အပိုင်း၂၇၃
Viewers 67k

🍵Chapter 273




သူမသည် ဝမ်ရူကွေ့အား ဤကဲ့သို့သော နာကျင်မှုမျိုးနှင့် ကူကယ်ရာမဲ့မှုမျိုး  ယခုဘဝတွင် မခံစားစေလိုပေ။


ဗိုလ်မှူးရှောင်းက ၀မ်ရူကွေ့ကို မစွပ်စွဲလိုပေ။ သူသည် သူ့မြေးမလေးအတွက် စိတ်ပူလွန်းပြီး စိတ်ဆင်းရဲသဖြင့် မတွေးမိဘဲ ပြောလိုက်ခြင်းဖြစ်သည်။


ဤအခိုက်အတန့်တွင် ထုံရွှယ်လူ၏ သတိပေးမှုခံလိုက်ရသည့်အခါ သူ့မျက်နှာမှာ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။


ထုံရွှယ်လူက ဆက်၍ပြောသည်။


 " အဘိုး၀မ်၊  အဘိုး၊ အဲဒီမိသားစုနှစ်စုက အခုလိုလုပ်ရတဲ့ အ‌ကြောင်းအရင်းက  သူတို့ကို နှစ်တွေကြာအောင် ဖိနှိပ်ခဲ့တဲ့ ၀မ်မိသားစုကို လက်တုံ့ပြန်ချင်တာ ကြောင့်လို့ သမီးထင်တယ်။ ဒါက မိသားစုသုံးစုကြားက အာဃာတပဲ " 


ဗိုလ်မှူးရှောင်းက ပြောသည်။ " မဟုတ်ဘူး၊ အခု မိသားစု လေးစုစာဖြစ်သွားပြီ၊ အဘိုးတို့ ရှောင်းမိသားစုရော "


လူယုတ်မာတစ်ဖွဲ့က သူ၏ အဖိုးတန် မြေးမလေးကို တိုက်ခိုက်ရဲကြရာ အသက်ရှင်ရန် စိတ်မရှည်ဖြစ်နေကြသည်ပင်။


သူက လွန်ခဲ့သည့် ဆယ်စုနှစ်များစွာဆီသို့ ပြန်သွားနိုင်လျှင် ၎င်းတို့ကို တစ်ချက်တည်းနှင့် အမှန်တကယ်ပင် သတ်ပစ်လိုသည်။


အဘိုး၀မ်က ခေါင်းညိတ်သည်။ " ဟုတ်တယ်  ရွှယ်လူနဲ့ ရူကွေ့ ၊ အခုက မိသားစုလေးစုကြားက ရန်ပွဲဖြစ်နေပြီ။ မင်းတို့ နှစ်ယောက် စိတ်ပူစရာ မလိုပါဘူး။ လောင်ရှောင်းနဲ့ အဘိုး ဒီကိစ္စကို ကိုင်တွယ်လိုက်မယ် "


ထုံရွှယ်လူက  " အဘိုးတို့ နှစ်ယောက်  ဘာလုပ်ကြမလို့လဲ "


ဗိုလ်မှူးရှောင်းနှင့် အဘိုး၀မ်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းခါသည်။ " အဘိုး ဘာလုပ်ရမှန်းမသိသေးဘူး၊ ဒါပေမယ့် အဘိုး အမြဲတမ်း နည်းလမ်းတစ်ခု ရှာတွေ့မှာပါ "


ထုံရွှယ်လူက သူမ၏ ခေါင်းကို ခါလိုက်သည်။ " အဘိုးတွေးနေတာကို သမီးသိတယ်။ အဘိုးက အာဏာကို အသုံးချချင်ပေမယ့် အခုက လွန်ခဲ့တဲ့တဲ့နှစ်နဲ့ မတူတော့ဘူး။ သူတို့ကို နှိပ်ကွပ်ဖို့ အဘိုးတို့နှစ်ယောက် အာဏာသုံးတာကို သမီးသဘောမတူဘူး "


အဘိုး၀မ်က " ရွှယ်လူ သမီးမှာ အကြံရှိလား "


