🤚Chapter 62
"ဘယ်လောက်လဲ..."
ကျိအန်းနဉ်က သူမ၏ ပလတ်စတစ်ပိုက်ဆံအိတ်ကိုကိုင်ပြီး မေးလိုက်သည်။
ငွေကိုင်က ပြောလာသည်။
“စုစုပေါင်း ယွမ်နှစ်သောင်းတစ်ထောင်လေးရာနဲ့တစ်ယွမ်ပါ...”
ကျိအန်းနဥ်က ဝမ်ယွီ၏ မငြိမ်မသက် ဖြစ်နေသောလက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ပြောလာသည်။
"မလှုပ်နဲ့...ကျွန်မပေးလိုက်မယ်.."
သူမ ပိုက်ဆံထုတ်ရှင်းလိုက်သည်။
ဆိုင်ပိုင်ရှင်က လစဉ်ငွေတောင်းခံခြင်း သို့မဟုတ် တစ်ဦးချင်းငွေရှင်းခြင်းနှင့် ခရက်ဒစ် သို့မဟုတ် ငွေသားဖြင့် ပေးချေလိုခြင်းရှိမရှိ ဘေလ်ပေးချေမှုဆိုင်ရာ ဦးစားပေးများကို မေးမြန်းခဲ့သည်။ ကျိအန်းနဉ်က တစ်ဦးချင်း ငွေပေးချေမှုနှင့် ငွေသားကို ရွေးချယ်ခဲ့သည်။ ဤကဲ့သို့ ရိုက်ကူးပြီးသည်နှင့်ချက်ချင်း သူမကိုငွေပေးချေခဲ့သောကြောင့် ငွေရရှိသည့် ခံစားချက်က သူမကို ပျော်ရွှင်စေခဲ့သည်။
သူမကိုယ်တိုင် ၀င်ငွေရှာရင်း ချွေတာရန် မလိုအပ်တော့ကာပစ္စည်းများကို စိတ်ချလက်ချ ပေးချေနိုင်ခဲ့၍ သူမကို ပိုပြီးပျော်စေသည်။
သူမ၏ယခင်ဘဝတွင် ဆင်းရဲမွဲတေမှုက သူမကို ဓားစာခံအဖြစ် ချုပ်နှောင်ထားခဲ့ခြင်းနှင့်အတူ စတော့ဟုမ်းရောဂါကိုပင် ဖြစ်ပေါ်လာခဲ့သည်။ ပိုက်ဆံများ သုံးဖြုန်းရခြင်းက သူမကို အပြစ်ရှိသည်ဟု ခံစားရစေသည်။ သူမက အဖွားကို သံယောဇဉ်မဖြတ်နိုင်သည့်အတွက် သူမကိုယ်သူမ မမျှမတ ဆက်ဆံခဲ့သည်။
ယခုအခါ သူမ၏ ကာလရှည်ကြာ ချုပ်တည်းထားသည့် ဈေးဝယ်လိုစိတ်က နောက်ဆုံးတွင် အပြည့်အဝ လွတ်မြောက်သွားသည်။
ဤခံစားချက်က သူမကို အလွန်ပျော်ရွင်မြူးကြွစေသည်။
ဤခံစားချက်က တစ်ကိုယ်တော်ရွက်လွင့်ရသည့်အရသာကို အမှန်တကယ် ခံစားလာရစေသည်။
ငွေပေးချေမှုအပြီးတွင် ကျိအန်းနဉ်က ပြန်အမ်းငွေအား သူမပိုက်ဆံအိတ်ထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။ သူမပြန်လှည့်လိုက်ချိန်တွင် ဝမ်ယွီက ထိုနေရာတွင် မှင်တက်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။
"ရှင်အဲ့မှာ ဘာလုပ်နေတာလဲ ဒီကိုလာပြီး ကူညီဦးလေ...ဒါတွေအကုန်လုံး ကျွန်မတစ်ယောက်တည်း မသယ်နိုင်ဘူး..."
ကျိအန်းနဉ်က ပြောနေလျက် သူမလက်ကိုကွေးကာ စိတ်ပိုင်းဆိုင်ရာ ကုသရေးပစ္စည်းအထုပ်ကြီးများကို ဝမ်ယွီအား ပေးလိုက်ပြီးနောက် အနီရောင်မုန့်ဖုတ်မီးခွက်ပုံးများကို ဆင့်တင်ပေးလိုက်သည်။
LCDကဲ့သို့ သွေးတွင်းဂလူးကို့စ်မီတာတံများကိုမူ သူမလအိတ်ထဲထည့်လိုက်ပြီး သွေးကြောထုံးလေလှိုင်းဖိအားကုထုံးကိရိယာကို မလိုက်သည်။ ၎င်းပစ္စည်းအားလုံးက မလေးသည့်အပြင် သူတို့က လှလှပပထုပ်ပိုးထားသည့် သေတ္တာအကြီးကြီးဖြစ်နေရုံသာဖြစ်သည်။
ကျိအန်းနဉ် ချောချောချူချူမ'ပြီးသည့်နောက် ပျော်ရွင်ဟန်ဖြင့် အော်လာသည်။
"သွားစို့လေ..."
