အပိုင်း၂၃၂
Viewers 39k

🍵Chapter 232



ထုံရွှယ်လူသည် ထိုကိစ္စအား ဖန်ကျင်းယွမ်ထံမှ သိရှိလိုက်ရသည်။


ဖန်ကျင်းယွမ်သည် ယခုတွင် ထုံရွှယ်လူအား အားကျသောအကြည့်ဖြင့် ကြည့်ရင်း " ရွှယ်လူ တချို့မိန်းကလေးတွေက ဘယ်လောက်ထိကံကောင်းပြီး  ဒီလိုသစ္စာရှိတဲ့ယောက်ျားတွေနဲ့ တွေ့နိုင်ကြရတာလဲ "


ထိုအချိန်တွင် ထုံရွှယ်လူက ဆန်မုန့်လုံးချိုများ ပြုလုပ်လျက်  မေးလိုက်သည်။


 " ဒီတစ်ခါ နင့်ကို အားကျစေတဲ့သူက ဘယ်သူလဲ "


ကောက်ညှင်းမှုန့်ထဲသို့ ဂျုံမှုန့်နှင့် သကြားမှုန့်တို့ကို ထည့်ပြီး ရေကို ဖြည်းညှင်းစွာ  ထည့်လိုက်ကာ သေချာရောမွှေသည်။ထို့နောက် မကပ်စေရန် သင့်တော်သော ဝက်ဆီပမာဏကို ထည့်လိုက်သည်။


ထုံရွှယ်လူ အလုပ်လုပ်သည်ကိုကြည့်ရင်း ဖန်ကျင်းယွမ်က ရှင်းပြသည်။ " ဘဏ္ဍာရေးဝန်ကြီးနဲ့ သူ့မိန်းမကြားက အရမ်းထိမိတဲ့ အချစ်ဇာတ်လမ်းကို နင်မကြားမိဘူးလား "


ဘဏ္ဍာရေးဝန်ကြီး။


ထုံရွှယ်လူ အနည်းငယ် ခေတ္တရပ်လိုက်သည်။ " သူ့နာမည်က ယန်လား "


ဖန်ကျင်းယွမ်က ခေါင်းညိတ်ပြီး " ဟုတ်တယ်။ ဒါဆိုနင်သိတာပဲ။ ခဏတုန်းက မသိတဲ့အတိုင်း ဘာလို့လုပ်တာလဲ "


ထုံရွှယ်လူက " တစ်နေရာကနေ ကြားဖူးနိုင်ခဲ့ပေမယ့် အသေးစိတ်တော့ မမှတ်မိဘူး။ နင်ငါ့ကို အဲဒီဇာတ်လမ်း ပြန်ပြောပြနိုင်မလား "


ထုံရွှယ်လူသည် စကားပြောရင်း မုန့်ညက်ကို ဘောလုံးတစ်လုံးထဲသို့ လှိမ့်လိုက်ပြီး အချင်း ၃၀ စင်တီမီတာ အမြှောင်းလေးဖြစ်အောင်ပြုလုပ်လိုက်သည်။ ထို့နောက် စက်ဝိုင်းပုံစံလုပ်ပြီး ကြော်ရန်အတွက် ဆီပူပုလင်းထဲသို့ နှစ်ချလိုက်သည်။


ဖန်ကျင်းယွမ်သည် ထုံရွှယ်လူ မုန့်‌ချောင်းကြော်နေသည်ကို ကြည့်ရင်း သတင်းစာတွင် သူမ ဖတ်ခဲ့သော ဇာတ်လမ်းကို ပြောပြသည်။


ထုံရွှယ်လူမှာ နားထောင်ရင်းနှင့် ကျောရိုးများတစ်လျှောက် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။


ရင်ထဲထိစေတဲ့ဇာတ်လမ်းတဲ့လား ။ သူမဖ-င်ကြီးကိုထိ ။


သူမ အနားက ဘယ်တော့မှ ထွက်ခွာမသွားဘူးတဲ့ ၊ သူမဖ-င်ကြီးကို ...။


သူမ၏အာရုံခံစားမှုက ဇာတ်လမ်း နောက်ကွယ်၌ နက်နဲသောအရာတစ်ခု ရှိသေးကြောင်း ပြောပြနေသည်။


