Undead Chapter 2 (Part-2 End)
ကားပါကင် အဆောက်အဦး၏ ဒုတိယထပ်တွင် ယန်ဟောင်ရဲ့အသံက အလွန်တိုးတိတ်ေနပြီး အံ့သြမှုအပြည့်ဖြင့် သူပြောလိုက်ခဲ့သည်၊ "ဒီလူက..."
"သူ... သူက ငါတို့အတွက် ဖုတ်ကောင်ဒီရေလှိုင်းေတွခေါ်ထုတ်သွားဖို့ ကူညီပေးနေတာလား..."
ကျုံးရုန်သည် အနီးသို့ လျှောက်လာကာ အဝေးကြည့်မှန်ပြောင်းကို ယူ၍ လမ်းထဲသို့ လှမ်းကြည့်လိုက်သည်။ မှန်ဘီလူးကို ချိန်ကြည့်လိုက်တော့ ဦးခေါင်းတွင် ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားပြီး မော်တော်ဆိုင်ကယ်ကို ခွထိုင်နေတဲ့ သားရေဂျာကင်အင်္ကျီကို မေးစေ့ထိ ဇစ်တပ်ထားသည့် လူငယ်ေလးအား တွေ့လိုက်ရသည်။ မော်တော်ဆိုင်ကယ်၏ အိတ်ဇောပိုက်ကေန အင်ဂျင်အသံ နိမ့်နိမ့်ထုတ်လွှတ်ေနလျက်ရှိ၏။
အသံ၏ဆွဲေဆာင်မှုကြောင့် လမ်းမထက်တွင် ဖုတ်ကောင်များ ပိုပို များပြားလာခဲ့သည်။ သူတို့က တံခါးကိုထုရိုက်ေနရာမှ ရပ်တန့်လိုက်၍ နောက်ပြန်လှည့်ကာ ဆိုင်ကယ်ရှိရာဆီသို့ ဒယိမ်းဒယိုင်လျှောက်လှမ်းလာလိုက်ကြသည်။
မီတာ ၂၀၊ ၁၀ မီတာ၊ ငါးမီတာ...
လမ်းမပေါ်ရှိ ဖုတ်ကောင်များသည် မော်တော်ဆိုင်ကယ်ကို ဝိုင်းရံလုနီးပါး ဝိုင်းရံထားပြီး ကားပါကင် အဆောက်အအုံ ဂိတ်တံခါးရှေ့တွင် ဖုတ်ကောင် ၃၀ ခန့်သာ ကျန်ရစ်ခဲ့လိုက်သည်။ ဆိုင်ကယ်မောင်းသူ လူငယ် လေးက ဘယ်လက်ကို မြှောက်ပြီး ကောင်းကင်ကို လက်ဟန်အမူအရာတစ်ခု ညွှန်ပြလိုက်ခဲ့တယ်။
[ပြင်ဆင်ထားကြ]
"ယန်ဟောင် သွား မောင်းတော့!"
ကျုံးရုန်သည် အဝေးကြည့်မှန်ပြောင်းကို ရုတ်တရက် ချလိုက်ပြီး သေနတ်ကို မြှောက်ကာ အော်လိုက်သည်၊ "တက်ကြ၊ ငါတို့တွေ ကားနဲ့ ေဖာက်ထွက်ကြမယ်!"
များမကြာမီ သေနတ်သံအချက်အနည်းငယ်ကြားရပြီး မှန်ပြတင်းပေါက်များ ကွဲအက်သွားခဲ့ကာ အဝေးရှိဖုတ်ကောင် ဒီရေလှိုင်းထဲတွင် ဆိုင်ကယ်နှင့် အနီးဆုံး ဖုတ်ကောင်အချို့ ခေါင်းပွင့်ထွက်ကုန်ကြသည်။
ယင်းက စစ်ဆင်ရေးစတင်ေနသည့် သင်္ကေတကို ပြနေပုံရသည်။ တစ်ချိန်တည်းမှာပင် ဆိုင်ကယ်က အင်ဂျင်မြည်ဟိန်းသံနှင့်အတူ အရှိန်အဟုန်ဖြင့် တဝေါဝေါတက်လာခဲ့သည်။
"သွား၊ သွား! လာ!"