ထုံရွှယ်လူက ခေါင်းညိတ်သည်။ 


" ရှစ်ကျွင်းမင် သမီးကို ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ခိုးချတယ်လို့ စွပ်စွဲဖို့ တခြားသူတွေကို လှုံ့ဆော်ပြီးကတည်းက ညီအစ်ကိုနှစ်ယောက်ကို သမီး အာရုံစိုက်ခဲ့တယ်။ အခု အဲဒီ 'သေသည်ထိလက်တွဲမည့် မိသားစုနှစ်စု ' က နှစ်ယောက်က   ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်မြင်ပြီး ပေကျင်းမြို့ကို ရောက်လာကြပြီ "


" ရှစ်ကျွင်းမင်က တရုတ်စာဌာနမှာရှိတယ်။  ချန်ကျစ်ယဲ့က ပေကျင်းဆရာအတတ်သင်တက္ကသိုလ်မှာ ဝင်ခွင့်ရခဲ့ပြီး အခုပညာရေးကောလိပ်မှာ တက်နေတယ်။ ချန်ကျစ်ယဲ့ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ရလဒ်တွေက ထူးထူးခြားခြား မကောင်းပေမယ့် သင်္ချာနဲ့ ရူပဗေဒ ဘာသာရပ်မှာ အမှတ်ပြည့် ရခဲ့တယ်။ ပေကျင်းဆရာအတတ်သင်တက္ကသိုလ်မှ ပါမောက္ခက သူ့ကို သင်္ချာဌာနကို ပြောင်းစေချင်ပေမယ့် သူက ငြင်းဆိုခဲ့တယ်လို့ကြားတယ် "


" ငြင်းငယ်တာက  အံ့သြစရာတော့ မဟုတ်ပါဘူး၊ ထူးဆန်းတာက တက္ကသိုလ်မှာ သင်္ချာပြိုင်ပွဲ ကျင်းပတဲ့အခါမှာ သင်္ချာဌာနရဲ့ပါမောက္ခက သူ့ကို ပြိုင်ပွဲမှာ ပါဝင်စေချင်တယ်။ ချန်ကျစ်ယဲ့ကလည်း သဘောတူခဲ့ပေမယ့် စာမေးပွဲမဖြေခင် တစ်ရက်အလိုမှာ သူ့လက်က အပူလောင်သွားတယ် "


အဘိုး၀မ်က သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ပြီး ပြောတယ်။ 


" သမီးဆိုလိုချင်တာက ချန်ကျစ်ယဲ့က သင်္ချာပြိုင်ပွဲမှာ ပါဝင်ဖို့  တမင်တကာ ရှောင်နေတယ်လို့ ပြောချင်တာလား "


အခန်းထဲရှိ လူပေါင်းများစွာ၏ မျက်လုံးများသည် ထုံရွှယ်လူထံ ကျရောက်သွားပြီး သူမနှင့် ၀မ်ရူကွေ့တို့၏ လက်များကို မျက်ကွယ်ပြုရန် ရွေးချယ်လိုက်သည်။


ထုံရွှယ်လူက ခေါင်းညိတ်သည်။ " တရုတ်သမိုင်းနှင့် သင်္ချာဘာသာရပ်၊ ရူပဗေဒနှင့် ဓာတုဗေဒဘာသာရပ်တို့၏ မေဂျာငါးခုက ယခုအချိန်မှာ ရေပန်းအစားဆုံး။ အထူးသဖြင့် သင်္ချာနှင့် ရူပဗေဒဘာသာရပ်။ အဲဒီမေဂျာနှစ်ခုက နိုင်ငံရဲ့အဓိက လေ့ကျင့်ရေးမေဂျာများတွေဖြစ်ပြီး နိုင်ငံက  ဒီနယ်ပယ်နှစ်ခုမှာ အရည်အချင်းရှိတဲ့သူ‌တွေကို အရေးပေါ်လိုအပ်နေတယ် "


