အပိုင်း၂၇၁
Viewers 67k

🍵Chapter 271




ဌာနမှူးက အလှူငွေပေးသည့်အကြောင်းကို အခုမှ သိသွားခြင်းဖြစ်သည်။ ထုံရွှယ်လူသည် သူမရသည့်ထောက်ပံ့ကြေးထဲမှ သုံးလစာကို လှူလိုက်သည်ကို သိသောအခါ ဌာနမှူးသည် အံ့ဩကာ ထုံရွှယ်လူကိုလည်း လေးစားသွားမိသည်။ 


ကောင်းမင်က ထုံရွှယ်လူအား စွပ်စွဲသည့်အကြောင်းကိုကြားသောအခါ ကောင်းမင်၏အတွေးအခေါ်များက လက်ထောက်အတန်းခေါင်းဆောင်ဖြစ်ရန် မသင့်တော်ဟု ဌာနမှူး ခံစားလိုက်ရသည်။


ထို့ကြောင့် ဌာနမှူးသည် ကောင်းမင်အား စိတ်မကောင်းသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။


"ကျောင်းသူထုံက အခက်အခဲဖြစ်နေတဲ့ကျောင်းသားတွေကို တကယ်ကူညီတတ်တာပဲ...ကျောင်းသူကောင်း...မင်းက ကျောင်းသူထုံလောက် မကူညီတတ်ရင်တောင် သူကောင်းတာလုပ်တာကို အပြစ်မတင်သင့်ဘူး..."


ကောင်းမင်၏မျက်နှာက ဖြူဖျော့သွားသည်။

"ဆရာ...ကျွန်မမှားသွားတာကို ကျွန်မသိပါပြီ...ကျွန်မကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော်..."


ဌာနမှူးက လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကျောင်းသူရှစ်ပြောတဲ့ အဖြစ်အပျက်တွေအရ မင်းက လက်ထောက်အတန်းခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးလို့ ဆရာမြင်မိတယ်...အဲဒါကြောင့် မင်းရဲ့ရာထူးကို တခြားတစ်ယောက်ဆီ လွှဲပေးလိုက်ပါတော့..."


"..."


ကောင်းမင်၏မျက်လုံးများက ချက်ချင်းနီရဲသွားကြကာ မျက်ရည်များ ကျလာတော့သည်။


အတွေးအခေါ်ဉာဏ်ရည်မမှီဟူသော အကြောင်းပြချက်ဖြင့် ဌာနမှူးကိုယ်တိုင်မှ ရာထူးဖြုတ်ခံလိုက်ရသောကြောင့် ကောင်းမင်သည် ကျောင်းတက်သည့်လေးနှစ်လုံး အတန်းကို ထိန်းသိမ်းအုပ်ချုပ်ရသည့်ရာထူးကို ရနိုင်တော့မည်မဟုတ်ချေ။


ကောင်းမင်၏ရည်မှန်းချက်များ အကုန်ဆုံးရှုံးပျက်စီးသွားရပြီဖြစ်လေသည်။


ရက်အနည်းငယ်ကြာသောအခါ ထုံရွှယ်လူ၏စာမူ‌ဆောင်းပါးက ကျောင်းသတင်းစာထဲ၌ ပါလာတော့သည်။


ထိုဆောင်းပါးထဲ၌ ထုံရွှယ်လူသည် ဟွမ်ရှင်းယိ၏ အခက်အခဲများကို စာဖတ်သူများ မျက်ရည်ကျလောက်အောင် သေချာရေးပြထား၍ နိုင်ငံခြားဘာသာဌာနက ထိုအခက်အခဲများကိုသိသောအခါ အလှူငွေများကောက်ခံ၍ ကူညီကြပုံများကိုလည်း အသေးစိတ်ရေးပြထားသည်။


