အပိုင်း ၁၄၇
Viewers 16k

Chapter 147

ပျော်ရွှင်မှု နှစ်ဆ


ဖုန်းရှောင်၏အော်သံက ပိုမိုပြင်းထန်လာပြီး သူ့ဝမ်းဗိုက်ရှိ လှုပ်ရှားမှုများက ပိုမိုကြမ်းတမ်းလာသည်။ တစ်မိနစ်အတွင်း သူ့ခန္ဓာကိုယ်အောက်ပိုင်းက စိုရွှဲလာသည်။


အာ... သူရေမြွှာပေါက်သွားပြီ...


(⊙ o ⊙)


သူတကယ်ကြီး ကလေးမွေးတော့မှာလား...


"ဘော့...ဘော့စ် ကျွန်တော်မှားပါတယ်... ကျေးဇူးပြုပြီး ကယ်ပေးပါဗျာ... ကျွန်တော် နာလွန်းလို့ သေပါတော့မယ်...."

သူနာလွန်း၍ တသိမ့်သိမ့်တုန်ယင်နေပြီး ယောင်စစ်ဆီ တွားသွားလိုက်သည်။ သူ၏နောက်ဆုံးသော အင်အားလေး ကုန်ခမ်းသွားသောအခါ သူ့လက်များက ပျော့ခွေသွားပြီး မေ့လဲသွာတော့သည်။


လူတိုင်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်ကြောင်အသွားကြပြီး တဖြေးဖြေးချင်း ယောင်စစ်ဆီ အကြည့်ရွှေ့လိုက်ကြသည်။


သူမ ရုတ်တရက်ကြီး အာရုံစိုက်ခံလိုက်ရ၍ တုန်ယင်သွားရသည်။

"ငါ့ကို ဘာလို့ကြည့်နေကြတာလဲ... ငါကလေးမွေးတဲ့အကြောင်း ဘာမှမသိဘူးလေ... "

သူမ လုချန်ကို ခပ်မြန်မြန်လှည့်ကြည့်လိုက်သည်။

"စိတ်လွတ်မနေစမ်းနဲ့... သူ့ကို ဆေးဌာနဆီခေါ်သွားလိုက်စမ်း.."


"အိုး... အိုး...."

လုချန် သတိပြန်ဝင်လာပြီး အလုပ်သမားအချို့ကို သူ့နောက်လိုက်ရန် အချက်ပြလိုက်သည်။ သူတို့အတူ သွေးဆင်းနေသော ဖုန်းရှောင်ကိုမကာ ဆေးခန်းကို ခေါ်သွားလိုက်သည်။


စကြဝဠာခေတ်၏ ဆေးဘက်ဆိုင်ရာတိုးတက်ချက်များမှာ အမှန်တကယ်ကောင်းမွန်၍ ယုံကြည်ရပေသည်။ သွေးများစွာ ဆုံးရှုံးသွားသော်လည်း ခွဲစိတ်ခန်းထဲရောက်သည်နှင့် ဖုန်းရှောင်က သာမန်မျက်စိဖြင့် မြင်နိုင်အောင် ပြန်ကောင်းလာသည်။


ယောင်စစ်နှင့် စပ်စုချင်သောလူအုပ်ကြီးက စိတ်ရှည်လက်ရှည်ထိုင်စောင့်နေကြသည်။


"ဒါ... ဘာဖြစ်သွားတာလဲ...."

လုချန်က သူ၏သွေးစွန်းနေသော လက်များကို အမှုမထားဘဲ မတ်တတ်ထရပ်လိုက်သည်။

"ဘော့စ်... ဖုန်းရှောင်ရဲ့ ဗိုက်က ဘာဖြစ်သွားတာလဲ... သူက ဘော့စ်ကို ဘာလို့ကယ်ခိုင်းနေရတာလဲ..."


"ငါလည်းမသိဘူး..."

ယောင်စစ်လည်း အခြားသူများကဲ့သို့ သိချင်နေသည်။

"သူထွက်ပြေးတုန်း ငါ့အစွမ်းကို သူ့ပေါ်သုံးလိုက်တာပဲရှိတာပါ...."

သူမအစွမ်း၏ အမှားဆိုလျှင်တောင် ယခုချက်ချင်းကြီး ကလေးတစ်ယောက် ပေါ်လာစရာ အကြောင်းမရှိပေ။

ဒီ အစွမ်းကြီးကတော့ မလွန်လွန်းဘူးလား.....


