အပိုင်း၂၅၉
Viewers 67k

🍵Chapter 259




ထုံရွှယ်လူ မျက်​မှောင်ကြုတ်လိုက်သည်။ "အပြင်ထွက်ပြီး ရှာကြည့်ရ​အောင်​လေ"


ထိုအခိုက် ခပ်သွယ်သွယ် ပုံရိပ်တစ်ခု ​ရောက်ရှိလာခဲ့သည်။ "ရှင်တို့​တွေ ကျန်းမာ​ရေးစစ်​ဆေးမှုအ​ကြောင်းကြားစာ ​ပျောက်သွားတာလား"


ဖန်ကျင်းယွမ်၏ မျက်လုံးများ ဝင်းလက်သွားသည်။ "ဟုတ်တယ် ဟုတ်တယ်... ကျွန်မ ​ပျောက်သွားတာ... ရှင်တို့​တွေ ကျွန်မရဲ့ အ​ကြောင်းကြားစာကို ​ကောက်ရထား​သေးလားဟင်"


ထိုမိန်းက​လေးက ​ပြောလိုက်သည်။ 


"ကျွန်မ တစ်ရွက်​ကောက်ရထားတယ်... ရှင့်ဟာ ဟုတ်မဟုတ် ကြည့်လိုက်​​လေ"


ဖန်ကျင်းယွမ် ယူကြည့်လိုက်​သောအခါ ​ပျော်ရွှင်မှု​ကြောင့် ခုန်​ပေါက်သွား​လေသည်။ "ကျွန်မဟာပဲ... ​ကျေးဇူးပါ ရဲ​ဘော်... ကျွန်မ ဒီ​နေ့ ကျန်းမာ​ရေးစစ်​ဆေးမှု မလုပ်ရ​တော့​လောက်ဘူး ထင်​နေတာ"


ထိုမိန်းက​လေး မ​ပြောမီ သူမ​ဘေးမှ မိန်းက​လေးက မ​ကျေမနပ် ​​ပြောလိုက်သည်။ "ဘာလို့ ​ပေးလိုက်တာလဲ... အရင်ဆုံး နာမည်​လေးဘာ​လေး ​မေးပါဦးလား... သူ ဟန်​ဆောင်​နေရင် ဘယ်လိုလုပ်မလဲ"


မိန်းက​လေးက တုန့်ဆိုင်းသွားပြီး​နောက် နှာ​ခေါင်း​လေးကို ကုတ်ကာ ပြုံးပြလိုက်သည်။ 


"မဟုတ်​လောက်ပါဘူး... ဒီလိုကိစ္စမျိုးကို ဘယ်သူက ဟန်​ဆောင်မှာလဲ"


ဖန်ကျင်းယွမ်က သူမ၏ အလုပ်ကဒ်ပြားနှင့် အ​ကြောင်းကြာစာကို ခပ်မြန်မြန် ထုတ်ယူလိုက်သည်။ "ကျွန်မ ဟန်မ​ဆောင်ပါဘူး... ဒီမှာကြည့်... ကျွန်မ နာမည် ဖန်ကျင်းယွမ်ပဲ​လေ"


မိန်းက​လေးက ၎င်းကို မြင်​သောအခါ ပို၍​တောက်ပစွာ ပြုံးပြလာသည်။ "ဝမ်းကွဲအစ်မ... ကျွန်မ​ပြောသားပဲ... ဘယ်သူကမှ ဟန်​ဆောင်မှာ မဟုတ်ပါဘူး ဆိုတာကို"


ဖန်ကျင်းယွမ်က ​ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ပြီး​နောက် ​ပြောလိုက်သည်။ 


"ဒီတစ်​ခေါက်ကိစ္စအတွက် တကယ် ​ကျေးဇူးတင်ပါတယ်... စကားမစပ် ကျွန်မနာမည်က ဖန်ကျင်းယွမ်ပါ... ရှင့်နာမည်က​ရော"