" ချန်ကျစ်ယဲ့မှာ ဒီအရည်အချင်းမရှိရင် လည်း အဆင်ပြေပေမယ့် သူက သင်္ချာနဲ့ ရူပဗေဒမှာ အမှတ်ပြည့်ရထားတယ်။ ယုတ္တိရှိရှိပြောရရင် သူက ဒီဘာသာရပ်နှစ်ခုကို အရမ်း စိတ်ဝင်စားပြီးအရည်အချင်းရှိသင့်ပေမယ့်  ဒီလိုရလဒ်ကောင်းတွေရပြီးတာတောင် ဒီဌာနနှစ်ခုကို မသွားခဲ့ဘူး။ လေ့လာဖို့ အကျိုးကျေးဇူးသိပ်မရှိတဲ့ မေဂျာကိုပဲ ရွေးချယ်လိုက်တယ်၊ အဲဒါကြောင့် သမီး သံသယဖြစ်မိတယ်.... "


" သူ တခြားတစ်ယောက်ရဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း အတုလုပ်ခဲ့တာကို " 


ထိုစကားများ ထွက်လာသည်နှင့် ဧည့်ခန်းက စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။ 


ဦးလေးဇုန်းသည် ရုတ်တရက် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ပြီး " မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် သူတို့ အဲဒီလို သတ္တိရှိမှာလဲ "


ထုံရွှယ်လူ၏ နှုတ်ခမ်းများက အေးစက်စွာ ကော့သွားပြီး " ဘာလို့ သူတို့ မလုပ်ရဲကြမှာလဲ။ မိသားစုနှစ်စုက ဆယ်နှစ်ကြာအောင် ဖိနှိပ်ခံခဲ့ရပြီး သူတို့က အသည်းအသန် မတ်တပ်ရပ်ချင်နေကြတယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲက လက်ရှိမှာ သူတို့ရဲ့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်နေတယ်  "


" မိသားစုနှစ်စုက ဒီပွဲကို ပြောင်းပြန်လှန်ပစ်ဖို့ အရမ်းစိတ်အားထက်သန်နေတာကြောင့် အကယ်၍ ချန်ကျစ်ယဲ့သာ သင်္ချာနဲ့ ရူပဗေဒဘာသာရပ်မှာ တကယ်ထူးချွန်ရင် သင်္ချာဌာနကို သွားဖို့  ငြင်းဆိုတာက မဖြစ်နိုင်ဘူး "


သူက ပညာရေးဝန်ကြီးဌာနသို့ သွားရောက်ကာ ကျောင်းဆရာတစ်ဦးအဖြစ် ယေဘုယျအားဖြင့် တာဝန်ပေးခံရမည်ဖြစ်သော်လည်း ကျောင်းဆရာတစ်ယောက်၏ လစာသည် သင်္ချာဌာနနှင့် နှိုင်းယှဉ်၍ မရပေ။


သင်္ချာဌာနရှိ ဉာဏ်ကြီးရှင် ကျောင်းသားများသည် အမျိုးသားသိပ္ပံသုတေသန အဖွဲ့အစည်းများထံ ဝင်ခွင့်ရနိုင်ဖွယ်ရှိပြီး အစားအသောက် နှင့် အဝတ်အစားများအတွက် စိတ်ပူစရာ မလိုပေ။ အကယ်၍ ဝင်ခွင့်မရခဲ့လျှင်တောင်မှ  ပေးအပ်ထားသောယူနစ်များသည် ကျောင်းဆရာလုပ်ခြင်းထက် ပိုမိုကောင်းမွန်မည်ဖြစ်သည်။


ဤအကြောင်းကို သူမ သိရှိပြီး‌မှသာ သံသယဖြစ်လာခဲ့ခြင်းဖြစ်၏။ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များအတွင်း အခြားသူတစ်ဦး၏ ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်များအဖြစ် ဟန်ဆောင်ခဲ့သော လူများ ရှိခဲ့သည်ကို သမိုင်းရှုထောင့်မှ ကြည့်လျှင် ဖော်ပြရန်ပင် မလိုတော့ပေ။


၀မ်ရူကွေ့သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက်  သူ၏ မျက်လုံးကို ပင့်ကြည့်ကာ ပြောသည်။


