အပိုင်း၅၄
Viewers 6k

🤚Chapter 54




၀မ်ယွီက ဟယ့်ရှန်းတုံကိုစိုက်ကြည့်ပြီး မတ်တပ်ရပ်နေဆဲဖြစ်သည်။


အိပ်မက်ထဲတွင် ဟယ့်ရှန်းတုံက ဆိုးရွားသည့်ပါးစပ်ရှိသည့်လူဖြစ်ပြီး တစ်ခါတစ်ရံ စွန်းယာရှန့်၏နောက်လိုက်အနေနှင့် ပြုမူသေးသည်။


ဥပမာပြောရမည်ဆိုလျှင် စွန်းယာရှန့်က ကျိအန်းနဉ်၏ အကြောင်း တစ်ခုခုပြောမည်ဆိုလျှင် ဟယ့်ရှန်းတုံကလည်းဤသို့မှတ်ချက်ပြုပြီး စကား၀ိုင်းထဲ၀င်ပါလာလိမ့်မည်။


“သူ သိပ်ကို ပစ္စည်းဥစ္စာမက်တယ် မဟုတ်ဘူးလား...”


သူတို့က ကျိအန်းနဉ်ကို အသရေပျက်အောင် ဆက်လက်ပြောဆိုကြလိမ့်မည်။


၀မ်ယွီ မုန်းနေသည့်အဓိကအကြောင်းအရာမှာ သူ၏အိပ်မက်ထဲတွင် ပြောခဲ့သည့်စကားကြောင့်ဖြစ်သည်။


“ငါလည်းပိုက်ဆံရှိမယ်ဆိုရင် ယွမ်သုံးထောင်ပေးချင်တာပေါ့...”


စားသောက်ဆိုင်ထဲ၀င်လာပြီး ဟယ့်ရှန်းတုံကိုမြင်လိုက်သည့်အခါ ၀မ်ယွီ ထိုအခိုက်အတန့်ကို သတိရမိသွားသည်။


သို့ရာတွင် အနည်းဆုံး သူ့ထံတွင် ဆင်ခြင်နိုင်သည့်စွမ်းအားရှိနေသေးပြီး ဟယ့်ရှန်းတုံဘေးနားမှ သူဖြတ်မသွားမီအထိ “ဒါကအိပ်မက်တစ်ခုပါပဲ” ဟု သူ့ကိုယ်သူ ထပ်ခါထပ်ခါ ပြောနေလိုက်သည်။


သို့ရာတွင် စွန်းယာရှန့်၏အကြောင်းကို သူမနောက်ကွယ်မှာ ပြောနေသည့် “ငွေမက်တဲ့မိန်းကလေး ” ဆိုသည့် အသံက သူ့အိပ်မက်ထဲတွင် ကြားခဲ့သည်နှင့် ခပ်ဆင်ဆင်တူနေသည်။


အရက်ရှိန်တက်လာပြီး အနည်းငယ်လေးသာသောက်ခဲ့သော်လည်း ထိုအချိန်တွင် အရက်အရှိန်က လုံလောက်နေခဲ့သည်။


၀မ်ယွီ၏ရင်ထဲ ဖိနှိပ်ထားရသည့်ဒေါသက တစ်မဟုတ်ချင်းထိုးတက်လာသည်ဟု ခံစားမိလိုက်ပြီးနောက် ဟယ့်ရှန်းတုံကို ချက်ချင်းပင်လဲကျသွားအောင် ထိုးနှက်လိုက်တော့သည်။


စွန်းခိုင် ၀င်ထိုးလာသည့်အခါတွင်မှ ၀မ်ယွီကို သတိ၀င်လာစေသည်။


"ဒါကအိပ်မက်ပါပဲ" ဟု သူ့ကိုယ်သူ နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။


“မင်းရဲ့ ဆိုးရွားတဲ့ပါးစပ်ပေါက်ကို သတိထား...” 

၀မ်ယွီက ဟယ့်ရှန်းတုံကို စိုက်ကြည့်ပြီးပြောလိုက်သည်။ “မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဒီလိုအသရေပျက်အောင် ပြောဖို့လိုလို့လား...”


