အပိုင်း၁၀၉
Viewers 11k

🤚Chapter 109

Extra - After Marriage 3




 အစ်မလျိုက ရုံးရှိ တခြားလုပ်ဖော်ကိုင်ဖက်များထံ သွားရောက်ညည်းတွားခဲ့သည်။ 


”အသစ်ရောက်လာတဲ့ ရှောင်ကျိက တအားဘဝင်မြင့်တာပဲ… ကားနဲ့အိမ်ပိုင်တဲ့သူနဲ့ ငါက မိတ်ဆက်ပေးမလို့ကို  စိတ်မဝင်စားဘူးဆိုပြီး ငြင်းတယ်… အမြဲတမ်းနေထိုင်ခွင့်တောင် မရှိတဲ့သူကများ တအားတွေ ဇီဇာလာကြောင်ပြနေတာ…”


ထိုစကားကို တစ်ရုံးထဲနေ စွန်းမုန်ရူ ကြားသွားကာ ပြန်ခနဲ့သည်။ 


“လျိုကျဲ နင်ကသူ့ကို ဗိုက်ပူဆီရွှဲ ကလေးအဖေတခုလပ်နဲ့ မိတ်ဆက်ပေးလိုက်တာလား…”


လျိုကျဲနှင့်စွန်းမူရူတို့ကြား အငြိုးများက လွန်ခဲ့သည့်တစ်နှစ်ကျော်က စတင်ခဲ့သည်။ ထိုအချိန်တွင် စွန်းမုန်ရူက အသက် ၂၇နှစ်သာရှိပြီး လှပကာ လုပ်နိုင်စွမ်းရှိသည့် မိန်းကလေးတစ်ဦးဖြစ်သည်။ သို့သော် လျိုကျဲက စွန်းမုန်ရူကို အသက်မငယ်တော့သောကြောင့် တန်ဖိုးမရှိဟု မှတ်ယူထားသည်။ ထို့နောက် အသက်လေးဆယ်အရွယ် ကွာရှင်းထားသည့် အမျိုးသားတစ်ယောက်နှင့် အတင်းအကျပ်မိတ်ဆက်ပေးခဲ့သည်။ စွန်းမုန်ရူပြောခဲ့သည့်အတိုင်း တကယ့်ကို ဗိုက်ပူဆီရွှဲကာ ထိပ်ပင်ပြောင်နေသေးကာ ကလေးကလည်းရှိနေသည်။


စွန်းမုန်ရူက ထိုအကြံကို ချက်ချင်း ငြင်းပယ်လိုက်သည်။


ထိုအချိန်မှစ၍ နှစ်ယောက်ကြား ရန်စမီးပွားများ စတင်လာခဲ့သည်။


လျိုကျဲက သူမကိုယ်သူမ ခုခံပြောဆိုလိုက်သည်။


”ငါက အမြင်ချို့တဲ့နေလို့လား… ရှောင်ကျိက အရမ်းငယ်သေးတယ်… ဘွဲ့ရရုံပဲရှိသေးတယ်… ငါမိတ်ဆက်ပေးမယ့်လူက သုံးဆယ်တောင်မပြည့်သေးပါဘူးနော်… ပြီးတော့ အခြေအနေလည်းကောင်းတယ်…”


စွန်းမုန်ရူက လှောင်ပြောင်သည်။ 


“ဘွဲ့ရကာစ ကောင်မလေးကို အသက်သုံးဆယ်နီးပါးရှိတဲ့သူနဲ့ မိတ်ဆက်ပေးမှာဆိုတော့ တအားအမြင်ကောင်းတာပဲနော်…”


လုပ်ဖော်ကိုင်ဖက်များက နှစ်ယောက်ကြားရှိရန်ပွဲကို ဖြန်ဖြေရန် ကြိုးစားသည်။ အချက်အလက်စုဆောင်းရန် ထွက်သွားသည့် အန်းနဉ်က ပရင့်ထုတ်ထားသည့် ဖိုင်တစ်ပုံတစ်ခေါင်းနှင့်အတူ ပြန်လာခဲ့သည်။ ထိုအချိန်မှ အမျိုးသမီးနှစ်ယောက်က ငြိမ်ကျသွားသည်။


အလုပ်ချိန်ပြီးသည်နှင့် ပြန်ရန် သိမ်းကြသည်။


အန်းနဉ်က သူမ၏စားပွဲကို သန့်ရှင်းနေသည်။ 


လျိုကျဲက ရောက်လာပြီး မေးသည်။ 


“ရှောင်ကျိ ဘယ်မှာအိမ်ငှားနေတာလဲ…”


အန်းနဉ် တုံ့ဆိုင်းသွားသည်။ 


“ကျွန်မ ပေရှနားက မြောက်ဘက်မှာ နေတာပါ…”


