အပိုင်း ၁၆၁
Viewers 16k

Chapter 161

ရန်သူများ သဘောကျကြသည့် အနီရောင်ဂြိုလ်


" ဘယ်လို ဖြစ်ရတာလဲ ..."

ယောင်စစ် တူလေးကုနှင့်တူတူ မထွက်ခွာမီ မူရွှမ့်ကို မက်ဆေ့တစ်စောင် ချန်ထားခဲ့သည်။


" အရင်က စကြဝဠာသားရဲတွေကို အမြစ်ပြတ်ချေမှူန်းခဲ့တဲ့ အချိန်နဲ့ သက်ဆိုင်နေတယ် ...."


" စကြဝဠာသားရဲတဲ့လား ... ဒုက္ခရောက်နေတာ အနီရောင်ဂြိုလ် မဟုတ်ဖူးလား ..."


" မဟုတ်ပါဘူး ..."

သူ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။


" ၁၃ယောက်မြောက်အကြီးအကဲ ပေးပို့တဲ့ အချက်အလက်တွေအရ ကျွန်တော်တို့ စုံစမ်း‌စစ်ဆေးခဲ့တယ် ဒါပေမဲ့ သိပ်မကြာခင်က ပိုင်ရိက အချက်အလက်တွေကို ပြန်ကြည့်ပြီး အနီရောင်ဂြိုလ်နဲ့ ပတ်သက်တာတစ်ခုကို ရှာတွေ့ခဲ့တယ် ..."


" ဘာများလဲ ..."


" ကျွန်တော်တို့ မသေချာသေးပါဘူး ..."

သူက ခေါင်းခါလိုက်ပြီး ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။


" အရင်က ဘယ်သူမှတော့ မတွေ့ဖူးဘူး  ဒါပေမဲ့ ကြည့်လိုက်တဲ့အချိန်ကျ နားလည်သွားမှာပါ ..."


လေယာဉ်က အရှိန်မြှင့်လာပြီး အကြီးအကဲကောင်စီ ဆီသို့ နှစ်မိနစ်အတွင်း ရောက်သွားသည်။ အံ့အားသင့်စရာ ကောင်းသည်မှာ အကြီးအကဲများက သူတို့ ရောက်ရှိလာသည်ကို မစောင့်ဆိုင်းနေကြပေ။ တူလေးကုက အထဲဝင်သွားပြီး သူမရင်ဘတ်တွင် ချိတ်ထားရန် လေးထောင့်ပုံစံပစ္စည်းတစ်ခု လာပေးသည်။


" ဒါက အမှုန်အမွှားတွေကို နေရာကူးပြောင်းပေးတဲ့ ကိရိယာပဲ ..."

သူ ရှင်းပြနေသည်။


" တည်နေရာကို ချိန်ထားပြီးတဲ့အတွက် အဲ့ဒီကို တိုက်ရိုက်ရောက်သွားမှာပါ ... အကြီးအကဲတွေလည်း အဲဒီမှာ စောင့်နေကြပြီ ..."


ယောင်စစ် သူ၏စကားလုံးများကို သံသယမဝင်ပဲ သူနှင့်တစ်ချိန်တည်းမှာပင် ခလုတ်နှိပ်လိုက်သည်။မျက်စိတစ်မှိတ်အတွင်း တခြားနေရာသို့ နေရာကူးပြောင်းသွားကြသည်။ အာကာသမှာ ကြီးမားကျယ်ပြန့်လွန်းသည့်အတွက် ပတ်ဝန်းကျင်တွင် အနက်ရောင်များဖြင့်သာ ပြည့်နေသည်။ ကောင်းကင်တွင် အလင်းရောင်ပေးသည့် ပစ္စည်းကိရိယာ ရှိနေသည့်အတွက် အလွန်မမှောင်ပေ။ 


" သခင်မလေး ဘာလို့ ဒီနေရာကို ရောက်လာရတာလဲ ..."