သူမက ယနေ့တွင် လမ်းလျှောက်တိုင်း စျေးဝယ်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သည်။
ဝမ်ယွီက သူမနောက်တွင်ရှိကာ ပြောမပြနိုင်အောင် ထူးခြားနေသည်ကို ခံစားနေမိသည်။
ကျိအန်းနဉ်က ပိုက်ဆံအနည်းငယ်ရလာသည်ဖြစ်ရာ သူမအတွက် အလှကုန်နှင့် အဝတ်အစားကောင်းကောင်းတချို့ဝယ်လောက်မည်လို့ သူ တွေးခဲ့မိသည်။ သူက ထိုအချိန်အတွက် ပြင်ဆင်ထားရာ သူ့အတွေးထဲတွင် "ရည်းစားတစ်ယောက်ရဲ့တာဝန်က သူ့ကောင်မလေးကိုလှလာအောင် လုပ်ပေးဖို့ပဲ.."ဟု ပြောရန် တွေးထားခဲ့သည်။ ထို့နောက်သူက ယုံကြည်မှုမှုရှိရှိဖြင့် ရှေ့တိုးကာ ဘေလ်ရှင်းလိုက်မည်။
သို့သော် ကျိအန်းနဉ်က သူ့ကိုဦးဆောင်ကာ ပထမထပ်မှ အလှကုန်ပစ္စည်း၊ မိတ်ကပ်၊ အဝတ်အစား၊ ဖိနပ်၊ အိတ်များကိုကျော်ကာ မြေညီထပ်ရှိ ရှော့ပင်းမောဝင်ပေါက်အနီးက ဆေးဖက်ဆိုင်ရာစတိုးဆိုင်ကို ခေါ်သွားမည်ဟု လုံးဝမမျှော်လင့်ထားပေ။
ဝမ်ယွီ : “…”
ဝမ်ယွီ၏ စိတ်ခံစားမှုများ “…”
ပုံးများအားလုံးကို ကားထဲသို့ထည့်ကာ အလိုအလျောက်ပိတ်ရန် ခလုတ်ကို နှိပ်ပြီးနောက် ဝမ်ယွီ ခေါင်းပြန်လှည့်ကာ ဖြည်းညှင်းစွာကျလာသော ကားနောက်အဖုံးကို ငေးကြည့်နေသည့် ကျိအန်းနဉ်ကို တွေ့လိုက်ရသည်။
သူမ၏မျက်လုံးများက သူမသဘောကျသောအရုပ်ကို လက်ခံရရှိခဲ့သည့် မိန်းကလေးငယ်တစ်ဦးကဲ့သို့ သို့မဟုတ် နောက်ဆုံးတွင် စောင့်မျှော်ခဲ့ရသော သကြားလုံးတစ်လုံးကို ရရှိထားသူတစ်ဦးကဲ့သို့ပင် တောက်ပနေခဲ့သည်။ သူမထံတွင် ပြည့်လျှံနေသည့် ဖြူစင်သောကျေနပ်မှု အရိပ်အယောင်များရှိနေသည်
အသုံးမ၀င်သော ရာထောင်ချီတန်Black Card ကြောင့် ဖြစ်ပေါ်လာသော စိတ်ပျက်အားငယ်မှုက လေထုထဲတွင် ပျောက်ကွယ်သွားပုံရသည်။
"မင်းအရမ်းပျော်နေလား…"
သူ ရယ်မောကာ သူမဆံပင်ကို ဖွလိုက်သည်။
"ဟုတ်တယ်…"
ကျိအန်းနဉ်က အစာဝဝစားထားသောကြောင်ကဲ့သို့ လိုက်လျောညီထွေဖြစ်အောင်နေပြီး သူ့အား ရိုင်းစိုင်းခွင့်ပြုနေသည်။
ယခင်ဘဝတွင် ဤပစ္စည်းများကို တစ်ခုပြီးတစ်ခု ဝယ်ခဲ့သော်လည်း ယခုအခါ ၎င်းတို့အားလုံးကို တစ်ပြိုင်နက် ဝယ်ယူနိုင်ခြင်းက အမှန်တကယ်ပင် ကျေနပ်စရာကောင်းလှသည်။
သူတို့လမ်းပေါ်ရှိစဉ် ကျိအန်းနဉ်က ဓာတ်ပုံရိုက်စတူဒီယိုမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ Firewingစတူဒီယိုက အလွန်အသုံးဝင်ပေသည်။ သူတို့က သူမ၏ အားလပ်ချိန်များကို အလုပ်နှင့် ပြည့်စေခဲ့သည်။ စတူဒီယိုမှထွက်ပြီး နှစ်နာရီမပြည့်မီတွင် သူမကို ဖုန်းဆက်လာသည်။
"မင်္ဂလာပါ အစ်ကိုမာ…"
ကျိအန်းနဉ်က ဖြေသည်။
ဝမ်ယွီက သူမကို ဖုန်းပြောခွင့်ပေးရန် သီချင်းပိတ်လိုက်သည်။
"ကြာသပတေးနေ့တော့ မရလောက်ဘူး ကျွန်မ ဒီကြာသပတေးနေ့မှာ ကိစ္စတစ်ခုရှိတယ်..."