လျိုကျဲက ဆက်မေးသည်။ 


“ဒါဆို မြေအောက်ရထားနဲ့ ပြန်မှာလား…”


“ကျွန်မယောကျာ်းလာကြိုမှာလေ…”


ယနေ့ခေတ်တွင် ငယ်ရွယ်သည့်အတွဲများက ချစ်စနိုးနှင့် တစ်ယောက်ကိုတစ်ယောက် လင်မယားများအဖြစ် သုံးနှုန်းလေ့ရှိကြသည်။


“ဒါဆို မင်းမှာရည်းစားရှိတယ်ပေါ့ …“


လျိုကျဲက စိတ်မချမ်းမသာနှင့် ပြောလိုက်သည်။


အန်းနဉ်: “……”


ကျောင်းဝင်းထဲက ထွက်သွားသည်နှင့် လူ့အဖွဲ့အစည်းတွင် မယုံနိုင်စရာကောင်းလှအောင် ထူးဆန်းသည့် လူမျိုးစုံကို တွေ့ရပေလိမ့်မည်။


အန်းနဉ်က လုပ်ဖော်ကိုင်ဖက်များနှင့် ဓာတ်လှေကား အတူတူစီးလိုက်သည်။ ဓာတ်လှေကားထဲရှိနေစဉ် ဝမ်ယွီ့ဆီမှ ဖုန်းဝင်လာသည်။ 


“ဇနီးလေး ကားလမ်းပိတ်နေလို့ ကိုယ်နည်းနည်းနောက်ကျမယ်နော်…”


သူမက အပေါက်ဝတွင်ရပ်နေကာ လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်လိုက်သည်။


“မင်း မပြန်သေးဘူးလား…”


လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မေးလာသည်။


“ကျွန်မယောကျာ်းလာကြိုမှာလေ… ကားလမ်းနည်းနည်းကျပ်နေလို့ စောင်ဖို့ ပြောထားလို့…”


လုပ်ဖော်ကိုင်ဖက်များက သူမကိုပြန်နှုတ်ဆက်ကာ အသီးသီးပြန်သွားကြသည်။ လျိုကျဲက နောက်ထပ်အမျိုးသမီး လုပ်ဖော်ကိုင်ဖက်ကို ဆွဲခေါ်သွားသည်။


“ငါ ဒိန်ချဉ်ဝယ်တိုက်မယ်… လိုက်ခဲ့ဦး…”


သူတို့က လမ်းတစ်ဖက်ရှိ ဈေးဆိုင်သို့ သွားကာ ဒိန်ချဉ်နှစ်ဘူး ဝယ်လိုက်သည်။ ထို့နောက် မပြန်သေးဘဲ ရပ်စောင့်နေခဲ့သည်။


သူမခေါ်လာသည့် တစ်ယောက်က လျိုကျဲနှင့်ရင်းနှီးသဖြင့် တစ်ခုခုရှိနေမှန်း သတိထားမိလိုက်သည်။ 


“ဘာဖြစ်လို့လဲ…”


လျိုကျဲက နှုတ်ခမ်းကိုက်လိုက်သည်။ 


“ငါက အန်းနဉ်ကို ကြင်ကြင်နာနာနဲ့ ငါ့ယောကျာ်းရဲ့ဝမ်းကွဲနဲ့ မိတ်ဆက်ပေးမလို့ပါဟယ်… ဟိုက ကားနဲ့အိမ်ပိုင်တာကို အန်းနဉ်က စိတ်မဝင်စားဘူး… သူက ဘယ်လိုရည်းစားမျိုးကို ရှာထားလဲဆိုတာ သိချင်လို့…”


လုပ်ဖော်ကိုင်ဖက်က ပြန်ပြောသည်။ 


“သူက အရမ်းလှတော့ သူ့ရဲ့စံနှုန်းက မြင့်မယ်ထင်တယ်နော်…”


“အို ဘယ်လောက်ပဲလှလှ သူက မြို့ခံလူမှမဟုတ်တာ…” 


လျိုကျဲ၏ အောင်သွယ်တော်အမြင်အရ အန်းနဉ်ကဲ့သို့ မိန်းမလှလေးသာ ထက်မြက်မည်ဆိုလျှင် မြို့တော်စီရင်စုမှ လူကို လက်တွဲဖော်အဖြစ်ရွေးသင့်ပေသည်။ တစ်ချို့သောမိန်းကလေးများက အချစ်တစ်ခုတည်းကြောင့် အိုးပိုင်အိမ်ပိုင်မရှိသည့် ရည်းစားနှင့်အတူ ခက်ခက်ခဲခဲရုန်းကန်ရန် မိုက်မဲစွာရွေးချယ်တတ်ကြသည်။


