Chapter 5
Viewers 398

Undead Chapter 5


"ယေဘူယျအားဖြင့်တော့ ရောဂါပိုးကူးစက်ခံရတဲ့သူတွေက ၂၄ နာရီအတွင်း သေကြတာများတယ်၊ မနေ့ညက စိတ်အားထက်သန်လွန်းတဲ့ အိပ်ယာဝင်ဖော်တစ်‌ေယာက်က မင်းကို အမှတ်အသား ချန်ထားခဲ့တာမဟုတ်ဘူးဆိုတာ မင်း သေချာရဲ့လား"


တံခါးနောက်တွင်ထိုင်နေသော စီနန်ကဒူးခေါင်းပေါ် လက်တွေတင်လျက် ခေါင်းခါယမ်းလိုက်ခဲ့သည်။


ကျုံးရုန် ဘာမှ ပြောခွင့်မရခင်မှာ ဆရာဝန်က သာမိုမီတာကို ချထားလိုက်ပြီး  ပြောလိုက်တယ်။ "ခင်ဗျားရဲ့လူမှာ အဖျားရှိနေတယ် ဗိုလ်ကြီးကျုံး၊  အပူချိန် ၃၇.၉ ဒီဂရီ၊ ရောဂါပိုးရဲ့ ကနဦးလက္ခဏာတွေထဲက အဆင့်တစ်ခုပဲ၊ သူ့ကို ခုချက်ချင်း ခွဲထုတ်ထားသင့်တယ်။"


သူတို့ပတ်ဝန်းကျင်ရှိ လူတွေက ဖြူရော့သွားတော့သည်။ မကြာခင်မှာပဲ အနောက်ကနေ တစ်ယောက်ယောက်က စကားစပြောပြီး လူတိုင်းကို ကြောက်လန့်တကြား ဖြစ်စေလိုက်ခဲ့သည်။


"သူ ကူးစက်ခံနေရပြီ..."


"သူ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာ တော့မှာလား"


"ထွက်သွား၊ ဝေးဝေးသွား!"


"သူ့ကို နှင်ထုတ်လိုက်ပါတော့!" လူတစ်ယောက်က သတ္တိရှိရှိ အော်ဟစ်လိုက်ခဲ့သည်။ "ဒီမှာ ပြည်သူတွေ အများကြီးရှိနေတာ၊ လူတွေကို သူ ကိုက်မိသွားရင် ဘယ်လိုလုပ်မလဲ"


ထိုသူ၏ သံယောင်လိုက်‌ ပြောသံကိုကြားရတော့ ယန်ဟောင်က ဒေါသထွက်စွာ အော်ဟစ်လိုက်သည်၊ "သူ ကူးစက်ခံရတာ မဟုတ်ဘူး၊ မဟုတ်ရင် ငါတို့နဲ့ လမ်းမှာ ရှိနေတည်းက ချက်ချင်း အသွင်ပြောင်းလဲသွားမှာ‌‌ ပေါ့။ အပြင်ဘက်မှာ ဖုတ်ကောင်တွေ ရှိနေတာကို၊ ခင်ဗျားတို့က သူ့ကို အပြင်မောင်းထုတ်ချင်သေးတာလား"


တစ်စုံတစ်ယောက်က တိုးတိုးလေးပြောတယ် "သူတို့စစ်သားတွေ လိုက်မကြည့်နိုငထတဲ့အချိန်ဆို မောင်းထုတ်နိုင်လောက်တယ်..."


"အမှန်ပဲ!"


ကျုံးရုန် စီနန့်ရှေ့တွင် ငုတ်တုတ်ထိုင်နေပြီး ရုတ်တရက်သူ့လက်ကို ဆန့်လိုက်ကာ  လူငယ်၏ မေးစေ့ကို အတင်းဆွဲမော့လိုက်ခဲ့သည်။


စီနန်ရဲ့အသားအရေသည် အာရှလူမျိုးများတွင် တွေ့ရလေ့ရှိသော အဖြူရောင်ဖျော့ဖျော့အရောင်နှင့် အလွန်ကွာခြား‌ေန‌ေလသည်။  သူ့နှုတ်ခမ်းတွေ ကွဲ‌အက်‌ေနပြီး နည်းနည်း ပင်ပန်းနေပုံရသည်။  သူခေါင်းငုံ့ထားစဉ်တွင် သိမ်မွေ့သောခံစားချက်ကို တစ်နည်းတစ်ဖုံ ပေးစွမ်းပြီး ကျုံးရုန်ရဲ့မေးစေ့ကို ဆုပ်ကိုင်ထားသည့် အားကောင်းလှသော လက်များနှင့် ပြတ်သားစွာ ကွာခြားသွားလိုက်သည်။


ကျုံးရုန် က သူ့ကို ခဏလောက် အေးစက်စွာ ကြည့်နေပြီးနောက် ရုတ်တရက် ထရပ်လိုက်ပြီး ပြောလိုက်တယ်။ "သူ့ကို သိုလှောင်ရုံရုံးခန်းထဲ ထည့်ထားလိုက်ပြီး  မျက်‌ခြေမပြတ်စောင့်ကြည့်ထားလိုက်" 


ဆရာဝန်က ခွင့်မပြုချင်ဘဲ ဝင်ပြောလိုက်ခဲ့သည်၊  "ဗိုလ်ကြီး ကျုံး..."


