Chapter - 4
Viewers 404

Undead Chapter 4


စီနန် တကယ်တမ်းကျတော့ အိပ်မပျော်နိုင်သေးပေ။


သူ့စိတ်ဝိညာဉ်ကို လုံးလုံးလျားလျား ဗလာသက်သက်အခြေအနေတစ်ခုဖြစ်အောင် တွန်းပို့ရန် ကြိုးစားလိုက်သည်။ နက်ရှိုင်းတဲ့ပင်လယ်ပြင်ကြီးထဲက ငါးတစ်‌‌ကောင်အတိုင်း တရားရှုမှတ်သလို ဖြည်းညှင်းစွာကူးခတ်၍ ပျက်စီးနေသောမှတ်ဉာဏ်အပိုင်းအစများကို သူ့အသိစိတ် နက်နက်ထဲမှ ဖမ်းဆုပ်လိုက်ခဲ့သည်။


"......မွေးလာတည်းက အားနည်းတယ်၊ စောင့်ကြည့်ရမယ်..."


"ပြေး၊ ပြေး!"


"ဒီနေ့ ငါ ခံစားလိုက်ရတဲ့ အရှက်တရားအတွက် အနာဂတ်မှာ ပြန်ပေးဆပ်စေရမယ်......"


"မင်တို့ရဲ့ အုပ်ချုပ်ရေးမှူးကို ထွက်လာဖို့ပြောလိုက်"  မြင့်မားတဲ့ သံတန်းတစ်ခုရဲ့ရှေ့တွင် ရပ်နေတဲ့ပုံသဏ္ဌန်တစ်ခုက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်တယ်၊ "ငါ သူ့ကို ပြောစရာ ရှိတယ်" 


နောက်အခိုက်အတန့်တွင် မျက်နှာမမြင်ရတဲ့လူတစ်ယောက်က ရှေ့သို့ ရောက်လာခဲ့သည်။  သို့သော်လည်း သူစကားပြောခွင့်မရခင် ရုတ်တရက် ထိုသူ့ပါးစပ်ပေါ်ကို ပြင်းပြင်းထန်ထန် ထိုးကြိတ်ခြင်းခံခဲ့ရ၏။  သူ့နှာခေါင်းက‌နေ သွေး‌တွေယိုစီးကျလိုက်ကာ သူ နောက်ပြန်လဲကျသွားလိုက်ခဲ့သည်။


ပြေးလွှားလာခြင်း၊  ဆဲဆိုခြင်း၊ များစွာသော အသံဗလံများ ဝိုင်းရံထားလိုက်ရာ စစ်သားအချို့က သူ့ကို တားဆီးရန် ကြိုးစားလိုက်သော်လည်း မစွမ်းသာနိုင်ခဲ့ပေ။


ထို့နောက် ပုံရိပ်များက ပြောင်းလဲသွားလိုက်သည်၊- ကျဉ်းမြောင်းသော ပြတင်းပေါက်မှ အလင်းရောင်မှိန်မှိန် အောက်တွင် ကွန်ကရစ်ကျောက်စားပွဲပေါ်မှ မည်းမှောင်သော အရိပ်တစ်ခုကို ပုံဖော်ထား၏။  ဘေးကိုဆွဲဖယ်ထားသော ဂျာကင်အင်္ကျီနှင့်အတူ သူ့လက်ချောင်းထိပ်များက မျက်ခုံးကို ထောက်လျက် ကုတင်ပေါ်တွင် ထိုင်နေချိန်မှာတော့ ရုတ်တရက် တံခါးအပြင်ဘက်ကနေ ပြေးလွှားလာနေတဲ့ ခြေသံ‌ေတွကို  သူ ကြားလိုက်ရပြီး လှည့်ကြည့်လိုက်တော့ သော့ခ‌ေလာက်မှ လျှပ်တစ်ပြက် အသံတစ်ခုက နောက်ကနေ ထွက်ပေါ်လာလိုက်သည်။


သူ မတ်တပ်ထရပ်လိုက်ခဲ့ပြီး တံခါးက ပွင့်လာခဲ့သည်။


"သူတို့ အထဲမှာ ထောင်တွေဖောက်နေကြပြီ၊ ဓာတ်ခွဲခန်းက ပိတ်ချလို့မရတော့ဘူး...  အတားအဆီးတွေက ပျက်စီးသွားပြီ၊ ကားက မင်းကို အပြင်မှာစောင့်နေတယ်၊ ငါနဲ့လိုက်ခဲ့..."


သူနှင့်အတူ တိုက်တေနီယမ်အလွိုင်း အအေးခံသေတ္တာကို ယူလိုက်ကာ သူတို့တွေ အကျဉ်းခန်းထဲမှ အလျင်စလို ထွက်လာလိုက်ခဲ့သည်။  စင်္ကြံလမ်းအဆုံးကို ကြည့်လိုက်တော့ ကြယ်တွေကို ကြည့်နေရသလိုမျိုး သူ့စိတ်ထဲမှာ ခံစားလိုက်ရသည်- သူတို့က အရမ်းနီးကပ်နေပေမယ့် အရမ်းလည်းဝေးကွာနေခဲ့တယ်၊ အခုချိန်ထိ ဒီခရီးရှည်ကြီးမှာ ခြေလျင်လျှောက်သွားခြင်းက မိမိရဲ့ပန်းတိုင်ကို ဘယ်တော့မှ မရောက်နိုင်တော့သလိုမျိုး စိတ်ထင့်နေတဲ့ ခံစားချက်ကို ပေးစွမ်းနေခဲ့၏။


'ခရီးအဆုံးကို ဘယ်တော့မှ မရောက်နိုင်တော့သလိုမျိုးပဲ...'


တင့်ကားက ရုတ်တရက် ဘရိတ်‌ ဆောင့်အုပ်ချလိုက်ရာ စီနန် နိုးလာခဲ့သည်။


သူ မျက်လုံးဖွင့်လိုက်သည်နှင့် ကားပြတင်းပေါက်မှ ထူထပ်ပိတ်သည်းတဲ့ ဖုတ်ကောင်ဒီရေလှိုင်းနဲ့ ချက်ချင်းလက်ငင်း အကြိုဆို ခံလိုက်ရ‌ေတာ့သည်။  ကားမောင်းတဲ့သူက အော်ပြောလိုက်တာကို သူ ကြားလိုက်ခဲ့သည်၊ "ငါတို့ ဦးတည်ရာကို ရောက်ပြီ၊ လာကြဟေ့ ၊ ဖုတ်ကောင်ဒီရေကို ရှင်းထုတ်ပြီး ဖောက်ထွက်ကြမယ်။ အထဲက လူတွေ အဆင်သင့်ပြင်ထားကြဟေ့!"


