အပိုင်း ၁၅၂
Viewers 19k

Chapter 152

ကံကောင်းမှုလေး


"ဘော့စ်...နိုင်သွားပြီ..."


လုချန် ကွန်ပျူတာလက်ပတ်ပေါ်မှ ပန်းရောင်ဘောင်ချာကို မယုံကြည်နိုင်စွာကြည့်ပြီးအော်လိုက်သည်။


"ဒါက တကယ်ကိုသက်တန့်ရေကန်ဝင်ခွင့်လက်မှတ်ပဲ...ငါတို့ရဲ့ဘော့စ်ကတော့ ဒီတိုင်းကိုအနိင်ရသွားပြီ..."


"ဒါကိုရဖို့ခက်ခဲတာလား..."


သူမ၏စခရင်ကိုလက်ဖြင့်အသာတောက်ရင်းမေးလိုက်သည်။


"ဒါပေါ့..."


လုချန်းတက်တက်ကြွကြွ ဖြေလိုက်သည်။


"သက်တန့်ရေကန်ကို လည်ပတ်ချိန်ကနှစ်လအတွင်းပဲ ဖွင့်ပြီး လက်မှတ်ရောင်းချချိန်ကိုလည်း တင်းတင်းကြပ်ကြပ်ကန့်သတ်ထားတယ်...အစောဆုံးလက်မှတ်ကိုလိုချင်ရင် ပိုပြီးတော့စျေးကြီးတယ်...ပြီးတော့သက်တန့်ရေကန်ဖွင့်ချိန်က အလုပ်အရှုပ်ဆုံးဖြစ်တဲ့ အချိန်ဖြစ်တဲ့ အတွက်လက်မှတ်ရယူဖို့ကလဲအရမ်းကိုခက်ခဲလွန်းတယ်... ဒါကပြောရမယ်ဆိုရင် စကြာဝဠာငွေကြေးရှိရုံနဲ့ရနိုင်တာမျိုးမဟုတ်ဘူး..."


"အော်... အဲ့လိုပေါ့..."


ယောင်စစ်ခေါင်းညိမ့်လိုက်သည်။


အင်း...စကြဝဠာမှာကရေချိုးတာအထူအဆန်းဖြစ်နေပုံပဲ...


"ချစ်လှစွာသောဧည့်သည်တော်...သက်တန့်ရေကန်ကိုဘယ်အချိန်မှာသွားရောက်လည်ပတ်မယ်ဆိုတာကိုသိခွင့်ရနိုင်မလား..."


အရောင်းဝန်ထမ်းလေးက အ‌ရှေ့ကို တစ်လှမ်းတိုးလာပြီး ယဉ်ကျေးပျူငှာသော်လည်း အနည်းငယ်တိုက်တွန်းသော ပုံစံမျိုးဖြင့်ပြောလာလေသည်။


"ကျွန်ုပ်တို့ဆိုင်က ကံကောင်းတဲ့ဧည့်သည်အတွက် သီးသန့်ယာဉ်ပျံကိုလည်း စီစဉ်ပေးထားပါတယ်...ဒါကြောင့် ချက်ချင်းထွက်ခွာလို့ရပါတယ်...ပြီးတော့ ထပ်လောင်းဝန်ဆောင်မှုအနေနဲ့ ယာဉ်ပျံမှာလည်း အလကားရနိုင်တဲ့ပစ္စည်းတွေကို ထည့်သွင်းပေးထားပါတယ်...

သင့်ရဲ့ကွန်ပြူတာလက်ပတ်နဲ့ စကန်ဖတ်လိုက်ရုံနဲ့ အားလုံးကိုရရှိနိုင်ပါတယ်... ဒါကြောင့်အခုပဲထွက်ခွာချင်ပါသလား..."


"အိုး...ဇိမ်ခံဂြိုလ်ဆိုတဲ့အတိုင်းပဲ အလကားရတဲ့လက်ဆောင်ကိုတောင်မှ သေသေချာချာထဲ့သွင်းစဉ်းစားပေးထားတယ်...ငါငြင်းတယ်..."


ယောင်စစ် ခေါင်းခါယမ်းလိုက်သည်။


"ငါတို့နေရာအနှံ့ခရီးမထွက်ရသေးဘူး...အဲ့ဒီ့အစား နင်သွားချင်လား..."


