အပိုင်း ၁၆၀
Viewers 19k

Chapter 160

အတွေ့အကြုံ စုဆောင်းခြင်း


သူတို့၏ ကြုံရာကျပန်း စကားဝိုင်းအပြီးတွင် မူရွှမ်က  ယောင်စစ်၏ တောင်းဆိုချက်ကို သဘောတူပြီး အသူတရာချောက်နက်‌ဆီသို့ သွေးစုပ်ဖုတ်ကောင်များ စေလွှတ်ခဲ့သည်။ 


ထိုကြောင့် ကောင်းကင်ဘုံဂြိုလ်တွင် စုံစမ်းစစ်ဆေးမှု ပြီးဆုံးသွားသော ယောင်ချမ့်က နယ်နိမိတ်ဆီသို့ တိုက်ရိုက်သွားရောက်ရသည်။ ယောင်မိသားစု၏ အကြီးအကဲ ဟူသည့်အတိုင်းပင် စုံစမ်းစစ်ဆေးမှုကို တစ်ရက်အတွင်း အပြီးသတ်နိုင်ခဲ့သည်။


" အရှင်မင်းကြီး အရင်နှစ်က နယ်နိမိတ်ဘက်ပိုင်းမှာ စကြဝဠာသားရဲတွေရဲ့ မူမမှန်တဲ့ လှုပ်ရှားမှုမျိုး မရှိခဲ့ပါဘူး ... သူတို့ရဲ့ အဆင့်နဲ့ ပေါ်လာတဲ့ အကြိမ်အရေအတွက်တွေကို ထည့်မတွက်ရင် တခြားနှစ်တွေနဲ့ သိပ်မကွာပါဘူး ..."


"နင် ပြောချင်တာ အသူရာချောက်နက်မှာ ဘာကိစ္စမှ မရှိခဲ့ဘူးပေါ့ .."

ယောင်စစ် ကြောင်အသွားသည်။ သူပြောနေသည်က တရားနည်းလမ်း မကျပေ။


" အရှင်မင်းကြီး ...  မျက်နှာပြင်ပေါ်မှာတော့ အဲ့လိုဖြစ်နေပုံရတယ်  ..."

ယောင်ချမ့်၏ အမူအရာက ကျဉ်းထဲကျပ်ထဲ ရောက်နေပုံရသည်။


" မျက်နှာပြင်တဲ့လား ... မင်း ဘာကို ပြောချင်တာလဲ ..."


" ဒီလိုမျိုးပါ ..."

အချက်အလက်များစွာကို သူပို့လိုက်သည်။


" လွန်ခဲ့တဲ့ ၁၅နှစ်အတွင်း စကြဝဠာသားရဲတွေရဲ့ ‌ထွက်ပေါ်လာတဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ပြီးတဲ့နောက် အရင်နှစ်ကမှ သိသိသာသာ တိုးပွားလျာတာကို ရှာတွေ့လိုက်ရတယ် ... အရင်ကဆိုရင် တစ်နှစ်ကို တစ်ကောင်ဆိုပေမယ့် ဒီနှစ်မှာက သုံးကောင်ရှိပြီ ... အရေအတွက် များလာတဲ့အပြင် တခြားမူမမှန်တာလည်း ရှိသေးတယ် ..."


" ဘာများလဲ ... "

ယောင်စစ် မေးလိုက်သည်။


" အရှင်မင်းကြီးတို့ တစ်ချက်ကြည့်လိုက်ပါ ..."

ဂလက်ဆီ မြေပုံကိုထိပြီး ဘေးဘက်သို့ သွားလိုက်သည်။ အနီစက်များကို ထောက်ပြကာ သူ ရှင်းပြသည်။


" ဒါတွေက အရင်နှစ်တွေတုန်းက ပေါ်လာဖူးတဲ့ စကြဝဠာသားရဲတွေပါ ပြီးတော့ ဒီဘက်‌ကတော့ ဒီနှစ်မှ ပေါ်လာတဲ့ သုံးကောင်ပါ ..."


ကွဲပြားသည့် သားရဲအုပ်စုနှစ်စုကို ယောင်စစ် ထပ်ခါထပ်ခါ ကြည့်နေသည်။ သို့သော် ကွာခြားချက်ကို မတွေ့ပေ။ 


" ဘာများ ကွာလို့လဲ ..."

သူမအတွက် အားလုံးက အတူတူဖြစ်နေသည်။ 


" နေရာကွာတာပဲ ..."

မူရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏လေသံက တင်းမာနေသည်။


" အရင်နှစ်တွေက သားရဲတွေက ဂြိုလ်သိမ်ဂြိုလ်မွှားတွေနဲ့ တခြားဂြိုလ်တွေအနီးပဲ ကျပန်းပဲ ပေါ်လာခဲ့တာ ... ဒါပေမဲ့ ဒီနှစ်မှာတော့ နယ်နိမိတ်နဲ့ နီးတဲ့နေရာမှာပဲ ပေါ်လာပြီး တခြားဂြိုလ်တွေဘက်ကို မသွားတော့ဘူး ..."


“…” 


ဂြိုလ်တွေဘက် မသွားဘူးလား ... သူတို့ အဲ့ဒီမှာ ဘာတွေလုပ်နေကြတာလဲ ...


" မှန်ပါတယ် ..."

ယောင်ချမ့် လျင်မြန်စွာ ပြောလိုက်သည်။


" အာကာသစခန်း ဘက်မှာ တာဝန်ကျတဲ့သူကို ကျွန်တော်မေးကြည့်ပြီးပြီ .. သူပြောတာက ဒီနှစ်ရှာတွေ့ခဲ့တဲ့ စကြဝဠာသားရဲသုံးကောင်ကို ကင်းလှည့်အဖွဲ့က သူတို့နဲ့ အလင်းနှစ်တစ်နှစ်ပဲကွာတဲ့ နယ်မြေ တစ်ခုတည်းကိုပဲ လာကာ သတိပြုမိခဲ့တယ် ... သူတို့ကို ကြည့်ရတာ အသူတရာချောက်ထဲက တူတူ ထွက်လာပုံပဲ ... အဲ့တာသာ အမှန်ဆိုရင် ..."


" အသူရာချောက်နက်ထဲမှာ စကြဝဠာသားရဲတွေ ရှိနေဦးမှာပဲ ..."

မူရွှမ်က အဆုံးသတ်လိုက်သည်။


ယောင်စစ်၏ နှလုံးသား နစ်မြုပ်သွားသည်။ ထိုသားရဲများက ဂြိုလ်တစ်လုံးကို တစ်ကိုက်တည်းနှင့်ပင် ဝါးမျိုနိုင်ကြသည်။ အကယ်၍ မြောက်များစွာသာ ရှိနေပါက စကြဝဠာတစ်ခုလုံး ဖျက်ဆီးခံရလိမ့်မည်။


" ငါနားလည်ပြီ ဘာမှ မလှုပ်ရှားသေးနဲ့ဦး ... ငါ အဲ့ဒီကိုလာမယ် ..."

မူရွှမ် ညွှန်ကြားလိုက်ပြီး ကွန်ပျူတာလက်ပတ်ကို ပိတ်လိုက်သည်။ ယောင်စစ်ဘက်လှည့်ပြီး ပြောလိုက်သည်။


" စစ်စစ် ကိုယ် ပြဿနာတွေ ရှင်းဖို့ အဲ့ဒီကို သွားရမယ် ..."


" ကောင်းပြီလေ ... ကျွန်မလည်း ..."


" ဒီတစ်ခါ မင်း လိုက်လို့မရဘူး ..."

သူမ စကားမဆုံးမီမှာပင် မူရွှမ်က ယောင်စစ်သူ့နောက်သို့ လိုက်ချင်သည့်အိမ်မက်ကို ဖျက်ဆီးလိုက်သည်။


" ဘာလို့လဲ ..."

သူပဲ ဘယ်တော့မှ ထားမသွားဘူးလို့ ကတိပေးထားပြီးတော့ ...


" အသူနရာချောက်နက်က အရမ်း အန္တရာယ်များတယ် ... မင်းကို ဂရုမစိုက်နိုင်မှာ စိတ်ပူလို့ ..."

သူမ ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်ပြီး သူ၏ အမူအရာက လေးနက်နေသည်။


" အခြေအနေတွေက မရှင်းလင်းသေးဘူး ... မင်း ဘေးနားမှာ ရှိနေရင် ကိုယ် အာရုံမစိုက်နိုင်မှာစိုးတယ် ... ကောင်းကောင်းနေခဲ့ပါ ... ကိုယ်က နေ့တစ်ဝက်လောက်ပဲသွားမှာပါ  နည်းနည်းလည်း ပိုကြာနိုင်တယ် ..."


" အို..."

သူမ ခေါင်းငြိမ့်လိုက်သည်။ အကြောင်းပြချက်ကို သူမ နားလည်သည်။ သူမက ကျိုးကြောင်းမဆီလျော် ဦး‌နှောက်မရှိသည့် မိန်းမငယ်လေး မဟုတ်ပေ။


ဒါပေမဲ့ သူက သူမအပျော်လိုက်ဖို့လည်း ခွင့်မပြုဘူးပေါ့ ...