ကားခေါင်မိုးပေါ်တွင် စက်သေနတ်ပစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။  ကျုံးရုန် သူ့ကုတ်အင်္ကျီကို ချွတ်ချလိုက်၍ ဝတ်ဆင်ထားသည့် အောက်ခံ အနက်ရောင်ကျည်ကာအင်္ကျီကို ထုတ်ဖော်လိုက်ကာ ယမ်းငွေ့‌ ဝေနေတဲ့ သေနတ်ပြောင်းကို တည်ငြိမ်စေရန် အပူခံလက်အိတ်အနက်‌ေရာင်ဝတ်ဆင်ထားတဲ့ လက်ဖြင့် ဖုံးအုပ်ထားလိုက်ပြီး သူတို့ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို ပစ်သတ်ရန် ချိန်ရွယ်လိုက်ခဲ့သည်။


သို့ပေမဲ့  မြို့လယ်ခေါင်လမ်း‌ ကြောမှာ ရှိ‌‌ နေတဲ့ ဖုတ်ကောင်အုပ်ကြီးက အလွန်တရာကို များပြားထူထပ်လွန်းလှသည်။  ဖုတ်ကောင်လှိုင်းလုံးကြီး တစ်သုတ်ပြီးတစ်သုတ် ရှင်းထုတ်ပြီးလျှင်တောင် သူတို့တွေ ပုပ်ပွနေတဲ့ အလောင်း‌ကောင်ပင်လယ်ပြင်ထဲတွင် နစ်မြှုပ်လုနီးပါး ဖြစ်နေတုန်းပင်။  အဖွဲ့သားအားလုံးက အထောက်အကူပေးရန် ခေါင်မိုးပေါ်သို့ တက်ခဲ့ကြ‌ ပေမဲ့လည်း မြေပြင် မီတာအနည်းငယ်‌ လောက် လစ်လပ်သွားအောင်ပဲ ရှင်းထုတ်နိုင်ခဲ့ကြသည်။  ကျည်ကာတင့်ကားသည် ဒီလိုဖုတ်ကောင်ဒီရေလှိုင်းထဲတွင် အမှန်တကယ်ကိုပင် တစ်ရွေ့ချင်းစီပဲ ရွေ့လျားသွားနိုင်လေသည်။


မနက်ခင်းအလျင်လိုချိန်မှာ အရှိန်ပြင်းပြင်းနဲ့မောင်းနှင်ရတာထက် ဒီလိုအခြေအနေက ပိုအန္တရာယ်ရှိနေခဲ့၏။  သူတို့ကိုယ်ခန္တာများအား အဆုံးမရှိတဲ့ဖုတ်ကောင်များရဲ့ အကြိမ်ပေါင်းများစွာ ဆွဲချလုနီးပါးဖြစ်ခဲ့ကြပြီး၊ အဖွဲ့၀င်အချို့ပင်လျှင် ဒီအချိန်လေးအတွင်းတွင် အလောင်းကောင်များကို မကန်ထုတ်နိုင်မီတွင် သူတို့ခြေထောက်များအား ဖုတ်ကောင်များက ဖမ်းမိလုနီးပါးဖြစ်သွားခဲ့ကြကာ ငယ်သံပါအောင် အော်ဟစ်လိုက်ကြသည်။


ကျုံးရုန်က သူ့နားကြပ်က ကြားခံစကားပြောစက်တွင် အော်ပြောလိုက်သည်- "ရင်ကျယ် အပေါ်ကိုတက်လိုက်၊ ကူပစ်ပေးထား! ငါ မောင်းလိုက်မယ်!"


ယာဉ်မောင်းက ကားခေါင်မိုးပြတင်းပေါက်ကိုဖွင့်ပြီး အပေါ်ကိုတက်သွားလိုက်ခဲ့သည်။  ကျုံးရုန်က ဒီအခွင့်အရေးကို အရယူပြီး ဒါရိုက်ဘာခုံပေါ်သို့ လျှောဆင်းချလိုက်ပြီး လီဗာကို နင်းချလိုက်ခဲ့သည် ။


သံချပ်ကာတင့်ကားသည် ရှေ့သို့ မီတာများစွာ‌ေရာက်သည်အထိ ပစ်ခတ်ခဲ့ပြီး မရေမတွက်နိုင်သော အလောင်းကောင်များကို မြေပြင်ပေါ်သို့ ပို့ဆောင်လိုက်ခဲ့သည်။  ထိုအချိန်တွင်တော့ ရုတ်တရက် ဒရိုင်ဘာထိုင်ခုံ၏ ဘေးပြတင်းပေါက်ရဲ့ကွဲအက်သံကို  သူ ကြားလိုက်ရသည်။


"အူး-"  ဆန့်တန်းနေတဲ့ လက်နှစ်ဖက်က ပြတင်းပေါက်သို့ ရောက်ရှိလာပြီး ကျုံးရုန် ကို လှမ်းဆွဲလိုက်ခဲ့သည်။


ကျုံးရုန်က ဒါကိုရှောင်ဖို့ သူ့ခန္တာကိုယ်ကို ဘေးတိုက်ရွှေ့လိုက်စဉ် သူ့အနားရှိ စီနန်က ထို ရွံရှာဖွယ် အလောင်းကောင်တော်တော်များများအား အချိန်မီလေး ပစ်သတ်ပေးလိုက်ခဲ့တယ်- "ခိုလှုံရာဆုံမှတ်က ဘယ်မှာလဲ"


"အောက်ဘက်မှာ!"


"ဘယ်မှာလဲ!"


ကျုံးရုန်က မဖြေဘဲ ရှေ့သို့သာ မေးငေါ့ပြလိုက်သည်။


မီတာရာနှင့်ချီသော အကွာအဝေးတွင် ကုန်တိုက်အဆောက်အဦးတစ်ခုသည် မြို့လယ်ခေါင်လမ်း၏အဆုံးတွင်ရှိနေခဲ့ကာ ကြော်ငြာဆိုင်းဘုတ်ကြီး‌ တွေ များစွာက ဝေဟင်တွင် ချိတ်ဆွဲပြသထားခဲ့သည်။


စီနန်က ဖုတ်ကောင်တစ်ကောင်ရဲ့ဦးခေါင်းကို ပစ်သတ်လိုက်ရာ ကြေမွသွားတဲ့ မီးခိုးရောင်ဦးနှောက်အပိုင်းအစများက ကျုံးရုန် ၏ခန္ဓာကိုယ်ပေါ်သို့ လွင့်စင်သွားလိုက်ခဲ့သည်။  သူ ဆဲဆိုလိုက်ခဲ့တော့တယ် "ဖာ့ခ်!"


