အပိုင်း ၁၄၆
Viewers 15k

Chapter 146

ချစ်လှစွာသော စစ်သည်တော် မင်းမှာ ကိုယ်ဝန်ရှိနေပြီ


"မ..မဖြစ်နိုင်တာ..."

ဖုန်းရှောင်၏ မျက်လုံးများက မယုံနိုင်ဟန် ပြူးကျယ်လာသည်။ သူ သူတို့ကို ခဏမျှကြောင်ငေး၍ ကြည့်ပြီး မူရွှမ်ကို အံ့အားတကြီးကြည့်လိုက်သည်။

"မင်းမှာ အစွမ်းရှိတယ်....."


သူမျက်နှာ ရှုံ့မဲ့သွားသည်။ သူထွက်ပြေးနိုင်ရန် ရုန်းကန်လိုက်သော်လည်း ထိုသို့မလုပ်နိုင်မီ မူရွှမ်၏ စိတ်စွမ်းအင်ကြောင့် အားဖြင့် ဖိချခံလိုက်ရသည်။


သူ ဖြူဖျော့သွားပြီး ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်သော်လည်း ခေါင်းမာမာဖြင့် အော်နေဆဲဖြစ်သည်။

"မောက်မာနေဖို့ စောလွန်းပါသေးတယ်... နယ်မြေ၃မှာ ရှိတဲ့ သားရဲပေါင်း ရာကျော်က မင်းတို့ကို အလွှတ်ပေးမှာမဟုတ်ဘူး...."


သူ့စကားမဆုံးမီ မူရွှမ်က နောက်ထပ် ပေါ်တယ်တစ်ခု ဖွင့်လိုက်သည်။ ၎င်းက ပထမတစ်ခေါက်ထပ် လေး ငါးဆမျှကြီးမားသည်။ ချက်ချင်းပင် လူတစ်အုပ်က ဂျုံလုံးလေးများလို လိမ့်ကျလာပြီး အကုန်လုံးက သားရဲများဖြစ်ကြသည်။


အခန်းထဲတွင် လူပြည့်သွားသောအခါ မူရွှမ် ဖုန်းရှောင်ဘက် ဖြေးဖြေးချင်းလှည့်၍ မေးလိုက်သည်။

"ထပ်ရှိသေးလား...."


"..." လူတိုင်း


"..." တောင့်ခဲနေသော ဖုန်းရှောင်


ယောင်စစ် သူ၏ ကလေးထိန်းဖေဖေကို တိတ်တဆိတ်ချီးကျူးလိုက်သည်။ သူ၏ နည်းလမ်းများက လုံးဝကို မိုက်နေလေသည်။ သားရဲတစ်အုပ်က အခြေအနေကို ဉာဏ်မမီသေးသည်အလား ကြောင်စီစီဖြစ်နေကြသည်။


╮(╯﹏╰)╭


ဖုန်းရှောင်က ရေငုံနှုတ်ပိတ်နေနေရန် လုပ်နေသော်လည်း မူရွှမ်က သူ့ကို ဘာဆိုဘာမှ မမေးပေ။ ယင်းအစား ထိန်းချုပ်စားပွဲကိုသွား၍ ကီးဘုတ်ပေါ်တွင် သူ့လက်ချောင်းများ ပျံသန်းနေဟန် နှိပ်နေလိုက်သည်။ ငါးမိနစ်ကြာသောအခါ ၎င်းကို ပြန်ပိတ်လိုက်ပြီး ယောင်စစ်ဘက်လှည့်ကာ သူမ၏ခေါင်းလေးကို ပွတ်ပေးလိုက်သည်။

"စစ်စစ် လုံခြုံရေးစနစ် ပြန်ရသွားပြီ..."


"တကယ်လား...."

ယောင်စစ် သူ၏စကားကြောင့် အော်ဟစ်လိုက်မိသည်။ သူမဘေးနားရှိ ကြောင်အနေဆဲဖြစ်သော လူ၏ပခုံးကို ထိလိုက်သည်။

"ကြီးကြပ်ရေးမှူးယွမ်... လိုင်းတွေပြန်ရပြီ... စကြဝဠာရဲတွေကို မြန်မြန်ဆက်သွယ်လိုက်ချေ.."


"အာ.. အာ..."

ကြီးကြပ်ရေးမှူးယွမ် ခဏမျှ ပါးစပ်အဟောင်းသားဖြစ်သွားပြီးမှ ပြောလိုက်သည်။

"ကောင်း... ကောင်းပြီလေ..."