ထုံရွှယ်လူသည် သူမကိုယ်တိုင်က ထောက်ပံ့ကြေးသုံးလစာလှူသည်ကိုတော့ မရေးပဲ စည်းလုံးမှု၊ သူငယ်ချင်းအချင်းချင်း ချစ်ခင်မှုနှင့် ကျောင်းသားအချင်းချင်း ကူညီကြပုံများကိုသာ တဖွဲ့တနွဲ့ ရေးပြထားသည်။


သတင်းစာထဲမှ ထိုဆောင်းပါးကိုမြင်သောအခါ နိုင်ငံခြားဘာသာဌာနမှ ကျောင်းသားများနှင့်ဆရာများသည် မျက်နှာများ ရွှင်ပျသွား၍ လမ်းလျှောက်ရာတွင်တောင် ‌လေနှင့်အတူ ပျံကြွတော့မတတ်ဖြစ်နေကြတော့သည်။


တရုတ်စာဌာနမှ ကျောင်းသားများနှင့် ဆရာများကတော့ မျက်နှာကို ဖြတ်အရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်နေကြသည်။


အခက်အခဲဖြစ်နေသော ကျောင်းသားကိုယ်တိုင်တက်ရောက်နေသော ဌာနမှ ကျောင်းသားများက ထိုအကြောင်းကိုမသိကြကာ အခြားဌာနမှ ကျောင်းသားများက ပိုက်ဆံလာပေးရသည်ဆိုသည်မှာ တော်တော်ပင် ရှက်ဖွယ်ကောင်းသည်မဟုတ်လား။


ဤကိစ္စကို တစ်ယောက်ယောက်အား အပြစ်ပုံချမှသာ ရတော့မည်ဖြစ်‌သည်။ ထိုသို့ အပြစ်ပုံချခံရသူမှာလည်း ကျောင်းသားအသင်းအဖွဲ့ခေါင်းဆောင်များ၊ ဆရာများ ဖြစ်၍မရပေ။ ထို့ကြောင့် နောက်ဆုံးတွင် အတန်းခေါင်းဆောင် ရှစ်ကျွင်းမင်ပေါ်သို့သာ အပြစ်ပုံကျသွားတော့သည်။


ထို့အပြင် ထုံရွှယ်လူက အတန်းဆီသို့ ပိုက်ဆံလာပေးစဉ်တည်းက အတန်း ၁ မှ လူတိုင်းက ရှစ်ကျွင်းမင်ကို သိပ်အမြင်မကြည်ဖြစ်နေကြခြင်းဖြစ်သည်။


ရှစ်ကျွင်းမင်သည် နိုင်ငံခြားဘာသာဌာနမှ မိန်းကလေးတစ်ဦးအား စားပွဲတစ်လုံးပေးသည်ဟူသောသတင်းကလည်း ကျောင်းသားများကြား ပျံ့လာသည်။ ရှစ်ကျွင်းမင်သည် ကိုယ့်အတန်းသား ဒုက္ခရောက်နေသည်ကိုတော့ မသိသော်လည်း မိန်းကလေးတစ်ဦးကိုတော့ ပရိဘောဂများပေးရန် အချိန်ရှိနေသည်လား။


သတင်းစာမှ ဆောင်းပါးက တော်တော်နာမည်ကြီးလာသောအခါ ဌာနမှူးသည် ရှစ်ကျွင်းမင်အား အတန်းခေါင်းဆောင်ရာထူးမှ ဖြုတ်ရန် ဆုံးဖြတ်လိုက်တော့သည်။


ထိုအကြောင်းကို သိလိုက်ရသောအခါ ရှစ်ကျွင်းမင်သည် အလွန်အမင်းဒေါသထွက်သွားတော့သည်။


အတန်းခေါင်းဆောင်ဖြစ်ရခြင်းသည် ကျောင်းသားများအတွက် အနာဂတ်တွင် အလွန်အရေးပါသည်။ ထို့အပြင် ဒုတိယနှစ်နှင့် တတိယနှစ်တို့တွင် ပါတီသို့ ဝင်ခွင့်ရခြင်း မရခြင်းတို့ကလည်း ထိုသို့ အတန်းတွင်းရာထူးများအပေါ် အလွန်မူတည်သေးသည်။