စီနန်: "ဖာ့ခ် ဆိုတာ ဘယ်သူလဲ" 


(T/N- ဆဲတာတောင် မသိတဲ့ စီနန်လေး😁- မီ အထင်တော့ ဒီစာသားလေးက စီနန် အတိတ်မေ့နေတာကို ဖော်ပြဖို့ မူရင်းစာရေးသူက ထည့်ရေးထားတာထင်တယ်)


ကျုံးရုန်ရဲ့ဘယ်လက်သည် ပြတင်းပေါက်သို့ တက်ရန် ရုန်းကန်နေသော ဖုတ်ကောင်များကို တိုက်ခိုက်‌ နေပြီးနဲ့ ညာဘက်လက်သည် စီနန်အတွက် ခဲယမ်းအိတ်ကို ကိုင်‌ေပးထားရင်းနဲ့ 

စတီယာရင် ဘီးပေါ်တွင် တင်ထားလိုက်ခဲ့သည်။  သူ မျက်မှောင်ကြုတ်လိုက်ပြီး မပြောခင် ခဏလောက်စဉ်းစားပြီး "... ခိုလှုံရာ ဆုံမှတ်က ဒါဇင်နဲ့ချီတဲ့ဈေး‌ချတဲ့ဆိုင်တန်းတွေအများကြီးရှိတဲ့ ကုန်တိုက်ပျက်ကြီးအောက်မှာပဲ၊ အပြင်မှာ လူတွေ ဒီလောက်များနေတာ မဆန်းပါဘူး

"မိုးမေလင်းလိုက်ပါလားကွာ!"



ထိုအချိန်တွင် ကားပေါ်ရှိ ရေဒီယိုမှ အသံထွက်လာပြီး ပရမ်းပတာအ ခြေအနေများကြားတွင် စူးရှတဲ့ အမျိုးသမီးအသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏- "0011 ရုံးချုပ်က ခေါ် နေပါတယ်။ ရုံးချုပ်က ခေါ်‌ နေပါတယ်။ အကူအညီ လိုအပ်ပါသလား။ ထပ်‌ပြောပါမယ်၊ အကူအညီ လိုအပ်ပါသလား။"


"လိုတယ်!"  ကျုံးရုန်သည် စီနန် နံဘေးကို နီးကပ်စွာ ဖိထားပြီး ဘရိတ်ကို နင်းချလိုက်သည်။  သူ ကားခေါင်မိုး၏ ကြားခံစကားပြောစက်ကို ဖွင့်လိုက်ပြီး သူ့ခန္ဓာကိုယ်အား အသက်ထွက်လုနီးပါးဖြစ်လိုက်သည်အထိ နားကွဲလုနီးပါး အသံကို အော်ထုတ်လိုက်သည်- "အားလုံး ဆင်းလာကြ-၊ ခေါင်မိုးကို လော့ခ်ချ၊ ခုချက်ချင်း--!"


သူ့ စကား ဆုံးရုံမျှသာရှိ‌သေးချိန်တွင် ရှေ့အ ဆောက်အဦးရှိ ရှော့ပင်းမောလ် အဆောက်အဦးထိပ်မှ ရုတ်တရက် အလင်းတန်းတစ်ခု ထွက်ပေါ်လာလိုက်သည် ။


နောက်အခိုက်အတန့်တွင်‌တော့ အဖြူရောင်အလင်းတန်းသည် လေထုထဲသို့ အရှိန်အဟုန်ဖြင့် ပြေးတက်လာပြီး မြေပြင်ဆီသို့ ချက်ခြင်း ဦးတည်သွားလိုက်၏!


သံချပ်ကာကားအနီးရှိ ဧရိယာသည် ကျိုးပျက်သွားသော စွန်ကဲ့သို့ ပေါက်ကွဲထွက်သွားခဲ့ပြီး ကားသည် ၁၀ မီတာကျော် အကွာတွင် သွား၍ လွင့်စင်ကျလိုက်ခဲ့သည်။  ပြတင်းပေါက်တွေ ကွဲ‌ေကြသွားခဲ့ကာ အထဲမှာရှိတဲ့လူတိုင်း တစ်ပတ်လည်ကျွမ်းပြန်သွားကြရင်း ဆဲဆိုအော်ဟစ်လိုက်ကြ‌ေတာ့သည်။


သူ မည်မျှကြာအောင် မူး‌ေမ့သွားလိုက်သည်မသိ၊ စီနန် သတိပြန်မလည်မီ ရာစုနှစ်တစ်ခု ကုန်သွားသလို ခံစားလိုက်ရသည်။  တစ်စုံတစ်ခုကတော့ မှားနေပြီဟု ဝိုးတဝါး ခံစားရပြီး  သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ကုန်းထနိုင်အောင် အသည်းအသန်ထိန်းထားလိုက်ပြီး သူ့မျက်လုံးအ စုံကို ဖွင့်ကြည့်လိုက်‌ တော့......


သူ့နှာခေါင်းက ကျုံးရုန်ရဲ့ဘောင်းဘီ ....ခွကြားနဲ့... မျက်နှာချင်းဆိုင်နေမိမှန်း တွေ့လိုက်ရတော့၏။


ကျုံးရုန် သူ့နဖူးကို လက်တစ်ဖက်ဖြင့်ထောက်ကာ ထထိုင်လိုက်ခဲ့သည်။  သူ့ပါးစပ်က မဲ့ယွဲ့စွာနဲ့ အသည်းခိုက်မတတ် နာကျင်‌ နေရသည့် အသံဖြင့် "ငါ သေသွားရင် မင်းကို လုံးဝအလွတ် မပေးဘူး..."