အဖွဲ့သားများသည် တင့်ကားထဲသို့ အမြန် ခုန်ဆင်းသွားခဲ့သည်။ ယန်ဟောင်က စတီယာရင်ဘီးကို ထိန်းချုပ်ရန် လက်တစ်ဖက်ကို အသုံးပြုကာ ကျန်လက်တစ်ဖက်က သူ့ကျည်ကပ်ကို ချွတ်ပြီး ပြတင်းပေါက်အပြင်သို့ ပစ်ချလိုက်သည်။ ကျုံးရုန် သူ့ဦးခေါင်းနောက်ဘက်တွင် မျက်လုံးပါေနတဲ့အတိုင်း ကျည်ကပ်ကို လှမ်းဖမ်းကာ သေနတ်ထဲ ကျည်ဖြည့်လိုက်ပြီး ပြတင်းပေါက်ေအာက်ေြခေဘာင်ေပါ် သေနတ်စည်ကို ထောက်ကာ အကြိမ်ရေတွက် မရေတွက်နိုင်အောင် ပစ်ခတ်လိုက်တော့သည်။
ကျည်ဆန် မိုးသီးများကြားတွင် ဆိုင်ကယ်သည် ဖုတ်ကောင်ဒီရေလှိုင်းထဲမှ အရှိန်ပြင်းပြင်းဖြင့် ဖြတ်ပြေးလာကာ အလောင်းကောင်ပေါင်းများစွာကို အသားပုပ်အဖြစ် ကြိတ်ေြခကာ လမ်းဆုံလမ်းခွသို့ ဖြတ်ဝင်သွားခဲ့သည်။
ဖုတ်ကောင်များသည် ဒယိမ်းဒယိုင်ဖြင့် ဆိုင်ကယ် နောက်သို့ လိုက်ပါလာခဲ့သည်။ အနီးနားမှ လမ်းများပေါ်ရှိ ဖုတ်ကောင်များပင်လျှင် ကြီးကျယ်ခမ်းနားသော နဂါးပုံသဏ္ဍာန်ဖြင့် တဖြည်းဖြည်း စုရုံးလာကြသည်ကို အပေါ်စီးမှကြည့်လျှင် မြင်နိုင်ေလသည်။
လက်တွေခြေတွေကျိုးပြီး သွေးလူးပေပွနေတဲ့ ဦးခေါင်းတွေဖြစ်ပါစေ တစ်ချက်ကြည့်လိုက်ရင် ဘယ်တော့မှ အမှန်တကယ် မသေသွားကြဘူး... ဖုတ်ကောင် ဒီရေလိှုင်းက ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းတဲ့ပုံပေါက်ေနခဲ့တယ်။ သို့သော်လည်း ဘဝ၏ သေရေးရှင်ေရးအခိုက်အတန့်တွင် ထိုအရာကို မည်သူတစ်ဦးကမျှ ဂရုစိုက်မည်မဟုတ်ပေ။ မော်တော်ဆိုင်ကယ်သည် လမ်းဆုံလမ်းခွသို့အရောက်တွင် ရုတ်တရက် လှည့်၍ အရှေ့တောင်လမ်း ဘက်သို့ ဝှီခနဲ ဖြတ်မောင်းလိုက်သည်။
[ဘန်း...ဘန်း]
ကားပါကင် တံခါးက နောက်ဆုံးတွင် ဖြည်းညှင်းစွာ ပွင့်သွားလိုက်သည်။ သံချပ်ကာတင့်ကားသည် ရှောင်ပြေးရန် နောက်ကျနေသော ဖုတ်ကောင်အားလုံးကို သူ၏တာယာအောက်တွင် ကြိတ်ချေပစ်လိုက်ခဲ့သည်။
"ခေါင်းဆောင်" ယန်ဟောင်က အော်လိုက်တယ်။
