🤚Chapter 93
အရက်ကြောင့် သို့မဟုတ် သူမဝမ်းဗိုက်ပေါ်ရှိဝမ်ယွီလက်ချောင်းများ၏ ညင်သာသောအထိအတွေ့ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျိအန်းနဥ်၏မျက်လုံးများ မှုန်မှိုင်းလာပြီး သူမ၏နှင်းသဖွယ်ဖြူဖွေးသော မျက်နှာထက်တွင် အနီရောင်သန်းလာသည်။
ဝမ်ယွီက သူမ၏ ဤအခြေအနေကို သဘောကျနေသည်။ မကြာသေးမီက သူက ဖိအားများစွာအောက်တွင် ရှိနေခဲ့ပြီး သူမနှင့် အတူရှိရန် အချိန် သို့မဟုတ် အင်အားများစွာ မရှိခဲ့ပေ။ နေ့တိုင်း သူမက အိမ်ပြန်လာပြီး အေးအေးဆေးဆေး စာကျက်၊ စာအုပ်ဖတ်ကာ အင်တာနက်သုံးနေရသည်။
သူမက တိတ်ဆိတ်လွန်းသဖြင့် သူ့ကို သူမအတွက်စိတ်မကောင်းဖြစ်စေသည်။
ရံဖန်ရံခါတွင်၊ စီးပွားရေးကိစ္စများကို ကိုင်တွယ်နေရင်းပင် ဝမ်ယွီက သူမကို စူးစိုက်ကြည့်နေတတ်သည်။ အရာအားလုံးပြီးသွားသည်နှင့် သူက ယခင်ကကဲ့သို့ ကျိအန်းနဥ်၏ဘဝကို တက်ကြွမှုနှင့် ရယ်မောခြင်းများဖြင့် ပြည့်စေရမည်ဟု တွေးခဲ့သည်။ သူက သူမကို စွမ်းအင်ပြည့်အောင် ပြန်လုပ်ပေးရန် စိတ်ပိုင်းဖြတ်ထားသည်။
နောက်ဆုံး အလုပ်အားလုံးပြီးသွားသည့်အခါ ကျန်ကိစ္စများကို သူ့အဖေထံတွင် ထားခဲ့လိုက်တော့သည်။
နောက်ဆုံးတွင် သူက သူမအတွက် သူ့အချိန်အားလုံးကို မြှုပ်နှံနိုင်ခဲ့သည်။
ကျိအန်းနဥ် အနည်းငယ်မူးနေသည်။
ဝမ်ယွီက ညစ်ကျယ်ကျယ်ဖြင့် စနောက်နေရင်း သူမကို အရက်များငှဲ့ပေးနေသည်။ သူ၏ညစ်ကျယ်ကျယ်ပြုံးနေမှုကြောင့် ကျိအန်းနဉ်က သူ မည်သို့ ဆိုးရွားသောအရာများလုပ်ရန် စီစဉ်နေသည်ကို မတွေးဘဲမနေနိုင်ပေ။
သို့သော် ဝမ်ယွီ၏ လွန်ခဲ့သည့်နှစ်လက အေးစက်စက်နှင့်အလေးအနက်ဖြစ်နေသည့်ပုံဖြင့် ယှဉ်ကြည့်ပါက ယခုကဲ့သို့ ညစ်ကျယ်ကျယ်ပြုံးကာ တောက်ပသော မျက်ဝန်းများနှင့် ဝမ်ယွီကို ပိုနှစ်သက်မိသည်။
၎င်းက သူ စိတ်သက်တောင့်သက်သာရှိနေစဉ်တွင် ဖြစ်တတ်သော ပုံစံဖြစ်သည်။
ဝမ်ယွီက သူမကို အိမ်ပြန်ခေါ်သွားမည်ဟု ထင်ခဲ့သော်လည်း သူမကို အံ့ဩသွားစေသည်မှာ စားသောက်ဆိုင်က ထွက်သွားပြီးချိန်၌ သူက သူမကိုဓာတ်လှေကားထဲခေါ်သွားလေသည်။
"ကျွန်မတို့ ဒီနေ့အိမ်မပြန်ဘဲ ဒီမှာ နေကြမလို့လား..."