အခြားအဖွဲ့သားများ အားလုံး ညည်းညူလိုက်ကြပြီး ကားပြတင်းပေါက်ကို လှမ်းကြည့်ကြသည်။  ဒုံးပျံတစ်ခုတည်းက လမ်းကိုပိတ်ဆို့နေတဲ့ ဖုတ်ကောင်တွေရဲ့ထက်ဝက်လောက်ကို သုတ်သင်ပစ်ခဲ့ပြီး တစ်ချိန်က လူသူစည်ကားခဲ့တဲ့လမ်းမအား  မီးခိုးငွေ့တွေ တလူလူလွှမ်းခြုံကာ ချန်ရစ်လိုက်ခဲ့သည်။


"အဟမ်း".... ချောင်းဆိုးလိုက်တဲ့ အမျိုးသမီးအသံက ထွက်ပေါ်လာခဲ့ကာ- "ဟယ်လို အားလုံးပဲ။ အသက်ရှင်နေသေးရဲ့လား၊ ထပ်ပြောပါမယ် အသက်ရှင်နေသေးတဲ့သူ ရှိသေးလား"


ကျုံးရုန်က ပြောလိုက်၏ "ချန်ချောင် နောက်ထပ် နင့်မှာ အစီအစဉ်တစ်ခုရှိသေးလား ၊ အဲဒါကိုပဲ အရင်ပြောရအောင် ဟုတ်ပြီလား၊ ငါ့ရဲ့ကလေး

ရ‌ေအာင်လုပ်တဲ့ပစ္စည်းက ကျိုးလုနီးပါး ဖြစ်သွားတယ်ဆိုတာ နင်သိလား "


ချန်ချောင်က ပြန်ပြောလိုက်သည်

" ဘာပဲဖြစ်ဖြစ် အဲဒါကို သုံးဖို့မှ မလိုတာပဲ၊ ဖြတ်ပစ်လိုက်‌ ပေါ့ အာ...."


စီနန်သည် ကျုံးရုန် ကို မယုံနိုင်လောက်အောင် စိုက်ကြည့်နေခဲ့သည်။


" မင်း တစ်ခုခုပြောချင်လို့လား"  

ကျုံးရုန် အခုတော့ ဘယ်အရာကိုမဆို အလွန်အကဲဆတ်နေပြီဖြစ်သည်။


"......ဘာမှမဟုတ်ပါဘူး"


'ယန်ဟောင် က ဒါကို သဘောကျမယ် လို့ ငါ မထင်ဘူး' စီနန် တိတ်တိတ်လေး အကဲဖြတ်လိုက်၏။


ဒုံးပျံ၏ကျေးဇူးကြောင့် တင့်ကားသည် နောက်ဆုံးတွင် အတားအဆီးများကို ဖြတ်ကျော်နိုင်ခဲ့ပြီး နောက်ဆုံးနေရာဖြစ်သည့် ခိုလှုံရာဆံုမှတ်သို့ ရောက်ရှိသွားခဲ့သည်။


ဆုံရပ်သည် လွန်ခဲ့သောရာစုနှစ်အလယ်ပိုင်းတွင် ဗုံးဒဏ်ခံအ‌ ဆောက်အဦးအဖြစ် ဆောက်လုပ်ထားခဲ့သည့် ကုန်တိုက်၏ မြေအောက်ဂိုဒေါင်တွင် တည်ရှိသည်။  ထိုအဆောက်အဦးတွင် စစ်ဘက်ဆိုင်ရာ တည်ဆောက်ရေး အခြေစိုက်စခန်း‌ကောင်းတစ်ခု ရှိပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှု ကာလအတွင်း အလောင်းကောင်စစ်တပ်၏ တိုက်ခိုက်မှု အများအပြားကို ခုခံနိုင်ခဲ့သည်။


အခုချိန်တွင်တော့ လူထောင်ပေါင်းများစွာသည် မြေအောက်ခိုလှုံရာနေရာတွင် ပုန်းအောင်းနေကြပြီး အများစုမှာ ရှော့ပင်းမောလ်၏ ဈေးဝယ်သူများနှင့် ဝန်ထမ်းများဖြစ်ကြသည်။  ထိုနေရာတွင် အမျိုးသမီးနှင့် အမျိုးသားများ ရှိနေပြီး အခန်းထဲတွင် သူတို့၏ အော်ဟစ်ငိုယိုသံများဖြင့် ပြည့်နှက်နေ‌ေလသည်။


နောက်ဆုံးတွင်တော့ ကျန်ရှိတဲ့ သူ့အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သော ကျုံးရုန် က  စိတ်အားထက်သန်စွာ ပြောလိုက်တော့သည်။ "ရှောင်‌ချောင်!"


ချန်‌ချောင်: "ခေါင်းဆောင်!"


ချက်ချင်းပင်၊ ချန်‌ချောင် သည် ထိုလူ၏အနားသို့ ကဆုန်ပေါက်‌ ပြေးလွှားလိုက်ကာ ကပ်သွားလိုက်ခဲ့သည်။  သူတို့နှစ်ဦးသည်  ပွေ့ဖက်လိုက်ကြပြီး တစ်ချိန်တည်းမှာပဲ ကျုံးရုန် သူ့ပုခုံးထိသာ အရပ်အမြင့်ရှိတဲ့‌ ကောင်မလေးနဲ့ တစ်ပတ်လည် ဖက်ထားရင်း လှည့်ခဲ့လိုက်ကြသည်။  ဒီဟာက ဟာသတစ်ခုဆိုရင် ခေါက်ဆွဲမျက်ရည်တွေဟာ သူတို့ပတ်ဝန်းကျင်မှာ ၃၆၀° လှည့်ပတ်နေလိမ့်မယ်။

[T/N- ဟာသဇာတ်လမ်းတစ်ပုဒ်ထဲမှာ ငိုတာ ခေါက်ဆွဲတွေ ထွက်လာတာ ကို ပြောချင်တာပါ မျက်လှည့်လိုမျိုးပဲ အိုင်လဲ တစ်ခါမှ မမြင်ဖူးဘူး ခုမှပဲ ရှာလို့တွေ့တယ်]


"ကျည်ဆံတွေ ကုန်သွားပြီ" ချန်‌ေချာင် သူ့ရဲ့မျက်လုံးများတွင် မျက်ရည်များအိုင်ထွန်းသွားခဲ့ပြီး "မနေ့ညက  

သာ့ထင်း၊ ရှန်းကျီ တို့နဲ့ စင်္ကြံလမ်းကို ရှင်းခဲ့တာ ကျည်ဆံတွေအကုန်လုံး သုံးပစ်ခဲ့ပြီးပြီ၊ အခု ဒီဒုံးကျည်က ကျွန်မတို့နောက်ဆုံးကျန်တဲ့ဟာပဲ... နောက်ပြီး ကျွန်မတို့  ရိက္ခာလည်း မလုံလောက်ဘူး။ ဂိုဒေါင်ရဲ့ တံခါးတွေ၊ ပြတင်းပေါက်တွေကို ပရိဘောဂ‌ေတွနဲ့ ပိတ်ကာထားတယ်။ ဖုတ်ကောင်တွေ အတင်းတိုးဝင်လာမှာ ကျွန်မ ကြောက်မိတယ်၊ လက်ချင်းဆက် တိုက်ခိုက်ရုံနဲ့ ကျွန်မတို့ အနိုင်ရဖို့ နည်းလမ်းမရှိဘူး"


