အပိုင်း ၉၇
Viewers 16k

Chapter 97

 နျန်နျန်လေး ကိုယ့်ကို ကြည့်ကြည့်မနေပါနဲ့လား



အလုပ်လုပ်နေသည့် ရွှယ်ယုံ့ပုံစံက သာမန်အချိန်များနှငိ့ မတူကွဲပြားနေသည်။ အလုပ်လုပ်နေသည့်အချိန်တွင် သူ၏ မျက်နှာ အစိတ်အပိုင်းများက ထင်ရှားပြတ်သားနေပြီး မျက်အိတ်ထင်းထင်းများက နက်ရှိုင်းနေသည်။ သူ၏ ပုံစံက မလိုအပ်သည့် မျက်နှာပုံစံတို့ ကင်းမဲ့နေပြီး တည်တင်းနေကာ အကြည့်တို့ကလည်း ထိုးဖောက်မတတ် စူးရှနေသည်။ စကားပြောရာတွင်လည်း သဘောမတူစရာ မရှိသည့် တိုတိုတုတ်တုတ် ညွှန်ကြားချက်များသာ ပြောဆိုသည်။


စည်းကမ်းတင်းကျပ်သည့် အုပ်ချုပ်သူအာဏာရှင် တစ်ယောက်နှင့် တူသည်။


ထိုခဏ ယွီနျန့်ဖုန်းက ရုတ်တရက် အသံတုန်ခါလာသည်။ သူက ဖွင့်ကြည့်လိုက်ရာ ရွှယ်ယုံ့ဆီမှ မက်ဆေ့ချ်ဖြစ်နေ၍ အံ့သြသွားရသည်။


မက်ဆေ့ချ်က " နျန်နျန် ...ကိုယ့်ကိုယ် အမြဲတမ်း ကြည့်ကြည့်မနေပါနဲ့လား"


ယွီနျန်က ခေါင်းမော့လိုက်ရင်း ရွှယ်ယုံ့ကို သေချာ အကဲခတ်ကြည့်လိုက်သည်။ ရွှယ်ယုံ့မျက်နှာက မပြောင်းမလဲပဲ နားကြပ်မှလာသည့် အသံကို နားထောင်နေပြီး ဆုံးဖြတ်ချက်ချနေရသော်လည်း နားရွက်များ နီရဲနေသည်။


ဖုန်းကို ဘေးချထားလိုက်ရင်း ယွီနျန်က " အဲ့လိုဆို အဆင်မပြေဘူး" ဆိုသည့် စာလုံးနှစ်လုံးကို စာရွက်ပေါ် ချရေးလိုက်ရင်း ရွှယ်ယုံ့ကို ထောင်ပြလိုက်သည်။


ရွှယ်ယုံက မြင်သွား၍ ပြုံးလိုက်ပြီး မက်ဆေ့ချ် ပို့လာသည်။


"ကောင်းပါပြီ ... နျန်နျန့်စကား နားထောင်ပါ့မယ်"


*****


နောက်တစ်နေ့တွင် ယွီနျန်က ကိုယ်ပိုင်ကားလေးထဲ ထိုင်နေရင်း အာတသမ်းသမ်း ဖြစ်နေသည်။ ရှေ့ခုံတွင် ထိုင်နေသည့် ရှစ်ရော့က စိုးရိမ်စွာ မေးလာသည် 


" မနေ့ညက နောက်ကျတဲ့ထိ နေခဲ့တာလား နျန်နျန်"


"မဟုတ်ပါဘူး... ခါတိုင်းထက် နည်းနည်း နောက်ကျပြီးမှ အိပ်ရာဝင်လို့ပါ"


ဖုန်းမြည်လာ၍ ယွီနျန့်စကားစ ပြတ်သွား၏။ 


ရုန်ယွဲ့ဆီမှ ခေါ်လာ၍ ယွီနျန်က အမြန် ဖြေလိုက်သည်။


"ဦးလေးရုန်"