သူက သူမကိုဓါတ်လှေကားအတွင်းဘက်ထဲထည့်လိုက်ပြီး နမ်းရန် ခေါင်းငုံ့လိုက်သည်။
မူလတည်းက ဤအဆောက်အဦးမှာ နာမည်ကြီးဟိုတယ်တစ်ခုဖြစ်သည်။
"ဒါ မတရားဘူး... ရှင်က ကျွန်မထက်တောင်သောက်တာ နည်းသေးတာကို..."
ကျိအန်းနဉ်က ညည်းညူနေသည်။
ဝမ်ယွီက ရယ်ပြီးပြောလာသည်။
"ဘယ်နေရာကလဲ ...ကိုယ်တို့တွေ အတူတူသောက်ခဲ့တာပဲလေ မဟုတ်ဘူးလား..."
ကျိအန်းနဉ်က သူ့ကော်လံကို ဆောင့်ဆွဲလိုက်ကာ မယုံကြည်ပေ။
"ဒါဆိုရင် ရှင်ဘာလို့ နည်းနည်းမှ မမူးနေရတာလဲ..."
သူမက မတ်တပ်ရပ်နေရင်းင် အနည်းငယ်မတည်မငြိမ်ဖြစ်ပြီး မူးဝေနေသော်လည်း ဝမ်ယွီက လုံးဝမမူးနေပုံရသည်။ သူ့မျက်လုံးများ မီးတောက်နှစ်ခုလို တောက်ပနေသည်။
ဝမ်ယွီ၏ ရယ်သံက သူ့ရင်ဘတ်ထဲတွင် တုန်ခါသွားစေသည်။ သူက သူမနားဆီကို ငုံ့ပြီး တိုးတိုးလေး တိုးတိုးလေးပြောလာသည်။
"ကိုယ်မူးနေရင် ဒီညက ပျော်စရာကောင်းမှာ မဟုတ်ဘူးလေ..."
သူက သူမအတွက် ထိလွယ်ရှလွယ်သောနေရာဖြစ်သည့် ကျိအန်းနဥ်၏နားရွက်ကို ညင်သာစွာ စုပ်ယူလိုက်သည်။
သူမတွင် ထိလွယ်ရှလွယ်နေရာများစွာရှိ၍ ၎င်းတို့ကို စေ့စေ့စပ်စပ်စူးစမ်းရန် အခွင့်အရေးမရခဲ့သေးပေ။ ယနေ့ညက ပြီးပြည့်စုံသည့် အခွင့်အရေးပင်။
သူ့၏သွက်လက်သောလျှာက သူမနားအတွင်းပိုင်းကို လှည့်ပတ်နေရာ ကျိအန်းနဥ် ဒူးများ ပျော့ခွေမတတ်ဖြစ်သွားသည်။
ဓာတ်လှေကားက “ဒင်”ခနဲ အသံမြည်လာသည်။
ဝမ်ယွီက ခေါင်းငုံ့၍ ကျိအန်းနဥ်ကို သူ့ရင်ခွင်ထဲကို လှမ်းဆွဲပြီး မတ်တပ်ရပ်လိုက်သည်။
ကျိအန်းနဥ် သက်ပြင်းချကာ သူ့ကိုယ်သူ တည်ငြိမ်စေရန် ဝမ်ယွီ၏ ခေါင်းနှင့် ပခုံးများကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။
ဝမ်ယွီက သူမကို တခဏခန့် ရွှတ်နောက်နောက် မြှောက်လိုက်ပြီး ကလေးတစ်ယောက်ကို ချီထားဟန်ဖြင့် သူ့လက်မောင်းပေါ် ထိုင်ခိုင်းလိုက်သည်။ ကျိအန်းနဉ်က သူ့ပခုံးနှစ်ဖက်ကို ပွေ့ဖက်ကာ ရယ်မောလိုက်သည်။
အခန်းက ကျယ်ဝန်းပြီး အိပ်ခန်းထဲတွင် ကြီးမားသော ကုတင်တစ်လုံးနှင့် ကြမ်းပြင်မှမျက်နှာကြက်အထိ ပြတင်းပေါက်များရှေ့တွင် စက်ဝိုင်းပုံအနှိပ်ရေချိုးကန်ပါရှိသည်။
