Chapter 2 Part-1
Viewers 408

Undead Chapter 2 (Part - 1)


ကမ္ဘာကြီး၏အဆုံးသတ်တွင် ယခင်က လူဦးရေထူထပ်သောမြို့များသည် ငရဲဘံုပမာ ရုတ်ခြည်းပင် ဆိုးဆိုးရွားရွားပျက်ဆီးသွားခဲ့သည်။ လမ်းမများပေါ်တွင် ပျက်ဆီးနေသော မော်တော်ယာဉ်တန်းများ၊ မီးခိုးမီး‌ေတာက်များဖြင့် ဖရိုဖရဲဖြစ်‌ေနကာ အလောင်းကောင်များသည်လည်း လမ်းမများပေါ်တွင် ခြေဦးတည့်ရာလျှောက်သွားနေကြပြီး လူသေအလောင်းများမှာလည်း လမ်းမတစ်လျှောက် ပြန့်ကျဲလျက်ရှိနေကြသည်။


ဆိုင်တံခါးများမှာလည်း ဟောင်းလောင်းပွင့်လျက်ရှိနေကြပြီး နေရာတိုင်းတွင် ဖန်ကွဲစများရှိနေကာ လေဆင်နှာမောင်းတိုက်ခတ်သွားသည့်အတိုင်း ပြန့်ကျဲနေသောစင်များ ၊ နံရံများတွင်လည်း သွေးစက်များနှင့် အနက်ရောင် လက်ဗွေရာများ ဗလပွ ပြည့်နှက်လျက်ရှိ‌ေနခဲ့သည်။


မြေပြင်ပေါ်တွင် လူတစ်ယောက်က လှဲလျောင်းလျက်ရှိနေပြီး လက်နှင့်

ခြေ‌ေထာက်များက ရံဖန်ရံခါ အကြောဆွဲ‌ေနမှုနှင့်အတူ တုန်ခါနေပြီး ဗိုက်ထဲမှ အူများက ထွက်ကျ‌ေနခဲ့သည်။ ဖုတ်ကောင်တော်တော်များများက အလောင်းကိုယ်ထည်ကို ဝိုင်းရံထား‌ေနကြပြီး လက်များနှင့် ပေါင်များ၏ အသွေးအသားများကို ကိုက်ဖြတ်ကာ ထိုအလောင်း၏ အူအ‌ေခွများကို ဆုပ်ကိုင်ကာ မျိုချလိုက်တာ‌ေကြာင့် မြေပြင်တစ်ခုလုံး သွေး‌‌ချောင်းစီးလာစေခဲ့သည်။


ငွေရောင် Camryကား၏ အမြန်နှုန်းကြောင့် ပျံ့လွင့်လာတဲ့ သက်ရှိအနံ့ကို ရလိုက်ရတဲ့အချိန်မှာတော့ ဖုတ်ကောင်တွေက  ဒယိမ်းဒယိုင်ဖြင့် ထကာ ချက်ချင်းပင် ဖမ်းဆီးဖို့ ကြိုးစားပေမယ့် ကားက ပျောက်ကွယ်သွားလိုက်ခဲ့သည်။


လူငယ်‌ေလးသည် နောက်ကြည့်မှန်ထဲသို့ လှမ်းကြည့်လိုက်ရာ အဝေးမှ ဂျက်‌ေလယာဉ်တစ်စင်းသည် အကျဉ်းထောင်အဆောက်အအုံ၏ ထိပ်ဖျားမှ လေထုထဲသို့ တဝီဝီပျံတက်သွားကာ ပျက်စီးနေသော မြို့ကိုကျော်ဖြတ်၍ အဝေးတွင်ရှိသော မီးခိုးငွေ့များလွှမ်းမိုးနေသည့် မိုးကုတ်စက်ဝိုင်းဆီသို့ ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။


သူအကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး နောက်ကြည့်မှန်ကို အနည်းငယ် ချိန်ညှိလိုက်ခဲ့ရာ မှန်ထဲတွင် ရှိနေသည့်အရာကိုမြင်သည်နှင့် ချက်ချင်ပင်း ကားအား‌ေဆာင့်ရပ်ချလိုက်ခဲ့သည်။


