🤚Chapter 64
"အဖွားဘယ်မှာလဲ..."
ဝမ်ယွီကချောင်းကြည့်ကာမေးလိုက်သည်။
"သူက အဲဒီ သွေးပြန်ကြောနှိပ်တဲ့စက်သုံးပြီး အိပ်ခန်းထဲမှာလှဲနေတယ်…"
ကျိအန်းနဉ် ပြန််ဖြေလိုက်သည်။
" လေထွက်ပေါက်က ဘယ်မှာလဲ…"
ဝမ်ယွီက လှည့်ပတ်ကြည့်လိုက်သည်။
ကျိအန်းနဉ် သူ့ကို နေရာအား လက်ညှိုးထိုးပြလိုက်သည်။ သူ လေသန့်စင်စက်ကို ရွှေ့ပြီး ပလပ်ထိုးလိုက်သည်။ မတ်တတ်ရပ်ကာ လက်နှစ်ဖက်ကိုပိုက်ပြီးနောက် လေသန့်စင်စက်၏ သက်သာရာရစေသော လေ၀င်လေထွက်သံကို နားထောင်လိုက်သည်။
"ရှင် အရင်ထိုင်နှင့်ပါဦး..."
ကျိအန်းနဥ်က ဆိုဖာကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးရင် အတူတူသွားလို့ရပြီ…"
ယခုချိန်၌ သူမမှာ အားလပ်ချိန်များ ရှိိနေပြီဖြစ်သည်။ ရံဖန်ရံခါတွင် သူမက လေ့ကျင့်ရန် ကိုယ်ခံပညာကလပ်သို့ သွားလေ့ရှိသော်လည်း တနင်္လာနေ့က သူမ၏ သတ်မှတ်ထားသော လေ့ကျင့်ရေးနေ့ဖြစ်သည်။ သူမသည် ထိုအချိန်စာရင်းကို ကျင့်သားရလာခဲ့သည်။
"မင်း ဘယ်သွားမလို့လဲ... WeChat ကို မစစ်ကြည့်ဘူးလား..."
၀မ်ယွီ ပြောလိုက်သည်။
"ဒီနေ့ မုန်တိုင်းက အဆင့်ခုနစ်တောင်ရှိတယ်... ဘယ်သူမှ သူတို့အိမ်ထဲကနေကို မထွက်ကြဘူး... လူတိုင်း အဆောင်ထဲမှာ စုပြုံနေကြတာ... ချန်းဟောင်က ဒီနေ့ ကလပ်ပိတ်သွားပြီလို့ အဖွဲ့ထဲမှာ မက်ဆေ့ချ်ပို့လိုက်တယ်လေ...”
"အိုး ကျွန်မ အလုပ်များနေလို့ ဖုန်းကို မစစ်ကြည့်ရသေးဘူး…"
ကျိအန်းနဉ် မီးဖိုချောင်မှ လှမ်းပြောလိုက်သည်။
၀မ်ယွီက လမ်းလျှောက်လာပြီး မီးဖိုချောင်တံခါးတွင်မှီရင်းသူမအလုပ်များနေသည်ကို ရပ်ကြည့်နေလိုက်သည်။
မီးဖိုချောင်ထဲမှမီးလုံးကို အချိန်အတန်ကြာအောင် အသုံးပြုခဲ့ပြီးပြီဖြစ်သည်။ ထို့ကြောင့် ဒုလုံးရှည်မီးလုံး၀ိုင်း၀ိုင်းလေးက ယခင်ကကဲ့သို့ မလင်းတော့ဘဲ အနည်းငယ်ညစ်ပတ်နေသေးသည်။ ကျိအန်းနဉ်က မောလ်မှ အလကားပေးသည့် အေပရွန်ကို၀တ်ထားပြီး သူမက ကျွမ်းကျွမ်းကျင်ကျင်နှင့်ပင် ဆေးကြောသန့်စင်နေသည်။
သူမ၏ဆံပင်ကိုအနောက်မှာ ဘိန်းမုန့်သဖွယ် ထုံးထား၍ အင်္ကျီလက်များကိုလည်း ခေါက်တင်ထားပြီး ဖြောင့်စင်းသွယ်လျသော လက်မောင်းများကို ထုတ်ဖော်ပြထားသည်။အေပရွန်၏ကြိုးများကို သူမ၏ခါးနောက်တွင်ချည်ထား၍ သူမ၏ နူးညံ့လှပသည့်ပုံရိပ်ကို ပိုမိုပေါ်လွင်နေစေသည်။ ၎င်းက ၀မ်ယွီအကြိုက်ဆုံး မြင်ကွင်းများအနက်မှ တစ်ခုဖြစ်သည်။