ရှစ်ကျွင်းမင်သည် ဒုတိယနှစ်တွင် ပါတီသို့ ဝင်မည်ဟု စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ယခုကဲ့သို့ အမည်းစက်ထင်သွားပြီဖြစ်ရာ ပါတီသို့ ဝင်ခွင့်ရရန်မျှော်လင့်ချက်မှာလည်း ဆပ်ပြာပူဖောင်းကဲ့သို့ ပေါက်သွားရပေပြီ။


ပါတီသို့ ဝင်ခွင့်မရလျှင် ကျောင်းပြီး ဘွဲ့ရသောအခါ အကောင်းဆုံးဆိုသော အလုပ်များကို ရရန်လည်း ခက်ခဲသွားပြီဖြစ်၏။


အတန်းခေါင်းဆောင်အဖြစ်ပြန်လည်အရွေးခံရရန်၊ ပါတီသို့ ဝင်ခွင့်ရရန်တို့မှာ 

နောက်ပိုင်းတွင် ကြီးကျယ်ထူးခြားသောအလုပ်များကိုလုပ်နိုင်မှသာ သို့မဟုတ် အမှတ်များ၊ အဆင့်များက အလွန်ထူးကဲကောင်းမွန်နေမှသာ ဖြစ်နိုင်ချေရှိတော့မည်ဖြစ်သည်။


တိုတိုပြောရလျှင် ထုံရွှယ်လူ၏အကွက်ရွှေ့မှုက ဘာမှမပြောပလောက်သည်ဟုထင်ရသော်လည်း တကယ်တော့ ရှစ်ကျွင်းမင်၏ဘဝကို အမြစ်မှ ဆွဲလှုပ်လိုက်ခြင်းဖြစ်သည်။


ရှစ်ကျွင်းမင်သည် ဒေါသထွက်လွန်း၍ သွေးများပင် အန်ထွက်တော့မတတ်ဖြစ်နေသည်။


ထိုကိစ္စများကို သူမကို ကျေးဇူးတင်စကားလာပြောသော ဟွမ်ရှင်းယိထံမှ ကြားသောအခါတွင် ထုံရွှယ်လူက တည်တည်ငြိမ်ငြိမ်ပင် နားထောင်နေလိုက်သည်။


ဟွမ်ရှင်းယိထွက်သွားပြီးသောအခါမှ ထုံရွှယ်လူ၏နှုတ်ခမ်းထောင့်စွန်းများက တွန့်ကွေးကာ ပြုံးသွားကြသည်။


ကစားပွဲက ယခုမှစခြင်းဖြစ်သည်။


🍵


သောကြာနေ့တွင် ထုံရွှယ်လူသည် ပစ္စည်းများသိမ်း၍ အိမ်ပြန်လာခဲ့သည်။


အိမ်ပြန်ရောက်သောအခါ ထုံရွှယ်လူ့အိမ်ထဲ၌ လူတစ်ယောက်မှမရှိသော်လည်း ဘေးမှ ဝမ်အိမ်မှ အသံတစ်ခုကိုကြား‌လိုက်ရသည်။


ယခု အိမ်နှစ်အိမ်က ဘေးချင်းကပ်နေ၍ ထုံရွှယ်လူနှင့် ဝမ်ရူကွေ့တို့ကလည်း စေ့စပ်ပြီးကြပြီဖြစ်သောကြောင့် တစ်အိမ်နှင့် တစ်အိမ် ကူး၍လွယ်ရန် အလယ်နံရံ၌ တံခါးတစ်ချပ်တပ်ထားလိုက်သည်။


ထုံရွှယ်လူက ထိုအသံကိုကြားသောအခါ ဝမ်မိသားစုအိမ်သို့ လျှောက်သွားလိုက်သည်။


အသံက ဝမ်ရူကွေ့၏အခန်းထဲမှ ထွက်နေခြင်းဖြစ်သည်။


ထုံရွှယ်လူသည် တုတ်တစ်ချောင်းကိုကောက်ယူ၍ အခန်းနားသို့ ခြေဖျားထောက်၍ သွားလိုက်ရာ အခန်းထဲမှ ညည်းညူနေသံကို ကြားလိုက်ရသည်။


"အင်း..အင်း..."


