Chapter - 3
Viewers 407

Undead Chapter 3


"ငါ့မျိုးရိုးက 'ကျုံး' နာမည်က 

စစ်လက်နက်က 'ရုန်' ပါ မိန်မိန်ဟွမ်ရုန်က ရုန် မဟုတ်ဘူးနော်။"


(T/N- Meimei Huang Rongဆိုတာက ဆရာကြီးကျင်းယုံရဲ့ The Legend of the Condor Heroes ဝတ္ထုထဲက ဇာတ်ဆောင်နာမည်တစ်ခုပါတဲ့ )


"ဒီကံဆိုး‌တဲ့ T မြို့မှာ ငါတို့ ကျူးကျော်ပြီးနေထိုင်နေခဲ့တာ လဝက်လောက်ရှိပြီ၊ ငါတို့ရဲ့ အလုပ်လုပ်လို့ ရတဲ့ထောက်ပံ့ကြေးငွေ တစ်ပြားတစ်ချပ်မှတောင် မတို့မထိရ‌သေးဘူး၊ ငါတို့ ကျည်ဆံတွေနဲ့ရိက္ခာတွေလည်း ကုန်လုနီးပါး ဖြစ်နေပြီ။ အခုလို ဖရိုဖရဲ အခြေအနေမျိုးမှာ လောင်စာဆီဖြည့်ဖို့ ကားတွေအတွက်တောင် သူခိုးတွေအတိုင်းပဲ ခိုးကြောင်ခိုးဝှက်နဲ့ ယူနေရတာ"


"ဒီဗိုင်းရပ်စ်ပိုးက ဘယ်လိုပျံ့လာတယ် လို့ မင်းထင်လဲ၊ ခွေးရူးပြန်ရောဂါအခွဲတစ်မျိုးလား ဒါမှမဟုတ် အမေရိကန်‌နယ်ချဲ့‌တွေနဲ့ အဲဒီအနောက်အုပ်စုက အထူးစွမ်းအားရဲ့ မျိုးရိုးဗီဇတိုက်ခိုက်မှုမျိုးလား။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကဆို တီဗီက ထုတ်လွှင့်ခဲ့တဲ့ သတင်းကိုတောင် ငါကြည့်ခဲ့ရ‌သေးတယ် ဒါပေမယ့် မနေ့ညကဆို တီဗွီလိုင်းတွေနဲ့ ရေဒီယိုလှိုင်းတွေတောင် ပြတ်တောက်သွားပြီ၊ ကံဆိုးတာက ငါက တစ်နှစ်ပတ်လုံးလုံး မနားဘဲလွှင့်တဲ့ "ပြည်သူ့မြို့တော် စီမံခန့်ခွဲရေးအဖွဲ့" နဲ့ "ပြည်သူ့အသံလွှင့်ရုံး" က လွှင့်တာကို နားထောင်မိလို့ပဲ။ ဒါပေမဲ့ ကံအဆိုးဆုံးကတော့..... "


ကျုံးရုန် သူ့ရဲ့စီးကရက်ကို မီးညှိလိုက်၍ မီးခိုးငွေ့များကို ဖွာရှိုက်လိုက်ရင်း သူ့အဖွဲ့ဝင်များ၏ မျက်နှာပေါ်ရှိ ကြောက်‌ကြောက်ရွံ့ရွံ့ဖြစ်နေသော အကြည့်များကိုသာ မြင်လိုက်ရသည်။ ကားနံဘေးက မှန်ပြတင်းပေါက်က ပွင့်ဟနေပြီး လေက အတွင်းထဲကို တဝီဝီနဲ့ ဝင်ရောက်တိုက်ခတ်နေခဲ့သည်။


"သွား... ဆင်းသွားပြီ" အဖွဲ့သားအငယ်တစ်ယောက်က ပြောလာလိုက်တယ်။ "သူက အခုလေးတင် ကားပြတင်းပေါက်ကနေ ခုန်ချသွားလိုက်တာ..."


"သူ ဘယ်တုန်းက ထွက်သွားလိုက်တာလဲ"


"အစ်ကို သတင်းလွှင့်တဲ့အကြောင်း ပြောတဲ့အချိန်တည်းကပဲ"


ကျုံးရုန် ခဏလောက် နှုတ်ဆိတ်သွားပြီး "ဆိုးဝာာပဲကွာ၊ ငါက သူ့ကို ပြည်သူ့ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်ရဲ့ ရာသီရှစ်ခုအကြောင်းကို ပြောပြချင်သေးတာကို"


ဖုတ်ကောင်ဒီရေလှိုင်းအား အရှေ့တောင်ဘက်သို့ ဖြားယောင်း‌ခေါ်‌ဆောင်ခဲ့တာကြောင့် ယခုတော့ လမ်းများပေါ်တွင် အလောင်းကောင် ၁၀ ဦးခန့်သာလျှင် ကျန်ရှိ တော့သည်။ လူငယ်‌‌လေးကမြေပြင်ပေါ်သို့လိမ့်ဆင်းသွားလိုက်ပြီး မတ်တပ်ရပ်ကာ လမ်းထောင့်သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရှုပ်ပွနေသော ဆေးဆိုင်ကြီးထဲသို့ ပြေးဝင်သွားခဲ့သည်။


