အပိုင်း၄၂
Viewers 7k

🤚Chapter 42



ကျိအန်းနဉ်ကြောင့် ချန်း‌ဟောင်က မုန့်ရှင်းယွီနှင့် ပိုင်လုတို့ကို သိခဲ့ရသည်။ သူ၏ ဂျူနီယာနှစ်တွင် စင်ဂယ်ခွေးဖြစ်ခဲ့ရသူ ချန်းဟောင်က ချစ်စရာကောင်းသော ဂျူနီယာနှစ်ယောက်ကို လွယ်လွယ်ကူကူ လွှတ်ပေးလိုက်မည်မဟုတ်ဘဲ အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။


သူတို့က ကန်တင်းတင် လမ်းလျှောက်နေစဉ် ဖုန်းနံပါတ်နှင့် Wechatအကောင့်များကို တ‌စ်ယောက်နှင့်တစ်ယောက် ဖလှယ်လိုက်သည်။


မုန့်ရှင်းယွီနှင့် ပိုင်လုနှစ်ယောက်က ပြုံးနေကြပြီး သူတို့၏ မျက်နှာများက ခပ်ရဲရဲဖြစ်နေသည်။


အချစ်နှင့်အခြားအရာများက လူတိုင်းလိုချင်နေကြသည့် အရာတစ်ခုလည်းဖြစ်သည်။


နေ့ခင်းဘက် အားလပ်ချိန်တွင်  ပိုင်လုက ကျိအန်းနဉ်ကို စိတ်လှုပ်ရှားစွာနှင့် ပြောလေသည်။ 


"ချန်းဟောင်က ငါတို့အဆောင်ကလူ‌တွေကို သူတို့အဆောင်သား‌တွေနဲ့ အတူ‌ဆုံချင်လားလို့ မေးတယ်..."


ကျိအန်းနဥ်သည်လည်း အတူတူထမင်းစားပြီးနောက် ဤသို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


မုန့်ရှင်းယွီနှင့် ပိုင်လုတို့၏ အခြားအခန်းဖော်နှစ်ယောက်က အခြားအတန်းမှ ဖြစ်ကြသည်။ သူတို့နှစ်ဦးက ညနေပိုင်းတွင် အခြားမိန်းကလေးနှစ်ဦးအား မည်သို့ပြောပြရမည်ကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။


ကျိအန်းနဉ်က မနှောင့်ယှက်ဘဲ ကြည့်နေသော်လည်း သူတို့၏ပျော်ရွှင်မှုကို သူမ ခံစားနိုင်သည်။ သူမ ပါးပြင်ကို ပွတ်သပ်၍ပြုံးကာ သူတို့ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်ကို ကြည့်နေသည်။ 


လေ့လာမှု...အချစ်...သူငယ်ချင်းတွေ...


မတူညီသော ဘဝနှစ်ခုတွင် ကျိအန်းနဉ်က ယခုချိန်အထိ သာမန် တက္ကသိုလ်ကျောင်းသားဘဝတွင် စစ်မှန်စွာ ပျော်ခဲ့ရခြင်းမရှိပေ။


နေ့လယ်ပိုင်းတွင် ထမင်းအတူတူစားပေးထားသောကြောင့် ဝမ်ယွီက ညနေခင်းတွင် ကျိအန်းနဉ်၏နောက်မှ လိုက်မလာတော့ရန် သဘောတူထားသည်။


သူက ကားတစ်စီးပြီးတစ်စီးဖြတ်သွားတိုင်း အတော်လေးအာရုံစိုက်ခံနေရသည်။ ဝမ်ယွီ၏ "မထင်ပေါ်သော" အနက်ရောင်ဟမ်မာကား၏ ပေါ်ထွက်လာမှုကြောင့် မဟုတ်သော်လည်းထိုကားက ကျောင်းဝင်းထဲတွင် အတော်ကျော်ကြားနေပြီးသားဖြစ်သည်။