ထိုအရာက မီးခိုး‌ေဖျာ့ရောင် မျက်လုံးတစ်စုံ ရှိနေခဲ့သည်။


သူ့နောက်တည့်တည့်တွင် ဖြစ်လေ၏။


လူငယ်‌ေလးသည် ဘရိတ်ကို‌ေဆာင့်နင်းချလိုက်သေ။ ပြင်းထန်သည့် ပွတ်တိုက်မှုအတွင်း နောက်ပြန်လှည့်ကြည့်လိုက်ခဲ့သည်။ ကားနောက်ထိုင်ခုံတွင် ထိုင်ခုံခါးပတ်ပတ်ထားသော  ကောင်မလေးတစ်ဦး၏ မြင်ကွင်းဖြင့် သူ့အား နှုတ်ဆက်ခြင်းခံလိုက်ရသည်။ ကလေးမလေး၏ခန္ဓာကိုယ်က အနည်းငယ် ကွေးကောက်‌ေနခဲ့ကာ အသက် နှစ်နှစ် သို့မဟုတ် သုံးနှစ်ထက် မပိုနိုင်ဘဲ ခေါင်းတွင် ကျစ်ဆံမြီး‌ေသး‌ေသးလေးများ ကျစ်ထားခဲ့ပြီး လက်ထဲတွင်လည်း အရုပ်တစ်ရုပ်ကို ဆုပ်ကိုင်ထားခဲ့သည်။


သူမ၏မျက်နှာက အနက်ရောင်သို့ လံုးလံုးပြောင်းလဲ‌ေနပြီး ခရမ်းရောင်သွေးများက ပိတ်ထားသောပါးစပ်ထောင့်မှ သူမ၏လည်ပင်းဆီသို့ စီးကျ‌ေနခဲ့သည်။ သူမလည်းပဲ လူငယ်လေးကို ကြည့်ရှုလိုက်ခဲ့ပြီး သွေးစွန်းနေသော မိန်းက‌ေလးကိုင်အိတ်ဖြင့် သူ့ဆီလှမ်း‌ေပါက်လိုက်ခဲ့သည်။


လူငယ်‌ေလးက သူ့မျက်လုံး‌ေတွကို အသာအယာ မှိတ်ထားလိုက်ခဲ့သည်။


ဖြစ်ပျက်ခဲ့သမှျအား သူ စိတ်ကူးကြည့်လို့ရ‌ေန၏။ ခင်ပွန်းသည်ဖြစ်သူက ရောဂါကူးစက်ခံထားရသော ဇနီးနှင့်သမီးကို စွန့်လွှတ်ရန် ဆန္ဒမရှိသဖြင့် မြို့ထဲမှ မောင်းထွက်လာကာ အကူအညီတောင်းဖို့ လမ်းတစ်လျှောက် ရှာဖွေခဲ့တာပဲဖြစ်သည်။ အဆုံးသတ်တွင်တော့ သူလည်းပဲ ယာဉ်မောင်းထိုင်ခုံတွင် ဇနီးဖြစ်သူထံမှ အကိုက်ခံလိုက်ရပြီး သေဆုံးသွားခဲ့ကာ ဇနီးဖြစ်သူမှာ တံခါးဖွင့်ကာ ထွက်ပြေးသွားခဲ့တာပဲဖြစ်သည်။


သူ့မျက်လုံး‌ေတွကို ဖွင့်လှစ်လိုက်ပြီး ကလေးမလေးရဲ့ မျက်ခုံးကြားအား လက်ထဲက သေနတ်ဖြင့် ချိန်ရွယ်ထားလိုက်ပေမယ့် သူ့လက်ညိုးကတော့ ခလုတ်ကို နှိပ်ချဖို့ ငြင်းဆန်‌ေနခဲ့သည်။