အန်းနဉ်က ထိုကဲ့သို့အမျိုးအစားဟု လျိုကျဲ ခံစားမိသည်။


ခဏနေလာမည့် ဘတ်စ်ကားပေါ်မှ ဆင်းရဲသားကောင်လေးကိုတွေ့လျှင် ဤမိုက်မဲနုံအသည့် မိန်းကလေးအား ဉာဏ်အလင်းပွင့်စေရန် အခွင့်အရေးတစ်ခုရှာရန် ဆုံးဖြတ်လိုက်သည်။


သူမစဉ်းစားနေစဉ် သူမဘေးမှ လုပ်ဖော်ကိုင်ဖက်က သူမအား တံတောင်နှင့်တို့လိုက်သည်။ 


“မြန်မြန် ကြည့်လိုက် ဝိုး…”


လျိုကျဲ လှည့်ကြည့်လိုက်ချိန်တွင် ဘတ်စ်ကားမှတ်တိုင်အနီးတွင် အနက်ရောင်ပြိုင်ကားတစ်စီး ရပ်ထားသည်ကို တွေ့လိုက်သည်။


မည်သည့်တံဆိပ်မှန်းမသိသော်လည်း ပုံစံက ခေတ်မီကာ ဇိမ်ခံကားမှန်းသိသာလှသည်။ တချို့ဆိုလျှင် ဖုန်းများဖြင် တိတ်တဆိတ် ဓာတ်ပုံရိုက်လိုက်သေးသည်။


သို့သော် လျိုကျဲက ခဏကြည့်ပြီး စိတ်မဝင်စားတော့သဖြင့် ပြန်လှည့်လိုက်သည်။ လုပ်ဖော်ကိုင်ဖက်များထက် အသက်ပိုကြီးကာ အတွေ့အကြုံအပိုင်းတွင် စီနီယာကျသည့်အပြင် သူမစိတ်ထဲ ဆန်ဆီဆားဝယ်ရန်၊ အိမ်အလုပ်များလုပ်ရန် ကဲ့သို့သော ကိစ္စများသာ ပြည့်နှက်နေသည်။ ဇိမ်ခံကားကဲ့သို့ လက်လှမ်းမမှီနိုင်သည့်အရာများကို စိတ်မဝင်စားချေ။


သူမက စိတ်ကူးယဥ်တတ်သည့် အရွယ်လည်း မဟုတ်တော့ချေ။ သူမအာရုံက အန်းနဉ်အပေါ် ပြန်ရောက်သွားသည်။ အန်းနဉ်က ရုတ်တရက် တောက်ပစွာပြုံးလိုက်ပြီး အမြန်လမ်းလျှောက်သွားရာ သူမအကြည့်များ ကပ်ပါသွားသည်။


တခြားဖက်ကို အကြည့်ပြောင်းလိုက်ချိန်တွင် ဘတ်စ်ကားတစ်စီးရောက်လာကာ လူများထွက်လာသည်ကို တွေ့လိုက်ရသည်။ ကားပေါ်မှ ဆင်းလာသူများထဲတွင် အသက်နှစ်ဆယ်ကျော် ထင်ရသည့် လူငယ်တစ်ချို့လည်းပါသည်။ မည်သည့်တစ်ယောက်က အန်းနဉ်၏ ရည်းစားဖြစ်သည်ကို မသိသေးချေ။


လုပ်ဖော်ကိုင်ဖက်က လျိုကျဲကို အရူးအမူး တံတောင်နှင့်တို့သည်။ 


“မြန်မြန် ကြည့် ကြည့်…”


ကားတံခါးပွင့်သွားကာ ခြေတံရှည်ရှည်နှင့် လူငယ်လေးတစ်ယောက် ဆင်းလာပြီး လူထု၏အာရုံကိုဆွဲဆောင်သွားသည်။


ကိုယ်တိုင်းနှင့်ချုပ်ထားသည့်ဝတ်စုံကို ကြော့ကြော့မော့မော့ ဝတ်ဆင်ထားပြီး အဖြူရောင်ရှပ် အမည်းရောင် ကုတ်နှင့်တွဲဖက်ထားသည်။ ကားထဲမှ ထွက်လာသည်နှင့် သူ့ရောင်ဝါက သဘာဝအတိုင်း ဖြန့်ကျက်သွားသည်။


ထိုလူ၏ ခန္ဓာကိုယ်မှာရှိသည့် ဆဲလ်တခုစီတိုင်းက ‘ငါက မင်းတို့နဲ့ မတူဘူး’ ဆိုသည့် အရှိန်အဝါကို ပေးထားသည်။


