Chapter 175
ကိုယ်အခုပဲ လိုချင်တယ်
တရားဝင် အသံသွင်းသည့်အချိန်ရောက်လာသောအခါ ယွီနျန်က ပြတင်းပေါက်ဘေးမှ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ရွှယ်ယုံ ပစ္စည်းကိရိယာများ တပ်ဆင်နေသည်ကို ငေးမောလျက်ကြည့်နေခဲ့သည်။ ထို့နောက် သူက စန္ဒယားခုံတွင် ထိုင်ကာ စန္ဒယား ခလုတ်များပေါ်တွင် လက်တင်၍ စတင်တီးခတ်လေတော့သည်။
ရွှယ်ယုံ၏ ကိုယ်နေဟန်ထား အပြစ်အနာအဆာ ကင်းကာ ကျောပြင်က ဖြောင့်မတ်နေသည်။ သူ၏ ဘေးတိုက်မျက်နှာမှာ အလင်းရောင်နှင့် အရိပ်များကြောင့် ပုံပေါ်လာနေပြီး ချောမောခန့်ညားသော မျက်နှာ အသွင်အပြင်များကို ရုပ်လုံးကြွလာစေသည်။ ရွှယ်ယုံ၏ ပုံမှန်ပြုနေကျ အရှိန်အဝါတို့က အမြဲတမ်းအေးစက်၍ ခပ်တန်းတန်း ဖြစ်နေလေစေရာ အနည်းငယ်ပါးလျသော နှုတ်ခမ်းပါးတို့က အစွန်းနှစ်ဖက်တွင် ချွန်မြနေစေပြီး အကြည့်များက လူတစ်ယောက်၏ နှလုံးသားကို တင်းကျပ်သွားစေလောက်သည့် အအေးဓါတ်များ သယ်ဆောင်လာပေးသည်။
သို့သော်ငြား သီချင်းသံ ထွက်ပေါ်လာသည်နှင့် ချက်ချင်းမှာပင် ရွှယ်ယုံ၏ မျက်လုံးများက ကြယ်လေးများကဲ့သို့ တောက်ပသွားခဲ့သည်။ လက်ချောင်းထိပ်လေးများက မှော်ဆရာလေးတစ်ယောက်လိုပင် ကျော့ရှင်း၍ အင်အားပြင်းစွာ ကခုန်နေကြပြီး ဂီတသံစဥ်များဖြင့် တောက်ပဆန်းကြယ်သော ကမ္ဘာကြီးကို ထွင်းထုနေသည့်ပုံအလားပင်။
သူက ဤကမ္ဘာကြီး၏ အရှင်သခင်သာ....
စန္ဒယားသံ ရပ်သွားသည်နှင့် ရွှယ်ယုံက သူ့ကိုယ်သူ စိတ်ပျက်နေသည့်အလား နှစ်စက္ကန့်မျှ မလှုပ်မယှက် ဖြစ်သွားသည်။ သူ့ခေါင်းကို ယွီနျန်ထံသို့ လှည့်၍ ပြောလိုက်သည်။
"နျန်နျန်... ကိုယ်ထပ်တီးဖို့ လိုသေးတယ်"
သူ့အသံထဲတွင် စိတ်ပျက်မှုနှင့် မပျော်မရွှင်ဖြစ်နေသည့် အရိပ်အယောင်တို့ ပါနေသည်။
ယွီနျန်မှာ မည်သည်ကိုမှ မှားမကြားလိုက်သော်ငြား ရွှယ်ယုံ၏ သူ့ကိုယ်သူအပေါ် စံသတ်မှတ်ချက်များမှာ မလွဲမသေ အလွန် မြင့်မားနေမည်ကို သိနေခဲ့သည်။ ထို့ကြောင့် မျက်ခုံးများ ပင့်လာသည်အထိ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ရတာပေါ့... ဆက်တီးလေ" တစ်ခဏအကြာ သူထပ်ပေါင်းပြောလိုက်သည်။ "နားထောင်ရတာ တကယ်ကောင်းတယ်"
