အပိုင်း ၉၆
Viewers 16k

Chapter 96



ထန်းရှောင်ခယ်က လက်သီးဆုပ်လိုက်ရင်း ထန်းကျန့်ကျုံးကို စိုက်ကြည့်နေသည်။


ထန်းကျန့်ကျုံးက သက်ပြင်းတစ်ချက်ရင်း လေသံက နူးညံ့သွားသည် 


" ငါသာ မမှားရင် ဒီရွှယ်ယုံ ဆိုတဲ့သူက ရွှယ်မိသားစုခေါင်းဆောင်ပဲ... ဒီလူက ငါတို့ ထန်းမိသားစု ရန်စလို့ ရနိုင်တဲ့သူမျိုး မဟုတ်ဘူး ... မင်းရဲ့ အပိုင်းကိုသာ ကောင်းကောင်းလုပ်... ပြဿနာမရှာနဲ့"


"သူတို့က အရင် စတာလေ"


ထိုစကားကြားပြီး ထန်းကျန့်ကျုံးက စားပွဲကို ဖြန်းခနဲ ရိုက်ချလိုက်ပြီး ဒေါသပြန်ထွက်လာသည်


 " ငါ မင်းအကြောင်း သိပြီးသား ပြောစကားနားထောင်ဘူးပေါ့... ရွှယ်ယုံဆိုတဲ့သူ အကြောင်းပြောရအုံးမယ်... သူက ငယ်သေးတယ် နှစ်ဆယ့်ငါးနှစ်တောင် မရှိသေးဘူး ဆိုပေမယ့် ရွှယ်မိသားစုတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီ... အဲ့ဒီ စုန့်ခယ်နဲ့တင်းကျောက်ရှန် ဆိုတဲ့သူတွေတောင် တစ်ယောက်က ဘဝဆုံးပြီး တစ်ယောက်က အစအနမရှိ ပျောက်သွားခဲ့တာ... နှစ်ယောက်လုံးက သူ့ကြောင့် ဖြစ်သွားတာချည်းပဲ... မင်း စကားနားမထောင်ဘူးဆိုရင် မင်း ဘယ်လိုအဆုံးသတ်ရမယ် ဆိုတာတောင် မင်း သိမှာ မဟုတ်ဘူး"


ထန်းရှောင်ခယ်က အားနည်းချင်ယောင်ဆောင်လိုက်ရင်း " အဖေ ကျွန်တော်က အဖေ့ကိုသာ အားကိုးနေရတာပါ...ဒီလို အရှက်တကွဲတော့ အဖြစ်မခံနိုင်ဘူးလေ... အဲ့ဒီ ယွီမျိုးရိုးနဲ့ကောင်က ဘယ်သူမို့လို့... ကျွန်တော့်ကို စိန်ခေါ်ရဲရတာလဲ... အဲ့ဒီရွှယ်ယုံဆိုတဲ့သူကို အဖေ ပြောပေးလို့မရဘူးလား"


ထန်းကျန့်ကျုံးက သက်ပြင်းချပြီး ပြောလာသည်


 " ငါ့သား... မင်းက မင်းအဖေကို အရမ်းမျှော်လင့်ထားတာပဲ... ရွှယ်ယုံလား ငါ့မှာ သူနဲ့ တွေ့ပြီးစကားပြောဖို့ အဆင့်တောင်မရှိဘူး... ငါတို့ ထန်းမိသားစုက ပြောရရင် ကျောက်မီးသွေးတွင်းတွေနဲ့ စပြီး နေရာတစ်ခု ရလာတာ... မျိုးဆက်ပေါင်းများစွာ အခြေတည်ထားတဲ့ ရွှယ်မိသားစုကတော့ ငါတို့ ပိုင်ဆိုင်မှုဆိုတာက သူတို့အသိုင်းအဝိုင်းမှာဆို puzzleတုံးသာသာပဲရှိတာ... မင်းက ငါ့ကို သူတို့နဲ့တွေ့ပြီး ဘာပြောစေချင်လို့လဲ"


ထန်းရှောင်ခယ်က ဒေါသကြောင့် မျက်ခုံးများ တွန့်ချိုးလာရင်း " ဒါဖြင် ကျွန်တော်တို့ လုပ်နိုင်တာ ဘာမှမရှိဘူးပေါ့"