ဟယ့်ရှန်းတုံက ထိုအချိန်တွင် ငြင်းခုံရန် မတတ်နိုင်တော့ဘဲ ကျိုးနွံစွာ ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့သည်။


၀မ်ယွီက ထွက်မသွားမီ သူ့ကို တစ်ကြိမ်ထက်ပိုပြီးခက်ထန်သောအကြည့်နှင့် ကြည့်သွားခဲ့သည်။


ဟယ့်ရှန်းတုံနှင့် သူ၏ဘေးပတ်ပတ်လည်မှ လူများကလည်း ထိုအခါမှစိတ်သက်သာရာရပြီး အသက်ရှုနိုင်တော့သည်။


လူတိုင်းက ၀မ်ယွီ စွန်းယာရှန့်ကို ရည်ညွှန်းနေသည်ဟုထင်ကြသော်လည်း ဟယ့်ရှန်းတုံက အစောပိုင်းဆူညံနေသည့်အချိန်မှာပင် သူမကို အသရေဖျက်နေပြီးပြီ ဖြစ်သည်။


ဟယ့်ရှန်းတုံက စွန်းယာရှန့်ကို ပိုးပန်းသူများထဲမှ တစ်ယောက်ဖြစ်သည်။ သူတို့ကအတန်းဖော်များဖြစ်သည့်အလျောက် သူမက သူ့ကိုစိတ်၀င်စားဟန် ပြုမူခဲ့သည်။ သို့သော်လည်း မကြာမီက သူမကချမ်းသာသည့်လူများနှင့်ဆက်ဆံနေပြီးသူ့ကိုလုံး၀ လျစ်လျူရှု ထားခဲ့သည်။


ထိုလူများရောက်လာသည့်အခါ စွန်းယာရှန့်က သူတို့၏ ဗဟုသုတ၊ စွမ်းရည်၊အ မြင်များအကြောင်းပြောလေ့ရှိပြီး ထိုအရာများက လူများကို မည်သို့ဆွဲဆောင်နေသည်များဖြစ်သည်။ သို့ရာတွင် ဟယ့်ရှန်းတုံက ထက်ရှသည့်အမြင်ရှိသောကြောင့် သူတို့၏ပုံစံအမှန်ကို ခွဲခြားနိုင်သည်။ စွန်းယာရှန့်သိသည့်လူများက ချမ်းသာကြပြီး ချမ်းသာသည့်မိသားစုများကဖြစ်ပုံပေါ်သည်။


သူတို့ထဲမှတစ်ယောက်က Cambridge ဘွဲ့ရဖြစ်ပြီး စွန်းယာရှန့်ကို လိုက်နေသည်။ ထိုလူ ယနေ့ကျောင်းလာသည့်အခါ စွန်းယာရှန့်က Gucciအိတ်ကို သယ်လာသည်ကို လူတိုင်းမြင်လိုက်ကြသည်။ သူမ သယ်လာသည့်အိတ်က လူငယ်များအတွက် ကိုရီးယားဘရန်းမှ အဆင့်မြင့်ထားသည့်ပစ္စည်းဖြစ်ပုံပေါ်သည်။


ဟယ့်ရှန်းတုံမှာ ထက်ရှသည့်လျှာရှိပြီး စွန်းယာရှန့်ကို ထေ့ငေါ့သည့်စကားများ ပြောခဲ့သည်။ သူမက ချူစားနေသည်ဟု မရေရာသောစကားများကိုသာ အသုံးပြုခဲ့သည်။


စွန်းယာရှန့်က အနိုင်ကျင့်ရလွယ်ကူသည့် မိန်းကလေးတစ်ယောက် မဟုတ်ပေ။ သူမက ချက်ချင်း ထိပ်တိုက်ရင်ဆိုင်ပြီး ဟယ့်ရှန်းတုံကို လူတိုင်းရှေ့၌ အရှက်ရစေခဲ့သည်။ ထိုအကြောင်းများကြောင့် ဟယ့်ရှန်းတုံက ဤညနေတွင် အရက်အနည်းငယ်သောက်ခဲ့ပြီး ဒေါသထွက်ထွက်နှင့်ပင် ညစာစားပွဲ၌ လူများကိုစော်ကားနေခြင်း ဖြစ်သည်။ 


