အပိုင်း၂၅၈
Viewers 67k

🍵Chapter 258




သူမ​ယောကျ်ားက သူမကို ဦးတည်​​ပြော​နေမှန်း သူမ သိ​ပေသည်။ သူမသည်လည်း ထုံရွှယ်လူအား တစ်ဒင်္ဂမျှ သွားရှာချင်စိတ် ဖြစ်သွားခဲ့​သေးသည်။


ထုံရွှယ်လူကို သူမကိုယ်တိုင် မ​မွေးဖွားခဲ့​သော်လည်း သူမကို ဆယ်နှစ်​ကျော်မျှ ပျိုး​​ထောင်ခဲ့ရ​ပါလျက် သူမကိုယ်သူမ အဘယ့်​ကြောင့် တားမြစ်နေရမည်နည်း... 


ချိုင်ချွန်းလန် ​ပြောလာသည့်စကားကို ကြား​သောအခါ သူမ၏ နှလုံးသားက ပို၍ လှုပ်ရှားလာခဲ့သည်။


သို့သော်သူမခင်ပွန်း​စကားများကြောင့် ​တောက်​လောင်​နေ​သော မီး​တောက်ကြီးက ​ရေ​အေးနှင့် ​လောင်းချခံလိုက်ရသလို ငြိမ်းသတ်သွားခဲ့ရသည်သာ...။


ထိုအခိုက် စစ်တပ်အိမ်ယာဝင်းအတွင်းရှိ အဘိုးဝမ်မှာလည်း ယခုအချိန်ထိ အ​ပျော်မရပ်နိုင်သေး​​ပေ။ 


ထိုအချိန်တွင် သူက အနိုင်ရသည့် ကြက်ဖကြီးလို ရင်ကို ​ကော့ထား​လေသည်။ 


"ငါကြွားတာ မဟုတ်ပါဘူးလို့ ​ပြောသားပဲ... ငါ့ရဲ့ ​မြေး​ချွေးမ​လောင်း​လေးက သာမန်လူ​တွေထက် ဥာဏ်ပို​ကောင်းပါတယ်ဆို... အမှတ်ပြည့်ထက် ​ခြောက်မှတ်ပဲ နည်းတယ်... မင်းတို့က​လေး​တွေ​ရော လုပ်နိုင်ကြလို့လား"


လူတိုင်း: "..." မလုပ်နိုင်ပါဘူး...


အဘိုးဝမ်က သက်ပြင်းချကာ ​ပြောလိုက်သည်။ 


"ရူ​ကွေ့က ​တော်​နေပြီးသားကို ​မြေး​ချွေးမ​လေးက​လည်း ထူးချွန်​နေ​သေးတယ်... နောက်ဆို သူတို့ရဲ့ က​လေးက​တော့ မိုးထိ​အောင် ဥာဏ်​ကောင်း​နေမလား မသိဘူး"


လူတိုင်း: "..."


ရူ​ကွေ့ရဲ့က​လေးက မိုးထိ​အောင် ဥာဏ်​ကောင်းမ​ကောင်း​တော့မသိဘူး... ဒါ​ပေမယ့် ခင်ဗျားရဲ့ အမြီးက​တော့ မိုး​ကောင်းကင်ကိုပါ ထိ​တော့မယ်လို့ ဒီမှာ ရှိ​နေကြတဲ့ လူတိုင်း ခံစား​နေရပြီ...


အဘိုးဝမ်က ပြုံးကာ မျက်လုံးများကို ​မှေးကျဥ်းလိုက်သည်။ 


"မနက်တုန်းက ချင်းဟွာတက္ကသိုလ် ပါ​မောက္ခချုပ်က ငါ့ဆီဖုန်းဆက်ပြီး ရွှယ်လူကို ချင်းဟွာမှာ တက်ခိုင်းဖို့ ​ပြောလာတယ်... ​နေ့လည်ကျ​တော့ ​ပေကျင်းတက္ကသိုလ် ​ပါ​မောက္ခချုပ်က ဖုန်း​ခေါ်လာပြန်​​​ရော... ဒါက တကယ်ရှက်စရာပဲကွ ..."


လူတိုင်း: "..."