ကွေ့ဝိုက်မနေပဲ ရုန်ယွဲ့က တိုက်ရိုက်ပြောလာသည် 


" သတင်းက အတည်ပြုပြီးသွားပြီ... ကျန့်မိသားစုရဲ့ ကလေးသုံးယောက်က မေလ၁၂ရက် နေ့လည်ပိုင်းမှာ ယွမ်ကျားလေလံအိမ်မှာ လေလံပွဲ လုပ်လိမ့်မယ်... ခန့်မှန်းထားတဲ့အတိုင်း ယွမ်ကျားမှာ 'ကျန့်မိသားစု ပြခန်းအစု' ကို လေလံတင်ဖို့ စီစဥ်ထားနေကြတယ်... ပြီးရင် ပြည်တွင်းရော ပြည်ပကပါ လူတော်တော်များများ တက်ရောက်ကြမှာ"


ယွီနျန်က ပြန်ဖြေလာသည် " ဟုတ်မယ်... ကျန့်မိသားစု ပြခန်းက ဘယ်လို ရတနာမျိုးလဲဆိုတာ အမြဲတမ်း အဖြေရှာမရ ဖြစ်ရတဲ့ ဆန်းကြယ်ပစ္စည်းတွေ များလို့ တက်ရောက်တဲ့သူတွေက လူကုံထံတွေ များမှာပဲ... "


"အမှန်ပဲ... ငါ့ရဲ့ မိတ်ဆွေကောင်း တစ်ယောက်ကတောင် ဒီတစ်ခေါက်မှာ တော်တော် ညည်းနေတာ... ရတနာတွေ ဘယ်လောက်များများ ထွက်လာမလဲဆိုတာ ဘယ်သူသိမှာလဲနော့"


ယွီနျန်က ရုန်ယွဲ့စကားမှ ပူဆွေးနေဟန် အရိပ်အရောင်တို့ ခံစားမိ၍ ရယ်မောလိုက်သည်


 " ဦးလေးရုန်ကလည်း... စိတ်ထဲမှာ ပစ်မှတ်တစ်ချို့တော့ရှိနေပြီ မို့လား"


"ဒါက သော့ချက်ပဲ... ငါ ဒါကို အလုပ်မရှိတဲ့ ငါ့သူငယ်ချင်း တစ်ချို့နဲ့ ဆွေးနွေးခဲ့တာ... အဲ့ဒီတုန်းက 'ပန်းပွင့် စာအုပ်'ရဲ့ တည်းဖြတ်သီချင်းရယ် ... ကျောက်ရဲ့ 'တိုင်တောင်တန်း ခရီးသွားမှတ်တမ်း'ရယ်... ပြီးတော့ 'နွေဦး ဆောင်းဦး မှတ်တမ်း'ရဲ့ တောင်ပိုင်း တည်းဖြတ်သီချင်းက ကျန့်မိသားစု ပြခန်းမှာ ပါလိမ့်မယ်လို့ ပြောနိုင်တယ်... 'ကျန်းလော့ တာဝါမှ ရှုခင်း' ' တောင်ထိပ်တွေတွေ တောင်ကြား အသင်္ချေ' 'တောင်အထပ်ထပ်မှာ လမ်းစရှာဖွေ' ... ပြီးတော့ ဖီးနစ်ငှက်ပုံ အကွက်ပါတဲ့ ကြေးဝိုင်ကရား စတဲ့ ရှားပါးပစ္စည်းတွေက ကျန့်မိသားစုရဲ ပိုင်ဆိုင်မှုထဲ ပါတယ်" 


ရုန်ယွဲ့ က ဝမ်းနည်းနေသည့် ပုံစံနှင့် ရင်ဘတ်ကို ပုတ်လိုက်ရင်း " ဒါပေမယ့် အိုက်ယား... ငါ့မှာ ပိုက်ဆံက အဲ့လောက်အများကြီး မရှိဘူး"


ယွီနျန်က အလေးအနက် ထောက်ခံလာသည် 


" ဟုတ်တယ်... ကျွန်တော်တို့ ရုတ်တရက် လေပြင်းကျဖို့ပဲ မျှော်လင့်နေရုံ ရှိတော့တယ်"


"အတိအကျပဲ ... တခြား မရှိတော့ဘူး ရုတ်တရက် လေပြင်းကျဖို့ပဲ မျှော်လင့်နေရုံပေါ့..." 