ရလဒ်အနေနှင့် ၀မ်ယွီနှင့်စွန်းခိုင်က ၎င်းကိုကြားသွားခြင်းဖြစ်သည်။


ထို့ကြောင့် ယခုအချိန်တွင် ဟယ့်ရှန်းတုံနှင့် ထိုနေရာရှိလူတိုင်းက ၀မ်ယွီနှင့်စွန်းခိုင်က စွန်းယာရှန့်ကို ကာကွယ်ပေးနေကြသည်ဟု ထင်သွားကြခြင်းဖြစ်သည်။ ထ်ို့အပြင် အစောပိုင်း စွန်းခိုင်ကသူ့ကိုထိုးသည့်အခါ သူကစွန်းယာရှန့်နာမည်ကို ပြောခဲ့သည်။


၀မ်ယွီ၏ ဒေါသများက ကျိအန်းနဉ်နှင့် ဆက်စပ်နေသည်ဟု  မည်သူမှ မတွေးမိကြပေ။


ချန်းဟောင်က ပိုင်ရှင်ကိုစိတ်လျှော့စေပြီး လျော်ကြေးငွေပေးလျော်ပြီးနောက် ကိုယ်ခံပညာကလပ်မှ သန်မာသည့်အဖွဲ့၀င်များအား မူးနေသည့်စွန်းခိုင်ကို အိပ်ဆောင်ဆီသို့ ခေါ်သွားပေးရန် ပြောလိုက်သည်။ သူပြန်လှည့်လာသည့်အခါ ၀မ်ယွီက ဟယ့်ရှန်းတုံကို သတိပေးပြီးသွားပြီဖြစ်ပြီး ခြေလှမ်းကျဲများဖြင့် တံခါးဆီသို့ ဦးတည်နေပြီဖြစ်သည်။ 


သူလည်း ၀မ်ယွီနှင့်အတူ စားသောက်ဆိုင်ထဲမှ လိုက်ထွက်လာလိုက်သည်။


“မင်းဒီနေ့ ဘာဖြစ်သွားတာလဲ... အဲဒါက စွန်းယာရှန့်ကြောင့်တော့ မဟုတ်ဘူးမလား...”


ချန်းဟောင်က မမေးဘဲ မနေနိုင်တော့ပေ။


“သူနဲ့ငါ ပတ်သက်စရာအကြောင်း မရှိဘူး...”


၀မ်ယွီက စီးကရက်တစ်လိပ်မီးညှိလိုက်ပြီး ချန်းဟောင်ကိုတစ်လိပ်ကမ်းပေးလိုက်သည်။


သူတို့နှစ်ယောက် ကျောင်းဆီသို့လမ်းလျှောက်လာကြပြီး ချန်းဟောင်က ကျိန်ဆဲလိုက်သည်။


“စွန်းခိုင်က အရူးပဲ...”


၀မ်ယွီက နားလည်သော်လည်း ဂရုမစိုက်ချေ။


“သူ့အတွက်နဲ့ ဘာကြောင့် စိတ်ညစ်နေရမှာလဲ...”


ဤနေရာက ကလပ်တစ်ခုသာဖြစ်၍ သူတို့က အခြားလူတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စကို ၀င်ရောက်စွက်ဖက်၍ မရနိုင်ပေ။


စွန်းယာရှန့်က ၀မ်ယွီကိုကြိုက်နေမှန်း အရူးတစ်ယောက်ပင်လျှင် သိနိုင်သည်ဟု ချန်းဟောင်ခံစားမိသည်။ သူမနှင့် စွန်းခိုင်ကြားမှ ဆက်ဆံရေးက အသုံးချရုံသက်သက်သာ ဖြစ်သည်။ စွန်းခိုင်က စွန်းယာရှန့်ကို ကိုယ်ခံပညာကလပ်ဆီ‌ သို့ ခေါ်လာသည့်အဖြစ်အပျက်ပြီးနောက် ချန်းဟောင်က သူ့ကို တိတ်တိတ်လေးပြောပြပြီးပြီ ဖြစ်သည်။


ထိုအချိန်တွင် စွန်းခိုင်က စွန်းယာရှန့်ကိုမကြိုက်ကြောင်းသစ္စာဆိုခဲ့သည်။ သူမက သူ့ကို အကူအညီတောင်းခဲ့ရုံသာဖြစ်ပြီး သူလည်းမငြင်းဆိုနိုင်ဟုသာ ပြောခဲ့သည်။ သို့သော် နှစ်လကြာပြီးနောက်တွင် သူက လုံး၀ဆန့်ကျင်ဘက်ဖြစ်သွားပြီ ဖြစ်သည်။