"အဲ့တာ မင်းရဲ့အစွမ်းကြောင့်ပဲ..."

မူရွှမ် မျက်မှောင်ကြုတ်လိုက်ပြီး ခိုင်မာလှသော အဖြေကြီးကို ဖြေပြလိုက်သည်။

"ပေါက်ကွဲခြင်းလိုပဲ မင်းရဲ့အစွမ်းက လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇဖြစ်တည်မှုကို ပျက်စီးစေနိုင်တယ်... အဆက်မပြတ် ဆဲလ်ကွဲပွားမှုကြောင့် အချိန်ခဏလေးအတွင်း သူ့ဗိုက်က ဒီလောက်တောင် ကြီးလာရတာပဲ..."


"..." ယီးလိုပဲ.. ငါ့မှာ အကြည့်တစ်ချက်နဲ့ ကိုယ်ဝန်ရှိစေတဲ့ အစွမ်း တကယ်ကြီးရှိနေတာပဲဟ...


နေစမ်းပါဦး...


"နင်တို့တွေ ငါ့ကိုဘာလို့ကြည့်နေရတာလဲ..."

သူမ၏ နှုတ်ခမ်းများ တွန့်လိမ်သွားပြီး အော်ဟစ်လိုက်သည်။

"ကလေးက ငါ့ဟာမဟုတ်ဘူး...."


“…”


အာ... ဘာလို့နင်တို့က ဘယ့်သူ့ဟာလဲလို့ မမေးရတာလဲ...


"မူရွှမ်...."

သူမ သူ၏ အင်္ကျီလက်ဖျားကို ဆွဲလိုက်သည်။

"သူ... သူတကယ်ကြီး ကလေးမွေးတော့မှာလားဟင်...."


"ကလေးတစ်ယောက်မွေးတာ ဒီလောက်လွယ်ပါ့မလား...."

မူရွှမ် သူမ၏ခေါင်းကို နှစ်သိမ့်ပေးသလို ပွတ်ပေးလိုက်သည်။ သူ၏ တည်ငြိမ်နေသော အကြည့်များကြောင့် သူမပါ တည်ငြိမ်လာရသည်။

"သူ့ရဲ့ မျိုးရိုးဗီဇ တည်ဆောက်မှုက မွန်းမံခံလိုက်ရပြီ... မသဘာဝဟော်မုန်းလည်းရှိပြီး မျိုးပွားနိုင်တဲ့ ဆဲလ်လည်းရှိလာတယ်... သူ့ခန္ဓာကိုယ်ထဲမှာ မမျိုးဥတွေပါရှိနေပြီဆိုပေမဲ့ သူ့ဘာသာ ကိုယ်ဝန်ဆောင်နိုင်ဖို့တော့ မဖြစ်နိုင်ဘူးလေ... အကျိတ်အကြီးကြီးတစ်ခုပဲဖြစ်လောက်မှာပါ... မဖြစ်နိုင်..."


"ဝါး....."


သူ့စကားမဆုံးမီ ကျယ်လောင်သော ငိုသံနှစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။


[တီ.... ဂုဏ်ယူပါတယ် အမြွှာလေးတွေမွေးပါတယ်... တကယ့်ကို ပျော်ရွှင်စရာ အခါသမယပါပဲ....]


"..." ယောင်စစ်


"..." မူရွှမ်


"..." လုချန်


"..." ကြီးကြပ်ရေးမှူးယွမ်


"..." လူအုပ်ကြီး


စားပွဲမှောက်လိုက်


(╯‵□′)╯︵┻━┻


သူကလေးမမွေးနိုင်ဘူးလို့ မူရွှမ်ပြောခဲ့တာ မဟုတ်ဘူးလား.. အကျိတ်ပါပဲဆို... ဘယ်လိုလုပ်ပြီး အမြွှာတွေတောင် မွေးကုန်တာလဲ... တစ်ခုဝယ် တစ်ခုလက်ဆောင်လား....


မူရွှမ်လည်း ပြောစရာစကားပျောက်ဆုံးနေပြီး ခွဲစိတ်ခန်း၏ စခရင်ပေါ်ရှိ ဒေတာများကိုကြည့်လိုက်သည်။ တစ်စက္ကန့်ပြီးတစ်က္ကန့် သူ့မျက်နှာ ပိုမိုမဲမှောင်လာသည်။ မိနစ်အချို့ကြာပြီးနောက်တွင် စခရင်ကိုပိတ်လိုက်ပြီး သူမကို ရှုပ်ထွေးနေသော မျက်နှာဖြင့် ကြည့်လာသည်။


"ဘာဖြစ်လို့လဲ...."