ဒုတိယထပ်မှ ကျုံးရုန်က ပြတင်းပေါက်မှ ခုန်ဆင်းချလာကာ "ဘုန်း!" ဟူသောအသံဖြင့် သံချပ်ကာကား၏ ခေါင်မိုးပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လာလိုက်သည်။
***
မီတာ ၅၀၀ အကွာရှိ လမ်းဆုံ၏ အခြားတစ်ဖက်၌။
မော်တော်ဆိုင်ကယ်က အရှိန်ပြင်းပြင်းနဲ့ ကွေ့ပြီး ရုတ်တရက် ရပ်တန့်သွားလိုက်သည်။
ရှေ့တွင်ေတာ့ နောက်ထပ် ဖုတ်ကောင်လှိုင်းလုံးကြီး ပေါ်ေပါက်လာပြီး အားလုံးက ဝူးဝူးဝါးဝါးအော်ဟစ်တက်လာကြသည်။
ကျုံးရုန် တာဝေးပစ်စနိုက်ပါ ပစ်ခတ်မှုများဖြင့် ဧရိယာကို အကာကွယ်ယူပေးထားကာ အနီးတစ်ဝိုက်ရှိ ဖုတ်ကောင်များကို ထိမှန်ေစ၍ ရုတ်ခြည်းပင် ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို ဖန်တီးလိုက်ခဲ့သည်။ လူငယ်လေးက သူ့ဆိုင်ကယ်စီးဦးထုပ်ထဲကေနနောက်ကြည့်မှန်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ သူ့နောက်က လမ်းခွဲများထဲမှ တစ်လမ်းက အရှေ့ဘက်လမ်းဆီ ဦးတည်သွားေနခဲ့သည်။
လက်ကိုင်လီဗာပေါ်တွင် သူ့လက်ချောင်းများ ဆုပ်ကိုင်ထားရင်း သူ့ကိုယ်သူ ငြိမ်သက်မသွားခင် သွေးကြောအေမြာင်းများ အနည်းငယ် ပေါ်ထွက်လာစေလိုက်သည်။ အသက်ပြင်းပြင်းရှူပြီး ဆိုင်ကယ်ကို လှည့်ကွေ့လိုက်ခဲ့တော့သည်။
"ဝှီး....".
ေမာ်တော်ဆိုင်ကယ်သည် လမ်းတစ်လျှောက်တွင် ဥက္ကာပျံကဲ့သို့ ပြေးလွှားသွားကာ လမ်းပေါ်ရောက်လုနီးပါးဖြစ်နေတဲ့ လမ်းဘေးရှိ တွားသွားနေသည့် ဖုတ်ကောင်များ၏ သွားများနှင့် ထိတွေ့လုနီးပါး ဖြစ်လာသည်။ မော်တော်ဆိုင်ကယ်သည် အလောင်းကောင်ကို ဖြတ်ကျော်ပြီး လမ်းထောင့်ရှိ စာအုပ်ဆိုင်၏ မှန်နံရံများကို ပြောင်ပြောင်တင်းတင်း ရိုက်ခွဲကာ အခြားတစ်ဖက်မှ ဖြတ်၍ မှန်ကွဲစများ ဝဲပျံမှုကြားတွင် အရှိန်ပြင်းစွာ ဆင်းသက်လာခဲ့သည်။