သူ့ခေါင်းပေါ်မှ မီးဆိုင်းက လင်းထိန်သွားလိုက်သည်။ နံရံများတွင် ပြန့်ကျဲနေသော သွေးစွန်းရာကွက်များဖြင့် ပြည့်နှက်နေပြီး ပျက်ဆီးကြေမွနေသော လူသေအလောင်း တော်တော်များများက မှန်ဘောင်ကောင်တာတစ်လျှောက်တွင် လဲလျောင်းနေခဲ့ကာ ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ချိန်က အခြေအနေမှာ ဘယ်လောက်ထိ ကြောက်စရာကောင်း‌ကြောင်း ပြသလျက်ရှိ‌နေလေသည်။


တိုးပွားလာတဲ့ လူဦးရေ၊ တန်းတူညီမျှမှုအခွင့်အရေးနှင့်အတူ အိုမီဂါဟော်မုန်းတားဆေးများအား နိုင်ငံအများအပြားတွင် ပိတ်ပင်ထားမှုကို ရုတ်သိမ်းလိုက်သော်လည်း ဆေးက တင်းကျပ်စွာ ထိန်းချုပ်ထားသော ဆေးဝါးတစ်ခုဖြစ်နေဆဲဖြစ်သည်။ လူငယ်‌ လေးက ကာဘိုင်စက်သေနတ်ကို 

သူ့ကိုယ်ခန္တာရှေ့တွင် နေရာချကာ ကောင်တာပေါ်မှ အလောင်းကောင်များအား ကျော်ခွလိုက်ပြီး ကာဘိုင်‌သေနတ်၏ဖင်ဖြင့် မှန်ပုံးကိုရိုက်ခွဲချလိုက်ခဲ့သည်။ ရင်းနှီးနေတဲ့ ထိုးဆေးကိုတွေ့လိုက်တဲ့အခါတွင်မှ သက်သာရာရစွာ သူ အသက်ရှူထုတ်လိုက်ခဲ့ပြီး ပါကင်အိတ်ကို အလျင်အမြန် ဖောက်လိုက်၍ သူ့လက်မောင်းသွေးကြောထဲသို့ ထိုးသွင်းလိုက်ခဲ့၏။


ဆေးဆိုင်သည် အကြိမ်ပေါင်းများစွာ အပိုင်စီးခံခဲ့ရလောက်သော်လည်း ထောက်ပံ့ရေးပစ္စည်းများ၊ ပရိုတင်းအမှုန့်၊ အခွံမာသီးများ၊ အားဖြည့်အချိုရည်များ များစွာကျန်ရှိနေသေးသည်။ သွေးစွန်းနေသော အလောင်းတစ်လောင်းမှ သန့်ရှင်းသော ကျောပိုးအိတ်ကို ကောက်ယူလိုက်ပြီး အထဲက အကြွင်းအကျန်အားလုံးကို ဖွင့်ထုတ်လိုက်ခဲ့သည့်တစ်ချိန်တည်းမှာပဲ သောက်ရေသန့်နှစ်ဖာကိုပါ သူ ရရှိလိုက်တာကို သတိပြုမိလိုက်သည်။


အဲဒီနောက် သူက ကောင်တာက ကွဲအက်နေတဲ့ မှန်‌ထဲမှာ သူ့ကိုယ်သူ လှမ်းကြည့်လိုက်ခဲ့သည်။


သူက မော်တော်ဆိုင်ကယ်ဦးထုပ်ကို ဝတ်ဆင်ထားပြီး၊ သံချေးများပြည့်နေသော ဂျာကင်အင်္ကျီ၊ နဂိုအရောင်ပင် ပျောက်နေသော ဂျင်းဘောင်းဘီအရှည်နှင့်အတူ ခြောက်သွေ့နေတဲ့ အသားပုပ်များ အပြည့်ကပ်နေသော ခြေကျင်းဝတ်ထိမြင့်တဲ့ ထိပ်မြင့်ဘွတ်ဖိနပ်တစ်ရံကို ဝတ်ဆင်ထားခဲ့သည်။


ရုတ်တရက် တစ်စုံတစ်ခုကို သူ သတိရသွားလိုက်ပြီး သူ့ဂျာကင်ဇစ်ကို အနည်းငယ်ဆွဲချလိုက်ကာ အင်္ကျီကော်လံအောက်မှ ဆွဲသီးကို ထုတ်ယူလိုက်ခဲ့သည်။


ဆွဲသီးက သာမာန် အိတ်ဆောင်နာရီ အရွယ်အစား ကြေးပြားအဝိုင်းလေး ဖြစ်သည်။ သူ ဖွင့်ကြည့်လိုက်တော့ သလင်းကျောက်မှန်ချပ်အပြားလေး‌ အောက်မှာ ဖိသိပ်ခံထားရတဲ့ ဓာတ်ပုံအဟောင်းတစ်ပုံကို တွေ့လိုက်ရ၏။