ဝမ်ယွီက ကျိအန်းနဥ်ကို ကုတင်ပေါ်သို့ လှဲချလိုက်ရာ သူမ ချက်ချင်းပင် နစ်မြုပ်သွားခဲ့သည်
သူမ လှည့်ပတ်ကြည့်နေရင်း မူးဝေသွားကာ အစတွင် ထူးခြားသော အိပ်ရာတစ်ခုဟု ထင်မိသော်လည်း ကုတင်ကို ထူထဲသော နှင်းဆီပွင့်ချပ်များဖြင့် ဖုံးလွှမ်းထားကြောင်း သူမ သိလိုက်ရသည်။
ဝမ်ယွီက နှင်းဆီအနီကို မသုံးခဲ့ပေ။ ၎င်းကို သက်လတ်ပိုင်းအရွယ်လူများသာ လက်ထပ်ခွင့်တောင်းရာ၌ သုံးသည်ဟုထင်၍ သူနှင့် ကျိအန်းနဥ်နှစ်ယောက်လုံးအတွက် ခေတ်နောက်ကျလွန်းသည်ဟု ခံစားခဲ့ရသည်။ သူက ကျိအန်းနဉ်၏ နူးညံ့သောပါးပြင်နှင့်တူသော နို့နှစ်ရောင်ပေါ်တွင် ပန်းရောင်သန်းနေသည့် နှင်းဆီပန်းများကိုသာ သုံးခဲ့သည်။
သူတို့၏အဝတ်အစားများ ချွတ်လိုက်သောအခါ ဝမ်ယွီက သူ၏အကြံအစည်ကို အတည်ပြုခဲ့သည်။
ယခုချိန်က သူမနှင့်သူ့အကြားတွင် ယခင်ကကဲ့သို့ အလွန်ညှဉ်းပန်းခြင်း၊ မှောင်မိုက်ခြင်းနှင့် ဖိနှိပ်ခြင်းမျိုး မဖြစ်သင့်ပေ။ ဝမ်ယွီက သူမကို သေသေချာချာ လျော်ကြေးပေးရန် ဆုံးဖြတ်ခဲ့သည်။
သူက မီးကဲ့သို့ ပြင်းထန်ပြီး ကျိအန်းနဥ်ကို အရည်ပျော်သွားစေသည်။
အော်ဟစ်ညည်းညူသံ၊ ရေရွတ်သံ၊ သာယာသံများပေါ်လာသည်။
ကျိအန်းနဥ်၏မျက်ဝန်းများမှ မျက်ရည်များ စီးကျလာသည်။
ဝမ်ယွီက ပြုံးပြီး တစ်ခုခုပြောလိုက်သည်။
ကျိအန်းနဉ်က သူမမျက်လုံးများကိုအုပ်ရန် လက်မြှောက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။
ကုတင်ပေါ်မှ နှင်းဆီပွင့်များက ဒီရေကဲ့သို့ စီးကျလာသည်။
ကျိအန်းနဉ်က သူမ၏ ဘဝတွင် ပထမဆုံးအကြိမ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်
သူမ ရေအိုင်မှ အခိုးအငွေ့အဖြစ်သို့ အသွင်ပြောင်းလဲသွားသလို လွင့်ပျံ့တက်လာကာ နောက်ဆုံးတွင် တိမ်များဆီသို့ ရောက်သွားသလို ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကရှင်သန်မြူးကြွလျက် အခြားအချိန်များထက် ပိုအသက်ရှင်နေခဲ့သလို ခံစားခဲ့ရသည်။
သူမသည် ဝမ်ယွီကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။
ဝမ်ယွီသည် ပူလောင်နေပြီး သူ၏တက်ကြွမှုကို ကျိအန်းနဉ် နှင့် မျှဝေခဲ့သည်။
