အပိုင်း၅၉
Viewers 7k

🤚Chapter 59




ဝမ်ယွီ၏ အဆက်မပြတ် လျစ်လျူရှုမှုနှင့် ဥပေက္ခာပြုမှုကြောင့် နောက်ဆုံးတွင် စွန်းယာရှန့်၏စိတ်က ရှင်းသွားပုံရသည်။ သူမ၏ခွက်ကိုယူကာ ချန်းဟောင်ရန်ထံသို့ ချဉ်းကပ်ခဲ့သည်။


သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် စကားပြောရန် အချိန်ကောင်းကို ရှာဖွေနေခဲ့သည်။


ချန်းဟောင်ရန်က သူမအား အေးစက်စက် ဆက်ဆံနေဦးမည် သို့မဟုတ် အနည်းဆုံး သူမကိုထပ်မံ၍ အရှက်ရနေ စေလိမ့်ဦးမည်ဟု သူမ တွေးခဲ့သည်။ ဝမ်ယွီသည်လည်း သူမကို မကြာခဏ အကျပ်ရိုက်စေခဲ့သေးသည်။


သို့သော် ချန်းဟောင်ရန်က ထိုသို့မလုပ်ခဲ့ပေ။ သူမ ချဉ်းကပ်လာသည်နှင့်အမျှ သူမဘက်မှ နှိမ့်ချမှုပြရင်း ဖန်ခွက်ကို မော့လိုက်စဉ် ချန်းဟောင်ရန်၏ အမူအရာ ပျော့ပြောင်းသွားကာ သူ့ခွက်ကိုပင့်လိုက်လေသည်။ ဤမတိုင်မီက အေးစက်စက်ပြုမှုဆက်ဆံပုံမရှိခဲ့သည့်အတိုင်းပင် သူ၏ခံစားချက်နှင့် သဘောထားက တစ်ခဏအတွင်း ပြောင်းလဲသွားသည်။


စွန်းယာရှန့်က ထိုကဲ့သို့ ချောမွေ့သော အမူအရာပြောင်းလဲမှုကို မအောင်မြင်နိုင်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သူမ၏ မရင့်ကျက်မှုကို ပိုသိလာခဲ့သည်။


ထို့ကြောင့် ချန်းဟောင်ရန်က သူမကို အရက်သောက်ခိုင်းသောအခါ သူမ သူ့ကို မဖီဆန်ရဲတော့ကာ သူ့အား အကြွင်းမဲ့နာခံလာခဲ့သည်။


ကံကောင်းထောက်မစွာဖြင့် ချန်းဟောင်ရန်က ထိုကဲ့သို့သော အောက်တန်းစားမဟုတ်ပေ။ သူက သူမကို အနည်းငယ်သာသောက်ခိုင်းပြီး မိန်းကလေးများက အပြင်တွင် အလွန်မသောက်သင့်ဟု ပြောခဲ့သည့်အပြင် သူမက ငယ်သေးသောကြောင့် အရက်အပျော့စားကို ပြောင်းလဲသောက်သင့်သည်ဟု ပြောသည်။


ဤလူက နူးညံ့သိမ်မွေ့ပြီး ကြင်နာမှုတတ်စွာ ပြုံးလာသည်။ သူက သူမနှလုံးသားများကို တဖျပ်ဖျပ်ရိုက်ခတ်သွားစေသည့် ဝမ်ယွီ၏ချောမောပြီး ဆွဲဆောင်မှုရှိသော အရှိန်အဝါမျိုးနှင့် မယှဉ်နိုင်သော်လည်း သူ့တွင် ကိုယ့်ပိုင်ဆွဲဆောင်နိုင်စွမ်းရှိပုံရသည်။


စွန်းယာရှန့်မှာ အစောပိုင်းက သူမ အေးစက်စက်ဆက်ဆံခံရသည်ကို မေ့သွားပုံရသည်။ သူမက မှင်သက်နေပြီး အချစ်၏ရနံ့အငွေ့အသက်ထဲတွင် ပိတ်မိသွားပုံရသည်။