ငယ်ရွယ်သော စုံတွဲတစ်တွဲသည် ၎င်းတို့၏ ငါးနှစ် သို့မဟုတ် ခြောက်နှစ်အရွယ်သား လေးနှင့်အတူ ပြုံးပြနေခဲ့သည်။ ဇနီးသည်က လူဖြူအနွယ်ဝင်တစ်‌ယောက်ဖြစ်ပြီး လီနင်သားလို ဆံပင်အ‌ရောင်၊ ပယင်းရောင်မျက်လုံးတွေဖြင့် သူမရဲ့အလှတရားက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အကန့်အသတ်နဲ့ပဲရရှိသေးတဲ့ အဖြူအမည်းဓာတ်ပုံနည်းပညာနဲ့တောင် မြင်တွေ့နိုင်‌၏။ အခြားတစ်ဖက်တွင်မူ ခင်ပွန်းသည်ဖြစ်သူက‌တော့ လုံးလုံးလျားလျား အရှေ့တိုင်းလူရွယ်တစ်ဦးဖြစ်ပြီး၊ သူ့အသွင်အပြင်သည် ရည်မွန်‌ကျော့ရှင်းပြီး စာဂျပိုးတစ်ယောက်ပုံ နည်းနည်းလေးသာ ပေါက်မနေခဲ့ရင် အလွန့်အလွန်ကို သာမန်ဆန်သည့်မျက်နှာတစ်ခုဖြစ်နေသည်။


သူ့မျက်နှာနဲ့ တူနေတာပဲ။


လူငယ်‌လေးသည် သူ့မျက်လုံးကို မှိတ်လိုက်ပြီး အသက်ရှု‌တွေကြပ်လာခဲ့သည်။ အပိုင်းပိုင်းအစစဖြစ်နေသာ ပုံရိပ်အချို့က သူ့စိတ်ထဲတွင် အရိပ်ထင်လာခဲ့ကာ - အလွန်လျင်မြန်စွာ တုန်ခါနေသောအခန်းငယ်လေး၊ လူ‌‌တွေရဲ့ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံ၊ လူသေကောင်များ၊ ကျည်ဆန်‌‌တွေပလူပျံနေတဲ့ ပေါက်ကွဲသံများနှင့်အတူ ငွေရောင်ခရီး‌ဆောင်လက်ဆွဲသေတ္တာတွေအား အလွန်ကို‌ သေးငယ်ပြီး ချုံ့ဝင်နေတဲ့ပုံရိပ်‌လေးအဖြစ်နဲ့ သူ့စိတ်ထဲတွင် ပေါ်‌ပေါက်လာခဲ့တော့သည်။


ထို့နောက် ထိုအတွေးပုံရိပ်များမှသည် ပြောင်းလဲသွားပြီး နံနက်စောစောတွင် မိုး‌ မှောင်ကျ‌‌နေတဲ့ ကောင်းကင်၏ အေးစက်စက် မနက်ခင်းတစ်ခု ဖြစ်လာလိုက်သည်။ မြက်ပင်များနှင့် နှင်းများကြားတွင် စစ်ဖိနပ်များ ချနင်းလျက်၊ စစ်သားတစ်‌ ယောက်ချင်းစီ၏ နားစည်ထဲထိ တိုးဝင်နေတဲ့ ဆူပူ‌ကြိမ်း‌မောင်းနေတဲ့အသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။


"......မနက်ဖြန်ဆိုတာ မရှိဘူး၊ မျှော်လင့်ချက်ဆိုတာလည်း မရှိဘူး။ ကယ်တင်ခံရဖို့ ဘယ်တော့မှ မစောင့်‌နဲ့၊ အမှားတစ်ခုခုရှိတာနဲ့ မင်းသေမှာပဲ"


"တကယ်လို့ ဒီကမ္ဘာမြေကြီးပေါ်ရှိ သက်ရှိလူသားနည်းနည်းလေးပဲကျန်ရင်တောင် နောက်ဆုံးတစ်ယောက်က မင်းပဲဖြစ်ရမယ်။ နောက်ဆုံးမျှော်လင့်ချက်က မင်း သေတဲ့အထိ တိုက်ခိုက်သွားဖို့ပဲ!......."


လူငယ်‌လေးသည် မသိစိတ်ကနေ ခေါင်းခါယမ်းလိုက်ကာ မျက်ခုံးရိုးများကို ပွတ်သပ်ချင်သော်လည်း ဆိုင်ကယ်စီးဦးထုပ်၏ မာကျောသော မျက်နှာပြင်နှင့် သူ့လက်များသာ ဆုံတွေ့လိုက်ရသည်။


"သတိထား! "


ကြီးမားသော အင်အားတစ်ခုက လူငယ်လေးရဲ့နံဘေးသို့ ရုတ်တရက် ထိမှန်သွားပြီး သူ့အား မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လဲကျသွား‌စေလိုက်သည်။ တိုက်ခိုက်သူရဲ့လည်ပင်းအား အလိုလို 

ဆုပ်ကိုင်ထားလိုက်သည့် အချိန်တစ်ခဏချင်းပင် ကျယ်လောင်သော သေနတ်သံများ အခန်းထဲ ပြည့်လျှံသွားလိုက်သည်။