ကျိအန်းနဥ် ပြောသည်ကို သူကြားခဲ့ရပေသည်။
"ဒါပေမဲ့ ပိတ်ရက်တော့အဆင်ပြေပါတယ်.."
ကျိအန်းနဉ် ဖုန်းချသွားပြီးနောက် ဝမ်ယွီကမေးသည်။
"ကြာသပတေးနေ့က ဘာဖြစ်လို့လဲ..."
ကျိအန်းနဉ် : "ကျွန်မအဖွားကို ဆေးရုံ ခေါ်သွားမလို့ပါ…"
ဝမ်ယွီအံ့သြသွားသည်။
"မင်းအဖွား နေမကောင်းပြန်ဘူးလား…"
“မဟုတ်ဘူး ဒီတိုင်းဆေးစစ်မလို့ပါ...”
ယခင်ဘဝတွင် သူမ အလွန်အလုပ်များခဲ့ပြီး ရောဂါကြောင့်စိတ်ဖောက်ပြန်မှုခံစားနေရသော သူမအဖွားနှင့် အချိန်အနည်းငယ်သာကုန်ဆုံးခဲ့သည်။ သူမအဖွားက နေ့ခင်းဘက်တွင် နာကျင်မှု သို့မဟုတ် နာမကျန်းမှုတစ်ခုခုကို ခံစားရပါက ညနေပိုင်းတွင် ကျိအန်းနဥ်အား သတိရကာ ဆက်သွယ်ရန် မဖြစ်နိုင်ပေ။ ယင်းကြောင့် ကျိအန်းနဉ်က ကုသမှုအခွင့်အလမ်းများစွာကို လက်လွတ်ခဲ့ရပြီး သူမအဖွား၏အခြေအနေကလည်း မကြာခဏဆိုသလို ပိုဆိုးလာခဲ့သည်။
ဤဘဝတွင်မူ ကျိအန်းနဥ်က ကြိုတင်စီစဉ်ထားချင်ခဲ့သည်။
ဝမ်ယွီက ကြာသပတေးနေ့မွန်းလွဲပိုင်းတွင် အတန်းတက်စရာရှိ၍ ကျိအန်းနဉ်နှင့် အတူလိုက်ချင်သော်လည်း သူမကခွင့်မပြုခဲ့ပေ။
"ကျွန်မကိုပဲ စာလေ့လာဖို့ပြောမနေနဲ့ ရှင်လည်းအတူတူပဲ... စာလေ့လာသင့်တယ်နော်... အဆင်ပြေပါတယ် အဲ့ဒီနေ့ကျ တက္ကစီငှားစီးလိုက်လို့ ရတာပဲ..."
လူများကို ပြုစုစောင့်ရှောက်ရာတွင်မူ ဝမ်ယွီက ကျိအန်းနဥ်နှင့် အမှန်တကယ်ကို မနှိုင်းယှဉ်နိုင်ပေ။ သူက ငယ်စဉ်ကပင် သခင်လေးတစ်ယောက်ဖြစ်သဖြင့် ဤအရာများကို အခြားသူများ ကိုင်တွယ်ဖြေရှင်းရန် ငွေသုံးခြင်းကို ပို၍ ကျင့်သားရလာခဲ့သည်။
ဝမ်ယီက ခေါင်းညိတ်ပြပြီး ပြောလာသည်။
“ကောင်းပြီလေ..”
သူက ထပ်မေးပြန်သည်။
“စတူဒီယိုက မင်းအတွက် နောက်ထပ်အလုပ်တွေကို စနေ၊ တနင်္ဂနွေမှာ စီစဉ်ပေးခဲ့လား..."
"ဟုတ်တယ်...”
ကျိအန်းနဉ်၏ စိတ်ခံစားချက်က အထူးကောင်းမွန်နေသည်။
“အစ်ကိုမာနဲ့ စာချုပ်ချုပ်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ.. ရှင်အကြံပေးတာကို ကျေးဇူးတင်ရမယ်..."