မုန့်ရှင်းယီနှင့် ပိုင်လုသည်လည်း ဝမ်ယွီ၏ကားအကြောင်းကို သိထားလေသည်။ ညစာစားပြီးသည့်နောက် သူတို့ ကျောင်းအပြင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့ကြပြီး ကျောင်းနားဝန်းကျင်တွင် ကျောင်းသားများ တာဝန်ယူရသည့် ဆိုင်ခန်းငယ်များလည်းရှိသည်။  လူတိုင်းက နေ့လယ်စာနှင့် ညနေစာစားပြီး‌ အ‌စာချေဖျက်ရန်အတွက် အေးအေးလူလူ လမ်းလျှောက်ရသည်ကိုနှစ်သက်ကြသည်။


သူတို့ဆိုင်ခန်းငယ်မှ ကျောင်းဂိတ်ဝဆီသို့ ပြန်လာစဉ်တွင် ပိုင်လုကမုန့်ရှင်းယွီအား သူမတံတောင်ဖြင့်တွတ်ကာ ပြောသည်။


"အဲ့ဒါက ဝမ်ယွီရဲ့ကားမဟုတ်ဘူးလား.."


အနက်ရောင် ဟမ်မာကားက ကျောင်းဂိတ်တွင်ရပ်လိုက်ချိန် အနားရှိကားများကို ဖုံးလွှမ်းသွားပြီး တစ်စီးတည်း ထင်ရှားနေသည်။


သို့သော် ပိုင်လု၏အံ့အားသင့်ခြင်းက ကားကြောင့်မဟုတ်ဘဲကားဘေးနားမှ လူကြောင့်သာဖြစ်သည်။


စွန်းယာရှန့်က သပ်သပ်ရပ်ရပ်ဝတ်စားလာပြီး ခရီးသည်ခုံဘေးတွင် မတ်တပ်ရပ်ကာ မှန်မှတဆင့် ဝမ်ယွီ့အားစကားပြောလေသည်။


"ဒီနေ့လား..."


ဝမ်ယွီက သူမ၏ အာရုံစိုက်ခံရအောင် ဖန်တီးထားသော သွင်ပြင်ကိုကြည့်ကာ မထူးခြားနားသလို ငြင်းဆန်လိုက်သည်။


 " ငါ ဒီနေ့အလုပ်များနေတယ် ..နောက်တစ်ရက်မှသွားတာပေါ့..."


ယမန်နေ့က  သူမအား တောင်ဘက်တံတားဆီသို့သွားရန် ဖိတ်ခေါ်ခဲ့သော်လည်း သူမ မသွားခဲ့မိပေ။ ယနေ့တွင် သူမဘက်မှစတင်ကာ သူ့အားကော်ဖီတိုက်ရန် ခေါ်သော်လည်း သူ သူမအား ထပ်မံငြင်းဆန်ခဲ့ပြန်သည်။ ဝမ်ယွီက နွေးထွေးနေရာမှ အေးစက်သွား၍ သူမအား မရေမရာခံစားရစေပြီး နေရာမှ ထွက်သွားခဲ့သည်။


ဝမ်ယွီ၏ကားက ဖုန်မှုန့်ကြားထဲမှ မောင်းထွက်သွားသည်ကို ကြည့်နေလျက် မနေ့ညက သူ့အား ငြင်းဆန်ခဲ့သည်ကို နောင်တရနေမိသည်။ အကယ်၍ ဝမ်ယွီသာ သူမအား အခွင့်အရေးတစ်ခုပေးခဲ့လျှင် သူမ သူ့အား ငြင်းဆန်မည်မဟုတ်ပေ။


စွန်းယာရှန့်က ဝမ်ယွီကို ပထမဆုံးကျောင်းတက်ရက်တည်းက သိခဲ့သည်။ အမှန်တွင် သူမဘက်ကသာ သူ့အား တစ်ဖက်သတ်သိနေခဲ့ရခြင်းဖြစ်သည်။


စာသင်နှစ်အစပိုင်းတွင် ကျောင်းသားသစ်များသည် ကျောင်းထဲသို့ရောက်လာသည်။ ကျောင်းရှိ စီနီယာအစ်ကိုကြီးများက ဂျူနီယာ ညီမလေးများရောက်ရှိလာမှုကို စိတ်အားထက်သန်စွာစောင့်နေကြသည်။ ထိုနေ့တွင် သူမတို့မည်သည့်နေရာကို ကြည့်နေသည်ဖြစ်စေ ‌ဂျူနီယာညီမလေးများအား လမ်းပြပေးကာ ခရီးဆောင်အိတ်များသယ်ပေးနေသော ဝီရိယရှိသည့် စီနီယာများကိုသာမြင်ရလိမ့်မည်။


