အပိုင်း၂၄၃
Viewers 67k

🍵Chapter 243




ယန်ရုံအန်း၏အကြည့်များနှင့်ဆုံသောအခါ ထုံကျန်းကျန်း၏လက်များက တုန်ယင်လာသည်။

 

သူမက ယန်ရုံအန်းအပေါ်ပုံမချချင်သော်လည်း ခြောက်ခြားစရာကောင်းသည် လယ်ထဲကိုပြန်မသွားချင်တော့ပေ။


လက်ထောက်ညွှန်ကြားရေးမှူးကျန်း :“ယန်ရုံအန်း မင်းမှာထုံကျန်းကျန်းကိုဘာပြောစရာရှိလဲ”


ထုံကျန်းကျန်းအပါအဝင် ဒီမှာရှိနေသောသူတိုင်းသည် ယန်ရုံအန်းကပေါက်ကွဲလာမည်ဟု သေချာပေါက်ထင်ထားကြသည်။


မမျှော်လင့်စွာဖြင့် သူကထုံကျန်းကျန်းကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ် အကုန်လုံးကို ကျွန်တော့်ဘာသာလုပ်ခဲ့တာပါ”


“ကျွန်တော့်အာဏာနဲ့ ထုံကျန်းကျန်းကိုအမိန့်နာခံအောင်ဖိအားပေးခဲ့တယ် မဟုတ်ရင် ပြန်လည်ပြုပြင်ရေးလယ်ထဲမှာဘဲ တစ်သက်လုံးနေရအောင်လုပ်မယ်လို့ခြိမ်းခြောက်ခဲ့တာ၊ ထုံကျန်းကျန်းက ကျွန်တော်ဖိအားပေးလို့ ကျွန်တော့်အကြံမှာပူးပေါင်းပေးလာတာပါ”


စစ်ဆေးရေးခန်းက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားသည်။


ထုံကျန်းကျန်းက ယန်ရုံအန်းကို သရဲတစ်ကောင်ကိုမြင်နေရသလိုကြည့်လာကာ သူမကြားလိုက်ရသည်များကို မယုံနိုင်ပေ။


လက်ထောက်ညွှန်ကြားရေးမှူးကျန်းက မျက်မှောင်ကြုတ်လိုက်သည်။


“ယန်ရုံအန်း မင်းကပြစ်မှုအများကြီးအတွက် အပြစ်ပေးခံရမှာ ဘယ်နှစ်နှစ်တောင် ပြစ်ဒဏ်ချခံရမလဲဆိုတာကို မင်းသိရဲ့လား”


ယန်ရုံအန်းကတည်ငြိမ်နေ၏။

“ကျွန်တော်ပြောနေတာကို ကျွန်တော်ကောင်းကောင်းသိပါတယ်”


ဤအချိန်တွင် ထုံကျန်းကျန်းကသတိပြန်ဝင်လာပြီး အော်ဟစ်လာသည်။


“လက်ထောက်ညွှန်ကြားရေးမှူး ရှင်ကြားတယ်နော် ကျွန်မကဖိအား‌ပေးခံခဲ့ရတာလို့ ကျွန်မပြောသားဘဲ ရှင်ကမယုံဘူးဖြစ်နေတာ အခုကျွန်မကိုလွှတ်ပေးလို့ရပြီလား”


လက်ထောက်ညွှန်ကြားရေးမှူးကျန်းသည် ကိစ္စများကဒီလိုပုံစံဖြစ်သွားမည်ဟု မထင်ထားခဲ့ပေ။ သူက စိတ်ပျက်လက်ပျက်ဖြင့် အရာရှိများအား ဤလူများကိုချုပ်ထားရန်သာ ပြောလိုက်ရသည်။


🍵


ယန်ရုံအန်းက ထုံကျန်းကျန်းအတွက်အပြစ်ခံသွားပေးသည်ကို ထုံရွှယ်လူကထိုနေ့ညတွင်သိလိုက်ရသည်။


