အပိုင်း ၁၅၀
Viewers 19k

chapter 150

ဘုရင်မ၏အတင်းအကြပ်စုံတွဲလုပ်ချင်မှု


"ငါတကယ် တကယ် တကယ်ကိုနင့်ကိုကြိုက်တာ..."


ဘုရင်မက အကြိမ်ပေါင်းမြောက်မြားစွာထပ်ပြောလိုက်ပြီး ယောင်စစ်ကိုဆွဲ၍ တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။ဘုရင်မက အရပ်အမောင်းအားသာချက်ကိုအသုံးပြုပြီး သူမ၏ရင်ခွင်ထဲသို့နစ်မြုပ်အောင်ဖိသွင်းလိုက်သည်။


ယောင်စစ်မ တုံ့ပြန်နိုင်ခင်မှာပင် အားပျော့သွားပြီးအသက်ရှုရပ်မတတ်ဖြစ်သွားလေသည်။


ကျူးမီးငှါး....


အရေးကြီးသော အခိုက်အတန့်တွင်သူမ၏ အားကိုးရသော ကလေးထိန်းဖေဖေက  ဘုရင်မ၏ ပွေ့ဖက်မှုထဲမှ ဆွဲထုတ်လိုက်သည်။ယောင်စစ် အဆုတ်ထဲသို့လေများ နောက်တဖန်အပြည့်ဝင်လာသည်။ သူမအသက်ပြင်းပြင်းတချက်ရှိုက်လိုက်ရသည်။


ရင်သားကြီးကြီးမိန်းမတွေကတကယ့်ကိုအန္တာရာယ်ပဲ...


"နင်...ဒါဘာလုပ်တာလဲ..."


ဘုရင်မကဒေါသထောင်းထောင်းထွက်ကာ မူရွှမ်ကို စိုက်ကြည့်လိုက်သည်။


"ဘယ်လိုဖြစ်လို့ ငါ့ရဲ့အချစ်လေးနဲ့ ငါ့ကိုခွဲရတာလဲ..."


သောက်ကျိုးနည်း...နင့်ရဲ့အချစ်ဆိုတာဘယ်သူတုန်း... ငါတို့တစ်ယောက်နဲ့တစ်ယောက်တွေ့တာ ငါးမိနစ်တောင်မပြည့်သေးဘူးလေ...


မူရွှမ်၏ မျက်နှာ မဲမှောင်သွားပြီး မျက်ခုံးများတွန့်ချိုးသွားသည် ။


"သူမကငါ့အပိုင်ပဲ... ငါ့ရဲ့ကလေးလေး..."


ဘုရင်မအေးခဲသွားသည်။ သူ သတင်းဆိုးတစ်ခုကို ကြားလိုက်ရသလိုမျိုး တုန်တုန်ရီရီဖြင့်ယိမ်းယိုင်သွားပြီး သူမ၏အတောင်ပံများပင်‌ ဖျော့တော့သွားသည်။ သူမ၏မျက်ဝန်းများက နီရဲလာပြီး အလွန်နာကျင်နေပုံဖြင့် မျက်ရည်များဝေ့သီလာသည်။ သူမ၏အမူအယာလေးက အလွန်ပင် သနားစရာကောင်းလှသည်။


မိနစ်ဝက်မျှအကြာ၌ သူမ ယောင်စစ်ကို စိုက်ကြည့်လာပြီးစကားပြောလာလေသည်။


"အချစ်ဆုံးလေး...နင်... နင်... ငါကနင့်ကိုအရမ်းချစ်တာလေ...နင်ဘယ်လိုများလုပ်ရက်ရတာလဲ..."


သူ မစကားမဆုံးခင် မျက်ရည်ပေါက်ကြီးများက မျက်နှာပေါ်လိမ့်ဆင်းကြလာလေသည်။


"ရှင်...မငိုပါနဲ့နော်..."


ယောင်စစ်ချက်ချင်းပင်အပြစ်ရှိသလိုခံစားလိုက်ရပြီး မျက်ရည်များကူပြီးသုတ်‌ပေးရန်အလိုအလျောက် ရှေ့တိုးလိုက်မိသည်။


"စစ်စစ်..."