"..."


ထုံရွှယ်လူသည် အစကတော့ အိမ်ထဲသူခိုးဝင်နေသည်ထင်သော်လည်း ယခုကဲ့သို့ ဝမ်ရူကွေ့ ပြန်ရောက်နေ၍ ဤကဲ့သို့သော ကိစ္စကို လုပ်နေမည်ဟု မထင်ထားမိချေ။


ထုံရွှယ်လူလည်း တစ်ချက်ပြုံးလိုက်မိကာ ဘာမှမကြားဟန်ဆောင်၍ လှည့်ပြန်ရန် ဆုံးဖြတ်လိုက်သည်။


သို့သော် ထုံရွှယ်လူ ပြန်ရန် လှည့်လိုက်သည့်အချိန်မှာပင် ဘေးမှ သံဇလုံကို ကန်လိုက်မိရာ "ခလွမ်..." ခနဲ အသံထွက်သွားလေတော့သည်။


ထိုအချိန်၌ ဝမ်ရူကွေ့သည် လက်မှအနာကို ဆေးထည့်နေခြင်းဖြစ်ရာ အပြင်မှအသံကြောင့် လန့်သွားမိသည်။


လန့်သွား၍ စားပွဲပေါ်မှ ရေခွက်ကို တံတောင်ဆစ်နှင့်တိုက်မိလိုက်ရာ ရေခွက်ကမှောက်၍ ရေများက ဝမ်ရူကွေ့၏ဘောင်းဘီပေါ်သို့မှောက်ကျကာ ဘောင်းဘီ၌ ရေကွက်အကြီးကြီး ကွက်သွားတော့သည်။


ဝမ်ရူကွေ့က အသံကိုမြှင့်၍ မေးလိုက်သည်။

"အပြင်က ဘယ်သူလဲ..."


ထုံရွှယ်လူက လျှာတစ်လစ်ထုတ်၍ ပြန်ဖြေလိုက်သည်။

"ကျွန်မပါ..."


ထုံရွှယ်လူ၏အသံကြားသောအခါ ဝမ်ရူကွေ့၏မျက်လုံးများက တောက်ပသွားကြကာ အပြင်သို့ အမြန်ထွက်သွားလိုက်သည်။

"ရွှယ်လူ ပြန်ရောက်လာပြီလား..."


တံခါးက ကျွိခနဲ ပွင့်သွားကာ ဝမ်ရူကွေ့က အပြင်သို့ ထွက်လာသောအခါ ထုံရွှယ်လူက မော့ကြည့်လိုက်ရာ ဝမ်ရူကွေ့၏ရေစိုနေသော ဘောင်းဘီကို မြင်လိုက်ရ၍ ချက်ချင်းပင် ပါးများ နီရဲသွားတော့သည်။


"ရှင်ခုနက အခန်းထဲမှာ ဘာလုပ်နေတာလဲ..."


ဝမ်ရူကွေ့က ဘာမှမသိပဲ မျက်တောင်တသ်ချက်ခတ်ကာ ပြောလိုက်သည်။

"ဘာမှမလုပ်ဘူးလေ..."


ဘာမှမလုပ်ဘူး?


ထုံရွှယ်လူက မျက်ခုံးကိုပင့်ကာပြောလိုက်သည်။

"ကျွန်မကို မညာပါနဲ့...ကျွန်မ ခုနက အကုန်ကြားပြီးပြီ..."


