အပိုင်း ၉၄
Viewers 16k

Chapter 94

 သင့်ကိုယ်သင် မယုံနိုင်အောင် ဖြစ်သွားစေပါလိမ့်မယ်




ချက်စ်ဘုတ်ပြားက နှစ်ယောက်ကြား နေရာယူထား၍ ရွှယ်ယုံက ထရပ်လိုက်ပြီး မျက်လွှာချကာ အဖြူရောင် တီရှပ်ကော်လာ၏ ကြယ်သီး နှစ်လုံးကို ဖြုတ်လိုက်သည်။ ထို့နောက် ချက်စ်ဘုတ်ပြားပေါ် လက်နှစ်ဖက် ထောက်လိုက်ရင်း ခေါင်းစောင်းကာ ယွီနျန့် နှုတ်ခမ်းကို နမ်းလိုက်သည်။


စစချင်းတွင် သူက မလှုပ်ရှားရဲသော်လည်း ယွီနျန့်လျှာက သူ့အောက်နှုတ်ခမ်းကို အသာထိလာမှန်း ခံစားလိုက်ရသည်။ ထိုခဏ မီးကို လောင်စာဖြည့်လိုက်သလိုပင်။ ရွှယ်ယုံ့ အာဒံပန်းသီးက အပေါ်အောက် ရွေ့သွားရင်း အသက်ရှူသံ မြန်လာကာ သူ့လျှာနှင့် ယွီနျန့်သွားများကို ကွေ့ဝိုက်စိုစွတ်စေသည်။


သူတို့ နှုတ်ခမ်းနှင့် လျှာများက ရစ်ပတ်နှောင်ဖွဲ့နေကြ၍ ဤအနမ်းက ဘယ်အချိန်ပြီးမှန်း မပြောနိုင်ပေ။ သူက ပတ်ပတ်လည်ရှိ အောက်စီဂျင်အားလုံး စုပ်ယူသွားသလို ခံစားနေရပြီး အောက်စီဂျင်ပြတ်သွား၍ ဦးနှောက်က ရီဝေဝေဖြစ်လာပြီး အကြည့်တို့ ဝေဝါးလာသည်။ ရွယ်ယုံ တစ်ယောက်တည်းသာ အာရုံထဲ ပေါ်လာသည်။


ရွှယ်ယုံက ယွီနျန်၏ နူးညံ့ပျော့ပျောင်းပြီး စိုစွတ်နေသော နှုတ်ခမ်းသားများကို လက်မနှင့် ပွတ်လိုက်ပြီး စိုက်ကြည့်နေရင်း ပြောလာသည်


 " နျန်နျန် အရမ်းချိုတယ်"


သူ့အသံက တိုးရှရှနှင့် အသက်ရှူသံ မငြိမ်သေးပေ။


ထိုစကားလုံးက ယွီနျန့်နားထဲ ဖြတ်သွားချိန် "ရှဲတဲတဲ"နှင့် ကြောရိုးတစ်လျှောက် အနွေးဓါတ်တို့ တိုးဝင်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားသည်။ ရွှယ်ယုံ့ လက်ချောင်းများက သူ့နှုတ်ခမ်းကို ညင်ညင်သာသာ ပွတ်သပ်နေမှန်း ခံစားမိချိန် အထိမခံနိုင် ဖြစ်လာ၍ မသိလိုက်စွာနှင့် ရွှယ်ယုံ့လက်ကို ကိုက်လိုက်မိသည်။


ရွှယ်ယုံ့ လှုပ်ရှားမှုများ ရပ်သွားပြီး နူးနူးညံ့ညံ့ အပြစ်တင်လာသည်


 " ကိုယ့်ကို ကိုက်တယ်... နျန်နျန်က"


သူ့ အပြစ်တင်စကားကို နားထောင်ပြီးချိန် ယွီနျန်က ပြန်ပြောလာသည်


 " ဘာလုပ်ပေးရမှာလဲ အဲ့ဒါဆို"


ရွှယ်ယုံ့မျက်လုံးများ နက်မှောင်သွားရင်း ယွီနျန့်နှုတ်ခမ်းဆီ လက်ဆန့်လိုက်ပြီး ပြောလာသည်


