Chapter 168
ယားကျိကျိ
မုန့်ယွမ် သူ့အတွက် စိုးရိမ်ပေးနေသည်ကို နားလည်နေသည့် ယွီနျန်က ပြုံးလိုက်သည်။
"အင်း... ကျွန်တော်လည်း သိပါတယ်... ဒါပေမယ့် ဖိုရမ်ပေါ်က ကွန်မန့်တွေနဲ့ ဝေ့ပေါ်ပေါ်က ဟာတွေက တော်တော်လေး တူနေတယ်... ရေတပ် ဖြစ်နေမလား"
“အင်း... ဖြစ်နိုင်ချေရှိတယ်... မင်း ဆန့်ကျင်မိခဲ့တဲ့သူတွေကတော့လား... ငါတွေးကြည့်ပြီးပြီ... များလွန်းလို့ ရေတောင်မရေနိုင်တော့ဘူး"
ယွီနျန် အံ့အားသင့်သွားသည်ကို မြင်သောအခါ မုန့်ယွမ် အားရပါးရ ရယ်မောလိုက်သည်။
"အောင်မြင်မှုက အရှုပ်တော်ပုံတွေ သယ်လာပေးတာပဲ... ကိတ်ရဲ့ ထိပ်ဆုံးအချပ်က သေးနေရင် လူတိုင်းက တစ်စိတ်လောက် လိုချင်ကြမှာပဲကွ .. မင်းမှာ ရှိရင် သူများတွေမှာ နည်းသွားမယ်... ဒီလောကထဲမှာ မင်းကို ဆွဲချချင်ကြတဲ့သူတွေ အများကြီးပဲ... တိုက်ခိုက်စရာ တစ်ခုခု ရှာတွေ့သွားရင် မင်းကို အနှောက်အယှက်ပြုဖို့ တိတ်တဆိတ် ကြိုးစားနေကြလိမ့်မယ်"
သူ မျက်ခုံးပင့်ပြလိုက်သည်။
"မြားတွေ အားလုံးရဲ့ ပစ်မှတ် ဖြစ်ရတာ ဘယ်လို ခံစားရလဲ"
ယွီနျန်ကလည်း လိုက်ကစားပေးလိုက်သည်။
"အင်း... တော်တော်လေး ကောင်းပါတယ်"
မုန့်ယွမ်နှင့် ဆွေးနွေးပြီးနောက် ယွီနျန်က နှစ်ရက်အတွင်း နျင်းမြို့ကို ပြန်လာရင် စီစဥ်ထားခဲ့သည်။ သူက ဗီဒီယိုကောကို အဆုံးသတ်လိုက်ပြီးနောက် စတိတ်ခ်ကို ဒယ်ပြားပေါ်တွင် တင်လိုက်သည်။ တရှဲရှဲ မြည်သံ ထွက်လာပြီးနောက် မွှေးရနံ့များက လေထုထဲတွင် ပျံ့နှံ့လာခဲ့သည်။ မရင်းနှီးသည့် မြို့တွင် ရောက်နေသည့်တိုင် အိမ်၏ အရသာကို ခံစားနေရဆဲ ဖြစ်သည်။
ညနေပိုင်းတွင် သူက ဝိုင်နီနှင့်အတူ အောင်ပွဲခံခဲ့သည်။ ယွီနျန်က အယ်လ်ကိုဟော ခံနိုင်ရည် သာမန်မျှသာ ရှိသဖြင့် အတော်လေး မူးဝေနေသလို ခံစားရသည်။ ရေချိုးပြီးနောက် သူ့ကိုယ်သူ အနက်ရောင် ပိုးသားဝတ်ရုံဖြင့် ပတ်ကာ ရွှယ်ယုံကို ရှာရန်အတွက် စာကြည့်ခန်းထဲသို့ ဦးတည်လာခဲ့သည်။