သူ့ရှေ့မှာ ရပ်နေတဲ့ ဖုတ်ကောင်အထီးနှစ်ကောင်က သူတို့ရဲ့ ရင်ဘတ်ကိုတိုက်မိလိုက်တာကြောင့် တစ်ဝက်တစ်ပျက် ပုပ်နေတဲ့ ကလီစာတွေက ခန္ဓာကိုယ်ထဲက ပေါက်ကွဲထွက်ကုန်လိုက်ခဲ့သည်။ တတိယအလောင်းတစ်လောင်းသည် လက်ကိုင်လီဗာသို့ရောက်ရှိခဲ့သည်။ သို့သော် ပါးစပ်ကိုဖွင့်လိုက်သည်နှင့် ကျည်ဆန်သည် ရုတ်တရက် လွင့်ပျံလာပြီး သူ့ခေါင်းကို ချက်ချင်း ပေါက်ထွက်သွားလေသည်။
လူငယ်ေလးက မော့ကြည့်လိုက်ခဲ့သည်။
မီတာ ၂၀၀ အကွာတွင် ငွေဖြူေရာင် သံချပ်ကာတင့်ကားတစ်စီးက ဝုန်းဒိုင်းကျဲမွှေနှောက်လိုက်ခဲ့သည်။ ကျုံးရုန် သူ့လက်ထဲတွင်ရှိသော သေနတ်တစ်လက်အား ကားခေါင်မိုးပေါ်တွင် ထောက်တင်ထားခဲ့သည်။ အဝေးက နှုတ်ဆက်စကားပြောနေသလိုမျိုး သူ့မျက်လုံးတွေကို မှေးကျဉ်းရင်း ပါးလွှာတဲ့နှုတ်ခမ်းပါးက အသာယာ ချိတ်တက်သွားလိုက်သည်။
အဲဒီနောက် နောက်ထပ်ကျည်ဆန်က လူငယ်ေလးရဲ့ ဆိုင်ကယ်ဦးထုပ်ကို ရှပ်တိုက်သွားလိုက်ပြီး သူ့ဆိုင်ကယ်ဘေးက ဖုတ်ကောင်အမျိုးသမီးကို သွားမှန်လိုက်ခဲ့သည်။
"အရှေ့လမ်းထောင့် စာအုပ်ဆိုင်ရဲ့ ၁၀ မီတာအကွာ ၊ ဦးတည်ချက် နှစ်နာရီ ၊ ကယ်ဆယ်ရန် အသင့်လုပ်ထား"
ကျုံးရုန်၏အသံက နားကြပ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။ ယန်ဟောင် က ခေါင်းညိတ်လိုက်ပြီး ဂြိုလ်တုလမ်းပြမြေပုံကို သူ့မျက်လုံးတွေ အကြည့်ရောက်လိုက်သည်- "မကောင်းတော့ဘူး"
"ဘာလို့လဲ"
ယန်ဟောင်၏ခြေေထာက်က လီဗာကိုဖိနင်းလိုက်ပြီး "အရှေ့လမ်းက တစ်ဖက်ပိတ်လမ်းပဲ"
တင့်ကားက အရှိန်မြှင့်ပြီး တဝေါဝေါအော်မြည်ခဲ့ပေမယ့် နောက်ကျသွားခဲ့တယ်။ ကျုံးရုန် ခုန်တက်လာပြီး ဆိုင်ကယ်သည် ဖုတ်ကောင်များ၏ လှိုင်းလုံးကြီးများသဖွယ် ဝိုင်းရံလာသည်ကို တွေ့လိုက်ရသဖြင့် အရှေ့လမ်းသို့ အပြေးအလွှားေမာင်းသွားရန်မှတစ်ပါး ရွေးချယ်စရာမရှိလိုက်တာကို မြင်လိုက်ရသည်။
"လမ်းလွှဲလိုက်။ အကောင်းဆုံးလမ်းကြောင်းကို ရှာ။" ကျုံးရုန် က ကျည်ဆန်များဝဲပျံနေသည့်ကြားထဲမှာ အော်ပြောလိုက်ခဲ့သည်၊ "ပြန်လှည့်ဖို့ပြင်ထား!"