ကျိအန်းနဥ်က ဝမ်ယွီ၏ ညွှန်ကြားချက်နောက်လိုက်ကာ  တုချင်နဲ့တွေ့ဆုံရန် ဆက်သွယ်ခဲ့သည်။ သို့သော် တုချင်က ပိတ်ရက်များတွင် အလုပ်များလေရာ သူတို့နှစ်ယောက် လာမည့်အင်္ဂါနေ့တွင်သာ တွေ့ဆုံရန် စီစဉ်ခဲ့သည်။


အင်္ဂါနေ့တွင် ကျိအန်းနဉ်က ကျောင်းမှအစောကြီးထွက်လာကာ တုချင်၏ ဓာတ်ပုံစတူဒီယိုသို့ သွားခဲ့သည်။ ဓာတ်ပုံရိုက်နေသည့် စတူဒီယိုအများစုသည်လည်း ပျားပန်းခပ်သက်ဝင်လှုပ်ရှားနေသည်။


ကျစ်ဆံမြှီးကျစ်ထားသည့်တုချင်မှာ အလုပ်ရှုပ်နေသည်။ ကျိအန်းနဉ်ရောက်လာသည်ကို မြင်သည်နှင့် သူကပြောလာသည်။


"အချိန်ခဏလောက်ပဲပေးနော်... သိပ်မကြာခင်ပြီးတော့မယ်..."


ကျိအန်းနဉ် အချိန်ခဏမျှစောင့်နေရာ သူ၏အလုပ် အမှန်တကယ်ပြီးသည်နှင့် သူမအား ဧည့်ခန်းသို့ခေါ်သွားသည်။


စာချုပ်လက်မှတ်ထိုးသည့်ဖြစ်စဉ်က အမှန်တကယ်ကို ရှုပ်ထွေးခြင်းမရှိပေ။ တုချင်က စကားလုံးအနည်းငယ်ဖြင့် ကျိအန်းနဉ်ကို ရှင်းပြပေးခဲ့သည်။ သူမက လူသစ်ဖြစ်ကြောင်းသိလေရာ ဤနယ်ပယ်ရှိ ဗဟုသုတများစွာကို မျှဝေပေး၍ ကျိအန်းနဉ်အား ညဏ်အလင်းပွင့်လာစေသည်။


သူမ တုချင်အား စာချုပ်အားအိမ်တွင် ပြန်ကြည့်ရန် ကော်ပီယူသွား၍ရမရ မေးမြန်းခဲ့သည်။ သူမက အနည်းငယ်စဉ်းစားရန် လိုအပ်နေသေးပြီး ချက်ချင်းပြန်မဖြေနိုင်သေးဟု ဆိုလာသည်ကို တုချင်ကသဘောတူခဲ့သည်။


အစပိုင်းတွင် ကျိအန်းနဉ်က အနည်းငယ်ပူပန်ခဲ့သော်လည်း ဝမ်ယွီက လုပ်ငန်းနယ်ပယ်ထဲတွင် ဆုံးဖြတ်ချက်အမြန်ချရဲရန် လိုအပ်မည်ဟုပြောခဲ့သည်။ ရွေးချယ်ပိုင်ခွင့်ကို နှိုင်းယှဉ်ခြင်း၊ ဂရုတစိုက်‌စဉ်းစားခြင်းဟူသည့် အရာအားလုံးက ပုံမှန်သာဖြစ်သည်။


တုချင်ကလည်း ချက်ချင်း သဘောတူသည်။


စီးပွားရေးကိစ္စများ ဆွေးနွေးပြီးနောက် ကျိအန်းနဉ်က ပြန်ရန်ထွက်လာသည်။ တုချင်က သူမကို လိုက်ပို့ပေးသည်။မြေအောက်ရထားဘူတာရုံက အဆောက်အအုံနှင့် မဝေးလေရာ တုချင်က သူမကို ထိုနေရာသို့ လိုက်ပို့ပေးမည်ဟု ပြောခဲ့သည်။


ကျိအန်းနဉ်က ငြင်းဆိုသော်လည်း သူက အခိုင်အမာပြောနေသည်။ သို့သော် သူတို့စတူဒီယိုမှ ထွက်လာသည်နဲ့ သူကမေးသည်။

 “မင်းရဲ့ချစ်သူက မင်းနဲ့ကျောင်းအတူတူပဲလား...” 


ကျိအန်းနဉ်က ခေါင်းညိတ်ကာ ပြောသည်။

 

"သူက တတိယနှစ်ပါ..."


"အဲဒီနေ့က တကယ်လန့်သွားတာ..." 