ငါထပ်ပြီး နားမ​​​ထောင်နိုင်​တော့ဘူး... ဆက်နား​ထောင်​လေ​လေ... ငါ့က​လေး​တွေက ညံ့လိုက်တာလို့ ခံစားလာရ​လေ​လေပဲ...


တိုက်ဆိုင်စွာပင် စစ်တပ်တွင် ရှိ​နေသည့် ဗိုလ်မှူးရှောင်းသည်လည်း တပြုံးပြုံးဖြစ်နေ​လေသည်။


"ဗိုလ်မှူးရှောင်း... ဘာလို့ တ​ပျော်တပါး ပြုံးဖြီး​နေရတာလဲ... ​ပျော်စရာကိစ္စ​လေးများ ရှိ​နေလို့လား"


ဗိုလ်မှူးရှောင်းက တည်ငြိမ်စွာ ​ပြောလိုက်သည်။ 


"​ပျော်စရာကိစ္စရယ်​တော့ မဟုတ်ပါဘူး... ငါ့​မြေးမ​လေး ​ကောလိပ်ဝင်ခွင့်​အောင်သွားလို့​လေ" 


"​​ကောလိပ်ဝင်ခွင့်​အောင်သွားတာလား... ဂုဏ်ယူပါတယ် ဗိုလ်မှူးရှောင်း... ဘယ်တက္ကသိုလ်ကို တက်မလဲ သိပြီးပြီလား"


ဗိုလ်မှူးရှောင်း: "မဆုံးဖြတ်ရ​သေးပါဘူးကွာ... ချင်းဟွာအမျိုးသားတက္ကသိုလ်ဘက်က ငါ့​မြေးမ​လေးကို သူတို့ဆီ တက်​စေချင်​နေ​​တော့ ငါ့ကို ​​ဖြောင်းဖျ​ပေးဖို့ ​ပြော​နေကြတာ... ငါကလည်း ငါဆုံးဖြတ်​ပေးနိုင်တဲ့ကိစ္စမဟုတ်ဘူးလို့ ​ပြောလိုက်ရတယ်​လေ" 


လူတိုင်း: "..."


ချင်းဟွာအမျိုးသား တက္ကသိုလ်နဲ့ ​​ပေကျင်းတက္ကသိုလ်ရဲ့ ပါ​​မောက္ခချုပ်​တွေက လူလု​နေကြတယ်တဲ့လား... ဒါက အံ့သြစရာ မ​ကောင်းဘူးလား...


"ဗိုလ်မှူး​ရှောင်း... ​မြေးမ​လေးက စာ​မေးပွဲမှာ အမှတ်ဘယ်​လောက် ရခဲ့တာလဲ... ချင်းဟွာအမျိုးသား တက္ကသိုလ်နဲ့ ​ပေကျင်းတက္ကသိုလ်က​တောင် လု​နေရတယ်ဆို​တော့ အရမ်းတော်တဲ့သူပဲ ဖြစ်ရမယ်"


ဗိုလ်မှူး​ရှောင်းက လက်ကို ယမ်းပြပြီး ဆက်ပြီး "နှိမ့်ချစွာ" ပြုမူ​နေသည်။ 

"အရမ်းကြီး ​ကောင်းတာ​တော့ မဟုတ်ပါဘူးကွာ... အမှတ်​ပြည့် 500မှာ စုစု​ပေါင်း 494မှတ်ပဲရတယ်​လေ... သူဆက်ပြီး ကြိုးစားသွားရဦးမှာပါ" 


လူတိုင်း: "..."


ဒါလား သိပ်မ​ကောင်းတာ...


494 မှတ်ပဲ ရတယ်​ပေါ့...


ဗိုလ်မှူးရှောင်း​ရေ ခင်ဗျား​တော့ ရှိုးလုပ်​နေတာပဲ...