ရာဇဝင်တွင်တဲ့ အချစ်စစ်လား။


ထို‌သို့တွေးလိုက်မိရာ သူမကကြက်သီးထသွားသည်။


စုယွဲ့ရှန်းက နက်နက်ရှိုင်းရှိုင်း‌တွေးကြည့်လိုက်သည်။

“သူတို့နှစ်ယောက်လုံးရဲ့ ထွက်ဆိုချက်တွေက ကိုက်ညီနေ‌ဝာယ် ယန်ရုံအန်းက သူထုံကျန်းကျန်းကိုဖိအားပေးခဲ့ပါတယ်ဆိုပြီးဝန်ခံခဲ့တော့ ထုံကျန်းကျန်းက သိပ်မကြာဘူး လွတ်လာမယ်လို့ကျွန်တော်ထင်တယ်”


ယန်ရုံအန်းက ဒီလိုအချိန်ထိ ထုံကျန်းကျန်းကိုကာကွယ်ပေးနေဦးမည်ဟု သူမထင်ထားခဲ့ပေ။


ထုံရွှယ်လူလည်း နားမလည်နိုင်ပေ။

“အဲ့ဒါဆိုရင်လည်း ထားလိုက်ပါတော့ မနက်ဖြန်ကျရင် ရှင်ကကျွန်မတို့စီစဉ်ထားတဲ့အတိုင်း ယန်ရုံအန်းကိုအမှုဆက်ဖွင့်လိုက်ပါ”


ယန်ရုံအန်းမရှိပါက ထုံကျန်းကျန်းသည် လက်သည်းမရှိသောကျားတစ်ကောင်သာဖြစ်သည်။ သူမက သိပ်ဝေးဝေးပြေးနိုင်မည်မဟုတ်ပေ။


စုယွဲ့ရှန်းက ခေါင်းညိတ်လိုက်သည်။


နောက်တစ်နေ့တွင် အစိုးရရှေ့နေရုံးက စုယွဲ့ရှန်းဆီမှတိုင်ကြားမှုတစ်ခုထပ်ရကာ နောက်တစ်ကြိမ်ပွက်လောရိုက်သွားပြန်သည်။


အရင်တစ်‌ကြိမ်ကို မျက်လုံးများတုန်ယင်လာရလောက်သည့် ငလျင်ဟုပြောမည်ဆိုလျှင် ဒီတစ်ခေါက်က တစ်ကိုယ်လုံးကိုတုန်ခါသွားစေနိုင်သည့် ငလျင်မျိုးဖြစ်သည်။


လက်ထောက်ညွှန်ကြားရေးမှူးကျန်း:“ ရဲဘော်စု မင်းပြောတာတွေအတွက် တိကျခိုင်မာတဲ့သက်သေရှိလား”


“မျက်မြင်သက်သေရော ရုပ်ဝတ္တုအထောက်အထားပါရှိပါတယ်”

စုယွဲ့ရှန်းက သူရထားသောအချက်အလက်များကို လွှဲပေးလိုက်သည်။


လက်ထောက်ညွှန်ကြားရေးမှူးကျန်းက ထိုအချက်အလက်များကို သေချာဖတ်ကြည့်ပြီးနောက် နာမည်တစ်ခုကိုညွှန်ပြလိုက်သည်။


“ဒီမျက်မြင်သက်သေက ဘာလို့မျိုးရိုးနာမည်ပဲရှိတာလဲ”


စုယွဲ့ရှန်းက အသံတိုးလိုက်သည်။

“ဘာကြောင့်လဲဆိုတော့.......”


သူ့ဆီမှအဖြေကိုကြားပြီးနောက်တွင် လက်ထောက်ညွှန်ကြားရေးမှူးကျန်းက အချိန်တစ်ချို့ကြာအောင် တိတ်သွားသည်။


“ဒီကိစ္စကို ညွှန်ကြားရေးမှူးကျိုးနဲ့ ဆွေးနွေးရလိမ့်မယ် မင်းဒီမှာပဲ ခနလောက်စောင့်နေပေးပါ”


သူက ရုံးခန်းထဲမှအမြန်ထွက်သွားသည်။


တစ်နာရီတိတိကြာပြီးမှ လက်ထောက်ညွှန်ကြားရေးမှူးကျန်းက ဆုံးဖြတ်ချက်ချပြီးသောမျက်လုံးများဖြင့် ပြန်ရောက်လာသည်။


“ညွှန်ကြားရေးမှူးကျိုးက သဘောတူလိုက်ပြီ ဒီတစ်ကြိမ်တော့ ကိစ္စကြီးတစ်ခုဖြစ်တော့မှာဘဲ”