၀မ်ယွီ၏အိမ်တွင် စားဖိုမှူးတစ်ယောက်၊ အိမ်ဖော်တစ်ယောက်နှင့် နေ့စဉ်တစ်နေ့တာကို ဂရုစိုက်ပေးရသော အန်တီကြီးတစ်ယောက်တို့ ရှိကြသည်။ ချန်းလျန်က အိမ်တွင်နူးညံ့သိမ်မွေ့ပြီး အာဏာရှိသောအမျိုးသမီးဖြစ်ပြီး ရုံးတွင်သူဌေးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူနားလည်ထားသည့်ဘ၀တွင် ဇနီးမယားတစ်ယောက်၏နေရာနှင့် အိမ်မှုကိစ္စထိန်းသိမ်းခြင်းက လုံး၀ကို ခွဲခြားထားသည်။
ထို့ကြောင့် ကျိအန်းနဥ်က အေပရွန်ကို၀တ်ပြီး အလုပ်လုပ်နေသည်ကိုကြည့်ပြီး ၀မ်ယွီက ကြင်နာမှု၊ နူးညံ့မှု သို့မဟုတ် မွန်မြတ်သောဇနီးမယားနှင့် အမေတစ်ယောက်၏ပုံရိပ်ကို ပုံဖော်ကြည့်၍မရပေ။ သူ၏စိတ်က မီးဖိုချောင်နှင့်ဆက်နွယ်သော စိတ်ကူးယဉ်စရာများနှင့်သာ ပြည့်နှက်နေခဲ့သည်။
သူ့စိတ်ကူးထဲတွင် လက်ရာမြောက်လှသည့်အေပရွန်အောက်၌ သူမက မည်သည့်အရာကိုမှ မဝတ်ထားပေ။
သူမကို ဖက်ထားရင်း မီးဖိုချောင်ကောင်တာပေါ်မှာထိုင်စေလိုက်သည်။ သူမ၏ နှင်းသဖွယ်ဖြူဖွေးသော အသားအရည်များလည်း ပေါ်လွင်လာပေသည်။
အခြောက်ခံစင်ပေါ်ရှိ ပန်းကန်များက ယမ်းခါသွားပြီးတိုက်မိကုန်သည်။ ထိုအခါ စည်းချက် ပြတ်သားသော အသံကို ဖန်တီးသွားသည်။
ဤမြင်ကွင်းများက သူ့စိတ်ထဲ တဖျပ်ဖျပ်တောက်ပသွားပြီး ဝမ်ယွီ၏လည်ဇလုတ်ကို အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြစ်သွားစေသည်။ သူ မီးဖိုချောင်ထဲသို့ဝင်လာကာ တံခါးကို ခြေထောက်နှင့်လှမ်းပိတ်ပြီး ကျိအန်းနဥ်ထံ ချဉ်းကပ်လာကာ သူမ၏နူးညံ့သိမ်မွေ့သော ခါးကို ဆုပ်ကိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်နှင့် သူမကို ဖိထားလိုက်သည်။
ဝမ်ယွီ ထိုသို့လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် ကျိအန်းနဉ် သူ့စိတ်ထဲဲတွေးနေသည့်အရာကို သိလိုက်သည်။ သူမ အမှန်တကယ် အကူအညီမဲ့သလို ခံစားလ်ိုက်ရသည်။
ဝမ်ယွီ၏ ခန္ဓာကိုယ်သည် ငြိမ်သက်နေသော မီးတောင်ကဲ့သို့ဖြစ်နေပြီး ပေါက်ကွဲရန် အမြဲအသင့်ဖြစ်နေသည်။
ထို့ကြောင့် သူမက သူ့ကိုအခွင့်အရေးမပေးဘဲ အတူရှိကြသည့်အချိန်နှင့် နေရာများကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ယနေ့ သူရုတ်တရက်ပေါ်လာမည်ဟု သူမ မသိခဲ့ပေ။
“လက်မဆော့စမ်းပါနဲ့...အဖွား ဒီမှာရှိတယ်နော်...”
သူမတိုးတိုးလေးပြောပြီး သူ့ကို ကြိတ်၍ဆူပူလိုက်သည်။
"အဖွားကအိပ်ခန်းထဲမှာ ရှိနေတာလေ... အခု သူ မလှုပ်နိုင်ဘူး ဟုတ်တယ်မဟုတ်လား..."