ထန်းကျန့်ကျုံးက အသံတိတ်၍သာ နေသည်။


သူ၏ အသုံးမကျမှုကြောင့် စိတ်ထဲ ကျန်ဆဲလိုက်ရင်း ထန်းကျန့်ကျုံးက သူ့ကို နားဝင်အောင် မပြောတော့ပေ။ ထန်းရှောင်ခယ်က လှည့်ထွက်သွားရင်း တံခါးကို ကြမ်းကြမ်းတမ်းတမ်း ပိတ်သွားသည်။


မကြာမီ "သီချင်းဆိုပါရစေ" အစီအစဥ်၏ တရားဝင်အကောင့်မှ ထန်းရှောင်ခယ်က အချိန်ဇယားအခြေအနေကြောင့် ရှိုးပွဲမှု နှုတ်ထွက်သွားကြောင်း ကြော်ငြာလာသည်။


ဖုန်းကိုင်ထားရင်း ရှစ်ရော့က အာမေဍိတ်သံ ထွက်လာသည်


 " ရှိုးအဖွဲ့က အလုပ်လုပ်တာ တကယ် မြန်သားပဲနော်"


မုန့်ယွမ်က တဟားဟား ရယ်လိုက်ရင်း ပြောလာသည် 

" ဒီနေရာက လူတိုင်းက အလိုက်သိတယ်... သူတို့ အမှားလုပ်နိုင်တဲ့သူနဲ့ အမှားလုပ်လို့ မရတဲ့သူကိုတော့ ခွဲခြားသိသေးတယ်လေ... ရှိုးအဖွဲ့က ထန်းရှောင်ခယ်ရဲ့ စတူဒီယိုဘက်ကို ကြိုအသိမပေးပဲ ကြေငြာလိုက်တာ... ဒါပေမယ့် ဒီလို တည့်ပြောလိုက်တာကလဲ လူတိုင်းရဲ့ မျက်နှာကို ကယ်တင်လိုက်တာပဲလေ... အောက်ကျမှာစိုးလို့ ထန်းရှောင်ခယ်ဘက်က အမှန်တရားကို ထုတ်ပြောလာမှာ မဟုတ်ဘူး"


"အဲ့ဒါ ဟုတ်လောက်တယ်... မဟုတ်ရင် သူ အလှောင်ခံရမှာပေါ့" 


ရှစ်ရော့က တစ်ခဏမျှ စဥ်းစားရင်း မေးလာသည်


 " ဒါပေမယ့် ထန်းရှောင်ခယ်ရဲ့ မိသားစုက အာဏာရှိတယ် မဟုတ်ဘူးလား ... သူ့အဖေက စိတ်ဆိုးပြီး လာတိုက်တွန်းနေရမှာလေ..."


မုန့်ယွမ်က ခေါင်းခါပြသည်

 " သူတို့အာဏာရှိတယ် ဆိုတာ ရွှယ်ယုံလောက်တော့ ရှိပါ့မလား"


ရှစ်ရော့က အမြန် ခေါင်းယမ်းပြလာသည်။


"အတိအကျပဲ... ထန်းရှောင်ခယ်က ဦးနှောက်မရှိတဲ့သူ ဆိုပေမယ့် သူ့အဖေက ထန်းကျန့်ကျုံးကတော့ ဦးနှောက်မရှိပဲမနေဘူး ... သူ့ရဲ့ စိတ်ပျက်စရာသားက ရွှယ်ယုံ့ကို ရန်စခဲ့လို့ သူတို့ စီးပွားရေးကို ထိခိုက်လာနိုင်မလား ဆိုပြီး အခုတောင် စိုးရိမ်နေလောက်တယ်... သူ့သားကို ထိန်းချုပ်ထားပြီး ပြဿနာနဲ့ ဝေးရာမှာ နေခိုင်းတာ ပိုကောင်းလိမ့်မယ်"