လက်ထောက်ညွှန်ကြားရေးမှူးကျန်းပြန်လာမှာကို စောင့်နေချိန်တွင် စုယွဲ့ရှန်း၏ရင်ထဲ၌ဗလောင်ဆူနေပြီး တစ်ခါမှဒီလိုမသက်မသာမခံစားခဲ့ရပေ။


‌ညွှန်ကြားရေးမှူးနှစ်ယောက်က သူ့အကြံကိုသဘောမတူလောက်ဟုထင်ထားခဲ့၏။သူတို့သဘောတူလာမည်ဟု သူမထင်ထားခဲ့ပေ။


ဤရက်ပိုင်းများတွင် ပထမဆုံးအကြိမ်အဖြစ် စုယွဲ့ရှန်း၏မျက်နှာက ပျော်ရွှင်မှုဖြင့်နီရဲလာသည်။


“ကျေးဇူးပါ ကျွန်တော်ပြောတာကိုယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်”


လက်ထောက်ညွှန်ကြားရေးမှူးကျန်းက သူ့ပုခုံးကိုပုတ်ပေးလိုက်သည်။


“ငါက မင်းကြီးပြင်းလာတာကိုကြည့်နေခဲ့တာပါ၊ မင်းကဒီထက်မြင်တဲ့နေရာကိုတက်နိုင်မှာလို့ ငါထင်ထားခဲ့တာ ဘယ်သူကထင်ထားမှာလဲ......”


ဒီလိုယုတ်မာမှုမျိုးနဲ့ကြုံလိုက်ရတဲ့အခါ လူတွေက ဘုရားသခင်လောက်မကောင်းမွန်နေဘူးလို့ ဘယ်သူကများသိမှာလဲ။


စုယွဲ့ရှန်းက နက်ရှိုင်းစွာပြုံးလိုက်သည်။

“အခုချိန်မှာ ကျွန်တော်ဘာမှသိပ်မတွေးတော့ပါဘူး ဒီအတိုင်း...အပြစ်ရှိတဲ့သူတွေကို ထိုက်သင့်တဲ့ပြစ်ဒဏ်ရသွားစေချင်တယ်”


လက်ထောက်ညွှန်ကြားရေးမှူးကျန်းက သက်ပြင်းချလိုက်သည်။

“သွား မင်းရဲ့ထူးခြားတဲ့မျက်မြင်သက်သေကိုသွားခေါ်လိုက်ပါ”


စုယွဲ့ရှန်းကခေါင်းညိတ်လိုက်ကာ အစိုးရရှေ့နေရုံးမှထွက်လာပြီး စက်ဘီးဖြင့် ထုံမိသားစုအိမ်သို့ဦးတည်လိုက်သည်။


ထုံရွှယ်လူက သူ့အမူအရာကိုစစ်ဆေးကြည့်လိုက်သည်။

“ဘယ်လိုနေလဲ ညွှန်ကြားရေးမှူးနှစ်ယောက်က သဘောတူလား”


စုယွဲ့ရှန်း၏မျက်လုံးများက တလက်လက်တောက်နေ၏။


“သဘောတူတယ် ကျွန်တော်မင်းကို ကျွန်တော်အိမ်ကိုခေါ်သွားဖို့လာကြိုတာ ဟိုရောက်ရင် ရဲဘော်တုရဲ့မိတ်ကပ်ကိုပြင်ပေးရမယ်.......”


ထိုစကားကိုကြားလိုက်ရသောအခါ ထုံရွှယ်လူ၏မျက်လုံးများကလည်း အရောင်တောက်လာသည်။


“ကျွန်မအခုပဲ အဲ့ဒါကိုတွေးနေတာ ကျွန်မက အစိုးရရှေ့နေရုံးကိုတိုက်ရိုက်သွားပြီး အဲ့ဒီကိုရောက်မှဘဲ ရဲဘော်တုရဲ့မိတ်ကပ်ကိုပြင်ပေးရင်ပိုကောင်းမယ်လို့ထင်တယ်”