ကားထဲရှိ GPS ဖန်သားပြင်ပေါ်မှ မြင်ကွင်း ပြောင်းလဲသွားခဲ့ပြီး
ယန်ဟောင်က စတီယာရင်ဘီးနောက်မှ အံ့အားသင့်ဖွယ်ရာ နောက်သို့ လိုက်ပါသွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ အရှေ့လမ်းတွင် မော်တော်ဆိုင်ကယ်မောင်းသူသည် သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို အဆုံးစွန်ထိ မှီချလိုက်ပြီး အလင်းလိုအရှိန်နှုန်းဖြင့် အလောင်းကောင်သွေးပင်လယ်ထဲသို့ ထိုးဖောက်ဖြတ်သန်းသွားလိုက်ေပမဲ့လည်း ရုတ်ခြည်းပင် ရှေ့တည့်တည့်၌ အနက်ရောင် လမ်းအတားအဆီးတန်းတစ်တန်းလံုးရဲ့ တားဆီးခြင်း ခံခဲ့ရလိုက်သည်။
ထိုအချိန်တွင် မော်တော်ဆိုင်ကယ်သည် ကြောက်မက်ဖွယ်ရာ တစ်နာရီ ကီလိုမီတာ ၂၀၀ အရှိန်နှုန်းသို့ ရောက်ရှိခဲ့ပြီး လမ်းအတားဘေလာက်တံုးများသည် မီတာ ၃၀၀ ထက်မနည်းရှိေနကာ ခြောက်စက္ကန့်မပြည့်မီတွင်ပင် ဆိုင်ကယ်မှာ ပျက်စီးသွားနိုင်လေသည်။
'ခြောက်စက္ကန့်ရဲ့အသုံးဝင်မှုက ဘာလဲ။'
ဘယ်ကိုမှ လှည့်လို့ ပြုလို့မရတဲ့ လမ်းဟာ ဖုတ်ကောင်တွေနဲ့ ပြည့်နှက်နေခဲ့တယ်၊ အဲဒီလမ်းအတားဘေလာက်တံုးတွေနဲ့ တိုက်မိရင် ဆိုင်ကယ်က ပျက်စီးသွားမှာ ကျိန်းသေပါပဲ။
ဆိုင်ကယ်မောင်းသူသည် အပ်နှင့်တူသည့်အထိ သူ့မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပဲ မြန်နှုန်းပြဒိုင်ခွက်မှ လမ်းညွှန်ပြချက်သည် ကန့်သတ်ချက်သို့ထိသွားတာေကြာင့် ပြင်းပြင်းထန်ထန်လှုပ်ခါနေခဲ့ပြီး အင်ဂျင်သည်လည်း ပြင်းထန်စွာ တဝေါဝေါမြည်သံထွက်လာလိုက်ခဲ့သည်။
"သူ တိုက်မိတော့မယ်..." ယန်ဟောင်က တီးတိုးရေရွတ်လိုက်ခဲ့သည်။
ပင်လယ်နီအလယ်မှာ ရပ်နေတဲ့ Staff of Moses လို၊ မော်တော်ဆိုင်ကယ်ဟာ ဖုတ်ကောင်တွေရဲ့ အလွှာတွေကနေ ထင်းထွက်နေပြီး ရှေ့က လမ်းအတားဘေလာက်တံုးတွေဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလိုက်ေတာ့သည်။
အချိန်တွေ ငြိမ်သက်သွားသလို လေကလည်း ငြိမ်သက်သွားလိုက်ခဲ့သည်။
လေထဲအလယ်တွင် မော်တော်ဆိုင်ကယ်သည် ၃၆၀ ဒီဂရီ လှန်ချလိုက်ကာ မီးလိုလျှပ်ကူးစီးဆင်းမှုတစ်ခု ရေးဆွဲသွားလိုက်သည်။
ကျုံးရုန်က လူငယ်ကို ချိတ်တစ်ခု လှမ်းပစ်လိုက်ခဲ့သည်၊ "ဖမ်းလိုက်"
လေထဲတွင် လူငယ်လေးသည် လက်ကိုဆန့်၍ တိကျစွာ ဖမ်းဆုပ်ထားလိုက်ကာ ကြိုးကသံချိတ်အားလက်ကောက်ဝတ်တွင် ပတ်ယူလိုက်ခဲ့သည်။ ချက်ချင်းပင်၊ သူ့ခန္ဓာကိုယ်အား မော်တော်ဆိုင်ကယ်ေပါ်ကနေ ရုန်းထွက်လိုက်ပြီး ကျုံးရုန် ဆီသို့ တိုက်ရိုက်ခုန်ပျံသွားလိုက်သည်။
မော်တော်ဆိုင်ကယ်က ဖုတ်ကောင်ဒီ ရေထဲလှိုင်းထဲသို့ တည့်တည့်မပြုတ်ကျမီ အလွန်လျင်မြန်စွာဖြင့် လှည့်ပတ်သွားလိုက်ကာ တုန်လှုပ်ချောက်ချားဖွယ်ရာ ပေါက်ကွဲအားဖြင့် ပေါက်ကွဲသွားတော့၏။
ဝုန်း!