"ကျွန်မ နာမည်က ကျန်းပိုင်​​ဟွေ့ပါ.. ကျွန်မက ​ပေကျင်းတက္ကသိုလ် နိုင်ငံခြားဘာသာဌာနရဲ့ အင်္ဂလိပ်စာ ​ကျောင်းသူပါ... ရှင်က​ရော"


ဖန်ကျင်းယွမ် အံ့သြတကြီး ​ပြောလိုက်သည်။ "အာ... တိုက်ဆိုင်လိုက်တာ"


ကျန်းပိုင်​​ဟွေ့၏ မျက်လုံး​လေးများ ပြူးကျယ်သွားပြီး အံ့အားသင့်​သော အမူအယာ ဖြစ်လာသည်။ "ရှင်​ရော နိုင်ငံခြားဘာသာဌာနရဲ့ အင်္ဂလိပ်စာ ​ကျောင်းသူပဲလား"


ဖန်ကျင်းယွမ်က သူမကို ​ခေါင်းခါပြလိုက်သည်။ "ကျွန်မ မဟုတ်ပါဘူး... ကျွန်မရဲ့ သူငယ်ချင်းပါ... ကျွန်မ ​ပြောပြမယ်... သူက အရမ်း​တော်တာ​နော်... ​ပေကျင်းမှာ ပထမရတဲ့သူ​လေ"


ထိုစကားကို ကြား​သောအခါ ကျန်းပိုင်​​ဟွေ့နှင့် သူမ၏ ဝမ်းကွဲတို့ ​ရှောခ့်ရသွားကြသည်။


အထူးသဖြင့် ကျန်းပိုင်​ဟွေ့မှာ စိတ်လှုပ်ရှားမှု​ကြောင့် ပါးပြင်​လေးများ ​သွေး​ရောင်လွှမ်းလာသည်။."ရှင့်သူငယ်ချင်းက ဘယ်သူများလဲဟင်"


ဖန်ကျင်းယွမ် လှည့်ကာ ထုံရွှယ်လူကို လက်ညှိုးထိုးပြလိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ​ပြောလိုက်သည်။


 "ဒါ ကျွန်မ သူငယ်ချင်း​လေ... အင်္ဂလိပ်စာမှာလည်း အမှတ်တစ်ရာ ရခဲ့တာ"


ကျန်းပိုင်​ဟွေ့က ထုံရွှယ်လူအား အမာခံပရိတ်သတ်တစ်​ယောက်၏ မျက်လုံးများဖြင့် ကြည့်လိုက်သည်။ "ဘုရား​ရေ... ရှင်က ရဲ​ဘော်ထုံပဲ... မနက်အ​စောကြီးကတည်းက ရှင် ပေကျင်းမှာ အမှတ်အများဆုံးနဲ့ ပထမရခဲ့တာကို ကြားခဲ့တာပါ... ရှင့်ကို အရမ်းငယ်ပြီး အရမ်းလှ​နေမယ်လို့ မထင်ထားခဲ့ဘူး"


ကျန်းပိုင်​​ဟွေ့၏ ဝမ်းကွဲကလည်း သူမကို ​လေးစား​သောမျက်လုံးများဖြင့် ကြည့်လိုက်​သော်ငြား တစ်ခွန်းမှ ​ပြောမလာ​ပေ။ 


ဖန်ကျင်းယွမ်က ဆက်ပြီး ကြွားဝါ​လေ​တော့သည်။


 "ရှင်သိမှာ မဟုတ်ဘူး... ရွှယ်လူက လှပြီး စာ​တော်ရုံတင်မကဘူး... ဟင်း​တွေကိုလည်း အရသာရှိ​အောင် ချက်တတ်​သေးတယ်... အ​ရှေ့​လေ​ပြေစား​သောက်ဆိုင်အ​ကြောင်း ကြားဖူးလားမသိ"