သူလုချန်းဆီသို့ လက်မှတ်ကမ်းပေးရင်း ပြောလိုက်သည်။


"ဘော့စ် ဒါ.... တကယ်ကြီးကျွန်တော့်ကိုပေးတာလား..."


လုချန် တောင့်တင်း သွားပြီးမေးလိုက်သည်။


"အင်း...ဒါကရေချိုးလက်မှတ်ပဲ မဟုတ်ဘူးလား... ဘာများပျော်စရာကောင်းလို့လဲ..."


"ဘော့စ် ဒီလိုတန်ဖိုးရှိတဲ့လက်မှတ်ကိုတကယ်ကြီးပေးတယ်ပေါ့...ဒါကိုကျွန်တော် မြတ်နိုးတန်ဖိုးထားပါ့မယ်..."


လုချန်၏ မျက်ဝန်းများထဲ၌ မျက်ရည်များဝဲလာပြီး သူနှာခေါင်းကိုပွတ်လိုက်ကာ ရင်ဘတ်ကိုပုတ်လိုက်သည်။


"ဘော့စ်က စကြာဝဠာကြီးထဲမှာ အကောင်းဆုံးဘော့စ်ပါပဲ...ဒီနေ့ကစပြီးကျွန်တော်က ဘော့စ်ကိုအကောင်းဆုံးခစားပါ့မယ်...ဒါကသတ္တုရိုင်းဂြိုလ်ကို အကျိုးအမြတ်နှစ်ဆလောက်ယူဆောင်လာပေးလိမ့်မယ်..."


အဲ့လိုမျိုးတွေပြောဖို့လိုအပ်လို့လား...ဒါလေးက‌ ရေချိုးရုံပဲမဟုတ်ဘူးလား...ဒါမှမဟုတ်ရင်ပုံမှန်ဆို သူမကအရမ်းကပ်စေးနဲ ပုံပေါက်လို့လား...


"ဘော့စ်...ဒီလက်မှတ်နဲ့ပတ်သတ်ပြီးကျွန်တော့်မှာ လုပ်ပိုင်ခွင့်အပြည့်အဝရှိလား..."


"အင်း...သွားပျော်လိုက်..."


"ဒီလိုဆိုရင် ဒါကိုစကြာဝဠာ ဝက်ဘ်ဆိုက်မှာတင်ရောင်းလိုက်လို့ရလား..."


"နင်‌ပြောတော့ ဒါကိုမြတ်နိုးတန်ဖိုးထားပါတယ်ဆို...အခုဘယ်လိုလုပ်ချက်ချင်းပဲပိုက်ဆံရမဲ့အကြောင်းကိုတွေးသွားပြန်တာလဲ..."


"အခုချိန်မှာ ဒီဟာရဲ့တန်ဖိုးက မယုံနိုင်လောက်အောင်မြင့်မားလိမ့်မယ်...ဒါကလေသတ္ထုရိုင်းဂြိုလ်ရဲ့တစ်လစာအကျိုးအမြတ်ထက်တောင်မှပိုများလိမ့်မယ်..."


"အဲ့လောက်တောင်များတယ်လား...တဝက်စီခွဲကြမယ် သဘောတူတယ်..."


"..." မူရွှမ်


သူတို့အားလုံး အစီအစဉ်ချပြီးသွားသည့် အချိန်တွင် အရောင်းဝန်ထမ်းလေး၏မျက်နှာကဖြူဖျော့သွားပြီး...တုန်ယင်သောအသံဖြင့်ဝင်ပြောလာလေသည်။


"မရဘူး...မရဘူး..."


"ဘာလို့လဲ..."


ယောင်စစ်ကြောင်အသွားသည်။


ဒါက သူမအပိုင်ဖြစ်နေပြီမဟုတ်ဘူးလား...


"ဘာလို့လဲဆိုတော့..."