(╯^╰)


" ကိုယ် အိမ်မှာမရှိတုန်း ထမင်းမှန်မှန်စား ... နောက်ကျတဲ့ထိ မနေနဲ့ စောစောအိပ် စကြဝဠာကွန်ယက်ကိုလည်း တစ်နေ့ ဆယ်နာရီထက်ပိုပြီး မသုံးနဲ့ ..."


" အင်းပါ အင်းပါ အင်းပါ... ကလေးထိန်းအဖေကြီး ..."

သူမက ကိုးနာရီလောက်ပဲ သုံးတာပါ ...


" မူရွှမ် ..."

သူမကို အမှန်ပြင်ပေးလိုက်သည်။


" ပြီးတော့ အရေးကြီးဆုံးအရာက ..."


" အင်း ..."


" သူစိမ်းတွေဆီက ဖုန်းကို လက်မခံနဲ့ အထူးသဖြင့် မိန်းမတွေဆီက ..."


“…”


လျန်ယုဆီကဖုန်းကို မကိုင်နဲ့လို့ပဲ ပြောလိုက်ပါတော့လား ...


╭∩╮(︶︿︶)╭∩╮


ဒီကိစ္စတွေက ကြာပြီကို သူ မမေ့နိုင်သေးဘူး ...


ခဏခန့် ပွစိပွစိပြောကာ အနီရောင်ဂြိုလ်မှ ထွက်မသွားပါဟု ယောင်စစ်ဆီမှ ကတိကို အကြိမ်ပေါင်းများစွာ တောင်းပြီးနောက် သူထွက်သွားရန်ပြင်နေသည်။ သို့သော် ယောင်စစ်က သူ့လက်ကိုဆွဲပြီး သတိပေးလိုက်သည်။


" မူရွှမ် ရှင်တစ်ခုခု မေ့မနေဘူးလား ..."


သူ ကြောင်အသွားသည်။ ထို့နောက် အတွေးတစ်ခုက စိတ်ထဲရောက်လာသဖြင့် မျက်နှာက နီရဲသွားသည်။ 


" အဟမ်း စစ် ... စစ်စစ် အဲ့ဒါက ..."

‌သူ နောက်သို့ တစ်လှမ်းဆုတ်ပြီး စကားများ ထစ်အနေသည်။


" ရှင် သဘောတူထားတယ်လေ ..."

ယောင်စစ် ရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး သူမမျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမ ၏ကိုယ်က သူ့ကို ဖိကပ်ထားလုနီးဖြစ်နေပြီး ခေါင်းမော့လိုက်သည်။


မူရွှမ်၏ မျက်နှာက နီရဲရာမှ ကြက်သွေးရောင်သန်းလာသည်။ သူမ မျက်နှာကို စိုက်ကြည့်လိုက်ပြီး တစ်စက္ကန့်အတွင်း သူ့စိတ်ကို ပြင်ဆင်လိုက်သည်။ ခါးကိုင်း၍ သူမ နှုတ်ခမ်းကိုနမ်းလိုက်ပြီး အာကာသ တံခါးဝမှ ထွက်ခွာသွားသည်။ ဖြစ်စဉ်တစ်ခုလုံးက မျက်စိတစ်မှိတ်ခန့်သာ ကြာလိုက်သည်။


“…” ယောင်စစ် 


ငါက ရောဂါပိုးကြီးလား ...


သူတို့၏ ပထမဆုံးအနမ်း‌တွင် သွေးထွက်လွန်သည့် အဖြစ်အပျက် ဖြစ်ပြီးနောက် တစ်စုံတစ်ယောက်က တစ်ယောက်တည်း ကြာမြင့်စွာ နေခဲ့ရပြီး အတွေ့အကြုံများ လျော့နည်းခဲ့သည်။


သူ၏ရှက်ရွံမှုကြောင့် စိတ်ခံစားချက်များကို မဖုံးကွယ်ထားရန် သူမ သူ့ကို ဆွဲဆောင်ခဲ့သည်။


အဟမ်း ... အရှက်မဲ့လိုက်တာ အား ....


သင့်လျော်သောဖြေရှင်းချက်ကို သဘောတူရန် သူမက စိတ်အားထက်သန်စွာဖြင့် ရိုးသားစွာ ပြောဆိုခဲ့သည်။


ဖြေရှင်းရန် အဓိကအချက် : အတွေ့အကြုံ

အဲ့ဒီ ကိစ္စအတွက် သူတို့ မကြာခဏနမ်းဖို့လိုတယ် ...


╮(╯▽╰)╭


ထို့ကြောင့်သူတို့က အချိန်ဇယားများကို ပြုလုပ်ထားသည်။

မနက်ခင်းအနမ်း နေ့လယ်အခန်း ညဘက်အနမ်း ... နှုတ်ဆက်အနမ်း ...