သို့သော် ဝမ်ယွီက မကျေနပ်သေးပေ။
ခဏအနားယူပြီးနောက် ကျိအန်းနဥ်ကို ကြမ်းပြင်မှ မျက်နှာကြက်ထိနေသော ပြတင်းပေါက်ရှေ့ရှိ ရေချိုးကန်ကြီးထဲသို့ သယ်ဆောင်သွားသည်။
ကျိအန်းနဉ်၏ ခံနိုင်ရည်က ကုန်ဆုံးနေပြီဖြစ်ပြီး သူမသည် အရက်လည်း သောက်ထားသေးသည်။ ရေပူပူထဲတွင် စိမ်နေခြင်းကြောင့် အရက်၏သက်ရောက်မှုက သူမကို တစ်ကြိမ်တည်း လာရောက်ရိုက်ခတ်သွားသည်။
ဝမ်ယွီက သူမကို မပွေ့ဖက်ထားပါက သူမရေနစ်သွားနိုင်သည်။
အိပ်ခန်းမီးများပိတ်ထားပြီး ရေချိုးကန်မှနေ၍ စည်ကားနေသောမြို့၏ ရောင်စုံမီးရောင်များကို မြင်တွေ့နိုင်သည်။
ကျိအန်းနဉ်က ဝမ်ယွီပခုံးပေါ်၌ မှီကာ ဖန်ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိ နီယွန်မီးများကို သူမ၏ လက်မောင်းပေါ်သို့ ထိုးဖောက်ဝင်ရောက်လာသည်ကို သတိပြုမိသည်။
သူမ မျှော်ကြည့်လိုက်သည့်အခါ အနီးအဝေးမှ ခေါင်မိုးများစွာကို တွေ့လိုက်ရသည်။ သူမ၏အကြည့်များက မှုန်ဝါးနေ၍ ပိုကောင်းကောင်းကြည့်နိုင်ရန် မျက်လုံးကို မှေးစင်းလိုက်သည်။
ဝမ်ယွီက ရုတ်တရက်ပြောလာသည်။
" ဒီရေချိုးကန်ကို အီတလီက နာမည်ကြီးအနုပညာရှင်တစ်ယောက်က ဒီဇိုင်းဆွဲထားတာ... "
"ဟမ်..."
ကျိအန်းနဉ် အံ့ဩသွားသည်။ သူမ၏ ခေါင်းထဲပေါ့ပါးသွားကာ ဝမ်ယွီက အဘယ်ကြောင့် ဤအကြောင်းအရာကို ရုတ်တရက် ပြောပြလာသည်ကို နားမလည်ပေ။
"မင်းသိလား..."
ဝမ်ယွီက သူမနားကို ငုံလိုက်သည်။
"ဒီရေချိုးကန်ထဲက လိုင်းတိုင်းက ရည်ရွယ်ချက်တစ်ခုရှိတယ်လေ..."
ကျိအန်းနဥ်သည် ပို၍ပင် အံ့သြသွားကာ သူမနှုတ်ခမ်းများ ကို အနည်းငယ်ပွင့်ဟလိုက်သည်။ သူမ၏ မျက်လုံးများတွင် မှုန်မှိုင်းနေသည့် အလွှာတစ်ခု ရှိနေပြီး စိတ်ရှုပ်ထွေးကာ အပြစ်ကင်းသည့်ပုံပေါက်နေသည်။
ဝမ်ယွီက အစောပိုင်းရှိ သူ့ခန္ဓာကိုယ်အောက်မှ ငိုကြွေးသံများနှင့် မပျောက်ကွယ်သေးသော နွေးထွေးမှုတို့ကို သတိရကာ သူ့ခန္ဓာကိုယ်က အစွမ်းအစကို ပြန်လည်စုစည်း၍ အဆင်သင့်အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
“လာပါကွာ ကြိုးစားကြည့်ရအောင်...”