ကျုံးရုန်က ပြောလိုက်တယ် "သူက ငါ့လူပဲ၊ ငါ့မှာ တာဝန်ရှိတယ်"


သိုလှောင်ရုံရုံးခန်းသည် အထပ်သားသစ်သားဖြင့် ကန့်ခြားထားသော ၅ စတုရန်းမီတာ အကျယ်ရှိ တစ်ခုတည်းသော အခန်းငယ်ဖြစ်သည်။  ဗိုင်းရပ်စ်ပိုး မပြန့်ပွားခင်က တာဝန်ကျဝန်ထမ်းတွေ အလှည့်ကျ  အသုံးပြုရတဲ့ နေရာလည်း ဖြစ်သည်။  ပါးလွှာသောအထပ်သား၊ ဟော်လိုသံ‌ ချောင်း၊ ခေတ်ဟောင်းစပရိန်သော့ခလောက်များနှင့် သံမူလီများပါရှိသော သစ်သားတံခါးမများရှိလေသည်။


စီနန် နံရံတွင် ကျောကိုမှီကာ ဒူးကွေးပေါ်တွင် လက်နှစ်ဖက်ချလျက် ထောင့်တစ်နေရာတွင် ထိုင်လျက်ရှိနေသည်။  ခဏကြာတော့ ကျုံးရုန် က တံခါးကိုတွန်းဖွင့်လာပြီး  ယန်ဟောင် နဲ့ ချန်‌ချောင်တို့ ဝင်လာတာကို တားဖို့ သူ့နောက်က တံခါးကို ပိတ်ချလိုက်ခဲ့သည်။


"ဟေး"


စီနန် သူ့မျက်လုံးများကို မော့ကြည့်တော့ သူ့ရှေ့တွင် ပေါင်မုန့်တစ်ထုပ်ကို လှမ်းမြင်လိုက်ရသည်။


"ငါ စတိုခန်းထဲက သွားယူလာခဲ့တာ၊ စားလိုက်။"


စီနန်သည် အဝေးကို လှည့်မကြည့်မီ ပေါင့်မုန့်ထုပ်အား စက္ကန့်အနည်းငယ်ကြာအောင် စောင့်ကြည့်လိုက်သည်။


"မင်းဒီမှာ ပိတ်ခံထားရတာ နေ့တစ်ဝက်လောက်ရှိနေပြီ ၊ မင်း ဗိုက်မဆာဘူးလား"  ကျုံးရုံ က သက်ပြင်းချကာ ဆက်ပြောလိုက်သည်။ "မင်းသိပါတယ်၊ ငါ့ဘဝရဲ့ အဆိုးဆုံးအရာက ငါ့ထက် ပိုပြီး ကျိုးပဲ့လွယ်တဲ့ အရာတွေကို ကာကွယ်ပေးနေတာပဲ၊ ငါ အကျွမ်းကျင်ဆုံးအရာက လှပတဲ့အရာတွေကို ဖျက်ဆီးပစ်တာပဲ။ တစ်ခါတုန်းက လေ့ကျင့်ရေးမှာ ပါ၀င်ပြီး ငါတို့အဖွဲ့ဝင်တွေကို တစ်ယောက်ပြီးတစ်ယောက် လှည့်ဖြားတဲ့ ဒီလိုလှပတဲ့ အိုမီဂါသူလျှိုတစ်ယောက်ရှိခဲ့ဖူးတယ်။  နောက်တော့ အသင်းခေါင်းဆောင် ယန်ဟောင်က အဲဒီသူကို ဂရုစိုက်ပေးဖို့ 

ငါ့အမိန့်တွေကို  ငြင်းဆန်တဲ့နေရာမှာ ဦးဆောင်လိုက်တယ်၊ သူ့အသက်တစ်လက်မမှာ တစ်နေ့သုံးကြိမ် ငါ ရိုက်နှက်ခဲ့ပစ်တာ။  အဲဒါကြောင့်မို့ မင်း ဒီပေါင်မုန့်ကို စားလိုက်... မင်းမို့လို့ ခက်ခက်ခဲခဲ မလုပ်ဘူးလို့ မထင်လိုက်နဲ့။"


အမျိုးသားနှစ်ဦးက တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။  ခဏအကြာတွင် စီနန်က သူ့ကို အမှန်အတိုင်းပဲ ပြောလိုက်သည် ။


"... ရိက္ခာက အကန့်အသတ်ပဲရှိတာ၊ မဖြုန်းတီးချင်ပါနဲ့"


ကျုံရုံရဲ့မျက်နှာက သိသိသာသာစွာပဲ သရော်တော်တော်ပြုံးလိုက်ကာ မုန့်ကို စီနန်ရဲ့ရင်ဘတ်ဆီ သာမန်ကာလျှံကာလို ပစ်ပေါက်လိုက်ပြီး "အမျိုးသမီးလေး၊ မင်းက အိုမီဂါတစ်‌ယောက်လို အရမ်းစိတ်နုမနေစမ်းပါနဲ့ကွာ"


စီနန်: "............"