ရုန်ယွဲ့က သက်ပြင်းချလိုက်ရင်း " လာမယ့် နှစ်ရက်မှာ... ငါ မင်းကို ဖိတ်စာ ပို့လိုက်မယ်... ပြီးတော့ အချိန်ဇယားအတိုင်း မင်း သွားလိုက်တော့... အဲ့ဒီနေ့မှာ ငါ ရှိနေမှာ မဟုတ်တော့ လေလံပွဲကို ကူပေးဖို့ တခြားတစ်ယောက်ကို ပြောထားလိမ့်မယ်... ငါတို့ ဆုံမှာ မဟုတ်တော့ဘူး"


"ဟုတ်ပါပြီ... ဦးလေးရုန် ဦးလေးက အမြဲတမ်း ထောက်ထားတတ်တယ်"


"ကိစ္စမရှိပါဘူး... အဲ့ဒါကလွဲရင် ငါ လုပ်ပေးနိုင်တာလည်း မရှိဘူးလေ"

 ရုန်ယွဲ့က ဖုန်းမကျမီ ကျန်းမာရေး ဂရုစိုက်ရန် မှာသွားသည်။


ယွီနျန်က ချက်ချင်းပင် မုန့်ယွမ့်ကို ဖုန်းခေါ်လိုက်ပြီး ၁၂ရက်နေ့၏ အချိန်ဇယား အားလုံးကို ရှင်းပေးထားရန် ပြောလိုက်သည်။


"အဲ့ဒီနေ့ကျရင် မင်းမှာ အင်တာဗျူးတစ်ခုနဲ့ အကအတန်း တစ်ခုပဲ ရှိမှာ... မင်း အကတန်းကို လွှတ်လိုက်လို့ ရတယ်... အင်တာဗျူးကိုလည်း ၁၃ရက်နေ့ ရွှေ့လိုက်မယ်... ကိစ္စမရှိဘူး" မုန့်ယွမ်က ယွီနျန်၏ ကိုယ်ရေးကိုယ်တာကိစ္စနှင့် အလုပ်ကိစ္စကို မျှမျှတတလုပ်ပေး၍ ရှည်ရှည်ေဝေးဝေး မေးမလာချေ။ သူက ထပ်ပြောလာသည် " 'သီချင်းဆိုပါရစေ'ရဲ့ ဒိုင်အသစ်ကို အတည်ပြုပြီးသွားပြီ... မင်းရယ်... ပိုင်ယန်ရယ်... စွန်းမုန့်ဇယ်ရယ်... တစ်ယောက်ယောက်နေရာမှာ အစားဝင်လာတဲ့ ဝေလုရယ်..."


"ဝေလု ဟုတ်လား... ကျွန်တော် သူ့ကို ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်... ကျွန်တော် အရင်တုန်းက သူနဲ့ talk show တစ်ခု လုပ်ခဲ့တာလေ... ဖုန့်ရိရန် နဲ့ ကပ်လျက်က..."


