှုဖြစ်သည်။
"အဏ္ဏဝါဂြိုလ်က အနီရောင်ဂြိုလ်နဲ့ အနီးဆုံးမှာရှိတယ်... အဏ္ဏဝါမျိုးစိတ်တွေရဲ့ ထိမ်းမြားခြင်းဓလေ့က အတော်လေး ဆိုးဝါးတယ်ဆိုပေမဲ့ မဟာမိတ်အဖွဲ့က သွေးစုပ်ဖုတ်ကောင်တွေကို ဆန့်ကျင်မိမှာစိုးရိမ်လို့ ဘာမှမလုပ်ရဲဘူး..."
"..."
ဒီတော့ ဒါက သူမရဲ့ကြင်နာမှုရဲ့ အမှားပေါ့လေ...
"အော်... ဟုတ်သား... ငါမေးဖို့မေ့နေတာ... ညီမ ငါမင်းကို ဘယ်လိုခေါ်ရမလဲ..."
"ကျွန်မက... စစ်ယောင်ပါ..."
သူမကိုယ်သူမ မိတ်မဆက်မီ ခရီးသွားစဉ် သုံးရန် သူမဖန်တီးထားသည့် နာမည်ဝှက်ကို မနည်းပြောပြလိုက်ရသည်။
"ညီမ စစ်ယောင်.. ငါကယောင်တစ်ယောက်လေ .. မင်းကရော..."
"အာ.. သွေးစုပ်ဖုတ်ကောင်ပါ..."
“…”
ဘာကြီး...
ဧည့်ခန်းကြီးက သုံးစက္ကန့်မျှ တိတ်ဆတ်သွားသည်။
"အစ်မကြီး... ကျွန်တော့်ကို ကယ်ပါ...."
လုချန် ယောင်စစ်ကို ကယ်တင်ရှင် တစ်ပါးလို ဖက်လိုက်သည်။
"ကျွန်တော်တို့ နှစ်ယောက်လုံး အတူတူ ကျဉ်းထဲကျပ်ထဲ ရောက်နေတော့... ကျွန်တော့်ကို ကူညီပေးပါလားဟင်... ကျွန်တော့်ရဲ့ မိခင်ဂြိုလ်ပေါ်မှာ ကျွန်တော့်ရဲ့ချစ်ရသူလေးရှိပါတယ်... ပြီးတော့ ကျွန်တော် ဘယ်အဏ္ဏမျိုးစိတ်ကိုမှ မမွေးပေးချင်ဘူး..."
“…”
"အစ်မသာ ကျွန်တော့်ကို ခေါ်ထုတ်မသွားရင်... အဏ္တဝါမျိုးစိတ် ကိုယ်ဝန်ရတာနဲ့ ကျွန်တော် ဂြိုလ်ဆိုးဝင်ရပါတော့မယ်..."
"ဘာလို့လဲ..."
"ကလေးထောက်ပံ့ကြေးငွေ..."
သူ စိုးရိမ်တကြီး ရှင်းပြလိုက်သည်။
"ကျွန်တော်က ဒီအတိုင်း အညတရကုန်သည်လေးတစ်ယောက်ပါ အဏ္ဏဝါမျိုးစိတ်ဆီက ကလေးတွေကို ထောက်ပံ့ပေးဖို့ ဘယ်လိုလုပ် တတ်နိုင်မှာလဲ...."
"အဏ္ဏဝါမျိုးစိတ်တစ်ယောက်ကို ပျိုးထောင်ပေးဖို့ ဘယ်လောက် ကုန်ကျလဲ...."
"အရမ်းကြီး မများပါဘူး... စကြဝဠာသုံး ငွေကြေးနဲ့အတူတူပါပဲ..."
သူ့မျက်လုံးထဲတွင် မျက်ရည်စတို့ ဝေ့သီလာသည်။
"နင်...."
"သူတို့က တစ်ခါမွေးရင် အယောက်တစ်ရာလောက် မွေးနိုင်တယ်ဗျ... ထောက်ပံ့ကြေးက နည်းတယ်ဆိုပေမဲ့ အဲ့လောက်အများကြီးဆိုရင် မတတ်နိုင်ဘူးလေ.."
