အပိုင်း ၁၅၄
Viewers 18k

Chapter 154

ဝင့်ကြွားသောဘုရင်မ


ယောင်စစ် အခြားအမျိုးသမီးတစ်ယာက်၏ အတင်းတွယ်ကပ်ခြင်းကို ခံနေရလေသည်။ သူမမည်သို့ရှင်းပြပါစေ လျန်ယုကသူမနောက်သို့သာ တကောက်ကောက်လိုက်နေဆဲဖြစ်သည်။ သူ့၏မျက်ဝန်းများကလည်း တလက်လက်တောက်ပနေသည်။


ယောင်စစ်က ကြမ်းကြမ်းတမ်းတမ်းပြောဆိုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း တစုံတရာပြုလုပ်လိုက်ပါက သူမ၏မျက်ရည်များနှင့်ကြုံတွေ့ရပေလိမ့်မည်။


"အစ်မတော်ဘုရားရေ ကျွန်မပြောတာကိုနားထောင်ဦး... ကျွန်မရဲ့ အစွမ်းကနည်းနည်းထူးခြားတယ်လို့..."


ယောင်စစ် အသက်ပြင်းပြင်း တချက်ရှိူက်လိုက်ပြီး အားလုံးကိုထုတ်ဖော်ရှင်းပြရန်ပြင်ဆင်လိုက်သည်။ ယခုလက်ရှိ စွဲလမ်းတပ်မက်မှုသည် သူမ၏စွမ်းရည်ကြောင့်ဖြစ်နိုင်ကြောင်းကိုပြောပြလိုက်၏။


"နင်ပြောတဲ့အဓိပ္ပာယ်က နင့်မှာတစ်စုံတယောက်ကို မြင်မြင်ချင်းချစ်သွားနိုင်တဲ့စွမ်းရည်မျိုးရှိတယ်ဟုတ်လား..."

လျန်ယုကြောင်အနေမိသည်။


"ဟုတ်တယ်..."


ယောင်စစ်စိတ်အားထက်သန်စွာခေါင်းညိမ့်လိုက်သည်။


"နင်အခုငါ့ကိုဆွဲဆောင်မှုရှိတယ်လို့ထင်နေတာက ငါ့ရဲ့စွမ်းရည်တွေလွှမ်းမိုးခံရလို့ပဲစွမ်းရည်တွေပျောက်သွားတာနဲ့ဒီလိုမျိုးခံစားရမှာမဟုတ်တော့ဘူး..."


ဘုရင်မက မျက်မှောင်ကြုတ်၍စဉ်းစားနေပြီး  စကားလုံးရွေးချယ်နေပုံရလေသည်။


"ဒီလိုဆိုရင် နင့်ရဲ့နောက်မှာလိုက်နေတဲ့နှစ်ယောက်ကလည်း နင့်စွမ်းရည်လွှမ်းမိုးမှုကြောင့်ပေါ့...ဟုတ်လား..."


"အာ အဲ့လိုမဟုတ်ဘူးလေ...လုချန်းကငါ့ရဲ့အလုပ်သမား မူ-မိုရွှမ်ကကျတော့..."


ယောင်စစ် မူရွှမ်၏နာမည်အမှန်ကို ပြောထွက်မည့်တော့မည်ကို အလျင်အမြန်ထိန်းချုပ်လိုက်သည်။


"သူကငါ့ရဲ့ အုပ်ထိန်းသူ ဒါကြောင့်ငါ့အစွမ်းတွေ သက်ရောက်မခံရဘူး..."


"ဆိုလိုတာက နင့်စွမ်းရည်တွေကငါ့ပေါ်မှာပဲသက်ရောက်နေတာပေါ့ဟုတ်လား..."


"အင်း အင်း အင်း အဲ့လိုမျိုးပဲ..."


"အိုး...ကောင်းလိုက်တာ..."


"ဟမျ..ဘာလဲ..."


