အပိုင်း ၁၅၅
Viewers 19k

Chapter 155

မင်းရဲ့ မိသားစုနာမည်က ဘာလဲ 


မှုန်ဝါးဝါး အရိပ်တစ်ခု ကောင်းကင်ပေါ်မှ ထွက်လာသည်ကို ယောင်စစ် ရိပ်မိလိုက်သည်။ ၎င်းက တဖြည်းဖြည်း အရွယ်ကြီးလာပြီး ကောင်းကင်၏ တစ်ဝက်ခန့်ကို စက္ကန့်ပိုင်းအတွင်း ဖုံးလွှမ်းသွားသည်။ အရွက်တစ်ရွက် ထွက်ပေါ်လာသည့်အခါ မည်သည့်အရာဖြစ်သည်ကို သူမ သိလိုက်သည်။ ၎င်းက ကြီးမားသော သစ်ပင်တစ်ပင် ဖြစ်နေသည်။


ထို့အပြင် ၎င်းက အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်ကြီးထွားလာပြီး မြေပြင်ပင် ၎င်း၏ကြီးထွားမှုကြောင့် တုန်ခါလာသည်။


ယောင်စစ် အသက်ပြင်းပြင်းရှုလိုက်သည်။

" ပြေးတော့ ..."


သူမ လျန်ယုလက်ကိုဆွဲပြီး ကပျာကယာ ပြေးတော့သည်။


သစ်ပင်၏ အသွင်အပြင်ကြောင့် မူလက ပိတ်နေသောလမ်းမှ ထွက်လမ်းကို ရှာတွေ့နိုင်ခဲ့သည်။ ရှေးဟောင်း ခြံဝင်းကြီးမှာ သစ်မြစ်မှလွဲ၍ ဘာမျှမရှိသော ကျက်တီးမြေအဖြစ်သို့ ပြောင်းလဲသွားသည်။


" ဘာတွေ ဖြစ်ကုန်ပါလိမ့် ... ဒီအပင်ကရော ဘာဖြစ်နေတာလဲ ..."

ယောင်စစ်မေးလိုက်သည်။


" အဲ့တာက ကောင်းကင်ဆလ်ဗီယန်သစ်ပင်ဘုရင်ပဲ ..."

အဆက်မပြတ် ကြီးထွားနေသော အပင်ကြီးကို လျန်ယု နောက်လှည့်ကြည့်လိုက်သည်။


" သစ်ပင်ရဲ့ နှလုံးသားကို  ကန့်သတ်မှုတွေက ‌လွှတ်ပေးဖို့ သက်တံ့ရေကန်မှာ ငါ ထားခဲ့တယ် ... ဒါပေမဲ့ အဲ့ဒီနောက်မှာ သစ်ပင်က ရုတ်တရက်ကြီးလာမယ်လို့ မထင်ထားခဲ့ဘူး ..."


" ဘာ သစ်ပင်ဘုရင်လဲ ..."

သစ်ပင်ရဲ့နှလုံးသားက သူမ လေယာဉ်ထဲမှာ မဟုတ်ဖူးလား ... ဘယ်တုန်းက သစ်ပင်ဘုရင် ဖြစ်သွားတာလဲ ...


"သစ်ပင်တွေ အားလုံးရဲ့ ဘုရင်ဖြစ်ပြီး ကောင်းကင်ဆယ်လ်ဗီယန်သစ်ပင်ဘုရင် အဖြစ် ကြီးထွားလာတာ ..."

လျန်ယု၏ မျက်နှာတွင် စိုးရိမ်သည့် အရိပ်အယောင်ကို မြင်လိုက်ရပြီး သစ်ပင်ကို ညွှန်ပြလိုက်သည်။


"အရင်တုန်းက အဲ့တာက ငါ့မောင်လေးလေ ..."


" ဘာ ... သေစမ်း ... နင်ကအာဗီမျိုးနွယ် မဟုတ်ဖူးလား ... ကောင်းကင်ဆယ်လ်ဗီယံလူမျိုးစုက မောင်လေးတစ်ယောက် ဘယ်က ရလာတာလဲ ... နင့်အမေရဲ့ မိသားစုနာမည်က ဘာလဲ ..."


" ဒါက နည်းနည်း ရှုပ်ထွေးတယ် ..."