တုချင်က စကားအပိုများ မပြောတတ်ပေ။

  “တကယ့် Maybachကားကြီးလေ...”


ကျိအန်းနဥ်က Maybach မည်မျှတန်ဖိုးရှိသည်ကို မသေချာချေ။ ထိုကားကို လီဟေးက ပိုင်သော်လည်း ဝမ်ယွီထံတွင်လည်း ပုံစံတူကားတစ်စီးရှိကြောင်း သူမသိသည်။


ထိုနေ့တွင် ဝမ်ယွီက သူ့၏ဟမ်မာကားကို စွန့်ပစ်ခဲ့ပြီး တုချင်ကို ဖိအားပေးရန် Maybachကို တမင်တကာ မောင်းနှင်ခဲ့သည်။ ကျိအန်းနဥ် အနည်းငယ်ရှက်ရွံ့သွားပြီး အပြစ်ရှိသည်ဟု ခံစားခဲ့ရသည်။


"သူက နည်းနည်းတော့ ရှိုးထုတ်တတ်တယ်..."  


သူမ  "စိတ်မရှိပါနဲ့" ဟု ပြောချင်ခဲ့သော်လည်း သိသာနေလွန်းသည်ဟုထင်၍ စကားလုံးများကို ပြန်ထိန်းချူပ်လိုက်ရသည်


တုချင်က ပြောသည်။


 "သူက ချမ်းသာတဲ့ မိသားစုကလာတာ မလား..."


ကျိအန်းနဉ်က "ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက်" ဟူသော အသုံးအနှုန်းကို အနည်းငယ် ထိရှလွယ်သည်။ သူမ ရပ်လိုက်ပြီး တုချင်ကို မော့ကြည့်လာသည်။


တုချင်က ပြောသည်။


 "မင်း သူ့လိုလူနဲ့ ရှိနေရတာ နည်းနည်းတော့ အံ့သြမိတယ်..."


ကျိအန်းနဥ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

"ရှင်ပြောတာကို ကျွန်မ တကယ်နားမလည်ဘူး..."


"မင်းဟာ ဒီဇိုင်နာဘရန်းတွေ LV, Chanel အဲဒါမျိုးကိုနေ့တိုင်းလွယ်ထားမယ်ဆိုင် ငါ အံ့သြမှာမဟုတ်ဘူး... ဒါပေမယ့် မင်းက အဲဒီလိုလူ မဟုတ်ဘူးလေ..." 

တုချင်က ရပ်လိုက်ပြီး သူ့အိတ်ကပ်ထဲ လက်နှစ်ဖက်ထိုးကာ သူမကို စကားပြောနေသည်။


" ပိုက်ဆံမရှိရင်တောင် မင်းလောက် အားကိုးရတဲ့ လူတစ်ယောက်ကိုပဲ မင်းတွေ့မယ်လို့ ငါထင်ခဲ့တာ... လူနှစ်ယောက် အတူတူ အလုပ်ကြိုးစားရတာ ကောင်းပါတယ်...”


“သူ ဘယ်လိုလူလဲ၊ သူ့မှာ ပိုက်ဆံရှိတယ် မရှိတယ်က ကျွန်မအပေါ်  မသက်ရောက်ပါဘူး...” 


ကျိအန်းနဥ်က အလေးအနက် ပြောလာခဲ့သည်။


"ငါ အဲ့ဒါကိုသိပါတယ်...” 


တုချင် ခေါင်းညိတ်ပြသည်။


"ဒါပေမယ့် မနေ့က မင်း Maybach ထဲကို ဝင်သွားတာကိုမြင်တော့ ဗလာဖြစ်သွားသလို ခံစားလိုက်ရတယ်... ငါက ခွဲခွာမရနိုင်တဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ယုံကြည်သူတစ်ယောက် မဟုတ်ဘူးလေ... နောက်တစ်ခုက လူ့အဖွဲ့အစည်းမှာ အချိန်အကြာကြီးရှိနေခဲ့တေ့ာ အများကြီးကြုံတွေ့ခဲ့ရပြီး လူက အတွေးများလာတတ်တယ်..."


ကျိအန်းနဥ်က ကူကယ်ရာမဲ့စွာပြောလာသည်။


  “တစ်ခုခုပြောချင်ရင် တိုက်ရိုက်ပြောပါ...သွယ်ဝိုက်ပြောနေဖို့ မလိုပါဘူး..."