 " အဘိုး၊ အဘိုး‌ရှောင်း၊ ရွှယ်လူရဲ့ ခွဲခြမ်းစိတ်ဖြာချက်က အရမ်း ကျိုးကြောင်းဆီလျော်တယ်လို့ ကျွန်တော်ထင်တယ်။ ချန်ကျစ်ယဲ့က တခြားတစ်ယောက်ရဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲရလဒ်ကို အတုလုပ်လိုက်တာ ဖြစ်နိုင်တယ် " 


ထိုကဲ့သို့ ပြောလာသည့်အခါ အဘိုးဝမ်၏ မျက်လုံးများက သူ့အပေါ်သို့ စိုးရိမ်တကြီး ကျရောက်လာသည်။ ချန်ကျစ်ယဲ့သည် ၀မ်ရူကွေ့   ဒုတိယဦးလေး၏သား ဖြစ်သောကြောင့် ထိုသူသည် ၀မ်ရူကွေ့၏တစ်ဝမ်းကွဲ ညီအကိုဖြစ်သည်။


၀မ်ရူကွေ့၏ နက်မှောင်သော မျက်တောင်များ အနည်းငယ် ကျဆင်းသွားသည်။ " အဘိုး၊ အဘိုးလုပ်ချင်တာ လုပ်နိုင်ပါတယ်၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့ " 


အဘိုး၀မ်သည် လေးလံစွာ ခေါင်းညိတ်မပြမီ ခေတ္တခဏ ငြိမ်သက်သွားသည်။ " ကောင်းပြီ၊ မနက်ဖြန်  ဒီကိစ္စ တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်မယ် "


ဗိုလ်မှူးရှောင်းက " ကျုပ်လည်း တစ်ယောက်ယောက်ကို အကူအညီတောင်း..."


သူ့စကားမဆုံးခင်မှာ အဘိုး၀မ်က နှောင့်ယှက်လေသည်။ " အဘိုးကြီး၊ အခု မလှုပ်ရှားနဲ့ဦး၊ ကျုပ်မှာ မိသားစုနှစ်စုကို စောင့်ကြည့်ဖို့ ဒီမှာသေချာတဲ့ အဆက်အသွယ် ကွန်ရက်တွေ ရှိတယ်။ ခင်များအနေအထားက မျက်စိကျစရာ ကောင်းလွန်းတယ်။ အကွက်ရွှေ့ရင် တခြားသူတွေရဲ့ အာရုံကို အလွယ်တကူ ဆွဲဆောင်မိနိုင်တယ် "


ဗိုလ်မှူးရှောင်းက နှာ‌မှုတ်ထုတ်လိုက်သည်။ " ဒါကို ခင်များ လုပ်နိုင်ရဲ့လား၊ ဟိုက လူတွေသာ အသုံးဝင်ရင် ဘယ်လိုလုပ် ဒီမှာ တစ်ခုခုထူးဆန်းတာကို သတိမထားမိကြမှာလဲ "


အဘိုး၀မ်က ဒေါသထွက်ကာ မုတ်ဆိတ်မွှေးများ တုန်တုန်ယင်ယင်ဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။ 


" ဘာပဲဖြစ်ဖြစ် အခု ဒီကိစ္စကို ဝင်မစွက်ဖက်နဲ့၊ ကျုပ် မထိန်းနိုင်ရင် ခင်များက ထပ်ပြီး ကိုင်တွယ်လို့ရတယ် "


ဗိုလ်မှူးရှောင်က ပြုံးလိုက်ပြီး " ကောင်းပြီ ဒါဆို ခင်များ ကျုပ်ကို အကူအညီတောင်းတာကို စောင့်နေမယ် "


အဘိုး၀မ် "......"