စွန်းယာရှန့်သည်လည်း သဘာဝကျကျ လှပလွန်းသည့်မိန်းကလေးဖြစ်ရာ ရထားဘူတာသို့ရောက်တည်းက သူမအား ကြိုဆိုဝန်းရံနေကြသည့် စီနီယာများရှိလေသည်။တက္ကသိုလ်၏ စုစည်းထားသောကြိုဆိုရေးကားများ‌ပါလာ၍ စီနီယာအစ်ကိုများက သူမအားကူညီရန် သူမ၏ခရီးဆောင်အိတ်ကို မရန်ကြိုးပမ်းချိန်တွင် ခရီးဆောင်အိတ်နှင့်ပတ်သက်ပြီး သူမ မစိုးရိမ်ခဲ့ချေ။


ဂျုနီယာကျောင်းသားသစ်များမှာမူ ကောင်းကောင်း ဆက်ဆံမခံရဘဲ သူတို့ပစ္စည်းကို သူတို့ကိုယ်တိုင် မ'ရလေသည်။


ကျောင်းသားများထဲတွင် ကျေးလက်ဘက်မှလာပြီးရိုးစင်းဟန်ရှိသည့် ကျောင်းသားသစ်တစ်ယောက်ရှိသည်

 သူ့တွင်ဟောင်းနွမ်းနေသော ခရီးဆောင်အိတ်ကြီးတစ်အိတ်နှင့် အိတ်ကြီးများစွာရှိသည်။ လက်တစ်ဖက်ဖြင့် အိတ်များကို အပေါ်ထပ်တွင် ထုပ်ပိုးထားစဉ် အိတ်ကို ဆွဲယူလိုက်ပြီး ကျောင်းထဲသို့ အပြေးအလွှားသွားနေစဉ် နောက်ထပ် အိတ်ကြီးတစ်အိတ်ကို သူ့ပခုံးပေါ် တွန်းတင်လိုက်သည်။


စွန်းယာရှန့်၏ခရီးဆောင်အိတ်က စီနီယာအစ်ကိုများ၏ ဂရုစိုက်မှုကိုခံနေရ၍ သူမက ကြော့ကြော့မော့မော့ဖြင့်သာ အိတ်အသေးလေးကိုလွယ်ထားသည်။ သူမ၏ ခပ်တုံးတုံးအတန်းဖော်က ကျောင်းထဲတွင်ပြေးနေသည်ကို တအံ့တဩ ကြည့်နေမိလျက် ထိုသူက ကျောင်းထဲတွင်အလျင်စလို လမ်းလျှောက်နေသည့် လူငယ်နှင့်အပြင်းအထန် ဝင်ဆောင့်မိသွားခဲ့သည်။


လူငယ်လေးက အတော်လေးလျင်လျင်မြန်မြန်ပင် သူတို့ဝင်ဆောင့်မိသည်ကို အမှတ်မထင်ရှောင်ရန် ပြုမှုလိုက်သည်။ လက်တစ်ဖက်ဖြင့်အိတ်ကို ‌ဖမ်းလိုက်ကာ အခြားတစ်ဖက်ဖြင့် လူသစ်၏ပခုံးကို ဆွဲလိုက်ပြီး သူ့ခရီးဆောင်အိတ်ကို နင်းလိုက်ခြင်းမှ တားဆီးပေးလိုက်သည်။


ထိုတစ်ခဏတွင် သန်မာသည့်လူငယ်လေးက စွန်းယာရှန့်၏ နှလုံးသားကိုခုန်လှုပ်သွားစေသည်။ သူမ သူ့အား စူးစိုက်ကြည့်နေရင်း သူ၏နှာတံမြင့်မြင့်နှင့် ခန့်ညားသည့် မျက်နှာကို မှတ်ထားခဲ့သည်။ သူက ကျောင်းသားသစ်အား  အိတ်ပြန်ပေးကာ မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် ပြောသည်။ သူ့ကိုကြည့်ရသည်မှာ တစ်ယောက်ယောက်ကို ဒေါသထွက်နေပုံပင်။


"မင်းလမ်းသွားရင် ဂရုစိုက်..."