ယန်ရုံအန်းက ထုံကျန်းကျန်းနှင့် တွဲနေသည်ကို သူမ သိရှိမထားလျှင် ယုံမိနိုင်လေသည်။


ထုံကျန်းကျန်းနှင့် ပက်သက်မှုတစ်စုံတစ်ရာရှိသရွေ့ ဤလူက သူ့မိန်းမအပေါ် သစ္စာရှိသည်ဆိုသည့်စကားအစား ၀က်တစ်ကောင် သစ်ပင်ပေါ်တက်ရန် သင်ယူနိုင်သည်ဟု‌ပြောသည်ကိုသာ သူမ ယုံကြည်လိုက်မည်။


ယန်ရုံအန်း၏ဇနီးသည်မှာ လွန်ခဲ့သော ၁လ၊၂လခန့်ကစ၍ နေမကောင်းဖြစ်ခဲ့သည်။ ထိုကာလသည် ယန်ရုံအန်းနှင့် ထုံကျန်းကျန်းတို့ တွေ့ဆုံပြီးချိန်ဖြစ်ပြီး ထို့နောက် ဇနီးသည်က ချောက်ကမ်းပါးမှ ပြုတ်ကျသည်။


ရဲဘော်တုမိန်သည် ချောက်ကမ်းပါးပေါ်မှ တွန်းချခြင်းကို ခံခဲ့ရသည်ဟု သူမ သံသယရှိသည်။ နေမကောင်း၊မကျန်းမာဖြစ်မှုမှာ တိုက်ဆိုင်မှုဟုတ်မဟုတ်ကိုတော့ သူမ သေချာမသိပေ။


ယန်ရုံအန်းသည် တုမိန်ကို ဆေးစစ်ရန် ဆေးရုံသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့၏ ဇာတ်လမ်းကို ထုတ်ဝေရန် သတ္တိရှိသောကြောင့် သေချာသည်မှာ သူက ဇနီးဖြစ်သူအား အဆိပ်ခတ်ခဲ့ခြင်း မဟုတ်နိုင်ချေ။


ထိုသို့ဖြစ်ပါက သူ မည်သည်ကို ပြုလုပ်ခဲ့သနည်း။


သူမ အတန်အတော်ကြာ တိတ်တိတ်ဆိတ်ဆိတ်နေသည်ကို မြင်ရသည့်အခါ ဖန်ကျင်းယွမ်က သူမမျက်နှာကို ဖုံးကွယ်ပြီး အားကျစိတ်ဖြင့် ပြောသည်။


 " နင်လည်း ရင်ထဲထိသွားတယ် မဟုတ်လား။ ရဲဘော်တုရဲ့ ကံကြမ္မာက ၀မ်းနည်းဖို့ကောင်းပေမယ့် အနည်းဆုံး နောင်တမရဘဲ ထွက်သွားခဲ့တယ်။ သူမ မသေခင်မှာ သူမကို အရမ်းချစ်တဲ့ ယောက်ျားတစ်ယောက်နဲ့ တွေ့နိုင်ခဲ့တယ် "


ထုံရွှယ်လူက သူမကို အေးစက်သောအကြည့် ပေးသည်။


 " ငါ့ဖ-င်ကိုသာထိ။ အသက်ရှင်နေရင်သာ ကံကောင်းတာလေ။ သေသွားရင် သူဘယ်လောက်သစ္စာရှိရှိ ဘယ်သူက ဂရုစိုက်မှာလဲ "


