Chapter 157
လိင်ကွဲစုံတွဲတွေ ပြတ်စဲကြစမ်း
ပထမမျိုးဆက်တဲ့ ... အဲ့ဒါက ဖြစ်နိုင်လို့လား ... သူတို့အားလုံးက သုတ်သင်ခံလိုက်ရပြီ မဟုတ်ဘူးလား ...
(╯‵□′)╯︵┻━┻
ယောင်စစ် စိတ်နှင့်လူနှင့်မကပ် ဖြစ်လာသည်။ သူမ၏ ဘိုးဘေးနေရာမှာ ဆုံးရှုံးလု ဖြစ်နေသည်။
" မူရွှမ် သူ့ကိုသိလား ..."
ကမ္ဘာကြီးရှိစဉ်တည်းက ဤနေရာတွင်ရှိခဲ့သူမှာ သူတစ်ယောက်သာ ရှိသည်။
တကယ်လို့ ပထမမျိုးဆက်က အသက်ရှင်နေသေးရင် မူရွှမ်လည်း သူ့ကို သိသင့်တယ်လေ ...
မမျှော်လင့်စွာဖြင့် မူရွှမ် ခေါင်းခါလိုက်သည်။
" ကိုယ် သူ့ကို အရင်က မမြင်ဖူးဘူး ..."
သူ၏အော်ရာနှင့် မရင်းနှီးသည့်အပြင် ထိုကဲ့သို့ ပထမမျိုးဆက်ကို ကမ္ဘာပေါ်တွင် ရှိစဉ်တည်းက မမြင်ဖူးခဲ့ပေ။
" အဲ့တာဆို သူက ဘယ်သူလဲ ..."
" အခုတော့ မသိသေးဘူး ..."
မူရွှမ်က ယောင်စစ်က်ို ဖက်ထားပြီး သူ၏အမူအရာများက လေးနက်နေသည်။
" ငါတို့ ဒီခရီးစဉ်ကို ဆက်သွားလို့ မရတော့ဘူးထင်တယ် ... စစ်စစ် ပြန်ကြရ ...."
" စစ်စစ်ရေ ကောင်းကင်ဘုံဂြိုလ်ကြီးကို ကြည့်လိုက်ဦး ..."
သူ၏ စကားမဆုံးမီမှာပင် လျန်ယုက အော်ဟစ်ပြီး သူမ၏ အပင်ပေါက်လေးနှင့် ပြေးလာသည်။
ယောင်စစ်လှည့်ကြည့်လိုက်သည့်အခါ ပျောက်ကွယ်ခါနီးနေသော ဂြိုလ်ကြီး၏ အလယ်တွင် အပြာရောင်အစိုင်အခဲတစ်ခု စတင်ဖြစ်ပေါ်လာသည်။ ၎င်းကပို၍ ကြီးမားလာပြီး ပုံရိပ်တစ်ခုက ၎င်းကို ခါလိုက်သည်။
အဲ့တာ ဘာလဲ ...
" အဲ့တာ သက်တံ့ရေကန်ပဲ ... ဂြိုလ်ပျက်စီးသွားတာတောင် အဲ့ဒါက ဘာလို့ ကြီးလာနေသေးတာလဲ ..."
လျန်ယု အော်ပြောလိုက်သည်။
အရည်များက စက်ဝိုင်းပုံသဏ္ဍာန်အဖြစ် စုစည်းလာပြီး ရေကိုအခြေခံသော ဂြိုလ်အသစ်တစ်ခု ပေါ်ပေါက်လာသကဲ့သို့ ဘေးဘက်ရှိ အပိုင်းအစများကို စားသုံးနေသည်။
အချိန် ဆယ်မိနစ်ခန့်ကြာသောအခါ ၎င်း၏ဖွဲ့စည်းမှုက ဂြိုလ်ငယ်တစ်ခု၏ အရွယ်အစားခန့်ပင် ဖြစ်လာသည်။
" သက်တံ့ရေကန်က ဘယ်လိုများ ဖြစ်သွားတာလဲ ... ဒါ ... ဒါက ဘယ်လိုကြီးလဲ ..."
လျန်ယု ရေရွတ်နေသည်။
မူရွှမ်က ယောင်စစ်ကို အဝေးသို့ ခေါ်သွားပြီး အသံဩဩဖြင့် သတိပေးလိုက်သည်။
" အထဲမှာ တစ်ခုခု ရှိနေတယ် ..."
ဘာ ...
ယောင်စစ် သေချာကြည့်လိုက်သည့်အခါ ရေဘောလုံး၏ အလယ်တွင် တစ်စုံတစ်ခုက ရွေ့လျားနေသည်။
အနီးကပ် စစ်ဆေးလိုက်သည့်အခါ ...