ထိုအချိန်က သူမသည် ထော့နဲ့ထော့နဲ့ဖြစ်နေကာ ကြောက်စရာကောင်းသည့် အဘိုးကြီးနှင့်တူသော မာကော၏ အသွင်အပြင်ကို ကြည့်သောအခါတွင် သူမစိတ်ထဲ မသေချာခဲ့ပေ။ ဝမ်ယွီ၏ ပြင်းထန်သော ဖြားယောင်းမှုကြောင့်သာ သူမ နောက်ဆုံး၌ စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။
သူက အမှန်တကယ် သာမန်လူတစ်ယောက်ဖြစ်မည်ဟု သူမ အနည်းငယ်မျှပင် မမျှော်လင့်ခဲ့ပေ။
ဝမ်ယွီ၏ ပါးစပ်ထောင့်မှ အပြုံးတစ်ခုက သူ့ခံစားချက်များကို မျိုသိပ်ထားသည်။
“တကယ်တော့ ကျူရှင်ထပ်ပြဖို့ မလိုတော့ဘူးထင်တယ်...အဲ့ဒီနေရာက ဝေးလွန်းပြီး တကယ်ကို အချိန်ကုန်တယ်..."
"အင်း ...ကျွန်မစဉ်းစားကြည့်ရဦးမယ်..."
ကျိအန်းနဉ်က သူမလက်ချောင်းများကိုပုတ်ပြီး ပြောလိုက်သည်။
အချိန်အတော်ကြာ တွေးတောဆင်ခြင်ပြီး ကောင်းကျိုးဆိုးကျိုးကို ချိန်ဆပြီးနောက် သူမက သဘောတူလာသည် ။
“ရှင် ပြောတာ မှန်ပါတယ်... စီးပွားရေးအရပြောရရင်အဲ့ဒါက မတန်ဘူး..."
ယခုလက်ရှိ၌ အချိန်ကို ငွေအဖြစ် သတ်မှတ်နိုင်သည်။ ကျူရှင်အလုပ်က ခရီးသွားရသည့်အချိန်နှင့်အတူ သူမ၏ပိတ်ရက်တိုင်းကိုယူသွားကာ အချိန်ကုန်ခဲ့သည့်အပေါ် တွက်ကြည့်ပါက လခသည် အမှန်တကယ်ကို နည်းပါးလွန်းသည်။
သို့သော် ကျိအန်းနဉ်က ချက်ချင်း နုတ်ထွက်ရန် မရည်ရွယ်ခဲ့ပေ။
"ကျွန်မအတန်းဖော်တွေ စိတ်ဝင်စားလားလို့ မေးကြည့်ဦးမယ်... ရှုချန်းက ကျွန်မကို သူတို့နဲ့မိတ်ဆက်ပေးခဲ့တာဆိုတော့ အားကိုးရတဲ့သူကို ကျွန်မရှာရမယ်..."
တနင်္လာနေ့ရောက်သည့်အခါ ကျိအန်းနဉ်က မုန့်ရှင်းယွီကို ဦးစွာမေးသည်။
သူမနှင့် နှိုင်းယှဉ်ပါက မုန့်ရှင်းယွီမှာ ပညာရပ်ပိုင်းဆိုင်ရာ ထူးချွန်သူဖြစ်ပြီး အလုပ်အပေါ် လေးနက်သော စိတ်ထားရှိပြီး တာဝန်သိစိတ် ပြင်းထန်သည်။ မုန့်ရှင်းယွီက တာဝန်ယူရန် သဘောတူလျှင် ကျိအန်းနဉ် စိတ်ချလက်ချ နှုတ်ထွက်နိုင်သည်။ ရှုချန်း၏အကူအညီအတွက် ဤသည်မှာ မှန်ကန်သောနည်းလမ်းဖြစ်ကြောင်း သူမခံစားမိသည်။
ကျိအန်းနဉ်၏ အဆိုပြုချက်ကို ကြားသောအခါ မုန့်ရှင်းယွီက အဆင်သင့်ဖြစ်နေခဲ့သည်။
"ငါလည်း အရင်အလုပ်ကထွက်လိုက်တာ မကြာသေးဘူး... သူတို့က တော်တော်စိတ်ရှုပ်စရာကောင်းတယ် လစာပေးဖို့လည်း အရမ်းကြာတာပဲ ငါ အရင်က ဒါမျိုးတစ်ခါမှ မကြုံဖူးဘူး...တစ်ခါက ကားလမ်းပိတ်လို့ နည်းနည်းလေးနောက်ကျတာတောင် လစာထဲကနေ နှုတ်ပစ်လိုက်တယ်... ငါတကယ် နောက်ကျသွားတယ်ဆိုပေမယ့် သူ့ကလေးကို တစ်နာရီအပြည့် စာပြန်သင်ပေးခဲ့တာ တစ်မိနစ်တောင် မလျော့ဘူး... အဲဒီလိုလုပ်တာတော့ တကယ်ခံပြင်းစရာကောင်းတယ်..."