အတုန်တုန်အယင်ယင်ဖြင့် ကွန်ပျူတာလက်ပတ်ဖွင့်၍ မြေပြင်ပေါ်ရှိ ဂျုံလုံးတစ်သိုက်ကို မကြာခဏခိုးကြည့်ရင်း ရဲကို ဖုန်းဆက်လိုက်သည်။


ကိစ္စတွေက ပြီးခါနီးပြီမဟုတ်ဘူးလား... ရဲတွေရော လိုသေးလို့လား... ဒီဘော့စ်မှာ ဘယ်လိုစွမ်းအားတွေရှိနေပါလိမ့်... သူ့ကိုကြည့်ရတာ ကမ္ဘာကြီးတစ်ခုလုံးကိုတောင် အေးဆေးကယ်နိုင်တဲ့ပုံကြီး... ပြီးတော့ အပိုအလိုတွေပြောနေတာမဟုတ်ဘူးနော်... အကုန်လုံးအမှန်တွေချည်းပဲ... ဒီလိုလူမျိုးနဲ့ယှဉ်ရင် စကြဝဠာရဲတွေဆိုတာ ဘာမှမဟုတ်တဲ့ဟာတွေပဲ...


ကြီးကြပ်ရေးမှူးယွမ်နှင့် လုချန်တို့က သူတို့၏ရာထူးနှင့်ထိုက်တန်ကြောင်း သက်သေပြနေသည်။ ပြဿနာက ပြင်းထန်လှသော်လည်း သူတို့နှစ်ယောက်လုံး ထိထိရောက်ရောက် ကိုင်တွယ်နိုင်လေသည်။ အုပ်စုတစ်စုဖွဲ့ပြီးနောက်တွင် လှုပ်ရှားမှုကို ထိန်းချုပ်နိုင်သော ကိရိယာများကို ရှာတွေ့လိုက်ပြီး မူရွှမ်၏ စိတ်ခွန်အားကြောင့် မြေပြင်ပေါ်တွင် လဲနေကြသော ဂျုံလုံးအုပ်စုကို ချုပ်နှောင်လိုက်ကြသည်။


နာရီဝက်ကြာပြီးသောအခါ စကြဝဠာရဲများက သူတို့လာနေပြီဟု အကြောင်းကြားလာသည်။


ယောင်စစ် သားရဲများကို ချုပ်နှောင်ဖမ်းဆီးနေကြသည့် အဖွဲ့ထဲဝင်လိုက်သည်။ ဘော့စ်အသစ်တစ်ယောက်အနေဖြင့် သူမ အနည်းငယ်ဦးဆောင်ပေးသင့်သည်ဟု ထင်မိလိုက်သည်။ သူမ လုချန်ဆီက ချုပ်နှောင်သည့် ကိရိယာကိုယူလိုက်သည်။ သို့သော် သူမနှင့်အနီးဆုံး ဂျုံလုံးကြီးကို ချည်နှောင်ကာနီးတွင် သူမကိုယ်တွင်းမှ လှိုင်းထလာသည်ဟု ခံစားလိုက်ရသည်။


ဒီခံစားချက်က... အစွမ်းတစ်ခုကြောင့်မလား...


သူမ၏ နှလုံးသား ဆောင့်ခုန်သွားသည်။ ဖုန်းရှောင်နား သွားနေသော အလုပ်သမားတစ်ယောက်ကို အော်ပြောလိုက်သည်။

"သတိထား....."

ထို့နောက် ထိုလူကို နောက်သို့ ဆွဲလိုက်သည်။


ထင်ထားသည့်အတိုင်း ခဏအကြာတွင် ကြမ်းတမ်းလှသောစွမ်းအင်တစ်ခုက ဖုန်းရှောင်ဆီမှ ထွက်ပေါ်လာပြီး မလှုပ်ရှားနိုင်သော သားရဲတစ်ယောက်ကို သူမဆီပစ်လိုက်သည်။


"စစ်စစ်...."

ထိုသားရဲ သူတို့နှင့် နီးကပ်လာသည်နှင့် မူရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏စိတ်စွမ်းအင်များကို ဘောလုံးတစ်လုံးအသွင် ပြောင်းလိုက်ပြီး တုန်ရီနေသည့် သားရဲထံ ပစ်လိုက်သည်။ ၎င်းကို စိတ်စွမ်းအင်တို့ ခြုံငုံသွားပြီး ညည်းညူသွားစေကာ ခဏအကြာတွင် သူ့ဗိုက်ပေါက်ကွဲသွားပြီး အသားစနှင့် သွေးစက်များက နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။


ချက်ချင်းလက်ငင်း ယောင်စစ် ကိုယ်တွင်းမှစွမ်းအားများ ထွက်လာပြီး ၎င်းကို ဖုန်းရှောင်ထံ တည့်တည့်ပစ်လိုက်သည်။ စွမ်းအင်များက သူ့ဆီတည့်တည့်ပျံသွားပြီး လေကြမ်းများ ထွက်ပေါ်လာစေသည်။


အလယ်တည့်တည့်မှန်သွားသည်။ သို့သော် ဖုန်းရှောင် ပျောက်ကွယ်သွားလေသည်။


"ရုပ်ဝတ္တုပစ္စည်းရွှေ့ပြောင်းစက်...."