စွန်းယာရှန့် အမြင်ထဲတွင် သူ့၏ဒေါသထွက်နေပုံက သူ့အရှိန်အဝါကို ထပ်မံတိုးလာစေသည့်ပုံပင်။


သူဝတ်ထားသော အဝတ်အစားနှင့် ဟမ်မာကားမှလည်း အရှိန်အဝါများတောက်ပနေသည်။


နောက်ပိုင်းတွင် စွန်းယာရှန့်က ထိုအကြောင်းကို ပတ်ဝန်းကျင်တွင်စုံစမ်းနေမိသည်။ ဟမ်မာကားက နာမည်ကြီးနေတာကြောင့် ကားပိုင်ရှင်ဖြစ်သည့်တက္ကသိုလ်ထဲရှိ ချမ်းသာသောစီနီယာဖြစ်သူ ဝမ်ယွီကို အမြန်ရှာတွေ့ခဲ့သည်။


စွန်းယာရှန့်၏ရင်ထဲနွေးထွေးသွားပြီး မကြာမီအတွင်း အခြားကောင်လေးများကို စိတ်မဝင်စားနိုင်တော့ပေ။


ဝမ်ယွီ၏ အပြုအမူက သူမနှင့်လိုက်လျောညီထွေ ရှိပြီး တစ်ခါတစ်ရံ အေးစက်ကာ တစ်ခါတစ်ရံ နွေးထွေးသည်။ စွန်းယာရှန့် မကျေမနပ်နှင့် ကျောင်းသို့ပြန်မလှည့်မီ ထိုနေရာတွင်ရပ်ကာ ဟမ်မာကားကို မောင်းထွက်သွားသည်ကို  ခဏရပ်ကြည့်နေသည်။


ကျိအန်းနဉ်က နေ့လယ်စာစားရန် ဝမ်ယွီနှင့် အဖော်မလိုက်နိုင်ပေ။  မနက်ပိုင်း၌ ကန်တင်းတွင် အလုပ်လုပ်ခြင်းအပြင် အတန်းချိန်ဇယားပေါ် မူတည်ပြီး နေ့လည်စာစားချိန်နှင့် နေ့ခင်းပိုင်းများမှာလည်း အလုပ်ချိန်ကို တစ်လှည့်စီ စီစဉ်ထားသည်။ သောကြာနေ့များတွင် သူမက နေ့လည်စာအဆိုင်းလုပ်ခဲ့ပြီး ဝမ်ယွီက ၎င်းအကြောင်းကို သိသောကြောင့် ထမင်းစားရန် သူမ၏‌နေရာသို့ အတိအကျ ရောက်လာခဲ့သည်။


သူရောက်လာသည့်အခါ ကျိအန်းနဉ်၏ နေရာက အခြားသူများနှင့် ယှဉ်လျှင် လူတန်းရှည်ကြီးရှိပြီး အများစုမှာ ကျောင်းသားများနှင့်သာ ပြည့်နေသည်။


 ဝမ်ယွီ  “…” သေစမ်း


ဝမ်ယွီ သူ့အစာအိမ်ကို ဂရုမစိုက်ဘဲ ကျိအန်းနဥ်ကို အနီးကပ်ကြည့်ကာ သူမနှင့် စကားအနည်းငယ်ပြောရန်အတွက် ရူးရူးသွပ်သွပ်နှင့် တန်းစီစောင့်နေမည်မဟုတ်ပေ။


သူက ချန်းဟောင် စွန်းခိုင်တို့နှင့် အတူစားနှင့်ပြီးဖြစ်သည်။ သူတို့ စားသောက်ပြီးခါနီးတွင် ကျိအန်းနဉ်၏နေရာ၌ လူရှင်းသွားအခါ ဘူးခွံများကို ကောက်ယူရန် လှည်းငယ်လေးကို တွန်းထုတ်ပြီး ထွက်လာခဲ့သည်။ သူမသူတို့ကို ဖြတ်သွားရင်း ဝမ်းသာအားရ နှုတ်ဆက်လေသည်။