သို့သော် စွန်းယာရှန့်က လှပပြီး ဉာဏ်ကောင်းပုံပေါ်ကာအကြံအစည်များသည့် မိန်းကလေးဖြစ်သည်ကမှန်သည်။ စွန်းခိုင်ကို သူမကစားနေသည်မှာ အံ့သြစရာမကောင်းချေ။ တစ်ခုတည်းသောအပြစ်တင်စရာမှာ စွန်းခိုင်၏ရူးမိုက်မှုဖြစ်သည်။ သူက ဘာဖြစ်နေကြောင်းသိသော်လည်း ထိုအခြေအနေမှ သူ့ကိုယ်သူလွတ်မြောက်အောင် မပြုလုပ်နိုင်ပေ။


သူတို့ ကျောင်းပေါက်၀ကို ရောက်သည့်အခါ ၀မ်ယွီက ပြောလာသည်။


“ငါအိမ်ပြန်တော့မယ်... အဲဒါက ဒီမှာထက်ပို သက်တောင့်သက်သာရှိတယ်...”


စွန်းခိုင်က သူတို့နှင့် အတန်းတစ်ခုတည်းမဟုတ်သော်လည်း အဆောင်တစ်ခုတည်းဖြစ်သည်။ ‌၎င်းက သူ ပထမနှစ်ကတည်းက ကိုယ်ခံပညာကလပ်ကို ၀င်လာနိုင်သည့်အကြောင်းအရင်းဖြစ်သည်။


၀မ်ယွီက သူ့ကိုဒီနေ့ည မတွေ့ချင်ပေ။ အထူးသဖြင့် သူအရက်သောက်ထားသည့်အခါဖြစ်သည်။ သူ ပြဿနာရှာမိလိမ့်မည်။


ချန်းဟောင်လည်း သူ့ကို သတိပေးလိုက်သည်။


“အဲ့ဒါဆို အငှားယာဉ်မောင်းခေါ်လိုက်နော်...မင်းကိုယ်တိုင်မမောင်းနဲ့...”


ချန်းဟောင်ထွက်သွားပြီးနောက် ၀မ်ယွီလည်း ကားရှိရာ ထွက်လာလိုက်သည်။ ကားတံခါးတွင် ခဏခန့် တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် သူ အထဲမ၀င်တော့ဘဲ ဆန့်ကျင်ဘက်ကိုလှည့်ပြီး လမ်းတစ်ဖက်ဆီကူးရန် ဦးတည်လိုက်တော့သည်။ 


သူက KFCကို ဖြတ်ကျော်သွားပြီး ထိုနေရာတွင် ရပ်ကွက်အဆောက်အဦးများရှိသည်။


၀မ်ယွီ ကျိအန်းနဉ်ကို ဖုန်းခေါ်ပြီးမေးလိုက်သည်။


“မင်း အိပ်နေပြီလား...”


ကျိအန်းနဉ်က ပြန်ဖြေလာသည်။


“ ကျွန်မ မအိပ်သေးဘူး စာကြည့်နေတာ...အိပ်ဖို့စောသေးတယ်လေ...”


”ကိုယ် မင်းအိမ်ရဲ့ မြေညီထပ်မှာ...”


ကျိအန်းနဉ်က သူ့အသံမှတစ်ဆင့် တစ်ခုခုမှားနေသည်ကိုသတိပြုမိသွားပြီး မတ်တပ်ထရပ်ကာမေးလိုက်သည်။


“ဘာဖြစ်လို့လဲ... ရှင် ဘာလို့ နောက်တစ်ခေါက်ထပ်လာရတာလဲ...”


“ကိုယ် လူတစ်ယောက်ကို ထိုးခဲ့တာ...”


သူပြော၍ မပြီးသေးမီ ကျိအန်းနဉ်က ကြားဖြတ်ပြောလာသည်။


“ခဏလေးစောင့်ဦး ကျွန်မ ဆင်းလာပြီ... ”


ဖုန်းခေါ်ဆိုမှုက ပြီးဆုံးသွားသည်။


၀မ်ယွီက ဖုန်းမျက်နှာပြင်ကိုကြည့်ပြီး မျက်ခုံးပင့်လိုက်ကာ သူမ၏တုံ့ပြန်မှုနှင့် ပတ်သက်ပြီး ကျေနပ်သွားသည်။


၂မိနစ်ကြာပြီးနောက် ကျိအန်းနဉ် မြေညီထပ်ကိုရောက်လာသည်။


“ဘာလို့ နောက်ထပ်ရန်ဖြစ်လာတာလဲ...”