ယောင်စစ် သူ၏အကြည့်ကြောင့် တုန်ယင်သွားရသည်။

ကလေးတွေ တကယ်ကြီး ငါ့ဟာတွေလား... အဲ့လိုကြီး မခြောက်ပါနဲ့လားဟာ...


"မှားတော့မှားနေပြီ...."

သူမျက်နှာအမူအယာက ထူးဆန်းလာသည်။ သူ သင့်လျှော်သည့် စကားလုံးကို ရွေးချယ်လိုက်သည်။

"တိုက်ဆိုင်သွားတာ...."


"ဘာကိုလဲ...."

ဘာတွေ တိုက်ဆိုင်နေတာလဲ...


"မင်းရဲ့အစွမ်းက သူ့ရဲ့ မျိုးရိုးဗီဇကို ပြောင်းလဲသွားစေပြီး သူ့ကိုယ်တွင်းမှာ မမျိုးပွားအင်္ဂါတွေ ပေါ်ထွက်လာစေတာ..."

သူ ချောင်းဟန့်လိုက်ပြီး ခပ်တည်တည်မျက်နှာဖြစ်အောင် အတင်းလုပ်ယူလိုက်သည်။

"ပြောရရင်တော့ သူကအခု လက်တွေ့ကျကျပြောရရင် မိန်းမတစ်ယောက်ဖြစ်နေပြီ... ဒါပေမဲ့ သူ့ကိုယ်ထဲမှာ ယောက်ျားတစ်ယောက်ရဲ့ အကြွင်းအကျန်... အဟမ်း.. မျိုးပွားဖို့လိုအပ်တဲ့ဟာတွေ ကြွင်းကျန်နေတာ... မင်းရဲ့အစွမ်းကြောင့် သူ့ရဲ့ဆဲလ်တွေကဆက်မပြတ် နှစ်ဆကွဲပွားပြီး အမြွှာလေးဖြစ်သွားစေတာပဲ..."


"..." 

ရှင့်ရဲ့ ရှင်းပြချက်ကြီးကို ပြန်ရှင်းပြပေးပါဦးလား.. အင်္ဂလိပ်လိုဆိုရင်တောင် အဆင်ပြေပါတယ်...


"အဲ့တာက..."

သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ဆက်ပြောလိုက်သည်။

"သူတကယ့်ကို အမြွှာလေးမွေးလိုက်တာပဲ..."


ဘာ... ဘာ... ဘာကြီး... ရှင်ဘာကိုဆိုလိုတာလဲ... ငါဘာလို့တစ်ခုမှနားမလည်ရတာလဲ...


"နေပါဦး... ကျွန်မ ဒါကြီးကိုနားလည်အောင် အချိန်လေးပေးပါဦး..."


မူရွှမ်ပြောချင်တာ... သူမရဲ့အစွမ်းက သူပုန်ခေါင်းဆောင် ဖုန်းရှောင်ကို ကိုယ်ဝန်ဆောင်လို့ရတဲ့ မမျိုးပွားအင်္ဂါတွေရှိနေတဲ့ မိန်းမတစ်ပိုင်းဖြစ်သွားစေတယ်.... ဒါပေမဲ့... သူ့ဘာသူ ကိုယ်ဝန်မရသွားနိုင်ဘူးလေ.. ကိုယ်ဝန်ရဖို့ သူက ယောက်ျားတစ်ယောက်နဲ့ ဆယ့်ရှစ်အပေါင်းတစ်ခုခုလုပ်မှရမှာလေ... ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် သူ့ကိုယ်ထဲမှာ အကြွင်းအကျန်အချို့ရှိတော့ သူ့ကို ကိုယ်ဝန်ရသွားစေတာပေါ့....


ဒီတော့ အဓိကအချက်က....


ယောင်စစ် စိတ်ထဲတွင် မီးသီးတစ်လုံးလင်းလာပြီး အရာအားလုံးကို ချိတ်ဆက်မိသွားကာ သူမ၏မျက်လုံးများက အံ့အားတကြီးပြူးကျယ်လာသည်။

"ဖုန်းရှောင်က gayလား..."