စုယွဲ့ရှန်းက တွေးကြည့်ကာ ခေါင်းညိတ်လိုက်သည်။


“အဲ့ဒါကကောင်းတယ် အဲ့ဒီလိုဆို အရာရှိတွေဘက်ကလည်း ကျွန်တော်တို့ဘာလုပ်နေတယ်ဆိုတာကို အလိုလိုသိသွားကြလိမ့်မယ်”


ထုံရွှယ်လူက စုယွဲ့ရှန်းနှင့် စက်ဘီးအတူမစီးဘဲ သူမစက်ဘီးဖြင့် သူ့နောက်လိုက်ကာ စုအိမ်သို့သွားလိုက်သည်။ထို့နောက် သူတို့က မျက်မြင်သက်သေသုံးယောက်ကို အစိုးရရှေ့နေရုံးသို့ခေါ်သွားလိုက်သည်။


လက်ထောက်ညွှန်ကြားရေးမှူးကျန်းက စုယွဲ့ရှန်းကို ‌လူလေးယောက်ခေါ်လာသည့်အတွက်မေးလိုက်သည်။

“ရဲဘော်ထုံက ဒီကိုဘာလို့ရောက်လာတာလဲ၊ မင်းကလည်းမျက်မြင်သက်သေဘဲလား”


ထုံရွှယ်လူက ခေါင်းခါလိုက်သည်။

“မဟုတ်ပါဘူး ကျွန်မက မိတ်ကပ်ပြင်တာကို ကူညီပေးဖို့လိုက်လာတာပါ”


လက်ထောက်ညွှန်ကြားရေးမှူးကျန်း :“ရဲဘော်ထုံက အရမ်းကိုဘက်စုံကျွမ်းကျင်တာဘဲ မင်းပြင်ပေးဖို့အတွက် နေရာကို တစ်ယောက်ယောက်ကိုခေါ်သွားခိုင်းလိုက်မယ်”


ရုံးစာရေးတစ်ယောက်ရောက်လာပြီး သူတို့ကိုအထဲသို့ခေါ်သွားသည်။


ထုံရွှယ်လူက ရဲဘော်တုအတွက်မိတ်ကပ်ပြင်ပေးရန် အချိန်ယူလိုက်သည်။


ရဲဘော်တုက စိတ်လှုပ်ရှားနေသဖြင့် လက်ဝါးတွင်ချွေးများထွက်နေ၏။

“ရဲဘော်ထုံ ကျွန်မအရမ်းစိတ်လှုပ်ရှားနေတယ် ဒီကိစ္စကိုရှုပ်ထွေးအောင်လုပ်လိုက်မိမှာ စိုးရိမ်တယ်”


ထုံရွှယ်လူက သူမလက်ကိုကိုင်ကာ ပြောလိုက်သည်။

“ရှင်ကဂရုစိုက်တတ်သလို ကြင်နာပြီး အရမ်းကိုဇွဲကြီးတဲ့ အမျိုးသမီးပါ ရှင်လုပ်နိုင်မယ်လို့ ကျွန်မယုံတယ်”


ရဲဘော်တုက သူမ(ထုံရွှယ်လူ)ကိုင်ထားသော သူ့လက်များကိုကြည့်ကာ သူမမျက်နှာက ရုတ်တရက်နီရဲလာသည်။

“ရဲဘော်ထုံ ရှင်ကျွန်မကို ဒီလိုမျိုးကြည့်နေရင် ကျွန်မရင်တုန်တာတွေက အများကြီးသက်သာသွားတယ် ရပြီ မြန်မြန်ဆက်လုပ်ပါ”


ထုံရွှယ်လူ"..."


ရဲဘော် မင်းဘာလို့ရှက်သွေးဖြာနေတာလဲ၊ မင်းကတစ်ခုခုတော့မှားနေပြီနော်။


ဒီအချိန်တွင် ယန်ရုံအန်းက စစ်ဆေးရေးခန်းထဲသို့ နောက်တစ်ကြိမ်အခေါ်ခံရသည်။


လက်ထောက်ညွှန်ကြားရေးမှူးကျန်း :“ယန်ရုံအန်း မင်းကမင်းဇနီးတုမိန်ကို အဆိပ်ခတ်ပြီး သတ်ခဲ့တယ်လို့ ငါတို့ဆီမှာအမှုဖွင့်ထားတယ် အပြစ်ရှိကြောင်း ထုချေလွှာတင်မှာလား”