ထို့နောက် ကျုံးရုန်က သူ့လက်တွေကို ဖွဖွပုတ်လိုက်ပြီး လှည့်ထွက်သွားလိုက်သည်။


အလွန်ညနက်‌ နေပြီဖြစ်လို့၊ မကြာခင်မှာ တံခါးအပြင်ဘက်မှ လူတွေရဲ့လှည့်လည်သွားလာနေကြတဲ့အသံနှင့် အစားအသောက်ဝေငှနေတဲ့အသံကို  သူ ကြားလိုက်ရ၏။


စီနန် နောက်ဆုံးတွင် ပေါင်မုန့်ကို မစားလိုက်မီ အချိန်အတော်ကြာကြီး သူ တွေးတောလိုက်ခဲ့သည်။  အစာစားလိုက်ခြင်းကြောင့် သူ့အာရုံကြော‌တွေ အနည်းငယ် ပြေလျော့သွားကာ နံရံထောင့်ကို မှီပြီးမကြာမီပင် မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့သည်။  သူ့အသိစိတ်သည် ငြိမ်သက်ခြင်းနှင့် မှုန်မှိုင်းဝိုးဝါးခြင်းကြားထဲတွင် လွင့်ပျံသွားကာ မိုင်ထောင်ပေါင်းများစွာ စိုစွတ်အေးမြသောလေကို ဖြတ်ကျော်လာလိုက်ရင်း သူ့အောက်ကမြေပြင်သည် စစ်မီးစစ်ငွေ့များ မှောက်လှန်သွားလိုက်သည်ကို စောင့်ကြည့်‌ နေလိုက်ရသလို ခံစားလိုက်ရသည်။


ထို့နောက် သူ ငယ်ငယ်တုန်းကအချိန်ကို ပြန်‌ ရောက်သွားလိုက်ပုံရသည်။  အိမ်‌တော်ကြီး၏ လေးလံသောတံခါးမကြီးသည် သူ့ရှေ့တွင် ဖြည်းညှင်းစွာပွင့်လာခဲ့သည်။  မျက်နှာကျက်အပေါ်တွင်ဆွဲထားသော သလင်းကျောက်မီးဆိုင်းများသည် တောက်ပလင်းထိန်နေပြီး စကျင်ကျောက်

ဖြင့် ပြုလုပ်ထားသည့် ခရုပတ်လှေကားတွင်တင်ထားသော လက်ယက်ကော်ဇောသည် ထူထဲပြီး ရှုပ်ထွေးသောပုံစံမျိုးဖြစ်သည်။  အနက်ရောင် သာမန်၀တ်စုံကို ၀တ်ဆင်ထားသည့် ကောင်လေးတစ်ယောက်သည် ဒုတိယထပ်မှ နောက်ဆုံးလှေကားလက်ရန်းကို မှီ၍ သူ့လက်ကို ချိတ်တွယ်ထားခဲ့သည်။ထိုသူက သူ့ကိုအချိန်အတော်ကြာအောင် သူ့ကို စိုက်ကြည့်လိုက်ပြီး ယုတ်မာစွာ ပြောလိုက်ခဲ့သည်။ " မင်းက ရုပ်ဆိုးလိုက်တာ"


ကောင်လေးရဲ့လက်သည်းများသည် သူ့အရေပြားထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားသည်ကို သူ ခံစားလိုက်ရသည်။  သူ နောက်ပြန်ဆုတ်ပြီး ထွက်သွားလိုက်ချင်ပေမယ့် အိပ်မက်တစ်ခုဖြစ်‌နေတာမို့ အနည်းငယ်မျှပင် သူ မလှုပ်ရှားနိုင်ခဲ့‌ပေ။


ကောင်လေးက လှေကားကနေ ခုန်ဆင်းချလာပြီး သူ့မျက်နှာရှေ့ရောက်တဲ့အထိ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ခဲ့၏။  ထို့နောက် ကောင်လေးက ရုတ်တရက် လက်ဆန့်ပြီး သူ့ဆံပင်တွေကို ဆောင့်ဆွဲယူလိုက်ကာ မျက်လုံးချင်းဆုံအောင် ကြည့်စေလိုက်သည်။


"အခုကစပြီး ငါက မင်းအစ်ကိုပဲ ဟုတ်ပြီလား"


စီနန်ရဲ့ရင်ဘတ်သည် လေးလံလာခဲ့ပြီး အက်ဆစ်လို ပူ‌လောင်သောလေများ တိုက်ခတ်လာပြီး သူ့အသက်ရှူလမ်း‌ ကြောင်းထဲကို အကြိမ်ကြိမ်အဖန်ဖန် ဖြတ်‌ေတာက်သွားသလို ခံစားလိုက်ရသည်။  ကိုယ်ထိလက်ရောက်ရန်ပြုသူကို လက်ဖြင့် ထိုးရန် ကြိုးစားနိုင်သော်လည်း သူက ကလေးသာဖြစ်‌ေသးတာမို့ လက်ဆန့်လိုက်ရင်‌ေတာင် သူ ကောင်လေးကို  ထိုးနိုင်မည်မဟုတ်ပေ။  သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ မာနတစ်ခွဲသား မျက်နှာနှင့် လှောင်ပြောင်သော အပြာရောင် မျက်လုံးအစုံဖြင့်သာ စိုက်ကြည့်နေရံုသာဖြစ်သည်။