ဘုရင်မက ပို၍ ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။ 


" ငါ့မောင်လေးက ကောင်းကင်ဆယ်လ်ဗီယံဘုရင်ရဲ့ သား ပါ အမြွှာနှစ်ယောက်ထဲက တစ်ယောက်လေ ... ဒါပေမဲ့ သူမွေးလာချိန်တုန်းက မနိုးထသေးတဲ့ သစ်စေ့လေးတစ်ခုပဲ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်တော့ ကောင်းကင်သစ်ပင်ရဲ့ ပန်းပွင့်ဖြစ်လာတာ ... သက်တံ့ရေကန်ကြောင့် သူအဲ့လို ကြီးထွားလာမယ်တောင် မထင်ထားဘူး ..."


လုယီ မြူများကို ခုခံနိုင်ခြင်းက ကောင်းကင်ဆယ်လ်ဗီယံ၏ ဗီဇများကြောင့်ပင် ဖြစ်သည်။


" ငါတို့ဘာလုပ်ကြမလဲ ... အဲ့တာကို ဒီလိုဆက်ပြီးကြီးထွားခွင့် မပြုသင့်ဘူးလေ ..."


" စစ်စစ်ရယ် စိတ်မပူပါနဲ့ ..."

ဘုရင်မက သူမရင်ဘတ်ကိုပုတ်၍ ယုံကြည်ချက်အပြည့်နှင့် ပြောလိုက်သည်။


" သူက မနိုးထလာသေးရင်တောင် ငါ့မောင်လေး ဖြစ်နေတုန်းပဲ အရင်က ငါ့ကို မမှတ်မိရင်တောင်မှ ငါ့ရဲ့မူလအသွင် ပြောင်းလိုက်တာနဲ့ ငါ့ကို မတိုက်ခိုက်တော့လောက်ပါဘူး ..."


သူမ ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး တဖြည်းဖြည်း ကြီးထွားလာသည်။ ကြီးမားသော အတောင်ပံများက အနောက်ဘက်မှထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ယောင်စစ် သူမကို ပထမဆုံးမြင်ခဲ့သည့် ပုံအဖြစ် ပြောင်းသွားသည်။ သူမ၏ တောင်ပံကြီးများက တဖျပ်ဖျပ် ခတ်နေပြီး သက်တန့်ရေကန်၏ ကျက်တီးမြေတစ်ဝိုက်တွင် လေပြင်းများကို ဖန်တီးနေသည်။ နောက်ဆုံးတွင် ကြီးထွားနေသော သစ်ပင်က ရပ်တန့်သွားသည်။


လျန်ယုက ထိုအခွင့်အရေးကို အသုံးချပြီး အော်လိုက်သည်။

" ရှီးမူရေ မင်းရဲ့အစ်မလေ ..."


ကျယ်လောင်သော အသံကြီးဖြင့် ထိုသစ်ပင်ကြီးမှ သစ်ကိုင်းကြီးတစ်ခု သူတို့ဆီ ရောက်လာသည်။ လျန်ယု တုန်ယင်သွားပြီး နောက်သို့ပျံထွက်သွားသည်။


-_-|||


သေစမ်း ... နင်ပဲအဆင်ပြေသွားမယ်ဆိုပြီး ယုံကြည်ချက်တွေ ရှ်ိနေခဲ့တာ မဟုတ်ဖူးလား ...


ယောင်စစ် အခြေအနေကို သေချာနားမလည်သေးမီ နောက်ထပ်သစ်ကိုင်းတစ်ခက်က သာမန်အရွယ်အစားသို့ ပြန်ကျုံ့သွားသောလျန်ယုဆီ ပျံလာသည်။


သေစမ်း သေစမ်း သေစမ်း ...


ယောင်စစ် တစ်ဟုန်ထိုး ပြေးထွက်သွားပြီး လျန်ယုကိုဖက်၍ အန္တရာယ်မှ ကာကွယ်ပေးလိုက်သည်။


ကျယ်လောင်သော အသံကြီးထွက်ပေါ်လာပြီး လျန်ယု ရပ်နေခဲ့သောနေရာတွင် တစ်မီတာခန့်ရှိသော အပေါက်ကြီးတစ်ခု ဖြစ်လာသည်။ ယောင်စစ် တစ်ကိုယ်လုံးမှသွေးများ အေးစက်သွားသည်ဟု ခံစားလိုက်ရသည်။


သူမ  သတိမေ့မတတ် ဖြစ်နေသော ဘုရင်မကို ဆွဲခေါ်၍ ပုန်းခိုရာ နေရာဆီသို့ ပြေးသွားသည်။


သစ်ပင်၏ တိုက်ခိုက်နိုင်သော အကွာအဝေးမှ ကျော်လွန်သည့်အခါမှ သက်ပြင်းချနိုင်ကြသည်။ ချွေးများကလည်း ကျောပြင်မှ အထိန်းအကွပ်မဲ့ ကျဆင်းလာသည်။အကယ်၍ တစ်စက္ကန့်ခန့်သာ နောက်ကျသွားပါက အသားနုပ်နုပ်စင်း ဖြစ်သွားလိမ့်မည်။ 


" စစ်စစ် ..."