ဂရား ...
နာကျင်သည့် စူးစူးရှရှ အော်သံကြီးတစ်ခုက ထိုပုံရိပ်ကြီးအတွင်းမှ ထွက်ပေါ်လာသည်။ ၎င်းက ပုံစံအပြည့်အဝ မဖြစ်ပေါ်သေးသည့် ဧရာမသားရဲကြီး ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်အထက်ပိုင်းတွင် အရေပြားမရှိဘဲ အသားတွင် သွေးများရဲနေပြီး အရိုးများလည်း ငေါထွက်နေသည်။ ၎င်းကို သွေးများရောနေသော အဝါရောင်အရည်နှင့် ဂြိုလ်ပေါ်မှရေတို့ဖြင့် ဖုံးလွှမ်းထားသည်။ သူ၏ခန္ဓာကိုယ်မှ ကိုယ်တွင်း အင်္ဂါများ ထွက်ကျနေသည်။
မျိုးမစစ်ကောင်၏ စကားများကို ယောင်စစ် သတိရသွားသည်။ လျန်ယု၏မောင်လေးက သက်တံ့ရေကန်မှ ရေများကို ညစ်ညမ်းစေခဲ့သည်ဟု သူပြောခဲ့သည်။
အဲ့တာဆို သူ ဘာကို ရိတ်သိမ်းနေတာလဲ ...
သားရဲကြီးက လျင်မြန်စွာ ရွေ့လျားလာသည်။ သူတို့၏ တည်ရှိမှုကို အာရုံခံမိသွားပုံရပြီး ပါးစပ်ဟလျက် သူတို့သုံးယောက်ထံ ပြေးလာသည်။
ယောင်စစ် အေးခဲသွားသည်။ ကြောက်မက်ဖွယ် ပုံရိပ်ဖြစ်နေသော်လည်း သူမ မကြောက်ရွံ့ပေ။ ထိုသားရဲက သူတို့ကို မိနစ်ပိုင်းအတွင်း ဝါးမျိုတော့မည့် မြင်ကွင်းနှင့်ပင် ရင်းနှီးနေသည်။
မူရွှမ် လက်မြှောက်ပြီး မီးတောက်တစ်ခုကိုဆင့်ခေါ်ကာ သားရဲဆီသို့ လွှတ်လိုက်သည်။ မအော်မြည်နိုင်ခင်မှာပင် ထိုသားရဲမှာ ရေဘောလုံးနှင့်အတူ ပြာပုံဘဝရောက်သွားသည်။
" မူရွှမ် နောက်မှာ တစ်ခုခု ရှိနေသေးတယ် ..."
ယောင်စစ် သူ၏လက်မောင်းကိုထိကာ ဂြိုလ်ဆီသို့ ညွှန်ပြလိုက်သည်။
ရေများကုန်ခမ်းသွားသော်လည်း လွင့်မျောနေသည့် အပိုင်းအစများကြားတွင် အနက်ရောင်အစက်များ ရှိနေသည်။ သားရဲနှင့် ယှဉ်လိုက်ပါက ၎င်းတို့က အလွန်အမင်း သေးငယ်လှသည်။
မူရွှမ် ဖျတ်ခနဲ ပျံသွားသည်။ ထိုအနက်ရောင်အစက်မှာ အပြာရောင်တွင်းဝတစ်ခု ဖြစ်နေပြီး အထဲတွင် မည်းမှောင်၍ စက္ကူတစ်စကဲ့သို့ ပြားချပ်နေသည်။ ဘေးနားတွင်ရှိသည့် အရာအားလုံးကို ဝါးမျိုတတ်သော စကြဝဠာထဲမှ တွင်းနက်ကြီးနှင့် မတူပဲ ရုပ်ပုံကားချပ်တစ်ခုကဲ့သို့ တိတ်ဆိတ်ပြီး မလှုပ်ရှားပေ။ သို့ရာတွင် ၎င်းက ထိတ်လန့်စေသည့် အော်ရာများ ထုတ်လွှတ်နေပြီး စိတ်မချမ်းမြေ့ ဖြစ်စေသည်။
" အဲ့ဒါ ဘာကြီးလဲ ..."
ယောင်စစ် မေးလိုက်သည်။
" ကိုယ်လည်း မသိဘူး ..."