"ဒါဆို ငါ ရိုးရိုးသားသားပြောမယ်..." 


တုချင်က ကျိအန်းနဉ်ကိုကြည့်ပြီး မေးသည်။


  "ချမ်းသာတဲ့ ဒုတိယမျိုးဆက်တစ်ယောက်က မင်းနဲ့အတူရှိတဲ့အခါ သူက ရိုးသားမှုရှိရဲ့လား... သူနဲ့ အချိန်ကြာကြာတွဲနိုင်ပါ့မလား ...သူက ချမ်းသာရုံတင်မကဘူး မင်းဒီနေ့ခေတ်ကားဈေးတွေက ဘယ်လောက်လဲ သိလား... ချမ်းသာတဲ့အဆင့်က လူတွေဟာ မိန်းကလေးလှလေးတွေကို အချိန်တိုင်း ကြုံရတတ်တယ်... မင်းက လှတယ်ဆိုပေမယ့် တခြားမိန်းကလေးတွေနဲ့ မတူဘူး... သူ မင်းကို ငြီးငွေ့လာတဲ့အခါ စွန့်ပစ်လိုက်ရင် မင်း ဘာလုပ်မလဲ...ဒါနဲ့ပတ်သက်ပြီး ဘယ်လိုတွေးထားသေးလဲ..."


ကျိအန်းနဉ်က လူသစ်တစ်ဦးသာဖြစ်သည်။ တုချင်က သူမမှာ ရေရှည်ကို မစဉ်းစားတတ်သည့် ငယ်ရွယ်သော မိန်းကလေးတစ်ဦးသာဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဤသို့ အတွင်းမှ နှိုက်နှိုက်ချွတ်ချွတ်မေးသည့်မေးခွန်းမျိုးက အနည်းဆုံးတွင် သူမ၏ သက်တောင့်သက်သာ‌နေရာမှ  ရုန်းထွက်ပြီး သူမကို အတွေးများစေလိမ့်မည်ဟု သူထင်ခဲ့သည်။


သို့သော်ကျိအန်းနဉ်က သူမျှော်လင့်ထားတာထက်ပို၍ ငြိမ်သက်နေခဲ့သည်။


“ကျွန်မ စဉ်းစားထားပြီးသားပါ...” 


“ကျွန်မနဲ့သူ့ကြား သဘောတူညီမှုတွေ ရှိထားတယ်... လက်ဆောင်တွေက အဆင်ပြေပေမယ့် ဇိမ်ခံပစ္စည်းတွေကိုတော့ လက်မခံဘူး. ....ကျွန်မဘဝရဲ့ကုန်ကျစရိတ်ကို ကျွန်မပဲရှာမယ် သူနဲ့အတူ အဆင့်မြင့်တဲ့ ဖျော်ဖြေရေးကိစ္စတွေကို အတူလုပ်မှာလည်းမဟုတ်ဘူး...”


သူမ၏ ဆံစများက နိုဝင်ဘာလ၏ အေးစက်သောလေထဲတွင် လွင့်ပျံနေပြီး သူမ၏အကြည့်များက အလွန်ကြည်လင်နေသည်။


"တကယ်လို့ သူက ကျွန်မနဲ့ တွဲနေရတာ ငြီးငွေ့စရာကောင်းပြီး လမ်းခွဲချင်နေတယ်ဆိုရင်တောင် အဆင်ပြေတယ်... အများကြီး ထိခိုက်မှာ မဟုတ်ပါဘူး...ဒီလိုအပြောင်းအလဲတွေကို ကျွန်မကိုင်တွယ်နိုင်မယ်လို့လည်း ယုံကြည်တယ်...”


