Chapter 1 Part-2
Viewers 400

Undead Chapter 1 (Part - 2 End)


ဒီ‌ေနရာက တတိယထပ်ဖြစ်၏။


ထန်ဟောင် ပြတင်းပေါက်ဆီသို့ အလောတကြီးနဲ့ အပြေးအလွှားသွားလိုက်ပြီး စစ်သားများကလည်း သူ့နောက်မှ လိုက်ပါလာကြသည်။ လူငယ်လေး ပြုတ်ကျသွားတာကို ကြည့်ရှုလိုက်ပြီး အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားပုံ ထင်ရလိုက်ရသည်....... အဲဒီနောက် ရုတ်တရက် လေထဲတွင် တစ်ပတ်ကျွမ်းပစ်လှန်လိုက်ကာ အဆုံးစွန်ထိကွေးနေတဲ့ လေးညှိကြိုးလို တင်းတင်းကျပ်ကျပ် သူ့ခန္ဓာကိုယ်ကို ကွေးညွတ်ထားလိုက်သည်။


ဖြစ်ပျက်ခဲ့သည်မှာ အဝေးကြီးမှာဆိုတာ သိသာထင်ရှားသော်လည်း ခပ်အုပ်အုပ်ဆင်းသက်လိုက်သော အသံသည် ထန်ဟောင်၏နားအား ပြင်းထန်စွာ တီးခေါက်လိုက်သလို ခံစားလိုက်ရသည်။


ဝပ်တွားနေသော လူငယ်‌ေလးသည် မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လှိမ့်သွားလိုက်ကာ နောက်ဆုံးတွင်မှ ရပ်တန့်သွားပြီး ဒူးထောက်ချလိုက်ကာ သေနတ်ကိုင်ထားတဲ့လက်က အမြင့်သို့ ‌ေြမာက်လိုက်ခဲ့သည်။


'ဒီကောင်လေး ဘာလုပ်နေတာလဲ!'


ထန်ဟောင်က ပဟေဠိဖြစ်နေတုန်းမှာပဲ သူ့စစ်သားတစ်ယောက်က ရုတ်တရက် စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်၊ "ဒုဗိုလ်ချုပ်၊ မင်း သူ့‌ေနာက်ကို လိုက်ချင်တာလား"


ထန်ဟောင်သည် အချိန်နှောင်းသွားတာကြောင့် သူတို့ကို တားရန် လက်ကိုဆန့်‌ေမြှာက်လိုက်ခဲ့သည်။


သူ ငုံ့ကြည့်မိ‌ေတာ့ အောက်ထပ် ကားပါကင်တွင် ဖုတ်ကောင် ၁၀ ကောင်ကျော် စုဝေးနေသည်ကို မြင်လိုက်ရသည်။ သူတို့သည် အကျဉ်းထောင်အဆောက် အအုံအတွင်းသို့ မ၀င်ရောက်ခဲ့တဲ့ အလောင်းကောင်များပဲဖြစ်ကြသည်။


လူငယ်‌ေလးရောက်ရှိနေမှုကို ခံစားလိုက်ရပြီးနောက် ထိုဖုတ်ကောင်များက သူတို့လက်ထဲမှာရှိတဲ့ အသားနှင့်အရိုးအကြွင်းအကျန်များကို ချက်ချင်းချပစ်လိုက်ကာ လူငယ်‌ေလးရှိရာဝန်းကျင်ဘက်သို့ ပြေးလိမ့်ဝင်လာ

ခဲ့‌ေတာ့သည်။


လူငယ်‌ေလးက ဒီအခြေအနေကို မျှော်လင့်ထားပုံမပေါ်ဘဲ ဖုတ်ကောင်များနှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရချိန် အံ့အားသင့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ ထန်ဟောင်က သူ့စစ်သားတစ်ယောက်ရဲ့ သေနတ်ကို ဆွဲယူလိုက်ပြီး ဓား‌ေမြာင်ကို အလျင်အမြန်ဆွဲထုတ်လိုက်ကာ လူငယ်လေးနဲ့ အနည်းငယ်လှမ်းကွာနေသေးတဲ့ ဖုတ်ကောင်တစ်ကောင်ရဲ့ မျက်ခုံးရိုးကြားထဲ တည့်တည့်အား လှမ်း‌ေပါက်လိုက်ခဲ့သည်။


'ဘန်း!'


