အပိုင်း ၁၄၈
Viewers 16k

Chapter 148

ဘဏ္ဍာရေးအခြေအနေ


မူလက ယောင်စစ်တစ်ယောက် ဤကဲ့သို့သော ဂြိုလ်မျိုးကို မရောက်ဖူးသလို သူမအပိုင်ဂြိုလည်းဖြစ်နေ၍ လျှောက်ပတ်ကြည့်ရန် စီစဉ်ခဲ့သည်။ ခရီးစဉ်များကို ဖြုန်းတီးရသည်ကိုလည်း မကျေနပ်ခဲ့ပေ။ သို့သော် သူမ ဤဂြိုလ်တွင် ခပ်ကြာကြာထပ်မနေနိုင်တော့ကြောင်း သိလိုက်ရသည်။


အဘယ်ကြောင့်ဆိုသော် သူမကို စကြဝဠာငွေကြေးများဖြင့် အဖို့ခံရခါနီးဖြစ်နေ၍ ဖြစ်သည်။ကိုယ်ဝန်အကြောင်း သတင်းပျံ့သွားပြီး အလုပ်အကိုင်များကလည်း ယာယီရပ်ဆိုင်းထားရချိန်တွင် အလုပ်သမားများက ပျင်းရိနေခဲ့ကြသည်။ သူတို့က သူမကို အမြင်နှစ်ခုဖြင့် ကြည့်လာကြသည်။  တစ်ဝက်က သူမကိုမြင်သည်နှင့် ဝေးနိုင်သမျှဝေးအောင်ပြေးသော အဖွဲ့ဖြစ်ပြီး နောက်တစ်ဝက်က သူမနှင့် နီးနိုင်သမျှ နီးအောင်ကပ်သော အဖွဲ့ဖြစ်သည်။ ဒုတိယအဖွဲ့က သူမဘယ်သွားသွား အမြှီးတန်းလို လိုက်တတ်ကြသည်။


ယောင်စစ် ဘယ်လောက်ရှင်းပြပြ လူတိုင်းက သူမကို ထင်ချင်ရာ ထင်နေကြဆဲဖြစ်ပြီး လူတိုင်းကို ကောင်းချီးပေးနိုင်သည့် နတ်ဒေဝါတစ်ပါးဟု ထင်နေကြဆဲဖြစ်သည်။


အတွဲတစ်အုပ်က သူမနောက်အမြဲလိုက်နေ၍ အိမ်သာသွားရသည်ကပင် စိန်ခေါ်မှုကြီးဖြစ်လာသည်။ ယောင်စစ် သည်းခံနိုင်စိတ် အဆုံးထိရောက်သွားပြီး အိမ်ထဲတွင်သာ ပုန်းနေတော့သည်။ သို့သော် သူမ၏ ကောင်းချီးပေးမှုကို အရူးအမူးလိုချင်သည့် တောင်းဆိုချက်များက မပြီးဆုံးသွားပေ။ သူမကိုထိခြင်းမှသည် စကြဝဠာငွေကြေးများကို ပစ်၍ ဆုတောင်းခြင်းအထိ ကျယ်ပြန့်လာခဲ့သည်။ ပို၍ဆိုးသည်မှာ သူတို့ ပစ်လိုက်သော ငွေပုံကြီးများက ကြီးမားလာ၍ဖြစ်သည်။ သုံးရက်အတွင်း သူမ၏ ခြံထဲတွင် ရွှေရောင်တောက်နေသော စကြဝဠာငွေကြေးများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်ပြီး မြက်များကိုပင် မမြင်ရတော့ပေ။


o(╯□╰)o


ကျေးဇူးပြုပြီးတော်ကြပါတော့ဟယ်... ငါက ဆုတောင်းပြည့်နတ်သမီးမဟုတ်သလို သားဆုပန်နတ်ဘုရားမလည်း မဟုတ်ရပါဘူး...


ယောင်စစ် ကူကယ်ရာမဲ့သလိုခံစားနေရသည်။ စကြဝဠာရဲများက အမှုကို အကုန်လုံးဖြေရှင်းပြီးနောက်တွင် သူမ လုချန်၏ ယာဉ်ပျံကို ချက်ချင်းသွားယူက ထွက်သွားတော့သည်။ သူမတို့ သတ္တုရိုင်းဂြိုလ်မှ ထွက်လာသည့်အချိန်တွင် သူမပခုံးပေါ်ရှိ အလေးတုံးကြီးက နောက်ဆုံးတွင် ပြုတ်ကျသွားခဲ့ရသည်။


နောက်ဆုံးတော့ သူမ ဒီနေရာက ထွက်နိုင်ပြီကွ... ကြာကြာသာထပ်နေရင် သူတို့က သူမကို အမွှေးတိုင်နဲ့ပါ ပူဇော်လာလောက်တယ်..,


"ဘော့စ်.. မဟာမိတ်အဖွဲ့က ဆူပူအုံကြွမှုကို ဖြေရှင်းပေးလိုက်ပါပြီ..."