ကျည်ဆန်တွေက ဂိုဒေါင်တံခါးရဲ့ထောင့်သို့ အရှိန်ပြင်းစွာနဲ့ ကျည်ဆန်မိုးရွာသွန်းချလိုက်ပြီး မကြာခင်မှာပဲ အလောင်းကောင်တစ်ချို့ဟာ တံခါးပေါက်အပြင်ဘက်ကနေ မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ တစ်ခဏလောက် အကြောဆွဲလိုက်ပြီး နောက်ဆုံးတွင်မှ မလှုပ်မယှက် အသွေးအသားပုံတွေအဖြစ် စုပုံသွားလိုက်သည်။


ကျုံးရုန်က သူ့သေနတ်ကို ချလိုက်ကာ ပါးစပ်ထဲက စီးကရက်ကို ဆွဲထုတ်လိုက်ပြီး ဆိုင်ထဲသို့ ‌ ခြေချလိုက်ကာ "မင်းတို့နှစ်ယောက် အဆင်ပြေရဲ့လား"


လူငယ်‌လေးက သူ့ကို "အလစ်ချောင်းတိုက်ခိုက်တဲ့သူ" ကို တွန်းဖယ်လိုက်ပြီး ကွဲထွက်မတတ်ခေါင်းကိုက်ခြင်းကို ဖြေဖျောက်ရန် သူ၏မျက်ခုံးနှစ်ခုကြားကို လက်နှစ်ချောင်းဖြင့် ဖိကာ ထိုင်လိုက်ခဲ့သည်။


"ဟယ်လို၊ ငါတို့ဝင်လာတုန်းက ဂိုဒေါင်တံခါးကို ဖုတ်ကောင်တွေ တွန်းထိုးနေတာကို တွေ့တာနဲ့..." ယန်‌ဟောင်က ကုန်းထလိုက်ပြီး မြေပြင်ပေါ်ထိုင်နေတဲ့ လူငယ်လေးဆီ သူ့လက်ဖဝါးအား ဖြန့်‌ ပေးလိုက်ခဲ့လိုက်သည်။ လူငယ်လေးက သူ့လက်ကို လက်ခံလိုက်ပြီး မတ်တပ်ရပ်ဖို့ အားယူလိုက်ကာ သူ့ဆိုင်ကယ်စီးဦးထုပ်ကို ချွတ်လိုက်ခဲ့တယ်။ "ကျေးဇူးပဲ"


ယန်ဟောင် : "..."


.

ယန်ဟောင် လူငယ်လေး၏ ချောမောလှပတဲ့ မျက်နှာကို ငေးစိုက်ကြည့်လိုက်ပြီး သူ့ပင်ကိုယ်ဗီဇအရ သူ့ခံစားချက်တွေကို ဖုံးကွယ်ထားလိုက်စေကာမူ သူ့မျက်နှာဖြူဖြူပေါ်ရှိ နီမြန်းမှုကတော့ အလွန်ကိုသိသာသွား‌စေလိုက်သည်။ သူ အနေရခက်စွာ ချောင်းဆိုးလိုက်ပြီး "ကိစ္စမရှိပါဘူး... ရပါတယ်။"


ဒီအရာက တော်တော်စိတ်ဝင်စားဖို့ကောင်းမှန်း ကျုံးရုန် ရှာ‌တွေ့လိုက်ခဲ့သည်။ သူက သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး ပြုံးကာ မေးလိုက်တယ် "ညီငယ်လေး ငါတို့နဲ့ အတူ ထမင်းလိုက်စားလှည့်ပါလား"


အကယ်၍ ကမ္ဘာ၏အဆုံးသတ်တွင် အဆိုးရွားဆုံး မျက်နှာရှုး ဆယ်ဦးစာရင်း ရှိခဲ့ပါက၊ သူသည် နံပါတ်တစ်ပဲ ဖြစ်လိမ့်‌ပေမည်။


လူငယ်လေးက ပြန်မဖြေခဲ့ဘဲ ထိုအစား သူ့ကျောပိုးအိတ်ကို ကောက်ကိုင်လိုက်ပြီး ညာဘက်ပခုံးပေါ် တင်လိုက်ခဲ့တယ်။ ယန်ဟောင်ထံမှ ယခင်က ခိုးယူခဲ့သော ကာဘိုင်စက်‌သေနတ်ကိုလည်း သယ်ဆောင်သွားပြီး အခြား‌အမျိုးသားနှစ်ဦးကို ဖြတ်‌‌ကျော်ကာ တံခါးဆီသို့ ဦးတည်သွားလိုက်ခဲ့သည်။


မမျှော်လင့်စွာပဲ ကျုံးရုန်က သူ့ပုခုံးကို လှမ်းဆွဲလိုက်ပြီး "ဒီမှာ......."


"ခင်ဗျားတို့ ကျွန်တော့်နောက်ကို လိုက်နေတာလား"


အမျိုးသားနှစ်ဦးသည် အလွန်နီးကပ်သောအကွာအဝေးမှ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်- မမြင်နိုင်သော တင်းမာတဲ့ကြိုးတစ်ကြိုးသည် ရှုပ်ထွေး ၌ွလီနေသော ဆေးဆိုင်အတွင်းအား တင်းကျပ်သွားပုံရလိုက်သည်။ အချိန်အတော်ကြာပြီးနောက် ကျုံးရုန် နောက်ဆုံးတွင် မဝံ့မရဲ ပြုံးလိုက်ပြီး "မင်းဘယ်လိုပြောလိုက်တာလဲကွာ ငါ့ခံစားချက်လေးတွေ နာကျင်သွားပြီ..."


