အပိုင်း၂၃၃
Viewers 39k

🍵Chapter 233



သူ့အခန်းထဲ၌ ရှောင်ကျိုးသည် သူဝှက်ထားခဲ့သော သကြားလုံးများနှင့် ကွတ်ကီးများအားလုံးကို ယူဆောင်လာပြီး လက်ထဲတွင် အစိမ်းရောင်တစ်ခုခုကို ကိုင်ထားသည်။


ထုံမျန်မျန်က သူ့လက်ထဲရှိ ပစ္စည်းကို စိုက်ကြည့်ပြီး စပ်စုစွာ မေးသည်။


" အဲဒါ ဘာလဲ " 


ရှောင်ကျိုးက " ဒါက သတ္တုဖား။ အဘိုးက သားကိုပေးခဲ့တာ။ ဒီမှာ မမ ယူဆော့လို့ရတယ် "


ထုံမျန်မျန်က သူမသည် ယခင်က ထိုကဲ့သို့သော အရာမျိုးနှင့် မကစားဖူးကြောင်းနှင့် ၎င်းကို မည်သို့ ကစားရမည်ကို မသိကြောင်း ပြောသည်။ ရှောင်ကျိုးက သူမကိုပြသရန် ကြမ်းပြင်ပေါ်သို့ ဆင်းလိုက်သည်။


သူက သတ္တုဖားကို သံပတ်ပေးလိုက်ပြီး ထိုအရာက သူ့ဘာသာသူ ခုန်တက်သွားသည်။ ထုံမျန်မျန်မှာ အံ့သြလွန်းသဖြင့် ပါးစပ်ပွင့်သွားမှန်းကိုတောင် သတိမပြုမိချေ။


တကယ့်ကို အံ့သြစရာကောင်းသည့် အစိမ်းရောင်အရုပ်ပင်။


ရှောင်ကျိုးသည် ထုံမျန်မျန်နှင့်အတူ ဖားခုန်သည်ကိုကြည့်ရန် ပြေးလာသည်။ " ကြိုက်လား မမမျန်မျန် "


ထုံမျန်မျန်က ခေါင်းညိတ်လိုက်သည်။ " အင်း ကြိုက်တယ် "


ရှောင်ကျိုးက "ဒါဆို မမ ယူလိုက်လို့ရတယ် "


ထုံမျန်မျန်သည် သူ့မမကြီးမှ သူတပါးပိုင်ဆိုင်သောအရာကို မယူရန် သူမအား ပြောခဲ့သည်ကို သတိရမိသွားသည်။ သူမ၏  လက်ဖောင်းဖောင်းကလေးများကို ခါယမ်းကာ " မဟုတ်ဘူး၊ ငါယူလို့မရဘူး။ မမကြီး ငါ့ကို ဆူလိမ့်မယ် "


ရှောင်ကျိုးက ခေါင်းကို စောင်းပြီး စဉ်းစားလိုက်သည်။ " ဒါဆို သားဆီက ချေးလို့ရတယ်။ မကြိုက်တော့တဲ့အခါ သားကို ပြန်ပေးလို့ရတယ် "


ထုံမျန်မျန်သည်လည်း သူမ ခေါင်း လေးကို စောင်းကာ တွေးလိုက်သည်။ သူမ၏ လုံး၀န်းကာ ရွှန်းစိုသော မျက်လုံးများကို မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။


 " အိုကေ၊ ငါ ဆော့ပြီးရင် ပြန်ပေးမယ်" 


နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ အံ့သြစရာကောင်းသည့် တစ်စုံတစ်ခု ပြီးမြောက်သွားသကဲ့သို့ စကားပြောရင်း တခစ်ခစ်ရယ်မောကြလေသည်။