ဝမ်ရူကွေ့က ဘာမှနားမလည်ပဲ ဇဝေဇဝါဖြစ်သွားသည်။

"ဘာကိုကြားတာလဲ..."


ထုံရွှယ်လူ: "ရှင့်ဆီကထွက်နေတဲ့အသံတွေလေ..."


ဝမ်ရူကွေ့က ပို၍ပင် နားမလည်ဖြစ်သွားသည်။


ဝမ်ရူကွေ့က နားမလည်ချင်ယောင်ဆောင်နေသည်ဟု ထင်နေသော ထုံရွှယ်လူကလည်း အနည်းငယ်စိတ်တိုလာကာ ရှင်းရှင်းပင် ပြောလိုက်သည်။


ထုံရွှယ်လူသည် ခုန ဝမ်ရူကွေ့ ညည်းညူနေသည့်အသံကို လုပ်ပြလိုက်ပြီးမှ ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။


"ရှင့်မှာလည်း ဇီဝဗေဒအရ လိုအပ်ချက်တေံ ရှိမယ်ဆိုတာ ကျွန်မသိပါတယ်...‌ဒါပေမယ့် ဒီလိုမျိုးတွေ များများလုပ်တာက ကျန်းမာရေးအတွက်မကောင်းဘူးမဟုတ်လား...နောက်ဆို နည်းနည်းလျှော့လုပ်သင့်တယ်..."


ဝမ်ရူကွေ့: "..."


၀မ်ရူကွေ့က ရှက်သွေးဖြာသွားပြီးနောက် ပြောသည်။ 


" မင်းနားလည်မှုလွဲနေတာ၊ ကိုယ်အဲဒီလိုမလုပ်ခဲ့ဘူး "


ထုံရွှယ်လူက သူ့ဘောင်းဘီကို တစ်ချက်ကြည့်လိုက်ပြီး " ရှင်ဒီလိုပြောတဲ့အခါ ရှင့်ရဲ့ဘောင်းဘီကို ဖုံးမထားသင့်ဘူလား "


ဝမ်ရူကွေ့က ထိုသို့ပြောပြီးနောက် သူ့ဘောင်းဘီမှာ စိုစွတ်‌နေသည်ကို သတိရသွားပြီး သူ၏နားရွက်များ နီရဲသွားသည်။ 


"... စားပွဲပေါ်က ရေခွက်ကို တိုက်မိခဲ့တာပါ "


" ဒါဆို ရှင် အခုလေးတင် ဟိုမှာ ဘာလုပ်နေခဲ့တာလဲ။ ဘာလို့ ထူးဆန်းတဲ့ အသံထွက်လာခဲ့တာလဲ "


ထုံရွှယ်လူက ၀မ်ရူကွေ့သည် ယခုအချိန်တွင် မျက်နှာသာရရှိရန် အနည်းငယ်လိမ်ညာတတ်လာသော်လည်း သူသည် နေ့ခင်းဘက်တွင် DIY လုပ်တတ်သူမဟုတ်ပေ။ အကယ်၍ ထိုကဲ့သို့ ဖြစ်လျှင်တောင်မှ သူမ သူ့ကိုမေးလျှင် ရိုးသားစွာပြောမည်ပင်။

[T/N - Masturbateလုပ်တာကိုပြောတာဖြစ်မယ်]


၀မ်ရူကွေ့၏မျက်တောင်များ  အနည်းငယ်တုန်ခါသွားပြီး ဘာမှမဟုတ်ဟု ပြောတော့မည့်အချိန်တွင် ထုံရွှယ်လူက သူ့အား ပြင်းပြင်းထန်ထန်ပြောလာသည်။ 


" ရှင် ကျွန်မကို အမှန်အတိုင်းပြောရင် ပိုကောင်းလိမ့်မယ်နော် " 