ကျယ်လောင်သောအသံနှင့်အတူ လူငယ်၏ခန္ဓာကိုယ်သည် တင့်ကားအပေါ်သို့ ထိုးကျသွားသည်။ ကောင်လေးခန္ဓာကိုယ်က အစွန်းအနားကပ်ပြီး ကျမသွားလိုက်မီ ကျုံးရုန်က သူ့ခါးတွင် ကြိုးကိုပတ်ထိန်းပြီး ရပ်တန့်စေလိုက်ခဲ့သည် ။ ထို့နောက် တင့်ကား၏အမိုးက ပွင့်သွားခဲ့ပြီး လူနှစ်ဦးကို အရှိန်ပြင်းစွာတိုက်မိစေကာ ကားနောက်ခန်းထဲသို့ ပြုတ်ကျစေခဲ့သည်။
"အစ်ကိုရုန်!"
"ခေါင်းဆောင်! "
အဖွဲ့သားများသည် ရှေ့သို့ အလျင်စလိုပြေးလာလိုက်ကာ လူနှစ်ယောက်ကို ကူထူပေးကြပြီး ယန်ဟောင်တောင်မှ ယာဉ်မောင်းနေရာအား အလိုအလျောက်စနစ် သတ်မှတ်ပေးထားလိုက်ခဲ့သည်။ သူ့တာဝန်အားယူရန် အသင်းဖော်တစ်ဦးထံ လွှဲလိုက်ပြီး အနောက်ခန်းထဲသို့ အမြန်ေပြးဝင်လာခဲ့သည်- "ခေါင်းဆောင် အဆင်ပြေရဲ့လား"
"ကျွတ်စ် ကျွတ်စ်... " ကျုံးရုန်က သူ့သွားတွေကို ကိုက်လိုက်ပြီး "ဒီအကိုကြီးက အိုေနပြီပဲ ... အား ... ငါ့ခါး..."
သူ့နောက်ရှိ လူငယ်လေးကတော့ လူတိုင်း၏လက်ကို ရှောင်တိမ်းလိုက်ပြီး ထောင့်တွင် မတ်တပ်သွားရပ်လိုက်သည်။
မော်တော်ဆိုင်ကယ်ဦးထုပ်အတွင်းမှနေ၍ သူ့ရှေ့မှလူများကို တိတ်တဆိတ် အကဲခတ်ကြည့်ရှုနေခဲ့သည်။
'ဒါက အထူးတပ်ဖွဲ့များလား' လို့ သူ တွေးတောလိုက်ခဲ့သည် ။
သို့သော် အံ့သြစရာကောင်းသည်မှာ၊ လူကောင်ကြီးမားပြီး တုတ်ခိုင်သန်မာသည့် အဖွဲ့ဝင်များအားလုံးသည် အာကာသထဲက သီးသန့်ကန့်သတ်ထားတဲ့ အယ်ဖာရနံ့ထုတ်လွှင့်မှု အရိပ်အယောင်ပင် မရှိသော ဘီတာ များဖြစ်ေနကြသည်။
"ဒီမှာ" ယန်ဟောင် က သူ့အား ရေဘူးတစ်ဘူးကို ပျူငှာစွာ လက်လှမ်းပေးလိုက်ရင်း ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်"