လူချန် အော်ဟစ်လိုက်သည်။

"သူ့မှာ ဒီလိုပစ္စည်းမျိုးရှိနေမယ်လို့ တကယ်မထင်မိဘူး...."


ဒီတော့.. သူ ရွှေ့ပြောင်းထွက်ပြေးသွားတာပေါ့လေ...


"မူရွှမ်..." 

သူမ သူ့ဘက်လှည့်လိုက်သည်။

"ကျွန်မတို့ သူ့ကို ပြန်ခေါ်လို့ရလား..."


"အခုချက်ချင်းမရဘူး...."

မူရွှမ် ခေါင်းခါလိုက်သည်။

"သူ့ကို ရွှေ့ပြောင်းပေးလိုက်တဲ့ ယေဘုယျတည်နေရာကို သိမှရမှာ... ဒါပေမဲ့ ရုပ်ဝတ္တုပစ္စည်းရွှေ့ပြောင်းစက်က ကျပန်းတည်နေရာကို ပြောင်းရွှေ့ပေးတတ်တာ..."


ယောင်စစ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုကဲ့သို့သော လူမျိုးက တွေ့ကရာနေရာ ရောက်သွားလျှင် မလုံခြုံနိုင်ပေ။


သူမ စိတ်ခွန်အား ဘောလုံးထဲပိတ်မိနေသော သေဆုံးသွားသည့် သားရဲကို ကြည့်လိုက်သည်။ ခဏမျှကြီးပြီးနောက်တွင် ဆက်မကြည့်နိုင်တော့၍ အကြည့်လွှဲလိုက်ရသည်။ အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။ သူပုန်များထဲမှ သားရဲက သူ့ဗိုက်ပိုင်းနေရာမှ အသားပိုင်းကြီးတစ်ခုလုံး ပျောက်ဆုံးသွားခဲ့ပြီး သေပြီးနောက်တွင်ပင် သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အကြည့်များ ရှိနေသေးသည်။


ဖုန်းရှောင်က ထိုလူ့ကို ဖောက်ခွဲပြီး ပေါက်ကွဲမှုမှ စွန့်စား၍ထွက်ပြေးသွားခြင်းဖြစ်သည်။ မူရွှမ်သာ အနည်းငယ်မျှ နောက်ကျသွားပါက ဤအခန်းထဲရှိလူတိုင်းက ထိုသားရဲ၏သွေးများအသားစများဖြင့် စွန်းပေနေလေပြီဖြစ်သည်။ သူ၏ အသည်းမာမှုက သူ့လူသူ အသုံးချပြီး ထွက်ပြေးနိုင်သည်အထိ ပြင်းထန်မည်ဟု မည်သူမှမထင်ခဲ့ပေ။


သူ၏ လုပ်ဆောင်ချက်က လူတိုင်းကို ဖြူဖျော့သွားစေပြီး သူ၏ ရဲဘော်ရဲဘက်များပင် စိတ်ဒဏ်ရာရသွားခဲ့သည်။ ယောင်စစ် ဘေးသို့ဆွဲခေါ်လိုက်သော အလုပ်သမားက အလွန်အမင်းတုန်လှုပ်သွားပြီး သူ့မျက်နှာရှိ သွေးရောင်များ ပျောက်ရှကာ ဖြူဖျော့သွားရသည်။


ယောင်စစ် သူမ၏ ပြောင်းပြန်စွမ်းရည် လှိုင်းထလာသည်ကို ခံစားမိသောအခါ ကြီးကြပ်ရေးမှူးယွမ်က သူပုန်ခေါင်းဆောင်တွင် အစွမ်းရှိသည်ဟု ပြောခဲ့သည်ကို ပြန်တွေးမိပြီး ထိုလူတစ်ခုခုလုပ်တော့မည်ဟု သိလိုက်ရသည်။


"ဒါ... ဘာအစွမ်းကြီးလဲ..."

တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းပိုင်းကို ပေါက်ကွဲသွားစေသည့် အစွမ်းမျိုးကို သူမတစ်ခါမှ မကြုံဖူးပေ။ သူမခေါင်းထပ်မော့၍ ကြည့်တော့မည့် အချိန်တွင် မူရွှမ်က သူမမျက်လုံးကို အုပ်လိုက်၍ သူမ၏အမြင်အာရုံ မဲမှောင်သွားရသည်။


"ပေါက်ကွဲခြင်း..."

သူ လေးလေးနက်နက်ဖြေလိုက်သည်။ သူ့လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သားရဲ၏အလောင်းကို လွတ်နေသော အခန်းတစ်ခုထဲ ထည့်လိုက်ပြီးမှ နောက်လက်တစ်ဖက်ကို လွှတ်ပေးလိုက်သည်။

"သူ့အစွမ်းက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက ရေမော်လီကျူးကို ပေါက်ကွဲနိုင်တဲ့ အရာတစ်ခုအဖြစ် ပြောင်းလိုက်နိုင်တာပဲ...ဒီတော့...."


ဒီတော့ ဗိုက်ပေါက်ကွဲသွားရတာပေါ့.... ဒါကြီးက အတော်ကြောက်ဖို့ကောင်းတဲ့အစွမ်းပဲ.... ကြည့်ရတာတော့ သူက ဒီအစွမ်းနဲ့ သတ္တုရိုင်းဂြိုလ်ကို ထိန်းချုပ်နေတဲ့ပုံပဲ... သူက လုံးဝအထင်မသေးသင့်တဲ့လူပဲ...


ဒါပေမဲ့... သူ့ရဲ့အစွမ်းက ပေါက်ကွဲခြင်းဆိုရင်... အဲ့တာရဲ့ ပြောင်းပြန်အစွမ်းက ဘာများလဲ...


ဖုန်းရှောင်က အရမ်းကို မြန်မြန်ကြီး ထွက်ပြေးသွားတော့ ဘာအစွမ်းမှန်းတောင် မသိလိုက်ဘူး...


"စကြဝဠာရဲတွေ ရောက်လာပြီ..."

လုချန်က အော်ဟစ် သတိပေးလိုက်သည်။ ကျန်နေသည့် အလုပ်သမားများက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး အချို့က ရဲများကို ဆီးကြိုရန် ပြေးထွက်သွားသည်။


မည်သူမှ အခန်းထဲမှ ထွက်မလာခင် တူညီဝတ်စုံဝတ်ထားပြီး လက်နက်များကိုင်ဆောင်ထားသော လူများ အထဲသို့ ပြေးဝင်လာသည်။


စကြဝဠာရဲများက အခြေအနေကို ထိရောက်မှုရှိရှိ ကိုင်တွယ်သွားပြီး သားရဲများအားလုံးကို ဖမ်းလိုက်သည်။ လုချန်၏ ပြောပြချက်အရ ထိုလူအုပ်စုကြီးက နယ်မြေများစွာကို လူစုခွဲ၍ ထွက်သွားကြသည်။ သူတို့ စကြဝဠာရဲများကို ဆက်သွယ်ကတည်းက အကြောင်းစုံပြောပြထားသဖြင့် ရဲများက အရှိန်မြှင့်၍ လုပ်ဆောင်ပြီး မလိုအပ်သည့် ပြဿနာများ ဖြစ်လာခြင်းမရှိခဲ့ချေ။


နှစ်နာရီအတွင်း ပြဿနာအားလုံး ချုပ်ငြိမ်းသွားပြီး ဝန်ထမ်းအားလုံး လွတ်သွားခဲ့သည်။ သို့သော် ဖုန်းရှောင်၏ သတင်းကို လုံးဝမကြားရတော့ပေ။ သူက မည်သည့် နယ်မြေအတွင်းတွင်မှ မရှိဘဲ ရှာကိုမတွေ့ချေ။


ထိုကဲ့သို့ ရက်စက်ကြမ်းတမ်းသောလူက ပျောက်ဆုံးနေ၍ စိုးရိမ်ဖွယ်ရပင်။


အခြေအနေ တင်းမာနေသော်လည်း နောက်သုံးနာရီအကြာတွင် ဖုန်းရှောင်က သူ့ဘာသာသူ ပြန်လာခဲ့သည်။


ယာဉ်ပျံအသေးစားလေးတစ်ခုဖြင့် ယောင်စစ်ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။