ဝမ်ယွီက ပြုံးလိုက်ပြီး ကျိအန်းနဉ်၏ ဖြူဖွေးသော လည်ကုပ်ကို နမ်းရန် ခေါင်းငုံ့လိုက်သည်။
သူမ၏နားမှ လည်ပင်းအထိ၊ ကျိအန်းနဉ်၏အရေပြားပေါ်တွင် ပါးလွှာသောအဖုအပိန့်အလွှာတစ်ခု ချက်ချင်းဖြစ်ပေါ်လာသည်။ ၎င်းသည် သူမ၏အထိမခံနိုင်သောနေရာဖြစ်သည်။
သူမ၏ ထိန်းမနိုင်သိမ်းမရ တုံ့ပြန်မှုက ဝမ်ယွီကို ချက်ချင်းပင်ဆွဲဆောင်သွားသည်။
သူမ၏ နားရွက်ကို နူးနူးညံ့ညံ့လေးပွတ်လိုက်ပြီး လည်ပင်းကို ညင်သာစွာ နမ်းလိုက်သည်။ လအတော်ကြာ အတူနေပြီးနောက် ဝမ်ယွီက ကျိအန်းနဉ်ကို မည်သို့ကျီစယ်ရမည်ကို အတိအကျ သိခဲ့ပြီဖြစ်သည်။
အမှန်တွင် ကျိအန်းနဉ်၏အသက်ရှုသံက တစ်ခဏမျှ ရပ်တန့်သွားပြီး သူမ၏ ခန္ဓာကိုယ်ကို ရှေ့သို့ စောင်း၍ ရှောင်ထွက်ရန် ကြိုးစားရင်း အနည်းငယ်တုန်လှုပ်သွားသည်။
ဆောင်းရာသီဖြစ်၍ သူမအဝတ်အစားများကို ထူထူ၀တ်ဆင်ထားသည်။ ဝမ်ယွီ၏ ဖိကပ်ထားမှုမှတစ်ဆင့်သူ၏ပြင်းပြသော ဆန္ဒကို သူမ ခံစားနေရသည်။
"မင်း ကိုယ့်ကိုဘာလို့ တစ်ချိန်လုံးရှောင်နေရတာလဲ... အမြဲတမ်းပုန်းနေတယ်..."
သူညည်းညူရင်း သူမနားရွက်ကိုစုပ်ယူလိုက်သည်။
ဝမ်ယွီ၏ ဟော်မုန်းများက မီးဖိုချောင်ငယ်ကို ပေါက်ကွဲထွက်သည်အထိ ဖြည့်စွမ်းပေးနိုင်သည်။
"ရပ်လိုက်တော့ ရှင် လွန်လာပြီနော်..."
ကျိအန်းနဉ်က သူမ၏နားထဲသို့ သူ၏လျှာတိုး၀င်လာသည်ကို ခံစားမိလိုက်ရပြီး သူမ၏အသံက တုန်တုန်ယင်ယင်ဖြစ်သွားသည်။
“ကျွန်မ... ကျွန်မ ရှင့်ကို ပြောစရာရှိတယ်…”
ဝမ်ယွီက သူမ၏နားရွက်ကိုငုံကာ တီးတိုးပြောလိုက်သည်။
“ပြောလေ…”
ဒီလိုပုံစံမျိုးနဲ့ သူတို့ဘယ်လိုပြောကြမလဲ...
ကျိအန်းနဉ်က သူမ၏ ခြောက်သွေ့သွားသည့်လက်များနှင့်သူ့လက်မောင်းကို တွန်းထုတ်ရန် ကြိုးစားလိုက်သည်။
"ကျွန်မကို အရင်လွှတ်ပါဦး…"
ဝမ်ယွီက နားမထောင်ပေ။
“မလွတ်ဘူး...ကိုယ်က ကိုယ့်ရဲ့ငယ်ရွယ်မှုအထွတ်အထိပ်မှာရောက်နေတာ...မင်းကကိုယ့်ကို ထာဝရထိန်းချုပ်ထားစေချင်တာလား..."
ကျိအန်းနဉ် အော်လိုက်သည်။
"၀မ်ယွီ..."
ဝမ်ယွီက ပို၍ ရဲတင်းလာသည်။
“ပိုကျယ်ကျယ်အော်လိုက်...”