ကျိအန်းနဉ် သူ့ဆီပြေးလာပြီး အဆောက်အဦးမှမီးရောင်ကိုအားကိုး၍ သူ့ကိုစစ်ဆေးလိုက်သည်။ သူဒဏ်ရာမရသည်ကိုမြင်မှ စိတ်သက်သာရာရသလို သက်ပြင်းချလိုက်သည်။


"....."


၀မ်ယွီက စောင်းငဲ့ကြည့်လာပြီး မေးလိုက်သည်။


“နောက်ထပ်ဆိုတာ ဘာကိုဆိုလိုတာလဲ...”


ကျိအန်းနဉ်က သူ့ကို စွပ်စွဲလာသည်။ 


“ရှင်က အမြဲတမ်းရန်ဖြစ်နေတာလေ... ”


၀မ်ယွီက ငြင်းဆိုလိုက်သည်။


“မဟုတ်ပါဘူး... ကိုယ် ရန်မဖြစ်ပါဘူး...”


ကျိအန်းနဉ်က သူမ၏လက်ချောင်းများနှင့်ရေတွက်ပြီးစာရင်းပြုစုလာသည်။


“ ရှင် ဘတ်စ်ကားပေါ်က လူတွေနဲ့ ရန်ဖြစ်တယ်...ပြီးတော့ ကော်ဖီဆိုင်မှာ ဓာတ်ပုံရိုက်တဲ့လူနှစ်ယောက်နဲ့လည်း ရန်ဖြစ်တယ်...”


သူတို့၏ယခင်ဘဝတွင် သူမအတွက်နှင့် သူရန်ဖြစ်သည့်အချိန်များကို ပိုမိုများပြားသည့် သာဓကများနှင့်ပင်သက်သေပြ၍ရသည်။ ထိုအဖြစ်အပျက်များကြောင့် သူမက ၀မ်ယွီကို မရင့်ကျက်သေးဘဲ သွေးဆူလွယ်သည့်ပေါ်ကြော့လူချမ်းသာလေးဟု ထင်ခဲ့သည်။


သို့သော်လည်း ဤဘ၀တွင်မူ သူမမည်သည့်အခါကမှ မသိခဲ့ဖူးသည့် သူ၏တခြားဘက်ခြမ်းကို တွေ့ခဲ့ရပြီဖြစ်သည်။ ထို့အပြင် သူ၏အပြုအမူများကို သူမ လိုရာဆွဲတွေးနေခဲ့သည်ဟုလည်း သဘောပေါက်ခဲ့ပြီ ဖြစ်သည်။ 


ကျိအန်းနဉ်၏ တည်ကြည်လေးနက်ပြီး လက်ချောင်းများနှင့် စိတ်ထက်သန်စွာရေတွက်နေသည့်ပုံက ၀မ်ယွီ၏ မျက်လုံးများထဲတွင် ချစ်စရာကောင်းနေသည်။ သူကပြုံးပြီး သူမလက်ကိုဆုပ်ကိုင်ကာ ပြောလိုက်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ...မင်းမှန်ပါတယ် ကိုယ်ထပ်မလုပ်တော့ဘူးနော်...”


ကျိအန်းနဉ်က သူနှင့်ယှဉ်ပြိုင်ရန် မကြိုးစားသကဲ့သို့ ငြင်းခုံရာတွင် အနိုင်ရရန်လည်း မကြိုးစားချေ။ သူမက မကြာခဏ ရန်ဖြစ်ခြင်းမှာမကောင်း ဟုသာပြောသည်။ သူမ သက်ပြင်းချပြီး မေးလိုက်သည်။


“ဒါဆို ဒီနေ့ကရော ဘာဖြစ်ခဲ့လို့လဲ...”