🍵

ထိုအချိန်တွင် ထုံရွှယ်လူက ချင်းဟွာ အမျိုးသား တက္ကသိုလ်နှင့် ​ပေကျင်းတက္ကသိုလ်တို့မှ အကြီးအကဲများကို ဧည့်ခံ​နေရသည်။


ချင်းဟွာအမျိုးသားတက္ကသိုလ် ​ကျောင်းသားလက်ခံ​ရေးဌာန ဒါရိုက်တာ: "ရဲ​ဘော်ထုံ... မင်းသာငါတို့ ချင်းဟွာကို လာဖို့ ဆန္ဒရှိ​နေသ၍ လိုအပ်ချက်မှန်သမျှကို ​ပြောလိုက်ပါ... ငါတို့ဘက်က ​သေချာ​ပေါက် ဖြည့်ဆည်း​​ပေးပါ့မယ်"


​ပေကျင်းတက္ကသိုလ် ​ကျောင်းသားလက်ခံ​ရေးဌာန ဒါရိုက်တာ: "ရဲ​ဘော်ထုံ... မင်းသာ ငါတို့ ​ပေကျင်းတက္ကသိုလ်ကို လာဖို့ ဆန္ဒရှိ​နေသ၍ ချင်းဟွာအမျိုးသားတက္ကသိုလ်ဘက်က ဘယ်လို အ​​ခြေအ​နေ​တွေ ​ကမ်းလှမ်းလာလာ ငါတို့ဘက်က နှစ်ဆ လုပ်​ပေးပါမယ်"


ချင်းဟွာ အမျိုးသားတက္ကသိုလ် ​ကျောင်းသားလက်ခံ​ရေးဌာန ဒါရိုက်တာ: "..."


ဒီ​လောက် မရှက်မဲ့တဲ့လူကို မ​တွေ့ဖူးဘူး... ဒီ​လောက်ထိ မရှက်မဲ့တဲ့လူကို ​တွေ့ကို မ​တွေ့ဖူးတာ...


နှစ်​ယောက်သားက ငြင်းခုံ​နေကြပြီး သူတို့က အရည်အချင်း ရှိသူကို ဆွဲ​ခေါ်ရန် ရန်ဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။


အမှတ်​ပြည့် 500တွင် သင်္ချာ၊ ရူပ​ဗေဒနှင့် ဓါတု​ဗေဒဘာသာရပ်များ၌ အမှတ်ပြည့်ရခဲ့ပြီး နိုင်ငံ​ရေးနှင့် ​ပေါင်းစပ်ဘာသာစကားမှာသာ ​ခြောက်မှတ်​လျော့သွားခဲ့ပြီး အင်္ဂလိပ်စာတွင်လည်း အမှတ်ပြည့်ရခဲ့​သေးသည်။


၎င်းက ဥာဏ်ကြီးရှင်များထဲမှ ဥာဏ်ကြီးရှင်တစ်​ယောက် ဖြစ်​ပေသည်။ ပါ​မောက္ခက သူတို့ကို တာဝန်​​ပေးထားခဲ့သဖြင့် ထိုကဲ့သို့ အရည်အချင်းရှိသူကို မည်မျှပင် ခက်ခဲပါ​စေ ဆွဲ​ခေါ်လာနိုင်ရမည် ဖြစ်သည်။


ထုံရွှယ်လူက မျက်နှာထက်၌ နဖူး​ကြောင်းများ တွန့်လာသည်။ 


"ဒီက ဒါရိုက်တာနှစ်​ယောက် ကျွန်မစကားကို နား​ထောင်​ပေးလို့ ရမလား"


​​ကျောင်းသားလက်ခံ​ရေးဌာန ဒါရိုက်တာနှစ်​ယောက်က ချက်ချင်းဆိုသလို အငြင်းအခုန် ရပ်သွားသည်။


 "ရဲ​ဘော်ထုံ ​​ပြောလိုက်ပါ"


ထုံရွှယ်လူ ​ပြောလိုက်သည်။ "ကျွန်မ ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲမှာ အင်္ဂလိပ်စာ​မေဂျာကို ဖြည့်ခဲ့တာပါ... ဒါ​ကြောင့် ကျွန်မက အင်္ဂလိပ်စာကို ​​လေ့လာဖို့ ​နိုင်ငံခြားဘာသာတက္ကသိုလ်ကို သွားဖို့ စီစဥ်ထားပါတယ်"


ချင်းဟွာ အမျိုးသားတက္ကသိုလ် ​ကျောင်းသားလက်ခံ​ရေးဌာန ဒါရိုက်တာ: "..."


​ပေကျင်း တက္ကသိုလ် ​ကျောင်းသားလက်ခံ​ရေးဌာန ဒါရိုက်တာ: "..."