ကျုံးရုန် က သူမခေါင်းကို ထိတွေ့လိုက်ပြီး အမြတ်တနိုးနဲ့ ပြောလိုက်ခဲ့သည်။ "ပါးပါး လို့ ခေါ်ပါဦး" 


ချန်‌ေချာင် ချက်ချင်းပဲ နားထောင်လိုက်ခဲ့သည်။ "ပါးပါး"


ကျုံးရုန် သူ့သေနတ်ကျည်အိမ်အတွင်းမှ ကျည်နှစ်တောင့်ကို ထုတ်ကာ သူ့သမီးဖြစ်သူ၏ လက်ဖဝါးကို ဖွင့်လိုက်ခဲ့သည်။  ပထမတော့ သူက ကျည်ဆံနှစ်တောင့်လံုး ပစ်ချလိုက်ပေမယ့် နောက်တော့ တစ်ချက်စဉ်းစားပြီး တစ်တောင့် ပြန်သိမ်းလိုက်ခဲ့သည်။


"အဖွဲ့မှာရှိတဲ့ နောက်ဆုံးကျည်ဆံနှစ်တောင့်"  ကျုံးရုန်က ပြုံးပြီး ပြောလိုက်ခဲ့သည်၊ "ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင်နေပါ။"


ချန်‌ေချာင် သည် သူတို့ရဲ့ အဖေနှင့်သမီး ဆက်ဆံရေးကို အရိပ်အမြွက်မျှမကျန်အောင် ချက်ခြင်းဖြတ် တောက်လိုက်ပြီး ဘာသိဘာသာဖြင့် ထွက်ခွာသွားလိုက်ခဲ့သည်။


ကပ်ဘေးအစတွင် လူပေါင်း နှစ်ထောင် သို့မဟုတ် သုံးထောင်ခန့် ခိုလှုံရာသို့ ထွက်ပြေးလာခဲ့ကြသော်လည်း သူတို့ထဲက အချို့မှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရ၏။  ကျဉ်းမြောင်းသောနေရာသို့ ဝင်ရောက်ပြီးနောက် သူတို့တွေက ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားကာ အခြား အသက်ရှင်ကျန်ရစ်သူအများစုကို လျင်မြန်စွာ ကူးစက်‌ေစခဲ့သည်။


ကံကောင်းထောက်မစွာဖြင့် ကျုံးရုန် ၏အဖွဲ့၀င်အများအပြားကြောင့် သူတို့က ဒေသန္တရအစိုးရထံ ဆက်သွယ်နိုင်ခဲ့ပြီး ဆေးအဖွဲ့သည် မကြာမီ ထိုနေရာသို့ အချိန်မီရောက်ရှိခဲ့သည်။  အကြိမ်ပေါင်းများစွာ စစ်ဆေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ပြီးနောက်တွင် အသက်ရှင်ကျန်ရစ်သူ ၁၀၀၀ ခန့်သာ ကျန်ရှိတော့ပြီး အားလုံးမှာ ရောဂါကူးစက်ခြင်းမရှိကြောင်း သိရှိနိုင်ရန် ပဏာမစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သည်။


ချန်‌ေချာင်က ထိုအဖွဲ့၀င်အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။  နောက်ပိုင်းတွင် သူတို့က ကူးစက်ခံထားရသော အလောင်း‌ေကာင်များ၏ လည်ချောင်းများကို ဖြတ်ပစ်ကာ မီးရှို့ပစ်ခဲ့ကြသည်။  ချန်‌ေချာင်လည်းပဲ ကုန်တိုက်အတွင်း၌ ပျံ့ကျဲနေသော ဖုတ်ကောင်များကို သုတ်သင်ရန် အလုပ်များနေခဲ့ရသည်။  သူမတို့ရဲ့ ရိက္ခာနဲ့ ခဲယမ်းမီးကျောက်တွေ မကြာခင်ပဲ ပြတ်တောက်သွားပြီး ကျုံးရုန် က သူမတို့အား လာ‌ေရာက်ကယ်ဆယ်မှာကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေနိုင်‌ေလသည်။


"အဟမ်း" ကျုံးရုန် နို့တိုင်ကီပေါ် ခြေချလိုက်၍ မျက်နှာကျက်ရှိမီးသီးကို တိုက်မိလုနီးပါးဖြစ်လိုက်ပြီး သူ့ခေါင်းကို ကမန်းကတန်း ကာကွယ်လိုက်ရသည်။


လူအုပ်ကြီးက သူ့ကို စူးစူးဝါးဝါး ငေးစိုက်ကြည့်နေကြသည်၊ အမျိုးသမီးနှင့် ကလေးအချို့၏ ရှိုက်ငိုသံများပင် မကြာမီ ငြိမ်သက်သွားသည်။


"ခင်ဗျား  ကျွန်တော်တို့ကို လာကယ်ဖို့ ဒီကို လာတာလား။"  လူအုပ်ထဲက တချို့က အရဲစွန့်ပြီး မေးလိုက်၏။


"ငါကတော့ B စစ်ဆင်ရေးနယ်မြေအောက်မှာ တာဝန်ထမ်းဆောင်‌တဲ့ တပ်မ ၁၁၈ရဲ့ ဆဌမတပ်ခွဲမှူးပါ"

ကျုံးရုန်က တွန့်ကြေနေတဲ့ သူ့ရဲ့တရားဝင်ပြန်တမ်းစာတစ်စောင်ကို တစ်ဖန်ပြန်ထုတ်လိုက်ပြီး လူအုပ်ကြီးအား ဝိုင်းဖွဲ့၍ တည်ငြိမ်စွာ ပြသလိုက်ခဲ့သည်။  မြေအောက်ကုန်လှောင်ရုံ၏ မီးရောင်အောက်တွင် အနီရောင်စည်းတံဆိပ်သည် အထူးထင်ရှားစွာ မြင်တွေ့ရသည်။