 " ... ထပ်ပြီး ကိုက်ပေးနိုင်မလား"


စောစောက ကိုက်လိုက်သည်က မရည်ရွယ်ပဲ ဖြစ်သွားမှန်း သတ်မှတ်၍ရလျှင် ယခုအကြိမ်ကိုဖြင့် မြူဆွယ်ဖျားယောင်းသည်ဟု သတ်မှတ်ရပေမည်။ ယွီနျန်က ဘာမှ ပြန်မဖြေပဲ မျက်လွှာချကာ ရွှယ်ယုံ့ လက်ချောင်းကိုယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ သူက ခပ်ကြမ်းကြမ်း ကိုက်လိုက်ရန် တွန့်ဆုတ်နေပြီး ဒဏ်ရာ ပြင်းပြင်း မရစေချင်ပေ။ ထို့ကြောင့် ရွှယ်ယုံ့ လက်ချောင်းထိပ်လေးကို သွားနှင့် ဖွဖွကိုက်ရင်း သတိထားပြီး လျှာနှင့် ပတ်မွှေနေလိုက်သည်။


ထို့နောက် ရွှယ်ယုံက "ဟင်း..."ဆိုသည့် ညည်းသံ တစ်ချက်ထွက်လာပြီး သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများ ဆန့်ထွက်လာသလိုပင်။


သူ့သွားများကြားက စိုစွတ်လာသော လက်ချောင်းကို လွှတ်လိုက်သည့်အချိန် ယွီနျန်က အကြည့်လွှဲရင်း မေးလာသည် 


" ကျွန်...ကျွန်တော်တို့ ဆက်ပြီး ချက်စ် ကစားသင့်လား"


ရွှယ်ယုံက သူ့လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး ခပ်ဖွဖွ စုပ်ယူလိုက်စဥ် ထိတွေ့သံတို့ ပျံ့လွင့်လာသည်။ သူ့အသံက အက်ကွဲနေသည် 


" မင်းဆန္ဒရှိတဲ့ အရာမှန်သမျှ လုပ်လို့ရတယ်"


ယွီနျနိက အမြန် ထရပ်လိုက်ရင်း ရွှယ်ယုံ့ကို လည်ပြန်ကြည့်ပြီး မေးလာသည် " ဒါဖြင့် TVကြည့်ရင်ရော... အို့ စကားမစပ် ကျွန်တော် သစ်သီးတချို့ ဝယ်ထားသေးတယ် ... ခင်ဗျား မက်မွန်သီး စားချင်လား"


"စားမှာပေါ့"


သူတို့က ဆိုဖာတွင် ထိုင်လိုက်ပြီး ယွီနျန်က အသီးခွာနေရင်း သူ့နှလုံးခုန် မငြိမ်သေးမှန်း နားလည်သွားသည်။ သူတို့က ချက်စ်ကောင်းကောင်း ကစားနေကြရင်း ဤအခြေအနေထိ ရောက်သွားပုံကို ပြန်လည် စဥ်းစားမိသည်။


အသက်ပြင်းပြင်းရှူလိုက်ရင်း ယွီနျန်က မက်မွန်သီးကို နှစ်ခြမ်းခွဲလိုက်ပြီး တပြုံးပြုံး ဖြစ်နေသည်။


*****


ရက်အနည်းငယ် ကြာပြီးနောက် အခြေအနေများစွာ ဖြတ်ကျော်ပြီး ယွီနျန်က ဟာဆီနှင့် စာချုပ်ချုပ်ရလေသည်။ မုန့်ယွမ်က သူ့အတွေ့အကြုံအရ ဟာဆီနှင့် ကိုက်ညီမှုမရှိသည့် အချက်များကို ပြန်ပြင်ပြီး အသစ်ထည့်ထား၍ ယွီနျန်က တစ်ချက် ပြန်ဖတ်ကြည့်ပြီးနောက် ချောချောမွေ့မွေ့ လက်မှတ်ထိုးပေးလိုက်သည်။