ဘုရင်မ၏ မျက်ဝန်းများက တောက်ပသွားပြီးယောင်စစ်နားသို့ တိုးကပ်လာကာ သူမ၏လက်ကိုဆွဲယူလိုက်သည်။


"ငါထင်ထားတဲ့အတိုင်းပဲ...စစ်စစ်ကငါ့ကိုစိတ်ဝင်စားနေတာပဲ...နင်ကငါ့အပေါ်မှာတောင်မှပဲ စွမ်းရည်တွေသုံးထားလိုက်သေးတယ်...အခုတစ်ယောက်ကိုတစ်ယောက်ခံစားချက်တွေရှိနေပြီဆိုမှတော့ ငါတို့အခုပဲလက်ထပ်မှတ်ပုံတင် သွားလုပ်သင့်သလား..."


အာ ဒါဘယ်လိုလော့ဂျစ်ကြီးလဲဟ...ဒီအချက်ကြီးကိုဘယ်ကဆွဲထုတ်လာတာလဲ...ကြည့်ရတာတော့ပြဿနာကရှင်းလင်းဖို့ပိုခက်လာတဲ့ပုံပဲ...


"ထားလိုက်တော့ အဲ့အကြောင်းကိုနောက်မှပဲဆက်ပြောကြတာပေါ့..."


ယောင်စစ် သူမ၏မျက်ရိုးများကိုနှိပ်လိုက်ပြီး


"အာ... နေပါဦး...ဒီမြူခိုးတွေအကြောင်းကို ရှင်းပြနိုင်မလား..."


ဂြိုလ်တစ်ခုလုံးမြူခိုးများ ထူထပ်ပိတ်ပိန်းနေပုံက သာမာန်တော့မဖြစ်နိုင်ပေ။


"အာ အဲ့ဒါက..."


ဘုရင်မက သူမ၏ လက်နှစ်ချောင်းကိုလိမ်ယှက်နေပြီး မျက်နှာပေါ်တွင် အပြစ်ရှိသည့်အရိပ်အယောင် တစွန်းတစပေါ်လာလေသည်။


"ဒါက သက်တန့်ရေကန်အတွက် ကောင်းကင်ဘုံသစ်ပင်ရဲ့ကန့်သတ်ချက်ကိုဖွင့်လိုက်တာ...အဲ့ဒါကြောင့်"


"အဲ့ဒာ ဘာအဓိပ္ပါယ်လဲ..."


"ဒီဂြိုလ်ကို ကောင်းကင်ဘုံဂြိုလ်လို့ ခေါ်ရတဲ့အကြောင်းအရင်းက သက်တန့်ရေကန်ကြောင့်ပဲ..."


ဘုရင်မက အနည်းငယ်တွန့်ဆုတ်နေပြီးမှ အချက်လက်များအားလုံးကို ရှင်းပြလာလေသည်။ အခြေခံကျကျပြောရမည်ဆိုလျှင် ဤဂြိုလ်၏ မူလက ယခုလိုပုံစံမဟုတ်ပေ။ သက်တန့်ရေကန်မှ ထွက်ပေါ်လာသော ရေခိုးအငွေ့များက ဂြိုလ်တခုလုံးကို ဖုံးလွှမ်းနေပြီးထူးခြားဆန်းကျယ်သည့် မြင်ကွင်းတစ်ခုဖြစ်ပေါ်နေစေခဲ့သည်။


ထို့ကြောင့် ယခုကဲ့သို့နာမည်ရလာခြင်းဖြစ်၏။  သက်တန့်ရေကန်သည် ဂြိုလ်၏ အလယ်တွင် တည်ရှိနေပြီး ၎င်းရေကန်တွင် ဆန်းကျယ်သောစွမ်းရည်များ ပါဝင်နေကာလူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုတိုးမြှင့်စေနိုင်သည်။


၎င်းက ဂြိုလ်၏ကျော်ကြားမှုကို ယူဆောင်လာပေးသော သဘာဝဆေးစွမ်းကောင်း တစ်လက်လိုဖြစ်နေသည်။