"ဟုတ်တယ်...ဝေလုက နှစ်ပေါင်းနှစ်ဆယ်လောက် သူ့ဂီတာနဲ့ သီချင်းဆိုလာခဲ့တာ... သူ့ရဲ့ပါရမီက မေးခွန်းထုတ်စရာကို မလိုဘူး... ပိုင်ယန်ကလည်း အားသာတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပဲ... ဘယ်တော့မှ နှုတ်ခမ်းလှုပ်ရုံမဆိုဘူး စင်ပေါ်မှာလည်း ကီးကြောင်သွားတာမျိုး မရှိဘူး... စွန်းမုန့်ဇယ်က စိတ်အပြောင်းအလဲမြန်တဲ့ ရော့ဂီတသမား တစ်ယောက် ဖြစ်ပေမယ့် သူက လူကောင်းပါ သူ့နေရာ သူသိတယ်... သူက ဒိုင် လုပ်ဖူးလို့ အတွေ့အကြုံရှိတယ်... "


မုန့်ယွမ်က အမှတ်ပေးရင်းရှင်းပြနေသည်

 " ခြုံပြောရရင် ရှိုးရဲ့ ဒိုင်အဖွဲ့က စိတ်ချရပါတယ်"


သူက ညစ်ကျယ်ကျယ်နှင့် ထပ်ပြောလာသည်

 " ဘယ်မှာဖြစ်ဖြစ် သူတို့အားလုံးက ထန်းရှောင်ခယ်ထက်တော့ ပိုစိတ်ချရတယ်"


ထန်းရှောင်ခယ်နာမည် ကြားလိုက်ရ၍ ယွီနျန်က ပြောလာသည် " အစ်ကိုမုန့်... ကျွန်တော် ခံစားမိနေတယ်... ထန်းရှောင်ခယ်က သူ့ပုံစံအတိုင်းဆို ဒီကိစ္စကို လွယ်လွယ် လက်ခံမှာ မဟုတ်ဘူး"


"သူ ပြဿနာ ရှာလာနိုင်တယ်လို့ ပြောနေတာလား"


"ဟုတ်တယ်... ဖြစ်နိုင်ချေ ပြောတာပါ" 

ယွီနျန်က သဘောကျသလို ရယ်မောလိုက်သည်


 " သတိထားတာ ပိုကောင်းပါတယ်... ဒါပေမယ့် ကျွန်တော်က အတွေးလွန်နေတာလည်း ဖြစ်နိုင်တယ်"


မုန့်ယွမ်က တစ်ခဏမျှ စဥ်းစားလိုက်ရင်း ပြောလာသည် " ကောင်းပြီလေ... ငါ သတိထားပါ့မယ်... မင်း စိတ်ချထား" 


သူက ဆက်ပြောလာသည်

 " အခု ဒီအကြောင်း မပြောကြနဲ့တော့ မင်းရဲ့ အချိန်ဇယား ပြီးသွားတာနဲ့ စောစော ပြန်လာခဲ့နော်... နေ့လည်မှာ အူမိုလက်ပတ်နာရီအတွက် စာချုပ်သွားချုပ်ဖို့ ရှိတယ်... ပြီးရင်တော့ မင်းအကောင့်မှာ ပိုက်ဆံတွေ အများကြီး ရှိလာတော့မှာ"


တစ်ချိန်တည်းမှာပင် အနီရောင်တောက်တောက် sport car တစ်စီးက နျင်းချန်တက္ကသိုလ် ဝင်ပေါက်ရှေ့ ရပ်သွားသည်။ ခဏအကြာတွင် အနက်ရောင်ကိုင်းတပ် မျက်မှန်နှင့် လူငယ်တစ်ယောက်က ကားတံခါး ခေါက်လာသည်။


ကားမှန်က လျောကျသွားရင်း ထန်းရှောင်ခယ်က စတီယာရင်ကို ကိုင်ထားလျက် ထိုလူ့ကို ကြည့်လိုက်သည်


 " ချီကျယ်... ယွီနျန့် စီနီယာမို့လား"


ချီကျယ်က မျက်မှောင်ကြုပ်လိုက်ရင်း ကျောပိုးအိတ်ကြိုးကို တင်းတင်းကိုင်ထားလျက် ခေါင်းညိမ့်ပြလာသည်


 " ဟုတ်တယ်... ငါပဲ"