အဘိုး၀မ်သည် စိတ်တိုတိုဖြင့် ဘေးအိမ်သို့ ဦးလေးဇုန်းနှင့်အတူပြန်သွားလေသည်။


ဗိုလ်မှူးရှောင်းသည် ရှောင်းကျားမင်တို့ ညီအကိုမောင်နှမများ၏ လေ့လာမှုအား လမ်းညွှန်ရန်နှင့် ထုံကျားမင်အား ကြီးကြပ်ရန် စာဖတ်ခန်းသို့ သွားသည်။


၀မ်ရူကွေ့နှင့် ထုံရွှယ်လူတို့သည်သာ ဧည့်ခန်းထဲတွင် ကျန်ရှိခဲ့သည့် လူနှစ်ယောက်ဖြစ်ကြသည်။


နွေဦးနှောင်းပိုင်းနှင့် နွေရာသီအစောပိုင်းတွင် ညအချိန်၌ ညနေခင်းလေပြည်အေးက ဖြည်းညင်းစွာ တိုက်ခတ်သည်။


အဖြူရောင်လရောင်သည် ခြံဝင်းထဲသို့ ကျရောက်ကာ သစ်ပင်များ၏ အရိပ်ပုံသဏ္ဌန်များမှာ မြေပြင်ပေါ်သို့  ကျရောက်နေပြီး အမည်မသိ အင်းဆက်ပိုးမွှားများက ကျောက်တုံးများ၏ အက်ကြောင်းများအကြား‌ အော်မြည်နေကြသည်။


၀မ်ရူကွေ့၏ နက်မှောင်သော မျက်လုံးများတွင် တောင်းပန်သည့် အလင်းတစ်ခု လင်းလက်သွားသည်။ 


" ဒါက ငါ့ကိုယ့်အမှားပါ။ ကိုယ် မင်းကို ထိတ်လန့်စေခဲ့တယ် "


ထုံရွှယ်လူက သူ့ကို မှီလိုက်ပြီး သူ၏ နှာသီးဖျားကို ပွတ်သပ်သည်။ 


" ကျွန်မပြောပြီးပြီလေ။ ရှင့်အပြစ်မဟုတ်ဘူး၊ တောင်းပန်စကား ထပ်ပြောခွင့် မပေးတော့ဘူး " ဟု ပြောပြီး မှီလိုက်ကာ ပါးစပ်ကို ဖွင့်၍ သူ့ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။


၀မ်ရူကွေ့က နာကျင်မှုကို သည်းခံကာ သူမ၏ နူးညံ့သော နှုတ်ခမ်းများကို နမ်းရန် မသိစိတ်ဖြင့် ရှေ့သို့ ကိုင်းသည်။ " ကိုယ့်အမေအကြောင်း သိလား "


ထုံရွှယ်လူက ခေါင်းညိတ်ပြသည်။ " ဦးလေးဇုန်းကို သိလားလို့ မေးဖူးတယ် ။ ရှင့် ခွင့်ပြုချက်မပါဘဲ မေးမိတာကို အပြစ်မတင်ဘူးလား "


၀မ်ရူကွေ့က ခေါင်းခါသည်။ " မတင်ပါဘူး၊ မင်း သိချင်သရွေ့ ကိုယ် ပြောပြမယ် "  


မည်သူ့ကိုမဆို သူမ မေးပါစေ သူက သူမကို မည်သည့်အချိန်တုန်းကမှ မခုခံခဲ့ဖူးပေ။


ထုံရွှယ်လူသည် သူ့လည်ပင်းကို လက်နှစ်ဖက်နှင့် ဖက်သွယ်ရင်း ပေါင်ပေါ်သို့ တက်ထိုင်လိုက်သည်။ " တစ်နေ့ကျ သူတို့နဲ့ ကျွန်မတို့ ထိပ်တိုက်ရင်ဆိုင်ရရင် ရှင် ဘယ်လိုလုပ်မလဲ "


၀မ်ရူကွေ့က သူမကို ခဏလောက်ကြည့်ပြီးနောက် ပြောသည်။ " ကိုယ် ဘာလုပ်သင့်လဲ။ အဲဒါအကုန်ပဲ"


ထုံရွှယ်လူက သူမ ခေါင်းကို မော့လိုက်ပြီး အချိန်အတော်ကြာပြီးနောက် အနားသို့ ချဉ်းကပ်ကာ မေးစေ့ကို ညင်သာစွာ နမ်းလိုက်သည်။