သူမ၏ ယဉ်ကျေးသိမ်မွေ့သော အမူအယာများက ပျောက်ကွယ်သွားပြီး အနည်းငယ်စိုးရိမ်ပူပန်နေလေသည်။


"ဘာလို့လဲဆိုတော့လေ ဒီဘောင်ချာကိုလူကြီးမင်းတယောက်ပဲဘသုံးနိုင်မှာ...ပြီးတော့ လဲလို့လည်းမရဘူးဒီနေ့ပဲ အကျုံးဝင်တယ်..."


"ဒီလက်မှတ်မှာနာမည်တပ်ထားလို့လား..."


ယောင်စစ်၏နှလုံးသားလေး ငြိမ်သက်သွားသည်။ သူမ၏ပိုက်ဆံရမည့် အခွင့်အလမ်းလေးတာ့တာပြသွားလေပြီ။


"မဟုတ်သေးဘူးနော်.."


လုချန်ကသူ့၏ကွန်ပြူတာလက်ပတ်ကိုကြည့်၍ပြောလိုက်သည်။


"ဒီမှာဘာမှမရေးထားဘူး..."


"ဟုတ်ပါတယ် အဲ့ဒါက....တကယ်တမ်းတော့ ဒီမှာနာမည်ရေးထားတာမဟုတ်ပါဘူး..."


အရောင်းဝန်ထမ်းလေးက စိုးရိမ်တုန်လှုပ်နေပြီး  သူယခုပိတ်ထားပြီးဖြစ်သော ကံစမ်းမဲနှိုက်ရသည့်နေရာကို ညွှန်ပြ၍ထပ်ပြောလိုက်သည်။


"ဒါပေမဲ့ ကံစမ်းမဲပေါက်တဲ့အချိန်ကတည်းက သူ့ရဲ့အချက်အလက်တွေကို သက်တန့်ရေကန်ရဲ့စနစ်ဆီပို့ထားပြီးသွားပါပြီ...ဒါကြောင့်မို့ ဒီအမျိုးသမီးလေးတစ်ယောက်ပဲ အသုံးပြုလို့ရပါမယ်..."


"အိုး..."


ယောင်စစ်မကျေမနပ်ဖြစ်သွားသည်။


"ဒါဆိုလည်းထားလိုက်‌တော့ ငါတို့သွားကြမယ်..."


"နေဦး သွားလို့မရဘူး..."


အရောင်းဝန်ထမ်းက မျက်လုံးများ ပြူးသွားပြီး ပြူးပြူးပြာပြာဖြင့် တားလာလေသည်။


"ဒီလက်မှတ်ကို လွှဲပြောင်းပေးလို့လဲမရဘူး အဲ့တော့ ငါကဘာလုပ်ရမှာလဲ..."


ယောင်စစ် မူရွှမ့်ဘက်သို့လှည့်လိုက်ပြီးထွက်ပေါက်ဆီသို့ဆက်၍ ဦးတည်သွားလိုက်သည်။


"ရှင်တို့သွားလို့မရဘူး..."


အရောင်းဝန်ထမ်းက အလျင်စလို ပြေးလာပြီးသူတို့ကိုတားလိုက်သည်။ သူမ၏မျက်နှာက အရင်ကထက် ပိုမိုဖြူဖျော့နေပေသည်။


"ဒီလိုဆိုရင်ရောဘယ်လိုလဲ...လူကြီးမင်းကနောက်ထပ် နှစ်ကြိမ်ထပ်ကံစမ်းလိုက်လေပြောလို့မရဘူး နောက်ထပ်လက်မှတ်တွေ ကံကောင်းချင်ကံကောင်းမှာပေါ့..."


"နင်အခုနကပြောတာကျတော့ တစ်ယောက်ကိုတစ်ခါပဲအခွင့်အရေးရှိတယ်ဆို..."


"ဒါကလေသုံးယောက်အုပ်စုကိုလက်မှတ်ကတစ်စောင်ထဲဆိုတော့ ကျွန်မတို့ဘက်ကအမှားပါ ဒါကြောင့်မလို့နောက်ထပ်လက်မှတ်နှစ်စောင်ထပ်ပြီးတော့ထောက်ပံ့ပေးဖို့ဆန္ဒရှိပါတယ်...ဒီအတွက်လဲဘာမှထပ်ဝယ်စရာမလိုပါဘူး ပြီးတော့ကုန်ဆုံးရက်ကိုလဲသက်တမ်းထပ်တိုးပေးပါ့မယ်..."