ပြီးနောက် စီစဥ်ထားသည့်အတိုင်း ယွီနျန်က တရားဝင် ကြော်ငြာ ရုပ်ပုံ၏ ပထမဆုံးရိုက်ကွင်း အတွက် ရိုက်ကူးရေးလုပ်ရန် စတူဒီယိုသို့ ဝင်သွားလိုက်သည်။


မက်ဆာက အထဲတွင် ကြိုစောင့်နေပြီး ယွီနျန် ဝင်လာသည်ကို မြင်သည်နှင့် ခြေလှမ်းကျယ်ကျယ် လှမ်းလာရင်း အပြုံးလေးနှင့် ပွေ့ဖက်လာသည် 


" အတူတူ အလုပ် ထပ်လုပ်ရလို့ ဝမ်းသာမိတယ်"


ယွီနျန်ကလည်း ပြုံးပြီး ဆိုလာသည်

 " ကျွန်တော့်ဘက်ကလည်း ဝမ်းသာမိပါတယ်ဗျာ... ပြီးတော့ ဒီတစ်ခေါက် ဒါရိုက်တာကြီးကို တကယ် ကျေးဇူးတင်မိတယ်"


"မင်း ကျေးဇူးတင်တာကို လက်ခံပေးလိုက်ပါမယ်" 


မက်ဆာက လက်လွှတ်ပေးလိုက်ရင်း ဝမ်းပန်းတသာ ပြောလာသည် " ဒါပေမယ့် ဖလောရင့်ရဲ့ ကြောငြာနဲ့ မင်းက မစ္စတာ စလစ်မန်းရဲ့ မျက်လုံးကို ဖမ်းစားထားနိုင်ခဲ့တာ ပြီးတော့ သူတို့ရဲ့ စောင့်ကြည့်စာရင်းထဲ ဝင်သွားခဲ့တာပေါ့...ကိုယ်က နည်းနည်းလောက် ဖြည့်စွက်ပြောလိုက်တာပဲ ရှိတာပါ"


သူက ပြောနေရင်း လက်နှစ်ချောင်း ထောင်ပြလာသည်။


ယွီနျန့် အပြုံးတို့က ယိမ်းယိုင်မသွားပဲ ပြောလိုက်သည်


 " ဒါရိုက်တာကြီးရဲ့ ချီးကျူးခံရတာကိုပဲ ဂုဏ်ယူနေမိပါပြီ"


မက်ဆာက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း " ဒီပူးပေါင်းမှုကလည်း မေ့လဲလောက်စရာ အကွက်တွေ ထုတ်ပြနိုင်မယ်လို့ မျှော်လင့်မိတယ်" 


သူက ထပ်ပြောလာသည်

 " စကားမစပ် သူတို့ မင်းကို ပြောခဲ့သေးလား... ဒီတစ်ကြိမ် မင်း ဝတ်ရမယ့် အဝတ်အစားက မစ္စတာ စလစ်မန်း ကိုယ်တိုင် ရွေးပြီး တွဲစပ်ပေးထားတာ... မင်းက သေချာပေါက် အဲ့ဒီအဝတ်အစားရဲ့ အနှစ်သာရ အပြည့်ကို ယူဆောင်လာလိမ့်မယ်လို့ သူပြောခဲ့တာ"


ယွီနျန်က သပ်သပ်ရပ်ရပ် စီစဥ်ထားသည့် အဝတ်အစားများကို တွေ့လိုက်ချိန် မျက်လုံးထက် အံ့သြမှုတို့ အထင်းသား ပေါ်လာသည်


 " ခေတ်ဟောင်းစတိုင်လား... ဒါ တကယ် တကယ်ကို ကောင်းတယ်... ဘယ်လိုမျိုး ပြောပြရမှန်း မသိတော့ဘူး... တကယ် ပြီးပြည့်စုံတယ်"


"ဟုတ်တယ်... ကိုယ်လည်း အဲ့လို ခံစားရတယ်" 