ထုံရွှယ်လူသည် နေ့လယ်စာမစားမီတွင် သူမ၏ မောင်နှမများနှင့်အတူ ပြန်လာလိုက်သည်။


ထို့နောက် စုမိသားစုထံ အကြိမ်အနည်းငယ် သွားရောက်လည်ပတ်ခဲ့သော်လည်း စုယွဲ့ရှန်းနှင့် လုံးလုံး မကြုံဆုံပေ။


စုယွဲ့ရှန်းသည် ထိုနှစ် နှစ်စမှစတင်၍ အလုပ်များနေခဲ့ပြီး  တစ်နေကုန်နီးပါး အလုပ်လုပ်နေခဲ့သည်။


ထုံရွှယ်လူသည် သူ့အလုပ်ခွင်မှာ  အနှောင့်အယှက်မပေးလို‌ချေ။ အစိုးရအေဂျင်စီတွင် လူများစွာရှိရုံသာမက ရန်ရုံအန်းသည်လည်း ထိုနေရာတွင် အလုပ်လုပ်လေသည်။ သူမ သူ့အား တပ်လှန့်မိခြင်း မဖြစ်လိုပေ။


ယန်ရုံအန်းအား စောင့်ကြည့်ရန်နှင့် တစ်ခုခုဖြစ်ခဲ့လျှင် သူမကို အကြောင်းကြားပေးရန် ဖန်၀မ်ယွမ်ကို အကူအညီတောင်းရန်ကလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ 


ထူးဆန်းသည်က သူမ ယန်ရုံအန်းအကြောင်း မည်သည်ကိုမျှ မကြားသိရခြင်းပင်။ ထို့အတူ ထုံကျန်းကျန်းဘက်မှလည်း မည်သည်မျှ မရှိချေ။


🍵


ယခုအချိန်သည် မေလဖြစ်ပြီး ထုံရွှယ်လူနှင့် ၀မ်ရူကွေ့၏ စေ့စပ်ပွဲ အခမ်းအနားမှာ ယခုသီတင်းပတ်တွင် ဖြစ်သည်။


အဘိုး၀မ်သည် သူကိုယ်တိုင် စေ့စပ်ခဲ့သည့်နေ့ထက် ပို၍စိတ်လှုပ်ရှားနေသည်။ ဧပြီလကတည်းက သူက ဦးလေးဇုန်းကို ခေါ်ကာ အဝတ်အစားနှင့် ဖိနပ်အသစ်များ ၀ယ်ယူနေခဲ့သည်။ ခြုံငုံပြောရလျှင်  သူက အလုံးစုံ ၀တ်စုံအသစ် ၀တ်ဆင်လိုနေ၏။


အဘိုး၀မ်သည် အလွန်ရိုးရှင်းသော လူတစ်ယောက်ဖြစ်ပြီး အဝတ်အစားတော်တော်များများမှာ ဖာထေးထားသည်များ ရှိကြသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူက  မြေးဖြစ်သူ၏ စေ့စပ်ပွဲအတွက် ငွေပုံအောသုံးလေသည်။


ဦးလေးဇုန်းသည်လည်း အဝတ်အစားအသစ်တစ်စုံ ဝယ်ခဲ့‌လေသည်။အမှန်တကယ်၌  သူသည် အဘိုးဝမ်ထက် ပို၍ခန့်ညားပုံ‌ပေါ်ရာ အဘိုး၀မ်ကို မနာလိုဖြစ်စေခဲ့သည်။


ဗိုလ်မှူးရှောင်ူနှင့် အခြား‌ရှောင်းမိသားစုဝင်များသည် စနေနေ့တွင် ရောက်ရှိလာကြသည်။ လူအရေအတွက်မှာ များလွန်း သောကြောင့် ဟိုတယ်၌ တည်းခိုကြရသည်။


မကြာခင်နေ့ရက်မှာ သူ့မြေးမလေး စေ့စပ်တော့မည်ဆိုသည့် အတွေးက သူ့အား မပျော်မရွှင်ဖြစ်စေသည်။ စိတ်ပျက်သည့်မျက်နှာထားရှိနေသဖြင့် မည်သူမျှ သူ့အနားသို့ ကပ်ရန် မဝံ့ကြပေ။