"......ရှင်းရှင်းလင်းလင်းကြီးကို ငါက လူတွေရဲ့ အသက်အိုးအိမ်နဲ့ စည်းစိမ်ဥစ္စာ လုံခြုံဖို့အတွက် တာဝန်ရှိတဲ့သူတစ်ယောက်ပါကွ"


လူငယ်လေးက ကျုံးရုန်ကို နောက်ထပ်သေသေချာချာကြည့်ကာ သူအမှားလုပ်မိသွားသည်ဟု ခံစားလိုက်ရသည်။ 'ဒီလူက နယ်မြေခံစစ်တပ်ရဲ့ အဖွဲ့ဝင်တော့မဟုတ်လောက်ဘူး၊ဒါပေမဲ့ စစ်တပ်ကနေ ထုတ်ပယ်ခံရပြီးတော့ ယခုလို မတတ်သာလို့ လိုက်ခိုးလိုက်ရသည့် စစ်သားဟောင်းတစ်ဦး‌တော့ဖြစ်‌‌လောက်မှာပဲ။'


"ငါ့ကို အဲဒီလိုကြီး မကြည့်စမ်းပါနဲ့ကွာ၊ ငါတို့နဲ့ အတူလိုက်ခဲ့စမ်းပါ၊ ဒီကွတ်ကီး‌လေးနှစ်ထုပ်အတွက်နဲ့ မင်းကို ဘယ်သူမှ ရိုက်ထုတ်မှာ မဟုတ်ပါဘူး" ကျုံးရုန်က လူငယ်လေး၏ ပခုံးပေါ်မှ နုတ်နုတ်စင်းခံထားရတဲ့ အသားပိုင်းစကို နည်းနည်း‌လေးမှ‌ တောင်စက်ဆုပ်ရွံရှာခြင်းအလျင်းမရှိဘဲ ဆတ်ခနဲ 'တောက်'ပေးလိုက်ခဲ့ကာ ပြောလိုက်ခဲ့သည်၊ "ငါတို့ တခြားအသင်းဖော်တွေနဲ့ တွေ့ဖို့ မြို့လယ်‌ခေါင်က ခိုလှုံရာဆုံပွိုင့်ကို သွားကြမလို့၊ အဖွဲ့တွေ ဆုံပြီးသွားရင် ငါတို့ကို လာခေါ်ဖို့အတွက် ရဟတ်ယာဉ်တွေ စေလွှတ်ပေးဖို့ ဒေသခံအစိုးရကို အကြောင်းကြားဖို့အတွက် တည်နေရာအချက်ပြလွှင့်မှာ။ T မြို့က မနက်ဖြန်ကျရင် နျူကလီယားဗုံးနဲ့ သန့်စင်ခံရတော့မှာ။ ဒီမှာ ဒါက ငါ့ IDကတ်ပဲ"


သွေးစွန်းနေသော သူ့လက်အိတ်ဖြင့် ကျုံးရုန် သူ့ရဲ့ကျည်ကာအင်္ကျီအောက်မှ နွားသား ရေစာအိတ်ကို ဖွဖွကလေးထုတ်ယူလိုက်သည်။ လူငယ်‌ လေးက ဖွင့်ကြည့်လိုက်တော့ အထဲမှာ အမှန်တကယ်ပင် စစ်တပ်ရဲ့အနီရောင် စည်းတံဆိပ်တစ်ခုပါနေတဲ့ ပြန်တမ်းဝင်တစ်စောင် ဖြစ်နေလေသည်။ 


ကျုံးရုန် ပြန်တမ်းစာအား ကျည်ကာအင်္ကျီအိပ်ကပ်ထဲ သေသေချာချာ ပြန်ထည့်ရင်း လူငယ်အား ဘဝင်ခိုက်စွာဖြင့် ကြည့်လိုက်ကာ "မင်း ဘယ်ကိုမှ သွားလို့မရနိုင် တော့ဘူး၊ ရွေးလိုက် မင်းရဲ့သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကြောင့် အသေခံမလား ဒါမှမဟုတ် အဖွဲ့အစည်းရဲ့ အစီအစဉ်ကို လက်ခံမလား... မင်းနာမည် ဘယ်လိုခေါ်လဲ ပြန်ပြောပေးပါလား"


တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လူငယ်လေးရဲ့ မျက်လုံးများက မြေပြင်ပေါ်သို့ ကျဆင်းသွားကာ "XX 

စီနန် Chinese Herbal Pieces 

Co., Ltd. ( ကွမ်းတုံ 2011xxxx)" လို့ရေးထားတဲ့ လွင့်စင်ကျနေတဲ့ ဆေးဘူးပေါ်အား အကြည့်ရောက်မိသွားလိုက်သည်။


"...... စီနန်" လူငယ် လေးက အက်ရှစွာ ပြန်ဖြေလိုက်ခဲ့သည်။


"တောင်-မြောက်ရဲ့ နန်"