ဖုတ်ကောင်က လဲကျသွားပြီး သူ၏ခန္ဓာကိုယ်မှ ခရမ်းပုပ်အရောင်စေးပျစ်သော သွေးများ မြေပြင်ပေါ်တွင် စီးကျသွားခဲ့သည်။


သို့သော်လည်း အခြားဖုတ်ကောင်များက ဒါကိုသတိမထားမိဘဲ ဒယိမ်းဒယိုင်နဲ့အော်ဟစ်မြည်တမ်းရင်း လူငယ်လေးထံသို့ လျှောက်သွားလိုက်ခဲ့သည်။


"အကိုက်ခံရရင် မင်း ကူးစက်ခံရလိမ့်မယ်!" ထန်ဟောင်က အော်ပြောလိုက်သည်။ "မင်း ပြေးမှ ရမယ်!!"


ဒါကိုကြားတော့ လူငယ်က နောက်ဆုံးမှာ ကြောင်ငေးနေရာမှ အသိပြန်ဝင်လိုက်ပြီး လှုပ်ရှားလိုက်ခဲ့သည်။


ထန်ဟောင်က လူငယ်လေး သူ့ခြေထောက်ကို ဘယ်အချိန်‌ေြမှာက်တက်သွားသည်ကို အမှန်ပင် မသိရှိခဲ့။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လေကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားပြီး ဒုတိယအလောင်း‌ေကာင်ကို 

ဖြတ်‌ေလျှာက်သွားခဲ့သည်။ ဖုတ်ကောင်သည် လက်ဆန့်ထုတ်ပြီး တားဖို့ ကြိုးစားပေမဲ့ အလွန်နောက်ကျနေပြီဖြစ်ပြီး သူ၏အရိပ်ကိုသာ ဆုပ်ကိုင်နိုင်လိုက်ခဲ့သည်။


လူငယ်‌ေလးသည် ဖုတ်ကောင်တိုက်ခိုက်မှုအတွင်း ထောင်မှ

လွတ်‌ေမြာက်လာခဲ့တဲ့ တတိယမြောက်အလောင်း‌ေကာင်၏ ပခုံးပေါ်သို့ နင်းတက်သွားခဲ့သည်။ အမည်းရောင် သွေးနှုင့်အသားပုပ်စများ၊ အဝါရောင်သွားများနှင့်အတူ မျက်နှာအား တစ်ခြမ်းစီဆွဲဖြဲခြင်းခံလိုက်ရကာ ဖုတ်ကောင်ကို ချက်ချင်းပင် အကြိမ်ပေါင်းများစွာ ပစ်သတ်ခြင်းခံလိုက်ရသည်။ ဖုတ်ကောင် လူအုပ်ကြားထဲတွင် ဖုတ်ကောင်တစ်ကောင်၏ ဦးခေါင်းကို သူ့လက်ဖြင့် ဖောက်ထုတ်ခြင်းသည် သူ့အတွက် ပထမဆုံး အကြိမ်ပင်ဖြစ်‌ေတာ့၏။


သို့သော်လည်း များမကြာမီတွင် နောက်ထပ် ပို၍များပြားသော ဖုတ်ကောင်များက သူ့ကို လက်ဖြင့်ညှစ်ရန် အလုအယက် ပြေးလွှားလာနေကြသည်။ ထန်ဟောင်က သူတို့ကို တတိယထပ် ပြတင်းပေါက်ကနေ ရှင်းရှင်းလင်းလင်း မြင်နေရသည်၊ လမ်းမပေါ်ရှိတဲ့ ဖုတ်ကောင်များပင် ဒီနေရာသို့ ရောက်ရန်အစုလိုက်အပြုံလိုက် လျှောက်လာ‌ေနကြသည်။


သူ့ကျည်ဆံက မ‌ေလာက်‌ေတာ့ဘူး!