သူတို့ရောက်ရှိချိန်တွင် လူအုပ်ကြီးက သူတို့နားရောက်လာသည်။ အနီးကပ်ကြည့်လိုက်သည့်အခါ အကြီးအကဲများအပြင် တခြားလူများပါ စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ကြသည်ကို တွေ့လိုက်ရသည်။


ကုရှုချန်း ရှင်းပြတော့မည့်အချိန်တွင် ဒုတိယအကြီးအကဲ၏ မျက်နှာက မှောင်မည်းနေသည်။ ရှုချန်းဘက်လှည့်သို့ စိုးရိမ်ပူပန်မှုဖြင့် လှည့်လိုက်သည်။

" ဒါ အဓိပ္ပါယ် မရှိတာပဲ ... သူမက ငယ်သေးတယ်လေ ဒီလို အန္တရာယ်များတဲ့ နေရာကို ဘာလို့ခေါ်လာတာလဲ ... တစ်ခုခုဖြစ်ခဲ့ရင် အရှင်မင်းကြီးက ငါတို့အားလုံးကိုသတ်မှာ ..."


" ထားလိုက် ထားလိုက် ကျွန်မက သူ့ကို ခေါ်လာခိုင်းတာ ..." 

ယောင်စစ် ရှေ့သို့ထွက်လာ၍ ရှင်းပြလိုက်ကာ မူရွှမ်မည်သည့်နေရာတွင်ရှိကြောင်း စကားလမ်းကြောင်းလွှဲလိုက်သည်။


" အိုး ဟုတ်သားပဲ ထူးဆန်းတဲ့တစ်ခုခု တွေ့ထားတယ်ဆို အဲ့ဒါဘာလဲ ..."


အကြီးအကဲအားလုံး၏ မျက်နှာများက ဖြူဖျော့သွားပြီး တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဆုံနေကြသည်။ နောက်ဆုံး‌တွင် ဒုတိယအကြီးအကဲက ‌အနောက်သို့ ညွှန်ပြလိုက်သည်။

" သခင်မလေး အဲ့ဘက်ကို ကြည့်လိုက်ပါ ..."


သူမအကြည့်များက သူ၏လက်ချောင်းများနောက် လိုက်သွားသော်လည်း ထိုနေရာက မည်းမှောင်နေသည်။ အလင်းရောင် အလုံအလောက်မရှိသဖြင့် ထိုနေရာတွင် ဘာမှမရှိဟု မူလက ထင်လိုက်သော်လည်း အနီးကပ် ကြည့်လိုက်သည့်အခါ မျက်လုံးပြူးသွားသည်။


သေစမ်း ... ဘာကြီးလဲဟ ...


(⊙ o ⊙)


ထို မည်းမှောင်နေသော နေရာမှာ နေရာလွတ်တစ်ခု မဟုတ်ပေ။ ၎င်းကို ကြည့်ရသည်မှာ ဂနာမငြိမ်သော တစ်ခုခုဟု ထင်ရသည်။ ၎င်း၏ လှုပ်ရှားမှုများက ရေလှိုင်းများကို သတိရစေသည်။ ယောင်စစ် ရိတ်သိမ်းမြေမှ ရေများကို ရုတ်ချည်းသတိရမိသွားသော်လည်း သူမ အာရုံစိုက်ကြည့်လိုက်သည့်အခါ  ရေက အပြာရောင်မဟုတ်ပဲ အနီရောင် ဖြစ်နေသည်။ ကြီးမားသည့်အနီရောင် ရေကွက်များက နေရာတစ်ခုလုံး ပြည့်နေသည်။


အဲ့ဒါတွေ ကြည့်ရတာ သွေးနဲ့ တူသလိုပဲ ...


" ဘာ ... ဘာတွေလဲ ..."

အရည်တွေဆိုပေမယ့် ကောင်းကင်ဘုံဂ်ြိုလ်မှာ တွေ့ခဲ့တဲ့ ရေတွေတော့ သေချာပေါက် မဟုတ်ဘူး...


" နမူနာတွေ မရှိတော့ ကျွန်တော်တို့လည်း ဘာတွေဆိုတာ ဆုံးဖြတ်မရ ဖြစ်နေတယ် ..."

ဒုတိယအကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။


" ဒါပေမဲ့ သူက နေရာအကျယ်ကြီးယူထားတာ အနီရောင်ဂြိုလ်ရဲ့ ဆယ်ပုံတစ်ပုံလောက် ဖြစ်နေပြီ ..."


" တော်တော်များတာပဲ ..."

ယောင်စစ် ကောင်းကင်ဘုံဂ်ြိုလ်မှ အခြေအနေကို သတိရပြီး တအံ့တဩ အော်မိသွားသည်။


" အဲ့ဒီ ဧရိယာတစ်ဝိုက်ကိုရော သေချာစစ်ဆေးထားလား ... စကြဝဠာသားရဲတွေများ ရှိနေလား ..."