ကျိအန်းနဉ်က သူမကို နှစ်သိမ့်လိုက်သည်။
“ဒီလိုလူတွေကို မကြာခဏ ကြုံရတတ်တယ်..."
"အိုး တစ်ခါတလေကျ ငါ တွေးမိတယ်... ငါတို့အသက်အရွယ်တုန်းက သူတို့ ဘယ်လိုလူမျိုး ဖြစ်ခဲ့လဲမသိဘူး... သူ့ရဲ့ တွေးခေါ်ပုံက ငါတို့နဲ့ အတူတူပဲလား ဒီလိုသာဆိုရင် သူ ဘယ်လိုဖြစ်သွားတာလဲ ဒါမှမဟုတ် ငယ်ငယ်တုန်းကလည်း ဒီလိုဖြစ်နေပြီလား..."
မုန့်ရှင်းယွီက ပြောသည်။
မုန့်ရှင်းယွီက စာသင်ခြင်းနှင့်ပတ်သက်သည့်အကြောင်းမျကို မျှဝေနေခဲ့သည်။
ပိုင်လုက ရုတ်တရက် ငုတ်တုတ်ထလာသည်။
" စွန်းယာရှန့်ကို ကြည့်စမ်းပါဦး..."
ကျိအန်းနဉ်နှင့် မုန့်ရှင်းယွီနှစ်ယောက်စလုံး လှည့်ကြည့်လိုက်သည်။
စွန်းယာရှန့်က စာသင်ခန်းထဲသို့ ဝင်လာပြီး သူမ၏အိတ်ကို ချလိုက်ကာ ဆံပင်ကို အနည်းငယ် ပွတ်သပ်လိုက်သည်။ သူမ ယခင်ကဲ့သို့ လှပနေသေးသည်။ အမှန်တွင် အကြောင်းအရင်းတစ်ချို့ကြောင့် သူမပုံစံက ဆွဲဆောင်မှု ပိုတိုးလာသည်ဟု ခံစားနေရသည်။
ပိုင်လုက ဆက်ပြောသည်။
“အဲဒီဂျာကင်အင်္ကျီကို ကြည့်ကြည့် ငါပြောမယ် အဲ့ဒါက အရမ်းစျေးကြီးတယ် အရမ်းစျေးကြီးတယ်လို့... အဲ့ဘရန်းကို ပြည်တွင်းမှာ မရနိုင်ဘူးလေ..."
ကျိအန်းနဉ်၊မုန့်ရှင်းယွီတို့နှင့် အမှတ်တံဆိပ်များအကြောင်း ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် သူတို့နှစ်ဦးစလုံးက ရိုးရှင်းပြီး အလှအပအမြင်မရှိရာ ပိုင်လုအတွက် နံရံတစ်ခုနှင့် စကားပြောနေရသလို ခံစားရသည်။
နှစ်ယောက်စလုံး အတော်လေး အံသြသွားကြသည်။
ပိုင်လုက မျက်လုံးပြူးပြီး သူတို့နှစ်ယောက်ကို ဘာသာရပ်ဆိုင်ရာ ပညာပေးရန် ဆက်လုပ်သည်။ ခဏခန့် စိတ်အားထက်သန်စွာ နားထောင်ပြီးနောက် သူတို့နှစ်ဦး ကောက်ချက်ချလိုက်သည်။
စျေးကြီးတယ် ဒါတော့ သေချာတယ်...
ပိုင်လုက ယုံကြည်မှုအပြည့်ဖြင့် ပြောခဲ့သည်။
"ဒါကို သူ့အတွက် ဝယ်ပေးတာ သူ့ချစ်သူပဲဖြစ်ရမယ်..."
"ရည်းစားလား..."
ကျိအန်းနဉ်အံ့သြသွားသည်။
ယခင်ဘဝတွင် စွန်းယာရှန့်က ဝမ်ယွီနောက်ကို အမြဲလိုက်နေခဲ့သည်။ ယောက်ျားလေးများစွာက သူမကို ပန်းများနှင့် လက်ဆောင်များ ပေးပို့ကြသော်လည်း စွန်းယာရှန့်က ၎င်းတို့ကို လက်ခံပြီး သူမမှာ ချစ်သူအဖြစ် အသိအမှတ်ပြုသည့် တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
ပိုင်လုက ပြောသည်။
"နင်တကယ်ကို ကောင်းကောင်းမသိဘူးပဲ..."
မုန့်ရှင်းယွီ : "ဟုတ်တယ် ငါတောင်မှ ဒါကိုသိတယ်..."