မူရွှမ်ခေါင်းငြိမ့်လိုက်သည်။


ဖက်ခ်


ဖုန်းရှောင်က မကြာသေးမီကမှ အာဝါဟဝိဝါဟခဲ့ပေလိမ့်မည်။ သို့သော် မဆေးကြောခဲ့သဖြင့် သူ့ကိုယ်ထဲတွင် အကြွင်းအကျန်များရှိနေလိမ့်မည်။ ဤသို့ဖြင့် သူမ၏ အစွမ်းကြောင့်ကိုယ်ဝန်ရသွားစေခဲ့လိမ့်မည်။


ဒါကြီးက ဒရာမာအခန်းကြီး လက်တွေ့ဘဝမှာဖြစ်လာတာပဲ....


ဒါက တစ်ကိုယ်ရည်သန့်ရှင်းရေးရဲ့ အရေးကြီးပုံကိုလည်း မီးမောင်းထိုးပြသွားတာပဲ...


○| ̄|_


နောက်ထပ် ပြဿနာများစွာ ပေါ်လာလေပြန်ပြီ။


"ကြီးကြပ်ရေးမှူးယွမ်...."

ယောင်စစ်က ဤအခြေအနေကို ပိုမိုသိနိုင်သည့်လူကို လှည့်ကြည့်လိုက်သော်လည်း လူများအားလုံးက သူမနှင့် ငါးမီတာအကွာတွင် ရောက်နေကြကြောင်း တွေ့လိုက်ရသည်။ မူရွှမ်တစ်ယောက်သာ သူမဘေးတွင်ရှိနေသည်။

"နင်တို့ဘာလို့ အဲ့လောက်အဝေးကြီးသွားနေကြတာလဲ..."

သူတို့အားလုံး အခန်းထောင့်တွင် ကပ်နေကြသည်။


ဖက်ခ်... လုချန်ပါ ထွက်သွားတာဟ...


"ဘော့စ်... တစ်ခုခုလိုလို့လား..."


ယောင်စစ်၏ နှုတ်ခမ်းများ တွန့်လိမ်သွားသည်။

"စိတ်မပူပါနဲ့... ငါနင်တို့အပေါ် အစွမ်းမသုံးပါဘူး..."

ထို့အပြင် သူမအစွမ်းက ပြောင်းပြန်စွမ်းရည်ဖြစ်သဖြင့် သူမလိုတိုင်း ဆင့်ခေါ်၍မရပေ။

"နင်တို့တွေ သူ့အကြောင်း ကောင်းကောင်းသိကြမှာပေါ့... နင်တို့ကိုမေးချင်တယ်... ကလေးတွေရဲ့ အဖေ/အမေကို သိကြလား..."


"ဒါက... ကျွန်တော်လည်း မသေချာဘူး..."

ကြီးကြပ်ရေးမှူးယွမ် ရှေ့သို့ယိုင်တိုင်တိုင် တိုးလာပြီး ခေါင်းခါပြလိုက်သည်။

"ဘော့စ်... သားရဲတွေက သူတို့ရဲ့ လယ်ဗယ်Sအဆင့်ရှိတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအကြောင်း ရှင်းပြနိုင်လို့ သူတို့ရဲ့ သားရဲတိရစ္ဆာန်ပုံစံ လက္ခဏာတွေကို ထိန်းထားတတ်တယ်ဆိုပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဘဝက... အဟမ်း... နည်းနည်း ရှုပ်ထွေးတယ်ရယ်.... ဖုန်းရှောင်က သူ့မျိုးနွယ်ရဲ့ ခေါင်းဆောင်ဆိုတော့ သူက... အဟမ်း.... ဒါက သူတို့မျိုးနွယ်ရဲ့ ထူးခြားချက်လို့ပြောလို့ ရတယ်..."


"..." 

နားလည်ပြီ... ပြောချင်တာက သူ့မှာ နောက်လိုက်တွေများလွန်းလို့ ဘယ်သူမဆိုဖြစ်နိုင်တယ်ပေါ့...


အိပ်ဖော်အိပ်ဖက်တွေ အများကြီးရှိတာက... အသက်တွေအများကြီးဖြစ်ပေါ်လာစေတယ်... ဒီကိစ္စမှာဆိုရင် အသက်နှစ်ချောင်းအဖက်တင်လာတယ်...


"အခြားမိဘကို ရှာဖို့ စစ်ဆေးချက် လုပ်လိုက်ပါ့မယ်.."