သို့သော် မူရွှမ်က သူမကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီးအနောက်သို့ပြန်ဆွဲလိုက်သည်။


ယောင်စစ်တွေဝေနေပြီး မှသတိပြန်ဝင်လာသည်။


နေပါဦး...ငါကဘာလို့အပြစ်ရှိသလိုခံစားရတာလဲ...ငါသူ့ကိုသိတောင်မသိဘူးလေ...


မျှော်လင့်ထားသည့်အတိုင်း ရုပ်ရည်ချောမောသူများက အမြဲတမ်းအရာရာကိုလွယ်ကူစွာရရှိနိုင်ပေသည်။


"ဘုရင်မ.... ရှင် ကျွန်မကိုအခြားတစ်ယောက်ယောက်နဲ့မှားတာဖြစ်ပါလိမ့်မယ်..."


ယောင်စစ်က သူမ၏ပြိုလဲကြေကွဲ ငိုမျက်ရည်ဝဲနေသော အကြည့်များကို ဂရုမစိုက်ပဲ အသက်ပြင်းပြင်း တစ်ချက်ရှိုက်သွင်းကာဆက်ပြောလိုက်သည်။


"ကျွန်မ ရှင့်....ကိုမသိဘူး..."


"ငါ့နာမည်က လျန်ယုလို့ခေါ်တယ်..."


ဘုရင်မက အလျင်စလိုပြောလိုက်သည်။


အာ...ဒါကနာမည်တစ်ခုသက်သက်မဟုတ်တာတော့သေချာတယ်...


"နင့်နာမည်ကစစ်စစ်မဟုတ်လား..."


သူမ၏အကြည့်ထဲတွင် ချစ်ခြင်းမေတ္တာများအပြည့်အဝပေါ်လွင်နေသည် ။


"လျန်ယုနဲ့စစ်စစ် ဘယ်လောက်တောင်လိုက်ဖက်တဲ့နာမည်တွေလဲ...ဒါကစုံတွဲတွေလိုမျိုးပဲမဟုတ်ဘူးလား..."


စုံတွဲ...ဘယ်နေရာကစုံတွဲလဲ...ဒီလိုအတင်းတွဲခိုင်းနေတာကိုရပ်လိုက်ပါတော့...


"အချစ်လေး မင်းကဘာလို့ငါ့ရဲ့ငှက်မွှေးလိုနူးညံ့တဲ့ရင်ခွင်ဆီမပျံလာရတာလဲ...အပြင်မှာလွင့်မျောနေတဲ့ပန်းလေးတွေကြောင့်မယိမ်းယိုင်သွားပါနဲ့...ငါကသာနင့်ရဲ့အချစ်စစ်ပါ..."


"....." လွင့်မျောနေသောပန်းကလေးမူရွှမ် 


ယောင်စစ် နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီသွားသည်။


"ငါကမိန်းမတယောက်ပါ..."


"ဒါကိုငါစိတ်ထဲမထားပါဘူး..."


လျန်ယုက ချက်ချင်း တုံ့ပြန်ပြီးမျက်တောင်တချက်မခတ် သူမကိုစိုက်ကြည့်နေလေသည်။


သာက်ကျိုးနည်း ဒီဘုရင်မကဘယ်လိုဖြစ်ပြီးငါ့ကိုကြွေနေရတာလဲ...


"မင်းကိုငါမြင်လိုက်ကတည်းက မင်းကသာငါ့ရဲ့ ကျန်ရှိနေတဲ့ဘဝတလျှောက်လုံး တူတူဖြတ်သန်းရမယ့်သူဆိုတာသိလိုက်ရတယ်...စစ်စစ် ငါနဲ့အတူပြန်လိုက်ခဲ့ပါ..."


ဘုရင်မက ရှက်ရွံ့နေသောမျက်နှာဖြင့်ပြောလိုက်သည်။


"နေပါဦး နင်ငါတို့ကိုခုနလေးတင်မှ ဖမ်းမိတာမဟုတ်ဘူးလား..."