သူမဘေးတွင် ယခုချိန်၌ ပိုးပန်းသည့်လူများလည်းမရှိတော့သည့်အတွက် သူမနှင့်မဆက်နွယ်နေဟု ထင်လိုက်မိသည်။ 


၀မ်ယွီက ဘာတစ်ခုမှမထိန်ချန်ဘဲ ပြောပြလိုက်သည်။


“အဲဒါ သူက မင်းတို့အတန်းထဲက ကောင်လေးတစ်ယောက်ပဲ... သူက မင်းတို့အတန်းထဲက ကောင်မလေးတစ်ယောက်အကြောင်း ပြောနေတာ... သူကပိုက်ဆံမက်တယ်လို့လေ... အဲ့ဒါ ကိုယ်ကြားရတာသဘောမကျလို့ သူ့ကိုသင်ခန်းစာပေးလိုက်တာ...” 


“ကျွန်မတို့အတန်းလား ဒါဆို ကျွန်မကို ပြောတာလား..."


ကျိအန်းနဉ် ထိတ်လန့်သွားပြီး မေးလိုက်သည်။


“မဟုတ်ဘူး...မင်းမဟုတ်ပါဘူး...”


၀မ်ယွီ၏ အသံကတိမ်၀င်သွားပြီး ကျိအန်းနဉ်ကိုကြည့်နေလိုက်သည်။


ထိုတဒင်္ဂအတွင်းတွင် သူ့အိပ်မက်ထဲကနှင့် တူညီသည့် သူမ၏မျက်လုံးများထဲမှ မထူးခြားသောအကြည့်နှင့် မယုံကြည်နိုင်သည့်အကြည့်ကို မြင်လိုက်ရပုံပေါ်သည်။ ထိုအရာက တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။


“မင်း....”


၀မ်ယွီ ရုတ်တရက် မေးလိုက်မိသည်။


“ဒီမတိုင်ခင်ကရော လူတွေက မင်းကို အဲ့ဒီလိုပြောကြသေးတာလား...”


ကျိအန်းနဉ်က ပြန်မဖြေဘဲ အမှောင်ထဲတွင်တိတ်ဆိတ်နေခဲ့သည်။


၀မ်ယွီ ထိုခဏအတွင်း အသက်ပြင်းပြင်းရှုပြီး ထပ်မေးလိုက်သည်။


“အလယ်တန်းတုန်းကလား... အထက်တန်းကျောင်းတုန်းကလား... မင်းကို စိတ်အနှောင့်အယှက်ပေးတဲ့လူရဲ့နာမည်က ဘာလဲ... သူ အခုဘယ်မှာလဲ...”


ကျိအန်းနဉ် တုံ့ပြန်လာသည်။


“ ဘာလို့ အဲဒါကို မေးနေတာလဲ သူ့ကိုသွားထိုးမလို့လား..."


၀မ်ယွီက ဟွန်းခနဲနှာမှုတ်ပြီးသာ တုံ့ပြန်ခဲ့သည်။ သူ့စိတ်ထဲမည်သည့်အရာတွေးနေသည်မှာ ရှင်းလင်းနေသည်။


ကျိအန်းနဉ် ကူညီရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။


ကျိအန်းနဉ်က ၀မ်ယွီ၏ မေးခွန်းကိုမဖြေဘဲ ထိုအစား ပြန်မေးလိုက်သည်။


“အဲ့ဒီလူက ကျွန်မအကြောင်းပြောနေတာလား...”


“မဟုတ်ပါဘူး...အဲဒါ တစ်ခြားတစ်ယောက်ကိုပါ... ”


၀မ်ယွီက ခိုင်ခိုင်မာမာပြောလာသည်။

 

ကျိအန်းနဉ် စိတ်သက်သာရာရသွားသည်။ ဤဘဝတွင်မူ သူတို့၏ ယခင်ဘဝကဲ့သို့ တူညီသည့် အခြေအနေမျိုး ထပ်မဖြစ်ချင်တော့ပေ။


အထူးသဖြင့် ယနေ့ ကျောင်းမှာဖြစ်ပျက်ခဲ့သည့် စွန်းယာရှန့်နှင့်ဟယ့်ရှန်းတုံ၏ကိစ္စကြောင့် ဖြစ်သည်။ ထိုအရာကြောင့် သူမ၏အရင်ဘ၀တွင် အမှားများစွာပြုလုပ်ခဲ့သည်ကို နက်နက်ရှိုင်းရှိုင်း နားလည်သွားစေသည်။ သူမတိတ်ဆိတ်မနေသင့်တော့ဘဲ ပြန်လည်တိုက်ခိုက်ရမည်။


သို့သော်လည်း ၀မ်ယွီက ကျိအန်းနဉ်ကို စိတ်အနှောင့်အယှက်ပေးသည့်လူအကြောင်း စဉ်းစားနေဆဲဖြစ်သည်။ 


ဒုတိယမျိုးဆက်က ချမ်းသာတဲ့ဘယ်သူက သူ့အကြောင်းမဟုတ်မမှန်သတင်းဖြန့်ခဲ့တာများလဲ...