" မရှိပါဘူး ..."

သူက ခေါင်းခါပြလိုက်သည်။


" ကျွန်တော်တို့ ဒါကို တွေ့ပြီးတဲ့နောက် ‌ဂြိုလ်တစ်ခုလုံးကို စကင်န်ဖတ်ခဲ့ပေမယ့် သက်ရှိတွေရဲ့ အရိပ်အယောင် မတွေ့ရပါဘူး ..."


" တော်သေးတာပေါ့  ..."

ယောင်စစ် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။ ခေါင်းခါ၍ အနီရောင်သွေးစက်များကို ခြေတစ်လှမ်းတိုးပြီး ကြည့်လိုက်သည်။


" ဘာတွေ..."


" သခင်မလေး..."


သူမ စကားမဆုံးမီမှာပင် အော်ဟစ်သံ အမြောက်အများကို ကြားလိုက်ရသည်။


ယောင်စစ် လှည့်ကြည့်လိုက်သည့်အခါ ထိတ်လန့်နေသော မျက်နှာ အစုအပြုံလိုက်ကို မြင်လိုက်ရသည်။


" ဘာလို့လဲ ..."

သူမ ဘာမှ မလုပ်ထားဘူးနော် ...


" သခင်မလေး ဝင်လို့ရတာလား ..."

တူလေးကုက မေးလိုက်သည်။


" ဝင်တယ်တဲ့လား ..."

သူမ ကြောင်တောင်တောင် ဖြစ်သွားသည်။


သူ ဘာကိုဆိုလိုတာလဲ ...


" ဘာကို ပြောနေတာလဲ ... ငါဘယ်သွားလို့လဲ ..."


" သခင်မလေး မခံစားမိဘူးလား ..."

သူ၏ ထိတ်လန့်မှုက ပြင်းထန်လာသည်။ ကုရှူချန်း သူမ‌ဆီသို့ ခြေလှမ်း သုံး လေးလှမ်းခန့် တိုးလာသည်။ သူ၏ရှေ့မှ နေရာတစ်ခုကို ခံစားကြည့်လိုက်သည်။


" ဒီနေရာမှာ အရံအတားတစ်ခု ရှိတယ် ... ကျွန်တော်တို့ တစ်ယောက်မှ ဖြတ်သွားလို့ မရဘူး ..."


အရံအတားလား ... အဲ့ဒါမျိုး ရှိလို့လား ...

ယောင်စစ်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


‌တူလေးကု၏ နေရာဆီသွားကာ လက်ဆန့်လိုက်သည်။

" မရှိပါဘူး ..."


" ကျွန်တော်ထင်တာ သခင်မလေးကို သက်ရောက်မှု မရှိဘူးထင်တယ် ... ကျွန်တော်တို့ တစ်ယောက်မှ ဒီအရာဆီကို သွားလို့မရဘူး ..."

အကြီးအကဲများ မျက်မှောင်ကြုတ်နေသည်။


ထို့ကြောင့် သူတို့ အဝေးမှသာ ကြည့်နေကြခြင်းဖြစ်သည်။

" အဲ့ဒါ စိတ်စွမ်းအင်အတာအဆီးလား ..."

သုခညွတ်ကွင်းဂြိုလ်ပေါ်မှ သုတေသနဌာနတစ်ခုကို သူမ အမှတ်ရသွားသည်။


" မဟုတ်လောက်ဘူး ... "

ဒုတိယအကြီးအကဲက ခေါင်းခါလိုက်သည်။ 


" ဒီအချိန်မှာတော့ ဘာလဲဆိုတာ မသေချာသေးဘူး ... ကျွန်တော်တို့ကို အဲ့အစိုင်အခဲတစ်ချို့ကို ယူလာပေးလို့ ရမလား  ... အဲ့ဒါမှ စမ်းသပ်စစ်ဆေးပြီး ဘာဆိုတာ ဆုံးဖြတ်ရမှာ ..."


" ကောင်းပါပြီ ..." 

ယောင်စစ် လက်ဆန့်ထုတ်၍ ဓာတ်ခွဲခန်းဖန်ပြွန်တစ်ခုကို ယူလိုက်သည်။ သူ မ ထိုအရည်များနှင့် နီးလာလေ သူမစိတ်ထဲတွင် ရင်းနှီးသည့် ခံစားချက်တစ်မျိုး ရလာလေဖြစ်သည်။


ဒါကို သိနေသလိုပဲ ... တစ်နေရာရာမှာ မြင်ဖူးတာများလား ...