မက်ဆာက ယွီနျန့်နှင့် မျက်နှာချင်းဆိုင်ရှိ ချိတ်စင်ရှေ့ လက်ပိုက် ရပ်လိုက်သည်။


 " မစ္စတာ စလစ်မန်းက မင်းမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ထန်းပင်တွေနဲ့ ကမ်းခြေတွေရှိတဲ့ ကျွန်းကြီးရဲ့ အိမ်တော်ထဲမှာ နေထိုင်ကြတဲ့ ပိုက်ဆံရှိမိသားစုက သခင်ငယ်လေးတွေလိုမျိုး မျက်နှာပုံစံ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်နေတာ... ဒါကြောင့်ပဲ သူ့ကိုယ်တိုင် မင်းအတွက် ဒီဝတ်စုံကို ရွေးပေးထားတာပေါ့... စမ်းဝတ်ကြည်ရင်ရော"


ယွီနျန်က ခေါင်းညိမ့်ပြလာသည်


 " ကျွန်တော် အများကြီး မတောင်းဆိုတော့ပါဘူး"


အဝတ်လဲခန်းမှ ထွက်လာသည်နှင့် မက်ဆာက တစ်ခဏမျှ ကြောင်ပြီး ရပ်နေရင်း ရုတ်တရက် အပြုံးလေးနဲ့ ဆိုလာသည် 


" စလစ်မန်းမှာ စူးရှတဲ့ အမြင်ရှိတယ်... သူက မင်းအတွက် တွဲဖက်ပစ္စည်းလေးတွေပါ ရွေးပေးခဲ့တယ်" ပြောနေရင်းပင် မက်ဆာက ယွီနျန့်ကို သစ်သားဗူးလေး တစ်ဗူး ကမ်းပေးလာသည်။


ယွီနျန်က ဖွင့်ကြည့်လိုက်ရာ ဟာဆီတံဆိပ်ပါသည့် ရွှေရောင်ကိုင်းတပ် မျက်မှန် တစ်လက်ကို တွေ့လိုက်ရသည်။ သူက တပ်ကြည်လိုက်သည်နှင့် မက်ဆာက လက်ခုပ်တီးပြီး ပြောလာသည်။


"တကယ်ပဲ"


ယွီနျန်က အိပ်ကပ်ထဲ လက်နှိုက်လိုက်ရင်း အပြုံးတို့တွဲခိုလျက် မေးလာသည်


 " တကယ်ပဲ ဘာဖြစ်တာလဲဗျ"


"ပိုက်ဆံရှိ မိသားစုက အသုံးအဖြုန်းကြီးတဲ့ အမျိုးကောင်းသားလေး ပုံစံပဲ ... ကောင်လေး ကောင်မလေးတွေကို စိတ်ပျက်စေမယ့် အသဲနှလုံးကို အရုပ်တစ်ရုပ်လို ကစားနေတဲ့ လူဆိုးလေး လိုမျိုးလေ"

 

အနီးအနားက လူစုက ဝက်ဝက်ကွဲ ရယ်ကြတော့သည်။


ယွီနျန်က မသိနားမလည်ပုံလေးနှင့် ပုခုံးတွန့်ပြရင်း " ဒါပေမယ့် ကျွန်တော်က စစ်မှန်စွာ သစ္စာရှိတဲ့သူလေး ပါနော်"


မက်ဆာက လက်ယမ်းပြလာသည်

 " ငြင်းနေလည်း အသုံးမဝင်ဘူး... မင်းက အခုကစပြီး ကမ်းခြေဗီလာတွေရဲ့ ညပါတီတွေမှာ နေပြီး ယောက်ကျ်ားမိန်းမ မရွေး အီစီကလီလုပ်တာ လက်ခံတဲ့ ပိုက်ဆံရှိ မိသားစုက ပလေးဘွိုင်းလေးပဲ"


မက်ဆာ၏ ပြောစကားများကို ကြားလိုက်ရစဥ် ယွီနျန်က မျက်စိထဲ မြင်ကွင်းတစ်ခု ပေါ်လာ၍ အနီးအနားရှိ ချက်စ်ဘုတ်ပြားမှ ချတ်စ်တုံးတစ်ခုကို ကောက်ယူလိုက်ရင်း လက်ထဲ လှည့်ကာ မက်ဆာ့ဘက်ကို ခေါင်းလှည့်ကြည့်ပြီး နှုတ်ခမ်းတွန့်ပြုံးပြသည် 