အနီ‌ ရောင်စည်းတံဆိပ်မှ ယုံကြည်မှု အနည်းငယ် ရရှိလိုက်ခဲ့သကဲ့သို့ လူအုပ်ကြီးက ရုတ်တရက်ပင် အနည်းငယ် စိတ်လှုပ်ရှား သွား‌ တော့သည်။


"ပြည်သူတွေရဲ့ ဘေးကင်းမှုကို အတည်ပြုဖို့၊ ဗိုင်းရပ်စ်ကူးစက်မှုကနေ ကာကွယ်ဖို့နဲ့ ဒီနေရာရဲ့ တည်နေရာ အချက်ပြမှုကို ပိုမြင့်တဲ့ဌာနခွဲတွေဆီ အရောက်ပို့ပေးဖို့အတွက် ကျုပ်အထက်အရာရှိတွေက တည်နေရာပြအချက်ပြကိရိယာကို  ထည့်ပြီး ဒီနေရာကို စေလွှတ်လိုက်တာပဲ။ မကြာခင်အစိုးရက အားလုံးကို ကယ်ဆယ်ဖို့တပ်စုအချို့ စီစဉ်ပေးသွားမှာပါ။"


"ဒီကာလအတွင်း စိတ်တည်ငြိမ်အောင်ထား‌ေပးကြပါ၊ မတုန်လှုပ်ကြပါနဲ့၊ ကောလာဟလတွေကိုလည်း မယုံကြည်ကြပါနဲ့။ အချိန်ဇယားဆွဲပြီး ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်တိုင်း‌ေပးပါ.....။"


"ဒီမှာ ဘာ‌ တွေဖြစ်နေတာလဲ၊ အဲဒီ ဖုတ်ကောင်တွေက မကောင်းဆိုးဝါးတွေလား"  ရှေ့ဆုံးတန်းက လူတစ်ယောက်က မေးလိုက်ခဲ့တယ်။


ကျုံးရုန် က ပြန်ဖြေလိုက်ခဲ့သည်၊ "အဲဒါက ခွေးရူးပြန်ရောဂါခွဲတစ်မျိုးပဲ၊ ကောလဟာလတွေကို မယုံပါနဲ့။ နောက်တစ်ခု..."


"ကျွန်မတို့၊ ကျွန်မရဲ့... " မိန်းကလေးတစ်ယောက်က ငိုကြီးချက်မနဲ့ မေးလိုက်ခဲ့တယ်၊ "ကျွန်မတို့ရဲ့ မိသားစုတွေကရော"။


"ဟုတ်တယ် ငါ့က‌ လေးက ကျောင်းမှာပဲရှိနေသေးတယ်..."


"ငါ့မိန်းမ၊ သူကရော..."


"ငါ့အမေက အသက် ၈၀ ကျော်‌ နေပြီ......"


အလင်းရောင်အောက်တွင် ကျုံးရုန်၏ ပါးမေးရိုးများက အနည်းငယ်တင်းကျပ်လာပြီး သံမဏိလို ခက်ထန်ကြမ်းကြုတ်သော ခံစားချက်ကဲ့သို့ အေးစက်မှုအချို့ကို ထုတ်လွှင့်ပေးလိုက်သည်။


ဒါပေမယ့် အဲဒီနောက် သူ ရယ်မောလိုက်ပြီး အချိန်တိုတိုလေးလို့ပဲ ပြောနိုင်ပေမယ့် ထိုအရာက အရမ်းကို ငြိမ်သက်ပြီး ယုံကြည်စရာပါပဲ။  သူ့အသံကို ပိုသာယာနာ ပျော်အောင်ချိန်ညှိလိုက်ကာ "စစ်တပ်က ဘယ်နိုင်ငံသားကိုမှ လက်မလျော့ပါဘူး၊ စိတ်ချထားလိုက်ပါ။"


ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်များ အနည်းငယ် လျော့ပါးသွားကာ ထိုလူများသည် သူ့စကားကို ယုံကြည်ရန်မှတပါး ရွေးချယ်စရာမရှိပေ။  သို့သော်လည်း၊ မကြာမီတွင် နောက်ထပ်မေးခွန်းများ ထွက်ပေါ်လာလိုက်သည်- "ဘယ်အချိန်လောက် လာကယ်ကြမှာတဲ့လဲ။"


"ငါတို့ ဘယ်ကို အပို့ခံရမှာလဲ"


"ရောဂါကပ်ဆိုးပြီးသွားရင် အစိုးရက ငါတို့ကို ပြန်ပို့‌‌ေပးမှာလား။"  


စီနန်သည် စင်ပေါ်ကို မှီလျက် မေးခွန်းများကို စိတ်ရှည်လက်ရှည်ပြန်ဖြေနေသော ကျုံးရုန်ကို စိုက်ကြည့်ရင်း သူ့မျက်ခုံးများ တွန့်‌ ကွေးသွားခဲ့သည်။


သူ့နောက်မလှမ်းမကမ်းတွင် ချန်‌ချောင်က သူမ၏လက်ကို ယန်ဟောင် ၏ပခုံးတစ်ဝိုက်တွင် ချိတ်တွဲ၍ ကပ်မှီလိုက်ကာ တီးတိုးပြောလိုက်၏ "ဘာလို့ အဲဒီကိုပဲ တစ်ချိန်လုံး ကြည့်နေရတာလဲ၊ အဲဒီ‌ ကောင်က ညစ်ညစ်ပတ်ပတ် ဘီတာတစ်ယာက်ပဲကို"


"ငါ မကြည့်ပါဘူး"


"အီး - နင် အခုလေးတင်ကြည့်နေတာကို"


ယန်ဟောင်က ပြုံးလိုက်ပြီး "မနက်ဖြန်  ပြည်သူတွေကို ခေါ်ဖို့ ရဟတ်ယာဉ်‌တွေ ရောက်လာတော့မယ်၊ ငါတို့ လည်း..."