“သူက ရုပ်ရှင်မင်းသားလား… ငါဘာလို့ သိမနေရတာလဲ…” 


လုပ်ဖော်ကိုင်ဖက်အမျိုးသမီးက အံ့ဩသွားသည်။ ကားကို မြင်လိုက်စဉ်က ကားထဲ ဆွဲဆောင်မှုရှိသည့် အမျိုးသားတစ်ယောက်ထိုင်နေသည်ကို စိတ်ကူးယဉ်မိလိုက်သော်လည်း ကားတံခါးပွင့်လာသည့်အခါ တကယ့်အဖြစ်မှန်က သူမစိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေလိမ့်မည်ကို မမျှော်လင့်ထားခဲ့ချေ။


သူလိုငါလိုသာမန်ဘဝမှာ တင်းတိမ်ရောင့်ရဲသည့် လျိုကျဲကဲ့သို့ သက်လတ်ပိုင်းအမျိုးသမီးပင် သူမ၏ မူလရည်ရွယ်ချက်ဖြစ်သည့် အန်းနဉ်ကို စောင့်ကြည့်ရန်ကို မေ့လျော့သွားသည်အထိပင်။


သူမငေးကြည့်နေသည့် လူချောလေးမှာ ကားတစ်ဖက်သို့ လျှောက်သွားသည်။


မကြာမီ သူမမေ့လျော့နေခဲ့သည့် အန်းနဉ်က ထိုလူချောလေးရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။ လူချောလေးက သူမကို တင်းတင်းကျပ်ကျပ်‌ ပွေ့ဖက်ထားပြီး နှစ်နှစ်ကာကာချစ်မြတ်နိုးသည့် အပြုံးများဖြင့် ကြည့်လိုက်သည်။


ထို့နောက် အန်းနဉ်ကို မလွှတ်ပေးမီ ခေါင်းငုံ့ကာ ဖြတ်ခနဲ နမ်းလိုက်သည်။ သူက ကားတံခါးကို ဖွင့်ပေးလိုက်ပြီး အန်းနဉ်ကို ဂရုတစိုက်နှင့် ကားထဲဝင်စေကာ ပြန်ပိတ်လိုက်သည်မှာ ကျွမ်းကျင်လွန်းလှသည်။


ကားက အဝေးရောက်သွားသည့်တိုင်အောင် လျိုကျဲက ပါးစပ်အဟောင်းသားနှင့် မူလနေရာတွင် ရပ်နေဆဲပင်။


အိပ်မက်ကြီးတစ်ခုလိုပဲ…


ဒီလိုကားနဲ့ ဒီလိုဘဝမျိုးမှာ နေထိုင်တဲ့ အမျိုးသားက ဆီမီးခိုးနံ့တွေနဲ့ ပြည့်နှက်နေတဲ့ အပြင်လောကမှာ ဘာကြောင့်များ ပေါ်လာရတာလဲ….. 


“ဘယ်လိုနေလဲ၊ လိုက်နိုင်ရဲ့လား…”


ဝမ်ယွီ့က မေးလိုက်သည်။


“အဆင်ပြေပါတယ်… တော်တော်လေး သင်ယူခဲ့ရတယ်ရယ်… စာတွေ့နဲ့ လက်တွေ့ကြားက သိသိသာသာကြီးကို ကွာတယ်နော်…”


“သေချာတာပေါ့… တက္ကသိုလ်မှာ သင်ခဲ့ရတာတွေက အခြေခံပဲ ရှိသေးတယ်… တဖြည်းဖြည်းချင်းနဲ့ လေ့လာသင်ယူသွားရမှာ…”


“ဒါပေမဲ့ အလုပ်ထက် ရုံးက တအားရှုပ်ထွေးနေတာပဲ လူတွေကို အုပ်စုအများကြီး ခွဲပေးထားတာက အထင်ကြီးဖို့ အကောင်းဆုံးပဲ…”


ဝမ်ယွီ၏ဇနီးဖြစ်သူ အန်းနဉ်မှာ အိမ်တွင် ဇိမ်ကျကျနေလိုခြင်း မရှိပေ။ အပူအပင်မရှိ ရည်မှန်းချက်မရှိသည့် ဘဝက သူမအား ကိုယ့်ကိုယ်ကို ဆုံးရှုံးသွားလိမ့်မည်ကို စိုးရိမ်နေခဲ့သည်။


သို့ဖြစ်၍ တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းကို သူမ၏ယောက္ခထီးနှင့် ယောကျ်ားဖြစ်သူတို့ကလည်း ထောက်ခံပေးသည်။ ဝမ်ယွီက သူမအတွက် မပင်မပန်းနှင့် အေးအေးဆေးဆေး နေ၍ရမည့်အပြင် သူမ၏ အပြင်၌ တခုခုထွက်လုပ်ချင်သည့် ဆန္ဒလည်း ပြည့်အောင် ရုံးချုပ်၌ အလုပ်စီစဉ်ပေးချင်ခဲ့သည်။