သူက သူမကိုချော့ပြီး သူ့ပုခုံးများကို ဆုပ်ကိုင်ထားသည့် လက်များကို လွှတ်ခိုင်းလိုက်ပြီး ရေချိုးကန်နံရံကို မှီရန် တိုက်တွန်းလိုက်သည်။
ထိုနေရာတွင် ကွေးကောက်သော အသွင်အပြင်များနှင့် အောက်ခြေများပါရှိပြီး ကျိအန်းနဉ်က သူမ၏ခန္ဓာကိုယ်ကို လိုက်ဖက်ညီစွာ ထောက်ထားနိုင်သည်ကိုတွေ့သွားသည်။
၎င်းက အလွန်သက်တောင့်သက်သာရှိလေသည်။
“ကြည့်လေကိုယ်ပြောသားပဲ လိုင်းတစ်ခုချင်းစီက သူ့ရည်ရွယ်ချက်နဲ့ သူရှိတယ်လို့... ”
ဝမ်ယွီက သူမနောက်ကျောကို ဖိကာ နားနားကပ် ပြောလိုက်သည်။
သူ့အသံက အက်ရှနေပြီး ပူနွေးသောအသက်ရှုသံကို ကျိအန်းနဥ်၏နားထဲသို့ မှုတ်ထုတ်လိုက်သောကြောင့် သူမအတွက် အတော်လေး နေရခက်သည်။ သူမ ရင်တထိတ်ထိတ်မဖြစ်ဘဲ မနေနိုင်တော့ပေ။
ဝမ်ယွီက သူမကို ရုတ်တရက် အားဖြင့်ဆုပ်ကိုင်လိုက်ပြီးနောက် အလျင်အမြန်တိုးဝင်လာသည်။
ကျိအန်းနဥ်က လေကိုရှူထုတ်လိုက်ပြီး သူမ၏လက်ကို ရှေ့သို့ဆန့်ကာ အလိုလိုထောက်ထားလိုက်မိသည်။
အမှန်ပင် လိုင်းတစ်ကြောင်းစီ၌ ရည်ရွယ်ချက်က်ုယ်စီရှိသည်။
ကျိအန်းနဥ်က ပေါ့ပါးသွားသည်ကို ခံစားရပြီး တွန်းတိုက်မှုများ ပြင်းထန်လာသောအခါတွင် သူမ မျက်လုံးများကို ဖွင့်လိုက်သည်။ သူမ မှန်မှတစ်ဆင့် လှမ်းကြည့်လိုက်သောအခါ တစ်မြို့လုံးယိမ်းယိုင်နေရာ သူမကိုပင် မူးဝေစေသည်။
ကျိအန်းနဥ် မျက်လုံးများကိုမှိတ်ကာ ပြန်ဖွင့်လိုက်သည်။
ခပ်လှမ်းလှမ်းရှိ အဆောက်အအုံများက ရင်းနှီးနေပုံရသည်။
သို့သော် နောက်ဆုံးတွင် ကျိအန်းနဉ်အဝေးက အဆောက်အဦးကို မြင်နိုင်ခဲ့သည်။
သူမ ထိုနေရာကိုသိသည်။ သူမ၏ အတိတ်ဘဝတွင် ကျိအန်းနဥ်က ထိုအဆောက်အဦးမှ ပြုတ်ကျခဲ့ပြီး သူမသေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ကျိအန်းနဉ်က ငိုရှိုက်မိသွားသည်။
“ဝမ်ယွီ ဝမ်ယွီ... ”
ဝမ်ယွီသည် ထိုပူလောင်နေသည့် အခိုက်အတန့်တွင် အသက်ရှုသံပြင်းပြင်းဖြင့် ပြန်ဖြေလိုက်သည်။
“ ဒါလင်...”