စိတ်ရှုပ်သွားသည့်ကျိအန်းနဥ်မှာ ဝမ်ယွီကို လအတန်ကြာ သိလာပြီးနောက် သူ့ကိုအင်အားသုံးပြီး ဆက်ဆံခြင်းထက် နူးညံ့သိမ်မွေ့စွာ တုံ့ပြန်ခြင်းက ပိုကောင်းကြောင်း သိခဲ့ရသည်။ သူမက လေသံကိုလျှော့ပြီး ပြောလိုက်သည်။
“ရပ်လိုက်တော့...အဖွားက ခဏနေကျရင် ကျွန်မကို ခေါ်ရင်ခေါ်နေမှာ အဲ့ဒီအချိန်ကျ မကြားဘဲနေလိမ့်မယ်...”
“ပြဿနာမရှိပါဘူး... အဖွားရဲ့ချောင်းဆိုးသံကို ကိုယ်အခုတောင်မှ ရှင်းရှင်းလင်းလင်းကြားရတယ်…"
၀မ်ယွီ ပြောလိုက်သည်။
ဤအိမ်ဟောင်းတွင် အခန်းကန့်နံရံများက စက္ကူကဲ့သို့ ပါးလွှာပြီး အသံလုံရန်အတွက် မလုံလောက်ပေ။
ကျိအန်းနဉ် ရုန်းကန်ခြင်းကိုရပ်လိုက်ပြီး အသံတိုးတိုးနှင့်ပြောလိုက်သည်။
"ကျေးဇူးပြုပြီး..."
အမှန်တွင် ၀မ်ယွီက ကျိအန်းနဉ်အတွက် စိတ်ပျော့သော နေရာတစ်ခုရှိသည်။ သူမ ဤကဲ့သို့ နှိမ့်ချကာ တိုးတိုးလေးပြောပြီး တောင်းပန်စကားဆိုသောအခါတွင် သူ နောင်တရပြီး သူမကို ဆက်မစနောက်တော့ဘဲ စိတ်လျှော့လိုက်သည်။
သို့သော်လည်း ဝမ်ယွီက မကျေနပ်သေးပေ။ ယုတ်မာသောအပြုံးနှင့် သူကသူမကို လှည့်ကြည့်ပြီး သူမလက်ကို ဆုပ်ကိုင်ထားလိုက်သည်။
"ဒါဆို မင်း ကိုယ့်ကို နည်းနည်းလောက် နှစ်သိမ့်ပေးနိုင်မလား..."
မီးဖိုချောင်က အလွန်သေးငယ်သောကြောင့် ၎င်းတို့နှစ်ဦးစလုံး လှည့်ရခက်ခဲပြီး အိုးများ၊ ဒယ်အိုးများ၊ အချက်အပြုတ်ကိရိယာများနှင့် ရှုပ်ပွနေသည်။ ဤနေရာတွင် သူတို့လုပ်နိုင်သည်က များများစားစားမရှိချေ။ ၀မ်ယွီက ကျိအန်းနဥ်ကို သူမ၏နူးညံ့သည့်လက်များကိုသုံးပြီး သူ့ကို အဆင်ပြေအောင် ကူညီစေချင်သည်။
သူ့မှာ အကြံကောင်းတစ်ခုရှိပေမယ့် လက်တွေ့မှာ… အေးခဲနေပါလား...
"အိုး ဘုရားသခင်ရေ... မင်းလက်တွေက ရေခဲတုံးတွေလို ဘာလို့အေးစက်နေရတာလဲ..."
ဝမ်ယွီ တုန်လှုပ်ခြောက်ခြားသွားပြီး သူ၏စိတ်ကူးယဉ်အတွေးများက အေးစက်သောအဖြစ်မှန်ကြောင့် ချက်ချင်းကွဲကြေသွားသည်။
ပိုက်ခေါင်းကိုထိလိုက်သောအခါ သူနားလည်သွားသည်။
"မင်း ပန်းကန်ဆေးဖို့ ရေအေးတွေသုံးခဲ့တာလား…"
မီးဖိုချောင်နံရံတွင် ချိတ်ဆွဲထားသည့် ရေနွေးပူပူစက်တစ်လုံးရှိသော်လည်း ကျိအန်းနဥ်က ၎င်းကို အသုံးပြုရန် ဝန်လေးနေခဲ့သည်။ သူ ဒေါသနှင့်အသည်းကွဲခြင်းနှစ်မျိုးလုံးကိုခံစားလိုက်ရသည်။
ကျိအန်းနဉ်က သူစိတ်ပျက်အားလျော့သွားသည်ကို မြင်သည့်အခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
" ထားလိုက်ပါ ကျွန်မက အကျင့်ဖြစ်နေပါပြီ..."