"ဟုတ်တယ်...အဲ့ဒီ့ခဏလေးအတွင်းပါပဲ နောက်ထပ်အချိန်တွေထပ်မလိုတော့ပါဘူး..."


နင် ဘာကိုဆိုလိုတာလဲ...ဘယ်သူကများနင့်လောက်ယုတ်မာနိုင်ဦးမှာလဲ...


"အရင်က ငါမင်းရဲ့စွမ်းရည်တွေကိုရှာတွေ့ခဲ့တယ်...ငါကငှက်မွှေးတောင်မိသားစုရဲ့နောက်ဆုံးကျန်ရစ်တဲ့ဘုရင်မပဲ...ဒါကြောင့်ငါတို့ရဲ့မျိုးနွယ်မှာသန့်စင်တဲ့တော်ဝင်သွေးမျိုးဆက်မရှိတော့မှာကို ငါစိုးရွံမိတယ် မင်းရဲ့စွမ်းရည်ကလွှမ်းမိုးနိုင်စွမ်းရှိတယ်လို့လဲ ငါကြားခဲ့ရတယ်..."


သူမကပြောနေရင်းဖြင့် ရှက်ရွံ့နီရဲနေသောမျက်နှာကို လက်ဝါးအုပ်ကာလိုက်သည်။


"ဒါပေမဲ့လဲ တကယ့်တမ်းလက်တွေ့မှာ မင်းကဒီလောက်တောင် အံ့အားသင့်ဖွယ်ကောင်းလိမ့်မယ်လို့တောင် ငါလုံးဝမမျှော်လင့်ထားခဲ့ဘူး...အခုငါဆုံးဖြတ်ချက်ချလိုက်ပြီ...သန့်စင်တဲ့သွေးမျိုးဆက်တော်ဝင်ဘုရင် ဖြစ်ဖို့မလိုတော့ဘူး...စစ်စစ် ငါတို့လက်ထပ်ကြရအောင်...ငါ့ကိုနင့်ရဲ့ကလေးလေးတွေမွေးခွင့်ပြုပါ..."


ဘုရင်မက အရမ်းကိုပြတ်သားပြီး မျိုးနွယ်ရဲ့တာဝန်ကိုစောင့်သိတတ်တယ်မဟုတ်ဘူးလား...အခုနင်ဘယ်လိုတွေတွေးနေတယ်ဆိုတာကို နင့်ရဲ့မျိုးနွယ်ကလူတွေသိကြရဲ့လား...


"တော်လောက်ပြီ..."


မူရွှမ်ကသူ့၏နောက်ဆုံးစည်းကို လာထိသောကြောင့် သည်းမခံနိုင်တော့သလိုမျိုး ဘုရင်မကို အေးစက်စွာစူးစူးရဲရဲစိုက်ကြည့်လိုက်သည်။


"ထွက်သွားစမ်း..."


သူ့ လက်တွင် အလင်းလှိုင်းလုံးတစ်ခုထွက်ပေါ်လာပြီးနောက် ဘုရင်မအနောက်သို့ဆုတ်သွားလေသည်။ ထိုအခိုက်အတန့်တွင် မူရွှမ်ကယောင်စစ်၏လက်ကိုဆုပ်ကိုင်လိုက်ပြီး...သူတို့ယာဉ်ပျံပေါ်သို့ပြန်ရောက်ရှိသွားကြသည်။


"မင်းတို့ပြန်ရောက်လာပြီလား..."


 လုချန်ကအံ့အားတသင့်ပြောလိုက်ပြီး ယာဉ်ပျံကို အပေါ်သို့ထိုးခွဲတက်လိုက်သည်။


ထိုအချိန်၌ သူတို့၏ယာဉ်ပျံကလှုပ်ခါသွားလေသည်။ သူတို့၏အထက်တွင်ကြီးမားလှသောကြာပန်းယာဉ်ပျံကနှစ်ခြမ်းကွဲသွားကာ သူတို့ရှိရာဆီသို့မျောလွင့်လာလေသည်။


ထက်ပိုင်းကွဲသွားတာလား...ငါ့ရဲ့ကလေးထိန်းဖေဖေကဒေါသထွက်နေတာလား...