လက်ဖျောက်တီးလိုက်ရင်း ထန်းရှောင်ခယ်က ကားမှန် ပြန်တင်လိုက်ရင်း ပြောလာသည် 


" ကောင်းပြီ...ဝင်ခဲ့"


******


မေလ၁၂ရက်နေ့တွင် ယွီနျန်က မနက်စောစော လေယာဥ်နှင့် ဆွေ့ကျိုးကို သွားလိုက်သည်။ ရာသီဥတု အလွန်သာယာလှသည်။ နေရောင်ခြည်လေးက မနက်ခင်းမြူနှင်းလွှာကို ထိုးဖောက်ဝင်ရောက်နေ၍ စိတ်ကြည်လင်စေသည်။


သို့သော်လည်း ယွီနျန်က ယွမ်ကျားလေလံအိမ်မှ ပို့လာသော ကားထဲသို့ ဝင်လိုက်သည်နှင့် ရုန်ယွီက ဖုန်းခေါ်လာခဲ့သည်။


"ယွန်ကျားက ငါ့မိတ်ဆွေတစ်ယောက်က ပြောခဲ့တာ 'ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်' ကို ရူးရူးမူးမူးလိုက်ဝယ်ခဲ့တဲ့ ကနေဒါလူမျိုး စီးပွားရေးသမား ပြဿနာအိုး ရှောင်ထင်းလည်း ဒီရောက်နေတယ်တဲ့ "


ယွီနျန်က အပြင်ဘက် လမ်းမြင်ကွင်းကို ကြည့်နေရင်း မေးလာသည်


" ပြဿနာအိုး ဟုတ်လား... ဘယ်သူလဲ"


"နောက်ဆုံးတစ်ခေါက်တုန်းက ငါ မင်းကို ပြောခဲ့တဲ့ တစ်ယောက်လေ... သူက 'ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်'ကို ဝယ်ဖို့ ဇွဲမလျှော့ခဲ့တဲ့သူလေ... သူ့နာမည်က ရှောင်ထင်းတဲ့... သူက ဒီတစ်ခေါက်လည်း ရောက်နေလို့ လှည့်ပတ်မေးနေတာတဲ့" ရုန်ယွဲ့က စိုးရိမ်သည့် အသံနှင့် ပြောလာသည် " နျန်နျန် သူနဲ့ လိုက်မပြိုင်နဲ့နော်... သတိထားပြီး ရှောင်နေလိုက်... မဟုတ်ရင် မင်း ပြဿနာထဲ ပါသွားလိမ့်မယ်"


ယွီနျန်က စိတ်ပူပေးသည်ကို လက်ခံလိုက်သည်


 " ဟုတ်ကဲ့ပါ ဦးလေးရုန် စိတ်မပူပါနဲ့ ကျွန်တော် သတိထားမှာပါ"


ယွီနျန်က လေလံပွဲခန်းမ အပြင်ဘက်သို့ ရောက်သည့်အချိန်တွင် ယွီချင်းက ဖုန်းခေါ်လာပြန်သည်။


"ငါ့ရဲ့ မောင်ချောလေးက ဘယ်များ ရောက်နေတာလဲ"


ယွီနျန်က ပြုံးပြီး ပြန်ဖြေလာသည်

 " ပိုက်ဆံဖြုန်းဖို့ သွားနေတဲ့ လမ်းမှာ"


ယွီချင်းက ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ရင်း " ပိုက်ဆံဖြုန်းရုံတင် ဘယ်ကမလဲ... ကောင်းကင်ဘုံက အစေခံမလေးတွေ ပန်းပွင့်ကြဲသလို ပိုက်ဆံ ပစ်ကြဲရတာမျိုးလေ... " 


ရယ်မောပြီးနောက် သူမက တည်ငြိမ်သွားသည်

 " ဒါနဲ့ နျန်နျန် မင်း ပိုက်ဆံကော အခြေအနေ ဘယ်လိုလဲ... ငါ အဲ့ဒီဘက်မှာ နားလည်တဲ့ အသိတစ်ယောက်ကို မေးလိုက်တော့ သူက ပြောတယ်... 'အိပ်မပျော် စာလိပ်'က တန်ဖိုးမြင့်လောက်တယ်တဲ့... သူက တွေးကြည့်ပေမယ့် လေလံဆွဲဖို့ မစွန့်စားရဲလို့တဲ့လေ"