သတ္တုဘူးများက လှည်းပေါ်ရှိ အဖြူရောင် ပလပ်စတစ်သေတ္တာကို ပြည့်သွားကာ အတော်လေး လေးလံနေသည်။ ကျိအန်းနဥ်က အောက်သို့‌တွန်းလျက် အားစိုက်ထုတ်နေခဲ့ရသည်။


ချန်းဟောင်နှင့် အခြားသူများက ဤသို့နူးညံ့သိမ်မွေ့ပြီး ပျော့ပျောင်းသည့် မိန်းကလေးကို ကြည့်ရင်း စာနာစိတ်တွေ ပြင်းပြလာ‌ပြီး မေးလိုက်သည်။


" သူ အကူအညီလိုနေလား မသိဘူး..."


သို့သော်လည်း ဝမ်ယွီက ပြုံးပြီး ပြန်ဖြေသည်။


 " မလိုပါဘူး...အဲဒါ သူ့အလုပ်ပဲလေ..."


“သူကြိုက်တဲ့ မိန်းကလေး” ဟူသည့် အထောက်အထားကို ဖယ်ထုတ်လျှင် ကိုယ့်ကိုယ်ကိုအားကိုးပြီး သန်မာသည့်ကိုယ်ရည်ကိုယ်သွေးရှိသောသူများကို ဝမ်ယွီက အမှန်တကယ် ချီးကျူးတတ်သည်။


ကျိအန်းနဥ်အပေါ် သူ၏ ယခင်အထင်အမြင်လွဲမှားမှုမှာ  သူမရွေးချယ်ထားသောအလုပ်နှင့် ထိုအလုပ်ရှိ  အခြေအနေကို သူ မကြိုက်သောကြောင့်သာဖြစ်သည်။


ကျိအန်းနဥ်က ကန်တင်းမှ အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး အဒေါ်ကြီးတစ်ယောက်ကဲ့သို့ ဆံပင်ကို ချည်နှောင်ထားသည်။ သူမက ရိုးရိုးရှင်းရှင်း သွယ်လျသည့် အသွင်အပြင်ရှိသော်လည်း ထူးထူးခြားခြား ပြင်းထန်သော ဆွဲဆောင်မှုတစ်ခုကို ပေးနေသည်။


ယင်းက အားမာန်ပြည့်ကာ တက်ကြွနေပြီး ပျော်ပျော်ရွင်ရွင် ရှင်သန်နေရခြင်း၏ သက်သေသာဖြစ်သည်။


ကျိအန်းနဉ်က အမှန်တကယ်ပင် မည်သူ့အကူအညီမှ မလိုအပ်ပေ။ မီးဖိုချောင်ဝန်ထမ်း ရှောင်းဝူထံမှ စိတ်အားထက်သန်စွာ အကူအညီပေးမည့် ကမ်းလှမ်းချက်ကို သူမက ယဉ်ကျေးစွာငြင်းဆိုခဲ့ပြီး  မေးခဲ့သည်။


"အန်တီလီ အဲဒါတွေကို ဘယ်မှာထားရမလဲ..." 


အန်တီလီက သွားကြားထိုးတံနှင့် ညွှန်ပြလိုက်သည်။


“ဟိုမှာ အဲဒါတွေကို အဘွားဆီ ယူသွားလိုက်...” 