သူမက အလွန်တိုးလျသော အသံဖြင့် " ရူကွေ့ အနာဂတ်မှာ ဘာပဲဖြစ်ပါစေ ရှင့် အနားမှာ ကျွန်မရှိတာကို ရှင် သတိရနေရမယ် " 


' အဆုံးသတ်ထိမသွားလိုက်ပါနဲ့ '


၀မ်ရူကွေ့သည် သူမ မည်သည်ကိုဆိုလိုသည်ကို မသိသောကြောင့် သူမဆီ ကိုင်းညွတ်ကာ နှုတ်ခမ်းများကို ညင်သာစွာ နမ်းလိုက်သည်။


" ကောင်းပြီ၊ ကိုယ် မှတ်ထားပါ့မယ် "


🍵


ဖန်ကျင်းယွမ်သည် အားလပ်ရက်များအတွက် အိမ်သို့ပြန်ခဲ့သည်။ သူမ၏ ဆံပင်များ ပိုရှည်လာပြီး ဆံပင်ပုံစံပျက်သွားသောကြောင့် ထုံရွှယ်လူကိုရှာကာ  ဆံပင်ညှပ်ရန်အတွက် သူမကို လိုက်ပို့ပေးရန် တောင်းဆိုမည်။


လမ်းတစ်ဝက်၌ သူမ၏ခန္ဓာကိုယ်အောက်က တစ်ခုခုမှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။


ဗိုက်ထဲတွင် ရင်းနှီးသည့်  နာကျင်မှုတစ်ခု‌ ပေါ်ထွက်လာပြီး ထို့နောက် သွေးများ တဟုန်ထိုး ထွက်လာသည်။


သူမ ပတ်ပတ်လည်သို့ ကြည့်လိုက်ပြီး သူမ၏ နောက်သို့ လှမ်းထိလိုက်ကာ သူမလက်များ စိုစွတ်နေသည်ကို ခံစားလိုက်ရသည်။


တကယ့်ကို ကြောက်စရာကောင်းပေသည်။


' ဒီအချိန်မှာ တကယ်ကြီးရာသီလာ‌နေတာပဲ '


ဖန်ကျင်းယွမ်၏ မျက်နှာမှာ နီရဲလာပြီး သူမသည် လှည့်ထွက်ကာ အိမ်ပြန်လို လေသည်။


ဝမ်းနည်းစရာကောင်းသည်မှာ  အလုပ်သမားများ၏ အလုပ်ဆင်းချိန်ဖြစ်နေပြီး စက်ရုံမှ ထွက်လာသည့်သူက အများအပြားဖြစ်နေသည်။


ဖန်ကျင်းယွမ်သည် အိမ်မပြန်မီ အချိန်၌ သူမ၏ ခန္ဓာကိုယ်ကို နံရံနှင့် ဖိကပ်ကာ  ထိုလူများ ထွက်သွားကြသည်အထိ ဘေးသို့ ရှောင်ဖယ်ကာ နေရန်မှတပါး အခြား ရွေးချယ်စရာမရှိချေ။


ထိုအချိန်တွင် ရှောင်ချန်ဖျင်က စက်ဘီးနှင့် ဖြတ်‌ကျော်သွားပြီး သူမကိုမြင်သည့်အခါ အရေးပေါ် ရပ်လိုက်သည်ကိုတွေ့လိုက်ရသည်။ " ဖန်ကျင်းယွမ် မင်းဒီမှာဘာလုပ်နေတာလဲ " 


ဖန်ကျင်းယွမ်က သူ့ကိုအသည်းအသန်မျက်စိမှိတ်ပြလိုက်ပြီး  " ရှင် မြန်မြန်သွားတော့ "


ရှောင်ချန်ဖျင်သည် သူမက သူ့အား  မျက်တောင်များခတ်ရင်း ကြည့်နေသည်ကို မြင်လိုက်သည်  သူက ပြုံးဖြဲဖြဲဖြင့် ပြောသည်။" ဖန်ကျင်းယွမ်၊ မင်းမျက်လုံးက ဘာဖြစ်နေတာလဲ" 