ယွီနျန်က သူ့အိတ်ကပ်ထဲရှိ သီးသန့်အကန့်လေးကို ယူကြည့်လိုက်ရင်း ပြန်ဖြေလာသည်


 " ပိုက်ဆံ လောက်မှာပါ"


"နည်းနည်းတော့ စွန့်စားရမယ်လို့ ပြောချင်တာမို့လား"


 ယွီချင်းက စိတ်ပူ၍ တွက်ချက်လိုက်ရင်း " အဓိကက 'ကျော့ရှင်းသော' ကနေ တော်တော်များများ ရခဲ့တာ ဆိုတော့ သီချင်းရောင်းရငွေတွေ ကြော်ငြာတွေ ရသစုံရှိုးတွေ သွားတာတွေ မူပိုင်ခွင့်ကြေးတွေ ပြီးတော့ တစ်ခြားနေရာတော်တော်များများကနေလည်း ရတဲ့ ဝင်ငွေတွေ တွက်ကြည့်မယ်ဆိုရင် ဂဏန်း၉လုံးလောက် ရှိမယ် မို့လား"


"ဟုတ်တယ်... အဲ့လောက် များတယ်"


ယွီချင်းက အာမေဍိတ်သံ ထွက်လာသည် " နျန်နျန်ရေ... မင်းရဲ့ ပိုက်ဆံရှာနိုင်စွမ်းက မင်းအစ်မထက်တောင် အထင်ကြီးဖို့ကောင်းနေတယ်" သူမက အဓိက အကြောင်းအရာဘက် ပြန်လှည့်သွားရင်း ပြောလာသည် " ဒါပေမယ့် မင်း 'အိပ်မပျော် စာလိပ် 'ကိုတော့ မဝယ်နိုင်ဘူး မို့လား"


ယွီနျန်က သဘောကျ ရယ်မောလိုက်ရင်း ပြောလာသည် " အစ်မရာ ... အစ်မက ပိုက်ဆံ ရနိုင်မယ့် ရင်းမြစ်တစ်ခုကို မေ့နေတာပဲ"


"ဘယ်ပိုက်ဆံလဲ"


" အဘွားရဲ့ ရှယ်ယာတွေ အမွေတွေ အကုန်လုံးက ကျွန်တော့်အတွက် ချန်ထားပေးခဲ့တာ... ကျွန်တော် အမွေတွေ မထိရသေးပေမယ့် ရှယ်ယာတွေက သက်တမ်းကြာလာတာနဲ့ အမြတ်တွေ ယူလာခဲ့တာလေ...အစ်မတို့ မိသားစုရဲ့ ဝေစုကောလေ"


ယွီနျန်က အာမေဍိတ်သံနှင့် ပြောလာသည်


 " အာ... ငါ မေ့တော့မလို့ .. အဘွားပြောဖူးတယ်... ဒေါ်လေးက ရှန်းမိသားစုရဲ့ အငယ်ဆုံးသမီး မို့လို့ နင့်ရဲ့ အဘိုးနဲ့ လက်ထပ်တော့ ငါ့အဘိုးရဲ့ အဖေက လက်ဖွဲ့ငွေ အများကြီး ပေးခဲ့တာတဲ့... ဒေါ်လေးကလည်း အလုပ်လုပ်တာ အစွမ်းအစရှိတယ်... အင်း ရှန်းမိသားစုက ရတဲ့ဝေစုကို တွက်ကြည့်ရုံနဲ့တင် အဲ့တာက နှစ်နှစ်ပြည့်တိုင်း ခွဲနေကျဆိုတော့ နှစ်သစ်ကူးပြီးတာနဲ့ ပိုက်ဆံရောက်ခဲ့တာမို့လား"