ယန်ရုံအန်းမဝင်လာခင်တွင် သူက သူတို့ကို သူရဲကောင်းအတုများအကြောင်းထပ်ပြောခဲ့မည်ဟုထင်ထားခဲ့၏။ ဒီအကြောင်းကိုပြောမည်ဟု မမျှော်လင့်ခဲ့ပေ။ သူက အံ့အားသင့်မှုဖြင့် မိုးကြိုးပစ်ခံလိုက်ရသလိုခံစားမိသွားသည်။


ယန်ရုံအန်းက သူ့လက်များတုန်လာသည်ကို မထိန်းချုပ်နိုင်တော့ပေ။


“အဲ့ဒါတွေက စွပ်စွဲချက်အမှားတွေပါ၊ ကျွန်တော်နဲ့ကျွန်တော့်မိန်းမရဲ့ ဆက်ဆံရေးက နက်ရှိုင်းတယ်၊ သူမချောက်ကမ်းပါးပေါ်က ခြေချော်ပြီးပြုတ်ကျသွားတဲ့နောက်မှာ ကျွန်တော်ကသေတာထက်တောင် ပိုပြီးဆိုးဆိုးဝါးဝါးခံစားခဲ့ရတာပါ၊ ဘယ်လိုဖြစ်လို့ ကျွန်တော်က တိရစ္ဆာန်လိုလုပ်ရပ်မျိုးကို လုပ်နိုင်မှာလဲ”


လက်ထောက်ညွှန်ကြားရေးမှူးကျန်း၏အကြည့်များက ယန်ရုံအန်း၏တုန်နေသောလက်များအပေါ်ရောက်လာကာ ပိုပြီးယုံကြည်ချက်ရှိလာသည်။


“မင်းဝန်မခံလည်း ကိစ္စမရှိဘူး ငါတို့အစိုးရရှေ့နေရုံးက အမြဲတမ်း သက်သေကိုအာရုံစိုက်တယ်”


ထိုသို့ပြောပြီးနောက် သူက မျက်မြင်သက်သေနှစ်ယောက်ကို ခေါ်ခိုင်းလိုက်သည်။


ယန်ရုံအန်းက တံခါးကိုကြည့်လိုက်ရာ လူစိမ်းတစ်ယောက်ဝင်လာသည်ကိုတွေ့လိုက်ရသည်။ ထိုလူစိမ်း၏နောက်တွင် သူ့မိန်းမ၏မောင်၊ သူ့ယောက်ဖ တုချွမ်းလည်းပါလာ၏။


ပထမတစ်ယောက်က ဝမ်ဖူကျန်းဖြစ်သည်။


လက်ထောက်ညွှန်ကြားရေးမှူးကျန်း :“ ယန်ရုံအန်း မင်းက အပြင်လောကကို မင်းမိန်းမတုမိန်ကသာ ချောက်ကမ်းပါးကိုမရမကသွားချင်နေတဲ့သူလို့ ပြောခဲ့တယ်၊ ဒါပေမယ့် ရဲဘော်ဝမ်ဖူကန်းကိုယ်တိုင်ကိုယ်ကျကြားလိုက်ရတာကတော့ မင်းကသာ ချောက်ကမ်းပါးဆီကိုသွားချင်နေတဲ့သူတဲ့၊ မင်းမိန်းမကအရမ်းကိုပင်ပန်းနေပြီမလို့မသွားချင်တော့ဘူး ဒါပေမယ့် မင်းက သူမကိုချီပြီးတော့တောင် ချောက်ကမ်းပါးဆီသွားဖို့ မရမကလုပ်နေခဲ့တာဆိုဘဲ”


ဝမ်ဖူကန်းက ခေါင်းညိတ်လာသည်။

“ဟုတ်ပါတယ် ကျွန်တော်က တောထဲမှာမှိုသွားရှာရင်း ထင်းမီးအတွက် ထင်းခြောက်တစ်ချို့ကောက်နေတာပါ၊ ကျွန်တော်က သစ်ပင်ကြီးတစ်ပင်အောက်မှာရပ်နေတာ သူတို့စုံတွဲက ကျွန်တော်ကိုမမြင်ရဘူး”