လျန်ယု သူမကို မိန်းမောလျက် စိုက်ကြည့်နေသည်။ ဤအခြေအနေကို ကြောက်ရွံ့ရမည်လား ထိတ်လန့်ရမည်လားပင် မသိတော့ပေ။


ယောင်စစ် စိတ်ထဲတွင် ကြောက်လန့်နေဆဲဖြစ်ပြီး အသက်ပြင်းပြင်း ရှုထုတ်လိုက်သည်။

" နင်တို့က မောင်နှမအရင်းရော ဟုတ်ရဲ့လား ... အဲ့သစ်ပင်က နင့်ကို အစ်မတစ်ယောက်လိုတောင် မဆက်ဆံဘူး ..."


လျန်ယု မလှုပ်မရှား ဖြစ်နေဆဲပင်။ သို့ရာတွင် သူမ နှာရှုပ်ပြီး သနားစဖွယ် ရေရွတ်လိုက်သည်။

" သူ ... သူအရင်က နာခံတတ်ပါတယ်  ... တကယ်ကြီးပါ ..."


" တော်တော့ တော်တော့ ..."

မီတာအနည်းငယ်ခန့် ထပ်ကြီးထွားသည့်သစ်ပင်ကို ယောင်စစ် ညွှန်ပြလိုက်သည်။


" နင့်ရဲ့ အကြံဉာဏ်က အကျိုးမရှိဘူး ... သူက ခုချိန် ဘာကိုမှ မမှတ်မိလောက်ဘူး  ... ငါတို့ ခုချိန် သစ်ပင်ရဲ့နှလုံးသားကိုပဲ ဦးတည်သွားသင့်တယ် ... အခု သက်တံ့ရေကန်တစ်ခုလုံးကို အပင်တွေနဲ့ပဲ ဖုံးအုပ်ထားတာဆိုတော့ သုံးလို့ရတဲ့ တခြားလမ်းကြောင်းရှိသေးလား ..."


" ရှိတော့ရှိတယ် ..."

ဘုရင်မက ခေါင်းမငြိမ့်ပြမီ တွန့်ဆုတ်နေသည်။


" ဒါပေမဲ့ အန္တရာယ်များတယ် ..."


" ဒါက ကိစ္စမရှိပါဘူး အဲ့ကိုပဲ အရင်ဆုံး ဦးတည်ရအောင် ..."


တကယ်လို့ ဘုရင်မရဲ့မောင်လေးက ကောင်းကင်ဆယ်လ်ဗီယံဘုရင်လိုမျိုး ကြီးထွားလာမယ်ဆိုရင် ဂြိုဟ်တစ်ခုလုံး ပျက်စီးသွားပြီး မြူတွေထဲ ပိတ်မိနေတဲ့ မူရွှမ်အကြောင်းကို ယောင်စစ် တွေးရတော့မယ် ...


‌ထို့နောက် ဆက်မတွေးတော့ပဲ လျန်ယုနောက်မှလိုက်၍ အိမ်အနောက်ဘက်သို့ သွားကြသည်။ သစ်ပင်ကြီး၏ ကြီးမားသော အရွယ်အစားကြောင့် သူတို့ကို သစ်ကိုင်းများက လိုက်မဖမ်းတော့ပေ။


လျန်ယုက အစိမ်းရောင်သစ်မြစ်များနှင့် ပြည့်နေကာ လူနှစ်ရပ်စာခန့် အမြင့်ရှိသည့် ဧရာမဂိတ်ပေါက် အစိမ်းရောင်ကြီးဆီသို့ သူမကို ခေါ်သွားသည်။ သူတို့က လျန်ယု၏ အစ်ကိုနှင့် မတူပဲ မြေဆီလွှာ၏ ရနံ့များကြောင့် ဖြစ်ပေါ်လာခဲ့သော်လည်း ထိုနေရာတွင် နှစ်ကာလကြာရှည်စွာ တည်ရှိသကဲ့သို့ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။


" ဒါက တားမြစ်နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းပဲ ... သက်တန့်ရေကန်က ဒီထဲမှရှိတယ်.... ဒါပေမဲ့ ဒါက ကောင်းကင်ဆယ်လ်ဗီယံဘုရင်ရဲ့  အမြစ်စနစ်ဆိုတော့ သန်မာတောက်ပတဲ့ လက်နက်တစ်ခုရှိမှ ချိုးဖောက်လို့ရမယ် ... သူက သစ်ပင်စွမ်းရည်တွေကိုလည်း ခံနိုင်ရည်ရှိတယ် ..."