ကျိအန်းနဉ်က တီးတိုးပြောသည်။
" ကျွန်မ သေတော့မယ်..."
ဝမ်ယွီက သေခြင်းရှင်ခြင်း၏ အစွန်းအဖျားသို့ ရောက်နေပြီဖြစ်ပြီး ကျိအန်းနဥ်၏ စိတ်လှုပ်ရှားမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါတွင် သူက ညည်းတွားသံကို ထုတ်လွှတ်လိုက်သည်။
နောက်တစ်နေ့ နိုးလာသောအခါတွင် ကျိအန်းနဥ်ကအရက်နာကျခြင်း၏အကျိုးဆက်ကြောင့် ခေါင်းကွဲမတတ် ခံစားနေရသည်။
ပိုဆိုးသည်မှာ သူမ၏ ခန္ဓာကိုယ်နာကျင်နေခြင်းပင်။ သူမခြေထောက်များကို လှုပ်ရန်ကြိုးစားသည့်အခါ ကြွက်သားများက တုန်ယင်နေသည်။
ကျိအန်းနဉ် ယမန်နေ့ညက အဖြစ်အပျက်အပိုင်းအစများကို မှတ်မိသွားကာ ခဏတာ မှင်တက်သွားသည်။
လွန်ခဲ့သော နှစ်လမှ စိတ်ဆန္ဒအားလုံးကို လွှတ်ပေးခဲ့သောကြောင့် ဝမ်ယွီနှင့် ယမန်နေ့ညတွင် အကြိမ်ပေါင်းမည်မျှ ဖြတ်သန်းခဲ့ရသည်ကို မည်သူမှမသိနိုင်ပေ။
ကျိအန်းနဉ်က အကြိမ်အရေအတွက် အတိအကျကို မမှတ်မိသော်လည်း ဤလူယုတ်မာက ရယ်မောနေရင်း ရဲတင်းလာကာ ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်ကို သတိရမိသည်။
ကျိအန်းနဥ် ညည်းညူရင်းမှောက်လျက် ဝမ်ယွီ၏ကိုယ်ပေါ်တွင် လဲလျောင်းရင်း အားနည်းစွာဖြင့် ပြောလာသည်။
“ဟေး…”
ဝမ်ယွီသည် တစ်ညလုံး လှုပ်ရှားနေခဲ့ရ၍ မျက်လုံးများကို မှုန်ကုပ်ကုပ်ဖွင့်လာကာ သူမကို မော့ကြည့်ပြီး ပွေ့ဖက်ရန် လက်မောင်းကို မြှောက်လိုက်သည်။
“မနေ့ညက...ရှင် အကာအကွယ်သုံးခဲ့လား..”
ကျိအန်းဥ်က ချီတုံချတုံအသံဖြင့် ပြောလာသည်။
ဝမ်ယွီ မျက်လုံးမှိတ်၍ လက်ကိုမြှောက်ကာ အိုကေဟူသည့် သင်္ကေတလုပ်လိုက်သည်။
စိတ်မချရသေး၍ ကျိအန်းနဥ်က ထပ်မေးသည်။
“ရေချိုးကန်ထဲမှာရော...”
ဝမ်ယွီက အိုကေသင်္ကေတကို ထပ်လုပ်ပြသည်။
ကျိအန်းနဥ် သက်ပြင်းတစ်ချက်ချကာ သက်တောင့်သက်သာ လှဲလျောင်းနေတော့သည်
" စိတ်မပူပါနဲ့... ကိုယ် မင်းကို ဒီလိုဒုက္ခတွေ မဖြစ်စေရဘူး..."