“ထင်းကောက်ပြီးတော့ ကျွန်တော်ပြန်သွားခဲ့တယ်၊ ကျွန်တော်ကရွာမှာနေတာမလို့ အဲ့ဒီအမျိုးသမီးက ခြေချော်ပြီးချောက်ကမ်းပါးပေါ်ကပြုတ်ကျသွားတယ်ဆိုတာကို မသိခဲ့ပါဘူး”


စုယွဲ့ရှန်းက ချောက်ကမ်းပါးအောက်ရှိ ရွာငယ်များကို သွားကာ ထိုနေ့ကတောင်ပေါ်ကိုတစ်ယောက်ယောက်တက်ခဲ့သေးလား မေးမြန်းပြီး သူ့ကိုရှာတွေ့လာခြင်းဖြစ်သည်။


ယန်ရုံအန်း၏နှုတ်ခမ်းများက နှစ်ခါလောက်တွန့်လာသည်။

“ကျွန်တော်လိမ်ခဲ့တာအမှန်ပါဘဲ၊ ကျွန်တော်ကသာချောက်ကမ်းပါးကိုသွားချင်နေတဲ့သူလို့ပြောပြလိုက်ရင် လူတိုင်းကကျွန်တော်ကိုအပြစ်တင်ကြလိမ့်မယ်၊ တုမိသားစုကလည်း အလွှတ်ပေးမှာမဟုတ်ဘူး။ ဒါပေမယ့်ကျွန်တော့်ဇနီးကို မသတ်ခဲ့ပါဘူး၊ သူမကမတော်တဆချော်ကျသွားတာပါ’


လက်ထောက်ညွှန်ကြားရေးမှူးကျန်းက သူ့ကိုလျစ်လျူရှုကာ တုချွမ်ကိုကြည့်လိုက်သည်။

“မင်းက ယန်ရုံအန်းမင်းအစ်မကိုတိုက်နေတဲ့ဆေးတွေက အဆိပ်ခတ်ထားတာကို ရှာတွေ့ခဲ့တယ်လို့ပြောတယ်နော်”


တုချွမ်က ယန်ရုံအန်းကို ပြင်းထန်စွာစိုက်ကြည့်နေ၏။

“ဟုတ်ပါတယ် ကျွန်တော့်အစ်မကဖေဖော်ဝါရီလကတည်းက နေမကောင်းဖြစ်ခဲ့တာပါ ကျွန်တော်အလည်သွားတဲ့နေ့မှာ ယန်ရုံအန်းကကျွန်တော့်အစ်မကိုဆေးတိုက်နေတာနဲ့ကြုံခဲ့တယ် ဆေးထဲမှာ ထူးဆန်းတဲ့အဖတ်တစ်ချို့ပါနေပြီး အဲ့ဒါတွေကဖလင်စလိုဘဲ။ ပြီးတော့ဗောက်တွေလို ငွေဖြူရောင်သန်းနေတယ်”


“အဲ့ဒီအချိန်တုန်းက ကျွန်တော်အံ့ဩသွားပြီး ယန်ရုံအန်းကိုမေးလိုက်တော့ သူကအဲ့ဒါတွေက ကျန်းမာရေးအတွက်လို့ပြန်ဖြေတယ် နောက်ပိုင်းမှကျွန်တော်က အဲ့ဒါတွေကကျွန်တော့်အစ်မကိုအန္တရာယ်ဖြစ်စေမှာစိုးရိမ်လို့ အစ်မကို နောက်တစ်ကြိမ်ဆေးသောက်ရရင် နည်းနည်းလောက်ခိုးဝှက်ထားဖို့ပြောလိုက်တယ်၊ အတည်ပြုချက်တွေအများကြီးလုပ်ပြီးတဲ့နောက်မှာ အဲ့ဒါတွေက အလူမီနီယမ်ပြားတွေဆိုတာသိလိုက်ရတယ်”


“အလူမီနီယမ်ပြားတွေဆိုတာကို သိလိုက်ရတဲ့နောက် ကျွန်တော်က အလူမီနီယမ်ပစ္စည်းတွေကနေ နည်းနည်းယူပြီး ယုန်တွေကိုနေ့တိုင်းကျွေးကြည့်လိုက်တယ်၊ ယုန်တွေကအဲ့ဒါတွေကိုစားပြီးတဲ့နောက်မှာ အော့အန်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်လာခဲ့တယ် အဲ့ဒါလက္ခဏာတွေက ကျွန်တော့်အစ်မခံစားနေရတာနဲ့အတူတူပါဘဲ ပြီးတော့ဆယ်ရက်အတွင်းမှာဘဲ အဲ့ဒီယုန်ကသေသွားတယ်”