ကျန်းပိုင်​ဟွေ့က ကြက်​ပေါက်​စ​လေးကဲ့သို့ ​ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။ "ကြားဖူးပါတယ်"


ဖန်ကျင်းယွမ်က သူမ၏ ရင်ဘတ်ကို ​ကော့ကာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ​ပြောလိုက်သည်။ "အဲ့ဒီစား​သောက်ဆိုင်ရဲ့ မန်​နေဂျာက ရွှယ်လူပဲ​လေ"


ကျန်းပိုင်​ဟွေ့က ​အော်ဟစ်လိုက်ပြန်သည်။ 


"ဘုရား​ရေ... ကျွန်မ အ​ရှေ့​လေ​ပြေစား​​သောက်ဆိုင်မှာ နှစ်ခါ​လောက် သွားစားဖူးတယ်... မာလာထန်းနဲ့ အမဲသားလုံးက တကယ်စား​ကောင်းတာ.... ဒါ​ပေမယ့် ကျွန်မသွားတဲ့အခါတိုင်း မန်​နေဂျာကို မ​တွေ့ခဲ့ရဘူး... ဆို​တော့ ရှင်ဖြစ်​နေတာကိုး"


"ရဲ​ဘော်ထုံ ​တွေ့ရတာ ဝမ်းသာပါတယ်... လက်ဆွဲနှုတ်ဆက်လို့ ရမလား"


ထုံရွှယ်လူ: "..."


ကျန်း​ပိုင်​ဟွေ့မှာ သူမ၏ ယခင်ဘဝမှ အိုင်​ဒေါလ်ပရိတ်သတ်များနှင့် တူ​နေသည်။ သူမက ထိုပရိတ်သတ်များ၏ ပုံစံနှင့် ရင်းနှီး​နေ​လေသည်။


သို့​သော်ငြား သူမအ​ကြောင်းကို အဆက်မပြတ် ကြွားဝါ​နေသည့် ဖန်ကျင်းယွမ်ကိုလည်း သတိ​ပေးရန် လို​နေ​သေးသည်။


ထုံရွှယ်လူက ကျန်းပိုင်​ဟွေ့နှင့် သူမ၏ ဝမ်းကွဲကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ 


ကျန်းပိုင်​ဟွေ့က စိတ်လှုပ်ရှားမှုများ​ကြောင့် မျက်နှာများ နီရဲလာသည်။ 


"အိမ်ပြန်သွားပြီးရင် လက်​တောင် မ​ဆေးချင်​တော့ဘူး"


ထုံရွှယ်လူ: "..."


ဖန်ကျင်းယွမ်နှင့် ကျန်းပိုင်​ဟွေ့တို့ စကား​ပြောကြ​လေ​လေ ပို၍ အဆင်​ချောလာ​လေ​လေ​ ဖြစ်လာပြီး ချက်ချင်းခင်မင်သွားကြသည်။


နှစ်​ယောက်သားက အပူအပင်ကင်း​သော အမူအကျင့်များ ရှိ​လေသည်။ သူတို့ နှစ်​ယောက်လုံးက ရုပ်​ချောသူများကို သ​ဘောကျတတ်ကြပြီး အစား​ကောင်းအ​သောက်​ကောင်းများကိုလည်း ကြိုက်နှစ်သက်ကြသည်။


နှစ်​ယောက်သားက ချက်ချင်းပင် လူရင်းများ ဖြစ်သွားကြသည်။


ထုံရွှယ်လူက ဘာမှ ဝင်မ​ပြော​ပေ။ ကျန်းမာ​ရေးစစ်​ဆေးမှုပြီး​နောက် အားလုံး အိမ်ပြန်လိုက်ကြပြီး သူတို့၏ အ​မေများကို သွားရှာခဲ့ကြသည်။ 


🍵


စစ်တပ်အိမ်ရာအတွင်းရှိ ဝမ်မိသားစုတွင်...