တင့်ကားအတွင်းတွင် တဖြည်းဖြည်း ငြိမ်သက်ကျသွားကာ စကားလည်းမပြော လက်လည်းမမြှောက်သော လူငယ်ကို အားလုံးက ဝိုင်းကြည့်နေကြသည်။
"..." ယန်ဟောင် က နောက်ထပ် ထပ်ပြောလိုက်တယ်။
"မင်းအတွက်"
ယန်ဟောင်သည် စစ်တပ်ထဲမ၀င်ပါက ရုပ်ရှင်အကယ်ဒမီအတွက် အရည်အချင်းပြည့်မီသော လူစားမျိုးဖြစ်သည်။ ကျုံးရုန်နှင့် တူညီသော အရပ်အမြင့်၊ ကျယ်ဝန်းသော ပခုံး၊ ခြေတံရှည်ရှည်၊ ကြည်လင်သော မျက်လုံးများနှင့် ေြဖာင့်တန်းသော မျက်ခုံးများနှင့်အတူ ဘယ်ဘက်နားတွင် ၀တ်ထားသည့် ထိုပတ္တမြားနားကပ်တစ်ခုတည်းဖြင့် သူသည် ကျောင်းတွင်း-အချစ်ဇာတ်လမ်း-ဒရာမာ- သရုပ်ဆောင်မင်းသားတစ်ယောက်လို အရှိန်အဝါကို ပေးစွမ်းေနခဲ့သည်။
နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ပုံမှန်မဟုတ်သော လေ့ကျင့်မှုများက
သူ၏ နို့နှစ်ရောင် အသားအရည်တွင် အရိပ်အရောင်တစ်စွန်းစမျှ မကျန်ရစ်ခဲ့ဘဲ သဘာဝအလှကို လျစ်လျူရှုရန် ခက်ခဲသော သူတစ်ယောက်အဖြစ် ရှုမြင်နိုင်စေခဲ့သည်။
သို့သော်လည်း သူ့ရှေ့မှ ဆိုင်ကယ်မောင်းသူကတော့ သူ့လက်ဟန်အမူအရာကို သဘောပေါက်ပုံမပေါ်ဘဲ သူ့မျက်နှာအမူအရာမှာ အေးစက်စက်နှင့် သတိရှိေနတာကိုပင် ဖော်ပြေနခဲ့သည်။
"ဒီကညီအစ်ကို..." ယန်ဟောင် သူ့ပါးစပ်ကို ဖွင့်လိုက်တဲ့အခါ နောက်ဆုံးတွင် လူငယ်လေး လှုပ်ရှားသွားလိုက်ခဲ့သည်။
ရေပုလင်းကို လျစ်လျူရှုပြီး လူငယ်ေလးက သူ့လက်ကို ယန်ဟောင် ၏ ကာဘိုင်စက်ေသနတ်ဆီသို့ လက်ဆန့်ထုတ်လိုက်ပြီး သူ့ညာဘက်ပခုံးကနေ ဖြုတ်သယ်သွားလိုက်သည်။
"ဟေး.. မင်း....."