ဟမ်မ်မ်မ်မ်မ်.... သူတို့အာ​ခြောက်တဲ့အထိ ​ပြော​နေရတာ... အဆုံးကျ သူတို့က နိုင်ငံခြားဘာသာ တက္ကသိုလ်တစ်ခုထက် ပိုပြီး ​​စျေး​ပေါသွား​တော့တာလား...


ဘယ်လို ဖြစ်သွားရတာလဲ...


​ပေကျင်းတက္ကသိုလ် ​ကျောင်းသားလက်ခံ​ရေးဌာန ဒါရိုက်တာ: "ရဲ​ဘော်ထုံ... မင်းဘာလို့ ​ပေကျင်းနိုင်ငံခြားဘာသာ တက္ကသိုလ်ကို သွားချင်ရတာလဲ... ဒီနိုင်ငံရဲ့ နိုင်ငံခြားဘာသာ ဆရာ​တွေက ​​ပေကျင်းတက္ကသိုလ်နဲ့ ​ပေကျင်းနိုင်ငံခြားဘာသာ တက္ကသိုလ်​တွေမှာပဲ အာရုံစိုက်ထားကြတာ... ဒါ​ပေမယ့် ငါတို့ရဲ့ ​ပေကျင်းတက္ကသိုလ်က ဆရာ​တွေက ပိုပြီး အရည်အချင်းရှိတာ အသိသာကြီးပါ... မင်း ငါတို့ရဲ့ တက္ကသိုလ်ကို စဥ်းစားကြည့်လို့ ရပါတယ်"


ချင်းဟွာ အမျိုးသားတက္ကသိုလ် ​ကျောင်းသားလက်ခံ​ရေးဌာန ဒါရိုက်တာ: "ရဲ​ဘော်ထုံ... မင်းက ငါတို့ရဲ့ ချင်းဟွာအမျိုးသား တက္ကသိုလ်မှာ နိုင်ငံခြားဘာသာဌာန မရှိမှာ စိုးရိမ်​နေတာလား... ဒါဆိုရင် မင်းမှားသွားပြီ... ချင်းဟွာအမျိုးသားတက္ကသိုလ်က 1965 1970နဲ့ 1974 ခုနှစ်​တွေမှာ အင်္ဂလိပ် ဂျပန်နဲ့ ဂျာမန်ဘာသာရပ်​တွေမှာ ဘွဲ့ကြို​တွေကို ​ခေါ်ယူခဲ့ပြီးပါပြီ... ပြီး​တော့ နိုင်ငံခြားဘာသာ ဆရာ​တွေနဲ့ ဘာသာပြန်​​တွေ အများကြီးလည်း နိုင်ငံအတွက် ​လေ့ကျင့်​နေကြပါပြီ..."


ထုံရွှယ်လူ ကြက်​​သေ​သေသွားသည်။ သူမက ချင်းဟွာအမျိုးသားတက္ကသိုလ်တွင် နိုင်ငံခြားဘာသာဌာနကို 1983မှသာ ပြန်လည်တည်​ဆောက်ခဲ့​ကြောင်း အမှတ်ရသွားခဲ့သည်။ သို့​သော်လည်း သူမက အဆက်ပြတ်သွားလိမ့်မည်ဟု ​မျှော်လင့်မထားခဲ့​ပေ။


​ချင်းဟွာအမျိုးသားတက္ကသိုလ် ​ကျောင်းသားလက်ခံ​ရေးဌာန ဒါရိုက်တာက သူမ ​တွေ​ဝေသွားသည်ကို ​​တွေ့​သောအခါ အလျင်အမြန် ဆက်​ပြောလိုက်သည်။ "ရဲ​ဘော်ထုံ... မင်းသာ ငါတို့​ကျောင်းကို လာဖို့ ဆန္ဒရှိ​နေသ​ရွေ့ နိုင်ငံခြားဘာသာဌာနကို အခု ပြန်တည်​ဆောက်​ပေးလို့ ရပါပြီ"


​ပေကျင်းတက္ကသိုလ် ​ကျောင်းသားလက်ခံ​ရေးဌာန ဒါရိုက်တာ: "..." ဒါက အရှက်မရှိတာပဲကွ...


မင်းသာ ဟွားရှမှာ ရှိ​နေသ​ရွေ့ ရှန်ဟိုင်းချင်မင်းဆက်ကို အိမ်မက်မက်နိုင်တယ်...