ယောက္ခထီးဖြစ်သူက ပို၍ပင် ချဲ့ကားသေးသည်။ သူမစိတ်ဝင်စားသည့်အလုပ်မတွေ့လျှင် အပျင်းပြေကစားရန် ကုမ္ပဏီတစ်ခုထောင်ပေးမည်ဖြစ်ကြောင်း ပိုက်ဆံဆုံးလျှင်ပင် ကိစ္စမရှိကြောင်း ပြောခဲ့သည်။


ထိုစကားက အမှန်ပင် သူမအား ဆွဲဆောင်နိုင်သည်။ ကံကောင်းသည်က အန်းနဉ်က အားနည်းချက် အားသာချက်များကိုသိရန် ကိုယ့်ကိုယ်ကို ကောင်းကောင်းထိန်းချုပ်နိုင်စွမ်းရှိသည်ဟု ပြောရပေမည်။ သို့ဖြစ်၍ အောက်ခြေမှတဆင့် လေ့ကျင့်သင်ကြားလိုကြောင်း အဆိုပြုခဲ့သည်။


သူမသာ အမြင့်တွင် နေလိုပါက အဖွဲ့၏ ဂုဏ်ထူးဆောင်ဥက္ကဌ ရာထူးမျိုးပေးနိုင်ပြီး သူမနှစ်သက်သည့် နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံရန် ငွေကြေးပေးနိုင်သည်။ အောက်ခြေမှ တဆင့် လေ့လာလိုပါက ကုမ္ပဏီအမျိုးမျိုး ဌာနအမျိုးမျိုးတွင် အတွေ့အကြုံယူနိုင်ရန် အခွင့်အရေးများ ပေးနိုင်ပေသည်။ နောက်ပိုင်းတွင် သူမအနေနှင့် ကုမ္ပဏီသို့ အမှန်တကယ်ဝင်ရောက်လာပြီး လက်တွေ့လုပ်ဆောင်လာနိုင်သည်။


တိုတိုပြောရလျှင် အားလုံးက သူမအပေါ်သာ မူတည်သည်။


“ရုံးတွင်း အာဏာလုတာကတော့ ဒီအတိုင်းပါပဲ… အခြေခံအဆင့်က ရိုးရှင်းပေမယ့် အသေးစား အနှောင့်အယှက်လေးတွေတော့ ရှိနိုင်တယ်… အမြင့်ကို ရောက်လာလေလေ ပိုပြီး ကြံစည်မှုတွေ များလေလေပဲ… ဘယ်လိုလဲ… ကြောက်နေပြီလား…” 


အန်းနဉ်က ပြုံးလိုက်ကာ ပြန်ဖြေသည်။ 


“မကြောက်ပါဘူး… အတော်လေးစိတ်ဝင်စားစရာကောင်းတော့ စူးစမ်းလေ့လာနေတုန်းပါပဲ… ဒါပေမဲ့ ဒီနှစ်မှ ဘွဲ့ရတဲ့ လူသစ်လေးတွေအတွက် ခက်ခဲတယ်လို့တွေးမိလို့… သူတို့ အလုပ်ကြိုးစားချင်ရင်တောင် ဒီလိုအရာတွေကို ဖြေရှင်းဖို့က လိုသေးတယ်လေ…”


“ကုမ္ပဏီက လူ‌ဟောင်းတွေက အုပ်စုတွေဖွဲ့ဖို့ ကြံစည်ထားကြတာ… အဖေက ကိုယ့်ကို ကုမ္ပဏီလက်လွှဲလိုက်တုန်းက ဒီလိုမျိုး စီနီယာဆိုပြီး ဝါအားကိုး အနိုင်ကျင့်နေတဲ့ လူအိုကြီးတွေကို ရှင်းပစ်ဖို့ အထူးတလည်ပြောခဲ့တာလေ… သူတို့က ဒီကိစ္စဖြစ်လာရတဲ့ အကြောင်းရင်းခံဆိုတော့… သူတို့ကို ရှင်းလိုက်ရင် တော်တော်များများလည်း ငြိမ်သွားလိမ့်မယ်…”


ထို့နောက် သူက အန်းနဉ်ကို မေးလိုက်သည်။ 


“မင်း ဘယ်တော့လောက် ရုံးချုပ်ကို ပြောင်းလာမှာလဲ…”


မည်သို့ပေဆိုစေကာမူ အန်းနဉ်က ဆက်လက်သင်ယူလိုသေးသည်။


ဝမ်ယွီက စိတ်ပျက်သွားကာ စောဒကတက်တော့သည်။

 