ထိုအချိန်တွင် လမ်းပေါ်ရှိ ဖုတ်ကောင်များသည် ကားကို ဝိုင်းရံလာခဲ့ကြပြီး ပြတင်းပေါက်မှ အဆက်မပြတ် ထုရိုက်ကာ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ခဏကြာပြီးနောက် လူငယ်လေးသည် အဆုံးမှာတော့ သူ့သေနတ်ကို ပစ်ချလိုက်ပြီး ကလေးမလေးရဲ့လည်ပင်းကို ချောမွေ့စွာ လည်လိမ်ညှစ်လိုက်ခဲ့ပြီး ခန္ဓာကိုယ်က ပျော့ပျောင်းသော အသံတစ်ခုနှင့်အတူ နောက်ထိုင်ခုံတွင် အားမပါစွာ ပြိုလဲကျသွားခဲ့သည်။


ဖုတ်ကောင်‌‌ေပါက်‌ေလးကို ကားထဲမှ မထုတ်ပစ်ခဲ့ဘဲ ကားအား အရှိန်မြှင့်မြှင့်မောင်းနှင်သွားခဲ့ပြီး‌ေနာက် လှုပ်ရှားမှုတွေက တိတ်ဆိတ်ငြိမ်သက်သွားခဲ့လိုက်၏။


ကားပါကင် အဆောက်အဦဘေးရှိ တစ်ကီလိုမီတာအကွာရှိ ဆေးဆိုင်၏ အဝါရောင်ဆိုင်းဘုတ်ကိုကြည့်ရသည်မှာ မီးခိုးငွေ့များထဲတွင် အထူးပင် မျက်လံုးထဲစွဲထင်ရှိ‌ေနခဲ့သည်။


တစ်ချိန်တည်းမှာပဲ ကားပါကင် အဆောက်အဦး၏ ဒုတိယထပ်၌။


ကျယ်ပြောလှသော နေရာလွတ်အခန်းအကျယ်ကြီးအတွင်း၌ ကျည်‌

ဆန်‌ေဖာက်ရာများပြည့်နှက်‌ေနသည့် ကား ၁၀ စီးကျော်ရှိနေခဲ့ကာ အလောင်းကောင်များ၏ ခြေလက်များသည် ကြမ်းပြင်တစ်ပြင်လံုးတွင် တည်ရှိလျက်ရှိပြီး နေရာတိုင်းတွင် အချက်ပေးမြည်သံများ ထွက်ပေါ်‌ေနခဲ့သည်။ ကျည်ဆန်မှ ယန်းငွေ့နံ့နှင့် အသားပုပ်အနံ့များ ရောနှောနေခဲ့တာက လူတိုင်း၏ အာရုံ‌ေကြာကို ပြင်းထန်စွာ နှိုးဆွပေး‌ေနခဲ့သည်။


"ငါတို့‌ေတာ့ ဖုတ်ကောင်တွေ အဝိုင်းခံလိုက်ရပြီ" ယန်ဟောင်က ပြောလိုက်ခဲ့သည်။ သူက သူ၏ အဝေးကြည့်မှန်ပြောင်းကိုမချွတ်လိုက်မီ ရှတသည့်အသံဖြင့် ဆက်ပြောလိုက်ခဲ့သည်၊ "နောက်ဖေးလမ်းကြားက ထွက်ပေါက်မရှိတဲ့တစ်ဖက်ပိတ်လမ်းပဲ၊ အရှေ့တံခါးပေါက်မှာက ခန့်မှန်းချေ ရာနဲ့ချီတဲ့ ဖုတ်ကောင်ဒီရေနဲ့ ပိတ်ထားတယ်။ ကပ်လျက်ရှိတဲ့အဆောက်အဦး‌ေတွက အန္တရာယ်ဇုန်တွေဖြစ်တဲ့ ဆေးရုံ၊ ကျောင်း နဲ့ ဆေးဆိုင်တွေကြီးပဲ။ ငါတို့ လမ်းကို ဖြတ်ကူးလို့မရနိုင်‌ေလာက်ဘူး၊ ငါတို့ကျည်ဆန်‌ေတွက ကုန်ခါနီးဖြစ်နေပြီ"