ယွီနျန်၏ ချီးကျူးမှုများ ရရှိလိုက်သည့် ရွှယ်ယုံ၏ စိတ်အခြေအနေမှာ အနည်းငယ် လင်းထိန်သွားသည်။ သူ အသက်ဖွဖွ ရှူလိုက်ပြီးနောက် သီချင်းစာရွက်များကို တစ်ခဏမျှ စိုက်ကြည့်၍ ထပ်တီးလိုက်သည်။
တတိယအကြိမ်ရောက်မှသာ ရွှယ်ယုံ စိတ်ကျေနပ်သွားလေသည်။ သူက စန္ဒယားအဖုံးကို ပိတ်၍ ပစ္စည်းကိရိယာများကို ပြန်ပိတ်လိုက်ပြီးနောက် ယွီနျန်ရှိရာသို့ ရောက်လာကာ ရှေ့တွင် ရပ်လိုက်သည်။ သူက ကိုယ်ကိုကိုင်း၍ အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။
"ကိုယ်တီးသွားတာကောင်းရဲ့လား" အသံအနေအထားတွင် စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်များ ပါဝင်နေခဲ့သည်။
ယွီနျန်က ချီးကျူးပေးရန် တွန့်ဆုတ်မနေပေ။
"အရမ်းကောင်းတယ်"
ရွှယ်ယုံ၏ အကြည့်များ တောက်ပဝင်းလက်လာခဲ့သည်။ သူက ဘယ်လက်ကို ဆိုဖာပေါ်တွင် တင်ကာ အသံအနေအထားထဲတွင် အက်ရှရှ လေသံများ ပါဝင်နေခဲ့သည်။
"ဒါဆိုရင်... နျန်နျန် ကိုယ့်ကို ဆုချပေးမှာလား"
Vပုံစံ လည်ပင်းပေါက်ပါ ဆွယ်တာခပ်ပွပွ ဝတ်ထားသည့် ယွီနျန်က နှုတ်ခမ်းထောင့်များပင့်ကာဖြင့် ဆိုဖာပေါ်တွင် သက်တောင့်သက်တာ ပြန်မှီလိုက်သည်။
"ဘယ်လို ဆုမျိုးလိုချင်လဲ... ကျွန်တော် စဥ်းစားပေးမယ်လေ"
ရွှယ်ယုံက ယွီနျန်၏ တင်ပါးများကို ခိုင်ခိုင်မြဲမြဲ မယူကာ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ထို့နောက် ယွီနျန်၏ နားရွက်လေးများ အနားသို့ ကိုင်း၍ နားသန်သီးလေးများကို ခပ်ဖွဖွ ကိုက်လိုက်ပြီးနောက် လျှာဖြင့်ယက်လိုက်သည်။ ပြီးနောက် သူ တီးတိုးပြောလိုက်သည်။
"ဒီညနှစ်ခါလုပ်လို့ရမလား"
မထင်မှတ်ထားစွာပင် ရွှယ်ယုံလိုချင်နေသော ဆုက ထိုအရာဖြစ်နေသည်။ ယွီနျန်က တီးတိုးရယ်မောလိုက်ပြီးနောက် ရွှယ်ယုံ၏ လည်ပင်းကို သိုင်းဖက်ကာ ပြန်ဖြေလိုက်သည်။
"ဒါပေါ့... ခင်ဗျားလိုချင်သမျှ ရစေရမယ်"
အသံသွင်းထားပြီး ဖြစ်သော တွဲဖက်ဂီတသံကို နားထောင်၍ ပြဿနာ တစ်စုံတစ်ရာ မရှိတော့ကြောင်း အတည်ပြုပြီးမှ ယွီနျန်က နောက်ကျောပြင်နှင့် ခြေထောက်များ နာကျင်နေဆဲ အနေအထားဖြင့် ဆိုဖာပေါ်တွင် ပြန်ထိုင်ကာ မုန့်ယွမ်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