လုချန် အံ့အားတသင့်ဖြင့်ငေးကြည့်နေမိသည် 


"အဲ့တာကောင်းကင်သစ်ပင်ရဲ့ပန်း...စကြာဝဠာထဲမှာအဆင့်မြင့်ဆုံးယာဉ်ပျံမဟုတ်ဘူးလား...ဘယ်လိုဖြစ်သွားတာလဲ..."


လုချန် အံ့အားသင့်ငေးမောနေစဉ်မှာပင် ရုတ်တရက်ဖန်သားပြင်တစ်ခုထွက်ပေါ်လာလေသည်။ ဘုရင်မကြီး၏ဒေါသအမျက်ပြည့်နှက်နေသောမျက်နှာက ဖန်သားပြင်တစ်ခုလုံးပေါ်တွင်လွှမ်းမိုးသွားသည် သူကမူရွမ့်ကိုစူးစူးရဲရဲစိုက်ကြည့်လိုက်သည်။


"ယုတ်မာရိုင်းစိုင်းတဲ့ လူယုတ်မာ...ငါ့ရဲ့ယာဉ်ပျံကိုဖျက်ဆီးရဲတယ်...စစ်စစ်...ငါ့ဆီအခုပြန်လာခဲ့..."


သူမကမူရွမ်ကိုဒေါသတကြီးအော်ဟစ်ပြီးမှ ယောင်စစ်ဆီသို့ သနားစဖွယ်ကောင်းစွာကြည့်လိုက်သည်။


"စစ်စစ် ငါ့ကိုတကယ်ထားခဲ့တော့မှာလား...ငါက နင့်ကိုနှလုံးသားတခုလုံးပုံအပ်ထားပြီးပြီလေ...နင်ဘယ်လိုလုပ်ပြီးတော့ဒီလူယုတ်မာကိုယုံကြည်နိုင်ရတာလဲ...ယောက်ျားတွေက တစ်ယောက်မှမကောင်းဘူး..."


"ယာဉ်ပျံကိုထွက်ခွာတော့..."


မူရွှမ် လုချန်ကို အေးစက်စွာစိုက်ကြည့်ပြီးရေခဲတမျှအေးစက်သောအသံ ဖြင့်ပြောလိုက်သည်။သူထိုအမျိုးသမီးကိုလုံးဝလျစ်လျူရှုထားလေသည်။


"ဟမ်...အာ...ဟုတ်ကဲ့ပါ...ကောင်းပါပြီ..."


လုချန် သတိဝင်လာပြီးနောက် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အလိုအလျောက်ယာဉ်ပျံကိုထွက်ခွာလိုက်မိသည်။အခြေအနေတွေမည်သို့မည်ပုံဖြစ်လာမှန်းသူမသိတော့ပေ။


"ရပ်စမ်း...မင်းတို့ငါ့ရဲ့စစ်စစ်ကိုဘယ်ကိုခေါ်သွားမလို့လဲ..."


ဘုရင်မက ရူးသွပ်စွာဖြင့်လှမ်းအော်လေသည် 


"မင်းတို့ ငါ့ကိုထားခဲ့လို့မရဘူး...ငါပြောတာကိုကြားလား..."


"စကြဝဠာပေါ်တယ်ထဲကိုဝင်လိုက်.... ငါတို့နောက်ထပ်နယ်မြေတစ်ခုကိုထပ်သွားကြမယ်က ..."


မူရွှမ်ညွန်ကြားလိုက်သည်။


"အာ..."


လုချန်ငြိမ်သက်သွားသည်။


သူတို့က မျိုးနွယ်ပေါင်းစုံရဲ့အဓိကဂြိုလ်တွေကို စူးစမ်းချင်ကြတာမဟုတ်ဘူးလား...ဘယ်လိုဖြစ်ပြီးတော့ရုတ်တရက်ထွက်သွားချင်ပြန်တာလဲ...