" ဘာအကျင့်ဖြစ်တာလဲ... ဒုက္ခရောက်တာကို အကျင့်ဖြစ်တာလား... မင်း ဒါကိုမသုံးဘဲ ဒုက္ခခံနေတာလား..."
ဝမ်ယွီ၏ ဒေါသမီးက တောက်လောင်လာသည်။
ဤကမ္ဘာကြီးတွင် လူများစွာက ဆင်းရဲဒုက္ခကို ကျင့်သားရလာခဲ့သော်လည်း ဝမ်ယွီက အမှန်တကယ် နားလည်နိုင်မည်မဟုတ်ပေ။
ကူကယ်ရာမဲ့အပြုံးဖြင့် ကျိအန်းနဉ်က တစ်ခုခုပြောတော့မည့်အခါ ဝမ်ယွီသည် သူ့အဝတ်အစားများကို မကာ သူမ၏ ရေခဲကဲ့သို့အေးနေသောလက်နှစ်ဖက်ကို သူ့အဝတ်အစားထဲသို့ ထည့်လိုက်သည်။
“ဟင်...”
၀မ်ယွီကဲ့သို့ သံထည်သဖွယ် သန်မာသောအမျိုးသားသည်ကြိုးဝိုင်းကို ထိမိသည့်အခါတွင် အသံထွက်မည်မဟုတ်သော်လည်း အအေးဒဏ်ကြောင့်အသက်ပြင်းပြင်းရှူသွင်းလိုက်မိကာ ရှုံ့မဲ့သွားသည်။
"အေးတယ်..."
ကျိအန်းနဉ်က သူမလက်ကို အမြန်ပြန်ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။
"မလှုပ်နဲ့..."
ဝမ်ယွီက သူမလက်များကို ဆုပ်ကိုင်ထားပြီး သူမကိုရင်ခွင်ထဲသို့ ပို၍ နီးကပ်လာအောင်ဆွဲသွင်းပြီး ဖျစ်ညှစ်ထားသည်။
"အဲဒါက ရေခဲနဲ့မီး ရောထားသလိုပဲ..."
ကျိအန်းနဉ််မေးလိုက်သည်။
"အဲဒါကဘာလဲ..."
“…” ဝမ်ယွီပြောလိုက်သည်။
“အဲ့ဒါကရေခဲတစ်လုံးနဲ့ မီးနာနတ်သီးပေါင်မုန့်နဲ့ တူတယ်...”
“…”ကျိအန်းနဉ်ပြန်မေးလိုက်သည်။
"အဲ့ဒါက ဘာကြီးလဲ..."
ဝမ်ယွီ တစ်ခဏမျှ ငြိမ်သက်သွားပြီး သက်ပြင်းချလိုက်သည်။
"မင်းကို တစ်နေ့ကျ ကိုယ်စမ်းကြည့်ခိုင်းရင် မင်းသိလိမ့်မယ်..."
“လူလိမ်...”
ကျိအန်းနဥ်က သူ့ကို မယုံပေ။
“အဲ့ဒါက မသင့်တော်တဲ့ဟာတစ်ခုခုပဲ ဖြစ်ရမယ် ရှင် ကျွန်မကို လှည့်စားနေတာပဲ...”
ဝမ်ယွီ ရယ်လိုက်သည့်အခါ သူ့ရင်ဘတ်ကတုန်ခါသွားသည်။
"အဲဒါက တစ်၀က််လောက်ပဲမသင့်တော်တာပါ... မဟုတ်သေးဘူး နေပါဦး... နာနတ်သီးမုန့်တွေကလည်း အဝါရောင် ထောပတ်လည်း အဝါရောင်ပဲ ဟား ဟား ဟား...”