ဝမ်ယွီ၏အသံက အနည်းငယ်အက်ရှပြီး ပျင်းရိပျင်းတွဲဖြစ်နေသေးသည်။
ကျိအန်းနဥ်က လွန်ခဲ့သော နှစ်လတည်းက သူမ၏ဆံပင်ကို မညှပ်ထား၍ ယခင်ထက် ပိုရှည်လာကာ နှုးညံ့ပြီးအေးနေသော ဝမ်ယွီ၏ ရင်ဘတ်ပေါ်တွင် လဲလှောင်းနေသည်
သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။
စွန်းယာရှန့်က ဖျားနာမှုကြောင့်ခွင့်ရက်များစွာ ယူခဲ့ရသည်။ ကျိအန်းနဉ်က အကြောင်းအရင်းကို သိနေသည်။
သူမတစ်ယောက်တည်းသာ သိရုံမဟုတ်ဘံ အခြားသူများလည်း သိသည်။ အတန်းထဲတွင် ကောလာဟလအချို့ တိတ်တဆိတ် ပျံ့နှံ့နေခဲ့သည်။
စွန်းယာရှန့် ယခင်က အကြိမ်ပေါင်းများစွာ အော့အန်ခဲ့သည်ကို အချို့သောလူများက မြင်ဖူးသည်။ သူမ ရုတ်တရက် နေမကောင်း၍ ခွင့်ယူလိုက်သည့်အခါ ကွက်ကွက်ကွင်းကွင်း စိတ်ကူးစိတ်သန်းများနှင့် တချို့က အမှန်တရားကို ခန့်မှန်းနိုင်ကြသည်။
စွန်းယာရှန့် ရက်အတော်ကြာ အနားယူနေသော်လည်း ပြန်လာသောအခါတွင် သူမ၏ အသားအရေက ပြန်လည်ကောင်းမွန်လာခြင်းမရှိပေ။
သူမက အားအင်ချို့တဲ့နေပုံရသည်။ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေသော်လည်း သူမနှင့်ပတ်သက်သည့် ဝမ်းနည်းကြေကွဲစရာများ ရှိနေသည်။
ဤသည်မှာ လက်တွေ့ဘဝတွင် သတိထားစရာပုံပြင်တစ်ခုဖြစ်ပြီး ကျိအန်းနဉ်လည်း သတိထားရန် အာရုံမစိုက်ဘဲ မနေနိုင်ပေ။ သူမကိုယ်သူမ ဂရုစိုက်ရန် တိတ်တဆိတ်သတိထားနေသည်။
သို့သော် လူတစ်ဦးက မောပန်းနွမ်းနယ်လာသည်နှင့်အမျှ စိတ်တည်တည်ငြိမ်ငြိမ်နှင့် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိကြပေ။ သူမ ယနေ့မနက် အိပ်ရာနိုးလာသည့်အခါ နောင်တရခဲ့သည်။
ကံကောင်းစွာနှင့်ပင် ဝမ်ယွီဟာ သတိကပ်နေခဲ့ပေသည်။
သို့သော် အမှန်တွင် သူ့ကိုသာ အပြစ်တင်ရပေမည်။
ကျိအန်းနဥ်က သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ဆိတ်ဆွဲလိုက်သည်။
"ရှင် ကျွန်မကို နောက်တစ်ခါ မူးအောင် လုပ်ခွင့်ခွင့်မပြုဘူး..."
ဝမ်ယွီက နိုးလာသည်အထိ ရယ်မောကာ ပြောသည်။
“မင်း မူးနေတဲ့အချိန်မှာ ခေါင်းရှင်းနေတာ မဟုတ်ဘူးလား...”
ထို့နောက် နှစ်ယောက်သား ပင်ပန်း၍ အိပ်ပျော်သွားသည်။
ကျိအန်းနဉ်က အတွေ့အကြုံ များများစားစား မရှိသဖြင့် အရက်က သူမအား စည်းကမ်းပျက်အောင် ကူညီပေးနေသည်။ မူးလာသောအခါတွင် သူမ၏ မှုန်ရီဝေသော အကြည့်နှင့် ပါးပြင်များက စွဲမက်ဖွယ်ကောင်းသည်။
ဝမ်ယွီက ထိုညတွင် ထူးကဲသော အတွေ့အကြုံကို ရရှိခဲ့သည်။
“နည်းနည်း ထပ်အိပ်ရအောင်...”