နာရီဝက်ကြာမြင့်ပြီး‌နောက်။


"သူတို့ရဲ့ ခန္ဓာကိုယ်အရည်တွေက အဆိပ်ပါဝင်မှုနှုန်းမြင့်ပြီးတော့ အကိုက်ခံရခြင်းရဲ့ နောက်ထပ်ရလဒ်က ဗီဇပြောင်းလဲမှုနောက်ကို လိုက်ပြီးတော့ ရောဂါပိုးဝင်ရင်ဝင် မဝင်ရင် သေဖို့က 100% ပဲ၊ ဗီဇပြောင်းလဲနှုန်းက လူတစ်‌ ယောက်နဲ့တစ် ယောက်ကွဲပြားပြီးတော့ အချိန်တိုဆုံး ဗီဇပြောင်းလဲချိန်က နှလုံးရပ်သွားပြီးတဲ့အချိန်က‌နေ စက္ကန့် 50 ပဲကြာမြင့်တယ်၊ အကြာဆုံးအချိန်က ၂၄ နာရီထက် ပိုတယ်၊ အဲဒီအချိန်အတောအတွင်းမှာ ခန္ဓာကိုယ် တောင့်တင်းမှုနှင့် အရှိန်နှုန်းက သာမန်လူသားခန္ဓာကိုယ်တွေနဲ့ အတူတူပဲ"


စီနန် က သူ့မျက်ခုံးကို ပင့်လိုက်ပြီး "ဘယ်ကိုကြည့်ပြီး လေ့လာလိုက်တာလဲ"


"ငါ့အဖွဲ့သား တော်တော်များများ‌‌ ပေါ်မှာပဲ" ကျုံးရုန်က မချိတင်ကဲစွာ ပြောလိုက်သည်။


အထူးတပ်ဖွဲ့ဝင် ခုနစ်‌ယောက် ရှစ်‌‌ယောက်‌ လောက်က ကား၏ ဘယ်ဘက်ခြမ်းနှင့် ညာဖက်ခြမ်းတွင် အသီးသီး ထိုင်နေကြသည်။ ဖုတ်ကောင်များက လမ်းကို အဆက်မပြတ် ပိတ်ဆို့နေခြင်းကြောင့် သူတို့ရဲ့ခန္ဓာကိုယ်များက အချင်းချင်း‌ ဆောင့်မိ နေကြသည်။


ကျုံးရုန်ရဲ့ဘေးရှိ ယန်ဟောင်က သူ့နောက်ကနေ စက္ကူအိတ်ကို ယူလိုက်ပြီး သူ့‌ ရှေ့

တည့်တည့်မှာ ထိုင်နေတဲ့ စီနန် ကို ကမ်း‌ ပေးလိုက်၏။


စက္ကူအိတ်ထဲတွင်‌တော့ ပရိုတိန်းမြင့်မားတဲ့ချောကလက်နှင့် စစ်ဘက်သုံး အဆာခံဘီစကွတ် အချို့ဖြင့် ပြည့်နေခဲ့သည်။


စီနန်သည် စက္ကူအိတ်အား သာမန်ကာလျှံကာလို သူ့ဘက်ပြန်ပစ်

ပေးလိုက်ပြီး 'ဒီမှာ ရှိတယ်' လို့‌ ပြောလိုက်သကဲ့သို့ သူ့ကျောပိုးအိတ်ကို လက်ညှိုးထိုးပြလိုက်ခဲ့သည်။ ထို့နောက် သူချက်ချင်းပင် ကျုံးရုန်အား မေးမြန်းလိုက်ခဲ့သည်၊ "ခင်ဗျားတို့က နယ်မြေခံတပ်ကပဲလား"


"ဗိုင်းရပ်စ်ပိုး စပြန့်လာတော့ ပညာရှင်တစ်ချို့က ခွေးရူးပြန်ရောဂါ အခွဲတစ်မျိုးလို့ တွေးလိုက်ပြီးတော့ ပထမအသုတ်ကို စစ်တပ်ရဲ့ထိန်းသိမ်းစောင့်ရှောက်ခန်းထဲ ပို့လိုက်တာ၊ မကြာလိုက်ဘူး နယ်မြေခံတပ်က လုံးလုံးအမြစ်ပြတ်သွား‌ ရောပဲ။" ကျုံးရုန်က ဝမ်းနည်းကြောင်းပြတဲ့အနေနဲ့ သူ့ရင်ဘတ်တွင် လက်ကိုဖြန့်တင်လိုက်ခဲ့သည်။ "မင်း အခု စစ်စခန်းကို သွားမယ်ဆိုရင်‌ တောင်ထောင်သောင်းချီတဲ့ ဖုတ်‌ ကောင်တွေနဲ့ပဲ ပြည့်နေလိမ့်မယ်၊ ထူထပ်လွန်းလို့ ... လူ‌တွေထဲ ကြောက်စိတ်လွန်ကဲနေတဲ့

လူအုပ်ကြီးရဲ့ ငရဲခန်းတစ်ခု.... လှုံ့ဆော်ပေးလိုက်သလိုပဲ။"


"ဒါဆို ခင်ဗျားတို့ ဘာလို့ Tမြို့ကို ရောက်လာကြတာလဲ"


"တာဝန် ထမ်းဆောင်ဖို့" ယန်ဟောင်က ဘေးမှနေ၍ တီးတိုးလေးပြောလိုက်သည်။


စီနန်က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်တော့ ယန်ဟောင် သူ့နှုတ်ခမ်းများကို တင်းတင်းကျပ်ကျပ်ပိတ်လိုက်ပြီး လှုပ်ရမ်း နေတဲ့ ကားကြမ်းပြင်ကိုသာ စေ့စေ့ကြည့်လိုက်ခဲ့သည်။ 