ရှစ်ရော့က ခေါင်းညိမ့်ပြီး ပြုံးပြလာသည် " ကျွန်မ စောစောတုန်းက လက်ထောက်ကောင်မလေး နှစ်ယောက် စကားပြောနေတာကို နားစွန်နားစ ကြားခဲ့တာ... သူတို့က နျန်နျန်မှာလည်း နောက်ခံကောင်းကောင်း ရှိနေတယ် ဆိုပြီး ပြောနေကြတာ... သူ့နောက်မှာ ထန်းရှောင်ခယ်ကို ရိုက်ချပစ်နိုင်တဲ့ ဆန်းကြယ်တဲ့ အရိပ်ကြီးတစ်ခု ရှိနေတယ်တဲ့"


မုန့်ယွမ်က စနောက်လိုက်သည် " ဟုတ်လောက်မယ်... ရွယ်ယုံက အမြဲတမ်း သူ့အာဏာနဲ့ လွှမ်းမိုးနိုင်အားကို သိုဝှက်ထားတာ"


ထိုအချိန် ယွီနျန်က ရိုက်ကူးရေးပြီး၍ သူတို့ထံ လျှောက်လာသည်။ မုန့်ယွမ်က မတ်တပ်ရပ်လိုက်ရင်း မေးလိုက်သည် 


" ရိုက်ကူးရေးက ဘယ်လိုလဲ"


ယွီနျန်က ရှစ်ရော့ ကမ်းပေးလာသည့် တစ်သျှူးကို ယူလိုက်ပြီး နှာဖူးမှ ချွေးစတို့ကို သုတ်လိုက်ရင်း ပြုံးပြလာသည်


 " ချောချောမွေ့မွေ့ပါပဲ...ကျွန်တော်တို့ အခု ပြန်လို့ရပြီ"


မုန့်ယွမ်က တိုးတိုး တိုးတိုးနှင့် စလာသည်

 " အာ... အခု မင်းရဲ့ ကောင်လေး ပြန်လာပြီ ဆိုတော့ မတူတော့ဘူးပေါ့လေ... အိမ်ပြန်ဖို့ စိတ်အားထက်သန်နေပြီပေါ့"


ယွီနျန်က ငြင်းဆိုလာသည် 

" ဒီတစ်ကြိမ်က မဟုတ်ပါဘူး... ကျွန်တော် အိမ်ကို စောစောပြန်ချင်တာက ကျွန်တော့်အစ်မရဲ့ အယ်လ်ဘမ်အသစ်အတွက် ရေးထားတဲ့ သီချင်းတွေကို ပို့ပေးရမှာမို့လို့ပါ... ရွှယ်ယုံက တွေ့ဆုံပွဲတွေ ဆက်တိုက်ရှိနေလို့ မနက်ဖြန်ထိ အားမှာ မဟုတ်ဘူး... ဒါကြောင့် ကျွန်တော်တို့ မနက်ဖြန်ထိ တွေ့နိုင်မှာ မဟုတ်ဘူး"


"ကောင်းပြီလေ... ချမ်းသာတဲ့သူ ဖြစ်ရတာလဲ လွယ်ကူမနေပါလားနော်"


 မုန့်ယွမ်က ပြောလိုက်ရင်း ရှစ်ရော့ကို အထုပ်သိမ်းရန် လှမ်းပြောလိုက်သည် 


" အိုကေလေ... သွားကြတာပေါ့ အိမ်စောစောရောက်အောင်"


အိမ်ပြန်ရောက်သော် ယွီနျန်က ရေချိုးလိုက်ရင်း ချည်သား ညအိပ်ဝတ်အင်္ကျီ အဖြူလေး ဝတ်ပြု ဖိနပ်အပါး စီးထားလိုက်သည်။ သူက စာကြည့်ခန်းထဲ ဝင်ပြီး စောစောက စုထားသည့် ဖိုင်တွဲများကို ယွီချင်းထံ ပို့ပေးလိုက်ရင်း ယွီချင်းက ပြန်စာမလာသေး၍ မက်ဆေ့ချ်ချန်ပြီး ကွန်ပျူတာ ပိတ်ထားလိုက်သည်။


သူ၏ ဆံပင်က အနည်းငယ် စိုတိုတို ရှိနေသေး၍ ယွီနျန်က ရေပြောင်သွားပြီဟု မခံစားမိချေ။ ဆိုဖာပေါ် ကျောမှီလိုက်ရင်း မျက်နှာကျက်ကို ကြည့်ပြီး အတွေးနစ်နေသည်။ အခုဆို ရွှယ်ယုံ ဘာများ လုပ်နေမလဲ... တွေ့ဆုံပွဲမှာပဲ ရှိနေအုံးမှာပေါ့... သူ ညစာကော စားပြီးရဲ့လား...။