ဝမ်ယွီက ဤစကားများကို ကြားလိုက်ရပါက သူဒေါသထွက်လွန်း၍ အစာအိမ်ထိနာကျင်မည်မှာ သေချာသည်။


ကျိအန်းနဉ်က သူ့ကို ပွင့်ပွင့်လင်းလင်းဖြင့် လက်ခံခဲ့သော်လည်း ခွဲခွာရန်  ဖြစ်နိုင်ချေအတွက် သူမကိုယ်သူမ  အစောတည်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြောင်း ဝမ်ယွီက မသိခဲ့ချေ။


သူမ၏ အတိတ်ဘဝက စိတ်ထားကြောင့် ကျိအန်းနဥ်က ဝမ်ယွီ၏ ရိုးသားမှုကို ယုံကြည်ခဲ့သည်။


သို့သော် သူမအပေါ်ထားရှိသော သူ၏သဘောကျခြင်းအပေါ် ကြာချိန်ကို သူမ သေချာမသိနိုင်ပေ။


ရိုးသားခြင်းနှင့် ရှည်ကြာခြင်းက မတူညီသည့်အယူအဆနှစ်မျိုးဖြစ်သည်။


ဝမ်ယွီ၏ ဆန္ဒများသည် ရှင်းလင်းပြီး ပြင်းထန်သည်။ ကျိအန်းနဉ်က ဝမ်ယွီနှင့် ရင်းနှီးလာပြီး သူမထံမှ သူလိုချင်သည့်အရာကို ရခဲ့ပါက နောက်ပိုင်းတွင် သူမကို စိတ်ဝင်စားမှု ဆုံးရှုံးသွားနိုင်ကြောင်း သူမအမှန်ပင် ခံစားမိသည်။


သူမ၏အတိတ်ဘဝတွင် စွန်းယာရှန့်က ဝမ်ယွီ၏ ကောလာဟလများကို သူမရှေ့တွင် တမင်ရည်ရွယ်ပြီး ဆွေးနွေးလေ့ရှိသောကြောင့် ကျိအန်းနဉ်က ဝမ်ယွီ၏ယခင်က အချစ်ရေးအကြောင်းကို အနည်းငယ်သိလာခဲ့သည်။


ထိုဆက်ဆံရေးများက တစ်ခုမှ ကြာရှည်မခံခဲ့ပေ။


ထိုမိန်းကလေးများက သူ၏ရည်းစားဟူသည့်နာမည်ကို လက်ခံထားစဉ်တွင် စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းအရပါ သူ့ထံမှ အများကြီး ရယူခဲ့သည်။


ကျိအန်းနဉ်က ဝမ်ယွီကို လက်ခံရန် ဆန္ဒရှိပြီး သူမနှင့် ရင်းနှီးသောဆက်ဆံရေးဖြစ်နိုင်ရန်အတွက်  အစောပိုင်းကတည်းက စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားခဲ့သည်။ သို့သော် သူမ၏အတိတ်ဘဝက ကံအကြောင်းတရားများနှင့် သူမ၏ မသေချာမရေရာမှုများကြောင့် သူမနှင့်သူ၏ဆက်ဆံရေးတွင် အရေးကြီးသောအချက်တစ်ခုကို မကျော်လွန်မီအထိ နှောင့်နှေးရန်စီစဉ်ခဲ့သည်။


ဝမ်ယွီ၏ ဆန္ဒများသည် ပြင်းထန်လွန်းသည်။ သူမကို အိမ်ပြန်ပို့စဉ် စင်္ကြန်တွင် နမ်းလိုက်ချိန်၌  သူမခန္ဓာကိုယ်မှ တုံ့ပြန်လာသောကြောင့် ထိတ်လန့်တကြားဖြစ်သွားခဲ့ရသည်။


ကျိအန်းနဉ်က စိတ်ပိုင်းဖြတ်ပြိီးသားဖြစ်သည်။ ထိုအရေးကြီးသောအချက်ကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်သရွေ့ သူမက အရာအားလုံးကို သဘာဝအတိုင်း ဖြတ်သန်းခွင့် ပေးမည်ဖြစ်သည်။


တကယ်လို့ အဲ့လိုဖြစ်ဖို့ ရည်မှန်းထားရင် ဖြစ်ကိုဖြစ်လာမှာပဲ... ဒါမှမဟုတ် လမ်းခွဲဖို့ အချိန်ကျရင် လမ်းခွဲကြမယ်...


အရာရာတိုင်း သူ့အလိုလိုဖြစ်လာမှာပါ...


တုချင်က အတော်လေး အံ့သြသွားသည်။ ကျိအန်းနဉ်၏ ရှုပ်ထွေးမှုကို လျှော့တွက်မိကြောင်း သူနားလည်ခဲ့သည်။ သူမက ထိုအရာများကို သေသေချာချာ တွေးထားပြီးသားဖြစ်သည်။


"ဒါဆို မင်းသူ့ကိုကြိုက်လား..." 