ကျိအန်းနဉ် ပြောလိုက်သည်။


“ ကျွန်မ ရှင့်ကိုပြောပြမှာမဟုတ်ဘူး...မေးတာရပ်လိုက်တော့...”


၀မ်ယွီလည်း အနည်းငယ် စိတ်ရှုပ်သွားပြီးမေးလိုက်သည်။


“ဒါကရူးမိုက်တာပဲ... သူက မင်းအကြောင်းအခြေအနေကို မသိဘူးလား...”


“သူ မသိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”


ကျိအန်းနဉ် မျက်လွှာချသွားပြီး မျက်နှာပေါ်တွင်အရိပ်အမြွက်ပြသည့်အပြုံးတစ်ခုကို ဆင်မြန်းရင်းဖြေလိုက်သည်။


“ဘယ်သူကမှ သူ့ကို ကျွန်မအကြောင်း အထူးတလည်ပြောပြမနေဘူးလေ...  အဲဒါတွေဘယ်လိုဖြစ်လာလဲဆိုတာ ရှင်သိလား... သူတို့က နောက်ကွယ်မှာပဲ ပြောကြတာလေ... လှည့်ကြည့်လိုက်မယ်ဆိုရင် ဘယ်သူပြောနေလဲဆိုတာ မသိတော့သလို သူတို့ဘာပြောနေလဲဆိုတာလည်း မသိရတော့ဘူး... ရှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်တယ်ဆိုတောင် မဟုတ်ကြောင်း ဘယ်လိုရှင်းပြရမယ်ဆိုတာသိမှာမဟုတ်ဘူး...”


“ဒါပေမဲ့... ”


ကျိအန်းနဉ် ဆက်ပြောလိုက်သည်။


“ ရှင် ကျွန်မကို စိုးရိမ်စရာမလိုပါဘူး...  ကျွန်မ အခု အရင်နဲ့ မတူတော့ဘူး... အခု ကျွန်မအကြောင်းကို ဘယ်သူကမှ မဟုတ်မမှန်တာတွေ ပြောခွင့်ပြုမှာမဟုတ်ဘူး...”


သူမ၏ ခက်ထန်သည့်အပြုအမူက ၀မ်ယွီကို ရင်ကွဲစေသည်။


“ဒါကလည်း ရူးမိုက်မှုတစ်မျိုးပဲ... ဘာကြောင့် ကိုယ့် သူတို့ကို သင်ခန်းစာပေးဖို့ခွင့်မပြုတာလဲ...”


သူက စတင်ဒေါသထွက်လာပြီ ဖြစ်သည်။


“ နောက်ထပ်ဘယ်တော့မှ သူ့ဘ၀မှာ မင်းကို လက်တုံ့မပြန်စေရဘူးလို့ ကိုယ်မင်းကို ကတိပေးတယ်...”


ကျိအန်းနဉ် သူမမျက်လုံးကိုပင့်ပြီး သူ့ကိုအတန်ကြာစိုက်ကြည့်နေမိသည်။


ညအမှောင်ထဲတွင် ကျိအန်းနဉ်၏မျက်လုံးထဲမှ အကြည့်ကိုမည်သူမှ နားမလည်ဟုခံစားမိလိုက်သည်။


ရွှန်းလဲ့နေသည့်မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုသာမက ၀မ်းနည်းမှုပါ ရှိနေသည်။ ၎င်းက နားလည်သဘောပေါက်ရ ခက်ခဲစေသည်။


အချိန်ခဏကြာပြီးနောက် လေနှင့်အတူမျောလွင့်လာသည့် သူမအသံကို သူကြားလိုက်ရသည်။


“အဆင်ပြေပါတယ်...”


သူမ နူးနူးညံ့ညံ့လေးပြောလာသည်။


“ကျွန်မ သူ့ကိုမေ့လိုက်ပြီ... ”



###