ဖန်ကျင်းယွမ်မျက်မှောင်ကြုတ်လိုက်သည်။ 


" ငါ သဘောမတူဘူး။ သေချာတာကတော့ ရဲဘော်တုက မသေချင်ဘူး။ ဒါပေမယ့် နင် သေဆုံးပြီးနောက်ပိုင်း နင့်ကိုသတိရနေမယ့်သူတစ်ယောက်ရှိတဲ့အခါ ဘယ်သူမှာမရှိတာထက်စာရင် ဘဝက ပိုအဓိပ္ပါယ်ရှိတယ်လို့ ခံစားရမှာမဟုတ်ဘူးလား "


" မဟုတ်ဘူး နင် ငါ့နေရာမှာရှိတုန်းက ရှန့်ဖန်း နင့်ကို မတွန်းခဲ့ဘူးလား... ပြီး‌တော့ နင် ခံစားရပြီး သွေးတွေထွက်ခဲ့‌ပေမဲ့ သူက ဆေးရုံမပို့ပေးခဲ့ဘူး။ နောက်မှ သူက နင့်အတွက် ငိုကြွေးပေးရင် ဘဝက ထိုက်တန်တယ်လို့ နင်ခံစားရမှာလား "


ထုံရွှယ်လူသည် ဂျုံချောင်းကြော်များကို သကြားထဲ လှိမ့်ကာ ပန်းကန်တစ်ခုပေါ်တွင် တင်လိုက်သည်။ ကြော်ထားသော ဂျုံချောင်းများသည် ရွှေရောင်ရှိပြီး အပြင်ဘက်တွင် သကြားမှုန့်များ ဖုံးအုပ်ထားသည်။ သူတို့ကြည့်ရသည်မှာ အာတာပူစီကဲ့သို့ပင်။


"……" ဖန်ကျင်းယွမ်သည် အဖြစ်အပျက်ကို ပုံဖော်ကာ တုန်လှုပ်သွားသည်။


 " ဝန်ကြီးယန်က အဲဒီလိုလူမျိုးလို့ ပြောဖို့ ကြိုးစားနေတာလား "


ထုံရွှယ်လူက မျက်ဖြူလှန်ပြလိုက်သည်။

 " ငါ ဘာမှ မပြောပါဘူး "


ထို့နောက် သူမသည် ဆန်မုန့်လုံးချိုများကို သုံးပန်းကန်ခွဲလိုက်သည်။ ထုံကျားမင်နှင့် အခြားသူများအတွက် တစ်ချပ်၊ ဝေ့မိသားစုအတွက် တစ်ချပ်၊ နောက်ဆုံးအနေဖြင့် ဖန်ကျင်းယွမ်နှင့် သူမအတွက် ဖြစ်သည်။


ဖန်ကျင်းယွမ်၏ စိတ်မှာ အစောပိုင်း၌ ပန်းရောင်ပူဖောင်းများနှင့် ပြည့်နေခဲ့ပြီး ယခုအခါ ထိုပူဖောင်းများကွဲသွားကာ သူမထံ၌ အားကျသည့်စိတ် မရှိတော့ပေ။


သူမက ဆန်မုန့်လုံးချိုကို ကောက်ယူပြီး ကိုက်လိုက်သည်။ ဆန်မုန့်လုံးချိုက နူးညံ့ပြီး ဝါး၍‌ ကောင်းကာ အလွန်အရသာရှိသည်။


ဖန်ကျင်းယွမ်သည် ရပ်တန့်ကာ သက်ပြင်းမချမီ အတော်လေး ခပ်များများ စားခဲ့လေသည်။ " ယောက်ျားတွေက ရှုပ်ထွေးလွန်းပြီး ချစ်သံယောဇဉ်ဆက်ဆံရေးတွေက ပိုလို့တောင်ဆိုးတယ်။ အစားအသောက်ကပဲ ပိုကောင်းတယ် "