ဘေးနားရှိ ဇီဝဓာတုတင့်ကားတစ်စီးမှ စက်ပစ္စည်းများကို ခွဲခြမ်းစိပ်ဖြာကာ ဖြုတ်ယူနေကြတဲ့ လူ‌ေတာ်‌ေတာ်များများက ထိုသတင်းကြားသည်နှင့် အလျင်အမြန် မော့ကြည့်လိုက်ကြသည်။


သူတို့ရဲ့အချိန်ကြာမြင့်စွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားမှုက သူတို့ကို ချက်ချင်းပင် ထိန်းချုပ်နိုင်

စွမ်းဆံုးရှံုးဖို့ ခွင့်မပြုလိုက်ခဲ့ပေမယ့် သူတို့ရဲ့တိတ်ဆိတ်မှုထဲတွင်တော့ စီးဆင်းနေတဲ့ မျှော်လင့်ချက်မဲ့မှုကတော့ သိသာပေါ်လွင်နေခဲ့သည်။ ဒီလို စိတ်ပျက်စရာကောင်းတဲ့လေထုထဲတွင် အောက်ထပ်ရှိ အော်ဟစ်မြည်ဟီးသံတွေနဲ့ တံခါးထုရိုက်သံတွေက ပိုလို့တောင် ကျယ်လာင်စွာကြားလာခဲ့သည်။


"ခေါင်းဆောင်..." ယန်ဟောင်က တီးတိုးရေရွတ်လိုက်ခဲ့သည်။


သွေးစွန်းထင်း‌ေနတဲ့ နံရံကို ကျောမှီလျက် ရှိ‌ေနသည့် ကျုံးရုန် က သူ့ခေါင်းကို မော့ပြီး လူအားလုံးရဲ့မျက်လုံးများကို ဝေ့ကြည့်လိုက်သည်။ သူက စကားမပြောခဲ့ဘဲ တစ်ခုခုကို ပစ်‌ေပါက်ဖို့ သူ့လက်သီးကို လွှဲရမ်းလိုက်ပြီး မကြာခင်မှာ သူတို့ရှိရာကနေ ခြေလှမ်းနှစ်ဆယ်အကွာရှိ တိုင်တစ်တိုင်နောက်ကွယ်မှာ ပုန်း‌ေအာင်းနေတဲ့ ဖုတ်ကောင်တစ်ကောင်ရဲ့ ဦးခေါင်းခွံကို ဓားနဲ့ ထိမှန်သွားခဲ့တယ်။ ဓားက လက်ကိုင်ကိုပဲ မြင်နိုင်သည်အထိ နက်နက်နဲနဲ ထိုးစိုက်သွားပြီး ဖုတ်ကောင်၏ခန္ဓာကိုယ်မှာ ပြိုလဲကျသွား‌ေတာ့သည်။


"မင်းတို့ အသုံးအဆောင်ပစ္စည်းတွေ ထုပ်ပိုးပြီး ဖောက်ထွက်ဖို့ ပြင်ဆင်ထားကြ။"


ကျံုးရုန် မတ်တပ်ထရပ်ပြီး ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ သူသည် 1.9 မီတာ(၆ ပေ ၂ လက်မ) နီးပါး အရပ်ရှည်ပြီး ကျည်ကာအင်္ကျီအနက်ကို ၀တ်ဆင်ထားကာ မှိန်ပျပျအလင်းရောင်အောက်တွင် ဝေခွဲမရသောမျက်နှာအမူအရာနှင့် အောရှပြီး အေးစက်သော လေသံရှိနေခဲ့သည်။ သူ့အဖွဲ့ဝင်တစ်ယောက်က သူထလာတာကိုမြင်တော့ ထပြီး မေးလိုက်ခဲ့သည်၊ " အစ်ကိုရုန်! ဘယ်သွားမလို့လဲ"