ယွီနျန် ရောက်လာသည်ကို မြင်သောအခါ ရွှယ်ယုံက ဖုန်းခေါ်ဆိုမှုကို ချလိုက်ပြီး လက်မောင်းများကို ဖွင့်ဟကာဖြင့် ယွီနျန်ကို ပေါင်ပေါ်တွင် ထိုင်ခွင့်ပြုလိုက်သည်။ ရေချိုးဆပ်ပြာ၏ အနံ့လေးနှင့် အယ်လ်ကိုရော အနံ့တို့က လေထုထဲတွင် ရစ်တွယ်နေကြလေသည်။ ရွှယ်ယုံက တစ်ဖက်လူ၏ မေးလေးကို ဆွဲယူ ပင့်မော့ကာ ခပ်ဖွဖွ နမ်းလိုက်သည်။ သူ့မျက်လုံးများထဲမှ မူးဝေနေသည့် အရိပ်အယောင်တို့ကို တွေ့လိုက်ရသောအခါ အက်ရှရှ လေသံဖြင့် မေးလိုက်သည်။
"ရေချိုးပြီးပြီလား"
"အင်း"
ယွီနျန်က မသိစိတ်များအရ ရွှယ်ယုံကို ပိုတိုး၍ နီးနီးကပ်ကပ် ဖိကပ်လိုက်သည်။ ဝတ်ရုံကြိုးများကို လျော့တိလျော့ရဲ ချည်နှောင်ထားသဖြင့် လှုပ်ရှားလိုက်တိုင်း ညှပ်ရိုးလေးများနှင့် ဖြူဖွေးနေသည့် ရင်ဘတ်ကျယ်ကျယ်ကို လှစ်ဟပြလာသည်။ ရွှယ်ယုံ၏ နက်မှောင်လာသော အကြည့်များကို သတိမထားမိသည့် ယွီနျန်က မသက်မသာ ခံစားနေရသည့်အလား သူ့ကိုယ်ပေါ်တွင် တွန့်လိမ်နေခဲ့သည်။
"ရွှယ်ယုံ..."
"ဟမ်"
ယွီနျန်၏ မျက်တောင်လေးများက စင်းကျနေပြီး အသားအရည်ပေါ်တွင်လည်း ပန်းရောင်ဖျော့ဖျော့သန်းနေလေ၏။ ဝိုင်၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှူက အစွမ်းပြနေပြီး ရေချိုးပြီးနောက်တွင် ခြေလက်များ အားနည်းလာကာ ခွန်အားမရှိ ဖြစ်လာသည်။ လက်တစ်ဖက်က ရွှယ်ယုံ၏ အဝတ်များကို ခပ်လျော့လျော့ ဆုပ်ကိုင်ထားပြီး အဆုံးသတ်တွင် အသံလေးက နူးညံ့သွားသည်။
"ယားနေတယ်... ကုတ်ပေးလို့ရမလား"
ရွှယ်ယုံက စကားတစ်ခွန်းမှမပြောဘဲ ဤအခြေအနေ ဖြစ်နေသည့် ယွီနျန်ကိုသာ ကြည့်နေခဲ့သည်။ သူ့နားရွက်များက နီရဲသွားလေပြီး ကိုယ်ပိုင် ဆန္ဒများက လမ်းပြနေသည့်အလား ခပ်လျော့လျော့ ခါးစည်းထဲသို့ လက်လျှိုဝင်ကာ ယွီနျန်၏ ကျောပြင်တလျှောက် ပွတ်သပ်ပေးလိုက်သည်။
"ယားနေတာ ဒီနေရာလား"
“အပေါ်... အင်း... ဘယ်ဘက်ကို... ဘယ်ဘက်ကို နည်းနည်းတိုး... အင်း... အဲ့ဒီနေရာပဲ"
ယားကျိကျိ ဖြစ်နေသည့်နေရာကို ခပ်ဖွဖွ ကုတ်ပေးလိုက်မှသာ ယွီနျန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ပြီးနောက် ရွှယ်ယုံ၏ လည်စေ့ကို နမ်းကာ ဆုချပေးလိုက်ပြီး လျှာကိုသုံး၍ပင် ပွတ်ဆွဲလာခဲ့သည်။ မျက်လုံးလေးများက စိတ်ကျေနပ်သည့် အပြုံးလေးတစ်ခုဖြင့် တောက်ပနေခဲ့ပြီး ယွီနျန် ပြောလိုက်သည်။