ထူးဆန်းသည့်အရာမှာ သူ၏မျက်နှာအမူအယာသာဖြစ်သည်။ သူ၏ ရူးသွပ်ကာ မောက်မာနေသော အမူအရာက အစအနမရှိအောင် ပျောက်ကွယ်နေပြီး သူ့မျက်နှာတွင် မျက်ရည်တို့ စွန်းပေနေသည်။ သူယောင်စစ်ကိုတွေ့သည်နှင့် ဒူးထောက်ချလိုက်ပြီး သနားစဖွယ်ကြည့်ကာ မျက်ရည်များ ဘူးသီးလုံးလောက် ကျဆင်လာသည်။


"ဘော့စ်.. ကျွန်တော်မှားပါတယ်... ကျွန်တော် တကယ်မှားပါတယ်... ကျွန်တော် ဘော့စ့်ပိုင်တဲ့အရာတွေကို မတပ်မက်ခဲ့သင့်ပါဘူး... ကျွန်တော် ကန်းနေခဲ့လို့ပါ... ကျွန်တော် လူမဟုတ်ပါဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပေးပါ.... ကျွန်တော်... ကျွန်တော်... ကျွန်တော် မခံနိုင်တော့ဘူး...."


“…”


(⊙_⊙)


အမ်... ဒါဘယ်လိုအခြေအနေကြီးလဲ...


"ဘော့စ် ကျွန်တော် တောင်းဆိုပါတယ်... ကျေးဇူးပြုပြီး ဘော့စ့်ရဲ့ အစွမ်းလေး ပြန်ရုတ်သိမ်းပေးပါ.. ကျွန်တော်က ဆိုးသွမ်းတဲ့လူဆိုပေမဲ့ လက်ထပ်ပြီးသားမိန်းမတွေနဲ့ ဖြူစင်ရိုးသားတဲ့ မိန်းကလေးတွေကို မထိပါးခဲ့ဖူးပါဘူး... ကျွန်တော် ဘယ်မိန်းမကိုမှ မချိုးနှိမ်ခဲ့ဖူးတာပါ..."

သူ့ခန္ဓာကိုယ် ပြင်းထန်စွာ တုန်လှုပ်လာသည်။

"ကျွန်တော်... ကျွန်တော်.. ကျွန်တော်က အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ပါ... ကျွန်တော် ကလေးမမွေးချင်ဘူး...."


ယောင်စစ် သူ့ကို နီးကပ်စွာကြည့်လိုက်သောအခါ မူလကကြွက်သားအပြည့်ဖြင့် ဗိုက်က ဆူဖောင်းနေသည်။ အသေအချာကြည့်လိုက်သောအခါ  အထဲမှ တစ်စုံတစ်ခုက ကန်နေပုံ ပေါ်နေသည်။


"အား...... နာလိုက်တာ နာလိုက် နာလိုက်တာ... ကျွန်တော် မွေးတော့မယ်... ကယ်ကြပါဦး...."

ဖုန်းရှောင် စီကနဲအော်လိုက်ပြီး လူးလှိမ့်နေသည်။


"..." ယောင်စစ်


"..." မူရွှမ်


"..." ပတ်ပတ်လည်က လူများ


ဒါ... ဒါ ဘယ်လို အခြေအနေကြီးလဲ....


(⊙ o ⊙)


ဖုန်းရှောင်မှာ ကိုယ်ဝန်ရှိနေတယ်လား... ဘယ်သူလုပ်လိုက်တာလဲ..


မဟုတ်သေးဘူး နေစမ်းပါဦး... ဖုန်းရှောင်က ဘယ်လိုလုပ် ကိုယ်ဝန်ရသွားတာလဲ... သူကယောက်ျားမဟုတ်ဘူးလား...


ဖက်ခ်


ယောင်စစ် ဖုန်းရှောင်တွင် တစ်စုံတစ်ယောက်၏ အစာအိမ်ကို ဖောက်ခွဲပစ်နိုင်သော ပေါက်ကွဲစွမ်းရည်ရှိကြောင်း သတိရသွားသည်။ သူမ၏ အစွမ်းက သူ့အစွမ်း၏ ပြောင်းပြန်ဟုဆိုရလျှင် ဗိုက်ကိုဗလာဖြစ်သွားစေသည်၏ ပြောင်းပြန်က ဗိုက်ကိုပြည့်ဖောင်းစေသည်ဖြစ်သည်။


သူမရဲ့ အစွမ်းက သူမကြည့်လိုက်တဲ့လူတိုင်းကို ကိုယ်ဝန်ရသွားစေတာလား....


စားပွဲခုံလှန်လိုက်


(╯‵□′)╯︵┻━┻


ဒါကြီးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...