"ငါတို့ ဒီကို တာဝန် ထမ်းဆောင်ဖို့ လာခဲ့တာပဲ ဒါပေမယ့် ငါတို့ကံကိုက ဆိုးပါတယ်ကွာ။ ဖုတ်ကောင်‌‌ တောအုပ်ထဲ ပြေးဝင်မိရက်သွားဖြစ်ပြီးတော့ မစ်ရှင်ရဲ့ အကြောင်းအရာကို ယာယီပြောင်းလဲလိုက်ရတယ်၊ အဲလိုနဲ့ ငါတို့တွေလည်း သာမန်ပြည်သူတွေကို ကယ်ဆယ်ဖို့ ခိုလှုံရာ ဆုံမှတ်ကို သွားဖို့ ဆုံးဖြတ်လိုက်ကြတာ။" ကျုံးရုန်က မသိလိုက်ဘာသာ ဖြတ် မေးလိုက်ခဲ့၏

" ရှောင်ကော(ညီငယ်လေး) မင်းကရော ဘယ်လိုဖြစ်ပြီးတော့လဲ"


စီနန်က ပြန်မဖြေခဲ့ဘဲ "ခင်ဗျားတို့ရဲ့တာဝန်က ဘာလဲ"


အဖွဲ့ရဲ့ရည်ရွယ်ချက်က ထန်ဟောင်လို အဖိုးတန် ဗျူဟာမြောက် အရင်းအမြစ်လို့ခေါ်တဲ့ စစ်ဆင်‌ ရေးနယ်မြေထဲက 

အိုမီဂါ‌ တွေကို ရှာဖွေကယ်ဆယ်ပို့ဆောင်ဖို့ ‌‌ နေမှာပဲ' လို့ သူ တွေးတောလိုက်ခဲ့သည်၊၊ သို့သော်လည်း ကျုံးရုန်က သက်ပြင်းချလိုက်ပြီး စိတ်ပျက်အားငယ်စွာနဲ့ပြောလိုက်တယ် " ဒီအစ်ကိုကြီးက တကယ်ကို ကံဆိုးနေတာပဲကွာ အာ... မစ်ရှင်ရဲ့ပစ်မှတ်က သေသွားပြီမို့လို့ အခု‌ နေပြန်သွားရင်တောင် ပြစ်ဒဏ်အနေနဲ့ ဖုတ်ကောင်တွေကို စားစရာအဖြစ် ပေးခံရမှာ‌ တောင်စိုးမိတယ်။ ..."


"သေချာပေါက် မသေနိုင်ပါဘူး" ယန်ဟောင်က ရုတ်တရက် ဝင်ကာ တီးတိုးပြောလိုက်သည်။


အခြားအဖွဲ့သားများက သူတို့နှစ်ဦးလုံးကို စိုက်ကြည့်လိုက်‌ တော့ ကျုံးရုန်က ပြန်မေးလိုက်ခဲ့သည်။ "၉ ကီလိုမီတာ အမြင့်ကနေ အလွတ်ခုန်ဆင်းရင်တောင် မင်းတို့က အသက်ရှင်နိုင်သေးတယ်ပေါ့"


ယန်ဟောင်  နှုတ်ဆိတ်သွားလိုက်၏။


"အစ်ကိုရုန်!" ရှေ့ခန်းမှ ယာဉ်မောင်းက ရုတ်တရက် အော်ပြောလိုက်သည်၊ "နောက်ဆုံးထွက် လမ်းပြမြေပုံထွက်လာပြီ၊ လမ်း‌ကြောင်း လာကြည့်ပါဦး!"


ကျုံးရုန်က ထလိုက်ပြီး ယာဉ်မောင်းထိုင်ခုံဆီသို့ လျှောက်သွားပြီး လမ်းတွင် ယန်ဟောင်ရဲ့ပခုံးကို ပုတ်သွားလိုက်သည်။


စီနန်တစ်ယောက် ကျုံးရုန် နှင့် စကားစမြည်ပြောရာတွင် ရည်ရွယ်ချက်ရှိရှိဖြစ်စေ မရည်ရွယ်ဘဲဖြစ်ဖြစ် လူတွေကို သူ့ဖြစ်တည်မှု သတိပြုမိစေရန် ဖြတ်ဝင်ပြောတတ်သည့် ယန်ဟောင် နဲ့ ကျန်ရစ်ခဲ့သည်ကို ရုတ်တရက် တွေ့ရှိသွားခဲ့သည်။


'သူ ဘာလို့ ဒီလိုလုပ်ရတာလဲ။'


ယန်ဟောင် က ရုတ်တရက် ပါးစပ်ကို လက်သီးဆုပ်နဲ့အုပ်လိုက်ပြီး ချောင်းဆိုးလိုက်ကာ စီနန်ကို စီးကရက်တစ်ဘူးကို ထုတ်ပေးတယ် "သောက်ချင်လား"


စီနန်ရဲ့အသွင်အပြင်သည် အလွန် အရှေ့တိုင်းဆန်သော်လည်း သူ့မျက်လုံးများသည် သူ့မိခင်ကဲ့သို့ ပယင်းရောင်ရှိသည်။ တစ်စုံတစ်ယောက်ကို စူးစူးစိုက်စိုက် စိုက်ကြည့်မိသောအခါတွင် ရေခဲလိုအအေးဓာတ်များ ဖုံးလွှမ်းနေသည့် အရှိန်အဝါတစ်ခု ရှိနေလိမ့်မည်။


သူက ယန်ဟောင်ကို ၁၀ စက္ကန့်ကြာလောက် ကြည့်လိုက်ပြီး ခေါင်းခါပြလိုက်တယ် 

"မသောက်တော့ဘူး ကျေးဇူးပဲ"


".................."