ထုံရွှယ်လူက သူမကို တစ်ချက်ကြည့်လိုက်ပြီး ဘာကိုမှမပြော‌ချေ။


သူမသည် ထုံကျန်းကျန်းနှင့် ယန်ရုံအန်းအကြား ကိစ္စရပ်များကို တွေးတောနေမိလေသည်။


ထုံရွှယ်လူက ဤအကြောင်းအရာများအား ဝမ်မိသားစုကို  မပြောနိုင်ပေ။


အဘိုး၀မ်သည် ယခင်က ဗိုလ်မှူးတစ်ဦးဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့်နှစ်များက အငြိမ်းစားယူခဲ့ပြီး ရှုပ်ထွေးသည့်ကိစ္စများ၌ ပါ၀င်မပက်သက်တော့ပေ။ အကယ်၍ သူမက သူ့ကိုပြောပြလိုက်လျှင် အဘိုး၀မ်က သူ၏အဆက်အသွယ်များကို အသုံးပြုကာ ယန်ရုံအန်းအား စုံစမ်းလိမ့်မည်ပင်။


သူမ၌ သက်သေများမရှိသည့်အပြင် ယန်ရုံအန်းသည်လည်း သူမတို့အား မည်သည်ကိုမျှ မပြုလုပ်ခဲ့ချေ။ အကယ်၍ စကားလုံးများ ထွက်သွားခဲ့လျှင် သူမတို့အား  မကောင်းမှု ကျူးလွန်သူဟူ၍ သူက စွပ်စွဲလာမည့် အလားအလာပင်ရှိသည်။


အလားတူစွာပင် သူမ၏အဘိုးထံ  ဤကိစ္စအား ပြောစရာ‌အကြောင်းမရှိပေ။


ယခုအခါ သူက အနောက်မြောက်ဘက် ရောက်ရှိနေပြီး စစ်မှုထမ်းရခြင်းသည် အစိုးရဌာနများနှင့် လုံးလုံးကွဲပြားသည်။ သူ၏လက်လှမ်းမီမှုကို ချဲ့ထွင်ရန် ကြိုးစားခြင်းသည် အာရုံစူးစိုက်မှုများစွာကို ဆွဲဆောင်မည်ဖြစ်သည်။


ထုံရွှယ်လူက ဤအကြောင်းကို ရှည်ရှည်ဝေးဝေးတွေး‌တောလိုက်ပြီး ရှောင်ကျိုး၏ဖခင် စုယွဲ့ရှန်းထံ ပြောနိုင်မည်ဟု ခံစားမိလိုက်သည်။


စုယွဲ့ရှန်းနှင့် ယန်ရုံအန်းတို့သည် တူညီသော အစိုးရဌာနတွင် အလုပ်လုပ်ကြပြီး သူတို့နှစ်ယောက်က ယခင်ကတည်းက ပြိုင်ဖက်များဖြစ်ကြသည်။ စုယွဲ့ရှန်းမှာ ယန်ရုံအန်း၏ပစ်မှတ်များထဲမှ တစ်ဦးဖြစ်နေလောက်ပြီးဖြစ်သည်။


သူမ မနက်ဖြန် စုမိသားစုဆီသို့ သွားရောက်ရန် စီစဉ်သည်။


ဖန်ကျင်းယွမ်က သူမ စကားများပြောပြီးရင်း ပြောနေသော်လည်း ထုံရွှယ်လူက မတုံ့ပြန်သည်ကို စိတ်မဆိုးချေ ။ 


" အိုး ဟုတ်သား။ ငါထင်တယ် နောက်ဆုံးတော့ ငါ့အစ်ကိုက စီစဉ်ပေးတဲ့ချိန်း‌တွေ့မှုတွေကို သွားဖို့ ဆုံးဖြတ်လိုက်ပြီ။ အရင်တုန်းကတော့ သူ့ကို ချီးခေါင်းလို့ ထင်ခဲ့‌ပြီး ရှန့်ဖန်းအနိုင်ပိုင်းတာကို ခံနေရတယ်လို့ ခံစားနေခဲ့မိတာ "


ထုံရွှယ်လူသည် သူမကိုယ်သူမ ပြန်လည်သတိကပ်လာသည်။ " ညီမလေးကို ပြုစုစောင့်ရှောက်ဖို့က အစ်ကိုကြီးရဲ့အလုပ်ပဲ "