"ထပ်မယားတော့ဘူး... ခုမှ နေလို့ ကောင်းသွားတယ်"
ယွီနျန်၏ ခါးကျဥ်းကျဥ်းလေးကို ဖိချလာသည့် ရွှယ်ယုံ၏ လက်ဖဝါးများမှာ ပူနွေးနေခဲ့လေသည်။ ခပ်နိမ့်နိမ့် ခပ်အက်အက်အသံဖြင့် သူပြောလိုက်သည်။
"နျန်နျန်"
သူ့လက်များကို ရွှယ်ယုံ၏ လည်ပင်းတွင် ရစ်ပတ်ထားရင်း ယွီနျန်၏ အသက်ရှုသံများ ပူနွေးလာခဲ့ပြီး လေသံပျော့လေးဖြင့် ပြန်ဖြေလာသည်။
"အင်း..."
ယွီနျန်၏ အားနည်းနေသော ပုံစံလေးက ပုံမှန်ပုံစံနှင့် ကွာခြားနေသည်။ မျက်လုံးထောင့်လေးတွင် အနည်းငယ် နီရဲနေပြီး မျက်ရည်ခံမှဲ့လေးနှင့် မျက်လုံးများထဲမှ အလင်းရောင်၏ ရောင်ပြန်ဟပ်မှုအကြား တုန်ခါနေပုံရသည့် အကြည့်တို့အပြင် ပွေ့ပိုက်ထားချင်မိသည့် ပွတ်သီးပွတ်သပ်အမူအယာလေးတို့က ရွှယ်ယုံ၏ လက်မောင်းများအကြား သတိထားမှု အလျဥ်းမရှိဘဲ လုံခြုံစွာ ခိုတွယ်နေပုံပေါ်သွားသည်။
ထိုအဖြေက ရွှယ်ယုံစိတ်ထဲမှ နောက်ဆုံး ကြိုးမျှင်လေးကို ပြတ်တောက်သွားစေသည်။ သူက ယွီနျန်ကို အလုပ်စားပွဲပေါ်တွင် တင်ကာ လက်တစ်ဖက်ကို ယွီနျန်၏ နောက်ကျောအောက်တွင် မြဲမြံစွာထား၍ တစ်ဖက်က မေးလေးကို မော့လိုက်ပြီးနောက် ပြင်းပြင်းပြပြ နမ်းရှိုက်လိုက်သည်။
ယွီနျန်က အနည်းငယ် မူးဝေနေပါသော်လည်း ၎င်းက ယခင်က ရွှယ်ယုံ ပေးခဲ့သော အနမ်းများနှင့် မတူပါဘဲ သူ့တစ်ကိုယ်လုံးကို အငမ်းမရ စားသောက်ချင်နေသည့်အလား ပိုပြီး ရန်မူကာ အန္တရာယ်များသည့် အနေအထားကို ရောက်နေကြောင်း သိသာနေသည်။ ယွီနျန်၏ အသက်ရှူသံများ မငြိမ်မသက် ဖြစ်လာပြီး နောက်ပြန်ဆုတ်ရန် သဘာဝအလျောက် ကြိုးစားမိသော်လည်း ရွှယ်ယုံ၏ လက်များက မြဲမြံနေပြီး နှုတ်ခမ်းများက ပို၍ပင် ခိုင်မြဲစွာ ဖိကပ်လာကာ အနမ်းများကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