ယောင်စစ် မေ့မြောနေဆဲဖြစ်သော ဖုန်းရှောင်ကို ကြည့်လိုက်သည်။ အရာအားလုံး အခြေကျသွားပြီဖြစ်၍ သူမပါဝင်ပတ်သတ်စရာအကြောင်း မရှိတော့ပေ။ သူမ ကိစ္စအားလုံးကို စကြဝဠာရဲများထံ လက်လွှဲပေးလိုက်ပြီး ထွက်သွားလိုက်သည်။


သူမ ဆေးခန်းအပြင်ကို ခြေချလိုက်သည်နှင့် သူမနောက်မှ အမျိုးသားထုကြီး၏ အကြည့်က သူမအပေါ် တစ်ပြုံတည်းကျရောက်လာသည်။ ၎င်းက သူတို့အားလုံး ကပ်ဘေးကြီးမှ လွတ်မြောက်သွားဟန်ပင်ဖြစ်နေသည်။


"..." ယောင်စစ်


o(╯□╰)o


သူမ ရုတ်တရက်ကြီး နောက်ပြန်လှည့်ပြီး သူတို့တစ်ယောင်ချင်းဆီကို သင်ခန်းစာပေးပစ်ချင်သွားတယ်...



ယောင်စစ်နှင့် မူရွှမ်တို့ သတ္တုရိုင်းဂြိုလ်ပေါ်တွင် ငါးရက်နေခဲ့ကြပြီး စီမံခန့်ခွဲခဲ့ကြသည်။ ပုန်ကန်ထကြွခဲ့ကြသော သားရဲများအားလုံး အချုပ်ထဲရောက်သွားကြပြီး ဖုန်းရှောင်က သူနိုးလာသည်နှင့် အန္တရာယ်မြင့် ရာဇဝတ်သားများ အကျဉ်းထောင်သို့ ခေါ်သွားခံရသည်။ တင်ပြချက်များအရ သူ စိတ်ဖောက်သွားကာ အမြွှာလေးနှစ်ယောက်ကို သူကမွေးခဲ့သည်ဟု လက်ခံဖို့လည်း ငြင်းဆိုခဲ့သည်ဟု ဆိုသည်။


အမြွှာလေးနှစ်ယောက်၏ လုံခြုံမှုအတွက် ရဲများက နှစ်ယောက်လုံးကို သားရဲဂြိုလ်ကို ပို့လိုက်ကြပြီး မိဘမဲ့ကလေးများအဖြစ် မွေးစားခံရရန် စီစဉ်ပေးခဲ့ကြသည်။ မည်သူမှ သူတို့၏ တည်ရှိမှုကို မသိကြတော့ပေ။


အသေအချာစစ်ဆေးခဲ့ပြီးနောက်တွင် ကလေးများ၏ အဖေက ဖုန်းရှောင်တစ်ယောက် သူလွတ်မြောက်အောင် ချနင်းလိုက်သော သနားစရာလူဖြစ်ကြောင်း သိလိုက်ရသည်။


၎င်းက အတော်လေး အံ့ဩစရာကောင်းသည့် ဖော်ထုတ်မှုတစ်ခုဖြစ်သည်။ ဖုန်းရှောင်က သူ့ကိုသတ်ခဲ့သော်လည်း သူ၏ကလေးများကို သူ(ဖုန်းရှောင်)၏ ခန္ဓာကိုယ်ကိုအသုံးပြု၍ မွေးဖွားပေးခဲ့သည်။ ၎င်းကို ကျေးဇူးတုံ့ပြန်ခြင်းက ဆိုရပေမည်။


ပြဿနာအားလုံး ပြီးဆုံးပြီးနောက်တွင် သတ္တုရိုင်းဂြိုလ်၏ လုပ်သားဦးရေက ထက်ဝက်ကျော် ကျဆင်းသွားခဲ့ပြီး လုပ်ငန်းကို ယာယီခဏပိတ်ထားလိုက်ရသည်။ ဘော့စ်တစ်ယောက်အနေဖြင့် ယောင်စစ်က အလုပ်သမားအသစ်များကို စစ်ဆေးရန် ရက်အနည်းငယ်မျှဆက်နေခဲ့သည်။


ကိုယ်ဝန်ပြဿနာ ပျံ့သွားပြီးနောက်တွင် သူမ ပိုမိုကြီးမားသည့် ပြဿနာကြီးဖြင့် ကြုံနေရသည်။