သို့သော် တစ်စုံတစ်ယောက်က မြူခိုးများထဲတွင် အချိန်ကြာကြာနေခဲ့မည်ဆိုပါက သူတို့၏ ကိုယ်ပိုင်ကမ္ဘာငယ်အတွင်း ပိတ်မိသွားပေလိမ့်မည်။ ၎င်းမြူခိုးများကို ခုခံနိုင်သူမှာကောင်းကင်ဘုံသစ်ပင်မျိုးနွယ် မှဆင်းသက်လာသော ဆယ်လ်ဗီယံများသာ ရှိလေသည်။ထို့ကြောင့် ရိုးရှင်းလှစွာပင် သူတို့က ဤဂြိုလ်၏ဦးဆောင်သူများဖြစ်လာကြခြင်းဖြစ်သည်။


"ဒီတော့ နင်ပြောတဲ့အတိုင်းဆိုရင်မူရွှမ်နဲ့တခြားလူတွေကမြူခိုးတွေကြောင့်သူတို့ရဲ့ပုံရိပ်ယောင်ကမ္ဘာထဲပိတ်မိနေတာလား..."


"အင်း..."


ဘုရင်မက ခေါင်းမော့ကြည့်လာပြီး ဒေါသထွက်နေသည့် အရိပ်အယောင်များကို လှစ်ဟပြလာလေသည်။


"ပြောရမယ်ဆိုရင် အဲ့ဒါကသူ့ရဲ့အမှားပဲ...သူကနင့်ကိုလည်း ခေါ်သွားတဲ့အပြင်ကို ငါ့ရဲ့ယာဉ်ပျံကိုလည်းဖျက်ဆီးသွားသေးတယ်...ငါသာသစ်ပင်ရဲ့ နှလုံးသားကို အချိန်မီမရှာတွေ့နိုင်ခဲ့ဘူးဆိုရင် နင်ငါ့ကိုထပ်မြင်ရတော့မှာမဟုတ်ဘူး..."


"အော်... အဲ့တော့သူတို့အပြစ်ဖြစ်သွားတာလား ဒါဆိုရင်နင်သူတို့ကိုဘယ်အချိန်လောက်လွှတ်ပေးဖို့ရည်ရွယ်ထားလဲ..."


"ငါလွှတ်ပေးမှာမဟုတ်ဘူး..."


ဘုရင်မက ကလေးများ စိတ်ကောက်သလိုမျိုးမျက်နှာကို တဖက်သို့လွှဲလိုက်သည်။


"အဲ့ဒီ့ ကောင်စုတ်တွေကို လွှတ်ပေးဖို့က ငါ့အတွက်တကယ်မလွယ်ကူဘူး...တကယ်လို့ငါသာ သူတို့ကိုလွှတ်ပေးလိုက်မယ်ဆိုရင် နင့်ကိုသူတို့ကခေါ်သွားလိမ့်မယ်...အမျိုးသမီးဇာတ်ပို့တွေက အမျိုးသားဇာတ်ဆောင်ကိုခိုးယူဖို့အမြဲတမ်းကြံစည်နေတယ်ဆိုတဲ့ အကြောင်းကိုသမိုင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတယ်...ငါအဲ့ဒီ့လိုအမှားမျိုးဘယ်တော့မှ လုပ်မှာမဟုတ်ဘူး..."


အဲ့ဒီ့ပေါက်ကရစာအုပ်တွေကိုဖတ်ဖို့ နင့်ကိုဘယ်သူကပြောထားလို့တုန်း...ပြီးတော့မူရွှမ်ကဘယ်လိုလုပ်ပြီး မိန်းမဖြစ်သွားရတာလဲ...


○| ̄|_


"ထားလိုက်တော့ ငါ့ဘာသာငါပဲသွားကယ်လိုက်တော့မယ်..."