ပတ်ဝန်းကျင်လေထုတစ်ခုလုံး အဓမ္မလုယူခံလိုက်ရသလို ဖြစ်နေသည်။ ရွှယ်ယုံ၏ အင်္ကျီကို ဆုပ်ကိုင်ထားသည့် ယွီနျန်၏ လက်များ အားပျော့သွားပြီး လက်ချောင်းလေးများက လွှတ်ပေးလာခဲ့သည်။ နောက်ထပ်အခိုက်အတန့်လေးတွင် ရွှယ်ယုံ၏ လက်များ တစ်ပတ်လည်သွားပြီး ယွီနျန်၏ လက်များကို စားပွဲပေါ်တွင် ဖိကပ်ထားလိုက်သည်။ ယွီနျန်၏ ခြေထောက်များကလည်း လမ်းစပေးနေသည့်အလား ဖွင့်ဟလာခဲ့ပြီး ရွှယ်ယုံ၏ အနမ်းများအတိုင်း မေးလေးမော့ကာ အားနည်းနေသော လည်စေ့ကို လှစ်ဟပြလာသည်။ သူကိုယ်သူ အလုံးစုံ လက်နက်ချ အညံ့ခံလိုက်လေတော့သည်။
အပြင်ဘက်တွင် တဖြည်းဖြည်းဖြင့် ညနက်လာခဲ့သည်။ စီးဆင်းနေသော မြစ်၏ မျက်နှာပြင်ထက် အလင်းရောင်များ ထင်ဟပ်လာလေသည်။ ရေစီးဆင်းသံများကို အခန်းထဲမှတဆင့် ခပ်ရေးရေး ကြားနိုင်နေပေသည်။
ဗိုက်ဆာနေသည့် ယွီနျန်က ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ ရွှယ်ယုံထံမှ ဆန်ပြုတ်ခွံ့ကျွေးခံနေရကြောင်း တွေ့လိုက်ရသည်။ အစပိုင်းတွင် ရွှယ်ယုံက ဇွန်း၏ အားကို ထိန်းချုပ်ရာတွင် ပြဿနာတက်နေခဲ့ပြီး ဇွန်းကလည်း ကြီးလွန်းသဖြင့် သေသေချာချာ ခွံ့ကျွေးရန် ခက်ခဲနေသည်။ ရွှယ်ယုံ၏ နားရွက်များ ပူနွေးလာပြီး အကြည့်များက ပူပြင်းစူးရှ၍ လာသည်။ အကြိမ်အနည်းငယ် ကြိုးစားပြီးမှသာ တတိယအကြိမ်တွင် ယွီနျန်၏ ပါးစပ်ထဲသို့ ဇွန်းရောက်သွားစေရန် အောင်အောင်မြင်မြင် စီမံနိုင်ခဲ့သည်။
ယွီနျန်မှာ အနည်းငယ် မူးဝေနေဆဲ ဖြစ်သော်လည်း အယ်လ်ကိုဟောနှင့် နွေးထွေးမှုတို့ ပေါင်းစပ်ခြုံရုံနေလေသည်။ ရွှယ်ယုံကို မှီ၍ နားနေရင်း ဇွန်းဖြင့် မြဲမြံစွာ ခွံ့ကျွေးခံနေရသည့် ယွီနျန်၏ မျက်လုံးများက ရွှန်းစိုတောက်ပနေလေသည်။ သူ့နားအနီးတွင် ရွှယ်ယုံ၏ ချော့မြူသံကို ကြားလိုက်ရသည်။
"နျန်နျန်... ထပ်စားချင်သေးလား"
ပူလောင်နေမှုကို ခံစားနေရသည့် ယွီနျန်က ကျိုးကြောင်းသင့်သည့်စကားများကို ပုံဖော်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရပြီး လက်ခံဟန်ဖြင့် ခေါင်းကိုသာ ဖွဖွ ငြိမ့်ပြလိုက်ရသည်။ ယွီနျန်၏ လက်ခံမှုကြောင့် ရွှယ်ယုံမှာလည်း ဆန်ပြုတ်ခွံ့သည့် အရှိန်ကို ပိုတိုးလိုက်သည်။ အဆုံးတွင် ယွီနျန်မှာ ပါးစပ်ထဲ ဇွန်းထည့်ထားလျက် အသံက တုန်ယင်လာပြီး မျက်ရည်အပြည့်ဖြစ်နေသည့်ဟန်ပင် ပုံပေါ်သွားသည်။
"ထပ်မစားနိုင်တော့ဘူး... ကျွန်တော် တကယ် ထပ်မစားနိုင်တော့ဘူး..."