၀မ်ရူကွေ့က နောက်ကျောဘက်ဆီမှ သူ၏လက်ကို ထုတ်ပြလာသည်။ 


" ကိုယ့်လက်ဒဏ်ရာရသွားခဲ့တယ်။ ခုနက ကိုယ်  ဒဏ်ရာကို သန့်ရှင်းရေး လုပ်နေခဲ့တာပါ "


ထုံရွှယ်လူသည် သူ၏လက်ဖမိုးမှာ နီရဲရောင်ရမ်းနေပြီး အရည်ကြည်ဖုများ ပေါက်နေသည်ကို တွေ့လိုက်ရသည့်အခါ ထိတ်လန့်တုန်လှုပ်သွားသည် ။


" ရှင့်လက် ဘာဖြစ်တာလဲ "


၀မ်ရူကွေ့က ရှက်ရှက်နှင့် တောင်းပန်သည်။ 


" ဒီနေ့ မင်းပြန်လာမယ်လို့ ကိုယ်ထင်တယ်၊ ဒါကြောင့် မင်းအတွက် ဘဲကင်ချက်ဖို့ စောစောပြန်လာခဲ့တာ။ ကိုယ်က အရမ်းနမော်နမဲ့နိုင်ပြီး ရေနွေးအိုးကို မတော်တဆ ဝင်တိုက်မိမယ်လို့ မမျှော်လင့်ထားဘူး..."


ထုံရွှယ်လူမှာ သူ့စကားကို နားထောင်ရုံဖြင့် ထိုအချိန်က ထိတ်လန့်ဖွယ်ရာကို စိတ်ကူးကြည့်နိုင်ပြီး သူမ၏ နှလုံးသားသည် ရုတ်တရက် ညှိုးငယ်သွားသလို ခံစားလိုက်ရသည်။


 " ရှင်က တကယ်ကို နမော်နမဲ့နိုင်တာပဲ၊ ရှင် ဒဏ်ရာကို ရေအေးနဲ့ ဆေးခဲ့ရဲ့လား "


၀မ်ရူကွေ့က ခေါင်းခါလိုက်သည်။


ထုံရွှယ်လူသည် သစ်သားချောင်းကို ဘေးသို့ပစ်ချလိုက်ပြီး ရေပိုက်ခေါင်းအောက်၌ ရေဆေးရန် သူ့လက်တစ်ဖက်ကို ကိုင်လိုက်သည်။


 " ရေပိုက်အောက်မှာ ဆယ့်ငါးမိနစ်လောက် ရေဆေးချလိုက်။ အရည်ကြည်ဖုတွေကို မဖောက်ပစ်နဲ့ ။ သူတို့ဘာသာ ပျောက်ပါစေ "


အမှားတစ်ခုခုလုပ်မိသည့် ကလေးတစ်ယောက်ကဲ့သို့ ၀မ်ရူကွေ့က ခေါင်းညိတ်လိုက်သည်။


ခေါင်းညိတ်ပြပြီးနောက် သူမအား စိုးရိမ်တကြီး ကြည့်ကာ သတိကြီးစွာ မေးသည်။


 " မင်း ဒေါသထွက်နေလား " 


ထုံရွှယ်လူသည် သူမ၏ မျက်လုံးများကို ပင့်ကာ ကြည့်လိုက်ပြီး " ဘာလို့ စိတ်ဆိုးရမှာလဲ "


၀မ်ရူကွေ့က တွေးကြည်ပြီးး သူမကို ပြောလိုက်သည်။  " ကိုယ်က...အရမ်းမမော်နမဲ့ဖြစ်လို့ "


ထုံရွှယ်လူသည် စိတ်ထဲ၌ သက်ပြင်းချလိုက်ပြီး လက်ကိုဆန့်ကာ သူ့အဝတ်များကိုဆွဲသည် ။


 " ခေါင်းငုံ့ပေး။ ဒီလိုမျိုး ခေါင်းမော့ပြီး ရှင်နဲ့စကားပြောရတာ ပင်ပန်းတယ် "