အနည်းငယ် စိတ်လှုပ်ရှားနေသော 

ယန်ဟောင်က သူ့ကို ပြုံးပြလိုက်သည်။ သူ စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်သော်လည်း မီးမညှိလိုက်ခဲ့၊ သူဒီလိုလုပ်တာက သူ့စိတ်ခံစားချက်ကို သက်သာရာရစေမည့် အထောက်အကူဖြစ်စေဖို့ သူ့လက်ချောင်းများကြားထဲမှာ လှည့်ခါလိုက်ရုံသာဖြစ်သည်။


ခဏအကြာပြီးနောက် ကျုံးရုန်သည် သူနှင့်အတူ ပစ္စည်းကိရိယာအိတ်တစ်လုံး သယ်ဆောင်လာရင်း နောက်ခန်းသို့ ပြန်ရောက်ချလာသည်။ သူက ထိုင်လိုက်ပြီး ကိရိယာအိတ်ကို စတင် ဖွင့်လှစ်လိုက်ရင်း "အခြေအနေက မလွယ်ပါဘူး....

ငါတို့ရဲ့ လက်ရှိအရှိန်နှုန်းနဲ့ဆို နှစ်နာရီအတွင်း ခိုလှုံရာ ဆုံမှတ်ကို ရောက်လိမ့်မယ်၊ ဒါပေမယ့် မြို့တော်ခန်းမရဲ့ လမ်း‌ပေါ်မှာ ဖုတ်ကောင်‌‌ တွေ ဘယ်လောက်သိပ်သည်း‌ နေမလဲ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ ငါ အဲဒီကို သွားပြီး‌ တော့ စက်သေနတ်နဲ့ လမ်းဖွင့်လိုက်မယ် မင်း ခဏလောက် အိပ်လိုက်ဦးလေ.... ဘာလို့လဲ ညီငယ်လေး မင်းက ငါ လမ်းရှင်းတာကို မြင်ချင်လို့လား။


ကျုံးရုန် သေနတ်အစိတ်အပိုင်းများပါရှိသော သတ္တုသေတ္တာကိုဖွင့်၍ ကိရိယာဘူး၏ ‌ မြောင်းပေါက်တစ်ခုမှ ပတ္တမြားနားကပ်တစ်ခုကို အလွယ်တကူထုတ်ယူလိုက်ပြီး သူ၏ညာဖက်နားရွက်တွင် သွားတပ်လိုက်ခဲ့သည်။


စီနန်: "..."


သူတို့နှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေတဲ့

စီနန်က ကျုံးရုန်၏ နားရွက်မှသည် ယန်ဟောင်၏ နားများဆီသို့ သူ့မျက်လုံးတွေ ရွေ့လျားသွားလိုက်ကာ မှိန်ဖျော့ဖျော့အခန်းလေးထဲတွင် တူညီသော ပတ္တမြားနှစ်ရောင် လင်းလက်နေခဲ့သည်။


ထိုအချိန်တွင် သူ့မေးခွန်းကနောက်ဆုံးတွင် အဖြေရလိုက်ခဲ့ပြီး အခုမှပဲ ဇာတ်လမ်းတစ်ခုလုံးကို နားလည်သွားသည်ဟု သူ ခံစားမိလိုက်သည်။


"တောင်းပန်ပါတယ်" စီနန်က ထလိုက်ရင်း ယန်ဟောင်ရဲ့ ပခုံးကို ပုတ်သွားလိုက်ကာ ရိုးရိုးသားသား ပြောလိုက်တယ်။ ကားရှေ့ခုံဆီသို့ ဦးတည်သွားလိုက်ကာ ယာဉ်မောင်းဘေးတွင် သူ ဝင်ထိုင်လိုက်ခဲ့သည်။


ယန်ဟောင် : "...???"


ကားနောက်ခန်းထဲတွင် ထူးဆန်းဆိတ်ငြိမ်တဲ့ပတ်ဝန်းကျင်တစ်ခု ရှိနေလိုက်ခဲ့၏။


သို့သော် ကောင်းကောင်းကြီး

နားလည်သွားလိုက်တဲ့ စီနန်သည် ၎င်းကို လျစ်လျူရှုကာ ယာဉ်မောင်းအား ခေါင်းဆတ်၍ နှုတ်ဆက်လိုက်ပြီး ချက်ချင်းပင် သူ့မျက်လုံး‌‌ တွေကို မှိတ်ကာ အိပ်စက်လိုက်ခဲ့တော့သည်။


The End....