ယွီနျန်က ဆန်ပြုတ်စားပြီးနောက် ချွေးများစို့လာသည်။ အိပ်ရာပေါ်တွင် လဲလျောင်းနေရင်း ရွှယ်ယုံမှာ သူ့အား ချစ်စိတ်ပြင်းပြ နူးညံ့စွာဖြင့် ခေါင်းငုံ့၍ နမ်းလိုက်သည်။ ၎င်းမှာ အစောပိုင်းက အားပြင်းပြီး နင့်သီးနေသည့် အမူအယာများဖြင့် ကွာခြားနေခဲ့သည်။ ရွယ်ယုံက ယွီနျန်၏ လည်ပင်းအခွက်လေးနှင့် ညှပ်ရိုးတို့ကို ထပ်ကာထပ်ကာ နမ်းရှိုက်နေပြီး လက်ဖြင့်လည်း ခပ်ဖွဖွ ကိုင်ပေးထားသည်။ သူတို့က မေးရိုးတလျှောက်နှင့် နှုတ်ခမ်းထောင့်များ တလျှောက် အနမ်းပေးကြပြီး နှာခေါင်းများကလည်း ထိကပ်နေကာ သူတို့၏ မျက်စံများအတွင်း အချင်းချင်း၏ ပုံရိပ်ယောင်ပြန်များကို တွေ့မြင်နေရသည်။
ယွီနျန်က ပေါင်များနာကျင်ကိုက်ခဲနေပြီး လက်ကျန်အင်အားလေးဖြင့် ရွှယ်ယုံ၏ လက်ဖဝါးကို လက်ချောင်းထိပ်လေးများဖြင့် တို့ထိလိုက်သည်။ ရွှယ်ယုံ လှည့်ကြည့်လာသောအခါ ယွီနျန် နူးညံ့စွာဖြင့် တိုးတိုးပြောလိုက်သည်။
"ကျွန်တော် ရေချိုးချင်တယ်"
ရွှယ်ယုံက ထရပ်လာခဲ့ပြီး ယွီနျန်ကို အိပ်ရာပေါ်မှ ပွေ့ကာ ရေချိုးခန်းထဲသို့ လျှောက်လာခဲ့သည်။ ရေပန်းဖွင့်လိုက်သောအခါ ရေနွေးငွေ့များက အခန်းထဲသို့ ပြန့်နှံ့သွားခဲ့သည်။ ယွီနျန် ရေမထိရသေးခင်မှာပင် ရွှယ်ယုံက သူ့ကို နံရံသို့ ဆွဲကပ်လိုက်ပြီး ပြင်းပြစွာဖြင့် ထပ်ကာထပ်ကာ နမ်းရှိုက်လာခဲ့ပြန်သည်။
ရေချိုးပြီးသွားသောအခါ ယွီနျန်က မျက်လုံးများကိုပင် မဖွင့်နိုင်တော့။ သူ့ခေါင်းက ခေါင်းအုံးကို ထိမိသွားသည်နှင့် အိပ်ချင်စိတ်များ ကြီးစိုးလာခဲ့သည်။ စောင်အနားစကို ဆွဲကာ မျက်လုံးများကို အနိုင်နိုင်ဖွင့်လိုက်ရင်း တစ်စုံတစ်ခုကို ဆွဲယူရန် ကြိုးပမ်းနေသည့်အလား လက်များက အနည်းငယ် လှုပ်ရှားလာခဲ့သည်။ သူ အသံခပ်အက်အက်ဖြင့် ခေါ်လိုက်သည်။