'ငါ မင်းကို ထိုးပစ်ချင်လိုက်တာ.....' သူ‌ တွေးတောလိုက်ခဲ့၏။'


'တစ်နေ့နေ့ကျရင် မင်းကို ငါ့ခြေထောက်အောက်မှာ ချေမွအောင်နင်း‌ ချေပစ်ပြမယ်။'


ထို့နောက် မြင်ကွင်းက ပြောင်းလဲသွားခဲ့သည်၊ မှတ်ဥာဏ်တွေက ရုပ်ရှင်ကားတစ်ကားလို  ဖြတ်သန်းသွားလိုက်သည်။  ကောင်လေးရဲ့ မုန်းတီးဖို့ကောင်းတဲ့ မျက်နှာသည် တဖြည်းဖြည်း အရွယ်ရောက်လာပြီး သူ့မျက်နှာအမူအရာသည် အံ့သြထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး လက်သီးတစ် ချက်ဖြင့် အထိုးခံလိုက်ရကာ သူ့အား နောက်ပြန်ဆုတ်သွားလိုက်ခဲ့သည်။


ဘန်း!


ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။  သူက ထိုလူ၏အင်္ကျီ‌ ကော်လံစကို ဆွဲဆုတ်ယူလိုက်ပြီး ထိုသူ့ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျနေသည် ကို ကြည့်ရှု‌နေခဲ့လိုက်သည်၊  နှစ်ပေါင်းများစွာ သူ့ကို စိုက်ကြည့်နေခဲ့တဲ့ အပြာရောင်မျက်လုံးတစ်စုံက အခုဆို မုန်တိုင်းထန်မဲ့တိမ်တိုက်တွေလို မီးခိုးရောင်သို့ ပြောင်းလဲလာလိုက်သည်...။


"မင်း ငါ့ကိုထိုးချင်နေတာ အရမ်းကြာနေပြီ ဟုတ်တယ်မဟုတ်လား......"


'ဟုတ်တယ်'


'ငါ ထိုးပစ်ချင်နေတာ အရမ်းကို ကြာနေပြီ။'



ဒါပေမယ့် သူ ပြန်မဖြေလိုက်ခဲ့‌ ပေ။  ထိုအစား သူ့လက်သီးအား တည့်တည့်ချိန်၍ ကျွမ်းကျင်စွာ အားထည့်ထိုးပစ်လိုက်ခဲ့သည်။  နှာ‌ ခေါင်းရိုးက ကျိုးထွက်သွားတဲ့ သာယာနာ‌ပျော်ဖွယ်ရာအသံသည် အလွန့် အလွန်ကို ကြာရှည်စွာ မှတ်မိနေမည့် အရာတစ်ခုပင် ဖြစ်‌ လေသည်။


***


ညဘက်အရောက်တွင် စီနန် တစ်ယောက် အဖျားတက်လာခဲ့သည်။


သူ့တစ်ကိုယ်လုံး ပူ လောင်နေမည်ဟု သူထင်လိုက်ခဲ့‌ ပေမဲ့၊ ပူနွေးပြီး ဗလာကျင်းနေသော နက်ရှိုင်းတဲ့ပင်လယ်ကြီးထဲတွင် လွင့်မျောနေသလို ခံစားလိုက်ရသည်။  ခြေသံများ ထွက်ပေါ်လာခဲ့ပြီး စကားများ ရန်ဖြစ်သံများနှင့်အတူ  ကျွတ်ကျွတ်ညံကာ ကန့်ကွက်နေသည့်အသံများက ရောက်လာပြီး ပြန်ထွက်သွားခဲ့သည်။  ဘယ်သူမှန်း မသိရတဲ့ အသံက စူးရှစွာ ပြောလိုက်ခံ့သည်။  "မင်း သူ့ကို မောင်းထုတ်မှရမယ်၊ သူ အချိန်မရွေး အသွင်ပြောင်းလဲသွားနိုင်တယ်!"


"စစ်သားတစ်ယောက်ရဲ့အသက်တစ်ချောင်းအတွက် ငါတို့အားလုံးကို အန္တရာယ်‌ေတာထဲ ဆွဲသွင်းနေချင်တာလား။"


"ဘယ်လုိလုပ်မလဲ၊ သူ ကူးစက်ခံ‌ နေရပြီ၊ ငါတို့အားလုံး ကူးစက်ခံရတော့မယ်..."