သူက သူမကို လှမ်းဖက်ပြီး ပြောလိုက်သည်။
ကျိအန်းနဉ်လည်း မောပန်းနွမ်းနယ်နေပြီး ခန္ဓာကိုယ်က အားနည်းလာကာ သူ့ရင်ခွင်ထဲတွင် မျက်လုံးများကို မှိတ်ထားလိုက်သည်။
ကံကောင်းသည်မှာ ပိတ်ရက်ဖြစ်၍ အလုပ်လုပ်ရန် မလိုပေ။
ဟမ် အဲဒါက မဟုတ်သေးဘူး...
ဒီအပတ် ပိတ်ရက်မှာ အလုပ်မရှိတာ အံ့သြစရာတော့ မဟုတ်ပါဘူး...
........
ကျောင်းချန်က တစ်လကျော်ကြာအောင် ထိန်းချုပ်ထားနိုင်ခဲ့ပြီး သူ့ကိုယ်သူ တောင့်မခံနိုင်တော့ဟု ခံစားခဲ့ရသည်။
သူသည် ဝမ်မိသားစု ဒုက္ခရောက်နေကြောင်း ကောလာဟလများကို စုံစမ်းမေးမြန်းပြီး ၎င်းတို့၏ ဘဏ္ဍာရေးကွင်းဆက် ပြတ်တောက်သွားသည့်အကြောင်း၊ ဝမ်မိသားစု၏ အကြီးအကဲကို အမည်မသိသောအကြောင်းပြချက်ဖြင့် ထိန်းသိမ်းခံထားရကာ ဝမ်ယွီက သူ့ကိုယ်သူ မထိန်းချူပ်နိုင်ကာ ပိုင်ဆိုင်မှုများကို ရောင်းချရန် ပြင်ဆင်နေရကြောင်း ကြားထားသည်။
ကျောင်းချန်၏အသိုင်းအဝိုင်းက ထိုမျှ သြဇာကြီးမားသည်မဟုတ်ရာ သူစုဆောင်းထားသော အချက်အလက်များက လူပေါင်းများစွာကို ဖြတ်သန်းပြီးမှရောက်လာ၍ သတင်းက နောက်ကျပြီးရင်း နောက်ကျနေခဲ့သည်။
သူက မှားယွင်းသောအချက်အလက်များကို အခြေခံ၍ မှားယွင်းသော အစီအစဉ်နှင့် မှားယွင်းသော ဆုံးဖြတ်ချက်များ ပြုလုပ်ခဲ့သည်။
ကျောင်းချန်က ဝမ်ယွီ ဒေဝါလီခံနေပြီး ကျောင်းမှာ သူ့ကောင်မလေးကို စောင့်ရှောက်နိုင်စွမ်း မရှိတော့ဟု ယုံကြည်နေသည်။ ကျိအန်းနဉ်လိုမျိုး မိန်းမလှလေးက သူ၏ ဆန်ခါတင်ရွေးချယ်မှုတွင် ရွေးချယ်ခံရသင့်သည်။
ထို့ကြောင့် ကျောင်းချန်က ယုံကြည်မှုအပြည့်ဖြင့် နှင်းဆီပန်းစည်းတစ်စည်းနှင့်အတူ ကျိအန်းနဉ်ထံ ချဉ်းကပ်ခဲ့သည်။
အဝေးက ပိုင်လုက အံ့ဩနေသည်။
"ဝိုး ဒီလူက ဖွင့်ပြောမှာလား ဒါမှမဟုတ် တစ်ခုခုများလား ..."
သို့သော် သူမခေါင်းကို လှည့်လိုက်သောအခါ ကျိအန်းနဉ်က နေရာတွင် ရပ်သွားပြီး နှုတ်ခမ်းများကို တင်းတင်းကြပ်ကြပ် ဖိကိုက်ထားကာ မျက်နှာဖြူဖျော့သွားသည်ကို သတိပြုမိလိုက်သည်။
###