ဝတ္ထုထဲမှ ဖန်၀မ်ယွမ်မှာ ရွံမုန်းစရာကောင်းသည့် ဇာတ်ကောင်တစ်ခုဖြစ်သည်။ သူက ထုံကျန်းကျန်းနှင့် လက်ထပ်ခဲ့ပြီး မူလပိုင်ရှင်ကို နှိပ်စက်ညှဉ်းပန်းခြင်းတွင် ကိုယ်တိုင် ပါဝင်ခြင်းမရှိသော်လည်း ထုံကျန်းကျန်း၏ အပြုအမူကို စွက်ဖက်ရန်လည်း မကြိုးစားခဲ့ပေ။ သူမ ဘေးနားမှနေ၍ ကြည့်ရှုနေခြင်းသည် မူလပိုင်ရှင်၏ ကံဆိုးမှုကို အကြောင်းခံစေသည်။


မူရင်းဇာတ်ကွက်အပြင် ဖန်၀မ်ယွမ်၏ မာနထောင်လွှားမှုကြောင့် ထုံရွှယ်လူသည် အစပိုင်းတွင် သူ့အပေါ်၌ ဆိုးရွားသောအမြင်ရှိခဲ့သည်။ သို့သော် သူနှင့် အကြိမ်အနည်းငယ် စကားပြောဆိုဆက်ဆံပြီးနောက်တွင် သူနှင့်ပတ်သက်သော သူမ၏အထင်အမြင်များ ပြောင်းလဲသွားခဲ့သည်။


ဖန်ကျင်းယွမ်က နောက်ထပ် ဆန်မုန့်လုံးချိုမုန့်ကို ကောက်ကိုင်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး‌နောက် ပြုံးလိုက်သည်။ " အဲဒီလိုဆိုရင် အံ့ဩစရာကောင်းစွာ  ကောင်းမွန်တယ်ဆိုရမှာပဲ။ ငါ့ကို အရသာရှိတဲ့ဟင်းတွေ ချက်ကျွေးနိုင်မယ့် ခယ်မတစ်ယောက် ရှာတွေ့နိုင်ဖို့ မျှော်လင့်ပါတယ် "


ထုံရွှယ်လူက သူမ မျက်လုံးများကို အပေါ်သို့ လှန်ကြည့်လိုက်သည်။


ထိုညတွင် ဖန်ကျင်းယွမ်သည် ဆက်နေရန် ဆက်တိုက်တောင်းဆိုခဲ့ပြီး ထုံရွှယ်လူနှင့်အတူ ကုတင်ကို မျှဝေလိုသည်။ သို့သော် ထုံရွှယ်လူကမူ သူမအား ထုံမျန်မျန်နှင့် အတူအိပ်စေလိုက်သည်။


ထုံမျန်မျန်သည် အမြဲလိုလို  ကောင်းကောင်းမွန်မွန် အိပ်တတ်သူဖြစ်သော်လည်း ထိုညတွင် ထူးဆန်းသော အိပ်မက် မက်ခဲ့ပြီး ဖန်ကျင်းယွမ်၏ မျက်လုံးကို လက်သီးဖြင့် ထိုးမိလေသည်။


ထုံခြံဝင်းထဲ၌ ကျယ်လောင်နာကျင်စွာ  အော်ဟစ်သည့် အသံကို ကြားလိုက်ရပြီး ဖန်ကျင်းယွမ်က ထုံအိမ်တွင် ဘယ်သောအခါမှ  မနေတော့ဟု ကျိန်ဆိုလိုက်သည်။


သို့သော် ထုံရွှယ်လူက သူမအား ဖက်ထုပ်အိုးကပ်ကြော်ပြုလုပ်ပေးပြီးနောက် စိတ်ပြောင်းသွားလေ၏။