သူမကို ကြည့်ရသည်မှာ ပြဿနာတက်နေပုံပင်။


" ငါ့ရဲ့သစ်ပင်စွမ်းရည်နဲ့တောင် ဝင်လို့ မရနိုင်ဘူး ..."


" နင့်မှာ သစ်ပင်စွမ်းရည်ရှိတာလား ..."

ယောင်စစ်‌ မေးလိုက်သည်။


" ဒါပေါ့ အာဗီအပြင်ကို ကောင်းကင်ဆယ်လ်ဗီယံသွေးတွေလည်း  ငါ့ကိုယ်ထဲမှာ စီးဆင်းနေတာပဲ ..."


သူမ လက်မြှောက်လိုက်သည့်အခါ  လက်ဖဝါးပေါ်တွင် အပင်ပေါက်တစ်ခု ပေါ်လာသည်။


" ဒါဆိုရင် ငါတို့တွေ လက်နက်ရှာဖို့လိုတယ် ..."


" အဲ့ဒါ မလိုပါဘူး ..."

ယောင်စစ် သူမကို ဖြတ်ပြောလိုက်သည်။ သူမလက်က တံခါးကို ညွှန်ပြလိုက်ပြီး သူမကိုယ်တွင်းမှ စွမ်းအင်များကို ပို့လွှတ်လိုက်သည်။ မီးတောက်တစ်ခု တစ်ဟုန်ထိုး ပေါ်လာပြီး မီးနဂါးကြီးဖြစ်သွားကာ အမြစ်စနစ်ကို ပြာပုံအဖြစ် လောင်ကျွမ်းစေလိုက်သည်။


မြေပြင်ပေါ်မှ ပြာပုံကြီးက်ို မြင်ပြီး လျန်ယုက သူမကို မျက်လုံးပြူးလျက် ကြည့်နေသည်။ သူမ ထိတ်လန့်သွားသည်။

" နင့်... နင့်မှာ မီးစွမ်းရည်ရှိတာလား ..."


ဟေးဟေးဟေး အဲ့ဒီ အမူအရာက ဘာကြီးလဲ ...


(╯‵□′)╯︵┻━┻


ငါ့ရဲ့ ဝိရောဓိ‌ဖြစ်စေတဲ့ စွမ်းရည်ကလည်း အတော်လေး အသုံးဝင်ပါတယ်နော် အိုကေ ..."


" အရင်ဆုံး ဝင်ရအောင် ..."

ယောင်စစ် ပြာပုံကြီးကို တက်နင်းကာ ဝင်သွားသည်။ အထဲတွင်  မြေအောက်သို့ ဦးတည်သွားသည့် လမ်းကြောင်းတစ်ခု ရှိနေသည်။ သူမ၏ မီးစွမ်းရည်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေသည်။


အံ့အားသင့်စရာကောင်းသည်မှာ အထဲသို့ ဝင်လာလေ မှောင်မည်းနေရမည့်အစား လင်းထိန်လာသည်။ ရှေ့တွင် အပြာရောင်မီးရောင်ဖျော့ဖျော့ တစ်ခုပင် ရှိနေသည်။


" ဒီပတ်ဝန်းကျင်က တားမြစ်နယ်မြေတွေက အကျိုးသက်ရောက်မှုတွေ ပျောက်ဆုံးကုန်ပြီထင်တယ် ..."

လျန်ယုက အနက်ရောင်ကျောက်တုံးတစ်တုံးကို အသာအယာ ထိလျက် ရှေ့ကို ညွှန်ပြနေသည်။


" သက်တန့်ရေကန်က ဒီနေရာမှာပဲ ..."


အဆုံးမဲ့ အပြာရောင်အလင်းတန်းတစ်ခု လာနေသည့်နေရာကို ယောင်စစ် မြန်မြန်သွားလိုက်သည်။ လမ်းကြောင်းနှင့် စမ်းချောင်းနားတွင် အကာအကွယ် မရှိသော်လည်း ရေက အရှေ့သို့ စီးကျမသွားပဲ အထက်သို့ ဆန်တက်နေသည်။