မူရွှမ်၏ ကြောက်စရာကောင်းလှသောအသွင်အပြင်ကိုမြင်ပြီးနောက် သူနှုတ်ဆိတ်နေလိုက်သည်။ ငြင်းဆိုမှုတစုံတရာကသူ့ကိုသင်္ချိုင်းဝသို့ပို့ပစ်လိုက်နိုင်ပေသည်။


"မင်း..."


ဘုရင်မက မူရွှမ်၏လျစ်လျူရှုသွားမှုကြောင့်ထိန်လန့်ဒေါသထွက်သွားသည် သူလုချန်ဘက်သို့လှည့်၍ပြောလိုက်သည်။


"မင်းတို့ယောင်တွေက ငါတို့ကိုတကယ်ပဲဆန့်ကျင်ချင်နေတာလား..."


"ဒါ...ဒါ..."


လုချန်တုန်တုန်ယင်ယင်ဖြင့်အမှားမှားအယွင်းယွင်းခလုတ်များကိုလျှောက်နှိပ်လိုက်မိသည်။


"ဒါကဘယ်လိုလုပ်ပြီးတော့ မျိုးနွယ်စုပြဿနာအဖြစ်ပြောင်းလဲသွားတာလဲ..."


ဒီလိုမျိုးကြီးမားလှသော အကျိုးဆက်များကိုလက်ခံနိုင်စွမ်းမရှိပေ။ လျန်ယုကလဲလုချန်တုန်လှုပ်သွားသည်ကိုသိလိုက်ပြီးနောက်ဆက်၍ပြောလိုက်သည်။


"မင်းယာဉ်ပျံရဲ့ပေါ်တယ်ကိုအခုဖွင့်လိုက်ပါ...ဒီလိုဆိုရင်ငါ့ယာဉ်ပျံပျက်ဆီးမှုအတွက်ကိုငါ..."


သူမ၏စကားမဆုံးခင်မှာပဲမူရွှမ်လက်တဖက်ကိုမြှောက်လိုက်သည်။ အလင်းတန်းတစ်ခုဖြာထွက်လာပြီး နှစ်ပိုင်းကွဲသွားသောကြာပန်းယာဉ်ပျံက အပိုင်းပိုင်းထပ်မံကွဲသွားလေသည်။ယာဉ်ပျံက သေးငယ်သောအစိတ်အပိုင်းလေးများအဖြစ်မျောလွင့်သွားပြီး ၎င်း၏မူလပုံသဏ္ဏန်ကိုပင်မမြင်ရတော့ပေ။


 မူရွှမ်၏မျက်နှာကမဲမှောင်နေသည်။


"ငါတို့ကယောင်တွေမဟုတ်ဘူး...သွေးစုပ်ဖုတ်ကောင်တွေ...သတ္တိရှိရင်စစ်ကြေငြာလိုက်လေ..."


ထို့နောက်သူမ၏ တုံ့ပြန်မှုကိုမစောင့်တော့ပဲ။ စခရင်ပေါ်မှခလုတ်တစ်ခုကိုနှိပ်လိုက်သည်။ယာဉ်ပျံက ချက်ချင်းဆိုသလို ပေါ်တယ်တစ်ခုထဲသို့ဝင်ရောက်သွားလေသည်။


စူးစူးဝါးဝါး အော်ဟစ်ငိုယိုသံများက အဝေး၌ကျန်ခဲ့လေသည်။ မိနစ်ဝက်မျှအကြာ၌လုချန်စကားစလိုက်သည်။


"ဘော့စ် ကျွန်တော်ရဲ့တစ်လစာ လစာကိုအသုံးပြုပြီးတော့ခုနကဘာဖြစ်ခဲ့တယ်ဆိုတာကို‌မေးလို့ရမလား..."


"မင်းရဲ့ပါးစပ်ကိုပိတ်ထားဖို့အတွက် ငါမင်းရဲ့သုံးလစာ လစာပေးမယ် ပိတ်ထားလိုက်..."


သူ့တွင် မကျေနပ်မှုများရှိနေမည်ဆိုလျှင်တောင် ဝန်ထမ်းတယောက်အနေဖြင့် စောဒကမတက်ရဲတော့ပေ။