စီနန် လှည့်ထွက်သွား၍ သူတို့ကို ဖြတ်‌ေလျှာက်ပြီး ဂိုဒေါင်၏နောက်ဖေးတံခါးဆီသို့လျှောက်သွားလိုက်သည်ကို မြင်လိုက်ချိန်  သူ့ စကားပြောနေတာကို ရပ်သွားခဲ့သည်။


"စီနန်!"  ယန်ဟောင်က  မမေးခင် သူ့နောက်ကို လိုက်ဖို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်တယ်။ "အပြင်မှာ မလုံခြုံဘူး၊ မင်းဘယ်သွားမလို့လဲ" 


စီနန်က ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။ "ရေသွားချိုးမလို့"


ကုန်လှောင်ရုံဝန်ထမ်းများ၏ အနားယူခန်းတွင် ရေပူရေအေးဖြင့် ရေချိုးခန်းအ‌ဟောင်းတစ်ခု ရှိ‌ နေခဲ့သည်။  အဖြူရောင်‌ ရေခိုးအငွေ့များသည် လျှင်မြန်စွာ ပျံ့နှံ့သွားပြီး ညစ်ပေနေသော ပြတင်းပေါက်၏ မျက်နှာပြင်ကို မှုန်ဝါးသွားစေကာ အခန်းတွင်း ပြည့်သွား‌ စေလိုက်သည်။


စီနန် ရေပန်းအောက်တွင် ရပ်လိုက်ရင်း မျက်လုံးများ မှိတ်ထားလိုက်သည်။  သူ့ရဲ့ နဂိုမူလ ချောမွတ်တဲ့ရုပ်ရည်သွင်ပြင်အား တဖြည်းဖြည်း ပြန်လည်ရရှိလာသည်အထိ သူ့တစ်ကိုယ်လုံးရှိ ဖုန်မှုန့်များ၊ သဲများနှင့် သွေးများအား ရေက ဆေးကြောပေးသည်ကို သူ ခံစားခဲ့လိုက်ရသည်။  ရေက အနီရောင်သို့ပြောင်းသွားလိုက်ကာ ကိုယ်လုံးတီးဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်ပေါ်မှ  ခြေချောင်းများအထိ စီးဆင်းသွားပြီး ရေသံတဖျန်းဖျန်းမြည်သံနှင့်အတူ ရေဆိုးမြောင်းထဲသို့ ပျောက်ကွယ်သွားလိုက်ခဲ့သည်။


ရေမချိုးတာ ဘယ်လောက်ကြာပြီလဲ ဆိုတာ သူကိုယ်တိုင်ပင် မသိပေမယ့် ရေချိုးလိုက်တဲ့အခိုက် သူ့ချွေးပေါက်တစ်ခုချင်းစီကို ပွင့်ထွက်သွားလိုက်သလို ခံစားလိုက်ရတယ်၊  သူ့ရဲ့ကြွက်သားများနှင့် အရိုးများတွေက  နာကျင်ခြင်း၏ နောက်ဆုံးအရိပ်အမြွက်ကို လုံးလုံးထုတ်လွှတ်လိုက်ခဲ့ကာ အကယ်၍ သူ့အသားအရည်က သီချင်းဆိုနိုင်တယ်ဆိုရင် အခုပဲ ချီးမွမ်း‌ပြောဆိုတဲ့ သီချင်းစာသား‌ေတွ ဆိုနေမှာ အသေအချာပင်။


ခဏအကြာတွင် ရေပန်းကိုပိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို အလျင်အမြန်သုတ်လိုက်ခဲ့သည်။ မှန်မျက်နှာပြင်ပေါ်ရှိ ရေငွေ့များကို သုတ်လိုက်ပြီး ဖုန်မှုန့်ကင်းစင်သော မျက်နှာ၏ ရောင်ပြန်ဟပ်မှုကို ထင်ရှား‌ ပေါ်လွင်စေလိုက်သည်။


အာရှ-ဥရောပ ကပြားအနွယ်အများစုတွင် အာရှအနွယ်က စီနန်ကဲ့သို့ပင် လွှမ်းမိုးခြယ်လှယ်သောမျိုးဆက်အဖြစ် ထွက်ရှိလာမည်ဖြစ်သည်။  သို့သော် အနီးကပ်ကြည့်လျှင် သူ့မိခင်နဲ့လက္ခဏာများဖြစ်တဲ့ အရွယ်တင်ခြင်း၊သူ့နဖူးမှ အကြည့်မလွှဲနိုင်တဲ့ အလှတရား၊ ပါးပြင်နှင့် မျက်လုံးများ၏ အသွင်အပြင်ကို တွေ့မြင်နိုင်သေးသည်။


သို့သော်လည်း အမျိုးသမီး၏ နူးညံ့သိမ်မွေ့သော အသွင်ပြင်သည် သူ့ထံမှ ပျောက်ကွယ်သွားပြီး ခက်ထန်ပြီး ပြတ်သားသော သဘောသဘာဝဖြင့် အစားထိုးခဲ့သည်။  နှစ်ပေါင်းများစွာ ကြမ်းတမ်းခက်ထန်သော လက်တွေ့ဘဝကို ဖြတ်ကျော်ခဲ့ရသလို ခိုင်မာလွန်းလှ‌‌ ပေသည်။


စီနန် ဘောင်းဘီရှည်ဝတ်ရန် ကုန်းငုံ့လိုက်ကာ သူ့အင်္ကျီကို ကောက်ယူလိုက်ခဲ့သည်။  သူ ဝတ်ခါနီးမှာ မှန်ထဲမှာ  တစ်ချက်ကြည့်လိုက်တော့ အရာတစ်ခုကို မြင်သွားလိုက်ပြီး သူ့လုပ်‌ နေတဲ့အရာအားလုံးကို ချက်ချင်းရပ်ပစ်လိုက်‌ တော့သည်။


"......"


သူ သူ့ခန္ဓာကိုယ်ကို ဘက်သို့လှည့်ကာ ညာဘက်ပခုံးနောက်ဘက်သို့ စိုက်ကြည့်လိုက်ခဲ့သည်။  သူအရင်က ဘာကြောင့် သတိလစ်‌နေလဲဆိုတာကို ရုတ်တရက် သဘောပေါက်သွားလိုက်သည်။


သူ့ရဲ့ချောမွတ်သော လက်ပြင်ရိုးထက်တွင် အထင်ကြီးလောက်သော အကိုက်ခံရသည့် သွားကိုက်ရာတစ်ခု ရှိနေ လေသည်။  အသားက ပေါက်ပြဲနေပြီး ဒဏ်ရာတွေ ခြောက်သွားလိုက်ချိန် မှာ‌ တောင်ထိတ်လန့်စရာ ခရမ်းပုတ်ရောင်နဲ့  လွှမ်းနေ သေးတုန်းပင်။