လုချန် စခရင်ကို ကျွမ်းကျင်လိမ္မာစွာဖွင့်လိုက်ပြီး ပြောလိုက်သည်။

"သားရဲတွေက သတ္တုရိုင်းဂြိုလ်ပေါ်မှာ ဖြစ်ခဲ့သမျှကို အလျှော်ပေးဖို့ ဆန္ဒရှိနေကြပါတယ်...လိုအပ်တဲ့ ကိစ္စတွေအားလုံး နောက်တစ်လထဲမှာ ပြီးသွားပါလိမ့်မယ်..."


"အိုး...."

ယောင်စစ် သူပြောနေသည်ကို ဘာမှမသိပေ။

"လုချန် နင့်ဘက်က အကောင်းဆုံးဖြစ်မယ်လို့ ထင်တာကို ဘာလို့မလုပ်ရမှာလဲ....ပြီးတော့ နင်ကဂြိုလ်ရဲ့စီမံခန့်ခွဲမှုတွေ အကုန်လုပ်နေကြမဟုတ်ဘူးလား... နင်လုပ်နေကြအတိုင်းသာ လုပ်လိုက်..."


"ဟုတ်ကဲ့ပါ ဘော့စ်...."

လုချန် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် စခရင်ကို နောက်တစ်ကြိမ် လက်ညှိုးထိုးပြလိုက်သည်။

"တစ်ခုပြောစရာရှိသေးတယ်... သားရဲတွေက ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုတိုင်းကို အလျှော်ပေးမယ် ပြောပေမဲ့ ကျွန်တော်တို့ ဂြိုလ်ရဲ့ ဂုဏ်သတင်းပျက်သုဉ်းမှုက ထင်တာထက် ကြီးတဲ့ ပြဿနာဖြစ်နေတယ်...."


"နင်ဘာပြောချင်တာလဲ.."

ယောင်စစ် အံ့ဩသွားသည်။


"ဒီကိစ္စကြောင့် ကျွန်တော်တို့ ကုန်သင်္ဘော သုံးစင်းတင်ပို့ဖို့ မလုပ်နိုင်ခဲ့သလို... အဲ့သုံးခုကလည်း ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံး ဖောက်သည်တွေရဲ့ ဟာတွေဖြစ်နေတာပဲ..."

သူ့ မျက်နှာအမူအယာက တဖြေးဖြေး ရှုံ့မဲ့သွားသည်။

"ကုန်ပစ္စည်းရောက်တာ နောက်ကျတဲ့အတွက် သူတို့တွေဘက်မှာ ဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်ခဲ့ပြီး သူတို့က ကျွန်တော်တို့နဲ့ လက်တွဲဖြုတ်ဖို့ စီစဉ်နေကြတယ်... ဒီလိုတကယ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ဘက်က အမြတ် ၈၀%လောက် ဆုံးရှုံးဖို့ရှိနေတယ်...."


"အဲ့လောက်တောင်များတာလား... အာ... နင်ပြောချင်တာ ငါဒေဝါလီခံရတော့မယ်လို့လား..."

အဲ့လိုဖြစ်လို့မရဘူးလေ.. ငါ့ရဲ့ ပိုင်ဆိုင်မှုအသစ်လေးကို ရှာတွေ့တာဖြင့် မကြာသေးဘူးလေ... လအနည်းအတွင်း ပျောက်ကွယ်သွားလို့ ဘယ်လိုလုပ်ဖြစ်မှာလဲ.."


"အဲ့လောက် ပမာဏကြီးတော့ မဟုတ်ပါဘူး.."

လုချန် ခေါင်းခါလိုက်သည်။

"ကျွန်တော် ဌာနအမျိုးမျိုးနဲ့ သေသေချာချာ အစည်းအဝေးထိုင်ခဲ့ပြီး ခေါင်းဆောင်ပိုင်းတွေကိုလည်း တင်ပြခဲ့သေးတယ်.. သူတို့နဲ့ ကျွန်တော်တို့ အရေးပေါ် အစီအစဉ်တွေပြောင်းခဲ့ကြတယ်... ဒီလိုဆိုရင်တော့ အရှုံးကို ကာမိလောက်မှာပါ..."


"ဘာအစီအစဉ်လဲ..."

ယောင်စစ် မေးလိုက်သည်။


"ကျွန်တော်တို့ စကြဝဠာကွန်ရက်ရဲ့ သတင်းခေါင်းစီးပိုင်းကို သုံးလလောက်ဝယ်ခဲ့ကြတယ်..."