ရွှယ်ယုံက ယွီနျန်ကို လွှတ်မပေးလိုက်ချင်ဘဲ ရင်ခွင်ထဲတွင် ထည့်ဖက်ထားပြီး ဆိုဖာပေါ်တွင် အတူတကွ တိုးဝင်ပူးကပ်နေသည်။
မုန့်ယွမ် ဖုန်းပြန်ဖြေလာသောအခါ ယွီနျန်က အကြောင်းအရာကို တန်းပြောလိုက်သည်။
"အစ်ကိုမုန့်... ကျွန်တော့်ဘက်က တွဲဖက်စန္ဒယားသံကို လုပ်ပြီးသွားပြီ... လာမဲ့နှစ်ရက်အတွင်း အသံသွင်းစတူဒီယိုကို စီစဥ်ပေးနိုင်မလား"
သူ့စကားမဆုံးခင်မှာပင် ရွှယ်ယုံ၏ နှုတ်ခမ်းများက လည်ပင်းသားများအပေါ် ဖိကပ်လာပြီး အနမ်းများကို တစ်လက်မချင်းစီ တဖြည်းဖြည်း ရိုက်နှိပ်လာကြောင်း ယွီနျန် သတိထားမိသွားသည်။ ထိုလှုံ့ဆော်မှုက သူ့ကို တုန်ယင်သွားစေပြီး ရွှယ်ယုံကို ခပ်နောက်နောက် အကြည့်တစ်ချက် လွှတ်လိုက်သော်ငြား မျာက်လုံးများထဲတွင် အပြုံးရိပ်များ ရှိနေဆဲ ဖြစ်သည်။ သူက ဟန့်တားစေနိုင်သော အကျိုးသက်ရောက်မှုများ အမှန်ပင် ရှိမနေခဲ့ပါပေ။
“ဟုတ်လှချည်လား" မုန့်ယွမ် သဘောတူလိုက်သည်။ "ကိစ္စမရှိဘူးဘူး... ငါ အခုပဲ စီစဥ်လိုက်မယ်... မင်းလုပ်နေကျတစ်ခုကို သုံးနေတုန်းမလား"
"အင်း... အဲ့ဒီတစ်ခုက အဆင်ပြေတယ်... အရာအားလုံး ချောချောမွေ့မွေ့ သွားနေရင်း အသံသွင်းတာကို တစ်ရက်တည်းနဲ့ အပြီးသတ်နိုင်မှာပဲ"
ယွီနျန် ပြန်ဖြေလိုက်သည်။ ရွှယ်ယုံ သူ့အင်္ကျီလည်ပင်းကို ခပ်လျော့လျော့ ဆွဲချလိုက်ပြီး ညှပ်ရိုးများနှင့် ပုခုံးသားများ ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသည့် အချိန်၌ အသံရပ်သွားသည်။ သူတို့၏ နှုတ်ခမ်းဖျားများအထိအတွေ့က အသက်ရှုသံများကို အလိုအလျောက် တုန်ယင်လာစေသည်။
သို့သော်လည်း ရွှယ်ယုံက သူ့ကိုအာရုံစိုက်လာစေရန် ကြိုးစားနေခြင်း ဖြစ်သည်ကို သိနေပြီး ရွှယ်ယုံ၏ အပြုအမူများကို မတားမြစ်ချင်သဖြင့် ယွီနျန်က အသံကို ငြိမ်အောင်ထိန်းလိုက်ပြီး ဆက်ပြောလိုက်သည်။ "လိုရမယ်ရ နှစ်ရက်လောက် ကြိုယူထားလိုက်ရအောင်"