တစ်ဖက်လူ၏ စကားကို ကြား​သောအခါ ထုံရွှယ်လူက အ​ခြေ​အ​နေ​များ ခွင့်ပြုလျှင် စဥ်းစား​ပေးမည်ဟု ​ပြောလာသည်။


ချင်းဟွာအမျိုးသား တက္ကသိုလ် ​ကျောင်းသားလက်ခံ​ရေးဌာန ဒါရိုက်တာက ထိုစကားကို ကြား​သောအခါ ​ပီတိဖျာသွားပြီး အစီရင်ခံစာ တင်ရန် ​ပျော်​ပျော်ရွှင်ရွှင်ပြန်သွားသည်။ 


​​ပေကျင်းတက္ကသိုလ် ​ကျောင်းသားလက်ခံ​ရေးဌာန ဒါရိုက်တာက ​ဒေါသထွက်သွားပုံ​ပေါ်ပြီး ထုံရွှယ်လူကို ထပ်စဥ်းစား​ပေးရန် ​ပြောလိုက်သည်။


သို့​သော် အလှည့်အ​ပြောင်းများကို မည်သူမှ မသိနိုင်​ပေ။ 


ချင်းဟွာအမျိုးသားတက္ကသိုလ်က ထုံရွှယ်လူကို ​ခေါ်ယူချင်​သော်ငြား ​​ကောလိပ်ဝင်ခွင့်စာ​မေးပွဲများ စတင်ကာစဖြစ်၍ တိုင်းပြည်အနှံ့ ဆရာများ ပြတ်လပ်​နေ​ပေသည်။ သူမတစ်​ယောက်တည်းအတွက် နိုင်ငံခြားဘာသာဌာနကို ချက်ချင်းပြန်တည်​ဆောက်ရန် မဖြစ်နိုင်ခဲ့​ပေ။


လက်ရှိတွင် နိုင်ငံခြားဘာသာ ဆရာများက ​​ပေကျင်းတက္ကသိုလ်နှင့် ​ပေကျင်း နိုင်ငံခြားဘာသာတက္ကသိုလ် နှစ်ခု၌ စုပြုံ​နေသည်။


​တွေး​တောကြည့်ပြီး​နောက် ထုံရွှယ်လူက အဆုံးတွင် ပေကျင်းတက္ကသိုလ်ကိုသာ ​ရွေးချယ်လိုက်​တော့သည်။ 


ပေကျင်းတက္ကသိုလ်ကမူ မျက်​ခြေမပြတ် ရှိ​​နေသည်။ 


သူတို့ထံတွင် ​မျှော်လင့်ချက်မရှိ​တော့ဟု ​တွေးထားခဲ့​သော်လည်း အရည်အချင်းရှိသူက သူတို့၏ တက္ကသိုလ်သို့ ​ရောက်ရှိလာမည်ဟု ထင်မထားခဲ့ကြ​ပေ။ 


ပေကျင်းတက္ကသိုလ် အကြီးအကဲများက ​ပျော်ရွှင်လွန်း၍ ​အောင်ပွဲခံရန်အတွက် မီးရှူးမီးပန်းများပင် ပစ်​ဖောက်ချင်သွားကြသည်။


ပေကျင်းတက္ကသိုလ်၏ ဌာနအားလုံးမှ ပ​ရော်ဖက်ဆာများ ဆရာများက ထိုအ​ကြောင်းကို ကြားကြ​သောအခါ ထူးချွန်သူများအတွက် ယှဥ်ပြိုင်မှုများ ပြုလုပ်လာကြ​လေသည်။ 


သင်္ချာဌာန၏ ပ​ရော်ဖက်ဆာ: "အတန်း​ဖော်ထုံက သင်္ချာမှာ အမှတ်100ရထားတာ... ပြီး​တော့ အပို​မေးခွန်း​တွေကို​တောင် ​ဖြေရှင်းနိုင်ခဲ့​သေးတယ်... ဒီလို အရည်အချင်း ရှိသူတစ်​ယောက်က ငါတို့ရဲ့ သင်္ချာဌာနကို မလာလို့ မဖြစ်ဘူး​လေ"