 သူမအား မမေးဘဲ မနေနိုင်ပေ။


အတိုင်းအတာတစ်ခုအထိ ချစ်မြတ်နိုးလာမှသာလျှင် ပိုးဖလံလို မီးတောက်ထဲသို့ ပျံတက်သွားကာ ဖြစ်ပေါ်လာနိုင်သော မတည်မငြိမ်မှုများနှင့် ရုန်းရင်းဆန်ခတ်မှုအားလုံးကို လျစ်လျူရှုနိုင်မည်ဖြစ်သည်။


"ဟုတ်..." 


သူမလေးနက်စွာဖြင့် ခေါင်းညိတ်လာသည် ကျိအန်းနဥ်၏ မျက်နှာပေါ်တွင် တောက်ပပြီး ဖြူစင်သော အပြုံးတစ်ခု ဖြစ်ပေါ်လာလျက် ပြောလိုက်သည်။


 "ကျွန်မသူ့ကို တကယ်ကြိုက်တယ်..."


ထိုအပြုံးက ဝမ်ယွီကို အနည်းငယ် မနာလိုဖြစ်စေမည်မှာ သေချာပေသည်။


အပြန်တွင် ကျိအန်းနဉ်က ပိတ်ရက်တွင် ဓာတ်ပုံရိုက်ရန် ဖိတ်ခေါ်သည့် အခြားဓာတ်ပုံစတူဒီယိုမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။


ကျိအန်းနဉ် အံ့သြပြီး ဝမ်းသာသွားခြင်း နှစ်ခုလုံး ခံစားခဲ့ရသည်။ သူမသည် အချိန်ကိုမေးသောအခါ တနင်္ဂနွေနေ့ဖြစ်၍ အချိန် အဆင်ပြေကြောင်း သိလိုက်ရသည်။ သူမစာသင်ပြီးနောက် စတူဒီယိုသို့ အချိန်မီရောက်အောင် လုပ်ကာ ညနေတွင် ကော်ဖီဆိုင်သို့ သွားနိုင်သေးသည်။


၎င်းက သူမအတွက် အံဝင်ခွင်ကျအဆင်ပြေအောင်လုပ်ထားသလို ဖြစ်နေသည်။


ကော်ဖီဆိုင်မှ အနားယူပြီးကတည်းက ကျိအန်းနဉ်က ပုံမှန်ထက် အများကြီးစော၍ အိမ်ပြန်ခဲ့သည်။  သူမ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ သတင်းကောင်းကို ဝေမျှရန် ဝမ်ယွီကို ဖုန်းခေါ်ခဲ့သည်


ဝမ်ယွီက တရဆက်မေးလာသည်။

“ဘယ် ဓာတ်ပုံစတူဒီယိုကလဲ...ဘယ်မှာရှိတာလဲ ..အရမ်းဝေးလား...တရားဝင်ရဲ့လား..."


" Firewingလို့ခေါ်တာပဲ... ကျွန်မနောက်မှ ကွန်ပျူတာသုံးပြီး လိုင်းပေါ်ကနေ စစ်ကြည့်လိုက်ပါ့မယ့် တရားဝင်မှာပါ... တကယ်လို့ တရားမဝင်ဘူးဆိုရင်တော့ ငြင်းလိုက်မယ် ကိုယ့်လုံခြုံရေးက အရေးကြီးသေးတယ်လေ..."

 

သူမသည် နာခံလွန်းနေ၍ သူ့နှလုံးသားကို အရည်ပျော်နိုင်ခဲ့သည်။


သို့သော် Firewing မှာ လွန်ခဲ့သည့်အပတ်က ဝမ်ယွီဝယ်ယူခဲ့သော ဓာတ်ပုံစတူဒီယိုဖြစ်သည်။ ၎င်းက တရားဝင်မဖြစ်၍မရ‌ပေ။ စတူဒီယို၏ နောက်ကွယ်မှလူကကျိအန်းနဉ်ကို သိပြီး ချမ်းသာသည့် သူဌေးတစ်ယောက်က ဤကောင်မလေးကို ပျော်ရွှင်စေရန် တိတ်တဆိတ် ဝယ်ပေးထားခြင်းဖြစ်ကြောင်းကိုပါ သိနေသည်။