ယောင်စစ်ပြောပြောဆိုဆိုဖြင့်အခန်းထဲမှလှည့်ထွက်သွားလိုက်သည်။


"စစ်စစ်..."


လျန်ယု ခဏမျှကြောင်အသွားပြီး သူမကိုကမန်းကတမ်းလိုက်ဆွဲလိုက်သည်။


"နင်က အဲ့ဒီ့ကောင်စုတ်ကိုအရမ်းကြိုက်တာပဲလား...ငါကနင့်အတွက်မလုံလောက်လို့လား...နင်ဘာလို့သူ့ဆီသွားချင်နေရတာလဲ..."


ယောင်စစ်အသက်ပြင်းပြင်းတချက်ရှိုက်လိုက်သည်။


"နင့်ရဲ့ယာဉ်ပျံကိုဖျက်ဆီးခဲ့မိတာအတွက်တော့ငါစိတ်မကောင်းပါဘူး...ဒါပေမဲ့ အဲ့ဒါကလည်း နင်က ငါတို့ထွက်ခွာမှာကို အတင်းအကြပ်တားမြစ်ထားတဲ့ အတွက်ကြောင့်ပဲ...ပြီးတော့ မူ-မိုရွှမ်က ငါ့ရဲ့အုပ်ထိန်းသူပဲ နင်သွေးစုပ်ဖုတ်ကောင်တွေရဲ့အ‌ကြောင်းကိုလေ့လာထားတယ်ဆိုရင် သွေးစုပ်ဖုတ်ကောင်တွေမှာ အုပအထိန်းသူ ဆိုတာက ဘယ်လိုအဓိပ္ပာယ်ဆိုတာကိုနင်သိမှာပါ...နင့်ရဲ့နှစ်သက်မှုကို ရတဲ့အတွက် ငါတကယ်ဂုဏ်ယူမိပါတယ်...ဒါပေမဲ့ နင့်ရဲ့အချစ်က ငါ့ရဲ့စွမ်းဆောင်မှုကြောင့်ပဲဖြစ်ဖြစ် တခြားဘာကြောင့်ပဲဖြစ်ဖြစ် ငါနင့်ကို မကြိုက်နိုင်တဲ့အတွက်တော့ တောင်းပန်ပါတယ်..."


"ငါနင့်ကိုမကြိုက်တာက မူ-မိုရွှမ်နဲ့ဘာမှမဆိုင်ဘူး... တကယ်လို့ သူက ငါ့ရဲ့ကူညီမှုကို မလိုအပ်ဘူးဆိုရင်တောင်မှ ငါသူ့ကိုဘယ်တော့မှထားခဲ့မှာမဟုတ်ဘူး..."


လျန်ယု ငြိမ်သက်နေပြီးသူ့မ၏မျက်ဝန်းအကြည့်များက တဖြည်းဖြည်းမှောင်မိုက်လာသည်။ သူမ၏မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုများကလည်း လုံးဝ ပျောက်ကွယ်သွားလေသည်။


ယောင်စစ် သူမကိုနှစ်သိမ့်ဖို့ အချိန်မရှိပေ။ ထို့ကြောင့် သူမအခန်းထဲမှ ထွက်သွားရန်သာ ပြင်လိုက်သည် သူမ မူရွှမ့်ကို လျင်မြန်စွာထုတ်ပေးရပေမည်။


သူမအခန်းထဲမှ လှည့်ထွက်လိုက်သည့်အချိန်၌ လျန်ယု၏ ငိုရှိုက်သံထွက်ပေါ်လာလေသည်။


"အဲ့ဒီ့လမ်းမဟုတ်ဘူး ဒီဘက်..."