သူမ သူ့ကို ပရောပရည်လုပ်နေသည်လား။


ရှောင်ချန်ဖျင်သည် ထိုအကြောင်းကို ပိုတွေးလေလေ၊ ထိုကဲ့သို့ ဖြစ်နိုင်လေလေထင်သောကြောင့်  စက်ဘီးပေါ်မှ အမြန်ဆင်းကာ သူမဆီသို့ လာသည်။


" သွားရအောင်၊ ငါ မင်းကို ပြန်ပို့ပေးမယ် " ဖန်ကျင်းယွမ်၏ မျက်နှာက ဒေါသဖြင့် နီရဲသွားသည်။


" ရှောင်ချန်ဖျင် ပဲစေ့မျက်လုံးနဲ့အရူး  ကောင်၊ ဒီကနေ အခုထွက်သွားလိုက်‌တော့။ ကျွန်မကို ရှင်  စိတ်ပူစရာ မလိုဘူး၊ ရှင့်ကိစ္စမဟုတ်ဘူး "


စကားပြောပြီးနောက် သူမ ဗိုက်သည် ရုတ်တရက် နာကျင်လာပြီး သူမ၏ မျက်နှာမှာလည်း သွေးများ ကုန်စင်သွားသကဲ့သို့ ဖြစ်နေကာ သူမ နာကျင်စွာဖြင့် မြေပြင်ပေါ် ထိုင်ချလိုက်သည်။


ရှောင်ချန်ဖျင်က အလွန်ထိတ်လန့်သွားပြီး သူ့မျက်နှာမှာ ဖြူဖျော့သွားသည်။ " ငတုံးမ၊ မင်းဘာဖြစ်နေတာလဲ " 


သူ့မျက်လုံးများက သူမရပ်နေသည့် နံရံ‌မှ သွေးကွက်များကို ရုတ်တရက် သတိပြုမိသွားပြီး ပို၍တောင် စိုးရိမ်သွားလေသည်။ 


" ဒဏ်ရာက ဘယ်မှာလဲ၊ ငတုံးမ။ မင်းကိုဆေးရုံပို့ပေးမယ် "


ထိုသို့ပြောပြီးနောက် ဖန်ကျင်းယွမ်ကို မင်းသမီးလေးကဲ့သို့ ပွေ့လိုက်ပြီး သွေးများ‌ ပေနေသည့် သူမ၏ လက်ကို ထိလိုက်သည်။


ဖန်ကျင်းယွမ်မှာ အလွန်ရှက်နေပြီး ဒေါသအလွန်ထွက်နေသဖြင့် သူ့ကို  သေသည်အထိပင် ပါးရိုက်လိုသည်။  " ဒဏ်ရာမရဘူး၊ ကျွန်မကို မြန်မြန်ချပေး "


ရှောင်ချန်ဖျင်က စိုးရိမ်တကြီး ပြောသည်။ " မင်းသွေးထွက်နေတယ်၊ ​​ဘာလို့ ဒဏ်ရာရတာလဲ။ စိတ်မပူပါနဲ့။ ငါ မင်းကို အခုချက်ချင်း ဆေးရုံပို့ပေးမယ် "


သူက ထိုသို့ ပြောပြီး သူမကို ပွေ့ဖက်ကာ စက်ဘီးနောက်ခုံမှာ ထိုင်စေလိုက်သည်။


ဖန်ကျင်းယွမ်သည် သူမကို လူတိုင်းကြည့်နေချိန် မလှုပ်ရှားဝံ့ပေ။ ရှောင်ချန်ဖျင်က စက်ဘီးကိုကွေ့လိုက်ကာ ဆေးရုံဘက်ဆီသို့ နင်းတော့မည့်အချိန်မှာတော့ သူမ အံကြိတ်ကာ ပြောလိုက်သည်။ 


" ကျွန်မ ဓမ္မတာလာနေတာ၊ ကျွန်မကို အခု အိမ်ပြန်ခေါ်သွားပေး "


ရှောင်ချန်ဖျင် "......"