လုံခြုံစိတ်ချရန်မှာ ထပ်ပြီးအာမခံနိုင်စရာမလိုပေ။


ဝမ်ယွီက ရယ်မောကာ ကျိအန်းနဥ်အား စိတ်အားထက်သန်စွာ ပြောခဲ့သည်။

 “ဟုတ်တာပေါ့မှန်တယ်... စုံစမ်းသင့်တယ်...တရားဝင်တယ်ဆိုရင် အခွင့်အရေးကို လက်လွတ်မခံနဲ့... မင်းနဲ့ စာချုပ်ချုပ်ရင်လည်း ချုပ်ချင်နေကြမှာသိလား... ”


ကျိအန်းနဉ် ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"အဲဒါက ဘယ်လိုမျိုးလဲ..."


အမည်မသိ လူသစ်တစ်ယောက်အတွက် အလုပ်တစ်ခုမှ ကမ်းလှမ်းမှုမရှိဘဲ တစ်လအစမ်းခံခြင်းသည် စံနှုန်းတစ်ခုဖြစ်သည်။ တုချင်က သူမကို ခေါ်ယူချင်လျှင် သူမကိုလိုက်ရန် အကြောင်းအရင်းတစ်ခု ပိုတိုးလာမည်ဟု ကျိအန်းနဉ်က ထင်ခဲ့သည်။ ထို့ကြောင့် သူနှင့် စာချုပ်ချုပ်ရန် ချီတုံချတုံ ဖြစ်နေခဲ့သည်။


“ဒီလောက် သံသယမဖြစ်ပါနဲ့...”


 ဝမ်ယွီက အရှက်မရှိဘဲ ကြွားလာသည်။


“မင်းကို ပြောပြမယ်... ကိုယ့်မှာ မယုံနိုင်လောက်အောင် ပြင်းထန်တဲ့ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေရှိတယ်...  ကိုယ့်ပတ်ဝန်းကျင်မှာ မကြာခဏရှိနေတဲ့လူတွေရဲ့ကံကြမ္မာကို မြှင့်တင်ပေးနိုင်တော့ လူတိုင်းကံကောင်းလာစေတယ်လေ..."


"ကိုယ်မင်းဆီ လွှဲပြောင်းပေးလိုက်တဲ့ အပြုသဘောဆောင်တဲ့စွမ်းအင် ဘယ်လောက်ရှိလဲဆိုတာ ကြည့်လိုက်စမ်းပါကွာ...မင်းဘယ်လိုကံမကောင်းဘဲ နေနိုင်မှာလဲ..."


သူမလည်း ထပ်မံ၍လှည့်စားခံလိုက်ရသည်။


ကျိအန်းနဉ်က သူ့ကို ဆူပူသည်။

"အလေးအနက်ထားရှိစမ်းပါ..."


"အဟမ်း ကိုယ်ကအလေးအနက်ပြောနေတာလေကွာ...မင်း  ပုံသေမော်ဒယ်တစ်ယောက်အနေနဲ့ အလုပ်ကို မြဲအောင် လုပ်နိုင်ရင် ရှုချန်းနဲ့ တိုင်ပင်ပြီး အလုပ်ကထွက်ဖို့စဉ်းစားလေ...အဲ့ဒါက အချိန်အရမ်းယူလွန်းတယ်.... မင်းအလုပ်ရှုပ်နေတဲ့အချိန် တခြားသူတွေက စာကြည့်ခန်းမှာ စာလေ့လာနေတာလေ..."


ဝမ်ယွီက နောက်ပြောင်ခြင်းမလုပ်တော့ဘဲသူသည် အဓိကကိစ္စကို တန်းသွားသည်။


"ဟုတ်တယ် ရှင်ပြောတာမှန်တယ် ရှုချန်းအတွက် ကျွန်မ စိတ်မကောင်းဖြစ်နေတယ်... သူက ကျွန်မကို အမြဲတမ်း ဂရုစိုက်တာ..."