ထိုအချိန်၌ အဘိုးဝမ်မှာ ယခင်က ရှိခဲ့သည့် ​ပျော်ရွှင်မှုများ ရှိမ​နေ​တော့ဘဲ မျက်​မှောင်ကြုတ်ထား​လေသည်။ "​ရှောင်ဇုန်း... သတင်းက အတည်ဖြစ်သွားပြီလား"


ဦး​လေးဇုန်း ​ခေါင်းငြိမ့်ပြလိုက်သည်။


 "​သေချာပါတယ်... လူငယ်နှစ်​ယောက်ထဲက တစ်​ယောက်က ​ပေကျင်း တက္ကသိုလ်ကို တက်ခွင့်ရတယ်.... ပြီး​​တော့ နောက်နှစ်မှာ စာရင်း​ပေး​ဖို့အတွက် ပေကျင်းကို လာကြတော့မှာပါ"


အဘိုးဝမ် ထိုစကားများကို ကြား​သောအခါ မျက်နှာက ပို၍ မဲ​မှောင်လာသည်။ "ရှောင်ဇုန်း... ငါဒီတစ်​ခေါက် သူတို့ကို မတားနိုင်​တော့မှာ ​ကြောက်မိတယ်"


အစိုးရက ​ကောလိပ်ဝင်ခွင့်စာ​မေးပွဲများ ပြန်ဖွင့်​တော့မည့်အ​​ကြောင်း ရုတ်တရက် ​ကြေညာလိုက်ချိန်တွင် ထိုအချိန်ကလည်း ထို​မေးခွန်းကို စဥ်းစားခဲ့ဖူးသည်။


​ကောလိပ်ဝင်ခွင့်စာ​မေးပွဲမှာ တိုင်းပြည်အတွက် အရည်အချင်း ရှိသူများအား ​ရွေးချယ်ပြီး ​​လေ့ကျင့်​ပေးရန် ဖြစ်သည်။ သူက ထိုလူနှစ်​ယောက်ကို တားမြစ်ရန်ပင် မသမာ​သော နည်းလမ်းများ မသုံးချင်​လေရာ ထိုကိစ္စက သာ၍ ​ဝေး​ပေ​ရော့မည်။


သူတစ်ခါ တားနိုင်လိုက်တယ်ထားဦး... သူတို့ရဲ့ က​လေး​တွေ ​မြေး​တွေကို တားနိုင်ပါ့မလား...


သူသာ လက်တံရှည်ရှည် ဆန့်ကာ တစ်ဖက်လူများကို ထွက်သွား​စေရန် နည်းလမ်းသုံးခဲ့ပါက တစ်ချိန်ကျလျှင် ထိုနည်းလမ်းကပင် သူ့ဘက်သို့ ဦးတည်လာသည့် ဓါးထက်ထက်တစ်​ချောင်း ဖြစ်သွားနိုင်သည်။


​ကောလိပ်ဝင်ခွင့် စာ​မေးပွဲများ ပြည်လည် ဖွင့်လှစ်​ပေးသည့်အတွက် သူ​ပျော်ရွှင်ခဲ့ရ​​သော်လည်း ထိုမိသားစုနှစ်စု ထိုအခွင့်အ​ရေးကို မှီခိုကာ ​ပေကျင်းသို့ ပြန်လာနိုင်ကြမည့် အ​ကြောင်း စဥ်းစားမိချိန်တွင် ​ဒေါသထွက်သွားရသည်။ 


တစ်ချိန်တည်းမှာပင် နှလုံးသားထက် ပူပန်စိုးရိမ်မှုများ ​ပေါ်​ပေါက်လာသည်။


ဦး​လေးဇုန်းက စားပွဲ​ပေါ်မှ လက်ဖက်ရည်​အေးများကို လဲလှယ်​ပေးလိုက်သည်။


 "ဗိုလ်မှူး... စိတ်​အေး​အေးထားပါ... ဗိုလ်မှူး ထင်ထားသ​လောက်လည်း မဆိုး​လောက်ပါဘူး"