ဗိုလ်မှူးရှောင်းတွင် ညီအစ်ကို သုံးယောက်ရှိပြီး သူက အလတ်တစ်ယောက်ဖြစ်သည်။  သူ၏ ညီအစ်ကိုတစ်ယောက်မှ မလာ‌ကြ‌သော်လည်း သူတို့၏သားသမီးများ သို့မဟုတ် မြေးများကို စေလွှတ်လိုက်ကြသည်။


ရှောင်းယန်ဟွားသည် သူ့မိသားစု၏ ကိုယ်စားလှယ်အဖြစ် ထုံရွှယ်လူအား ဦးဆုံးအနေဖြင့် လက်ဆောင်ပေးသည်။ " ဦးလေးတို့ လာရတာ အဆင်မပြေတာရော သမီးက ဘာကြိုက်လဲဆိုတာကို မသိတာရော ဒါကြောင့် သမီး ကြိုက်တာကို သွားဝယ်လို့ရအောင် ပိုက်ဆံပေးမယ်လို့ ဦးလေးတို့ ဆုံးဖြတ်ခဲ့ကြတယ် "


ထုံရွှယ်လူသည် အထဲ၌ ပိုက်ဆံများစွာ ပါ၀င်နေပုံရသည့် ထူထဲလေးလံသော အနီရောင် စာအိတ်ကို မြင်သည့်အခါ ပြောလိုက်သည်။


 " ကျေးဇူးတင်ပါတယ် လေးလေး "


လက်ဆောင်ကို သူမ လက်ခံလိုက်သည်ကို မြင်သည့်အခါ ရှောင်းယန်ဟွားက ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။


 " အဲဒါက မှန်တယ်။ ဦးလေးတို့က မိသားစု‌လေ။ ဦးလေးတို့ရဲ့လက်ဆောင်တွေကို မင်းလက်ခံလို့ရပါတယ် "


ရှောင်းဝေ့ကောင်းသည် သူ့ဝမ်းကွဲကို ကြည့်ပြီး အံ့အားသင့်သွားသည် ။ 


" မင်းရဲ့ဟင်းချက်လက်ရာက အံ့သြစရာကောင်းပြီး စားသောက်ဆိုင်တစ်ခုရဲ့ မန်နေဂျာအဖြစ် မင်းအရည်အချင်းနဲ့ ကိုယ်တိုင်ရခဲ့တာလို့ ဒုတိယအဘိုးက ပြောခဲ့တယ်။ အဲဒါက အရမ်းအံ့သြစရာကောင်းတယ် "


သူက သူ့ဝမ်းကွဲ၏ အောင်မြင်မှုများအကြောင်းကို သိရှိခဲ့ပြီးဖြစ်သည်။ ယခု သူမနှင့်တွေ့ဆုံပြီးနောက်တွင် သူမသည် အရည်အချင်းရှိရုံသာမက အလွန်ချောမောလှပသူတစ်ဦးဖြစ်ကြောင်းသိလိုက်ရပြီး သူက အလွန်ဂုဏ်ယူနေမိသည်။


သူတို့မျိုးဆက်၌ မိန်းကလေးများ မရှိကြချေ။ ယောက်ျားလေးများသာရှိကြပြီး လူကြီးများသည် ထိုကိစ္စအတွက် အမြဲနောင်တရနေခဲ့သည်။


ဆိုင်းမဆင့်ဗုံမဆင့် ဒုတိယအဘိုးသည် အဖိုးတန်မြေးမလေးနှစ်ယောက်ကို ရုတ်တရက် ရရှိခဲ့ပြီး ရှောင်းဝေ့ကောင်း၏အဘိုးနှင့် သူ၏တတိယအဘိုးတို့သည် ယင်းကို အလွန်မနာလိုဖြစ်ခဲ့ကြသည်။