လုချန်၏ မျက်လုံးများ တောက်ပလာပြီး စခရင်ကို ထိလိုက်သည်။ ခဏအကြာတွင် မျက်စိကျိန်းလောက်သည့် ခေါင်းစီးပိုင်းသတင်းကြီးက ခုန်ထွက်လာခဲ့သည်။


[ကိုယ်ဝန်မဆောင်နိုင်ဘူးလား... လိင်တူလက်ထပ်ထားလား... မျိုးပွားမှုဆိုင်ရာ ပြဿနာတွေရှိနေလား... 

ထိတ်လန့်စရာပဲ... ကြယ်စု Tရဲ့ နယ်မြေ ၉၅က သတ္တုရိုင်းဂြိုလ်မှာ ဒဏ္ဍာရီလာဖြစ်ရပ်ကြီးဖြစ်သွားခဲ့တယ်ဆိုပဲ..... ၃၅နှစ်အရွယ် ယောက်ျားတစ်ယောက်က လိင်မှုကိစ္စမရှိဘဲနဲ့ အမြွှာလေးကိုမွေးဖွားခဲ့တာတဲ့နော်... ကျွမ်းကျင် ပညာရှင်တွေကပြောကြတယ် ဒါက သတ္တုရိုင်းဂြိုလ်ရဲ့ သတ္တုရိုင်းတွေရဲ့ အထူးသက်ရောက်မှုဖြစ်နိုင်တယ်တဲ့နော်.... အကယ်၍ သင်သာ စိတ်ကူးယဉ်ဆန်ဆန်ဘဝကိုလိုချင်တယ်ဆိုရင် ***ကို ကျေးဇူးပြုပြီးဆက်သွယ်လိုက်ပါ...]


"..." ယောင်စစ်


"..." မူရွှမ်


စားပွဲခုံလှန်လိုက်


(╯‵□′)╯︵┻━┻


ဒါဘာအစီအစဉ်ကြီးလဲ... ဒါကြီးက‌ ကိုယ်ဝန်ဆောင်စေနိုင်ရပါမယ်ဆိုတဲ့ ကြော်ငြာကြီးမဟုတ်ဘူးလား... ဒီက သတ္တုရိုင်းတွေက စိတ်ခွန်အားကိုပဲ ထုတ်ပေးတာမဟုတ်ဘူးလား... ဘယ်တုန်းကများ မျိုးပွားခြင်းဆိုင်ရာ ပြဿနာတွေကို ကုသပေးနိုင်သွားတာလဲ.. ဒါကြီးက မဟုတ်မဟတ်ကြော်ငြာကြီးနော်...


"ဒီကြော်ငြာက တကယ်ကြီးအလုပ်ဖြစ်မှာလား..."

ငါ့လာနောက်နေတာမဟုတ်လား....


"ကြော်ငြာပြီး ငါးရက်အတွင်း ငါးနှစ်စာအော်ဒါတွေအကုန်အပြည့်ပဲ..."

စခရင်ပေါ် လက်ချစရာနေရာတောင် မရှိတော့လု နီးပါးပင်။


“…”


ပြောစမ်းပါဦး... စကြဝဌာထဲမှာ ဂေးတွေ ဘယ်နှယောက်တောင် ရှိနေကြတာလဲ... လူဦးရေအတိအကျပြောပြရဲလားပြော...


"အနာဂတ်မှာ ကျွန်တော်တို့ သတ္တုရိုင်းဂြိုလ်ကို အနားယူစခန်းအဖြစ် ဖွင့်လှစ်ဖို့ စီစဉ်နေကြပါတယ်... ပြီးတော့ စကြဝဠာလှည့်ခရီးသွားတွေက ဂြိုလ်ပေါ်မှာနေဖို့ သက်တမ်းတိုးရမယ်... စကြဝဠာကွန်ရက်တခွင် သီးသန့်နေရာဆိုပြီး ဖော်ပြလိုက်မယ်... အဖွဲ့ဝင်အမှတ် ဖလှယ်တဲ့ ဓလေ့လည်း ထည့်လိုက်မယ်... "

လုချန် အကြံပြုချက်တစ်ထပ်ကြီးကို စိတ်အားထက်သန်စွာ ဆွဲယူပြီးပြောလိုက်သည်။

"လက်ရှိ တွက်ချက်မှုတွေအရ နှစ်ဝက်အတွင်းမှာ သတ္တုရိုင်းဂြိုလ်က ခရီးသွားဂြိုလ်တွေထဲမှာ နာမည်အကြီးဆုံး ဖြစ်လာလိမ့်မယ်...."


"..."

ဖက်ခ်... နင်က ရန်ပုံငွေတွေပါ ကြိုတင်စီစဉ်ပြီးပြီလားဟ....