လျန်ယုက စူပုတ်ပုတ်ဖြင့် ရေကန်၏တခြားတဖက်သို့ လက်ညှိုးထိုးပြလာသည်။


"သက်တန့်ရေကန်က အံ့အားသင့်စရာကောင်း‌လောက်တဲ့ အကျိုးသက်‌ရောက်မှုတွေရှိတယ်...သူ အထဲမှာရှိနေတယ်ဆိုရင်တောင် အဲ့ဒီ့ကန့်သတ်ချက်တွေကို မဖယ်ရှားမချင်း နင်သူ့ကိုတွေ့နိုင်မှာမဟုတ်ဘူး...နင်တကယ်ပဲ သွားချင်တယ်ဆိုရင်တော့ ငါနင့်ကို ခေါ်သွားပေးမယ်"


"ကျေးဇူးတင်ပါတယ်..."


ယောင်စစ် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။


"ဒါပေမဲ့ ငါနင့်ကိုရှင်းရှင်းလင်းလင်းပြောထားမယ်နော် စစ်စစ်...ငါအခုဒီလိုလုပ်ပေးတာက နင့်ကြောင့်ပဲ... အဲ့ဒီ့ခွေးသားက ငါ့တို့ကောင်းကင်သစ်ပင်ရဲ့ ပန်းပွင့်ကို ဖျက်ဆီးလိုက်တ. .. အဲ့တာကငါ့အတွက်ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုနင်သိသင့်တယ်...

ငါသူ့ကို လုံးဝလွယ်လွယ်လေး မလွှတ်ပေးနိုင်ဘူး...ဒါပေမဲ့ နင်သာအဲဒီ့ကိစ္စကြောင့် ငါ့ကိုဒေါသထွက်ပြီး မုန်းတီးနေမယ်ဆိုရင် အဲ့ဒီ့ခွေးသား အတွက်ပိုပြီးတော့ လွယ်ကူသွားမှာမဟုတ်ဘူးလား...ငါ့ကိုငါဘယ်တော့မှ အဲ့လိုအရှုံးမခံနိုင်ဘူး.."


ယောင်စစ် နောက်တဖန်သက်ပြင်းချလိုက်ပြန်သည်။


"ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ် ငါတို့ရဲ့ ချစ်လှစွာသောဘုရင်မကြီးက တကယ့်ကိုဉာဏ်ပညာရှိလှပါပေတယ်..."


ယောင်စစ် သူမကို ချီးကျုးစကားပြောလိုက်သည်။


"သိသားပဲ..."

 ဘုရင်မကဝင့်ကြွားစွာဖြင့်‌ခေါင်းမော့လိုက်သည်။ သူမ၏မျက်ဝန်းများကလည်း တလက်လက်တောက်ပလာလေသည်။


"အဓိပ္ပာယ်က နင်ငါ့ကိုစပြီးသဘောကျနေပြီလို့ဆိုလိုတာမဟုတ်လား..."


"မဟုတ်ဘူး..."


ယောင်စစ် အသည်းသန်ငြင်းလိုက်သည်။


"ကောင်းပြီလေ... ဒါဆိုလဲသွားကြရအောင်..."


ဘုရင်မ ဆူပုတ်ပုတ်ဖြင့် အ‌ရှေ့သို့လှည့်သွားလိုက်သည်။


"တစ်ခုကျန်သေးတယ်..."


"ဘာလဲ...နင်ငါ့ကိုလက်ထပ်ဖို့စိတ်ပြောင်းသွားပြီလား..."


"မဟုတ်ဘူး...."


‌ယောင်စစ်၏နှုတ်ခမ်းများရှုံမဲ့သွားပြီး ဘုရင်မ၏မျက်နှာအောက်ကိုကြည့်လိုက်သည်။


"နင် ရင်ဦးဆုံး တစ်ခုခုတော့ဝတ်သင့်တယ်...နင့်ရဲ့ပုဝါကပြုတ်ကျသွားတာကြာပြီလေ လေတိုးတာလေးဘာလေးမခံစားရဘူးလား..."


တစက္ကန့်မျှအကြာ


"အား..."