" ဒီလိုမျိုးလား"


"ဘုရားရေ ... လုံးဝ perfectပဲ" မက်ဆာက အလေးအနက် ပြောလာသည်


 " မင်း... အဲ့မှာနေ ... မီးထိုးပြမယ့် လူတွေ ... ဒီကို ခဏ လာကြအုံး"


မက်ဆာက စိတ်မကျေနပ်နိုင်သေး၍ ရိုက်ကွင်းက ညနေထိ ဆက်သွားသည်။


ကိုယ်ဟန်အနေအထားကြောင့် အကြောတို့ နာလာပြီး လက်ကောက်ဝတ်ကပါ ပြေလျော့လာသည့် အချိန် ယွီနျန်က မက်ဆာ၏မျက်နှာက ညှိုးငယ်နေသည်ကို တွေ့လိုက်ရ၍ လျှောက်သွားလိုက်သည် 


" ဘာဖြစ်လို့လဲ"


"ပုံ ၁၈၀၀လောက် ရိုက်ခဲ့ပေမယ့် သုံးပုံပဲ စိတ်တိုင်းကျတယ်... စိတ်မကောင်းစရာ ရိုက်ချက်တော်တော်များများက perfectဖြစ်ကာနီးလေးတွေ..." မက်ဆာက သက်ပြင်းချလိုက်သည်။


ယွီနျန်က သူ့ကို နှစ်သိမ့်ပေးလာသည် " ကျွန်တော်က သီချင်းအပုဒ် တစ်ရာလောက် ရေးခဲ့ပေမယ့် နှစ်ပုဒ်လောက်ပဲ သုံးဖြစ်သလိုမျိုးပေါ့... ကျွန်တော့တုန်းကလည်း သံစဥ်ကို အပုဒ် ငါးဆယ်လောက် တည်းဖြတ်ခဲ့တာကို တစ်ခုမှ အကြိုက်မတွေ့ခဲ့ဘူးရယ်... အနုပညာလက်ရာ ဆိုတာ perfect ဖြစ်နေမှ... ဖြစ်ကာနီးလေးတွေဆို ကျကုန်တော့တာလေ"


"အစစ်ပဲ... မင်း မှန်တယ်" မက်ဆာက မျက်ခုံးတွန့်နေရာမှ ပြေလျော့သွားပြီး ယွီနျန့် ပုခုံးကို ပုတ်လိုက်ရင်း အပြုံးတို့ သက်ဝင်လာသည်


 " ကျေးဇူးပဲ... ငါ အခု စိတ်ညစ်ပြေသွားပြီ... မင်း အခုလေးတင် ပြောလိုက်တာကို ငါ အမှတ်ရနေတော့မှာပဲ"


မက်ဆာနှင့် သူ့အဖွဲ့က ပြန်သွားချိန်၌ မုန့်ယွမ်က ပြန်ရန် အလျင်မလိုပဲ အချိန်ဆွဲပြီး လုပ်နေသည့် ယွီနျန့်ကို တွေ့လိုက်၍ ပြုံးပြီး မေးလာသည်


 "အမ်... မင်း ဘာလို့ ဒီနေ့ အရမ်း စိမ်ပြေနပြေ လုပ်နေတာလဲ"


ယွီနျန်က ပြန်ဖြေလာသည် " ရွှယ်ယုံက အလုပ်ကိစ္စနဲ့ ပြည်ပခရီးထွက်သွားတာ... ၇ရက်မြောက်နေ့ နေ့လည်ပိုင်းလောက်မှ ပြန်ရောက်မှာ"


"အို့... ဒါကြောင့် မင်းရဲ့ အဖော်က ဒီမှာ မရှိလို့ အိမ်ပြန်ချင်စိတ် မရှိတော့တာလား"


 မုန့်ယွမ်ကခေါင်းစဥ်ပြောင်း ပြောလာသည်

 " ၇ရက်မြောက် ဆိုမှ မင်း ဓာတ်ပုံ ရိုက်ကူးရေး လုပ်နေတုန်းက ဟာဆီဘက်က လူနဲ့ ငါ စကားပြောခဲ့တယ်... တရားဝင်ကြောငြာချက်က မေလ ၇ရက် မနက်၉နာရီ ထုတ်မယ်တဲ့"