ကျိအန်းနဥ် တွန်းလှည်းကို အားစိုက်ကာတွန်းလိုက်သည်။


ကော်ဖီဆိုင်မှအလုပ်က လုပ်ငန်းခွင်လေ့လာရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်၍ လစာအလွန်နည်းပြီး ပင်ပန်းလွန်းလှသည်။ သို့သော် အကြီးမားဆုံးအားသာချက်မှာ ကျိအန်းနဉ်၏အတန်းများကို အနှောင့်အယှက်မဖြစ်စေဘဲ ကျောင်းသားများ၏ အချိန်ဇယားနှင့် လိုက်လျောညီထွေဖြစ်စေရန် ရေးဆွဲထားခြင်းဖြစ်သည်။


ကျိအန်းနဥ်က NL မှ ၀င်ငွေမရှိပဲ သူမ၏ ကော်ဖီဆိုင်အလုပ်၊ ကျူရှင်အလုပ်နှင့် ကန်တင်းမှအလုပ်တို့ ပေါင်းစပ်လိုက်ခြင်းဖြင့် အသုံးစရိတ်များကို အတတ်နိုင်ဆုံး ကာမိနိုင်သည်ဟု တွက်ထားခဲ့သည်။ ယခုချိန်တွင်  မိုက်ခရိုဝေ့ဖ်နှင့် အဝတ်အစားအသစ်တချို့ ဝယ်ထားသည်ဖြစ်စေ အပိုကုန်ကျစရိတ်များ။မရှိသင့်တော့ပေ။


သို့သော် သူမအလုပ်ကို ချိန်ညှိကာ အရင်ကကဲ့သို့ အလုပ်မရှုပ်တော့ပေ။ အားလပ်ချိန်အသစ်တွင် သူမ၏ စာလေ့လာမှုကို အာရုံစိုက်နိုင်တော့မည်ဖြစ်သည်။


ယခင်ဘဝနှင့် နှိုင်းယှဉ်လျှင် ငွေပိုရသော်လည်း အလုပ်များပြီး ပင်ပန်းနွမ်းနယ်နေသည့် စိတ်အခြေအနေကြောင့် သူမစိတ်ထဲ ဗလာဖြစ်နေခဲ့သည်။ လမ်းကြောင်းမှန်ပေါ်ရောက်နေသည့် ဘဝ၏ခံစားချက်တစ်ခုကသာ သူမနှလုံးသားကို မျှော်လင့်ချက်နှင့် ပြည့်စေခဲ့သည်။


အလုပ်ပြီး၍ သူမထွက်သွားတော့မည့်အချိန်တွင် အန်တီလီက သူမကိုခေါ်ကာ  သစ်တော်သီးနှစ်လုံးပေးလာသည်။


“ဒါတွေ ယူသွားလိုက်ပါ..."


ထိုအသီးများက အစားအစားများနှင့်  တွဲဖက်ရောင်းချရန် ထားသော အသီးများဖြစ်သည်။ ကျိအန်းနဥ် ခဏမျှ တုံ့ဆိုင်းသွားပြီး အန်တီလီက ပြောသည်။


 "ငါတို့ကန်တင်းမှာ အလုပ်လုပ်တဲ့သူတွေက ဒီလိုအကျိုးခံစားခွင့်လေးတွေ မရှိလို့မရပါဘူးနော်... ငတ်မွတ်ခေါင်းပါးတဲ့ အချိန်တွေဖြစ်ရင်‌တောင် ခေါင်းဆောင်စားဖိုမှူးက ပြည့်ပြည့်လေးဖြစ်ရမယ်..."


အဒေါ်လီက စကားစမြည်ပြောရင်းနှင့်ပင် သစ်တော်သီးတစ်လုံးကို ကိုက်နေပြီဖြစ်သည်။


ကျိအန်းနဉ်က သူမျက်လုံးများကွေးသည်အထိ ရယ်နေရင်း သစ်တော်သီးအား သူမလွယ်အိတ်ထဲသို့ ထည့်လိုက်သည်။


"ကျေးဇူးတင်ပါတယ်..." 


ပြောပြီးသည်နှင့် သူမ ပျော်ပျော်ရွင်ရွင် ပြေးသွားသည်။


ဆရာမာက သစ်တော်သီးကိုဝါးလျက် ထိုနေရာသို့ရောက်လာကာ ပြောသည်။


"ဒီကလေးက လုပ်နိုင်စွမ်းရှိပေမဲ့ ပိန်ပိန်သေးသေးလေးဖြစ်နေတုန်းပဲ..."