စူးရှသောအသံကလေထုထဲထိုးဖောက်သွားသည် ယောင်စစ်ဘုရင်မအတွက် တစ်စက္ကန့်မျှဆုတောင်းပေးလိုက်သည်။


......


လျန်ယုက ထိုကန့်သတ်နေရာသည် အိမ်အလယ်တွင်ရှိကြောင်းပြောလာသောကြောင့်သူတို့ ငွေရောင်လမ်းကိုဖြတ်ကျော်ကာ လျောက်လာခဲ့ကြသည်။ မြူခိုးများက ပို၍ပင်ထူထပ်လာလေသည်။


"အဲ့ဒါ ရှေ့မှာပဲ..." 


လျန်ယု ရှေ့သို့ လက်ညှိုးညွှန်ရင်းရှင်းပြလိုက်သည်။


"အဲ့ဒီ နေရာကို ကောင်းကင်ဘုံ ဆယ်လ်ဗီယံ မျိုးနွယ်တွေပဲ ဝင်လို့ရတယ်..."


ယောင်စစ် ရှေ့တွင်ကာဆီးနေသော ကြည်လင်လှသည့် အလင်းလွှာကြောင့်ရပ်တန့်လိုက်သည်။သေချာစွာ ဂရုမစိုက်မိလျှင် ၎င်းကိုသတိပြုမိမည် မဟုတ်ပေ။


"ငါ့ကို ဒီမှာစောင့်နေ... ငါ ပိတ်ပြီးတာနဲ့ပြန်လာခဲ့မယ်..." 


လျန်ယုက နှစ်လှမ်းမျှလှမ်းပြီးနောက် စိုးရိမ်စွာ ပြန်လှည့်လိုက်သည်။


"နင် ဒီမှာပဲ စောင့်နေရမယ်နော်..."


သူမ ထပ်ခါမှာကြားပြီးသည်နှင့် နေရာမှထွက်သွားလိုက်ပြီး တမဟုတ်ချင်းပင် မြူခိုးများကြား ပျောက်ကွယ်သွားသည်။


ယောင်စစ် အချိန်အနည်းငယ်စောင့်ရမည်ဟု ထင်လိုက်သော်လည်း နှစ်မိနစ်မကြာခင်မှာပင် ကျယ်လောင်သောအော်သံတစ်ခုထွက်ပေါ်လာသည်။ အစောပိုင်းကဝင်သွားသော လျန်ယုတစ်ယောက် ပြင်းထန်စွာ ထိခိုက်သွားသလိုမျိုး လွင့်ထွက်လာလေသည်။


ယောင်စစ် လက်ဆန့်ထုတ်၍ သူမကိုဖမ်းဆီးရန်ကြိုးပမ်းလိုက်သည်။ သို့သော် သူမ၏ အလေးချိန်ကြောင့် မြေပေါ်လဲကျသွားသည်။


နာလိုက်တာ...ငါ ပြားတော့မယ်...


“ဘာဖြစ်တာလဲ..."


သူမမေးတော့မည့်အချိန်မှာပင် လျန်ယုက ဖြူဖျော့နေသော မျက်နှာထားဖြင့် ချက်ချင်းခုန်ထလိုက်သည်။


"ကောင်းကင်သစ်ပင်ရဲ့...နှလုံးသားမှာ ပြသာနာရှိနေပြီ..."


ဘာ...


ယောင်စစ် ကြောင်အသွားစဉ်မှာပင် ခပ်လှမ်းလှမ်းဆီမှ ကျိုးပဲ့သံတစ်ခုကို ပြတ်ပြတ်သားသားကြားလိုက်ရသည်။


သူမ လှည့်ကြည့်လိုက်ချိန်၌ မြင်လိုက်ရသောမြင်ကွင်းကြောင့် ပင့်သက်ရှိုက်လိုက်မိသည်။


ဖာချ့


(⊙ o ⊙)


ချစ်လှစွာသောဘုရင်မကြီးရေ...အခု ဘာများလုပ်ခဲ့လိုက်တာလဲ ...