ယွီနျန်က ခေါင်းညိမ့်ပြလာသည် " ၇ရက်နေ့ပဲလား... ရိုးရိုးသားသားပြောရရင် ကျွန်တော် ဒီတစ်ခေါက် ရိုက်ကွင်းက ဓါတ်ပုံကို တော်တော် မျှော်လင့်ထားမိ

တယ်"


၇ရက်နေ့ မနက်၉နာရီတွင် ဟာဆီ၏ တရားဝင်ဝေ့ပေါ်အကောင့်မှ အပ်ဒိတ်တင်ပေးလာသည်။


"@ဟာဆီ...ပြောရေးဆိုခွင့်ရှိသူ ယွီနျန်ရဲ့ ခြေလှမ်းနောက်လိုက်ပြီး ဟာဆီအသစ် အလှအပအသစ်ကို ရှာဖွေလိုက်ပါ #သင့်ကိုယ်သင် မယုံနိုင်အောင် ဖြစ်သွားစေပါလိမ့်မယ်#"


ထွက်လာသည့် ဓါတ်ပုံများက ရှေးခေတ် အဖြူအမည်း နှစ်ရောင်စပ်မျိုး သုံးထားခြင်းဖြစ်သည်။ ယွီနျန်က အဖြူအမည်းစပ်ကြားကွက် အတွင်းဝတ်ကို ရှပ်အင်္ကျီနှင့် တွဲဖက်ဝတ်ဆင်ထားပြီး ညှို့ဓါတ်ပြင်းသည့် ခါးကောက်ကြောင်းနှင့် ပျင်းပျင်းရိရိ မတ်တပ်ရပ်နေသည်။ သူက ဖယောင်းတိုင်ရှည်များ ရေတစ်ဝက်ဖြည့်ထားသော ပန်းပွင့်အဆုပ်လိုက် ထည့်ထားသည့် ဖန်ခွက်ရှည်တစ်ခုနှင့် ဖရိုဖရဲခင်းထားသည့် အထူးကောင်းမွန်သော စားပွဲခင်းတစ်ခုအပြင် လက်ရေးပန်းချီများပါသည့် ကြွေပန်းကန်ပြားနှင့် ပန်းထိုးပဝါတို့ဖြင့် ပြင်ဆင်ထားသည့် သစ်သားစားပွဲတစ်ခုပေါ် မှီနေသည့် ပုံစံက ဇိမ်ခံစားသောက်ပွဲကြီး အလယ် ရောက်နေသကဲ့သို့ ဖြစ်နေသည်။


ဘယ်လက်ဖြင့် ချက်စ်တုံးတစ်ခုကို ကိုင်ထားရင်း လက်ရက်စားပွဲခင်းတစ်ခုပေါ် ထီမထင်ဟန် မှောက်ချလိုက်ပြီး လက်တစ်ဖက်က မီးခြစ်နှင့် ကစားနေသည်။ ရွှေရောင်ကိုင်းတပ် မျက်မှန်ကို တပ်ထားသည့် မျက်နှာလေးက ကင်မရာဘက်ကို ကြည့်လာပြီး လှစ်ခနဲ ပြုံးပြလာသည်။


တရားဝင်ကြော်ငြာ ထွက်ပြီးနောက် #သင့်ကိုယ်သင် မယုံနိုင်အောင် ဖြစ်သွားစေပါလိမ့်မယ်# ဆိုသည့် hashtagက trendingနံပတ်သုံးနေရာထိ ခုန်တက်သွားသည်။