ကျိအန်းနဉ်မှာ မည်သည့်အရာကရယ်စရာကောင်းနေသည်ကို သေချာမသိသော်လည်း သူမထင်သည်ကမှန်သည်ဟု သူမသိသည်။ သူမ “အင်း...” ဟုပြောပြီးစိတ်ထဲမှဖယ်ထုတ်လိုက်သည်။
ဤညုတုတုနှင့် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေသော “အင်း...” အသံက ဝမ်ယွီ၏ နားထဲသို့ ဝင်ရောက်လာကာ သူ့ကို ကလိထိုးသလို ခံစားလိုက်ရသည်။ သူ၏ချစ်လှစွာသော ကျိအန်းနဉ်က သူမ မည်မျှပင် ချစ်စရာကောင်းနေသည်ကို ဘယ်သောအခါမှ သိမည်မဟုတ်ပေ။
သူ့စိတ်များဝေဝါးသွားပြီး ကျိအန်းနဉ်၏နဖူးကို ပွတ်သပ်ရန်ခေါင်းကိုငုံ့၍ အသံတောင့်တောင့်နှင့် ပြောလိုက်သည်။
"မင်း ဘယ်ခေါင်းလျှော်ရည်ကို သုံးနေတာလဲ...အနံ့ကအရမ်းမွှေးတယ်..."
ကျိအန်းနဉ်က မရေရာသော အငွေ့အသက်များကို ချိုးဖျက်ရန် စိတ်ပိုင်းဖြတ်ထားပြီး ပြောလိုက်သည်။
"ရှင့်ရဲ့နှာခေါင်းက တစ်ခုခုမှားနေတာဖြစ်မယ်..."
၀မ်ယွီ "..."
“ရှင်းပါတယ်... တစ်ခန်းလုံးက အဝတ်လျှော်ဆပ်ပြာလို အနံ့တွေထွက်နေတာလေ...”
ကျိအန်းနဥ် ပြောလိုက်သည်။
ဝမ်ယွီ၏ နှလုံးသားက သံကဲ့သို့ မာကျောပြီး သူ့လျှာကိုချက်ခနဲမြည််အောင် လုပ်လိုက်သည်။ ကျိအန်းနဉ်က သူ့ကိုတမင်တကာ ဆော့ကစားနေသည်ကိုသိသည်။ သူမ၏ ဤအခြေအနေကို ပျက်စီးစေရန် ကြိုးစားမှုကို လျစ်လျူရှုပြီး သူမကို ဆက်လက် နှောင့်ယှက်သည်။
သို့သော် ယခုမူကား လေထုက ပို၍ လုံခြုံလာပေသည်။
"၀မ်ယွီ..."
ကျိအန်းနဉ်က သူ့ပခုံးကိုမှီပြီး မမေးမီ စက္ကန့်အနည်းငယ်ခန့် ငြိမ်နေလိုက်သည်။
”ချန်းဟောင်ရန်က ရှင့်ရဲ့သူငယ်ချင်းလား...”
ဝမ်ယွီ ရပ်တန့်သွားပြီး ခါးမတ်မတ်ရပ်လိုက်ကာ သူဆုပ်ကိုင်ထားသော ကျိအန်းနဉ်၏ လက်မောင်းကို လွှတ်လိုက်သည်။
နောက်ဆုံးတွင် ကျိအန်းနဉ်က လွတ်လွတ်လပ်လပ် နေရာအနည်းငယ်ရသွားပြီး သူ့ကိုကြည့်ရန် ခေါင်းမော့လိုက်သည်။
ဝမ်ယွီက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"စွန်းယာရှန့်က မင်းရှေ့မှာ ကြွားသွားတာလား..."
စွန်းယာရှန့်က တစ်ခုခုပြောပြီး သူတို့၏ဆက်ဆံရေးကို နားလည်မှုလွဲစေရန် ကျိအန်းနဉ်ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားခဲ့သည်ဟု သူသံသယဖြစ်သွားသည်။
“မဟုတ်ဘူး...”
ကျိအန်းနဉ် ငြင်းဆိုလိုက်သည်။
“သူတင်ထားတဲ့ ဓာတ်ပုံတစ်ပုံကို ကျွန်မမြင်ခဲ့ရတာ... ပြီးတော့ သူ့selfie ရဲ့ နောက်ခံမှာ ရှိိနေတဲ့လူတစ်ယောက်က တော်တော်လေးရင်းနှီးတဲ့ပုံပေါ်နေလို့လေ... အနီးကပ်ကြည့်တော့ သူက လီဟေးဖြစ်နေတယ်...”