🍵


ထုံရွှယ်လူသည် စားသောက်ဆိုင်သို့သွားကာ တစ်နေ့တာ ပါဝင်ပစ္စည်းများအတွက် စျေးဝယ်ထွက်ပြီးနောက် နေ့တစ်ဝက်အနားယူကာ သူမနှင့်အတူ မောင်နှမသုံးယောက်ကို စုမိသားစုထံသို့ ခေါ်ဆောင်သွားလိုက်သည်။


စုမိသားစုက သူမတို့ကို တွေ့သောအခါ အလွန်၀မ်းသာကြလေသည်။ အထူးသဖြင့် ရှောင်ကျိုးသည် ပါးစပ်  နားရွက်သို့ တက်ချိတ်လုမတတ် ပြုံးရယ်နေ၏။


" မမမျန်မျန်၊ သား မမကို အရမ်းလွမ်း‌နေတာ။ မမဆီကို အလည်လာချင်ပေမယ့် မမတို့ဆီ အမြဲတမ်းသွားနေလို့မရဘူးလို့ အဘွားက ပြောတယ်။ သားတို့က  ဒုက္ခပေးရာရောက်လိမ့်မယ်တဲ့ "


ထုံမျန်မျန်က လူကြီးတစ်ယောက်ကဲ့သို့ သူ၏ခေါင်းကို ပွတ်သပ်ပြီး ပြောသည်။ " အဘွားပြောတာ နားထောင်သင့်တယ်။ ဒီမှာ သကြားလုံးတွေ ယူလာခဲ့တယ် "


ရှောင်ကျိုးသည် ပို၍ တောက်ပစွာ ပြုံးလိုက်သည်။


 " မမ မျန်မျန်အတွက်လည်း သကြားလုံးတွေ သိမ်းထားတယ်။ သားနောက်လိုက်ခဲ့ "


ကလေးနှစ်ယောက်က လက်ချိတ်ကာ ရှောင်ကျိုး၏အခန်းဆီသို့ သွားကြသည်။ ကလေးနှစ်ယောက်သည် အပြုအမူကောင်းလွန်းသဖြင့် လူတိုင်း၏နှုတ်ခမ်းများ အထက်သို့ ကွေးသွားကြသည်။


ထုံရွှယ်လူက ဧည့်ခန်းကို ဝေ့ဝိုက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြစ်စွာ မေးလိုက်သည်။ " ရဲဘော်စုနဲ့ ရဲဘော်ကုတို့ရော ဘယ်မှာလဲ "


ရှောင်ကျိုးက ထုံရွှယ်လူအား မမကြီးဟု ခေါ်ဆိုသည်။ မျိုးဆက်ရှုထောင့်မှကြည့်လျှင် သူ့မိဘများသည် ထုံရွှယ်လူ၏ ဦးလေးနှင့် အဒေါ်ဖြစ်လာပေမည်။


သို့သော်  သူမတို့ သုံးယောက်သည် အသက်အရွယ် အလွန်နီးစပ်သောကြောင့် ထုံရွှယ်လူအတွက် ထိုသို့ရည်ညွှန်း‌ခေါ်ဆိုရန် ခက်ခဲလေသည်။


စုမာမားက သကြားလုံးများနှင့် သစ်သီးများကို ယူလာပြီး " ရှောင်ကျိုးရဲ့အဖေက ကျေးလက်ကို ခရီးထွက်သွားတာ ခဏလောက်တော့ကြာလိမ့်မယ်။ ရှောင်ကျိုးရဲ့အမေက သူမ မိသားစုဆီ အလည်သွားတယ် "


" အိုး သမီး နားလည်ပြီ "


ထုံရွှယ်လူက သက်ပြင်းချလိုက်သည်။ဤအချိန်က အချိန်ကောင်းမဟုတ်ချေ။


သို့သော် ယခုအချိန်တွင် စိတ်အားထက်သန်နေခြင်းမှာလည်း ကောင်းကျိုးဖြစ် စေမည်မဟုတ်ပေ။ သူမ စုယွဲ့ရှန်းပြန်လာသည်ကိုသာ စောင့်ဆိုင်းနိုင်လေသည်။