တစ်နေရာမှ တွန်းထိုး ရိုက်နှက်သံများကို သူကြားနိုင်သော်လည်း သူ့စိတ်ထဲတွင် ရေအောက်၌ မှုန်ဝါးနေသကဲ့သို့ မည်မျှဝေးလံသည်ကို မပြောနိုင်ခဲ့ပေ။  အချိန်အတော်ကြာတော့ သူ့ဘေးနားမှာ လာရပ်လိုက်တဲ့ ခြေသံတစ်စံုကို ရုတ်တရက် ကြားလိုက်ရပြီး တစ်စုံတစ်ယောက်က ထိုင်ချလိုက်ပြီး အဝတ်ထူထူတစ်ထည်ကို သူ့ခန္ဓာကိုယ်ပေါ်မှာ တင်ထားလိုက်သလို ခံစားလိုက်ရတယ်။


စီနန် မသက်မသာ ရုန်းကန်ခဲ့ရသော်လည်း ထိုလူက သူ့လည်ပင်းထိရောက်အောင် တင်းတင်းကြပ်ကြပ် ခြုံထား‌ ပေးလိုက်ခဲ့သည်။


"ဖျားတာက ပုံမှန်ပါပဲ။ သူ ပင်ပန်း‌ နေတာ၊  လူသားဖြစ်‌ေန‌ေသးလို့ပဲ။ ဘီတာရဲ့ ကိုယ်ကာယပိုင်းက အဆင်မပြေဘူး၊ သူ့အပူချိန်က လွယ်လွယ်နဲ့ မကျသွားမှာကို ငါစိုးတယ်။ သူ့ကို မကြာမကြာလာပြုစု‌ ပေးလိုက်ဦး။"


***


"ရုန်ကော..."


ထိုလူက မတ်တပ်ရပ်လိုက်ပြီး တိုးညင်းစွာ လေးပြောလိုက်ခဲ့တယ်။ 

"ငါ့ကို ကားသော့ပေး" 


***


သူနိုးလာသောအခါ စီနန်သည် တစ်စုံတစ်‌ေယာက်က သူ့ပါးစပ်ထဲသို့ တစ်စုံတစ်ခုလာထည့်လိုက်သည်ကို ခံစားလိုက်ရသည်။  မျက်လုံးကို အနည်းငယ်ဖွင့်လိုက်သော်လည်း သူ့ပတ်ဝန်းကျင်မှာ မှောင်မိုက်နေခဲ့သည်။  စက္ကန့်အနည်းငယ်အကြာတွင် တံခါး‌ ပေါက်မှ အလင်းရောင်အနည်းငယ်ထွက်လာသည်ကို သူသတိထားမိသည်။


"ရေနည်းနည်းသောက်လိုက်" 


ကျုံးရုန်က စစ်တပ် သုံးရေနွေးအိုးယူလာပြီး ရေတစ်ငုံသောက်ဖို့ ကူညီပေးလိုက်ခဲ့သည်။


စီနန် ရေကို သောက်ချလိုက်ပြီး ခါးသီးသော အရသာကို ခံစားလိုက်ရသည်။  ခုနကက သူ့ပါးစပ်ထဲကို ထည့်ထားတဲ့ အရာက ဆေးပြားတစ်ပြားပဲ "...ခင်ဗျား.."


"အဖျားကျဆေး။"


......ဘယ်က အဖျားကျဆေးလဲ


ကျုံးရုန် သူ့အင်္ကျီကို ချွတ်ပစ်လိုက်ပြီး  မြေပြင်ပေါ်ကို ပြီးစလွယ်လွှင့်ပစ်လိုက်ခဲ့သည်။  ထို့နောက် စီနန်ထိုင်‌ နေတဲ့‌အခန်း‌ ထောင့်တွင် တုံ့ဆိုင်းမနေဘဲ  ဝင်ထိုင်ချလိုက်ကာ အပြစ်တင်စွာ တီးတိုးပြောလိုက်၏။ "မင်းက တုံးတာပဲလား၊ ဉာဏ်နည်းတာပဲလား ငါ မသိဘူး မင်းက အစားအ‌ေသာက်ရှာဖို့ ဆေးဆိုင်ကို သွားလိုက်ပေမဲ့ မင်းဘာလို့ ဆေး‌လေးဘာ‌‌ လေးယူမလာခဲ့တာလဲ။  အဖျားကျဆေးရဖို့ ကီလိုမီတာ 20 လောက်  ငါ့မှာ အသွားအပြန်ကားမောင်းသွားလိုက်ရတာ၊ အပြင်ဘက်က ဖုတ်ကောင်တွေရဲ့ ညစာဖြစ်လုနီးနီးလေးဘဲ။ မင်း‌ အတွက်‌ကြောင့်သာ မဟုတ်ရင်..."