“ဒါပေါ့... စကားမစပ် ဖူနာအလင်္ကာ သောက်ရေသန့်ဘက်က တရုတ်နှစ်သစ်ကူး ပုံစံ ကြော်ငြာပုံရိပ်လို ရိုက်ကူးချင်နေကြတယ်... မင်းရဲ့ဖုန်းထဲကို အချိန်စာရင်း ထည့်ပေးလိုက်မယ်... တနင်္ဂနွေနေ့မှာ နှစ်သစ်ကူးနဲ့ နွေဦးပွဲတော်အတွက် ပရိုမိုးရှင်းနှစ်ခုလုံး ရိုက်ကူးဖို့ စီစဥ်ထားတယ်... အဲ့ဒီလိုသာဆို နှစ်ခေါက်လုံး တောင့်ခံစရာ မလိုတော့ဘူး... ရာသီဥတုက တကယ်အေးနေတာ... ဒါကြောင့် အပေးမမိအောင် ရေနွေးနဲ့ ချိုးပြီး နွေးနွေးထွေးထွေး ဝတ်ထားနော်"
ယွီနျန်က အတိုချုံ့သာ ပြန်ဖြေလိုက်သည်။
"သိပါပြီ... ကျေးဇူးပါ... အစ်ကိုမုန့်"
ဖုန်းခေါ်ဆိုမှုပြီးသွားပြီးနောက် နောက်ထပ်အခိုက်အတန့်လေးတွင် ရွှယ်ယုံက ဖုန်းကို အဝေးသို့ ပစ်ထုတ်လိုက်သည်။ ယွီနျန်၏ အဝတ်များက တစ်ဝက်ပွင့်ဟလျက်ရှိနေပြီး ပုခုံးသား၊ ရင်ဘတ်နှင့် ညှပ်ရိုးများထက် ပန်းရောင်ဖျော့ဖျော့ အနမ်းမှတ်များ ရှိနေသည်။ ရွှယ်ယုံ၏ ကိုယ်မှ လှိုက်တက်လာသော အပူများကို အာရုံခံမိလိုက်သည့် ယွီနျန်က စကားပြောရန်အပြု ရွှယ်ယုံ၏ နှုတ်ခမ်းနှင့်လျှာများထံမှ ပိတ်ဆို့ခံလိုက်ရသည်။
အနမ်းပြင်းပြင်းတစ်ခုပြီးနောက် ယွီနျန်၏ နှုတ်ခမ်းများက အတန်ငယ် စိုစွတ်နေခဲ့ပြီး ရွှယ်ယုံ၏ ရင်ခွင်ထဲသို့ ခိုဝင်ကာ အသက်ရှုသံများ မတည်မငြိမ်ဖြစ်လာသည်။ "ညမှလို့ ပြောခဲ့တယ်လေ"
ရွှယ်ယုံ၏ မျက်လုံးများက နက်ရှိုင်းနေပြီး လက်ချောင်းများကမူ ယွီနျန်၏ ညှပ်ရိုးလေးများထက် ပွတ်ဆွဲနေခဲ့သည်။ အက်ရှနေသော လေသံဖြင့် သူပြောလိုက်သည်။ "ကိုယ် အခုပဲ လိုချင်တယ်"
ယွီနျန်က စိုးရိမ်သောကကင်းသော အချိန်စာရင်းဖြင့် တေးသံသွင်းစတူဒီယိုထဲတွင် တစ်ရက်လုံး ကုန်ဆုံးခဲ့ပြီး ညနေရောက်သောအခါ "လူပျိုလှည့်တေး"၏ အသံသွင်းမှုကို အဆုံးတွင် အဆုံးသတ်နိုင်ခဲ့သည်။
ယွီနျန်က ရေခွက်ထဲမှ ရေတစ်ငုံသောက်လိုက်ပြီးနောက် မုန့်ယွမ်တစ်ယောက် တိတ်ဆိတ်နေပြီး စကားဟလာခြင်းမရှိကြောင်း တွေ့လိုက်ရသည်။ သိလိုစိတ်အပြည့်ဖြင့် သူပြောလိုက်သည်။
"အစ်ကိုမုန့်... ဘာဖြစ်လို့လဲ"
မုန့်ယွမ်က အတွေးလွန်နေရာမှ အသိဝင်လာသည်။
"ဥက္ကဌရွှယ် တီးတဲ့အပိုင်းကို နားထောင်နေတာ"
ထိုစကားကို ကြားသောအခါ ယွီနျန် တောက်ပစွာ ပြုံးလိုက်သည်။ "အရမ်း နားထောင်လို့ ကောင်းလို့လား"