အဒေါ်လီ ခေါင်းညိတ်ပြလိုက်သည်။


ပိုင်လု လွှတ်ခနဲအော်လိုက်ချိန်တွင် မုန့်ရှင်းယွီက ‌သူမလွယ်အိတ်အားသိမ်းကာ စာလေ့လာရန်အတွက် စာကြည့်တိုက်သို့သွားရန် ပြင်ဆင်နေချိန်ဖြစ်သည်။


"ရှင်းယွီ.."


သူမက အော်ခေါ်ရင်းဝင်လာလေသည်။


 "ငါဘာကြားခဲ့လဲ သိလား..."


သူမအသက်ရှုကြပ်နေသည်ကို ကြည့်ရင်း မုန့်ရှင်းယွီက ရယ်နေလျက် ပြောသည်။


 "စကားမပြောခင် ရေအရင်ယူသောက်လိုက်ဦး..."


ပိုင်လုက အပေါ်ထပ်ကို အမြန်တက်လာခဲ့ရ၍ အသက်ရှုကြပ်သွားသည်။ သူမ အားယူလျက် ရေတစ်ခွက်ကို ခပ်ကျစ်ကျစ်ကိုင်ကာသောက်ပြီးနောက် ဖန်ခွက်ကို ဆောင့်ချကာ လိုရင်းသို့ရောက်အောင်သွားသည်။


"စွန်းယွီရှန့်က ဝမ်ယွီကားထဲဝင်သွားပြီး သူနဲ့အတူ ထွက်သွားခဲ့တာ..."


ဤသတင်းက အတော်အတန်ပင် ထိတ်လန့်စရာဖြစ်၍ မုန့်ရှင်းယွီလည်း အံ့သြသွားသည်။ 


 “နင်ဘယ်ကသိလာတာလဲ...ကိုယ်တိုင်တွေ့ခဲ့ရတာလား..."


"ငါ မမြင်လိုက်ဘူး...အဲ့ဒါကဟယ့်ရှန်းတုံလေ... သူ တုတ်ထိုး ထွက်စားနေတုန်း သူတို့ကိုတွေ့ခဲ့တာတဲ့...သူကပဲ ငါ့ကို ဒီအကြောင်းတွေ အကုန်ပြောပြတာ..."


ပိုင်လုက ပြောလာသည်။


ဟယ့်ရှင်းတုံက ဝမ်ယွီကဲ့သို့ ဒိတ်တစ်ခုအတွက် ယွမ်ထောင်နှင့်ချပေးနိုင်ရန် စိတ်ကူးယဉ်ဆန်သည့် လူငယ်တစ်ယောက်ဖြစ်သည်။ သူက စွန်းယာရှန့်အား ကျောင်းစတက်ချိန်တည်းက လိုက်ခဲ့သော်လည်း သာမန်ရုပ်ရည်နှင့် သာမန် မိသားစုနောက်ခံရှိသည့်သူ့ကို စွန်းယာရှန့်က စိတ်မဝင်စားခဲ့ပေ။


အတိတ်ဘဝတွင် သူက စွန်းယာရှန့်၏ပါတနာအဖြစ် ကောလဟာလများပြန့်ခဲ့သည်။


ဤဘဝတွင် စွန်းယာရှန့်က ဝမ်ယွီ၏ဟမ်မာကားပေါ်အတူတက်သွားခဲ့၍ သူမကိုသူက ရွှေတူးသူအဖြစ် မြင်လာသည်။ ထို့ကြောင့် သူတို့ လမ်းတစ်ဝက်တွင်တွေ့ချိန် ပိုင်လုအား ဒေါသတကြီး အပြစ်ပြောလေသည်။


အကယ်၍ပိုင်လုသာ  စွန်းယာရှန့်နဲ့ဝမ်ယွီတို့ရဲ့ အခြေအနေကို ပိုပြီးမသိချင်ခဲ့ရင် အိတ်တစ်လုံးအတွက် ယွမ်ရာဂဏန်းလောက်သုံးပြီး တစ်စုံတစ်ယောက်ကို ရွှေတူးသူဖြစ်လာစေမည့်သူ့ရဲ့ မဆီမဆိုင်သီအိုရီကို သူမ နားမထောင်မိမည် မဟုတ်ပေ။


"စွန်းယာရှန့်က ဝမ်ယွီ နဲ့ ဘယ်လိုအဆုံးသတ်ခဲ့တာလဲ…” မုန့်ရှင်းယွီက ဝိရောဓိဖြစ်နေခဲ့ပြီး “ကျိအန်းနဥ်သိတယ်ထင်လား....ငါတို့သူမကိုပြောပြသင့်လား..." 