စီနန်က ပါးစပ်ဟကာ ချောင်းဆိုးလိုက်ပြီး အက်ရှစွာ ပြောလိုက်တယ်၊ "အဲဒီနေ့က ကျွန်တော်လည်း ခင်ဗျားကို ကယ်‌ ပေးခဲ့တာပဲ၊ အဲ့တော့ ဘာကျေးဇူးမှ မရှိ‌ တော့ဘူး"


ကျုံးရုန်က ဘာမှပြန်မပြောလိုက်ခဲ့‌‌ ချေ။


စိတ်ဓာတ်ခွန်အား‌ လေး အနည်းငယ်ပြန်ရလာတဲ့ စီနန်က စကားပြောမလို့လုပ်လိုက်ချိန် သူတို့ခြေရင်းဆီမှ ပြင်းထန်သောသွေးနံ့ကို ရုတ်တရက် အနံ့ရလိုက်ခဲ့သည်။ ထိုအနံ့က အခုလေးတင် ကျုံးရုန် ပစ်ပေါက်ချလိုက်တဲ့ ဂျာကင်အင်္ကျီဆီမှ ဖြစ်နေခဲ့၏။


သူ့လက်ကိုဆန့်၍ ထိတွေ့ကြည့်လိုက်တော့  အဝတ်သည် စေးကပ်ကာ စိုစွတ်နေခဲ့၏။


တစ်ယောက်နဲ့တစ်ယောက် အသက်ရှုသံကိုတောင် ကြားရတဲ့ အမှောင်ထုထဲမှာ စီနန် ရုတ်တရက် တိုးတိုးလေး ပြောလိုက်ခဲ့သည် "... ကျေးဇူးပဲ"


ကျုံးရုံ ပြောလိုက်၏။  "ကျေးဇူးတင်စရာ မလိုပါဘူး။"


ကျုံးရုံ က သူ့မီးခြစ်ကို ထုတ်ပြီး နံရံကို မှီကာ ဆေးကရက်ကို မီးညှိလိုက်သည်။  စိတ်အေးလက်အေးနဲ့ သက်တောင့်သက်သာရှိတဲ့ အဖြူရောင်အခိုးအငွေ့တွေကြားမှ သူ ပြုံးပြီး မေးတယ် "မင်း အိပ်မက်ဆိုးတွေ မက်နေတာလား မင်း ကယောင်ကတမ်း‌ တွေပြောနေတာကို ငါကြားတယ်။ မင်း ဆဲဆိုနေတဲ့ အသံလိုပဲ"


"......"


"အိမ်ကို လွမ်းလို့လား"  ကျုံးရုံက ပေါ့ပေါ့လေး မေးလိုက်ခဲ့သည်။


စီနန် ခေါင်းယမ်းလိုက်ခဲ့သည်။


"မင်း အရင်က ဘာအလုပ်လုပ်ခဲ့တာလဲ၊ကိုယ်ရေးကိုယ်တာကိုယ်ရံတော်လား ဒါမှမဟုတ် ရဲတစ်ယောက်လား"


စီနန်က ထပ်ခေါင်းခါပြလိုက်‌ေပမဲ့လည်း ပြန်မဖြေခဲ့‌ ပေ။


"အရမ်းလည်း စိတ်ညစ်မ‌ နေပါနဲ့၊ အေးအေးဆေးဆေး စကားပြော ရုံပါပဲ။ အကယ်၍ မင်း ဖျားတာမဟုတ်ရင် မင်းတကယ်ကူးစက်ခံရလို့ပဲ  နောက်‌ကျရင် မင်းသေမှာပဲ လေ၊ ဒီကိုကိုက မင်းရဲ့ဆန္ဒကို အပ်နှံနိုင်တဲ့ နောက်ဆုံးလူပဲကွ"  ကျုံးရုန်က သူ့ပခုံးကို ညှစ်ဖျစ်လိုက်ပြီး စနောက်စွာ မေးလိုက်ခဲ့သည်။ "အိမ်ထောင်ပြုပြီးပြီလား၊ တွဲနေတဲ့သူရှိလား"


"......မရှိဘူး"


"အရမ်းကောင်းတယ်၊ အစ်ကိုလည်းမရှိဘူး၊ အဖွဲ့သားတွေအားလုံးကလည်း လူပျိုကြီး‌ တွေကြီးပဲ။"


စီနန်က သူ့ကို စိုက်ကြည့်ရင်း သူ့ရင်ထဲမှာ တိတ်တိတ်လေး တွေးလိုက်မိသည်၊ 'အဲဒါက ခင်ဗျားရဲ့ဦးဆောင်မှုနောက်ကို လိုက်နေတာကြောင့် နေမှာပေါ့။'


ကျုံးရုန် ရုတ်တရက် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး အား‌ လျော့နေတဲ့အသံသေးသေး‌ လေးနဲ့ ပြောလိုက်ခဲ့သည်၊ "B စစ်ခရိုင်ရဲ့ ခိုလှုံရာက လူထောင်ပေါင်းများစွာ ခို လှုံနိုင်ပြီးတော့ သူတို့ရဲ့ရေနဲ့ စားနပ်ရိက္ခာ‌ တွေကလည်း ဖူလုံတယ်၊ ပြင်ပကမ္ဘာနဲ့လည်း လုံး လုံး အဆက်သွယ်ဖြတ်ထားတာ။  ကပ်ရောဂါကြီးပြီး ဆုံးသွားပြီးတဲ့အခါကျရင် B မြို့မှာ အခြေချနေထိုင်ဖို့ အစိုးရက မင်းကို သေချာပေါက် စီစဉ်ပေးမှာပဲ ပြီးရင် မင်းကို blind date လုပ်ပေးပြီး မင်းကို လက်ထပ်ဖို့ တွန်းအားပေးလိမ့်မယ်။ ပြီးတော့ သဘာဝကပ်ဘေးကာလမှာ ဆုံးရှုံးခဲ့ရတဲ့ လူဦးရေကို ပြန်လည်ဖြည့်တင်းဖို့ ကလေး‌ တွေမွေးမြူခိုင်းဖို့ ကြိုးစားကြလိမ့်မယ်"