ဘာရယ်... အယောက် တစ်ရာ...
(⊙_⊙)
အဏ္ဏဝါမျိုးစိတ်တွေက တကယ့်ကို ငါးနဲ့တူတာလား...
"အဏ္ဏဝါမျိုးစိတ်တွေဆိုတာ ဥကနေ ပေါက်ကြတာ... တစ်ခါပေါက်ရင် အယောက်တစ်ရာကျော်ဆိုတော့ သူတို့က ဂန္ထဝင်အဖျက်ပိုးကောင်တွေထက်တောင်မှ မျိုးပွားနှုန်း မြင့်သေးတယ်...."
ထို့ကြောင့် အခြားမျိုးစိတ်များက အဏ္ဏဝါဂြိုလ်သို့ လည်ပတ်ရန် ပိတ်ပင်ထားကြခြင်းဖြစ်သည်။ လုချန်က သူ့ခေါင်း သူကုတ်လိုက်ပြီး ဆက်ပြောပြန်သည်။
"အဏ္ဏဝါမျိုးစိတ်တွေက သစ္စာရှိကြပြီး သူတို့ရဲ့ လက်တွဲဖော်ကို အရမ်းချစ်ကြတယ် ဆိုပေမဲ့... သူတို့ရဲ မျိုးပွားနိုင်စွမ်းက သာမန်လူတွေ မကိုင်တွယ်နိုင်လောက်တဲ့အထိ များပြားလွန်းနေတယ်... လက်ထပ်ဖို့ လှည့်စား ခံလိုက်ရတဲ့လူတွေတိုင်း သေလုနီးပါး ဘဏ္ဍာရေးခမ်းခြောက်လုနီးပါး ဖြစ်တာနဲ့ အဆုံးသတ်သွားရတော့တာပဲ...."
“…”
ဒီတော့ အခြား လက်တွဲဖော်မရှာနိုင်တဲ့ မင်းသားတွေအားလုံးကလည်း ဒီလို လှည့်စားမှုတွေ လုပ်နေကြရတာပေါ့...
-_-|||
"အစ်မရဲ့ နှလုံးသားထဲ အခြားလူရှိနေပြီလို့ ဘာလို့မပြောလိုက်ရတာလဲ... ဖြစ်နိုင်တာက..."
သူသာ ကောင်းကောင်း ရှင်းပြပေးနိုင်ရင် သူ့ကို လွှတ်ပေးရင် လွှတ်ပေးလောက်မလားပဲ..
"အဲ့လောက်မလွယ်ဘူး... အဏ္ဏဝါမျိုးစိတ်တွေက..."
သူအသေးစိတ် ချဲ့ကားပြောဆိုခါနီးတွင် ရုတ်တရက် ပင်လယ်ကြမ်းပြင်က တုန်ခါသွားသည်။ များစွာသော အသံများက လေထဲတွင် ထွက်ပေါ်လာသည်။
"ဘာဖြစ်တာလဲ..."
လုချန် မြေပြင်ပေါ်မှ ခုန်ထလိုက်ပြီး သူမကို ကြည့်လိုက်သည်။
"ကျွန်တော်တို့ အပြင်ကို တစ်ချက်လောက် ကြည့်ကြရတာပေါ့..."
ယောင်စစ် ခေါင်းငြိမ့်ပြလိုက်ကာ အခန်းပြင် ထွက်လိုက်သည်။ ထမင်းစားခန်းတစ်ခုလုံး လူသူကင်းမဲ့နေသော်လည်း မြင်လိုက်ရသည့် မြင်ကွင်းက သူတို့ကို ထိတ်လန့်သွားစေသည်။
ပင်လယ်ကြမ်းပြင်က နှစ်ခြမ်းကွဲသွားပြီး ရေစီးကြောင်းများက အလယ်တွင်လျှောက်လမ်းတစ်ခု ဖြစ်ပေါ်လာစေသည်။
ယောင်စစ် ခေါင်းမော့ကြည့်လိုက်သောအခါ ထင်ထားသည့်အတိုင်း ရင်နှီးနေသည့် ပုံရိပ်က အောက်သို့ ဆင်းသက်လာသည်။
သူမ၏ ကလေးထိန်းဖေဖေ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
နောက်မကျ၍ တော်သေးသည်။ မဟုတ်ပါက သူမ နောက်ထပ် အိမ်ထောင်ပြုမိသွားပေတော့မည် ဖြစ်သည်။
(╥╯^╰╥)
"မူ...."