“ရှေးဟောင်းဂီတနဲ့ စန္ဒယားအတွဲအစပ်က ငါ့ရဲ့ ကျွမ်းကျင်မှုထက် တအားကျော်လွန်နေတာ... ဒါပေမယ့် ငါဘယ်လို ထားလိုက်ရပါ့မလဲ... ဥက္ကဌရွှယ်လည်း တီးလိုက်ရော လုံးဝကွဲထွက်သွားတာပဲ... ဒါ ညှို့ယူဖမ်းစားနိုင်တာပဲ... ငါတောင် နည်းနည်းလောက် ဆွဲဆောင်ခံလိုက်ရသေးတယ်"
မုန့်ယွမ် ရယ်လိုက်ပြီးနောက် သက်ပြင်းချလိုက်ပြန်သည်။
"ဒါပေမယ့် စိတ်မကောင်းစရာပဲ... ဥက္ကဌရွှယ်သာ စန္ဒယားတီးနေတုန်းသာဆို အရမ်းကျော်ကြားနေတော့မှာ... အခုလောက်ဆို ကမ္ဘာလှည့် ဖျော်ဖြေမှုတွေ အများကြီး လုပ်နေလောက်ပြီ"
ယွီနျန်က ရေခွက်ကို ပြန်ချထားလိုက်ပြီးနောက် ရွှယ်ယုံ ပြောခဲ့ဖူးသည့် စကားကို အမှတ်ရမိသွားသည့်အတွက် အကြည့်များ နူးညံ့လာခဲ့သည်။
"အင်း.. သူက ဂီတကို အမြဲတမ်း ချစ်ခဲ့တာ... အထူးသဖြင့် စန္ဒယားပဲ... သူက တာဝန်ဝတ္ထရားတွေကို ပုခုံးထမ်းထားလိမ့်မယ်... ကျွန်တော် သူ့ရဲ့ ဒီလိုပုံကို တကယ် သဘောကျတယ်”
မုန့်ယွမ်က ပါးကို လက်ဖြင့် အုပ်ထားလိုက်သည်။ "အူး... ငါ သွားဆရာဝန်နဲ့ သွားပြရတော့မှာပဲ... ပါးတွေ နာလာပြန်ပြီ"
ယွီနျန်က မုန့်ယွမ်၏ အလွန်အကျုး ချဲ့ကားထားသော အမူအယာများကို ရယ်မောလိုက်ပြီးနောက် စကားလမ်းကြောင်း လွှဲလိုက်သည်။
"ကျွန်တော်တို့ မနက်ဖြန် နေ့တစ်ဝက်တည်းနဲ့ ပြီးအောင် သံစဥ်တွေ အသံသွင်းရမယ်... ဒီလိုဆို နေ့တစ်ဝက်စာကြေး သက်သာသွားတာပေါ့"
“ကောင်းတယ်... ကောင်းတယ်... ချွေတာတာ ကောင်းတယ်" မုန့်ယွမ်က ယွီနျန်ကို ဂရုတစိုက် လေ့လာလိုက်ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အတော်လေး စိတ်အခြေအနေကောင်းလာကြောင်း အတည်ပြုလိုက်သည်။ သူက သတိထား၍ မေးလိုက်သည်။
"သတင်းထောက်တွေက အင်တာဗျူးဖို့ ရက်ချိန်းယူချင်နေကြတယ်"
ယွီနျန်၏ အပြုံး အနည်းငယ် လွင့်ပါးသွားသည်။
"ကျွန်တော့်အဖေအကြောင်းလား"
"ဖြစ်ဖို့များတယ်... အခု ပြင်ပကမ္ဘာကြီးက အရမ်းကို သိချင်နေကြတာလေ... ခန့်မှန်းချက်တွေလည်း အမျိုးမျိုး ထွက်နေကြတာ... လူတိုင်းက လက်တွေ့ ယုံကြည်ရမဲ့ အချက်အလက်မျိုး လိုချင်နေကြပြီလေ... ငါ မင်းကိုယ်စား ဆုံးဖြတ်ချက် ချမှာ မဟုတ်ဘူး... နျန်နျန်... ဒါက မင်းနဲ့ပဲဆိုင်တယ်"