လူငယ်လေးက ရှောင်တိမ်းနေချိန်တွင် တုံ့ဆိုင်းခြင်း၊ ကြောက်ရွံ့ခြင်းမျိုး မပြသခဲ့။ သူက ဖုတ်ကောင်များအားလုံး၏ ဦးခေါင်းနှင့် ပခုံးပေါ် နင်းလုနီးပါးဖြစ်ပြီး သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် လျှပ်စီးကြောင်းကဲ့သို့ မြန်ဆန်ပြီး အလွန်ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သစ်တောနှင့်တူသော အလောင်းကောင်အုပ်စုကို အပြီးအပိုင် ထားရစ်ခဲ့ပြီး ထောင်တံခါး၏ လမ်းဘေးတစ်ဖက်တစ်ချက်တွင် ဒူးတစ်ဖက်‌ေထာက်ချလျက် သူ ‌ေြခချလိုက်ခဲ့သည်။


ထန်ဟောင်က လူငယ်လေး ဘာလုပ်မည်ကို ချက်ချင်း သဘောပေါက်လိုက်သဖြင့် မျက်ခုံးပင့်လိုက်မိသည်။


သူ မျှော်လင့်ထားသည့်အတိုင်း လူငယ်သည် ခဏ‌ေလး‌ေတာင် မရပ်နားဘဲ အနီးဆုံးကားရှိရာသို့ ချက်ချင်း ပြေးသွားလိုက်ခဲ့သည်။


ရှေ့နှင့်နောက်တံခါးများကို အပြည့်ဖွင့်ထားသည့် ရိုးရိုး Toyota Camry ကားတစ်စီးဖြစ်သည်။ ကားမောင်းသူသည် ထိုင်ခုံခါးပတ်ကြိုးများအောက်တွင် အော်ဟစ်‌ေနရင်း သွေးစွန်းထင်းနေသည့် လူလတ်ပိုင်းတစ်ဦးအဖြစ်သို့ ပြောင်းလဲ‌ေနခဲ့သည်။


ထိုနေရာနှင့် မနီးမဝေးရှိနေတဲ့ ဖုတ်ကောင်အုပ်ကြီးသည် နောက်ပြန်လှည့်လာပြီး ကားဆီသို့ ဦးတည်လာကြ‌ေတာ့သည်။ လူငယ်‌ေလးက နောက်သို့ လှည့်မကြည့်တော့ဘဲ ကားမောင်းသူ၏ ဦးခေါင်းကို တစ်ချက်တည်းနှင့် ‌ေြခမွအောင် ထုရိုက်လိုက်ခဲ့သည်။ အလောင်းကို ကားထဲမှ ဆွဲထုတ်လိုက်ပြီး ထိုင်ခုံကို ချိန်ညှိကာ တံခါးကို ပိတ်ချလိုက်၏။


ထိုစဉ်တွင် ခပ်‌ေဝးဝေးမှာရှိ‌ေနတဲ့ ထန်ဟောင်က အလောင်း‌ေကာင် ၏ခေါင်းကို ခြေမွပြီး မကြာမီပင် အနည်းငယ်မှိုင်း‌ေတွနေသော မျက်နှာထားဖြင့် ထိုနေရာမှ ထွက်ခွာ‌ေတာ့မည့် လူငယ်‌ေလး၏ ရုပ်ပုံကို ကြည့်ရှုလိုက်ခဲ့သည်။


"ဗိုလ်ချုပ် ကျွန်တော်တို့ ချက်ချင်းပြန်ဆုတ်မှ ရမယ်၊ အဖွင့်အပိတ်တံခါးက..."


ခန်းမ၏အဆုံးရှိ ခိုင်မာသော သံမဏိတံခါးသည် အလောင်းကောင်များ၏ မမောနိုင်မပန်းနိုင် ထုခေါက်သံများအောက်တွင် ပြိုကျနေပြီး မျက်နှာကျက်မှ ကွန်ကရစ်အတုံးကြီးများ ပြိုကျလာခဲ့ကာ နောက်ဆုံးတွင် ကျယ်လောင်စွာမြည်းဟိန်းသံဖြင့် တံခါးသည် ပြိုကျပျက်စီးသွားခဲ့‌ေတာ့သည်။


ဒီရေလှိုင်းတစ်ခုကဲ့သို့ သွေးစွန်းနေသော အလောင်း‌ေကာင်များက ထိုနေရာသို့ ဝရုန်းသုန်းကားထိုးကျလာခဲ့ကာ ရှေ့တန်းရှိစစ်သားများက ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြကာ ထောင်၏ခန်းမဆောင်သည် အလောင်း‌ေကာင်ကွင်းပြင်တစ်ခု ဖြစ်လာခဲ့‌ေတာ့၏။