ရူပ​ဗေဒဌာန၏ ပ​ရော်ဖက်ဆာ: "အတန်း​ဖော်ထုံက ရူပ​ဗေဒမှာလည်း အမှတ်တစ်ရာ ရထားတာပဲ... သူနဲ့ ​စေ့စပ်ထားတဲ့သူကလည်း သု​တေသနပညာရှင်တစ်​ယောက်ပဲ... ငါက​တော့ သူက ငါတို့ရဲ့ ရူပ​ဗေဒဌာနကို လာသင့်တယ်လို့ ထင်တာပဲ... အခုကစပြီး သူတို့က တွဲဖက်ညီသွား​တော့မှာ"


ဓါတု​ဗေဒဌာန၏ ပ​ရော်ဖက်ဆာ: "အတန်း​ဖော်ထုံက ​ဓါတုမှာလည်း အမှတ်တစ်ရာ ရထားတာ... ငါတို့ရဲ့ ဓါတု​ဗေဒပညာရပ်က ထူးချွန်သူ ရှားတယ်... သူက ငါတို့ရဲ့ ဓါတု​ဗေဒဌာနကို လာသင့်တာ"


နိုင်ငံခြားဘာသာဌာန၏ ပ​ရော်ဖက်ဆာ: "မင်းတို့​တွေ ​ဝေး​ဝေးဖယ်​နေ... ငါ့ဆီက​နေ လူ​တော်​လေးကို လုတဲ့ဘယ်သူမဆို ငါစိတ်ဆိုးမှာပဲ... အတန်း​ဖော်ထုံက အင်္ဂလိပ်မှာလည်း အမှတ်တစ်ရာ ရထားတာကွ... ဒါကမှ သူနဲ့ သင့်​တော်တဲ့ ထူးချွန်မှုပဲ"


ထုံရွှယ်လူတစ်​ယောက် ​ကောလိပ်များ ဌာနများ၏ ပရော်ဖက်ဆာနှင့် ဌာနမှူးများ သူမအတွက် တိုက်ခိုက်​နေကြသည်ဟု ကြားလိုက်ရ​သောအခါ ​ချွေး​စေးများ ထွက်လာခဲ့သည်။


သူမက ထူးခြား​ပြောင်​မြောက်လှသူ မဟုတ်သည်ကို သူမသာ သိ​ပေသည်။


စာ​မေးပွဲတွင် ထိုမျှ​လောက်ထိ​ ကောင်း​သော အမှတ်များ ရရှိခဲ့သည့် အ​ကြောင်းအရင်းမှာလည်း လှည့်စားမှုများ​ကြောင့်သာ ဖြစ်​လေသည်။ 


အခြား​​ဖြေဆိုသူများ အမှတ်နိမ့်​နေရခြင်းမှာလည်း မ​​တော်ကြ၍ မဟုတ်​ပေ။


ဤ​ခေတ်လူများမှာ လုံးဝ မညံ့ကြပါ​ပေ။ သူတို့က စာသင်ကြားမှုတွင် ဆယ်နှစ်​ကျော်မျှ ​နှောင့်​နှေးသွားခဲ့ပြီး သင်ကြားမှု ပတ်ဝန်းကျင် မရှိကြ၍သာ သူတို့၏ အမှတ်များက သူမထက် ဆိုးဝါးနေရခြင်း ဖြစ်သည်။ 


သူတို့သာ တက္ကသိုလ်နှင့် ​ကောလိပ်များသို့ ဝင်​ရောက်လာကြသည်နှင့် လူများစွာက အမျိုးမျိုး​​သော နယ်ပယ်များတွင် ထူးချွန်​ပြောင်​မြောက်သူများ ဖြစ်လာကြ​ပေလိမ့်မည်။ 


အမှန်မှာ သူမက သင်္ချာ၊ ရူပ​ဗေဒနှင့် ဓါတု​ဗေဒများ၌ အရည်အချင်း မရှိ​ပေ။ သူမသာ ထို​မေဂျာများကို ယူလိုက်ရပါက သူမ သင်ယူရသည်ထက်ပို၍ ကြိုးစားရ​ပေ​တော့မည်။ 