ယွီနျန်က နှစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။
"ကျွန်တော် အခုထိ အသင့်မဖြစ်သေးဘူး... ဒီအကြောင်းကို နောက်မှ ပြောကြရအောင်"
မုန့်ယွမ်က ခပ်မြန်မြန်ပင် ကတိပေးလိုက်သည်။
"ဒါပေါ့... ငါသင့်တော်သလို ဖြေရှင်းလိုက်မယ်... ငါတို့ အချိန်တစ်ခုလောက်ထိ ဒီခေါင်းစဥ်ကို မထိကြတာပေါ့"
ယွီနျန်က စိတ်အားထက်သန်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ "ကျေးဇူးပါ... အစ်ကိုမုန့်"
*****
ဖူနာအလင်္ကာ သောက်ရေသန့်၏ ပိုစတာ ဓါတ်ပုံရိုက်ကူးမှု ပြီးဆုံးသွားသောအခါ ယွီနျန်က ရိုက်ကူးရေးအဖွဲ့ကို ကျေးဇူးတင်စကား ပြောပြီးနောက် ပါကင်နေရာကို လျှောက်လာခဲ့သည်။ ကားပါကင်သို့ ရောက်လာသောအခါ တစ်စုံတစ်ယောက်က ထောင့်တစ်နေရာမှ ရုတ်တရက် ခုန်ထွက်လာခဲ့ပြီး ယွီနျန်၏ မျက်နှာကို ရိုက်မိလုမတတ် မိုက်ခရိုဖုန်းတစ်ခု ထိုးပေးလာခဲ့သည်။ ထိုသူက အလွန်အမင်း မြန်ဆန်သော လေသံဖြင့် ပြောဆိုနေပြီး မေးခွန်းများကို ဗုံးကျဲသလို ပစ်လွှတ်လာသည်။
“သင်္ဘောဘုရင်ကြီး ကွယ်လွန်သွားပြီးတော့ အမွေတွေ အများကြီး ဆက်ခံခဲ့ရပါသလား... သူ့ရဲ့ သေဆုံးမှုကို ဝမ်းနည်းမိပါသလား... သူနဲ့ မင်းအမေကြား ဆက်ဆံရေးက ဘယ်လိုမျိုးလဲ... မင်းအဖေနဲ့ ဆက်ဆံရေးကောင်း ရှိရဲ့လား"
ကားပါကင်တွင် လူအများကြီး မရှိသဖြင့် ယွီနျန်က ရှစ်ရော့နှင့်အတူ စကားပြောနေခဲ့သည်။ ထိုဂျာနယ်လစ်ထံမှ မေးခွန်းအတွဲလိုက်ကြီးကို ကြားရသောအခါ သူ့နှုတ်ခမ်းဖျားထက် အပြုံးတစ်ခု ရှိနေသေးသော်ငြား မျက်လုံးများကမူ အေးစက်သွားခဲ့ပြီပင်။
ဂျာနယ်လစ်မှာ ယွီနျန်ကို ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ထားခဲ့ပြီး နောက်ဆုတ်မည့် လက္ခဏာမရှိပေ။ မိုက်ခရိုဖုန်းက ရှေ့သို့သာ တိုး၍ လာနေပြီး သူ့အသံ လူရှင်းနေသော ကားပါကင်ထဲတွင် ဟိန်းထွက်နေကာ အတော်လေး ပြင်းထန်လာနေသည်။
"မင်းက အင်တာဗျူးဖို့ ငြင်းနေတယ်.... မင်းမှာ ထုတ်မပြောနိုင်တဲ့ လျှို့ဝှက်ချက်တွေ အတွင်းသတင်းတွေ ရှိနေလို့လား... ဒါမှမဟုတ် မင်းကပဲ..."