ယန်ရုံအန်းက လက်သီးဆုပ်လိုက်ကာ လက်ခုံမှသွေးကြောများကထောင်လာ၏။


“မင်းပြောနေတာကို ငါနားမလည်တော့ဘူး အဲ့ဒီဆေးတွေကို ဆရာဝန်ကအသိအမှတ်ပြုပြီးသား၊ မင်းပြောတဲ့ အလူမီနီယမ်ပြားတွေကတော့ အဲ့ဒါတွေကဘယ်ကမှထုတ်ထားတာမဟုတ်ဘူး၊ အလူမီနီယမ်ပြားတွေကလူသတ်နိုင်တယ်လို့ မင်းကိုဘယ်သူပြောတာလဲ”


အခုချိန်မှာ လူတွေရဲ့ နေ့လယ်စာဘူးတွေ၊ ယောင်းမတွေ ဒယ်အိုးတွေက အလူမီနီယမ်နဲ့မလုပ်ထားလို့လဲ။ တကယ်လို့အလူမီနီယမ်ကအဆိပ်သင့်နိုင်တယ်ဆိုရင် အခြားသူတွေအဲ့ဒီလိုဖြစ်တာကို ဘာလို့မတွေ့ရတာလဲ။


ယခုခေတ်ကာလတွင် အလူမီနီယမ်က လူသားတွေအတွက် အန္တရာယ်ဖြစ်စေနိုင်သည်ကိုမသိသေးကြပေ။ နောက်ပိုင်းမှသိလာကြကာ အလူမီနီယမ်ဖြင့်ပြုလုပ်ထားသော မီးဖိုချောင်သုံးပစ္စည်းများကို ပိတ်ပင်လိုက်ကြသည်။


ဤအချိန်တွင် ယန်ရုံအန်းက အလူမီနီယမ်ကို လူသတ်ရန်သုံးဖို့စဉ်းစားနိုင်သည်မှာ တကယ်ပင်အင်အားကြီးလှသည်။


တုချွမ်က အံကြိတ်ကာ သူ့ကိုစိုက်ကြည့်လိုက်သည်။

“ယန်ရုံအန်း မင်းကသက်သေကိုငြင်းနိုင်ပေမယ့် ငါ့အစ်မကိုရောငြင်းနိုင်မှာတဲ့လား”


? ?

ရန်ရုံအန်းက သူပြောတာကို နားမလည်ပေ။ ထို့နောက် တံခါးပွင့်လာပြီး လူတစ်ယောက်က အထဲဝင်လာသည်။


ထိုအမျိုးသမီးက ကျောက်ပတ်တီးဖြင့်လျှောက်လာ၏။ရန်ရုံအန်း၏အကြည့်က သူမ၏ခြေထောက်မှတက်လာကာ မျက်နှာပေါ်သို့ရောက်လာသည်။


ထိုအချိန်တွင် သူ့လည်ချောင်းထဲမှထွက်လာပုံရသည့် ထူးဆန်းသောအသံတစ်ခုကို ပြုလုပ်လိုက်မိသည်။


ထိုအမျိုးသမီးက ဝိဉာဉ်အထိထိုးဖောက်နိုင်သောမျက်လုံးများဖြင့် သူ့ကိုစိုက်ကြည့်လာသည်။


“ယန်ရုံအန်း ကျွန်မတို့ကပြန်ဆုံနိုင်ဦးမယ်လို့ ရှင်မထင်ထားဘူးမလား”


ယန်ရုံအန်းက အမှုန့်စစ်ဇကာလိုတုန်နေပြီး သူ့မျက်နှာပေါ်တွင် သွေးမရှိတော့ပေ။


“အားမိန် မင်း.....မင်းကအသက်ရှင်နေတာလား”


ချောက်ကမ်းပါးက မီတာ၈၀၀လောက်နက်ကာ ပြုတ်ကျပါက သေချာပေါက်သေမှာပင်။