"B စစ်တပ်က ကယ်တင်ထားတဲ့သူ အများစုက အိုမီဂါတွေကြီးပဲ၊ အများစုက ကလေးရနိုင်တဲ့အချိန်အပိုင်းခြား ရောက်နေကြတာ သူတို့ကို ကာကွယ်‌ ပေးနိုင်ဖို့ စစ်တပ်ဆီကို အပို့ခံကြရမှာ။"  ကျုံးရုံ မသိစိတ်က သူ့နှုတ်ခမ်းတွေကို သပ်လိုက်ပြီး " ကျွတ်စ်  အတည်ပြောရရင်၊ ဒီမူဝါဒကို အကောင်အထည်ဖော်နိုင်တဲ့ သူတို့ရဲ့ ဦးနှောက်က တော်တော်‌ လေးကို ဉာဏ်ပြေးလွန်းတာပဲကွာ "


စီနန်ရဲ့အသံမှာ အနည်းငယ်လေး တင်းမာသွားလိုက်ပြီး သူ မေးမြန်းလိုက်ခဲ့သည်၊

"ဘာဖြစ်လို့လဲ"


"သဘာဝဘေးအန္တရာယ် ကျရောက်တိုင်း အယ်ဖာတွေက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးမှာ အဓိက အင်အားစုတွေဖြစ်ခဲ့တာကြီးပဲ။  ခိုလှုံရာနေရာ အကြီးကြီးတွေတိုင်းမှာ အယ်ဖာတွေအများကြီးရှိ‌ နေမှာပဲ၊ အဲဒီနေရာတွေမှာဆို အရင်းအမြစ် တွေဖြစ်တဲ့ လက်နက်တွေ၊ အပိုင်စားနယ်မြေရဖို့အတွက် အပြိုင်အဆိုင်‌‌ တွေ ပိုများတယ်။ ဒါပေမဲ့ အယ်ဖာတွေက အိုမီဂါအတွက် သေချာပေါက် အရင်းအမြစ်‌တွေ ဦးအောင်စုဆောင်း ကြမှာ။  အဲ့တော့ ‌အထက်ကနေ အရင်းအမြစ်ခွဲဝေမှုအတွက် မဟာဗျူဟာအဖြစ် အိုမီဂါ‌တွေကို သုံးလို့ရတယ် လေ။ ဒီလောက်ရိုးရှင်းတဲ့ အမှန်တရားကိုတောင် မင်း နားမလည်ဘူလား"


ကျုံးရုန် မီးခိုးငွေ့များကို ရှူရှိုက်ရင်း သူ့လက်ညိုးနှင့် လက်ခလယ်ကြားတွင် ကိုင်ထားတဲ့ စီးကရက်မီးကို နီရဲစေလိုက်သည်။  စီနန် တစ်ဖက်လူက ရုတ်တရက် ခါးအောက်ကို လှမ်းထိုးလိုက်သည့်တိုင်အောင် အကြာကြီး တိတ်တိတ်ဆိတ်ဆိတ်‌ နေလိုက်ခဲ့သည်၊ "မင်းဘာတွေ လေးလေးနက်နက် တွေးနေတာလဲ"


"......"

စီနန်က ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်ခဲ့သည် "အစ်ကိုကရော ဒီဗျူဟာကျတဲ့ အရင်းအမြစ်တွေကို ယူဖို့ B ခရိုင်ကို သွားချင်တာပဲလား"


ကျုံးရုန်က သူ့ကို ချက်ချင်း ငြင်းဆန်လိုက်ခဲ့သည်။ "မသွားချင်ဘူး!"


စီနန် က "ငါ့မှာ ယန်ဟောင် ရှိတယ်" လို့ ပြောမယ်လို့ ထင်လိုက်ခဲ့ပေမယ့်

ဒီဘီတာနှစ်ယောက် ကြားက အချစ်‌ရေးအကြောင်း သူ မစူးစမ်းလိုက်ခင် ကျုံးရုန်က အသံကျယ်ကျယ်နဲ့ ဆက်ပြောလိုက်တာကို ကြားလိုက်ခဲ့သည်။

"အိုမီဂါတွေကို ငါမုန်းတယ်!"


စီနန်က မေးလိုက်၏။

"ဘာဖြစ်လို့လဲ အစ်ကိုရုန်"


ကျုံးရုန်က ကိုယ်ကို လှည့်ပြီး ထိုင်နေတဲ့သူ့ကိုယ်ဟန်အနေအထားကို ပြောင်းလိုက်ကာ  သူ့ မျက်လုံးတွေက စီနန့် ကို စူးစိုက်ကြည့်လိုက်၍ စိတ်ထက်သန်စွာဖြင့် ပြောလိုက်ခဲ့၏။ 

" ဒီကိုကိုက မင်းကို ဘဝတစ်သက်စာ လုံးအတွက် အကြံဉာဏ်တစ်ခု ပေးလိုက်မယ်။  ပထမဆုံးက အနာဂတ်မှာ ထူးထူးခြားခြား လက်တွဲဖော်တစ်ယောက်ကို ရှာချင်ရင် အိုမီဂါ တစ်ယောက်ကို မရှာလိုက်နဲ့"


"......"