ထိုကိစ္စအတွက်မူ သူမက ကိုယ့်ကိုယ်ကိုယ် သတိပြုမိ​ပေသည်။


ထို့ကြောင့် သူမက အင်္ဂလိပ်စာ​မေဂျာကိုသာ ခိုင်ခိုင်မာမာ ​ရွေးချယ်ရခြင်း ဖြစ်သည်။


တက္ကသိုလ် ဝင်ခွင့်ရကြသူများ၌ ထုံရွှယ်လူအပါအဝင် ဖန်ကျင်းယွမ်နှင့် ကျန်းတန့်ဟုန်တို့လည်း ဝင်ခွင့်ရကြသည်။ 


ဖန်ကျင်းယွမ်က ​ပေကျင်းရုပ်ရှင်အကယ်ဒမီသို့ ဝင်ခွင့်ရခဲ့ပြီး သူမ၏ အမှတ်များက ဝင်ခွင့်ရမှတ်ကို မီရုံ​လေးသာဖြစ်၍ ​နောက်တစ်ကြိမ် ပြန်​ဖြေရလုနီးပါး ဖြစ်သွားခဲ့သည်။


ကျန်းတန့်ဟုန်က ​ပေကျင်းစိုက်ပျိုး​ရေးတက္ကသိုလ်သို့ ဝင်ခွင့်ရသည်။


​ဝေ့ရန်က ဆယ်မှတ်​အလိုဖြင့် စာ​မေးပွဲကျသွားပြီး အလွန် စိတ်ဓါတ်ကျ​နေ​လေသည်။ 


ထိုအ​ကြောင်းကို ကြား​သောအခါ ထုံရွှယ်လူက သူ့ကို ဆက်ကြိုးစားရန် တိုက်တွန်းအား​ပေးခဲ့သည်။ ဒုတိယအကြိမ် ဝင်ခွင့်က ယခုနှစ် ဇူလိုင်လတွင် ကျင်းပမည် ဖြစ်သည်။ အချိန်က အကုန်မြန်​လေသည်။ သူသာ ဆက်ပြီး စိတ်ဓါတ်ကျ​နေလျှင် ဒုတိယအကြိမ် ဝင်ခွင့်ကိုပင် ကျရှုံးမည်ကို စိုးရိမ်ရ​ပေသည်။ 


ကံ​ကောင်းစွာဖြင့် ​ဝေ့ရန်က စိတ်ဓါတ်ခိုင်မာသူ ဖြစ်၍ နှစ်ရက် သုံးရက်ခန့် စိတ်ဓါတ်ကျပြီး​နောက် ထပ်ပြီး စိတ်ဓါတ်တက်ကြွလာခဲ့သည်။


အဘိုးဝမ်နှင့် ဗိုလ်မှူးရှောင်းတို့ နှစ်ဦးလုံး ဂုဏ်ပြု ပွဲကျင်းပချင်ကြ​သော်လည်း ထုံရွှယ်လူက ငြင်းဆန်လိုက်သည်။


သူမက စာ​မေးပွဲတတွင် အမှတ်​ကောင်းရခဲ့သဖြင့် လူများစွာက သူမကို အာရုံစိုက်​နေကြ​သော်လည်း သူမက အမှန်တကယ် ထူးချွန်သူ မဟုတ်သဖြင့် သိုသိုသိပ်သိပ်​နေသည်က အ​ကောင်းဆုံး ဖြစ်​ပေမည်။


အဆုံးသတ် ​ဆွေး​နွေးပြီး​​နောက် ရင်းနှီးသူများကိုသာ ဖိတ်၍ အိမ်မှာသာ ပွဲလုပ်လိုက်သည်။ 


🍵


တမြန်​နေ့က ထုံရွှယ်လူတစ်​ယောက် ရုပ်ပိုင်းဆိုင်ရာ စစ်​ဆေးမှု လုပ်ရန်အတွက် ​ဆေးရုံသို့ သွားခိုင်းသည့် အ​ကြောင်းကြားစာ ရရှိခဲ့သည်။


ဖန်ကျင်းယွမ်နှင့် ကျန်းတန့်ဟုန်တို့သည်လည်း အ​ကြောင်းကြားစာ ရရှိခဲ့ပြီး သုံး​ယောက်သားက ယ​နေ့တွင် ​ဆေးရုံသို့ အတူတူ သွားကြရန် သ​ဘောတူလိုက်ကြသည်။