သူ တွေးနေစဥ် ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရသည်။ ယွီနျန်က ချက်ချင်း ထထိုင်လိုက်ရင်း စက္ကန့်အနည်းငယ်မျှ တုန့်ဆိုင်းနေပြီးနောက် အမြန်ထကာ တံခါးသွားဖွင့်လိုက်သည်။


ရွှယ်ယုံက အနက်ရောင် အနောက်တိုင်းအင်္ကျီ အပေါ်ဝတ်ကို ဘယ်ဘက်လက်တွင် တင်ထားရင်း လည်စီးနှင့် လက်ကြယ်သီးက သပ်သပ်ရပ်ရပ် ရှိနေသေး၍ တွေ့ဆုံပွဲမှ ထလာသည် ဖြစ်မည်။


အထဲဝင်ရန် ဖိတ်ခေါ်လိုက်ပြီးနောက် ယွီနျန်က စကားမဆိုမီ အပြုံးတို့ ပြည့်လျှံနေသည့် မျက်လုံးအကြည့်နှင့် ကြည့်လာ၍ မျက်လုံးထောင့်နားရှိ လှပသော အမှတ်ကလေးက ပိုပြီး အကြည့်မလွှဲနိုင် ဖြစ်သွားရသည်


 " တွေ့ဆုံပွဲ ရောက်နေရမှာ မဟုတ်ဘူးလား... ဘာလို့ ဒီကို ရုတ်တရက် ရောက်လာရတာလဲ"


ရွှယ်ယုံက အနားကပ်လာရင်း ယွီနျန့်ကို သူနှင့် နံရံအကြား ပိတ်ထားလိုက်ပြီး ယွီနျန့် နှာခေါင်းထိပ်လေးကို ညင်ညင်သာသာ နမ်းလိုက်ရင်း သြရှရှလေသံနှင့် တိုးတိုး ပြောလာသည်


 " ဘာလို့ဆို မင်းက ကိုယ့်ကို နမ်းချင်နေပြီလို့ ပြောခဲ့လို့လေ"



တစ်ခဏမျှ စောင့်ပြီးနောက် ယွီနျန်က ရွှယ်ယုံ့နှုတ်ခမ်းများက နှာခေါင်းထိပ်နား တဝဲလည်လည်နှင့် အသာလေး ထိကပ်နမ်းလိုက်မှန်း သိလိုက်ရသည်။ သူက နားမလည်နိုင်၍ ခေါ်လိုက်မိသည် "ရွှယ်ယုံ"


လက်မောင်းတွင် တွဲကျနေသည့် ရွှယ်ယုံ့ အနောက်တိုင်းဝတ်စုံက ကြမ်းပြင်ပေါ် လျှောကျသွားလေသည်။လျှောက်လမ်းလေးက မီးရောင်ဖျော့ဖျော့တို့ လွှမ်းခြုံနေပြီး ရွှယ်ယုံ၏ ပူနွေးနွေး လက်ဖဝါးက ယွီနျန့် ခါးသွယ်သွယ် တစ်လျှောက် ခိုနားနေသည်။ သူတို့ ခန္ဓာမှ အပူလှိုင်းများက ဝတ်ထားသည့် အဝတ်ကိုပင် ထိုးဖောက်လောင်ကျွမ်းနေသည်။


ရွှယ်ယုံက ပြန်ဖြေလာသည်

 " နျန်နျန်ပဲ ကိုယ့်ကို နမ်းချင်လို့ဆို"


သူက ရည်ရွယ်ချက်ရှိရှိနဲ့ "နျန်နျန်က လိုချင်လို့ "ဆိုသည့် နေရာကို ဖိပြောလိုက်သည်။


ယွီနျန်က သဘောကျစွာ ရယ်မောလိုက်သည်။


ရွှယ်ယုံ့နားရွက်များက နီရဲသွားပြီး ယွီနျန့်နား ရောက်အောင် မှီလိုက်ရင်း နူးနူးညံ့ညံ့လေသံနှင့် တိုးတိုးပြောလာသည် 