လီဟေးက အသက်ပိုကြီးပြီး ရင့်ကျက်သော အမူအယာရှိ၍ တည်မြဲသော အထင်ကြီးမှုကို ချန်ထားခဲ့သည်။ ကျိအန်းနဉ်က ဓာတ်ပုံထဲမှသူ့ကို ချက်ချင်း မှတ်မိလိုက်သည်။
လီဟေးက ၀မ်ယွီ၏သူငယ်ချင်းဖြစ်ပြီး ချန်းဟောင်ရန်သည်လည်း သူနှင့် အတူရှိနေခဲ့၍ ကျိအန်းနဉ်က အပိုင်းအစများကို ပေါင်းစပ်လိုက်သည်။
ချန်းဟောင်ရန်က စွန်းယာရှန့်ကို အရင်ဘဝတည်းကသိခဲ့ရင် ငါက သူ့အကြောင်းကို ဘာလို့တစ်ခါမှ မကြားဖူးရတာလဲ...
သို့ဖြစ်၍ အကြောင်းပြချက်တစ်ခုခု ရှိရမည်။
“မင်းက တော်တော် တော်တာပဲ...”
ဝမ်ယွီက ရယ်မောရင်း သူမ၏ပါးကို လှမ်းဆွဲသည်။ သူမ၏ လေးနက်သော အမူအရာကို မြင်လိုက်ရသည့်အခါ သူက ပို၍ပင် ရွှင်လန်းစွာ ရယ်မောလိုက်သည်။
"မနာလိုနေတာလား...အတွေးလွန်မနေပါနဲ့... ဟုတ်တယ် ကိုယ် စွန်းယာရှန့်ကို ကိုယ့်သူငယ်ချင်းနဲ့ မိတ်ဆက်ပေးခဲ့တယ်... ဒါပေမယ့် ကိုယ်နဲ့သူက မပတ်သက်ဘူး..."
ကျိအန်းနဉ် မေးလိုက်သည်။
"ဒါဆို ဘာလို့ ရှင့်ရဲ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတာလဲ..."
“သူက ကိုယ့်ကို အနှောင့်အယှက်ပေးနေတာလေ...”
ဝမ်ယွီက ခပ်တည်တည်ပင််ပြောလိုက်သည်။
“ပြီးတော့ သူက ပိုအဆင့်မြင့်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုနဲ့ ချိတ်ချင်နေတာလေ... ဒါနဲ့ ကိုယ်လည်း သူ့ကို အခွင့်အရေးပေးတစ်ခုလိုက်တယ်... တနင်္ဂနွေမှာ ကိုယ်တို့အားလုံး အတူတူ ဆုံဖြစ်ကြတယ်...အဲဒါကြောင့် ကိုယ့်သူငယ်ချင်းနဲ့ သူနဲ့ချိတ်မိသွားတာ...”
ဤရှင်းပြချက်သည် ကျိုးကြောင်းဆီလျော်ပြီး သူ၏စရိုက်လက္ခဏာနှင့် လိုက်လျောညီထွေဖြစ်ကြောင်းကို ဝမ်ယွီခံစားမိသည်။
သို့သော်လည်း ကျိအန်းနဉ်က သူ့မျက်လုံးများကိုကြည့်ပြီးပြောလိုက်သည်။
" ကျွန်မ ရှင့်ကို မယုံဘူး..."
ဝမ်ယွီ အနည်းငယ် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။ သူက ဗီရိုပေါ်တွင် လက်နှစ်ဖက်ကိုတင်ကာ ရှေ့သို့ အနည်းငယ်ငုံ့ပြီး လေးလေးနက်နက်ပြောလိုက်သည်။
"ကိုယ့်ကိုယုံပါ...ကိုယ်နဲ့ သူ့ကြားမှာ ဘာမှ မရှိပါဘူး..."
သို့သော်လည်း ကျိအန်းနဉ်က သူ၏အတွင်းမှ နက်နဲသောအရာကို မြင်ရန် ကြိုးစားနေသကဲ့သို့ သူ့မျက်လုံးများကို စိုက်ကြည့်နေသည်။
“ရှင်က ကူညီနေတယ်လို့ ထင်ရပေမယ့် ရှင်ပြောပြတဲ့ ရှင်နဲ့သူ့အကြောင်းကို ကျွန်မ မယုံဘူး...”
ဝမ်ယွီ တစ်ခဏတာ အံ့သြသွားသည်။
ကျိအန်းနဉ် ပြောလိုက်သည်။
"ရှင် ကြင်နာတတ်တာကို ကျွန်မ မယုံဘူး..."