"ဘီတာတစ်‌ေယာက်ကိုပဲ ရှာ"


"......"


စီနန်ရဲ့ ပါးစပ်ထောင့်စွန်းက အနည်းငယ်လေး တွန့်ကွေးသွားသည့်ထိ နှစ်ယောက်သား အချိန်အကြာကြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေလိုက်ကြသည်။  သူက "ကျွန်တော်လည်း အဲဒီလိုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။"


ကျုံးရုန်က သူ့ပုခုံးပေါ်ကို ဖွဖွပုတ်လိုက်ခဲ့သည်။


စီနန် က မေးလိုက်ခဲ့တယ်။ "ဒါပေမယ့်... ဘာဖြစ်လို့လဲ"


ကျုံးရုန်က ဘီတာနဲ့ ချိန်းတွေ့ခြင်း ဘဝအတွက် ဥပမာတစ်ခုအဖြစ်

ယန်ဟောင် ကို အသုံးပြုမယ်လို့ ထင်လိုက်ခဲ့သော်လည်း ကျုံးရုန်က လူ့သဘောသဘာဝနဲ့ပတ်သက်တဲ့ လက်တွေ့မကျတဲ့ သူ့စိတ်ကူးများအား ထပ်မံဖွင့်ထုတ်လိုက်ခဲ့သည်။  ကျုံးရုန်က အလေးအနက်ပြန်ဖြေလိုက်ခဲ့၏။

"အိုမီဂါတွေ က အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပြဿနာရှိနေလို့"


အမှောင်ရိပ်ထဲတွင် လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြတယ်။  ကျုံးရုန် သူ့လက်တစ်ဖက်က စီနန်ရဲ့ပခုံးပေါ်တွင်  တင်ထားပြီး သူတို့၏နှာခေါင်းများသည် ဆယ်စင်တီမီတာအကွာတွင်သာ ရှိ‌ နေခဲ့လိုက်သည်။


ခဏကြာပြီး‌ နောက် စီနန် နောက်ဆုံးတွင် သူ့ကိုယ်သူ ထောင့်‌ကပ်သွားအောင် ဂရုတစိုက် ကျုံ့ဝင်ထိုင်လိုက်ကာ သတိထားပြီး ယဉ်ယဉ်ကျေးကျေး မေးလိုက်တယ်။ "အစ်ကိုရုန်က အရင်က နာကျင်ဖူးခဲ့လို့လား"


'နာကျင်ခံစားခြင်း' ဟူသော စကားလုံးနှစ်လုံးသည် ကျုံးရုန်အတွက် အလွန်လတ်ဆတ်သည်။  သူက အတွေးများစွာနဲ့ မေးစေ့ကို ပွတ်သပ်လိုက်ပြီး စဉ်းစားလိုက်ခဲ့တယ်၊ ခဏကြာသွားပြီး နောက်ဆုံးတော့ ခေါင်းခါပြလိုက်တယ်- "အတိုင်းအတာတစ်ခုအထိတော့ ငါ့ခံစားချက်တွေက လှည့်စားခံရတာတော့ အမှန်ဘဲ၊ ဒါပေမယ့် အဲလိုမျိုးတော့မဟုတ်ပါဘူး- တကယ်တော့  ဖြစ်ပျက်ခဲ့တာ နှစ်တော်တော်ကြာနေပါပြီ။  နိုင်ငံတကာ အထူးရဲတပ်ဖွဲ့ ရဲ့တောအုပ်ပြိုင်ပွဲ ဆိုတာကို မင်း ကြားဖူးသလား"


စီနန် ခေါင်းယမ်းလိုက်ခဲ့သည်။


ကျုံးရုန် က ပြောလိုက်၏။ 

"ငါ့ အသက် ၁၈ နှစ်တုန်းက နိုင်ငံကိုယ်စားပြုအနေနဲ့ အဲ့ဒီပြိုင်ပွဲမှာ ပါဝင်ခဲ့တယ်။  စစခ‌ျင်းကတော့  ရှေ့ကနေအမှတ်တွေ


ကို ဦးဆောင်ခဲ့တာ၊ ဓားစာခံတွေကို ကယ်ဆယ်တဲ့ အချိန်မတိုင်မီထိ ပေါ့လေ။ ဓားစာခံ တရုတ်လို့ ပြောလို့ရ‌ လောက်တဲ့ ဓားစာခံတစ်ဦးနဲ့ ငါ ဆုံခဲ့ရတယ်... သူက အသက် ၁၅နှစ်ပဲရှိ‌ သေးတဲ့  အိုမီဂါ‌လေးတစ်‌ယောက်ပဲ။"


Chapter end


#edited