မူရွှမ်ခေါင်းခါလိုက်ပြီး မျက်ခုံးများကို တွန့်ချိုးထားသည်။
" ကြည့်ရတာ နေရာကူးပြောင်းတဲ့ နည်းလမ်းတစ်ခုလိုပဲ ဒါပေမဲ့ ဘယ်ကို ဦးတည်သွားတယ်ဆိုတာ မသိရဘူး ... သေချာတာကတော့ တစ်ခုခု နှစ်လိုဖွယ် ဖြစ်မနေဘူး ..."
" အာဗီတွေ ..."
လျန်ယုဆီသို့ မူရွှမ် ရုတ်ချည်း လှည့်ကြည့်လိုက်သည်။
" အမ် ..."
လျန်ယု သူမမောင်လေးကို လက်ထဲတွင် ကိုင်ထားကာ ပြန်ဖြေလိုက်သည်။ သူ့ကို စိုက်ကြည့်ပြီး စိတ်ဆိုးမာန်ဆိုး မေးလိုက်သည်။
" ဘာလဲ ..."
အချစ်ရန်ဘက်တွေ ...
╭∩╮(︶︿︶)╭∩╮
" ကောင်းကင်ဆယ်လ်ဗီယံတွေကို သတင်းပို့ပြီး ဧရိယာတစ်ခုလုံးကို ပိတ်ဆို့ခိုင်းထားလိုက် ..."
လျန်ယု မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ရင်ခွင်ထဲမှ ယောင်စစ်ကိုကြည့်၍ နှုတ်ခမ်းစူလိုက်သည်။
" ကျွန်မက ဘုရင်မလေ ရှင်ပြောတာကို ဘာလို့ နားထောင်ရမှာလဲ ..."
" ဘာပဲဖြစ်ဖြစ်လေ ..."
မူရွှမ်၏ မျက်နှာက မည်းမှောင်လာပြီး လေသံမာလာသည်။
" ဒီနေရာက သွေးစုပ်ဖုတ်ကောင်တွေရဲ့ ပိုင်နက်မှ မဟုတ်တာ ..."
စကားတစ်ခွန်းမှ ထပ်မပြောတော့ပဲ ခေါင်းမော့၍ အနီရောင်ဂြိုလ်ဆီသို့ တံခါးပေါက်ကို ဖွင့်လိုက်သည်။ သူ၏ ကလေးလေးကို ငြင်ငြင်သာသာ ပွတ်သပ်ပေး၍ ပြောလိုက်သည်။
" အရင်ဆုံး အိမ်ပြန်ရအောင် ..."
ထို ပထမမျိုးဆက်လူကို စုံစမ်းစစ်ဆေးရန် လိုနေသည်။
" အာ ... ခဏနေပါဦး စစ်စစ်ရေ ..."
လျန်ယု သူတို့ကို တားမည့်အချိန်တွက် နှစ်ယောက်လုံး ပျောက်ကွယ်သွားသည်။ သူမ ဒေါသထွက်ပြီး ခြေဆောင့်နေသည်။
အဲ့ဒီမျိုးမစစ်ကောင်က ငါ့ရဲ့စစ်စစ်ကို လုသွားပြန်ပြီ ...
ဟမ့် လိင်ကွဲစုံတွဲတွေရဲ့ အချစ်တွေအကုန် ပျက်စီးသွားပါစေ ...
ငါ့ရဲ့ စစ်စစ်လေး ...
〒▽〒
သူမ တစ်စုံတစ်ယောက်ကို အကြိမ်ရာနှင့်ချီအောင် ဆဲဆိုနေပြီးနောက် ကွန်ပျူတာကိုဖွင့်၍ ဒေါသတကြီးဖြင့် ကောင်းကင်ဆဲလ်ဗီယံ မျိုးနွယ်စုကို ဆက်သွယ်လိုက်သည်။ ကောင်းကင်ဘုံဂြိုလ်က မည်သည့်အရာများ ပြုလုပ်မည်ကို မသိနိုင်၍ တစ်စုံတစ်ယောက်က သွားရောက်စစ်ဆေးခြင်းက ပိုကောင်းလိမ့်မည်။ ထို့အပြင် ထိုနေရာ၏ တစ်ဝက်ခန့်ကို ကောင်းကင်ဆဲလ်ဗီယံများက ပိုင်ဆိုင်ကြသည်ပင်။
သူမ ဘုရင်ကြီးကို တိုက်ရိုက်ဆက်သွယ်ပြီး ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် အစီရင်ခံလိုက်သည်။ထို့နောက် ဘုရင်ကြီးက အလျင်အမြန်ပင် သူ၏လူများကို တာဝန်ခွဲဝေပေးလိုက်သည်။ ဤကိစ္စကို ဖြေရှင်းပြီးနောက် ဘုရင်မက သူမ၏ ဒေါသများကို ထိန်းချုပ်လိုက်သည်။
" ဦးလေး ကျွန်မ ချစ်မိသွားပြီ ထင်တယ် ..."