ထိုအခိုက် ဘော်ဒီဂတ်အချို့ အပြေးရောက်လာကြသည်။ သူတို့က မိုက်ခရိုဖုန်းကို အဝေးသို့ တွန်းလွှတ်လိုက်ကြပြီး ကင်မရာကို အားသုံး၍ ပိတ်ကာ ဂျာနယ်လစ်နှင့် ကင်မရာကို ပိတ်ဆို့ထားလိုက်ကြသည်။ ထိုအခိုက် ရွှယ်ယုံက ယွီနျန်အား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းထားလိုက်သည်။
ယွီနျန်ကို စိတ်အေးသွားစေရန် နဖူးပေါ် ခပ်ဖွဖွ အနမ်းပေးလိုက်ပြီးနောက် ခေါင်းပြန်လှည့်လိုက်သည်။ သူ့အကြည့်များက ရေခဲဓါးမြှောင်တစ်ချောင်းကဲ့သို့ ဖြစ်နေပြီး ဘော်ဒီဂတ်များကို ကျော်၍ သူတို့ကို ရင်ဆိုင်နေသည့် ဂျာနယ်လစ်ကို ထူးမခြားနားပုံစံဖြင့် စိုက်ကြည့်လိုက်သည်။ သူက စကားလုံးလေးတစ်လုံးကိုသာ ရေရွတ်လိုက်သည်။
"ထွက်သွား"
ဂျာနယ်လစ်၏ မျက်နှာက သေလောက်အောင် ဖြူဖျော့သွားပြီး မျက်လုံးများထဲ၌ အကြောက်တရားများ ထင်ဟပ်လာခဲ့သည်။ သူက မသိစိတ်အရ ခြေတစ်လှမ်းဆုတ်မိလိုက်ပြီး လှည့်ထွက်သွားလေသည်။
ရွှယ်ယုံက ဘော်ဒီဂတ်များအား ခေါင်းငြိမ့်၍ အချက်ပြလိုက်ရာ ဘော်ဒီဂတ်နှစ်ယောက်က အဆက်မပြတ် လိုက်သွားကြပြီး အနီးကပ်လိုက်ကြည့်လိုက်ကြသည်။
အနီးအနားပတ်ဝန်းကျင်က ငြိမ်သက်အေးချမ်းမှု ပြန်ရသွားသည်။ ရွှယ်ယုံက ယွီနျန်၏ ကျောကို ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီး တီးတိုးပြောလိုက်သည်။
"အဆင်ပြေသွားပြီ... နျန်နျန်... အဆင်ပြေသွားပြီ"
ယွီနျန်က စိတ်ခံစားချက်များကို ငြိမ်သက်စေလိုက်ပြီးနောက် စိတ်ထဲတွင် ပေါ်လာသည့် အမျိုးမျိုးသော ပုံရိပ်များကို ဖိနှိပ်လိုက်သည်။ သူ့အသံက အနည်းငယ် တင်းကျပ်နေပြီး ရွှယ်ယုံကို မေးလိုက်သည်။ "ဒီကို ဘယ်လို ရောက်လာတာလဲ"
“မင်းကို ကြိုပြီးရင် အိမ်ပြန်ဖို့လေ"
သာမန်ဆန်လွန်းသာ စကားတစ်ခွန်းဆိုသော်ငြား ထိုအခိုက်တွင် ခိုင်မာသော အရံအတားကြီးတစ်ခုအဖြစ် ကူးပြောင်းသွားလေပြီး နှလုံးသား၏ ကျိုးပဲ့လွယ်သော နေရာများကို ဖုံးကာပေးထားလေသည်။ ယွီနျန်က သူ့ခေါင်းကို ရွှယ်ယုံ၏ ပုခုံးထက် မှီလိုက်ပြီး နူးညံ့စွာဖြင့် တီးတိုးပြောလိုက်သည်။
"ကောင်းပါပြီ"