ဖုတ်ကောင်၏ သွားများနဲ့ အကိုက်ခံလိုက်ရတဲ့ ကိုက်ရာတစ်ခုဖြစ်‌‌ နေလေ၏။


"အစ်ကိုရုန်၊ ငါ တည်နေရာအချက်ပြလွှတ်ပြီးပြီ၊ မနက်ဖြန်နေ့ခင်းကျရင် B စစ်တပ်နယ်မြေက အသက်ရှင်ကျန်ရစ်တဲ့သူတွေကို ကယ်တင်ဖို့ လေသင်္ဘော ရောက်လာတော့မှာ..." ယန်ဟောင်၏ ပခုံးပေါ်၌ လက်ချိတ်တွယ်ထားဆဲဖြစ်သော ချန်‌ချောင်၏ အသံသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။  ယန်ဟောင့် နောက်မှ တစ်စုံတစ်ရာအား  သူမ စိုက်ကြည့်လိုက်ခဲ့သည်။


ယန်ဟောင် က ပေါ့ပေါ့ပါးပါး မေးတယ် "ဘာဖြစ်လို့လဲ"  သူလည်း နောက်ပြန်ကြည့်ကာ အေးခဲသွားခဲ့သည်။


လူငယ်‌ လေးက ရေချိုးခန်းတံခါးကို 

တွန်းဖွင့် လိုက်ခဲ့သည်။  သူ့ဆံပင်တွေ စိုစွတ်နေတော့ ဆံပင်က အလွန်

နက်‌ေမှာင်နေတဲ့ပုံ ပေါက်နေခဲ့တယ်၊  သူ့ဘေးတိုက်မျက်နှာက ရေခိုးငွေ့‌ တွေကြောင့် မျက်နှာတစ်ခြမ်းသာ မြင်ရပြီး အရောင်နည်းနည်းမှမပါတဲ့ အေးစက်ဖြုဆွတ်နေခဲ့သည် ။


သူ လှည့်ကြည့်လိုက်တော့ ယန်ဟောင်ကို တွေ့လိုက်ရသည်။  စက္ကန့်အနည်းငယ်ကြာအောင် သူတို့ထဲကဘယ်သူကမှ စကားစမပြောခဲ့ကြသလို လူငယ်လေးကလည်း မလှုပ်မရှားခဲ့‌ ပေ၊ သူ့မျက်လုံးတွေက ကွယ်ဝှက်ထားတဲ့ ပယင်းရတနာတစ်စုံလို တောက်ပနေခဲ့တယ်။  ခဏအကြာတွင် သူသည် ခေတ္တမျှ ပြုံးကာ ပခုံးပေါ်မှ ကာဘိုင်စက်‌သေနတ်ကို ချွတ်ကာ ပစ်‌ပေလိုက်သည်။


ယန်ဟောင်က မသိစိတ်က ဖမ်းလိုက်ပြီး လူငယ်လေး ပြောတာကို ကြားလိုက်ရတယ်။ "ဒါကို မင်းဆီ ပြန်ပေးလိုက်မယ်"


"စီနန်..." ယန်ဟောင် မသိစိတ်က သူ့လမ်းကို ပိတ်ဆို့ရန် ရွှေ့လိုက်သော်လည်း စီနန် ဂိုဒေါင်ဆီသို့ လှည့်သွားသည်ကို မြင်လိုက်ရသည်။


သူ့ပုံသဏ္ဍာန်သည် အလွန်‌ ချောမောပြီး၊ ရှပ်အင်္ကျီအနားစွန်းကို ဘောင်းဘီခါးစည်းထဲသို့ ပိုသီပတ်သီ ထည့်ထားပြီး ဘောင်းဘီရှည်သည် တင်ပါးပေါ်တွင် နိမ့်ဆင်းသွားသည်၊ ဘယ်သူမဆို လမ်းလျှောက်သွားသည်ကို ကြည့်ရုံဖြင့် သူ၏ တက်ကြွသော ရောင်ဝါကို ခံစားနိုင်သည်။


ချန်‌ချောင်က ယန်ဟောင်ရဲ့ လက်မောင်းကို ဖွဖွထိုးလိုက်ပြီး ပါးစပ်ကို အုပ်ပြီး တိုးတိုးလေးပြောတယ် "... နင် မကြည့်ဘူးလို့ ပြောင်ငြင်းဖို့ နင့်မှာ မျက်နှာရှိသေးလား"


ကျုံးရုန် တရှုံ့ရှုံ့ငို‌ ကြွေးနေသည့် ကုန်တိုက်မန်နေဂျာထံမှ နှပ်‌ချေး‌‌တွေ ပေရေနေသော လက်ဖြင့် အကိုင်ခံလိုက်ရပြီး နောက်ဆုံးတွင်မှ လူအုပ်ထဲမှ သူ ရုန်းထွက်နိုင်ခဲ့သည်။  သူ လှမ်းကြည့်လိုက်တော့ တံခါးအကွယ်မှာ ရပ်နေတဲ့ စီနန်ကို တွေ့လိုက်ရ၏။  လူငယ်က သူ့ဘောင်းဘီအိတ်ထဲကို လက်တစ်ဖက်ထည့်ထားပြီး သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။


ကျုံးရုန် က သူ့မေးစေ့ကို မသက်မသာ ပွတ်သပ်ပြီး သူ့ကို ခဏလောက်ကြည့်လိုက်ခဲ့တယ် "ဘာလဲ မင်းငါ့ကို တစ်ခုခုအတွက် လိုလို့လား"


"......"


"အခုက အလုပ် လုပ်ချိန်ရောက်ပြီ၊ အခြေစိုက်စခန်းကိုပြန် ရောက်ပြီးမှ စကားပြောရအောင်... မင်းဘာလုပ်နေတာလဲ"


စီနန်သည် သူ့အင်္ကျီ၏ တတိယ‌မြောက်ကျယ်သီးကိုဖြုတ်ကာ အင်္ကျီကော်လံကိုအနည်းငယ်ဆွဲဖွင့်၍ ကျုံးရုန်မြင်ရ‌ စေဖို့ သူ့ရဲ့ပခုံးနောက်ဘက်သို့ ရွှေ့လိုက်သည်- ဖုတ်ကောင်၏သွားများအကိုက်ခံရသည့်အမှတ်အသားကို အရိပ်အောက်တွင်ပင် ရှင်းရှင်းလင်းလင်းမြင်နိုင်လေ၏။


"......ကျွန်တော် ကူးစက်ခံထားရတယ်"  သူ အက်ရှစွာ ပြောလိုက်ခဲ့တယ်။


ကျုံးရုံရဲ့ မျက်နှာအမူအရာသည် ဖြူဖျော့လာပြီး အချိန်အကြာကြီး ‌တောင့်ခဲစွာ  မတ်တပ်ရပ်လိုက်ခဲ့‌‌ တော့၏။

The End...