ထန်ဟောင်က ရှေ့သို့ လျှောက်လှမ်းလိုက်ကာ သူ့ပုခံုးမှာစလွယ်သိုင်းထားတဲ့ ကျည်ကတ် နောက်တွင် မှန်ဘီလူးပါရှိတဲ့ MP5 စက်‌ေသနတ်တစ်လက်ကိုဖြုတ်လိုက်ရင်း ခန်းမအတွင်းရှိ ဖုတ်ကောင်များဆီသို့ မရေမတွက်နိုင်သော ကျည်ဆံများဖြင့် စတင်ပစ်ခတ်လိုက်ခဲ့သည်။ 9 မီလီမီတာ luger၏ ကြီးမားသော အားသက်ရောက်မှုအောက်တွင် အလောင်းကောင်များကို နောက်ပြန်လန်သွားအောင် ပစ်ချလိုက်ခဲ့သည်။



"ဒုဗိုလ်ချုပ်!"


ထန်ဟောင်ကတော့ ဆက်လက်တိုက်ခိုက်ခဲ့ပြီး နောက်ပြန်လှည့်မကြည့်ခဲ့ပေ။ သူ့ဘယ်လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်ခဲ့သည်၊ "သွား!"


စစ်သားများက ထန်ဟောင်နှင့်အတူ ဘေးကင်းသော စင်္ကြံလမ်းဆီသို့ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ သူထွက်မသွားခင်မှာ ထန်ဟောင် ရဲ့ အကြည့်တွေက အလောင်းကောင်များရဲ့ ရွံစရာမျက်နှာကနေ ပြတင်းပေါက်အပြင်ဘက်က မြေပြင်ဆီကို တစ်ဖန်ပြောင်းသွားလိုက်၏။


ဖုတ်ကောင်များ၊ အပျက်အစီးများနှင့် ပျက်စီးနေတဲ့ကားများဖြင့် ပြည့်နှက်နေသော လမ်းမများပေါ်တွင် ငွေရောင် Camry ကားသည် မြှားတစ်စင်းလိုအရှိန်နှုန်းဖြင့် ဖြတ်သန်းသွားကာ လမ်း၏အဆုံးရှိ လောင်ကျွမ်းနေသော မီးတောက်ထဲသို့ လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။


ထန်ဟောင် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ ဘေးကင်းတဲ့စင်္ကြံတံခါးကို ကန်ကာပိတ်လိုက်ပြီး ခန်းမအတွင်းရှိ ဖုတ်ကောင်များကို ထိထိရောက်ရောက် ပိတ်ဆို့လိုက်သည်။ စစ်သားများက အဆောက်အဦးထိပ်သို့ ပြေးတက်သွားကြ‌ေတာ့သည်။ ထန်ဟောင် သူ့နှာခေါင်းမှ စွဲမက်ဖွယ်ကောင်းသော ရနံ့တစ်မျိုးကို ရုတ်တရက် ရှူရှိုက်မိလိုက်ချိန် 

သူ့အာဒမ်ပန်းသီးက ပုန်းကွယ်နေတဲ့လိုအင်ဆန္ဒဖြင့် တလှုပ်လှုပ်ထလာခဲ့သည်။


ထိုရနံ့က သူ့ယူနီဖောင်းအင်္ကျီလက်ဖျားအနားမှ ဆင်းသက်လာပြီး အိုမီဂါတစ်ဦး၏ မွှေးပျံ့သောရနံ့ထုတ်လွှင့်မှုပင်ဖြစ်၏။


"ဗိုလ်ချုပ်" စစ်သားတစ်ယောက်ရဲ့အထစ်ထစ်ငေါ့ငေါ့အမေးက သူ့အတွေးကို ပြန်‌ေခါ်လိုက်ခဲ့သည်။


ထန်ဟောင်က လမ်းလျှောက်လာလိုက်ပြီး သူ့အင်္ကျီလက်ဖျားမှ သွေးတွေကို ညွှန်ပြလိုက်ခဲ့သည်။


"ငါတို့ အခြေစိုက်စခန်းကို ပြန်ရောက်တာနဲ့ ဒီသွေးထဲက DNA ကို ထုတ်ပြီး T city ရဲ့ လူဦးရေဒေတာဘေ့စ်ထဲထည့်ပြီး ကိုက်ညီမှုတစ်ခု ရှာတွေ့တဲ့အထိ တိုက်ကြည့်‌ေပး။ ဒီအိုမီဂါရဲ့ အထောက်အထားနဲ့ နောက်ခံကို ငါ သိချင်တယ်။"


ထိုလူက ခေါင်းညိတ်လိုက်ခဲ့သည်။


The End