အဘိုးဝမ် သက်ပြင်းချလိုက်သည်။ "လာသင့်တဲ့သူက​တော့ လာရမှာပဲ"


သို့​သော်လည်း သူအသက်ရှူ​နေသ၍ ထိုမိန်းမကို ဝင်ရှုပ်ခွင့် မပြုနိုင်​ပေ။


ထုံရွှယ်လူက မူလတွင် သူမ သ​ဘောကျ​နေသည့် အိမ်ဝင်းကို ဝယ်ရန် အချိန်ကြာလိမ့်မည်ဟု ​တွေးထားခဲ့သည်။ သို့​သော်လည်း နှစ်သစ်ကူး မတိုင်မီမှာပင် အိမ်ဝင်းသုံးဝင်း ​ရောင်းမည် ဖြစ်​ကြောင်း ရုတ်တရက် သတင်းရလာခဲ့သည်။ 


ရှားပါးလှ​သော အခွင့်အ​ရေး​ကြောင့် သူတို့က အိမ်အ​ကြောင်းကို အမြန်အဆန် စုံစမ်း​​မေးမြန်းခဲ့ကြရသည်။


ခြံဝင်းသုံးခုမှာ အိမ်ယာတစ်ခုတည်းတွင် ရှိပြီး သိပ်မ​ဝေးကြဘဲ နှစ်ခုမှာ ကပ်လျက် အိမ်နီးချင်းများ ဖြစ်ကြသည်။


ဝမ်မိသားစုနှင့် ​ဝေ့မိသားစုမှာ ​​ရှောင်းမိသားစုနှင့် အိမ်နီးသွား​စေရန်အတွက် အိမ်ဝင်းဝယ်ရန် တိုက်ခိုက်ခဲ့ကြ​သေးသည်။


အဆုံးတွင် အဘိုးဝမ်ကသာ ​​မှောင်ခို​စျေး​ကြောင့် အနိုင်ရရှိသွားသည်။


အိမ်ဝင်းတစ်ခု၏ ​စျေးနှုန်းမှာ ယွမ် 8000ပတ်ဝန်းကျင်တွင် ရှိပြီး ထုံရွှယ်လူက ​ပိုက်ဆံရှာနိုင်​သော်ငြား အဘိုးကသာ ​ငွေထုတ်​ပေးခဲ့သည်။ 


ထုံရွှယ်လူ ​စျေးနှုန်းကို ကြား​သောအခါ နှလုံးသားထဲတွင် ​စျေးချိုလွန်းသည်ဟု ​တွေးမိသွားသည်။


သူမ၏ ကိုယ်ပိုင်​ငွေက နည်း​နေ​သေးသည်​ကြောင့်သာ မဟုတ်ခဲ့ပါက ​သေချာ​ပေါက် တစ်လုံးဝယ်ကာ သူမ၏ အမည်​​ပေါက် သွင်းထားလိုက်မည် ဖြစ်သည်။


အိမ်ဝင်းကို ဝယ်ပြီး​နောက် သူတို့က ပြန်လည်အလှဆင်ခြင်းနှင့် ပြုပြင်​ရေးများ လုပ်​ဆောင်ရမည်ဖြစ်ပြီး ရက်အနည်းငယ်အတွင်း တရုတ် နှစ်သစ်ကူး​တော့မည် ဖြစ်၍ ​နွေဦးပွဲ​တော်ပြီးမှသာ ​ပြောင်း​ရွှေ့နိုင်​ပေ​တော့မည်။


သို့​သော်လည်း အဘိုးဝမ်ကမူ ​ပျော်ရွှင်​နေဆဲ ဖြစ်သည်။


​ရှောင်းမိသားစုနှင့် အိမ်နီးချင်း ဖြစ်ရခြင်း ဟူသည်မှာ အနာဂါတ်တွင် ထုံရွှယ်လူ၏ လက်ရာများကို မကြာခဏ စား​သောက်နိုင်​တော့မည် ဟူသည့် အဓိပ္ပါယ်ပင် ဖြစ်​ပေသည်။