ပိုင်လုက အတင်းအဖျင်းပြောခြင်းကို နှစ်သက်သော်လည်း မုန့်ရှင်းယွီက သေချာပေါက် မနှစ်သက်ပေ။ သို့သော် မုန့်ရှင်းယွီပါ သိသည်ဟုဆိုပါက လူအများသိထားသော အကြောင်းအရာတစ်ခု ဖြစ်ပေလိမ့်မည်။
ကျိအန်းနဉ်က dayကျောင်းသူဖြစ်ပြီး ကျောင်းဝင်းထဲတွင် မနေပေ။ ကျောင်းက အနီးနားတွင်ရှိသော်လည်း အခန်းဖော်များ၊ အိပ်ဆောင်များတွင် စကားစမြည်ပြောဆိုခြင်း သို့မဟုတ် ပေါ့ပေါ့ပါးပါး သတင်းဖလှယ်မှုများမရှိရာ အချက်အလက်အသေးအမွှားများစွာကို သူမ အမှန်တကယ် လွဲချော်ခဲ့သည်။
"နင်တကယ်ကို data plan တစ်ခုတော့ ဝယ်ထားသင့်တယ်...”
ပိုင်လုက အကူအညီမဲ့စွာဖြင့် မှတ်ချက်ချခဲ့သည်။
"ငါဝယ်ထားပြီးသားပါ တကယ်..."
ကျိအန်းနဥ်က ကျိန်ဆိုသည်။
သူမသည် မကြာသေးမီကမှ data planတစ်ခုသို့ စာရင်းသွင်း ဝယ်ယူခဲ့သည်။ အဓိကအားဖြင့် မာကော၏ အဖွဲ့ကသူမအား ဖုန်းခေါ်ဆိုမှုများမှတစ်ဆင့်အလုပ်အကြောင်းအကြောင်းကြားသော်လည်း၊ အချိန်နှင့်တည်နေရာကဲ့သို့သေးစိတ်အချက်အလက်များကို WeChatမှတစ်ဆင့် မကြာခဏပေးပို့လေ့ရှိသည်။ ထို့အပြင် ဂရုချက်(gp chat)တစ်ခုကိုလည်း ဖန်တီးခဲ့သည်။
ထို့ကြောင့် ကျိအန်းနဥ်က ပိုမိုကြီးသော data planတစ်ခုကိုဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။
စွန်းယာရှန့်က သူမ၏တန်ဖိုးကြီးအင်္ကျီကိုချွတ်လိုက်သည့်အခါ သူမ၏ အောက်ခံအဝတ်များသည်လည်း စတိုင်ကျပြီး လိုက်ဖက်ညီလွန်းလှသည်။
ပိုင်လုက အော်လိုက်သည်။
“ဝိုး ဒီတစ်စုံလုံးဆိုရင်… ဘယ်လောက်ကျနိုင်မလဲ..."
ကျိအန်းနဉ်နှင့်မုန့်ရှင်းယွီတို့က စွန်းယာရှန့်၏ဆံပင်ပုံစံမှာ စတိုင်လ်ကျနေပုံရပြီး ထူးခြားဆန်းပြားနေပုံရသည်ကို အနီးကပ်သတိပြုမိသည်။ သူမ ယခုပို၍ပင်လှပနေသည်ဟု ထင်ခဲ့ကြသည်မှာ အံ့သြစရာမဟုတ်ပေ။ ၎င်းမှာ သူမ၏အသွင်အပြင် တစ်ခုလုံး ပိုမိုသန့်စင်လာသောကြောင့်ဖြစ်သည်။
"ဒါတွေအားလုံးက ငွေရဲ့ရလဒ်ပဲလေ...”
ပိုင်လုက ချဉ်တူးသောအကြည့်ဖြင့် ပြောလာသည်။
“ချမ်းသာတဲ့ချစ်သူတစ်ယောက်ရှိရတာ အရမ်းကောင်းလိုက်တာ..."