"ဟုတ်တယ်... ပမာဏက မသေးဘူး... ပြီးတော့ အစ်မလည်း ရတယ်မို့လား"


ယွီချင်းက ပူပန်နေသည့် အသံနှင့် ပြောလာသည် 


" ငါ့အကောင့်ထဲကို ပိုက်ဆံအများကြီးက ဝင်လိုက် ထွက်လိုက်နဲ့ ဆိုတော့ ကြည့်ရတာ ရုတ်တရက် ပိုက်ဆံအများကြီး ရှိသလိုလိုနဲ့... အခုမှ ကွဲကွဲပြားပြား သိတော့တယ်" 


သူမအသံက ပြန်ပြီး ရွှင်ပျလာသည်

 " ဟုတ်ပြီလေ... ငါ စိတ်ချထားလို့ရပြီပေါ့... ဒါပေမယ့် လေလံပွဲမှာ ဘယ်သူမှ သေချာထားလို့မရဘူး... မင်း ပိုက်ဆံ ပြတ်သွားရင် ငါ့ကို လာရှာဖို့ သတိရ...မင်းအတွက် အထူးအနေနဲ့ ပိုက်ဆံအများကြီး ချန်ထားပေးမယ်"


ယွီနျန်က နှလုံးသားထဲ နွေးထွေးသွားသလို ခံစားလိုက်ရသည် "ဟုတ်ပါပြီ... ကျေးဇူးပါ အစ်မ"


လေလံပွဲကျင်းပရာ ခန်းမထဲ ရောက်သွားသောအခါ ယွီနျန်က ခုံရှာပြီး ထိုင်လိုက်သည်။ လူတော်တော်များများ ရောက်နေပြီဖြစ်ပြီး ဘာသာစကားအမျိုးမျိုး ပြောဆိုနေကြသည်။ မကြာမီ ထိုင်များ လူပြည့်သွားလေသည်။ ယွီနျန်က လှည့်ပတ်ကြည့်မနေပဲ ဖုန်းထုတ်ပြီး ရွှယ်ယုံနှင့် စကားပြောနေလိုက်သည်။ သူက စိတ်ငြိမ်သွား၍ စိတ်လှုပ်ရှားနေသည်ဟု မခံစားရတော့ပေ။ 


မနက်၁၀နာရီတိတိတွင် ကောင်းမွန်စွာဝတ်စားထားသော လေလံပွဲခေါ်မည့်သူက စင်ပေါ်တွင် နေရာယူလိုက်ရင်း မိန့်ခွန်းနည်းနည်း ပြောပြီး လေလံပွဲစလိုက်သည်။


အစပိုင်းပစ္စည်းများမှာ ပွဲဆူရုံသာ ဖြစ်၍ ယွီနျန်က စိတ်မဝင်စားချေ။ သူက ခေါင်းငုံ့ရင်း ရုန်ယွဲ့ခန့်မှန်းထားသည့် ပစ္စည်းများကို ကတ်တလော့တွင် ရှာကြည့်နေလိုက်သည်။ စင်စစ် ယခုအကြိမ် လေလံပွဲတွင် ကျန့်မိသားစုပြခန်းမှ အဖိုးမဖြတ်နိုင်သော ပန်းချီများနှင့် လက်ရေးလှများ ပါဝင်လေသည်။


"နှင်းမှုန်ကင်းစင် စာလိပ်" က ၅၁မီလီယံနှင့် လေလံဆွဲသည့်အခါမှ ပွဲက အရေးကြီးလာသည်။ ထို့နောက် တခြားတန်ဖိုးကြီး ပစ္စည်းများကိုလည်း လေလံတင်လာသည်။ 'တောင်အထပ်ထပ်ကြား လမ်းစရှာဖွေ'က ၆၁မီလီယံနှင့် လေလံအောင်သွားပြီး 'နွေဦးဆောင်းဦး မှတ်တမ်း'က အံ့သြဖွယ်ကောင်းစွာ ၉၃မီလီယံနှင့်ခေါ်သော်လည်း တစ်ရာမီလီယံထက် ကျော်ပြီး ပေးနိုင်သည့်သူ မရှိချေ။