"နင်တို့ အဲ့လိုမျိုးလုပ်လို့ရတယ်ပေါ့..."


"ဒါဆိုရင်ဘယ်လိုလဲ နောက်ထပ်သုံးရက် ဒါမှမဟုတ်လေးရက်ထပ်တိုးပေးမယ်လေ..."


"ဒီကညီမရေ ငါတခုလောက်မေးလို့ရမလား...ခုနက ငါသုံးလိုက်တဲ့ပဏာမနဲ့ဆိုရင်လက်မှတ်ဘယ်နှစောင်များရနိုင်လဲ..."


ဟုတ်တယ်လေအဲ့လိုမှမဟုတ်ရင် သူတို့ကို free ပေးခိုင်းပြီးငါ့ကိုငါဘာလို့အရှက်ကွဲခံရမှာလဲ....


ဆိုင်မှထွက်ခွာလာပြီးနောက် ယောင်စစ် သူမ၏ ဘဏ်အကောင့်ကိုစစ်ကြည့်လိုက်သည်။ သုညအတန်းလိုက်မပျောက်သွားသေးသည်ကိုမြင်မှသာ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။


"တော်သေးတယ်...ငါလေးကချမ်းသာနေလို့..."


တကယ်တမ်းတွင် သူမ ငွေကြေးအကြောင်းကိုစိတ်မဝင်စားခဲ့ပေ။ သို့သော် ဗဟုသုတများကိုစတင်လေ့လာချိန်၌ သူမ၏အကောင့်မှ သုညများကိုရေတွက်ခဲ့သည်။ သို့သော်တဖြေးဖြေးချင်းamountများ စတင်တိုးလာချိန်တွင် သူမ၎င်းကိုဂရုစိုက်မနေတော့ပေ။


"ကြည့်ရတာတော့ ဒီတိုင်းကံစပ်သွားတဲ့ပုံပါပဲ..."


နောက် စက္ကန့်အနည်းငယ်အတွင်းတွင် ယောင်စစ် သူမ၏ကံကောင်းမှုကို သံသယဝင်လာတော့သည်။


ဒုတိယဆိုင်၌


[ဂုဏ်ယူပါတယ် သင်ကကျွန်ုပ်တို့ဆိုင်ရဲ့အယောက်တစ်ရာမြောက်ကာစတမ်မာပါ... ဒါကြောင့် သက်တန့်ရေကန်ဝင်ခွင့်လက်မှတ်အလကားရပါတယ်...]


တတိယဆိုင်၌


[ဂုဏ်ယူပါတယ် ဒီနေ့မှာကျွန်တော်တို့ရဲ့ အထူးပရိုမိုးရှင်းလေးရှိနေပါတယ် သင်ကကံကောင်းတဲ့ကာစတမ်မာအနေနဲ့ သက်တန့်ရေကန်ဝင်ခွင့်လက်မှတ်အခမဲ့ရရှိပါတယ်...]


လမ်းမပေါ်၌


[ဂုဏ်ယူပါတယ် သင်ကကျွန်ုပ်တို့ဆိုင်ရဲ့ကံကောင်းခြင်းအုတ်ချပ်ကိုနင်းမိသွားတဲ့အတွက် သက်တန့်ရေကန်ဝင်ခွင့်လက်မှတ်အခမဲ့ပေးအပ်ပါမယ်...]


သူမနှာချေလိုက်သောအခါ


[ဂုဏ်ယူပါတယ် သင်နှာချေလိုက်တာကကျွန်ုပ်ရဲ့မျက်နှာကိုတံတွေးတွေနဲ့ပြည့်နှက်သွားစေပါတယ်...ဒါကြောင့်...]


" …”ယောင်စစ်


“…” မူရွှမ်


“…” လုချန်း


သူတို့ သက်တန့်ရေကန်လက်မှတ်တွင်းထဲကိုများ ပြုတ်ကျသွားတာလား...ဘယ်လိုဖြစ်ပြီးအားလုံးက သူမကိုအတင်းလက်မှတ်လိုက်ပေးနေတာလဲ...ဆိုင်ကနေပြီးတော့ကံစမ်းမဲပေါက်တယ်ဆိုတာတော့ ထားပါတော့ ဘယ်လိုဖြစ်ပြီးတော့အုတ်ခဲနင်းတာရော နှာချေတာကပါရနေတာလဲ ဖြစ်ချင်းဖြစ်ရင်အပြစ်ဒဏ်ဆောင်ရမှာမဟုတ်ဘူးလား...