[#သင့်ကိုယ်သင် မယုံနိုင်အောင် ဖြစ်သွားစေပါလိမ့်မယ်# ငါ အသက်တောင် မရှူနိုင်တော့ဘူး... တရားဝင် ကြော်ငြာဓါတ်ပုံတွေက ပြောမပြတတ်အောင်ပဲ... နျန်နျန်မှာ ဒီလို မရိုးမသားပုံစံလေး ရှိနေမှန်း ငါ မသိခဲ့ဘူး... ဘယ်လိုပြောရမလဲ မင်းတို့ သိကြတဲ့ လူတိုင်းကို အရုပ်တစ်ရုပ်လို ကစားတတ်တဲ့ အသည်းခွဲသမား လူဆိုးလေးလိုမျိုးလေ... ဒါပေမယ့်လည်း မင်းတို့ကို အပြုံးလေးတစ်ချက်လောက် ပေးဖို့ မျှော်လင့်ချက်လေးနဲ့ မီးပုံတိုးမယ့် ပိုးဖလံလို ဘဝမျိုး အဖြစ်ခံချင်ကြတာ]


[#သင့်ကိုယ်သင် မယုံနိုင်အောင် ဖြစ်သွားစေပါလိမ့်မယ်# အမလေး အမလေး... ဘုရားရေ....ပလေးဘွိုင်းလေး လှည့်စားတတ်တဲ့ အိမ်တော်သခင်လေး ဒီအမျိုးသားလေးက လုံးဝ အဆိပ်အပြည့်နဲ့ပဲ... ကုလို့ မရတော့ဘူး]


[#သင့်ကိုယ်သင် မယုံနိုင်အောင် ဖြစ်သွားစေပါလိမ့်မယ်# ဘုရားရေ...ဟာဆီလား... နျန်နျန်က တကယ်ကြီး ဟာဆီရဲ့ ပြောရေးဆိုခွင့်ရှိသူပေါ့... ငါ လုံးဝ ရှော့ရသွားပြီးတော့ ခုချက်ချင်း ရောက်လာရတာပဲ...မီးခြစ်ကိုင်ထားရင်း ချက်စ်တုံးကို လက်ညှိုးနဲ့ လက်မကြား ညှပ်က်ိုင်ထားတဲ့ အဲ့ဒီ လက်ချောင်းလေးတွေက လုံးကို ဆွဲဆောင်မှုရှိတာပဲ... ငါတော့ သေပြီ]


[#သင့်ကိုယ်သင် မယုံနိုင်အောင် ဖြစ်သွားစေပါလိမ့်မယ်# ဟုတ်တယ် နျန်နျန်ရေ... မင်းက လုံးဝကို အံ့အားသင့်စရာကောင်းတာပဲ... အရမ်း လှတယ်... ဘာလို့ တစ်ချို့ယောက်ကျာ်းတွေက ဆိုးဝါးမယ့် ပုံရှိပေမယ့် လူတွေက ဘာလို့ သဘောကျနေကြသေးတာလဲ ဆိုတဲ့ အကြောင်းရင်းကို နောက်ဆုံးတော နားလည်သွားရပြီ]


"သီချင်းဆိုပါရစေ" အစီအစဥ်၏ အဝတ်လဲခန်းထဲတွင် ရှစ်ရော့က ဖုန်းကိုင်ထားရင်း ဝေ့ပေါ် ကြည့်နေသည်။ သူမက နှလုံးဖိထားရင်း စိတ်လှုပ်ရှားဟန် အကြိမ်ပေါင်းများစွာ အော်နေမိသည်။


 "ဒီဓါတ်ပုံက လုံးဝ အမေးဇင်းပဲ... မရတော့ဘူး... ငါ့wallpaperနဲ့ lock screenမှာ ထားရမယ်"


ယွီနျနိက သူမကို စနောက်လိုက်သည် "ဒါပေမယ့် ကျွန်တော့်ကို နေတိုင်း တွေ့နေရတာပဲကို"


"မတူဘူးလေ... မြင်ရခဲတဲ့ ကလိမ်ကကျစ် ယွီနျန်လေးက အရမ်းကြည့်ကောင်းပြီး ချောမောနေရုံလေးပါ ... ဖန်တွေမကဘူး အစ်မရဲ့ ဝေ့ပေါ်မှာလည်း အပြည့်ပဲ လူတိုင်းက ပြန်ပြန်တင်ပေးနေကြတာ..."