“ကိုယ်က မင်းအတွက် ကိုယ်နဲ့ တစ်ထပ်တည်းက ရုံးခန်းတစ်ခုတောင် ပြင်ပြီးသွားပြီလေ… ဒါဆိုကိုယ်တို့ နေ့တိုင်း အခက်အခဲမရှိ တွေ့လို့ရပြီကို… ဘယ်တော့ ပြောင်းလာမှာလဲကွာ…”


သူက ဆက်ပြောသည်။ 


“ပြီးတော့ မင်းရုံးခန်းထဲ ကလေးအတွက် အခန်းလည်း ရှိတယ်… ကိုယ်တို့ ကျွင်းကျွင်းကိုပါ ကုမ္ပဏီကို ခေါ်လာလို့ရပြီ…ကိုယ်အလုပ်လုပ်နေတဲ့အချိန် ဇနီးနဲ့သမီးက အနားမှာရှိနေမှာကို စိတ်ကူးကြည့်လိုက်စမ်း… ဘယ်လောက်တောင်ပျော်ဖို့ကောင်းလိုက်မလဲ…"


အန်းနဉ်က မျက်ခုံးပင့်လိုက်သည်။


“အဖေက ကျွင်းကျွင်းကို ကုမ္ပဏီခေါ်သွားဖို့ ခွင့်ပြုလိမ့်မယ် ထင်လား…”


ဝမ်ယွီက တုံ့ဆိုင်းသွားသည်။ 


“အင်း အဲ့ဒါက……..”


မဖြစ်နိုင်ဘူးဘဲ…


နှစ်ဦးသား အိမ်ပြန်ရောက်ပြီး မကြာမီ အဒေါ်ကြီးက တံခါးကိုဖွင့်ကာ အပြုံးနှင့် ကြိုဆိုသည်။ 


“ကြိုဆိုပါတယ်…”


ဝမ်ယွီက မေးလိုက်သည်။ 


“အဖေဘယ်မှာလဲ…”


အဒေါ်ကြီးက ပြန်ဖြေသည်။ 


“ကစားခန်းကလွဲပြီး ဘယ်မှာများရှိနေပါ့မလဲ…” 


ဝမ်ယွီနှင့် အန်းနဉ်တို့ အရင်ဆုံး အခန်းသို့ပြန်ကာ အဝတ်လဲပြီးနောက် လက်ချင်းတွဲပြီး ကစားခန်းသို့ ဦးတည်လိုက်သည်။


တံခါးက အနည်းငယ်ဟနေကာ သူတို့နီးလာသည်နှင့် ဝမ်ကောအန်း၏ အသံကို ကြားလိုက်ရသည်။ သူက အိမ်သာတက်ရန် အားယူနေသကဲ့သို့ အားပေးနေခဲ့သည်။ 


“လုပ်ထား… ကျွင်းကျွင်းလေးက အရမ်းတော်တာပဲ… နောက်တစ်ခေါက်လောက်… ရတော့မယ်လေ…”


ဝမ်ယွီနှင့် အန်းနဉ်တို့ အချင်းချင်း အကြည့်ချင်းဖလှယ်ကာ အထဲသို့စူးစမ်းရန် တံခါးကို တိတ်တဆိတ် ဖွင့်လိုက်သည်။ ဝမ်ကောအန်းက ကုန်းနေသည့်အနေအထားနှင့် သူ့လက်နှစ်ဖက်လုံးက ကျွင်းကျွင်း၏ ခြေထောက်သေးသေးလေးကို တွန်းထားကာ သူမဘာသာ တွားသွားနိုင်ရန် ကူညီနေသည်။


ကျွင်းကျွင်းက ခုနစ်လ၊ ရှစ်လသားအရွယ်ရှိပြီး စတင်တွားသွားတတ်နေပြီဖြစ်သည်။ သို့သော်လည်း သူမအား နောက်မှ တွန်းထားပေးခြင်းမရှိပါက နောက်ပြန်တွားသွားပေလိမ့်မည်။ ထို့ကြောင့် ဝမ်ကောအန်းက သူမကို နောက်မှ တွန်းထားပေးရခြင်းဖြစ်သည်။


“လုပ်ထား… ကျွင်းကျွင်းလေး လုပ်နိုင်တယ်…”


“နည်းနည်းလေးပဲလိုတော့တာ…”


“ကျွင်းကျွင်းလေးက တော်လိုက်တာ…”