"...ရွှယ်ယုံ"
လက်ချောင်းများက သူ့မျက်ခွံများအပေါ် ပွတ်ဆွဲသွားသည်ဟု ခံစားလိုက်ရပြီးနောက် ဗလာဖြစ်နေသော သူ့လက်များမှာ နွေးထွေးသော လက်ဖဝါးများဖြင့် ဆုပ်ကိုင်ခံလိုက်ရသည်။ ပြီးနောက် ရွှယ်ယုံ၏ နှစ်သိမ့်ပေးသော အသံထွက်လာသည်။
"ကိုယ်ရှိတယ်... နျန်နျန်... အိပ်တော့နော်"
အေးချမ်းစွာ အိပ်ပျော်ခဲ့ရသော ညလေးပြီးနောက် ယွီနျန်နိုးလာသောအခါ ရွှယ်ယုံ၏ လက်မောင်းများအကြား ဖက်တွယ်ခံထားရကြောင်း သိလိုက်ရသည်။ သူက မျက်လုံးများကို အသာအယာ ဖွင့်လိုက်ရာ မျက်လုံးများ ပိတ်ထားပြီး နားရွက်များ နီရဲနေသည့် ရွှယ်ယုံကို တွေ့လိုက်ရသည်။ ယွီနျန်၏ နှုတ်ခမ်းများ ညစ်ကျယ်ကျယ်ဖြင့် တွန့်ကွေးသွားပြီး နူးညံ့စွာဖြင့် တီးတိုးပြောလိုက်သည်။
"အရမ်းနာတယ်"
ထိုစကားများ သူ့နှုတ်မှ ကျဆင်းလာသည်နှင့် ရွှယ်ယုံ မျက်လုံးဖွင့်လာပြီး သူ့လက်က ယွီနျန်၏ ကျောအနောက်ပိုင်းကို ရောက်ရှိသွားသည်။ သူ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
"ဒီနေရာက နာနေတာလား" ပြောနေရင်းဖြင့် သူ့မျက်လုံးများက နောင်တအရိပ်အယောင်တို့ ပြည့်သွားခဲ့သည်။
ယွီနျန်က ရွှယ်ယုံ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး နူးညံ့စွာ ရယ်မောလိုက်သည်။
ရွှယ်ယုံမှာ သူ အိပ်ချင်ယောင်ဆောင်နေခဲ့သည့်အကြောင်းအား အမိခံလိုက်ရပြီ ဖြစ်ကြောင်း နားလည်သွားသည်။ ရင်ခွင်ထဲမှလူကို ဆွဲယူရင်းဖြင့် သက်ပြင်းချမိသွားသည်။
"မင်း..."