ဤသို့ဖြင့် မနက်ပိုင်းလေလံပွဲက ပြီးကာနီးပြီဖြစ်၍ လူများက ထိုင်ရာမှ ထပြီး နေ့လည်စာဘူဖေးကျွေးသည့် စားသောက်ပွဲဆီ ဦးတည်သွားလိုက်ကြသည်။ ယွီနျန်က အစားနည်းသူဖြစ်၍ လတ်လတ်ဆတ်ဆတ်လုပ်ထားသည့် အသားညှပ်ပေါင်မုန့်ကို ယူပြီး ဟာနေသော ဗိုက်ကို ဖြည့်လိုက်သည်။


နေ့လည်ပိုင်းတွင် ခဏနားပြီးနောက် ပွဲကျင်းပသည့် နေရာအတွင်းမှ လေထုက ပြန်လည်အသက်ဝင်လာသည်။


မနက်ပိုင်းနှင့်မတူပဲ နေ့လည်ပိုင်းတွင် ပထမဆုံး လေလံခေါ်လာသည့်ပစ္စည်းက 'ကျန်းလော့တာဝါမှ ရှုခင်း' အမည်ရှိ စာလိပ်တစ်ခု ဖြစ်ပြီး အလျား ၈.၁၂ မီတာ ရှည်သည်။ စပြီးခေါ်သည့် စျေးက ၄၀မီလီယံဖြစ်၍ လေလံစျေးက လျင်မြန်စွာ တက်လာသည်။ အကြိမ်ပေါင်းများစွာ လေလံခေါ်ကြပြီးသည့်အချိန်တွင် နောက်ဆုံး ၁၀၇မီလီယံဆိုသည့် ပမာဏကြီးကြီးနှင့် တူထုသွားလေသည်။


 နောက်ပိုင်းပစ္စည်းများကလည်း အဖိုးတန်သည့် ရတနာများဖြစ်ပြီး ယခင်က ယွီနျန် သူ့အဖိုးအိမ်တော်တွင် နေစဥ်က ကြားဖူးလေသည်။


သူက ကြီးမားသည့် screenထက်တွင် အချက်အလက်နှင့်တကွ ပေါ်လာသည့် ပစ္စည်းဓါတ်ပုံများကို မော့ကြည့်လိုက်စဥ် အိပ်ကပ်ထဲမှ ဖုန်းက ရုတ်တရက် တုန်ခါလာသည်။ သူက ခေါင်းငုံ့လိုက်ရာ မုန့်ယွမ်ထံမှ ခေါ်လာမှန်း တွေ့လိုက်ရသည်။ သူက ဖုန်းကို လက်ခံမဖြေဆိုလိုက်ပဲ ဝီချတ်မှ မက်ဆေ့ချ် လှမ်းပို့လိုက်သည်


 " အစ်ကိုမုန့်... ဘာလိုအပ်တာများ ရှိလို့လဲ... အခု ကျွန်တော် ဖုန်းပြောဖို့ အဆင်မပြေသေးလို့"


မုန့်ယွမ်က ချက်ချင်း စာပြန်ပို့လာသည် " အမှန်အတိုင်းပြောစမ်း... မင်း ဆေးသုံးဖူးလား"


ယွီနျန့်နှလုံ

းက ဒိန်းခနဲ မြည်သွားရင်း မျက်မှောင်ကြုတ်လိုက်သည်။ 


သူက စာအမြန်ပို့လိုက်သည်


 " မသုံးပါဘူး... ဘာလို့ မေးတာလဲ"


မုန့်ယွမ်က screenshotပေါင်းများစွာပါသည့် website linkတစ်ခုပုံ ပို့လာလေသည်။