ကျုံးရုန် ကျည်ဆန်‌ေဖာက်ရာများပါသော Audi ပြိုင်ကားတစ်စီးကို ရှာလိုက်ခဲ့သည်။ အရှေ့မှန်ပြတင်းပေါက်ကို ထိုးခွဲလိုက်၍ သိုလှောင်‌ေဘာက်ထဲရှိ သော့ကိုယူကာ တံခါးဖွင့်၍ အထဲဝင်ထိုင်လိုက်ခဲ့သည်။


"ငါ ရှေ့က‌ေန ဖုတ်ကောင်တွေကို အနောက်တံခါးဆီ ခေါ်သွားလိုက်မယ်၊ ပြီးရင် မင်းတို့က ဖောက်ထွက်ပြီး အရှေ့တောင်ဘက်တည့်တည့်ကို ဦးတည်သွားလိုက်၊ ခိုလှုံရာဆုံမှတ်က ကီလိုမီတာ 30 အကွာမှာရှိတဲ့ မြို့လယ်ခေါင်က မြေအောက်ထပ်မှာ ရှိတယ်။"


သူက လက်ကိုင်ဘရိတ်(hand brake) ကို နှိပ်လိုက်ပြီး ပြိုင်ကားရဲ့ အင်ဂျင်ကို စက်နိုးလိုက်ကာ- "ဖုတ်‌ေကာင်ဒီရေလှိုင်းကို ကိုင်တွယ်ပြီးတာနဲ့ မင်းတို့နဲ့ဆံုဖို့ ငါ အမှီလိုက်လာခဲ့မယ်။ ငါ့အရင် မင်းရောက်သွားခဲ့လို့ ငါပြန်မလာနိုင်ဘူးဆိုရင် ခေါင်းဆောင်တာဝန်ကို မင်းလက်လွှဲယူရလိမ့်မယ် ယန်ဟောင်၊ ပြီးတာနဲ့ တည်နေရာ အချက်ပြကို အခြေစိုက်စခန်းဆီ ချက်ချင်း ထုတ်လွှတ်လိုက်"


"ခေါင်းဆောင်!" ယန်ဟောင် က ချက်ချင်း ထကန့်ကွက်လိုက်ပြီး၊ လက်မခံနိုင်တဲ့ အဖွဲ့ဝင်တချို့လည်း အလျင်စလို ထရပ်လိုက်ကြသည်။


"မဟုတ်ဘူး အစ်ကိုရုန်!"


"အဲလို မလုပ်နဲ့!"


ကျုံးရုန် ကားပြတင်းပေါက်မှ သူ့ခေါင်းကို ထွက်ရှိလိုက်ကာ စူးရှသောမျက်လုံးအကြည့်ဖြင့် သူတို့ကို ကြည့်လိုက်ခဲ့သည်။ "ဟမ့်"


ကျုံးရုန် မပြုံးနေတဲ့အချိန်မှာ သူ့မျက်နှာသွင်ပြင် ပေါင်းစပ်မှုက သူ့အားအေးခဲသွားပုံ‌ေပါ်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ ရန်လိုမှုဖြင့် လန့်ဖျား ဖျားသွားရ‌ေလာက်ပြီး မျက်ခုံးထောင့်နှင့် အနည်းငယ်‌ေစာင်းကြည့်နေသည့် မျက်လုံးများက "ဒီလူက အရမ်းစိတ်တိုနေတာနော်" ဟူသော အထင်အမြင်ကို မီးမောင်းထိုးပြနေပုံရပြီး ထိုသိသာထင်ရှား‌ေနတဲ့အချက်က ကြည့်ရှုသူများအား သူ၏ ချောမောသော အသွင်အပြင်ကို လျစ်လျူရှုနိုင်လောက်အောင်ပင်။


ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျုံးရုန်မှာ သူ၏ သြဇာအာဏာလွှမ်းမိုးမှုအား နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့ပြီး သူ့အသံက ပုံသွင်းမှုတစ်ခုရှိထားလိုက်သကဲ့သို့ အဖွဲ့၀င်များ စကားပြောနေတာကို အလိုအလျောက် ရပ်တန့်သွားစေလိုက်သည်။ ယန်ဟောင်က တစ်ခုခုပြောခါနီးမှာ ကျုံးရုန်က သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး သူ့‌ေပြာမည်ကို ချက်ခြင်း ရပ်‌တန့်‌ေစလိုက်သည်။