အာဏာတပ်မက်ခြင်းနှင့် စည်းစိမ်ဥစ္စာကို နာကြည်းခြင်း၊ သူတစ်ပါးကို မြှောက်စားခြင်း၊ နှိမ့်ချခြင်း - ၎င်းသည် လူ့အကျင့်တစ်ခုဖြစ်သည်။ ပ်ိုင်လုက သူမ၏အတိတ်ဘဝတွင် အခြားသူများထံမှ ကျိအန်းနဉ်နှင့် ပတ်သက်သည့် ကောလာဟလများကို ပဲ့တင်ထပ်နေသည်မှာ အထူးဆိုးရွား နေသည်မဟုတ်ပေ။ ၎င်းသည် လူ့သဘာဝ၏အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။
ကျိအန်းနဉ်က အများကြီး မတောင်းဆိုပေ။ နောက်ဆုံးတွင်တော့ မည်သူမှ ပြီးပြည့်စုံမှာ မဟုတ်ပေ။
လူ့သဘာဝ၏ အားနည်းချက်များနှင့် ပိုမိုနက်ရှိုင်းသော အစွန်းအထင်းများက အချို့သော အခြေအနေများဖြင့် တမင်တကာ ပိုမိုအရောင်မဆိုးသေးသရွေ့၊ သဘာဝအားဖြင့် ချုပ်တည်းထားကာ အခြားသူများကို အန္တရာယ်မပြုပေ။
ဤအချက်ကို သူမ၏ အတိတ်နှင့် ပစ္စုပ္ပန်ဘဝ နှိုင်းယှဉ်မှုအားဖြင့် အပြည့်အဝ သက်သေပြခဲ့သည်။
မုန့်ရှင်းယွီက ပိုင်လုကို စူးစူးရဲရဲ ကြည့်လိုက်သည်။
ကျိအန်းနဉ်ထံတွင်လည်း ချမ်းသာသည့် ချစ်သူတစ်ယောက်ရှိသော်လည်း သူမက သူ့ပိုက်ဆံများကို မဖြုန်းတီးဘဲ တန်ဖိုးကြီးလက်ဆောင်များကို ရူးရူးမိုက်မိုက် လက်မခံခဲ့ပေ။ ပိုင်လု၏ထင်မြင်ချက်ကို သူမရှေ့တွင် ပြောသည့်အခါ မသင့်တော်လှပေ။
သူမ ကျိအန်းနဉ်ကို တစ်ချက်ကြည့်လိုက်သောအခါ တည်ငြိမ်အေးဆေးစွာသာရှိနေပြီး စိတ်မသက်မသာဖြစ်နေပုံမပေါ်၍ စိတ်အေးသွားရသည်။
မုန့်ရှင်းယွီ စိတ်အေးလက်အေးဖြစ်သွားသည်။
ပိုင်လုက သူမ လက်လွတ်စပယ်ပြောလိုက်မိသည်ကို သဘောပေါက်သွား၍ လျှာထုတ်လိုက်ပြီး စွန်းယာရှန့်၏ ချစ်သူအကြောင်း တစ်ခုမှ မသိသေးသည့် ကျိအန်းနဉ်ကို ပြောပြနေသည်။
" အဲ့ဒီလူက ကမ်းဘရစ်ခ်ျဘွဲ့ရ လူချမ်းသာဖြစ်တာတောင်မှ စွန်းယာရှန့်ကို လိုက်နေတယ်တဲ့... သူ့ဘက်ကလည်း အဲ့ဒီလူနဲ့တွဲဖို့ စိတ်ကူးမရှိဘူးဆိုရင် ဒီလောက်စျေးကြီးတဲ့ ပစ္စည်းတွေကို ဘာလို့ လက်ခံမှာလဲ..."
" သူ့အဆောင်က ကောင်မလေးတွေပြောတာတော့ အဲ့ဒီလူက စွန်းယာရှန့်ကို ခဏခဏဖုန်းမဆက်ဘူး... သူတို့ ဖုန်းအကြာကြီးပြောနေတာကိုလည်း မမြင်ဖူးဘူးတဲ့...ဒါပေမယ့် သူ့ကိုတွေ့ဖို့ ကျောင်းကို ခဏခဏလာပြီး နေ့လည်စာစားဖို့ ခေါ်သွားတယ်ပြောတာပဲ..."
" အဲ့ဒီလူကတော့ သာမန်ပုံစံဆိုပေမယ့် သူ့ကားကတော့ တကယ်မိုက်တာဆိုပဲ... ဘာတံဆိပ်မှန်းတော့ မသိကြဘူး..."
ပိုင်လုက ပြောနေစဉ် ရုတ်တရက် သဘောပေါက်သွားပြီး မေးလိုက်သည်။
" WeChatမှာ စွန်းယာရှန့်နဲ့ သူငယ်ချင်းမဟုတ်ဘူးလား ..."
ကျိအန်းနဥ်က ဝန်ခံသည်။
“ငါ မလုပ်ထားဘူး..."
ပိုင်လုက ပြောသည်။
"ငါထင်နေတယ် နင်ဘာမှ မသိတာ မဆန်းပါဘူး... သူ့ရဲ့ Momentက ပို့စ်တွေကိုမှမမြင်ရတာ နင့်အတွက် ငါရှာပေးမယ်..."