" ချစ်မိတယ်ဟုတ်လား ... ဘယ်တုန်းက တွဲဖက်ရသွားတာလဲ ဘာလို့ ငါ့ကို သတင်းမပို့တာလဲ ... အာကာသ မင်းသားလေးကို ငြင်းပြီး တစ်ယောက်တည်းပဲ ထာဝရနေတော့မယ်လို့ ကြေညာထားတယ်မလား ..."
" အဲ့တာ အတိတ်ကပါ ... သူမကို တွေ့မယ်လို့မှ ကျွန်မ မထင်ခဲ့တာ ..."
" ယုလေး .... ဆုံးဖြတ်ချက် မှန်ကန်ပါတယ် အာဗီတွေအတွက်ဆို မင်း မိသားစုတစ်ခု တည်ဆောက်သင့်တယ် ... မင်းဘယ်တော့ လက်ထပ်မှတ်ပုံတင်မှာလဲ ... ဟားဟားဟား ... ငါတို့ရဲ့ ယုလေး နောက်ဆုံးတော့ လက်ထပ်တော့မယ် ..."
" ဒါပေမဲ့ သူမမှာ ကောင်လေးရှိတယ် ..."
" စိတ်ပူစရာမလိုပါဘူး ... ငါ သူ့ကို ဖမ်းခေါ်လာလိုက်မယ် ... မင်းက အာဗီဘုရင်မပဲလေ ... အယ် နေပါဦး ..
ကောင်လေးရှိတာဆိုတော့ သူက မိန်းကလေးပေါ့ ..."
(⊙ o ⊙)
" ဘာဖြစ်လို့လဲ ... ခွင့်မပြုထားဘူးလား .."
" အမ် ... မဟုတ်ပါဘူး ရတာပေါ့ ... အဲ့ဒါမှ မင်းကိုပျော်စေမယ်ဆိုရင် သေချာပေါက်ရတယ် ဟီးဟီး ... ကံကောင်းသွားတဲ့လူက ဘယ်သူလဲဆိုတာ ဦးလေးကို လာပြောပြပါဦး ... သူမက အသက်ဘယ်နှနှစ်လဲ ... သူမကောင်လေးက ဘယ်သူလဲ .. သူ့ကောင်လေးကို သတ်ပေးရမလား ... အိုး ဟုတ်သားပဲ သူမက ဘယ်မျိုးနွယ်ကလဲ ..."
" သူမက သွေးစုပ်ဖုတ်ကောင် ..."
" အိုး ... သွေး ... ဘာ..."
အချိန်အတန်ကြာအောင် တိတ်ဆိတ်သွာသည်။
" တူမလေးယု ဘာလို့ ဒီလိုမျိုး မျှော်လင့်ချက်မဲ့တဲ့ အခြေအနေထဲ ရောက်နေရတာလဲ ... တစ်ယောက်ယောက်ကို ပြောင်းကြိုက်လိုက်ပါလား ..."
သားရဲတစ်ကောင်ဆိုလျှင်ပင် သူ လက်ခံဦးမည်။
" မရဘူး စစ်စစ်ကိုပဲ ကြိုက်တယ် ..."
" စစ်စစ်တဲ့လား ..."
" ကျွန်မအချစ်ဆုံးလေး စစ်စစ်လေ ... သူမနာမည်က ယောင်စစ်တဲ့ နာမည်ကြားရုံနဲ့တင် စိတ်ကြည်နူးစေတယ်မလား ..."
" ဘာလို့ ဒီနာမည်ကို ရင်းနှီးနေပါလိမ့် ..."
" ကျွန်မ အနီရောင်ဂြိုလ်ကိုသွားပြီး အဲ့အတွဲကို သွားဖြတ်မယ် ... ဘိုင့်ဘိုင်ဦးလေးရေ ... အိုး အဲ့ဒီမျိုးမစစ်နာမည်က မော့ရွှမ်တဲ့ သူလည်း သွေးစုပ်ဖုတ်ကောင်ပဲ ထင်တယ် ..."
" စစ်ယောင် ... မော့ရွမ် ... မူ မူရွှမ် ..."
Σ(°△°|||)︴
ဒုတ် ဒုတ် ဒုတ်
အရာဝတ္ထုများ မြေပြင်ပေါ် ပြုတ်ကျကုန်သည်။
" ယုလေး ပြန်လာခဲ့ ..."