ထို့နောက် ကျုံးရုန်က ပြုံးလိုက်ခဲ့ပြီး‌ ခုနက သူရဲ့ ခက်ထန်မှုအား ချက်ချင်းပင် ပျောက်ကွယ်သွား‌ေစလိုက်သည်။ သူ့ပါးစပ်ထောင့်စွန်းများက ကွေးတက်သွားလိုက်ပြီး မျက်လုံးထောင့်စွန်းကလည်း အနည်းငယ်ကွေးသွားကာ သူ့အား လေးနက်သော ဆွဲဆောင်မှုဖြစ်စေလိုက်သည်။


" စကားပြောရတာ ကြိုက်တဲ့သူတွေက မိန်းမတွေ၊ မင်းတို့အားလုံးက ယောက်ျားတွေပဲ" သူက ဆက်မပြောခင် သူ့အဖွဲ့ဝင် တစ်ယောက်ချင်းစီကို မျက်နှာမူပြီး "ဒီ အစ်ကိုရုန်က မင်းတို့နဲ့ ခိုလှုံရာဆံုမှတ်မှာ လာတွေ့မယ်၊ ဒါကြောင့် ခုပဲသွားလိုက်ကြတော့"


အဖွဲ့သားများက သူတို့၏ သေနတ်များကို ကိုယ်စီ ကိုင်ဆောင်ထားရင်း စိတ်ပျက်အားငယ်နေသည့် မျက်လုံးများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။


များမကြာမီတွင် ပြိုင်ကားရဲ့ ကားမီးထိုးပွင့်လာလိုက်ပြီး ကျုံးရုန်က သပ်ရပ်သော 'ဂ'ငယ်ကွေ့ လှည့်‌ေကွ့လိုက်ပြီး ဝန်းကျင်တစ်ဝိုက်ရှိ ပုပ်ပွနေသောအလောင်းများကို ကြိတ်ချေနင်းလိုက်ခဲ့သည်။


"နေပါဦး.. ခဏနေပါဦး ခေါင်းဆောင်!"


ယန်ဟောင်က ပြတင်းပေါက်အပြင်ဘက်အား ငေးကြည့်မိလိုက်ရာ ရုတ်တရက် တစ်စုံတစ်ခုကို မြင်လိုက်ခဲ့သည်။ သူက အံ့သြ‌ေနတဲ့လေသံနဲ့ ပြောလိုက်တယ် "တစ်ယောက်ယောက်... တစ်ယောက်ယောက် လာနေတယ်!"


ကားပါကင်အဆောက်အဦး၏ အရှေ့တံခါးတွင်၊ မရေမတွက်နိုင်သောဖုတ်ကောင်ထုကြီးက တံခါးဝတွင် စက်လို တဒုန်းဒုန်းထုရိုက်နေစဉ်တွင် သူတို့နောက်က လမ်းမပေါ်တွင်တော့ ငွေရောင် Camry ကားတစ်စီးက ရုတ်ခနဲရပ်တန့်လိုက်ကာ ချက်ချင်း ဘက်ဂီယာထိုးလိုက်ပြီး အခွင့်အရေးမရလိုက်မီ နောက်ပြန်လှိမ့်ဆုတ်သွားခဲ့သည်။


"......"