နှုတ်ဆက်အနမ်းက တစ်နာရီခန့်သာ နောက်ကျသည်။ သူမ တစ်ရေးအိပ်ပြီး နိုးလာစဉ်က ပေးခဲ့သော မနက်ခင်းအနမ်းထက်ပို၍ တိုးတက်လာသည်။


အမ် ...


နေပါဦး ... သူထွက်သွားတုန်းက နှာခေါင်းကို ဆွဲညှစ်လိုက်တာလား ...


-_-|||


တိုးတက်မှုကို ရုတ်သိမ်းတယ် ...


ယောင်စစ် သက်ပြင်းချလိုက်သည်။ 


မစ်ရှင်ကျရှုံးသွားပြီ ... သူမ ပိုကြိုးစားရတော့မယ် ...


သူမတွင် ကောင်လေးတစ်ယောက်အကြောင်း သုတေသနပြုရန် နည်းပေါင်း ၁၀၁နည်းရှိသည်။ အစောပိုင်းက ပျောက်ကွယ်သွားသည့် ဝင်ပေါက်က ပြန်ပွင့်လာသည်။


" စစ်စစ် ..."

မူရွမ် ရုတ်တရက် ပြန်ရောက်လာသည်။


သူမကို ဖက်ထားပြီး နှုတ်ခမ်းများကိုငုံ့ကာ နမ်းလိုက်သည်။ ယောင်စစ် အံ့အားသင့်သွားသည်။ သူမ မတုံ့ပြန်မီမှာပင် နှုတ်ခမ်းကို အကိုက်ခံရသည်ဟု ခံစားလိုက်သည်။ သူမ အသက်ကို မြန်မြန် ရှုနေရသည်။


နာတယ်ဟ ...


ခဏကြာသောအခါ သူမကို လွှတ်ပေးလိုက်သည်။ 


" ဒီလောက်ဆိုရပြီ ..."


တစ်ဖက်သို့လှည့်၍ ဝင်ပေါက်ထဲဝင်ပြီး ပျောက်ကွယ်သွားပြန်သည်။


“…” ထိတ်လန့်နေသော ယောင်စစ် 


ဒါ ဘာကို ဆိုလိုတာလဲ ...


သူမကို ကိုက်ဖို့ လမ်းတစ်ဝက်က လှည့်လာတာလား ...  ဒါမှမဟုတ် သူမရဲ့အတွေ့အကြုံ စုဆောင်းတဲ့ နည်းလမ်းကို မကျေနပ်တာများလား ...


o(>﹏<)o


ယောင်စစ် အတွေးထဲ နစ်မျောနေစဉ် တံခါးဘဲလ်သံ မြည်လာသည်။ ဘဲလ်သံ အဆက်မပြတ် မြည်နေသည့်အတွက် တစ်စုံတစ်ခု အရေးကြီးပုံရသည်။ တံခါးဖွင့်လိုက်သည့်အခါ မဆုံသည်မှာ အချိန်အတန်ကြာပြီဖြစ်သော  ကုရှုချန်းကို တွေ့လိုက်ရသည်။


" တူလေးကု ပျားရည်ဆမ်းခရီးကနေ ပြန်လာတာလား ..."


" သခင်မလေး ... အရှင်မင်းကြီး အိမ်မှာရှိလား ..."

သူ၏ အကျင့်စရိုက်နှင့် ကွဲပြားစွာ သူမပြောသည်ကို ဖြတ်ပြောလိုက်သည်။ သူ၏မျက်နှာက ထိတ်ထိတ်ပြာပြာဖြစ်နေပြီး အခန်းထဲ လှည့်ပတ်ကြည့်၍ မူရွှမ်ကို ရှာနေသည်။


" သူ အခုပဲ ထွက်သွားတာ ..."


" ဘာ ..."

သူ ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။


" သူ ဘယ်သွားလဲဆိုတာများ ပြောသွားသေးလား ... သူ့ကို ဆက်သွယ်လို့ ရနိုင်မလား ..."


" နယ်နိမိတ်ဘက်က အသူတရာချောက်ကို သွားတာ ..."


" သူ ဘာလို့ အဲ့မှာ ရောက်နေရတာလဲ ... သေရေးရှင်ရေး အချိန်မှပဲ အဲ့ကို ရောက်နေရတယ်လို့ ..."


" ဘာဖြစ်တာလဲ ... ဘာလို့ အလျင်လိုနေတာလဲ ..."

ယောင်စစ် မေးလိုက်သည်။


"သခင်မလေး ..."

သူက လက်သီးဆုပ်ထားပြီး မျက်နှာကလည်း လေးနက်နေသည်။


" အနီရောင်ဂြိုလ် ပြဿနာတက်နေပြီ ..."


ဘာ ...