သူ၏ တခြားညီအကိုများ အားလုံးသည်လည်း လာကြလိုသော်လည်း သူက လက်မောင်းအလဲထိုးပြိုင်ပွဲတွင် အနိုင်ရသောကြောင့် လာ‌နိုင်ခဲ့သူ ဖြစ်လေသည်။



ရှောင်းယန်ဟွား သူ၏သားကို စနောက်ရန် လာသောအခါ ထုံရွှယ်လူမှာ တုံ့ပြန်ခြင်းမရှိသေးပေ။


 " မင်းရဲ့ဝမ်းကွဲက မင်းထက် သာတာ မင်း ကိုယ့်ကိုကိုယ် မရှက်ဘူးလား။ ငါသာ မင်းဆိုရင် လာရမှာကို ရှက်နေမိမှာ "


ရှောင်းဝေ့ကောင်း။ "……"


ထို့နောက် တတိယအဘိုး၏ မိသားစုများလည်း ရောက်ရှိလာသည်။ သူတို့ ရှေ့မှာ ဆွေးနွေးခဲ့ကြသလိုပင် သူတို့သည်လည်း ထုံရွှယ်လူအား ပိုက်ဆံများပေးကြလေသည်။


ထုံရွှယ်လူသည် ထိုည၌ စာအိတ်အနီများထဲသို့ ကြည့်သောအခါ စုစုပေါင်း ယွမ် ၈၀၀ ရှိကြောင်း ရေတွက်ရခဲ့သည်။


' အိုး အို  ပိုက်ဆံအများကြီးပဲ '


နောက်တစ်နေ့ နံနက် စောစော၌  အားလုံးက ကူညီရန် လာကြသည်။


ထုံရွှယ်လူသည် ထင်ပေါ်ကြွားဝါလွန်းမည်ဆိုးသောကြောင့် ဟိုတယ်တွင် ပွဲကျင်းပခြင်းကို ရှောင်ကြဉ်ခဲ့သည်။


ဤခေတ်ကာလတွင် နေအိမ်မှာ ပွဲများကျင်းပခြင်းသည် ထုံးစံပင်ဖြစ်သည်။ စားသောက်ဆိုင်များမှာ ကျင်းပခြင်းကိုမူ သူမ မကြားမိ‌ချေ။ သူမ ဥပမာ ပြုလုပ်မည့်သူတစ်ယောက် မဖြစ်လိုပေ။


အဘယ့်ကြောင့် ထုံအိမ်နေရာ၌ဟုဆိုရသော် ထုံအိမ်၏နေရာသည် ကျယ်ဝန်းသောကြောင့် ဖြစ်သည်။ ဤနေရာသည် ၀မ်မိသားစု၏ ပိုင်ဆိုင်မှုဖြစ်သည်မှာ ပြောစရာမလိုပေ။


သတို့သမီး၏နေရာ၌ ဧည့်ခံပွဲကျင်းပခြင်းကြောင့် အခြားသူများ စိတ်အနှောင့်အယှက်ဖြစ်နိုင်သော်လည်း ယင်းက ဝမ်ရူကွေ့အား လုံးလုံး အနှောက်အယှက်မဖြစ်စေပေ။


စားသောက်ဆိုင်သည် ဆက်လက်ဖွင့်ထားရသောကြောင့် ဂိုဏ်းက စားဖိုမှုးမုန့်ကို ချက်ပြုတ်ရန် ပို့ဆောင်ပြီး ရေဒီယိုတစ်လုံးအား လက်ဆောင်ပေးရန် ယူသွားစေခဲ့သည်။ 


ရေဒီယိုကို စားသောက်ဆိုင်ရှိ သူတို့ထဲက တချို့ဆီမှ ပိုက်ဆံနှင့် လက်မှတ်များဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။