" နျန်နျန်ပဲ လိုချင်တာ မို့လား"


ယွီနျန်က နံရံကို မှီထားရင်း ရွှယ်ယုံ၏ တုန်ယင်နေသော မျက်တောင်များကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး နမ်းလိုက်သည်


 " ကျွန်တော်က တစ်ကြိမ်ပဲ နမ်းချင်တာ ဆိုတော့ အခု ပြီးသွားပြီနော်"


ရွှယ်ယုံက နှုတ်ခမ်း တင်းတင်းစေ့ရင်း မကျေမနပ် ပြောလာသည် " အဲ့ဒီလို မဟုတ်ဘူးလေ"


ယွီနျန်က ပြန်မေးလိုက်သည် " ဒါဖြင့် ဘယ်လိုလဲ"


ရွှယ်ယုံက စကားမဆိုလာပဲ နှစ်စက္ကန့်မျှ တွေးနေပြီးနောက် သူ၏ ကြွက်သားအပြည့်နှင့် ခြေတံရှည်ကြီးများက ယွီနျန့်ကို ခွထားရင်း ယွီနျန့်ခေါင်းကို လှမ်းကိုင်လိုက်သည်။ သူက အနားတိုးလာပြီး ပြင်းပြင်းရှရှ နမ်းရှိုက်တော့သည်။ သူတို့၏ လျှာများက နှုတ်ခမ်းများနှင့် သွားဖုံးများထိ လှည့်ပတ်သွားနေရင်း အသက်ရှူသံများပင် ရောထွေးနေကြသည်။ ရွှယ်ယုံက ညည်းသံနှင့် ပြောလာသည် 


" ဒီလိုမျိုး ဖြစ်ရမှာ"


အနမ်းရှည်ကြီး ပြီးသွားချိန် နာဖူးအချင်းချင်း ထိထားလိုက်သည်။ ရွှယ်ယုံ့လက်ဖဝါးက ယွီနျန့်ပါးလေးကို တယုတယ ပွတ်သပ်လိုက်ရင်း သြရှရှလေသံနှင့် ပြောလာသည် 


" ကိုယ် တွေ့ဆုံပွဲကို ပြန်ရအုံးမယ်"


နှုတ်ခမ်းများက နောက်တစ်ကြိမ် ထိကပ်သွားရင်း ယွီနျန်က အသက်ရှူသံမမှန်စွာ မေးလာသည် " တွေ့ဆုံပွဲလုပ်နေတုန်း ထွက်လာခဲ့တာလား"


ရွှယ်ယုံက အကြည့်လွဲသွားရင်း မလုံမလဲ ခေါင်းညိတ်ပြလာသည်။


"ကျွန်တော် လိုက်ခဲ့မယ်လေ"


ထိုစကားကို ကြားလိုက်ရစဥ် ရွှယ်ယုံက တစ်စက္ကန့်မျှ တောင့်တင်းသွားရင်း တောက်တောက်ပပ မျက်လုံးများနှင့် ပင့်ကြည့်လာသည် " မင်း လိုက်လို့ရလား"


"ဘာလို့ မရရမှာလဲ... ကျွန်တော်က လုပ်စရာရှိတာတွေ အကုန် လုပ်ပြီးသွားပြီ... ကျွန်တော်က အိမ်မှာ ကျန်နေခဲ့တာပဲ ဖြစ်ဖြစ် ခင်ဗျားနဲ့ အတူတူ ရှိနေတာပဲ ဖြစ်ဖြစ် ခင်ဗျားအကြောင်း တွေးနေမှာပဲလေ... ဒါကြောင့် ခင်ဗျားနဲ့ လိုက်ခဲ့ရမှာပေါ့... အဲ့လိုဆိုရင် ကျွန်တော် ခင်ဗျားကို တွေ့ချင်တဲ့အချိန် မော့ကြည့်လိုက်ရုံပဲလေ... "


 ယွီနျန်က ရွှယ်ယုံ့နှုတ်ခမ်းထောင့်လေးကို ပြန်နမ်းလိုက်ရင်း ပြုံးပြလိုက်သည်


 " ဒါပေမယ့် ကျွန်တော် လိုက်ခဲ့ရင် ခင်ဗျားအလုပ်မှာ အနှောက်အယှက် ဖြစ်သွားမလား"