မပြတ်သားသော ခံစားချက်များကို ဘေးဖယ်ထား၍ ဒုတိယအကြီးအကဲ၏ ညွှန်ကြားချက်အတိုင်း လိုက်နာလိုက်သည်။ ဖန်ပြွန်ကိုဖွင့်ပြီးနောက် အရည်များဆီသို့ လက်ဆန့်ထုတ်လိုက်သည့်အခါ အော်သံများ ကြားလိုက်ရသည်။


" သခင်မလေး သတိထားပါ ..."


ယောင်စစ်၏နှလုံးသားက နစ်မြုပ်သွားပြီး ခေါင်းမမော့မီ နောက်ပြန်ဆုတ်လိုက်သည်။ ငြိမ်သက်နေသော အရည်များက ဒေါသတကြီး ပွက်ပွက်ဆူနေပြီး အနီရောင်လှိုင်းကြီးများကို လေထဲသို့ ပို့လိုက်ပုံရသည်။ သူမကို ကြီးမားသော လက်ကြီးက ဆွဲယူနေသကဲ့သို့ပင်။


သေစမ်း ...


 သူမ ခြေလှမ်းအတော်များများ ဆုတ်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ စိမ့်ထွက်နေသော သွေးများက သူမကိုယ်ကို မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်ထားကာ လှုပ်မရ ဖြစ်စေသည်။


" သခင်မလေး ..."

အကြီးအကဲများ အလန့်တကြား အော်လိုက်ကြသည်။ သူတို့၏စွမ်းရည်များကို တစ်ချိန်တည်းမှာပင် အသက်သွင်းပြီး သူမကို ကယ်ဆယ်ရန် ပြင်လိုက်ကြသည်။  အကြိမ်မည်မျှ ကြိုးစားပါစေ အရာအားလုံးက လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။ ထိုအချိန်တွင် ယောင်စစ် အတားအဆီးကို မြင်လိုက်ရသည်။  ၎င်းက ရှင်းလင်းပြတ်သားပြီး အာကာသကို သီးခြားနေရာနှစ်ခုအဖြစ် ပိုင်းခြားထားလိုက်သည်။


" ဟမ့် ... မင်းကို ရှာစရာမလိုပဲ ငါ့ဆီ ကိုယ့်ဘာသာရောက်လာမယ် မထင်ထားဘူး ..."

သူမနောက်မှ တုန်လှုပ်ခြောက်ခြားဖွယ်အသံကြီး ထွက်လာသည်။ 


ဒီအသံက ... ဟို သောက်နှာဘူးပဲ ...


သေစမ်း ... ဘာလို့ သူက ဒီရောက်နေတာလဲဟ ... ဘာလို့ ရန်သူတွေအားလုံးက အနီရောင်ဂြိုလ်မှာ ပုန်းရတာကို သဘောကျနေရတာလဲ ...


ယောင်စစ် ကြောင်အသွားပြီး ကြက်သီးများပင် ထလာသည်။ တစ်ဖက်သို့လှည့်၍ သူ့ကို ကယ်တင်ရန်ကြိုးစားနေသော လူအုပ်ကြီးကို အော်ပြောလိုက်သည်။ 


" ဒီနေရာက ထွက်သွားကြတော့ ..."


" အရမ်း နောက်ကျသွားပြီး ..."

သွေးများထဲမှ အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ထွက်လာသည်။ သူမကို ယခင်ကကဲ့သို့ အထင်အမြင်သေးစွာ မျက်မှောင်ကြုတ် ကြည့်လိုက်သည်။ အထင်သေးမှုနှင့် အဖက်မတန်သကဲ့သို့ အကြည့်များက သူ၏မျက်လုံးထဲမှ လျှံထွက်လာသည်။


" ငါ မင်းကို ဟိုမျိုးမစစ်တွေနဲ့ တစ်ယောက်တည်း ထားခဲ့ချင်ပေမယ့် ငါ့ရဲ့ ငြိမ်းချမ်းမှုကို နှောင့်ယှက်ရဲလို့ သေဖို့ အသင့်ပြင်ထားလိုက်တော့ ..."