ပြောပြီးသည်နှင့် ပိုင်လုက သူမဖုန်းကို ထုတ်လိုက်သည်။
ကျိအန်းနဥ်က အမှန်တကယ်ပင် သိချင်နေခဲ့သည်။
သူမ၏အတိတ်ဘဝတွင် ကားကောင်းကောင်းနှင့် ချမ်းသာကြွယ်ဝသည့် ကမ်းဘရစ်ချ်သူဌေးသားကို တစ်ကြိမ်မှ မကြားဖူးပေ။ စွန်းယာရှန့်ကို လိုက်သူအများအပြားရှိသော်လည်း ၎င်းတို့အားလုံးကို ကျောင်းအတွင်းတွင်သာ ကန့်သတ်ထားသည်။ ကျောင်းပြင်က လူနှစ်ယောက်ကိုလည်း သူမ မှတ်မိသည်။ သူတို့က ကျောင်းပွဲများကို ပံ့ပိုးပေးသော ကုမ္ပဏီမှဝန်ထမ်းများဖြစ်ပြီး ပရော်ဖက်ရှင်နယ်များသာ ဖြစ်ပုံရသည်။ စွန်းယာရှန့်က ထိုပွဲများမှတစ်ဆင့် သူတို့နှင့် ရင်းနှီးလာခဲ့သည်။
သို့သော် “အထက်တန်းစား” ဟု ခေါ်နိုင်သူ တစ်ယောက်မှ မရှိခဲ့ပေ။
မုန့်ရှင်းယွီက စွန်းယာရှန့် ၏အရေးကိစ္စများကို စိတ်မဝင်စားခဲ့ပေ။ သူမ ကျိအန်းနဥ်နှင့် ဆွေးနွေးရန် အခြားတစ်ခုရှိသေးသည်။
"နင်အလုပ်လုပ်ဖူးတဲ့ ဘားတစ်ခုလေ 'N'ပါတဲ့တစ်ခုခုလေ ဟုတ်တယ်မလား..."
သူမ မေးသည်။
"NLပါ...”
ကျိအန်းနဥ်က ပြုံးပြီး ပြန်ဖြေသည်။
“ဟုတ်တယ်၊ အဲဒါ ...နင် အဲဒီမှာ အလုပ်မလုပ်တော့ဘူးဆိုတာ ငါမှတ်မိပါသေးတယ်... "
မုန့်ရှင်းယွီက မေးသည်။
"ဟုတ်တယ်လေ...အခုတောင် ကော်ဖီဆိုင်အလုပ်ကနေ ထွက်လာပြီးပြီ....”
ကျိအန်းနဉ်က ပြောသည်။
မုန့်ရှင်းယွီက မမေးမီ အနည်းငယ် တွန့်ဆုတ်နေသည်။
“ဒါဆို … အဲ့ဒီနေရာကို နင်ပြောပေးရင် တခြားတစ်ယောက်ယောက် အလုပ်ဝင်လုပ်လို့ရသေးလား..."
ကျိအန်းနဉ် ရုတ်တရက် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး မေးလိုက်သည်။
“ဘာလို့ ဒီအကြောင်း မေးတာလဲ..."
သူ မျှော်လင့်ထားသလိုပဲင် မုန့်ရှင်းယွီက ပြောလာသည်။
“ငါ့ရွာကအသိက သူနဲ့နင့်ကို မိတ်ဆက်ပေးလို့ရမလား မေးတယ်... အဲ့ဒီနေရာက ကော်မရှင်ခနှုန်းထားမြင့်ပြီး ဝယ်ယူသူ ပိုများတယ်ဆိုတာ သူသိလို့ အဲ့ဒါကို စမ်းကြည့်သေးတယ်လေ... ဒါပေမယ့် ဝင်ခွင့်လိုအပ်ချက်တွေကတော်တော်မြင့်နေပုံပဲ ...အသိတစ်ယောက်ကတစ်ဆင့် မိတ်ဆက်လိုက်ရင် အလုပ်ရမရ သူ သိချင်နေတာလေ..."
ကျိအန်းနဥ် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး မေးလာသည်။
“နင်နဲ့ တစ်ရွာတည်းသားချင်း ဘယ်သူလဲ.. "
"ဘားမှာ အရက်ရောင်းတဲ့သူလေ နင်မှတ်မိလား... သူ့နာမည်က ယွီရှားလေ..."
"အဆောက်အဦး ၈ကို ပြုပြင်ပြီးကြောင်း အကြောင်းကြားစာတွေပို့တယ်လို့ သူပြောတယ် သူတို့ဒီဇင်ဘာလမှာ ပင်မကျောင်းဝင်းကို ပြန်ပြောင်းမှာလေ... အဲ့ဒီအချိန်ကျ အခု သူ အလုပ်လုပ်နေတဲ့ နေရာက ကျောင်းနဲ့နည်းနည်းဝေးလို့..."
"အရင်က သူနဲ့ စကားစမြည်ပြောပြီး နင့်အကြောင်းကိုပြောမိတော့... သူက ငါ့ကိုအကူအညီ လိုမလိုမေးခိုင်းလိုက်တယ်လေ... အာ အဲဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး... နင်အလုပ်ထွက်ထားတာကြာပြီဆိုရင်တော့ တကူးတက မပြောပေးပါနဲ့တော့ ငါသူ့ကို ပြန်ပြောပြလိုက်မယ်..."
မုန့်ရှင်းယွီက ပြောသည်။
ကျိအန်းနဥ် ခဏတာ တိတ်ဆိတ်နေ၏။
ယွီရှား ပြန်ရောက်လာပြီ...
###