သူမ အလိုအလျောက် ရှေ့သို့ လျှောက်သွားမိသည်။ သို့သော် တစ်စုံတစ်ယောက်က သူမလက်ကို ဆွဲလိုက်သည်။
"မိန်းမ... သတိထား..."
ရှီရီလေးက သူမကို တင်းတင်းကိုင်ထားပြီး သူ၏ အမူအယာက တင်းမာနေလျက်ရှိသည်။
"အကျည်းတန်လှတဲ့ ယောက်ျားတစ်ယောက် ကောင်းကင်ပေါ်ကနေဆင်းလာတာ... မသွားနဲ့ သူ့ရုပ်ရည်ကြောင့် မင်း ထိတ်လန့်သွားလိမ့်မယ်...."
“…”
ဘာကြီး...
ယောင်စစ်၏ နှုတ်ခမ်းများ တွန့်လိမ်သွားတော့သည်။
နင်တို့ မျက်လုံးတွေကောင်းသေးရဲ့လား... သူက စကြဝဠာတစ်ခုလုံးရဲ့ နံပါတ်တစ် နတ်ဘုရားတစ်ပါးဆိုတာကောသိရဲ့လား.. နင့်အပေါ် သူ့ရဲ့စိတ်စွမ်းအင်သုံးထားပေမဲ့... အဲ့လောက်ကြီး ရုပ်မဆိုးလောက်ဘူးမလား...
"ဟုတ်တယ်...."
ရှီကျင်းက ခေါင်းငြိမ့်လိုက်ပြီး သူ့ညီပြောသည်ကို အားပါးတရ ထောက်ခံလေသည်။
"ကိုယ်ဖြင့် ဒီလောက်ရုပ်ဆိုးတဲ့လူမျိုး တစ်ခါမှမမြင်ဖူးဘူး... မင်းရဲ့ မျက်လုံးတွေကို အုပ်ထားသင့်တယ်...."
သူ သူမကို ဇာပဝါတစ်ခု လှမ်းပေးလိုက်သည်။
“…”
ဘာတွေဖြစ်နေတာလဲ....
ယောင်စစ် မနေနိုင်ဘဲ လူအုပ်ကို ကြည့်လိုက်သည်။ သူမဘေးရှိ လုချန်မှလွဲ၍ ကျန်သူအားလုံး စက်ဆုပ်နေဟန်ဖြစ်နေကြသည်။
သူမ၏ ခေါင်းတစ်ခုလုံး ဗလာဖြစ်သွားပြီး ကြောက်မက်ဖွယ် အတွေးကြီးတစ်ခုက ဖြေးဖြေးချင်း ထွက်ပေါ်လာသည်။
ရေသူထီးတွေရဲ့ အလှအပအာရုံခံစားနိုင်မှုက စကြဝဠာထဲက လူတိုင်းနဲ့ လုံးဝဆန့်ကျင်ဘက်လား...
ဒါဆိုရင် သူတို့ပြောတဲ့ အလှလေးဆိုတာက...
ယောင်စစ်၏ အသက်ရှူသံများ တသိမ့်သိမ့်တုန်ယင်သွားပြီး သူမဘေးရှိ ရေသူထီးလေးကိုဆွဲ၍ အော်လိုက်သည်။
"ငါ့ကိုအမှန်အတိုင်း ပြောစမ်းပါ... ငါကတကယ်တော့ အရမ်းရုပ်ဆိုးတာ ဟုတ်တယ်မလား...."