ရက်အနည်းငယ်အကြာ 1978ခုနှစ်၏ ​နွေဦးပွဲ​တော်ကို လူတိုင်း ကျင်းပခဲ့ကြသည်။ 


အားလပ်ရက်မတိုင်မီ ဝမ်ရူ​ကွေ့တစ်​ယောက် ​ခေါင်း​ဆောင်ကျွမ်း၏ ရုံးခန်းထဲသို့ အ​ခေါ်ခံခဲ့ရသည်။ 


ဝမ်ရူ​ကွေ့: "​ခေါင်း​ဆောင်... ကျွန်​တော့်ကို ​ခေါ်တာ ဘာညွှန်ကြားစရာများ ရှိလို့လဲ"


​ခေါင်း​ဆောင်ကျွမ်းက ​ချောင်းဟန့်ကာ ​ရေပုလင်းထဲမှ ​ရေတစ်ငုံ​သောက်လိုက်သည်။ "မင်းကို ​ပြောဖို့ တာဝန်တစ်ခု ရှိ​နေလို့"


တာဝန်ဟူသည့်စကားကို ကြား​သောအခါ ဝမ်ရူ​ကွေ့၏ အမူအယာက ပို၍ အ​လေးအနက် ဖြစ်လာသည်။


 "​ခေါင်း​ဆောင် ​ပြောသာ ​ပြောပါ"


​ခေါင်း​​ဆောင်ကျွမ်းက ​ရေဘူးကို ပြန်ချကာ ​ပြောလိုက်သည်။ "မင်းရဲ့ သတို့သမီး​​လောင်းက ​ကောလိပ်ဝင်ခွင့်ရခဲ့တယ်လို့ ငါကြားထားတယ်"


ထုံရွှယ်လူ အ​ကြောင်း ကြား​သောအခါ ဝမ်ရူကွေ့၏ မျက်နှာ​ထက် နူးညံ့မှုများ ဖြတ်​ပြေးသွားသည်။ 


"ဟုတ်ပါတယ်... ပေကျင်း တက္ကသိုလ် နိုင်ငံခြားဘာသာဌာနကို ဝင်ခွင့်ရထားပါတယ်"


​ခေါင်း​ဆောင်ကျွမ်း: "မင်းက အခု တွဲဖက်ရသွားပြီပဲ... မင်းက ကမ်း​​​ပေါ် တက်သွားရ​ပေမယ့် ငါတို့ဌာနမှာ ​ရေဒလက်ထဲက​နေ မတက်နိုင်​သေးတဲ့ လူပျို​တွေ အများကြီး ရှိ​သေးတာ သိတယ်မလား"


ဝမ်ရူ​ကွေ့: "..."


ချစ်သူ မရှိတာကို ဒီ​လောက်ကြီး သနားစရာ​ကောင်း​အောင် ​ဖော်ပြစရာလိုလို့လား..


​ခေါင်း​ဆောင်ကျွမ်း: "ဒါ​ကြောင့် ဒီတစ်​ခေါက် နှစ်သစ်ကူး ကျင်းပဖို့ ပြန်သွားရင် မင်းရဲ့ ချစ်သူနဲ့ အချိန်ကုန်ဆုံးလို့ ရတယ်လို့ ​ပြောမလို့... ပြီးရင် ​တက္ကသိုလ်ကို သတင်းပို့ဖို့ သွားတဲ့အခါ လိုက်ပို့လို့လည်း ရတယ်... ပြီးတဲ့အခါ သူ့ကို ချစ်သူ မရှိတဲ့ ​ကောလိပ်​ကျောင်းသူ​လေး​တွေ ရှာခိုင်းထား... ဒါပြီးရင် ငါတို့ရဲ့ သု​တေသနစခန်းနဲ့ သူငယ်ချင်းဖွဲ့ခိုင်းရင် ဘယ်လိုလဲ..."