ရွှယ်ယုံက ဆိုလာသည် " သေချာပေါက် ဖြစ်မှာ မဟုတ်ပါဘူး"


"တကယ်နော်"


"အင်း..." ရွှယ်ယုံက အမြန် ထပ်ပြောလာသည် " မင်းက ကိုယ့်ဘေးမှာ ရှိတာပဲဖြစ်ဖြစ် မရှိတာပဲ ဖြစ်ဖြစ် ကိုယ့်ကို အနှောင့်အယှက် ပေးနေတာပါပဲ"


အံ့အားသင့်သွားဟန် အယောင်ဆောင်လိုက်ရင်း ယွီနျန်က မေးလာသည်


 " ကျွန်တော်က ခင်ဗျားဘေးမှာ နေတာမဟုတ်ပဲနဲ့ကို ခင်ဗျား အလုပ်ကို အနှောင့်အယှက်ပေးမယ့်ဟာက ရှိသေးတယ်လား"


ရွှယ်ယုံက မနေနိုင်ပဲ ယွီနျန့် မျက်လုံးထောင့်လေးကို နမ်းလိုက်ရင်း ပြောလာသည်


 "အင်း... ကိုယ် မင်းအကြောင်းပဲ တွေးနေလို့လေ"


မက်စ်နှင့် ဦးထုပ်များ ဆောင်းပြီးနောက် ယွီနျန်က ဂျာကင်အပါးတစ်ထည် ထပ်ဝတ်လိုက်ရင်း ရွှယ်ယုံ့နောက် လိုက်ခဲ့သည်။ ညနေပိုင်းက ကားသိပ်မကြပ်၍ သိပ်မကြာမီ ကုမ္ပဏီသို့ ရောက်သွားကြသည်။ ရွှယ်ယုံနှင့်အတူ သီးသန့်ဓါတ်လှေကားထဲ ဝင်လိုက်ရင်း ယွီနျန်က မက်စ်နှင့် ဦးထုပ်ကို ချွတ်လိုက်သည်။


ရွှယ်ယုံက ယွီနျန့် ဆံပင် ခွေခွေလေးများကို အသာ သပ်ပေးလိုက်ရင်း ယွီနျန့်လက်ကို ဆုပ်ကိုင်လိုက်ပြီး လက်ဗွေစကန်ဖတ်သည့်နေရာတွင် ထားလိုက်သည်။


ယွီနျန်က သူ့ကို ကြည့်နေ၍ ရွှယ်ယုံက ရှင်းပြလာသည် " ဒီလိုလုပ်မှ အနာဂတ်မှာ မင်းက ကိုယ့်ကို အချိန်မရွေးလာရှာလို့ရမှာလေ"


လက်ဗွေရာစကန်က အောင်အောင်မြင်မြင် ပြီးသွား၍ ရွှယ်ယုံက ယွီနျန့်လက်ကလေးကို တွန့်ဆုတ်ဆုတ် လွှတ်ပေးလာသည်။ သို့သော်လည်း နောက်တစ်စက္ကန့်အကြာ ယွီနျန်က သူ့လက်ကို ဆုပ်ကိုင်လာလေသည်။


တစ်ယောက်ကို တစ်ယောက် မကြည့်ဖြစ်ပဲ အထပ်နံပတ်များ တရွေ့ရွေ့ ပြောင်းနေသည်ကိုသာ အကြည့်ရောက်နေသော်လည်း လက်ချောင်းများက ဖြေးဖြေးချင်း ရစ်ပတ်သွားရင်း တစ်ယောက်လက် တစ်ယောက် တင်းတင်း ဆုပ်ကိုင်ထားကြသည်။ ထိုအခိုက်အတန့်လေးက သူတို့ လက်ဖဝါးများ၏ မျက်နှာပြင်နှင့် အနားသတ်အစွန်းများက ပြီးပြည့်စုံစွာ လိုက်ဖက်နေသည်။


ယွီနျန်က ရွှယ်ယုံ့ ရုံးခန်းကို ပထမဆုံး ရောက်ဖူးခြင်းဖြစ်သည်။


တစ်ထပ်လုံးက ပြန်လည်ဖန်တီးပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။ အတွင်းရေးမှူးအဖွဲ့နှင့် လက်ထောက်များ၏ အလုပ်နေရာက တစ်ဖက်တွင် ရှိနေပြီး ကျန်တစ်ဖက်ရှိ ကျယ်ဝန်းလှသည့် သီးခြားနေရာက ရွှယ်ယုံ့ အလုပ်ခန်းဖြစ်သည်။