ရုတ်တရက် မီးဖိုချောင်က အပ်ကျသံပင်ကြားရသည်အထိ တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် ဝမ်ယွီက သူ့အပြုအမူများကို ကျိအန်းနဉ်သာ မြင်နိုင်သည်အထိ သူ့ခန္ဓာကိုယ်ကို ပိုငုံ့ချလိုက်သည်။
သူ၏ဖိအားအောက်တွင် ကျိအန်းနဥ်၏အောက်ပိုင်းက ဗီရိုကြီးနှင့်ဖိကပ်သွားပြီး သူမ နောက်ပြန်ဆုတ်သွားရသည်။
“ကိုယ်အခုမှ သဘောပေါက်တယ်... မင်း…”
ဝမ်ယွီ၏ နှုတ်ခမ်းများက ကျေနပ်သော အပြုံးတစ်ခုအဖြစ်သို့ တဖြည်းဖြည်း တွန့်ကွေးသွားသည်။
"မင်းကိုယ့်ကို ဘယ်လိုလုပ် နားလည်တာလဲ..."
ကျိအန်းနဉ်က သူ့နှင့် အကြည့်ချင်းဆုံလိုက်သည်။
သူမ၏မျက်လုံးများက အေးစက်ပြီး တည်ငြိမ်နေကာ ဝမ်ယွီ၏သိမ်မွေ့သော အရာတစ်ခုကို မီးညှိပေးမည့် ထူးခြားသည့် အမူအရာတစ်ခုရှိနေသည်။ သူမက သူ့အား အပူဒဏ်ကို ခံစားရစေသည်။
ကျိအန်းနဉ်က သူ့ကို ဤမျှအထိလေးလေးနက်နက် နားလည်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကျိအန်းနဉ်က သူ့ကို သီလရှိသည့်သူရဲကောင်းမျိုးဟု မြင်လျှင် သူ့အတွက် အတော်လေး ခေါင်းကိုက်ရလိမ့်မည်။ သူ မည်သို့သောလူစားမျိုးဖြစ်သည်ကို သူမ အမှန်တကယ်သိပြီး သူ့အတွက် လွဲမှားသောမျှော်လင့်ချက်များကို မဆုပ်ကိုင်ထားသောကြောင့် ထူးထူးခြားခြား သက်တောင့်သက်သာဖြစ်သွားသည်။
ကျိအန်းနဉ််က အနည်းငယ်စိတ်ဆိုးသောလေသံဖြင့် ပြောလိုက်သည်။
"ရှင်က အစကတည်းက လူကောင်းတစ်ယောက်မဟုတ်ပါဘူး..."
၎င်းသည်ငြင်းမရသော အမှန်တရားတစ်ခုဖြစ်သည်။
ဝမ်ယွီက ရယ်မောကာ သူမ၏နူးညံ့သော ပန်းနုရောင်နှုတ်ခမ်းများကို ဖိကိုက်လိုက်သည်။
“မှန်တယ်... ကိုယ်က လူဆိုးတစ်ယောက်ပါ...မင်းလို မိန်းမကောင်းလေးတွေကို ဖမ်းစားတဲ့ လူဆိုးတစ်ယောက်လေ...”
ကျိအန်းနဉ် ခဏ ငုံ့ကြည့်ကာမေးလိုက်သည်။
“ဝမ်ယွီ၊ ရှင် စွန်းယာရှန့်နဲ့ ဘာကိစ္စတွေရှိနေတာလဲ...”
“အင်း... ဘာမှသိပ်မရှိပါဘူး...”
ဝမ်ယွီက ပခုံးတွန့်ပြသည်။
"ကိုယ်က ကိုယ့်သူငယ်ချင်းတွေနဲ့ စုဝေးပွဲတစ်ခုမှာတွေ့ဖို့ သူ့ကို ခေါ်သွားရုံပါ..."
“ရှင့်သူငယ်ချင်းတွေက သူနဲ့ ကစားနေတာလား...”
ကျိအန်းနဥ် ခက်ခက်ခဲခဲ မေးလိုက်သည်။
ဝမ်ယွီက သူ့နှုတ်ခမ်းထောင့် တွန့်သွားရုံလေးပြုံးလိုက်သည်။
"ဘယ်သူသိနိုင်မလဲ..."
သူ၏ တုံ့ပြန်မှုက ဂရုစိုက်မှုမရှိဘဲ တာဝန်မဲ့စွာ ဝိုးတဝါး ဖြစ်နေသည်။
အေးစက်မှုက ကျိအန်းနဉ်၏ ကျောရိုးတစ်လျှောက် ဖြတ်သန်းသွားသည်။
###