ကြမ်းပြင်မှာ ရှင်းလင်းနေကာ မီတာဝက်အကွာတွင် အရောင်စုံလင်ပြီး အသံထွက်သည့် အရုပ်တစ်ခုရှိနေခဲ့သည်။ ၎င်းအသံက ကျွင်းကျွင်းကို ဆွဲဆောင်နေပြီး ၎င်းဆီသို့ တွားသွားလာစေရန် လှုံ့ဆော်နေခဲ့သည်။


ဝမ်ယွီနှင့် အန်းနဉ်တို့က ဝမ်ကောအန်း၏အားပေးမှုနှင့်အတူ ကျွင်းကျွင်းက ရှေ့သို့ ရဲရဲဝင့်ဝင့် တွားသွားနေသည်ကို ကြည့်နေခဲ့သည်။ 


…..တကယ်တော့ ၂၀စင်တီမီတာလောက်ပဲ ဝေးတာဆိုပေမဲ့ပေါ့…


ကျွင်းကျွင်း သွားရာလမ်းတလျှောက်တွင် သွားရည်ရွှဲနေသည့် လမ်းကြောင်းလေးတစ်ခုက ရှိနေသေးသည်။


ဝမ်ကောအန်းကမူ သူ့မြေးမလေးက အံ့ဩစရာကောင်းသည်ဟု တွေးနေခဲ့သည်။


ကလေးထိန်းက မြေးအဖိုးကြား သာယာလှပသည့် မိသားစုအချိန်ကို မနှောင့်ယှက်ရန် ညွှန်ကြားခံထားရသောကြောင့် အနီးအနားတွင် တင်ပျဉ်ခွေထိုင်ကာ တိတ်တဆိတ် တာဝန်ထမ်းဆောင်နေခဲ့သည်။


ဝမ်ယွီ/အန်းနဉ်: “……..”မြင်ကွင်းလေးက တအားလှတာပဲ…


ဝမ်ကောအန်းက ခါးကုန်းထားရသည့်အတွက် ဝမ်ယွီက သူ၏အိုမင်းနေသောခါးကို စိတ်ပူပြီး အထဲသို့ ဝင်သွားကာ ပြောလိုက်သည်။


“အဖေ ညစာစားဖို့ အချိန်ရောက်ပြီလေ…”


အသံက ကျွင်းကျွင်းအား အာရုံပြောင်းလာစေသည်။ ကလေးမလေးက ခေါင်းလှည့်ကြည့်ပြီး သူမအမေနှင့် အဖေကို တွေ့လိုက်ရသည်နှင့် မျက်လုံးအရောင်တောက်လာကာ အပွေ့ခံချင်သလိုမျိုး ဗလုံးဗထွေး ဆိုလာသည်။


ဝမ်ယွီက ကျွင်းကျွင်းဆီသွားကာ ငုံ့လိုက်ပြီး သူမကို ကောက်ချီလိုက်သည်။ ထို့နောက် နှစ်ကြိမ်လောက် ပုတ်ကာ အန်းနဉ်အား လက်လွှဲပေးလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ရှိနေဆဲဖြစ်သော ဝမ်ကောအန်းကို ကူညီရန် မြန်မြန်သွားလိုက်သည်။


ဝမ်ကောအန်းနှင့် ကျွင်းကျွင်းတို့က အချိန်အတော်ကြာ ကြိုးစားလုပ်ဆောင်ခဲ့ရပြီး အောင်မြင်ရန် အနည်းငယ်သာ လိုတော့သော်လည်း ဝမ်ယွီ၏ နှောင့်ယှက်မှုက သူတို့၏ အားထုတ်မှုကို ပျက်စီးသွားစေခဲ့သည်။


ဝမ်ကောအန်းက မပျော်တော့ပေ။ တကယ် အလွန့်အလွန်ကို မပျော်ပေ။ အန်းနဉ်က ညှင်သာစွာပြုံးလိုက်သည်။


“အဖေ ညစာစားချိန်ရောက်ပြီလေ…”


သူက သူ့ချွေးမလေးအား စိတ်ပျက်လက်ပျက်ပြုမူ၍ မဖြစ်သဖြင့် မျက်မှောင်ကြုတ်ကာ ဝမ်ယွီ့ မကောင်းကြောင်းကို ညည်းညူရုံသာတတ်နိုင်သည်။


ညဘက် အိပ်ရာဝင်ချိန်တွင် ဝမ်ယွီက မျက်နှာကျက်ကို ငေးကာ စိုက်ကြည့်နေခဲ့သည်။


အန်းနဉ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ 


“ဘာဖြစ်လို့လဲဟင်…”


ဝမ်ယွီက ဝမ်းနည်းစွာ ပြောလာသည်။ 


“ကိုယ် မျက်နှာသာအပေးမခံရတော့ဘူး…”


ကျိအန်းနဉ် : “…….”