[T/N- အကိုရေ မပြောမဆိုနဲ့ သူများလွယ်ထားတဲ့ သေနတ်ကြီးသွားဆွဲတော့ ဟိုက ထ မပစ်တာ ကံကောင်းနော်😅🤣]
ရေသောက်နေသော ကျုံးရုန်က လှည့်ကြည့်လိုက်ခဲ့သည်။ သူ့အဖွဲ့၏ ရုန်းရင်းဆန်ခတ်မှုကို တားမြစ်လိုက်၍ လူငယ်အား ပြုံးပြလိုက်ပြီး
"ညီအစ်ကို့ နာမည် ဘယ်လိုခေါ်လဲဗျ"
လူငယ်က စကားမပြောခဲ့ေပ။
"တစ်ခုခု စားချင်လား"
တုံ့ပြန်မှုမရှိခဲ့ေချ။
အခန်းတွင်းရှိ လေထုသည် တဖြည်းဖြည်း ပြောင်းလဲလာလိုက်သည်၊ ဒီနေရာကျဉ်းကျဉ်းေလးရှိ တိတ်ဆိတ်ငြိမ်သက်မှုတွင် တင်းမာမှုအချို့ ပေါက်ဖွားလာခဲ့ေတာ့သည်။
ကျုံးရုန်က သူ့မေးစေ့ကို ထိတွေ့လိုက်ပြီး လူငယ်ကို အပေါ်အောက် ငုံ့ကြည့်လိုက်သည်။ သူသည် လိုက်ဖက်သော တင်းတင်းကြပ်ကြပ်ကိုယ်လံုးအကိုက် ဆိုင်ကယ်ဂျာကင်အင်္ကျီ နှင့် ဂျင်းဘောင်းဘီ အညိုရောင်ကို ၀တ်ဆင်ထားပြီး ဦးထုပ်ဆောင်းထားသည့် ဦးထုပ်သည် သူ့မျက်နှာကို မမြင်ရအောင် ဖုံးကွယ်ထားသည်။ သူ့တစ်ကိုယ်လုံးက ဖုတ်ကောင်အမှိုက်ပုံထဲမှာ လူးလိမ့်နေသလို အနံ့တွေ စိမ့်ထွက်နေခဲ့တယ်။ သူ့ပုံပန်းသဏ္ဍာန်က တကယ်ကို သနားကမားဖို့ကောင်းတဲ့ ရုပ်သွင်မျိုးပဲ။
ဒါပေမယ့် သူ့အရပ်က အနေတော်ဖြစ်ပြီး သတိနဲ့ နေနေတဲ့ သူ့ကိုယ်ဟန်အနေအထားက ဓားတစ်ေချာင်းလို ထက်မြက်ေနခဲ့သည်။
ဓားအိမ်မပါတဲ့ ဓားအလွတ်တစ်ချောင်းလို အေးခဲနေခဲ့လိုက်သည်။
"သူငယ်ချင်း" ကျုံးရုန် က မသိချင်ယောင်ဆောင်လိုက်ပြီး အပြုံးတစ်ပွင့်နဲ့ ထပ်မေးလိုက်ခဲ့သည်၊ "ဘယ်ကိုသွားချင်လဲ၊ ငါတို့ မင်းကို ကားကြုံခေါ်သွားပေးရမလား"
နောက်ထပ် 10 စက္ကန့်ကြာတွင် ရှည်လျားသောအသက်ရှုသံမှလွဲ၍ အပြင်ဘက်ရှိ ဖုတ်ကောင်များ၏ စူးစူးဝါးဝါးအော်သံကိုသာ ကြားနိုင်မည်ဖြစ်သည်။
"...... ကားပါကင် အဆောက်အဦးကို ပြန်သွားမယ်။"
အသက်ရှူကျပ်လုနီးပါးရှိသော ဒီအခြေအနေတွင် လူငယ်သည် နောက်ဆုံးတွင် သူ၏ပါးစပ်ကိုဖွင့်ဟကာ ကွဲအက်ရှတသည့် အသံဖြင့် ပြောလိုက်သည်။ "ဆေးဆိုင်ကို မောင်း"
ကျုံးရုန် အလွန်ဖော်ရွေစွာဖြင့် ခေါင်းညိတ်ပြကာ ယာဉ်မောင်းထိုင်ခုံဘက်သို့ လှည့်ကာ ယာဉ်မောင်း၏ ပခုံးကို ပုတ်၍ "အရှေ့တောင်လမ်း ရဲ့ ကားပါကင်အဆောက်အဦးကို ပြန်သွားလိုက်။"
ထို့နောက် သူ့ ကိုယ်ကိုကိုင်း၍ လူနှစ်ယောက်သာကြားနိုင်သည့် အသံဖြင့် တိုးတိုးလေးပြောလိုက်သည် "ရပ်ဖို့နေရာတစ်ခုရှာလိုက် ဆေးဆိုင်မှာ သူဘာလုပ်မလဲ ငါသွားကြည့်မယ်"
The End.....