"စိတ်မပူပါနဲ့ဘော့စ်ရယ်.... ဖုန်းရှောင်ရဲ့ကိုယ်ဝန်ကိစ္စရဲ့ အမှန်တရားကို ထပ်မဖြန့်တော့ဖို့ ဌာနတွေကို ပြောပြီးပါပြီ... သခင်မလေးအကြောင်း လုံးဝပေါ်လာမှာမဟုတ်ပါဘူး...."

လုချန် သူ့ရင်ဘတ်သူ တဘုန်းဘုန်းပုတ်၍ ယုံကြည်ချက်ရှိရှိပြောလိုက်သည်။

"ဒါပေမဲ့... ဘော့စ်အားတဲ့အချိန်ဆိုရင်လေ ကျွန်တော့်ကို ကောင်းချီးအချို့ ရေးပေးလို့ရမလားဟင်... ကျွန်တော် အဲ့တာတွေကို အကန့်အသတ်ထုတ် အဆောင်တွေအဖြစ် ရောင်းမလို့ပါ... အများကြီးထုတ်မှာမဟုတ်လို့ အများကြီးရေးစရာမလိုပါဘူး.... 'ကလေးတွေအများကြီးရဖို့ကောင်းချီးပေးပါတယ်'တို့ အဲ့လိုမျိုး ဆင်တူတဲ့ စာသားတွေ နည်းနည်းလောက်ပေါ့...."


"လုချန်..."


"ဗျာ..."


"နောက်ဆုံးတော့ လုမိသားစု ဘာလို့ ဒီလောက်တောင် ချမ်းသာလာလဲဆိုတာ ငါသိသွားပြီ...."


သူတို့ရဲ့ ပိုက်ဆံရှာနိုင်တဲ့အစွမ်းကတော့ ပြိုင်ဘက်ကိုကင်းနေတာပဲ..


"အာ... "

လုချန် သူမကို ကြောင်တောင်တောင်လေးကြည့်လိုက်ပြီး အခြားထုတ်ကုန်တွေကိုပါ ဆက်ပြီး မိတ်ဆက်ပေးတော့သည်။


ရုတ်တရက်... အသိပေးချက် ပေါ်ထွက်လာသည်။


[သတိပေးချက်... အခြားဂြိုလ်က ယာဉ်ပျံကို ခြေရာခံမိပါတယ်... စာရင်းသွင်းထားတဲ့ ဒေတာတွေကို ရှာမရပါဘူး...]


[သတိပေးချက်... အခြားဂြိုလ်က ယာဉ်ပျံကို ခြေရာခံမိပါတယ်... စာရင်းသွင်းထားတဲ့ ဒေတာတွေကို ရှာမရပါဘူး...]


ဒါ ဘယ်လိုအခြေအနေကြီးလဲ...


ယောင်စစ် တောင့်ခဲသွားသည်။ ရုတ်တရက် ဧရာမယာဉ်ပျံကြီးက သူမတို့ရှေ့တွင် ပေါ်ထွက်လာသည်။ ၎င်းက သူမတို့ယာဉ်ပျံထက် ငါးဆကြီးပြီး သူတို့မြင်ခဲ့ဖူးသော ယာဉ်ပျံများနှင့် လုံးဝမတူပေ။


၎င်းက ဧရာမကြာပန်းကြီးနှင့်တူပြီး သူတို့ရှိရာဘက်တွင် ပွင့်ချပ်တစ်လွှာပြီး တစ်လွှာပွင့်အာလာပြီ ၎င်း၏ အလယ်ဗဟိုက တောက်ပနေသည်။


ဒါဘာကြီးလဲ...


(⊙_⊙)


"နတ်ဘုရားသစ်ပင်ရဲ့ ပန်းပွင့်လား...."

နှုတ်ဆိတ်နေသော မူရွှမ်က ရုတ်တရက် ပြောလာသည်။


ပန်းပွင့်လား..


ယောင်စစ် ကြောင်အသွားသည်။

ဒီ အကြီးကြီးက တကယ်ပန်းပွင့်ကြီးလား.. ယာဉ်ပျံမဟုတ်ဘူးလား...


သတိပေးချက်များ ပြင်းထန်စွာထွက်ပေါ်လာပြီး ရုတ်တရက် ဧရာမပွင့်ချပ်များက စခရင်ရှိရာသို့ မြင့်တက်လာသည်။ ၎င်းတို့က အသက်ရှိနေဟန်ဖြစ်နေပြီး စခရင်ရှေ့တွင် လွင့်မျောနေပြီး ယာဉ်ပျံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။


"မူရွမ်... ဒါက... ဒါက..."

ယောင်စစ်၏ နှလုံးသားတင်းကြပ်သွားပြီး မူရွှမ်၏ လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်မိသွားသည်။


ထိုပန်းကြီးနှင့်ပတ်သတ်၍ သူမခံစားချက်မကောင်းပေ။