ထိုအချိန်က ရေဒီယိုတစ်လုံးမှာ ယွမ် ၄၀မှ  ၅၀ ခန့်အထိ တန်ဖိုးကုန်ကြသည်။ သို့သော် ယခုက စေ့စပ်ပွဲသက်သက်သာလျှင်ဖြစ်သဖြင့် ဤလက်ဆောင်မှာ ‌အတော်လေးတန်ဖိုးကြီးလေသည်။


ထုံရွှယ်လူက ပြုံးလိုက်ပြီး လက်ဆောင်ကို လက်ခံသည်။ ထို့နောက် သူမသည် စားဖိုမှူးမုန့် နှင့် သူ့အဖွဲ့အား မီးဖိုချောင်ကို လိုက်လံပြသသည်။


၀မ်ရူကွေ့သည် အပြင်ဘက်၌ ဧည့်ခံပြီး ပြုံးရယ်ရလွန်းသဖြင့် သူ့ပါးစပ်မှာ တောင့်တင်းနေသကဲ့သို့ ခံစားနေရသည်။


ဧည့်သည်အသစ်များ ထပ်မံ မရောက်လာတော့သည်ကို မြင်လိုက်ရသဖြင့် ၀မ်ရူကွေ့သည် ထုံရွှယ်လူ၏ကြွေခွက်ကို ရေအနည်းငယ်ဖြည့်ကာ မီးဖိုချောင်ဆီသို့ မသယ်လာမီ သကြားညိုအချို့ ထည့်လိုက်သည်။


ထုံရွှယ်လူ၏ ပထမအဒေါ်က သူလာသည်ကို မြင်သည့်အခါ စနောက်လေသည်။" အိုး၊ ရွှယ်လူရဲ့ စေ့စပ်ထားသူက အရမ်းချိုမြိန်တယ်။ ရွှယ်လူက အရမ်းကံကောင်းတဲ့ မိန်းကလေးပဲ "


တတိယအဒေါ်က ပြုံးပြီး ခေါင်းညိတ်သည်။


 " အတိအကျပဲ၊ ငါ ရွှယ်လူရဲ့ဝမ်းကွဲနဲ့   လက်ထပ်ခဲ့တာ နှစ်အတော်ကြာပြီ၊ သူက ငါ့ကို ရေတစ်ခွက်လေး တစ်ခါမှ ခပ်မတိုက်ခဲ့ဖူးဘူး "


၀မ်ရူကွေ့၏ နားရွက်ထိပ်များသည် တဖြည်းဖြည်း နီရဲလာသော်လည်း  သူ့မျက်လုံးများတွင် နူးညံ့သိမ်မွေ့ခြင်းများဖြင့် ထုံရွှယ်လူအား ကြည့်နေလေသည်။


ထုံရွှယ်လူသည် သူ့ထံမှ ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။ ရေက မပူလွန်းမ‌အေးလွန်းဖြစ်ကာ ပြီးပြည့်စုံသောအပူချိန်ဖြစ်သည်။


သူမ၏ နှုတ်ခမ်းများ အထက်သို့ ကွေးညွတ်သွားလေသည်။


သူမတို့နှစ်ယောက်ကြားရှိ ချိုမြိန်မှုက ခွေးစားများ အတင်းကျွေးခံရသည်ဟု  တခြားသူများအား ခံစားရစေသည်။


စေ့စပ်ပွဲသို့ အချို့သော ရင်းနှီးသည့် မိသားစုများအပြင် မထင်မှတ်သည့် ဧည့်သည်တစ်ဦးလည်း ရှိပေသည်။


ထိုသူမှာ အတော်ကြာ အဝေးရောက်နေခဲ့သော ရှောင်ချန်ဖျင်ပင်ဖြစ်သည်။


ရှောင်ချန်ဖျင်သည် ရှင်းကျန်းရှိ ၎င်း၏တပ်မှ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး မြို့တော်စီးတီးတွင် အမှုထမ်းမည်ဖြစ်သည်။