ပိုင်လုသည်လည်း ချီတုံချတုံနှင့် ခွဲခြားဆန်းစစ်နေသည်


"ကျိအန်းနဉ်၏နားလည်မှုအရဆိုရင်...ဝမ်ယွီက သူမကို လိုက်နေပုံရတယ်... သူတို့ကခုချိန် တရားဝင်ချိန်းတွေ့တာတောင်မရှိသေးပါဘူး  ...“သူမက ပြောသည်"ကျွန်မတို့ သူ့ကိုပြောရင်တောင် သူမက သူတို့ကိစ္စတွေမှာ အများကြီး စွက်ဖက်မှာမဟုတ်ဘူး...."


၎င်းကလည်း မုန့်ရှင်းယွီ ဝိရောဓိဖြစ်ရသည့်အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။ သူမက ရိုးရိုးရှင်းရှင်းတွေးသူဖြစ်ပြီး ကျိအန်းနဥ်နှင့်ဝမ်ယွီတို့က စုံတွဲအဖြစ် လူသိရှင်ကြား တရားဝင်ဖြစ်လျှင် ဝမ်ယွီ စွန်းယာရှန့်နှင့်မရေမရာဖြစ်နေပါက သူမ ကျိအန်းနဉ်ကို ပွင့်ပွင့်လင်းလင်းပြောပြီးသားဖြစ်လိမ့်မည်။


သို့သော် ကျိအန်းနဉ်နှင့် ဝမ်ယွီတို့က တရားဝင် စုံတွဲများ မဟုတ်ကြပေ။  သူမ ချန်းဟောင်တို့နှင့် ထမင်းအတူတူသွားစာစဉ်တွင် တွေ့ခဲ့သူများကလည်း သူတို့နှစ်ယောက် ထိုအဆင့်ထိ မရောက်သေးသည်ကို  သိထားကြသည်။


"သူက နှစ်ဖက်ချွန်ပဲ...” 


မုန့်ရှင်းယွီက ဒေါသထွက်သွားသည်။


"သူက အန်းနဉ်ကိုလိုက်နေပေမယ့် နှစ်ဖက်စလုံးနဲ့ ကစားနေပုံပဲ..."


"အမှန်ပဲ....ငါ သူ့ကို လူချောလေးလို့တောင်တွေးပြီး အန်းနဥ်သူ့ကို စဉ်းစားဖို့တောင် အားပေးခဲ့မိသေးတယ်...”  


ပိုင်လုက နောင်တရပြီး သက်ပြင်းချနေသည်။


" ရုပ်ချောပြီး ချမ်းသာတဲ့ ယောက်ျားတွေကို တကယ်အားကိုးလို့ မရဘူးပဲ..."


မုန့်ရှင်းယွီက  ခဏစဉ်းစားပြီး ပြောလိုက်သည်။


"နည်းနည်း‌လောက်စောင့်ကြည့်ကြတာပေါ့.... တကယ်လို့ အန်းနဉ်သာ ဝမ်ယွီနဲ့တွဲဖို့ ဆုံးဖြတ်ရင် အတင်းအဖျင်း၊ ကောလဟာလတွေကို ‌မပြောတော့ဘူး... ဒါပေမယ့် ဝမ်ယွီကို လက်ခံဖို့ သူစဉ်းစားရင် ငါတို့ သူ့ကို ပြောပြရလိမ့်မယ်..."


ယခုအချိန်တွင် သူတို့နှစ်ဦးစလုံး ဝမ်ယွီအပေါ် အလွန်အဆိုးမြင်သွားကြသည်။


စွန်းယာရှန့်အတွက်မူ ထိုညက လုံးဝကို ဒေါသထွက်ခဲ့ရသည့်ညဖြစ်နေခဲ့သည်။



###