“အဆင်ပြေပါတယ်... မနေ့က ဒီကိစ္စကို ရှုချန်းကို မေးခဲ့သေးတယ်... သူ့လုပ်ငန်းတိုးတက်လာတော့ ဆိုင်ခွဲတစ်ခုဖွင့်ဖို့ စဉ်းစားထားလားလို့ ကိုယ်မေးတော့ သင့်တော်တဲ့နေရာကို ရှာရခက်တယ်လို့ သူက ပြောတယ်လေ...သူ့ကို ကူညီပြီး  သင့်တော်မယ့်နေရာကို ရှာပေးမယ်လို့ ကိုယ်စဉ်းစားထားတယ်..."


ဝမ်ယွီထံတွင် သူ့ကိုယ်ပိုင် အရင်းအမြစ်များ ရှိပြီး ရှုချန်းကို လျှော့စျေးပေးရန်လည်း ရည်ရွယ်ထားသည်။


သူမ၏အတိတ်ဘ၀တွင် ရှုချန်းက ဆိုင်ခွဲတစ်ခု အမြဲတမ်းဖွင့်ချင်ခဲ့သည်။


သို့သော် လက်ရှိ လည်ပတ်နေသည့် နေရာက အမှန်တကယ်ပင် သူ့မိသားစု၏ ပိုင်ဆိုင်မှုဖြစ်သည်။ သူတို့၏ဘဏ္ဍာရေးအခြေအနေက မြင့်တက်နေသောကြောင့် မဟုတ်လျှင် အလုပ်တစ်ခုမလုပ်စေဘဲ သူ့ကို တက္ကသိုလ်မှ ဘွဲ့ရအောင် ထောက်ပံ့နိုင်မည်မဟုတ်ပေ။ ထို့အပြင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုလည်း ဦးစီးစေသေးသည်။


နေရာတိုင်းတွင် ဆိုင်ခန်းရှာရသည်ကလည်း ပိုခက်ခဲသည်။


လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စားသောက်ဆိုင်လုပ်ငန်းက တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး အကြီးမားဆုံး ပြဿနာမှာ ငှားရမ်းခတိုးလာခြင်း ဖြစ်သည်။ သူမ၏ အတိတ်ဘ၀တွင် ရှုချန်းက နေရာများစွာကိုရှာဖွေရန်ကြိုးစားခဲ့သော်လည်း ငှားရမ်းခများမှာ အထူးသဖြင့် ဈေးဝယ်စင်တာများတွင် အမြတ်အစွန်းများစွာကို ပေးဆောင်ရသည်။ ကုန်ကျစရိတ်အားလုံးကို ထည့်သွင်းစဉ်းစားသောအခါတွင် အမြတ်အစွန်းများ နည်းပါးသွားသော်လည်း သူ လက်လျော့လိုက်ရန် တွန့်ဆုတ်နေခဲ့သည်။


အကယ်၍ ဝမ်ယွီက သူ၏အရင်းအမြစ်များဖြင့် ကူညီရန်ဆန္ဒရှိနေပါက  ရှုချန်းအတွက် သင့်တော်သောနေရာကို ရှာဖွေနိုင်မည်ဖြစ်သည်။


ဤတစ်သက်တာတွင် ရှုချန်းက ယခင်တစ်ကြိမ်က သူ မအောင်မြင်နိုင်ခဲ့သောအိပ်မက်ကို နောက်ဆုံးတွင်အကောင်အ ထည်ဖော်နိုင်မည်ဟုတွေးမိလာသည်။ ဤဘဝတွင် ပြန်လည်မွေးဖွားလာခြင်းမှာ အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းသည်ဟု ကျိအန်းနဉ် ခံစားခဲ့ရသည်။


အရာအာလုံးက အကောင်းဘက်မှ တိုးတက်လာခဲ့သည်။


"ဝမ်ယွီ..." 


သူမက ပြောနေစဉ် ပျော်ရွှင်မှုကြောင့် မျက်လုံးများ ကွေးညွတ်သွားသည်။


"ကျေးဇူးတင်ပါတယ်..."


“ဟေး...” 


ဝမ်ယွီက ယခုတွင်အနည်းငယ် မနာလိုဖြစ်နေပြီဖြစ်သည်။


"မင်းက ကဏ္ဍအားလုံးကို ရောထွေးလိုက်တာပဲ..." 


ဟေး မင်းနဲ့ကိုယ်က တစ်ဘက်တည်းလေကွာ...


ရှုချန်း...မင်းကတော့ ငါ့အတွက် ဘေးမှာနေပေးစမ်းပါ...



###