ဝမ်ယွီက ဝမ်းနည်းပက်လက်ဆိုသည်။ 


“ကိုယ့်အဖေအချစ်ဆုံးလူက ကိုယ်မဟုတ်တော့ဘူးလေ…”


အန်းနဉ်က ရယ်ကာ သူ့အား ရိုက်လိုက်သည်။ 


“ဒါကို ရှင့်သမီးနဲ့ ပြိုင်နေဖို့ လိုလို့လား… အရှက်မရှိလိုက်တာ…”


ဝမ်ယွီက ညည်းတွားကာ သူမဘက်လှည့်ပြီး ဖက်လိုက်သည်။ 


“ကိုယ် ဂရုမစိုက်ဘူးကွာ… ဘာပဲဖြစ်ဖြစ် အခု မင်းကပဲ ကိုယ့်ကို နှစ်သိမ့်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူလေ…”


အလိုလိုက်ခံရသည်ံ့ ခွေးကြီးတစ်ကောင်ကဲ့သို့ပင်။


အန်းနဉ်က ကူကယ်ရာမဲ့သွားပြီး မေးလိုက်သည်။ 


“ဘယ်လို နှစ်သိမ့်ပေးရမှာလဲ…”


ဝမ်ယွီက ပြန်ဖြေသည်။ 


“အဲ့ဒီ အသစ်တစ်စုံကို ဝတ်ရုံပါပဲ…..”


အန်းနဉ်က မျက်စိမှိတ်လိုက်ပြီး ငြင်းလိုက်သည်။


“အဲ့ဒီတစ်စုံ မဝတ်ဘူးနော်…”


တခြားအရာတွေတော့ လက်ခံပေးနိုင်ပေမဲ့ အဲ့ဒီဝတ်စုံက တအား ရှက်ဖို့ကောင်းနေတယ်လေ…


ဝမ်ယွီက သူမနားကို ကိုက်လိုက်ပြီး တောင်းဆိုလိုက်သည်။


“ဝတ်လိုက်ပါ……အဲ့ဒီအမွှေးဖွာဖွာအမြှီးလေးက…..တကယ့်ကို…….”


“ဒီမိသားစုထဲ ကိုယ်ကဘယ်လောက်တောင် သနားဖို့ကောင်းလဲဆိုတာ ကြည့်ပါဦးကွာ…” 


သူက အန်းနဉ်နားထဲသို့ တီးတိုးပြောသည်။ 


“အဖိုးဖြစ်တဲ့သူကလည်း သူ့မြေးမလေးကို ချစ်တယ်… သမီးဖြစ်တဲ့သူကလည်း အမေ့ကို ချစ်တယ်… ကိုယ်ကလည်း ကိုယ့်မိန်းမ၊ အဖေနဲ့ သမီးလေးကို ချစ်တယ်… ကြည့်…ကြည့် ကိုယ်က အချစ်မခံရတဲ့ တစ်ယောက်တည်းသောသူပဲ…”


သူက စကားပြောရင်း သူမ၏ အထိမခံသော နေရာများကို လက်ဖျားထိပ်လေးဖြင့် စက်ဝိုင်းပုံဆွဲနေခဲ့သည်။


အဖေတစ်ယောက်ဖြစ်လာသော်ငြားလည်း ရှောင်ဝမ်၏ ဖြားယောင်းသွေးဆောင်နိုင်စွမ်းက မလျော့ပါးသွားပေ။ ပို၍ပင် အဆင်ချောလာသေးသည်။


အန်းနဉ်က ကုတင်ပေါ်လှဲကာ သူ့အပြုအမူများအောက် လုံးဝကို ကျရှုံးသွားခဲ့သည်။ သူမက တစ်စုံတစ်ခုကို ဝတ်ဆင်ရန် အချော့ခံထားရခြင်း ရှိမရှိက မရှင်းမလင်းပင်။


အမွှေးဖွာဖွာအမြှီးလေးက အလှဆင်ထားရုံသက်သက်မဟုတ်ပေ။ ပွတ်တိုက်မှု တစ်ခုစီတိုင်းက အလွန်ကို လှုံ့ဆော်ပေးနိုင်သည်။


“အချစ်ရေ…” 


ဝမ်ယွီက အန်းနဉ်ကို တတိတိကိုက်ကာ ပြောလိုက်သည်။ 


“ကလေး‌မွေးပြီးတဲ့နောက်ပိုင်း ပိုကြီးလာတာပဲ…….”


အန်းနဉ်က ရှက်ဖွယ်ကောင်းသော ကိုယ်ဟန်အနေအထားနှင့် ညည်းညူသံများကိုသာ ပေးစွမ်းရင်း အလုံးစုံသော သာယာမှုကို ခံစားရုံသာ တတ်နိုင်ခဲ့သည်။


 


###