​ဆေးရုံသို့​ရောက်​သောအခါ ဧည့်ကြို​ကောင်တာကို သွား၍ ညွှန်ကြားထားသည့်အတိုင်း ကျန်းမာ​ရေးစစ်​ဆေးမှူ​​လျှောက်လွှာကို ထုတ်ယူရာတွင် ဝန်ထမ်း​လေးက သူမတို့အား ကျန်းမာ​ရေးစစ်​ဆေးမှု အ​ကြောင်းကြားစာကို ထုတ်ပြခိုင်းလိုက်သည်။ 


ထုံရွှယ်လူနှင့် ကျန်းတန့်ဟုန်တို့က စာရွက်ကို ထုတ်ယူကာ ကမ်း​ပေးလိုက်ကြသည်။ ဖန်ကျင်းယွမ်က ရှာ​ဖွေလိုက်​သော်လည်း သူမ၏ အ​ကြောင်းကြားစာ ​ပျောက်ဆုံး​နေ​ကြောင်း ​တွေ့လိုက်ရသည်။ 


ဖန်ကျင်းယွမ်က စိတ်ပူပန်မှု​ကြောင့် မျက်နှာများ နီရဲလာသည်။ "ငါထွက်လာတုန်းက အိတ်ထဲ ထည့်လိုက်ပါတယ်... ဘာလို့ မရှိ​တော့တာလဲ"


ထုံရွှယ်လူ: "မစိုးရိမ်နဲ့... ရှာကြည့်လိုက်ပါဦး... ​ဆေးရုံမလာခင်က ထုတ်လိုက်​သေးလား"


ဖန်ကျင်းယွမ်က စိတ်ပူပန်စွာဖြင့် ​ပြောလိုက်သည်။


 "ကြည့်ရတာ ထုတ်လိုက်သလို မထုတ်ခဲ့သလိုလိုနဲ့ မမှတ်မိ​တော့ဘူး" 


ထိုစကားကို ကြား​သောအခါ ထုံရွှယ်လူ၏ မျက်လုံးများ ​ကောင်းကင်ထက်သို့ အကြည့်​ရောက်သွား​လေသည်။ 


ဝန်ခံရလျှင် ဖန်ကျင်းယွမ်တစ်​ယောက် ဤရက်များအတွင်း စိတ်လှုပ်ရှားသည့် အ​ခြေအ​နေသို့ ​ရောက်​နေပြီး ပစ္စည်း​ပျောက်သည်မှာလည်း ပထမဆုံး မဟုတ်​ပေ။


ကျန်းတန့်ဟုန်က ပြန်လှည့်ကြည့်ကာ ဝန်ထမ်း​လေးကို ​မေးလိုက်သည်။ "ဟယ်လို ရဲ​ဘော်... အ​ကြောင်းကြားစာ မရှိရင်လည်း စစ်​ဆေးမှု လုပ်လို့ မရဘူးလားဟင်"


ဝန်ထမ်း​​လေးက မျက်​မှောင်ကြုတ်လျက် ​ပြောလိုက်​လေသည်။ "​သေချာ​ပေါက် မရဘူး​​ပေါ့... အ​ကြောင်းကြားစာ မရှိဘဲနဲ့ ​ကောလိပ်​ကျောင်းသား ဟုတ်မဟုတ် ဘယ်လို သိမှာလဲ"


ဖန်ကျင်းယွမ်က စိတ်​သောက​ရောက်လာပြီး မျက်ရည်များပင် ထွက်လာခဲ့သည်။ "ငါ​တော့ ​သေပါပြီ... အ​ကြောင်းကြားစာ မရှိရင် ရုပ်ပိုင်းဆိုင်ရာ စစ်​ဆေးမှု လုပ်လို့ မရ​တော့ဘူးလား"


တက္ကသိုလ် မတက်ခင်တွင် ကျန်းမာ​ရေးစစ်​ဆေးမှု ခံယူရမည်ဟု သ​ဘောတူညီချက်တစ်ခုပါရှိသည်။ ယခုတွင် သူမက အ​ကြောင်းကြားစာကို ​ပျောက်သွားပြီဖြစ်၍ ​ကောလိပ်ဝင်ခွင့် စာ​မေးပွဲအခန်းထဲသို့ ထပ်ဝင်ရမည်ကို ပူပန်​​နေရ​လေပြီ။