ယွီနျန်ကလည်း ဓါတ်ပုံများကို အလွန် ကျေနပ်အားရမိသည် " မက်ဆာက လက်ဖျားခါရလောက်တဲ့အထိ လုပ်ခဲ့တာပဲ... ကျွန်တော့်ကိုယ်ကျွန်တော်တောင် မမှတ်မိတော့ဘူး"


ရှစ်ရောက ပါးစပ်အုပ် ရယ်လိုက်ရင်း ဝေ့ပေါ်ဘက် အကြည်ပြန်ရောက်သွားပြီး ရုတ်တရက် အကြည့်ရပ်သွားသည် " ဘုရားရေ... ဒါ ဘာလဲ"


ယွီနျန်က မေးလာသည် " ဘာဖြစ်လို့လဲ"


ရှစ်ရော့က ယွီနျန့်ကို ဖုန်းထိုးပြလာရင်း trending list ၏ အောက်ဘက်ဆုံးကို ညွှန်ပြလာသည် " ဒီမှာလေ... အခုလေးတင် trending ပို့စ်တစ်ခု တက်လာလို့ ...#ယွီနျန်က ဟာဆီကို ကြော်ငြာပေး ထန်းရှောင်ခယ်မှ ဝေ့ပေါ်ကို ဖျက်သိမ်းသွား တဲ့"


"သူ တကယ်ကြီး သူ့ ဝေ့ပေါ်ကို ဖျက်လိုက်တာလား" 


ယွီနျန်က အကြောင်းအရာဆွေးနွေးချက်ကို စစ်ကြည်လိုက်ရင်း " သူ ဝယ်ထားတာ လိုမျိုး မဟုတ်ဘူးလား"


"သေချာပေါက် ဝယ်ထားတာတော့ မဟုတ်ဘူး... ဟာဆီရဲ့ တရားဝင်ကြော်ငြာ ထွက်ပြီးတာနဲ့ နျန်ကောင်းနဲ့ ထန်းရှောင်ခယ်ရဲ့ ဖန်တွေက မကျေပွဲစတော့တာ... သိပ်မကြာဘူး ထန်းရှောင်ခယ်က သူ့ဝေ့ပေါ်က ဟာဆီနဲ့ ပတ်သတ်သမျှ ပို့စ်တွေအကုန်လုံး ဖျက်ပစ်လိုက်တယ်..."


 ရှစ်ရော့က စိတ်လှုပ်ရှားလွန်း၍ မျက်လုံး တစ်လက်လက် ဖြစ်နေပြီး "ဝိုး... အခု ထန်းရှောင်ခယ်ရဲ့ မျက်နှာ ဘယ်လိုဖြစ်နေမလဲ ကြည့်ချင်လိုက်တာ... ဒေါသထွက်လွန်းလို့ မျက်နှာကြီး တင်းကားနေတော့မှာ... ကျေနပ်စရာပဲ"


ယွီနျန်က ရွှယ်ယုံနှင့် မက်ဆေ့ချ် ပို့နေသော်လည်း ရှစ်ရော့ပြောသည်ကို နားထောင်ရင်း ခေါင်းတစ်ညိမ့်ညိမ့်နှင့် ပြောလာသည် " သူ တော်တော် ခံပြင်းနေလိမ့်မယ်လို့ ကျွန်တော် ထင်တယ်"


ရှစ်ရော့က စိုးရိမ်လာသည် " သူ ပြဿနာရှာတော့မှာ များလား"


ယွီနျန်က ပေါ့ပေါ့ပါးပါး ရယ်လိုက်ရင်း " အတိအကျတော့ မပြောနိုင်သေးဘူး... ဒါပေမယ့် ကျွန်တော်တို့ မကြောက်ဘူးမို့လား"


သူ

မက စိုးရိမ်ပူပန်မှုများ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး ခေါင်းတစ်ဆတ်ဆတ် ငြိမ့်ပြလာသည်


 " ဟုတ်တယ် အစ်မတို့ မကြောက်ဘူး"



ခဏအကြာ မုန့်ယွမ်က တံခါးတွန်းဖွင့် ဝင်လာသည်။ မျက်နှာကလည်း ဒေါသအပြည့်ပင်။