ဝမ်ရူ​ကွေ့ "..."


​ခေါင်း​ဆောင်​ရေ... ဒါ​တော့ နည်းနည်း​လောက် အရှက်မဲ့လွန်းသွားပြီ​နော်... 


​ကောလိပ်​​ကျောင်းသူ​လေး​တွေက အခုထိ ​ကျောင်းကို မ​ရောက်ရ​သေးဘူး... အခုကတည်းက ဒီအ​ကြောင်းကို စဥ်းစား​နေပြီ... 


​ခေါင်း​ဆောင်ကျွမ်းက သူ့ကို တိတ်တဆိတ် ကြည့်လိုက်ပြီး တုံးကို ဖြုတ်ကာ ​ပြောလိုက်သည်။ 


"မင်း ​ကျောင်းသူ​လေး​တွေ လိုက်ဖို့ ကူညီ​ပေးရင် ​နောက်နှစ်အတွက် ခွင့်ငါးရက် ပို​ပေးမယ်"


ဝမ်ရူ​ကွေ့၏ မျက်လုံးများ ဝင်းလက်သွားပြီး အသံတိုးတိုးဖြင့် ​ပြောလိုက်သည်။ "ဆယ်ရက်"


ခေါင်း​ဆောင်ကျွမ်း: "ခုနှစ်ရက်"


ဝမ်ရူ​ကွေ့: "ဆယ့်နှစ်ရက်"


ခေါင်း​ဆောင်ကျွမ်းက သူ့ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ "ရူ​ကွေ့ မင်း ဘယ်တုန်းကတည်းက ဒီ​လောက်ထိ ဥာဏ်နီဥာဏ်နက်များတတ်သွားရတာလဲ"


ဝမ်ရူ​ကွေ့၏ နားရွက်ဖျား​လေးများ အနည်းငယ် ရဲတွက်သွားပြီး အသံထွက်မလာ​တော့​ပေ။


ချစ်သူ​လေးနှင့် အတူရှိနိုင်ရန် ဥာဏ်နီဥာဏ်နက် များသင့်က များရ​ပေမည်။


ခေါင်း​ဆောင်ကျွမ်းမှာ ​ရွေးစရာ မရှိ​တော့ဘဲ အဆုံးတွင် သ​ဘောတူလိုက်ရသည်။ "ဆယ်ရက်ဆိုလည်း ဆယ်ရက်ပေါ့... ဒါ​ပေမယ့် တစ်ခါတည်း ယူလို့​တော့ မရဘူး​​နော်... ခွဲပြီး ယူရမှာ"


ဝမ်ရူ​ကွေ့၏ နှုတ်ခမ်း​ထောင့်​လေးများ အနည်းငယ် ​ကွေးတက်လာခဲ့သည်။ "သိပါပြီ... ပြန်​ရောက်ရင် ရွှယ်လူကို ​ပြောလိုက်ပါမယ်"


ရုံးခန်းထဲမှ ထွက်လာ​သောအခါ ​ကြေကွဲ​နေသည့် ​ခွေးတစ်​ကောင်ကဲ့သို့ ​ဖြစ်​နေသည့် ကျိုးရန်က သူ့ထံသို့ ​လျှောက်လာ​နေသည်။


ဝမ်ရူ​ကွေ့က အထူးတဆန်းပုံစံဖြင့် ​မေးလိုက်သည်။ "မင်းဘာဖြစ်​နေတာလဲ" 


ကျိုးရန်က သူ့ကို မြင်​သောအခါ ငိုချလုနီးပါး ဖြစ်သွားသည်။ "ရူ​ကွေ့​ရေ... ငါ​က မစွမ်း​ဆောင်နိုင်ဘူးတဲ့"


ဝမ်ရူ​ကွေ့:?


ကျိုးရန်: "ငါက က​လေးမရနိုင်ဘူးတဲ့"


ဝမ်ရူ​ကွေ့: "..."