ရုံးခန်းကျယ်ကြီးထဲတွင် အလုပ်ခွင်နှင့် နားနားနေနေ နေလို့ရမည့် နေရာခွဲထားသည်။ သစ်ပင်ပုံးလေးများကိုလည်း မျက်စိပဒါသဖြစ်စွာ စီစဥ်ထားပြီး အရောင်တောက်တောက်မဟုတ်ပဲ ရိုးရိုးရှင်းရှင်း စတိုင်လေးများဖြစ်သည်။ စားပွဲခုံနောက်တွင် မှန်နံရံကြီး ရှိပြီး ညနီယွန်မီးများကို မြူနှင်းအလယ် ထင်ထင်ရှားရှား တွေ့ရလေသည်။


ရွှယ်ယုံက ယွီနျန့်ကို ထိုင်ခုံတွင် ထိုင်စေရင်း ယွီနျန့်အကြည့်က မှန်နံရံပေါ်တွင်သာ ရောက်နေကြောင်း သတိထားမိ၍ ပြောလာသည် 


" ကိုယ် ဒီနံရံကနေ ရပ်ပြီး ငုံ့ကြည့်တတ်တယ်... တစ်ချက်ကလေး လွဲပြီး ဂရုမစိုက်မိတာနဲ့ ပြုတ်ကျပြီး အဆုံးသတ်သွားနိုင်တယ်လို့ ကိုယ့်ကိုယ်ကို သတိပေးရင်းနဲ့လေ"


ရွှယ်ယုံ့ဆိုလိုရင်း သဘောပေါက်၍ ယွီနျန်က သူ့ကို ကြည်လိုက်ရင်း မည်သည့် နှစ်သိမ့်စကားမှ မဆိုပဲ ရွှယ်ယုံ့လက်ဖမိုးလေးကို နမ်းလိုက်သည်။


"ဒါပေမယ့် တစ်နေ့မှာ ကိုယ်က ဒီမှန်နံရံနား တစ်ခါပြန်ပြီး လာရပ်ရင်းက အပြင်ဘက်က မြင်ကွင်း အရမ်းလှတာပဲ ဆိုပြီး ရုတ်တရက် နားလည်သွားခဲ့တယ်... အဲ့ဒါနဲ့ တစ်နေ့နေ့မှာ ကိုယ်မင်းကို ခေါ်လာပြီး အတူတူကြည့်မယ်လို့ တွေးထားခဲ့တာ"


ယွီနျန်က ရွှယ်ယုံ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သဘောတူသည့်အနေနှင့် ခေါင်းညိမ့်ပြလာသည်


 " အင်း... အရမ်း လှတာပဲနော်"


ရွှယ်ယုံက ကိုယ်ကို ကိုင်းလိုက်ပြီး ယွီနျန့် မျက်လုံးထောင့်ရှိ မှဲ့ကလေးကို အနမ်းပေးလိုက်သည်။


ပြီးနောက် ရွှယ်ယုံက စားပွဲနောက်တွင် ထိုင်ချလိုကိရင်း Bluetooth နားကြပ်လေး တပ်ပြီး အွန်လိုင်းဗီဒီယိုအစည်းအဝေးပွဲကို စလိုက်သည်။ ယွီနျန်က ဆိုဖာပေါ် ခြေချိတ်ထိုင်လိုက်ပြီး ဖောင်တိန်နှင့် စာရွက် ထုတ်လိုက်ရင်း စာရေးပြီး ပုံဆွဲ

နေသည်။


သို့သော်လည်း လေထုက သစ်ကတိုးနံ့လေး သင်းနေ၍ ယွီနျန်က အာရုံစူးစိုက်ဖို့ ခက်ခဲနေသည်။ ယွီနျန်က သံစဥ်နှစ်ခုလောက် ရေးပြီးနောက် စိတ်တင်းကျပ်လာ၍ ရွှယ်ယုံ့ကို စိုက်ကြည့်လိုက်သည်။