'ကားပါကင် အဆောက်အအုံမှာ အသက်ရှင်ကျန်ရစ်သူ ရှိ‌ေနတာလား။'


လူငယ်‌ေလးက ရှစ်ထပ်အဆောက်အအုံအား လှမ်းကြည့်လိုက်သော်လည်း သူ့မြင်နေရသည့် ပြတင်းပေါက်တိုင်းသည် ကွဲအက်တဲ့ပြတင်းကကွဲကာ သွေးများစွန်းထင်းလျက်ရှိနေတာမို့ အတွင်းထဲသို့ မြင်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။


ကားပါကင်အဆောက်အအုံ၏ လျှပ်စစ်ထိန်းချုပ်စနစ် တပ်ဆင်ထားသော ဂိတ်တံခါးက သူ့အလိုလိုပိတ်ချခဲ့သော်လည်း ဖုတ်ကောင်များ၏ အဆုံးမရှိရိုက်ခတ်မှုအောက်တွင် သံမဏိတံခါးသည် အခေါင်းပေါက်ဖြစ်သွားပြီး ကြောက်မက်ဖွယ်အကွေးတစ်ခုဖြင့် နိမ့်ကျသွားပြီး ထိုးဖောက်ဝင်‌ေရာက်ဖို့က အချိန်တစ်ခုသာလှျင် လိုတော့တာဖြစ်သည်။


လူငယ်‌ေလးက မျက်ခုံးရိုးများ အနည်းငယ်ကြံု့ဝင်သွားလိုက်ကာ စိတ်ထဲတွင် တုံ့ဆိုင်းသွားခဲ့၏။


ထိုနေရာနှင့် မနီးမဝေးမှ ဖွင့်ထားသော ဆေးဆိုင်ကြီး၏ တံခါး‌ေပါက်ကို ကြည့်လိုက်ရာ၊ အလယ်တန်းကျောင်းဝတ်စုံများ ဝတ်ဆင်ထားသည့် ဆယ်ကျော်သက် ဖုတ်ကောင် အနည်းငယ်ကသာ ဦးတည်ရာမရှိ

လှည့်ပတ်သွားလာနေကြသည်။


အလွန်အကျွံ လှုံ့ဆော်မှု၊ ဦးခေါင်းကို ရိုက်ခတ်ခံရမှု နှင့် အခြားအကြောင်းရင်းများကြောင့် မှတ်ဉာဏ်ယာယီဆုံးရှုံးခဲ့သော်လည်း သူ့တွင် အခြေခံ အသိစိတ်မှတ်‌ေလးကတော့ ရှိနေဆဲ ဖြစ်သည်။ သူ့ကိုယ်သူ ဘီတာအဖြစ် အ‌ေယာင်ဆောင်ရန် ဟော်မုန်းထုတ်လွှင့်မှု ဖိနှိပ်ဆေး လိုအပ်ပြီး အခြားအသက်ရှင်ကျန်ရစ်သူများမှ ဖုတ်ကောင်အများစုကို မျှားခေါ်ဆောင်နေချိန်တွင် ဆေးဆိုင်သို့ အပြေးအလွှားသွားနိုင်ရန် ဖြစ်နိုင်ချေရှိသည်။


သို့သော် ပျက်စီးလွယ်သည့် လျှပ်စစ်ထိန်းချုပ် သံမဏိတံခါးက နောက်ထပ် မိနစ်အနည်းငယ်ကြာအောင် စောင့်မနေနိုင်‌ေတာ့‌ေပ။


'သူ ဆေးဆိုင်ထဲကို ပြေးဝင်သွားလို့ ဖုတ်ကောင်တွေ ကားပါကင် အဆောက်အအုံထဲကို ဝင်လာရင် ဘာဖြစ်နိုင်မလဲ။'


လူငယ်‌ေလးက အသက်ပြင်းပြင်းရှူရ‌ှိုက်လိုက်ရင်း သူ့အကြည့်က မီတာ ၂၀ အကွာရှိ သစ်ပင်ကို ဝင်တိုက်မိထားသော ဆိုင်ကယ်တစ်စီ‌း‌ေပါ်တွင် ကျရောက်သွားခဲ့သည်။ စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သူသည် Camry ကားတံခါးကို တွန်းဖွင့်လိုက်သည်။


အင်ဂျင်မြည်ဟိ်န်းသံက အစားအသောက်များ ကြေငြာသည့် ဘဲလ်တီးသံကဲ့သို့ ရုတ်တရက် လမ်းမတွေပေါ် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။


To Be Continued..