မူရွှမ် ယောင်စစ်၏နှုတ်ခမ်းဒေါင့်စွန်းလေးများတွန့်ကွေးသွားပြီး မူရွှမ့်၏အင်္ကျီလက်ကိုဆွဲလိုက်သည်။ သူမအနည်းငယ်ထိတ်လန့်နေပေသည်။


ဘယ်လိုဖြစ်တာလဲ...သူမရဲ့စွမ်းရည်များနိုးထလာတာလား...အဲ့လိုလဲမဟုတ်ပါဘူး သူမခန္ဓာကိုယ်ထဲမှာဘယ်လိုရင်းနှီးတဲ့စွမ်းရည်အငွေ့အသက်ကိုမှမခံစားမိပါဘူး...


မူရွမ်မျက်မှောင်ကြုတ်ထားရင်းမှ သူမ၏ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်သည်။ ထို့နောက်တစ်စုံတခုကိုစဉ်းစားမိသွားပုံဖြင့် လှည့်၍မေးလိုက်၏။


"ဒီဂြိုလ်နဲ့အနီးဆုံးကဘာမျိုးနွယ်လဲ..."


လုချန်းက သူဘော့စ်၏ကံကောင်းမှုကြီးကြောင့် ကြောင်အနေရာမှပြန်သတိဝင်လာသည်။သူမြေပုံကိုဖွင့်ကြည့်လိုက်သည် ။


"ဒီနေရာကတော့အများပြည်သူပိုင်နယ်မြေပဲ ဒါပေမဲ့ဒီနေရာနဲ့အနီးစပ်ဆုံးကအလင်းသစ်တော..."


မူရွမ်၏မျက်နှာ မဲမှောင်သွားသည်။


"ဘာမှားနေလို့လဲ..."


ယောင်စစ်စကားမဆုံးခင် မူရွှမ်ကသူမ၏လက်ကိုဆွဲကိုင်ပြီးအပြင်သို့ဦးတည်လိုက်သည်။


"ငါတို့အခုထွက်သွားကြမယ်..."


မူရွှမ် မျက်နှာမဲကြီးဖြင့် သူမကို ယာဉ်ပျံဆီသို့ဆွဲခေါ်သွားလိုက်သည်။


"ဒီနေရာမှာမလုံခြုံဘူး..."


သောက်ကျိုးနည်းပဲ အဲ့ဒီ့အာဗီမျိုးနွယ်တွေဘယ်ကလာတယ်ဆိုတာသူမေ့သွားရတယ်လို့...


"ဘာလို့ ဟမ်.... အဲ့ဒီ့မြူတွေကဘယ်ကရောက်လာတာလဲ..."


ယောင်စစ်‌ခေါင်းမော့ကြည့်လိုက်သည်။ ရှင်းလင်းနေသောလမ်းမကျယ်ကြီးကပျောက်ကွယ်သွားပြီး သူမတို့၏ ပတ်ဝန်းကျင်၌ တဖြည်းဖြည်းချင်းမြူများ ထူထပ်သိပ်သည်းလာသည်။ ချက်ချင်းဆိုသလိုသူမတို့၏ ပတ်ပတ်လည်နှစ်မီတာဝန်းကျင်လောက်ကို မမြင်ရတော့ပေ။


"ဒါက ကောင်းကင်ဘုံဂြိုလ်ရဲ့ထူးခြားမှုလား..."


"မူရွှမ်...ဒီမြူတွေက..."


ယောင်စစ်လှည့်လိုက်သည့်အချိန်တွင် သူမ၏လက်ဖဝါးက ရုတ်တရက်ဗလာကျင်းသွားပြီးမြူများသာကျန်နေခဲ့လေသည်။


"ဟမ် ရှင်ဘယ်ရောက်သွားတာလဲ..."


(⊙_⊙)