ယွီနျန်က မူလလမ်းစဥ်နှင့် ဆန့ကျင်စွာ ရွယ်ယုံကို အနားသို့ ဆွဲကပ်လိုက်ပြီး တစ်နေ့လုံးနီးပါး အိပ်ရာပေါ်တွင်သာ ပျင်းတိပျင်းရွဲ လဲလျောင်းနေခဲ့သည်။ သူက အနက်ရောင် ပိုးသားဝတ်စုံကို ခပ်လျော့လျော့ ကြိုးချည်ကာ ကော်ဇော်ပေါ်တွင် ခြေဗလာဖြင့် နင်းလျှောက်လာခဲ့သည်။ သူက ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး စိတ်အေးလက်အေးဖြင့် အကြောဆန့်လိုက်သည်။
နေရောင်အောက်တွင် မျက်လုံးများ မှေးကျဥ်းကာဖြင့် ယွီနျန် ရွှယ်ယုံထံ ခေါင်းစောင်းလိုက်သည်။
"ဒီလူကြီးမင်းကို ကျွန်တော့်အတွက် ဓါတ်ပုံရိုက်ပေးဖို့ ဒုက္ခပေးလို့ရမလား"
"ဒါပေါ့"
ရွှယ်ယုံက သူ့ဖုန်းကိုယူကာ ယွီနျန်ထံ ကင်မရာဖွင့်လိုက်ပြီး တစ်ခဏအကြာ မျက်နှာပြင်ထက် ရုပ်ပုံလေးတစ်ခုကို ရိုက်မိသွားသည်။ ခါးစည်းကြောင့် ခါးကျဥ်းကျဥ်းလေးကို ပေါ်လွင်နေစေပြီး ယွီနျန်၏ အသားအရည်မှာ နေရောင်အောက်တွင် ကြွေထည်အလား နူးညံ့နေကာ ဆံပင်တစ်ချောင်းချင်းစီက အရောင်တောက်ပနေသလိုပါပင်။ မျက်လုံးလေးများက အပြုံးရိပ်များဖြင့် လက်ဖြာနေခဲ့ပြီး ချက်ချင်းဆိုသလို ကမ္ဘာကြီးက တောက်ပလာသလိုပါပင်။
ဆယ်မိနစ်အကြာ ဝေ့ပေါ်တွင် ရက်ပေါင်းများစွာ တက်ကြွနေခြင်း မရှိခဲ့သည့် ယွီနျန်မှာ "ဂွတ်မောနင်း" ဟူသော စာတိုလေးဖြင့် ဓါတ်ပုံတစ်ပုံ တင်ခဲ့လေသည်။
[နျန်နျန်ရဲ့ ခန္ဓါကိုယ်အချိုးအစား၊ ရုပ်ရည်အသွင်အပြင်၊ အရှိန်အဝါတွေရော သာလွန်ကဲနေတာပဲ... ဒါက ကောင်းကင်ဘုံက ကောင်းချီးမဟုတ်ဘူး... စားသောက်ပွဲကြီးပဲ... ကောင်းပြီလေ... အခု ငါ့အတွက် wallpaper အသစ်နဲ့ ပရိုဖိုင်ပုံအသစ် ရလာပြီ... နျန်နျန်ရဲ့ မျက်နှာလေးကို နေ့တိုင် ငမ်းမယ် ]
[ယွီနျန်က နိုင်ငံခြားမှာပဲလား... ဒီနေရာမှာ မနက်ရောက်နေပြီ... ဂွတ်မောနင်းပါ ယွီနျန်ရေ... ခဏလေး... ဒီပုံနဲ့ ပတ်သက်ပြီး တစ်ခုခု နားလည်သွားပြီ... ဒါကို ဘယ်သူ ရိုက်ပေးထားတာလဲနော်... ငါအရမ်း မနာလို ဖြစ်နေပါပြီ... စပျစ်ချဥ်သီးတွေ တစ်လမ်းလုံးပဲဟေ့... ရုတ်တရက်ကြီး မျက်ရည်တွေ တတောက်တောက် ကျလာတယ်]
[မှန်ဘီလူးရှိတဲ့ နျန်ကော်မလေးပါ... နျန်နျန် မန်မှန်ပြောနော်... မင်းရဲ့ ဝတ်ရုံကော်လာရှိတဲ့ လည်ပင်းအနောက်မှာ အနီမှတ်ကြီးလားလို့... ဓါတ်မတည့်တာလား... ခြင်ကိုက်ခံရတာများလားးQAQ]
[မှန်ဘီလူးရှိတဲ့ နျန်ကော်မလေးပါ... ပြတင်းပေါက်မှန်မှာ လူပုံတစ်ခုရှိနေတယ်... နျန်နျန်ရေ... မ
ားမားကို မှန်မှန်ပြောနော်... ဓါတ်ပုံကို သူရိုက်ပေးထားတာလား... သူက အတိအကျ ဘယ်သူများလဲနော်... ရွှတ်... ရွှတ်... ရွှတ်.... QAQ]