၀မ်ရူကွေ့က နာခံစွာ အနည်းငယ် ခါးကိုင်ပြီး ခေါင်းကို ရှေ့သို့ ငုံ့လိုက်သည်။


ထုံရွှယ်လူသည် သူ၏လည်ပင်းတွင် သူမလက်များကို ချိတ်ဆွဲကာ  ကြည်လင်သည့်ကဲ့ မျက်လုံးများ ပြောင်ပြောင်တင်းတင်း ဖြားယောင်းသွေးဆောင်သည်။ " အရူး၊ ကျွန်မစိတ်ဆိုးတာမဟုတ်ပါဘူး ၊ အသည်းကွဲနေတာ " 


ထို့နောက် သူမ ရှေ့ကိုမော့လိုက်ပြီး သူ၏နွေးထွေးသည့် နှုတ်ခမ်းများကို ဖိကပ်လိုက်သည်။


၀မ်ရူကွေ့က သူမ သူ့ကို ရုတ်တရက် နမ်းလာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် သူ၏ စိတ်က ခဏတာ ဗလာဖြစ်သွားသည်။ အသိစိတ်ဝင်လာသည့်အခါ၌မူ သူမ၏ခါးကို မသိစိတ်ဖြင့် ပွေ့ဖက်ထားပြီးဖြစ်သည်။


ထုံရွယ်လူက သူ၏နှုတ်ခမ်းကို ညင်သာစွာ ကိုက်သည်။ " မလှုပ်နဲ့၊ ရေပိုက်ခေါင်းအောက်မှာ ရှင့်လက်ကို ဆက်ဆေးထား " 


၀မ်ရူကွေ့၏ နှုတ်ခမ်းများကကော့တက်နေပြီး နှလုံးခုန်သံများက တဒုတ်ဒုတ်မြည်ကာ နားရွက်ထိပ်များက နေရောင်အောက်၌ နီရဲလာသည်။ 


" ကောင်းပြီ " 


ခဏကြာတော့ ထုံရွှယ်လူက မျက်တောင်ခတ်လိုက်ပြီး " အခုထိနာနေသေးလား "


၀မ်ရူကွေ့က ခေါင်းခါတော့မည်ဖြစ်သော်လည်း ရုတ်တရက် စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီး ပြောလိုက်သည်။ 


" နည်းနည်းတော့နာနေတုန်းပဲ " 


ထုံရွှယ်လူ၏ မျက်လုံးများ လင်းလက်သွားသည်။ သူမက ပြုံးလျက် " အဲဒီလိုကိုး။ ဒါဆို ကျွန်မက လူရမ်းကားတစ်ယောက်လို ဆက်လုပ်နေရဦးမှာပဲ "


၀မ်ရူကွေ့က သူမ၏သေးသွယ်သောခါးကို ဒဏ်ရာမရှိသော အခြားလက်ဖြင့် ဆိတ်လိုက်သည်။ " အင်း "


ဒဏ်ရာရခြင်းက သူမအား လူရမ်းကားတစ်ယောက်လို ပြုမူလာစေနိုင်လျှင် သူ နောက်ထပ် အကြိမ်အနည်းငယ် ဒဏ်ရာရသော်လည်း စိတ်ထဲထားမည်မဟုတ်ချေ။ 


ခဏအကြာတွင် ထုံရွှယ်လူက သူ့ကို ညင်သာစွာ တွန်းထုတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းများက နီရဲနေသည်။


  " နောင်အနာဂတ်မှာ ရှင် ဒီလောက်ထိ သတိလက်လွတ်နေလို့မရဘူး။ အကယ်၍ ဒီလို ထပ်လုပ်ရင် ရှင် ကျွန်မနဲ့ ခပ်ဆိုးဆိုးအပြုအမူတွေလုပ်တာကို သုံးလလောက် တားမြစ်ပစ်မယ် "


"..... "