သူသည် ထုံရွှယ်လူကို အတိတ်၌ စိတ်ထဲတွင် ရှိ‌ခဲ့သော်လည်း  အဓိကအားဖြင့် သူတို့သည် ငယ်သူငယ်ချင်းများဖြစ်ကြကာ အမှတ်တရများ‌ကြောင့်ဖြစ်‌လေသည်။။ သူ  တပ်ထဲ၌ အလုပ်ရှုပ်လာချိန်တွင် သူမအား မြန်မြန်ဆန်ဆန် မေ့ပျောက်သွားခဲ့သည်။


ထုံရွှယ်လူက တစ်ယောက်ယောက်နှင့် တွဲနေကြောင်း သူ၏ဝမ်းကွဲဆီမှ သိလိုက်ရသည့်အခါ သူ ပြုလုပ်သည်က သက်ပြင်းချရုံမိသာဖြစ်ပြီး သူက ထိုအရာကို မြန်မြန်ဆန်ဆန်လက်ခံနိုင်ခဲ့သည်။


သူသည်လည်း အခြားတစ်ယောက်ကို ရှာတွေ့နိုင်မည်ဖြစ်၏။


တစ်ယောက်နှင့်တစ်ယောက် မချိန်းတွေ့ကြပေမယ့်လည်း သူတို့က သူငယ်ချင်းဖြစ်နေဆဲပင်ဖြစ်သည်။ ထုံရွှယ်လူ၏ အံ့သြဖွယ် ဟင်းချက်လက်ရာနှင့် ၎င်းတို့သည်  သူငယ်ချင်းများသာဖြစ်ကြောင်း တစ်ဖက်သက် ပြောခဲ့သည်။


ရှောင်ချန်ဖျင်ကို ဝက်သားနှစ်‌ပေါင်၊မုယောနှစ်ဗူးနှင့် မြင်သောအခါ ထုံရွှယ်လူက အံ့အားသင့်သွားသည်။ 


" ရှင်ဒီကိုလာတာ ရှင့်အမေသိလား "


ရှောင်ချန်ဖျင်က ခေါင်းကုတ်လိုက်သည်။


 " အင်း၊ သိတယ်။ သူမရဲ့ အတိတ်က အပြုအမူတွေအတွက် တောင်းပန်ပါရစေ။ အခု မင်းက စေ့စပ်သွားပြီမို့လို့ သူမ မင်းကို မကောင်းတဲ့စကားတွေ ပြောတော့မှာ မဟုတ်ဘူး "


‌ထုံရွှယ်လူက ပို၍ပို၍ အောင်မြင်လာသည်ကို မြင်သောအခါ ရှောင်မာမားမှာ  နောင်တရလေသည်။ သိူ့သော် သူမ သားကို ထုံရွှယ်လူနှင့် မတွေ့ရအောင် တားမြစ်ခဲ့သည့်အတွက် သူမ အလွန်နောင်တ မရပေ။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မသင့်တော်ဟု သူမ  အမြဲခံစားခဲ့ရသည်။


ထုံရွှယ်လူကို အထင်အမြင်သေးကာ ရန်လိုမုန်းတီးခဲ့သည့်အတွက်သာ သူမ နောင်တရမိ၏။ ခြုံငုံပြောရလျှင်  ထုံရွှယ်လူသည် မိဘမဲ့တစ်ယောက်ဖြစ်သောကြောင့် ထိုအရာအားလုံးကို သူမပြုလုပ်ခဲ့ခြင်းဖြစ်သည်။


သူမ လုပ်ခဲ့သည်များကို ပို၍တွေးလေလေ ပို၍ ရှက်လေလေပင်။ထို့ကြောင့် သူမ ထုံရွှယ်လူ၏ ရှေ့မှာ ပြန်ပေါ်လာရန် အလွန်ကသိကအောက်‌ဖြစ်မိလေသည်။